ကရင်ပြည်နယ်အတွင်း တိုက်ပွဲများကြောင့် ထိုင်းဘက်ခြမ်းတွင် နယ်စပ်လုံခြုံရေးတိုးမြှင့်
===============
ကရင်ပြည်နယ် တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်တွေက နယ်စပ်တလျှောက် လက်နက်ကြီးတွေနဲ့ နေ့ရောညပါ အဆက်မပြတ် ပစ်ခတ်နေတာတွေကြောင့် ထိုင်းမြန်မာ နယ်စပ်ဒေသတွေ ဖြစ်တဲ့ မဲဆောက်၊ မယ်လမ၊ ဖွတ်ဖရထာ့၊ ဆောင်ရန်း နဲ့ အုန်းဖြန် မြို့နယ် ၅ ခုမှာ ဇူလိုင်လ ၁၈ ရက်နေ့ကစလို့ လုံခြုံရေး တိုးမြှင့်ချထားလိုက်ကြောင်းသိရပါတယ်။
ထိုင်းမြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့နယ်အအတွင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ကေအန်ယူပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ပြင်းထန်နေတာလည်းဖြစ်ပါတယ်။
အဆိုပါတိုက်ပွဲတွေမှာ လက်နက်ကြီးပစ်ခတ်တဲ့ အသံတွေကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ဘက်အထိ ကြားခဲ့ရတယ်လို့ ရွှေ့ပြောင်းအလုပ်သမားတွေက ပြောဆိုကြပြီး ထိုင်း-မြန်မာ နယ်စပ်တလျှောက် ထိုင်းဘက်ခြမ်းကို ထိုင်းစစ်တပ်က လုံခြုံရေး တိုးမြှင့်ချထားတယ်လို့ ဒေသတွင်း မီဒီယာတွေမှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံဘက်ခြမ်းမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ မြန်မာစစ်တပ်အကြား တိုက်ပွဲတွေ ပြင်းထန်လာနေတာကြောင့် ထိုင်းနယ်ခြား စောင့်တပ်နဲ့ နယ်မြေရဲတပ်ဖွဲ့တွေက နယ်ခြား အဝင်ထွက်နေရာတွေကို အသေးစိတ် စစ်ဆေး စောင့်ကြည့်နေတာ ဖြစ်ပါတယ်။
https://youtu.be/TAVW7CWpcTg
#Political News
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

YouTube
ကရင်ပြည်နယ်အတွင်း တိုက်ပွဲများကြောင့် ထိုင်းဘက်ခြမ်းတွင် နယ်စပ်လုံခြုံရေးတိုးမြှင့်
ကရင်ပြည်နယ် တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်တွေက နယ်စပ်တလျှောက် လက်နက်ကြီးတွေနဲ့ နေ့ရောညပါ အဆက်မပြတ် ပစ်ခတ်နေတာတွေကြောင့် ထိုင်းမြန်မာ နယ်စပ်ဒေသတွေ ဖြစ်တဲ့ မဲဆောက်၊ မယ်လမ၊ ဖွတ်ဖရထာ့၊ ဆောင်ရန်း နဲ့ အုန်းဖြန် မြို့နယ် ၅ ခုမှာ ဇူလိုင်လ ၁၈ ရက်နေ့ကစလို့ လုံခြုံရေး…
👍13🔥3😢2
This media is not supported in your browser
VIEW IN TELEGRAM
မြောက်ကိုရီးယားက ပဲ့ထိန်းဒုံးကျည်နှစ်စင်း ပင်လယ်ထဲသို့ ပစ်လွှတ်
#internationalnews #reels #shorts #NorthKorea #Mizzima

👍6❤2👏2
ထိုင်းပြုပြင်ပြောင်းလဲရေးဝါဒီပီတရဲ့ဝန်ကြီးချုပ်အိပ်မက်ရှေးရိုးစွဲအတိုက်အခံတွေကြောင့် ပျက်ပြားသွားခဲ့
===================
https://youtu.be/IZ7wnw6S9yA

ထိုင်းပြုပြင်ပြောင်းလဲရေးဝါဒီ ပီတရဲ့ ဝန်ကြီးချုပ်အိပ်မက် ရှေးရိုးစွဲအတိုက်အခံတွေကြောင့် ပျက်ပြားသွားခဲ့
#internationalnews
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ.…

😢9👍3😁3
နျူကလီးယားယိုစိမ့်မှုအန္တရာယ် ကြိုတင်ပြင်ဆင် | VOA on Mizzima
==================
ယူကရိန်းနိုင်ငံ အရှေ့တောင်ပိုင်းမှာရှိတဲ့ ဥရောပရဲ့ အကြီးဆုံး ဇာပိုရီးရှီးယား (Zaporizhzhia) နျူကလီးယားဓာတ်ပေါင်းဖို စက်ရုံအနီး နေထိုင်ကြသူတွေဟာ စက်ရုံကို ရုရှားက ဖျက်ဆီးမယ်ဆိုတဲ့ သတိပေးချက်တွေ ထွက်လာပြီးနောက်မှာ နျူကလီးယား ယိုစိမ့်မှုဒဏ်နဲ့ ရေဒီယို ဓာတ်သတ္တိကြွ ပြိုကွဲမှု အန္တရာယ်တွေ အတွက် ကြိုတင် ပြင်ဆင်နေကြပါတယ်။ ဝါဆောမြို့အခြေစိုက် ဗွီအိုအေ သတင်းထောက် Lesia Bakalets ရဲ့ သတင်းပေးပို့ချက်ကို အခြေခံပြီး ကိုငြိမ်းချမ်းအေးက တင်ဆက်ထားပါတယ်။
https://youtu.be/0pg1t8FraJI
#voa
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U

ယူကရိန်းနိုင်ငံ အရှေ့တောင်ပိုင်းမှာရှိတဲ့ ဥရောပရဲ့ အကြီးဆုံး ဇာပိုရီးရှီးယား (Zaporizhzhia) နျူကလီးယားဓာတ်ပေါင်းဖို စက်ရုံအနီး နေထိုင်ကြသူတွေဟာ စက်ရုံကို ရုရှားက ဖျက်ဆီးမယ်ဆိုတဲ့ သတိပေးချက်တွေ ထွက်လာပြီးနောက်မှာ နျူကလီးယား ယိုစိမ့်မှုဒဏ်နဲ့ ရေဒီယို ဓာတ်သတ္တိကြွ…
👍3🔥2🤬1
ဒိုက်ဦးထောင်မှ ထောင်ပြောင်းရွှေ့စဉ် သတ်ဖြတ်ခံရသည့် နိုင်ငံရေးအကျဉ်းသား ၈ ဦးရှိလာ
=========================
001
(မဇ္စျိမ)။ ။ ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ် ကျိုက်စကောထောင်မှ ထောင်ပြောင်းရွှေ့မည်ဟုဆိုကာ စစ်ကောင်စီတပ်က ခေါ်ထုတ်သွားပြီးနောက် သတ်ဖြတ်ခံရသူ ရှစ်ဦးအထိရှိလာပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဇူလိုင်လ ၁၉ ရက်နေ့တွင် အတည်ပြုထုတ်ပြန်သည်။
ဒိုက်ဦးထောင်မှ နိုင်ငံရေးအကျဉ်းသား ၃၇ ဦးမှာ ဇွန်လ ၂၇ ရက်နေ့က ထောင်ပြင်ပ ခေါ်ထုတ်ခံရခြင်းဖြစ်ပြီး ထိုအထဲမှ သေဆုံးကြောင်း အကြောင်းကြားစာရရှိသူများမှာ ကိုခန့်လင်းနိုင်၊ ကိုပြည့်ဖြိုးဟိန်း၊ ကိုရာလေး(ခ) ကိုဇင်မြင့်ထွန်း၊ ကိုဂျာကြီး (ခ) ကိုဝေယံလွင်၊ ကိုဇင်ဝင်းထွဋ်၊ ကိုအောင်မျိုးသူ၊ ကိုဘိုဘိုဝင်းနှင့် ကိုနေအေးတို့ ဖြစ်သည်။
ပျောက်ဆုံးနိုင်ငံရေးအကျဉ်းသားများ၏ မိသားစုများထံသို့ စစ်ကောင်စီက တစ်ရက်ချင်း သေဆုံးကြောင်း အကြောင်းကြားစာ ပေးပို့နေခြင်းဖြစ်ပြီး ယင်းမှာ နိုင်ငံရေးအကျဉ်းသားများအား တရားမဲ့သတ်ဖြတ်နေသည်သာမက ၎င်းတို့၏ မိသားစုဝင်များကိုပါ စိတ်ပိုင်းဆိုင်ရာအရ ပြင်းထန်စွာ ညှဥ်းပန်းနှိပ်စက်နေခြင်းဖြစ်ကြောင်း AAPP ကပြောသည်။
အဆိုပါ အကျဉ်းသားများကို စစ်ကောင်စီက အင်းစိန်ထောင်နှင့် သာယာဝတီထောင်သို့ ပြောင်းရွှေ့မည်ဟုဆိုကာ ခေါ်ထုတ်သွားခြင်းဖြစ်ပြီး မိသားစုဝင်များထံသို့ လမ်းခရီးတွင် မော်တော်ယာဉ် တိမ်းမှောက်မှုကို အခွင့်ကောင်းယူပြီး ထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးရာ သေဆုံးသွားကြောင်း အကြောင်းကြားစာပေးပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သတ်ဖြတ်ခံရသူများထဲမှ မြင်းခြံတက္ကသိုလ် ကျောင်းသားသမဂ္ဂအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌဟောင်းဖြစ်သူ ကိုဇင်ဝင်းထွဋ်မှာ ဇွန်လ ၂၇ ရက်နေ့တွင် သေဆုံးသွားကြောင်း ၎င်း၏ မိသားစုထံသို့ စစ်ကောင်စီက ဇူလိုင်လ ၁၈ ရက်နေ့ ညဦးပိုင်းတွင် အုပ်ချုပ်ရေးမှူးမှတစ်ဆင့် အကြောင်းကြားလာခြင်းဖြစ်ကြောင်း မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ အဖွဲ့ဝင်တစ်ဦးက ပြောသည်။
“စာထဲမှာပါတဲ့ဟာတွေကြောင့်လို့ မထင်ဘူး၊ ထောင်ပြောင်းတဲ့အခါဆို သူတို့လုပ်နေကျပေါ့နော်။ ထောင်မှာ ခြေကျင်းဝတ်တွေခတ်တယ်၊ လက်ထိပ်တွေ ခတ်တယ်၊ လုံခြုံရေးအပြည့်အစုံနဲ့ထွက်တယ်ပေါ့နော်။ ထောင်ပြောင်းရင် ပိုတောင် ဂရုစိုက်ကြတာ လမ်းမှာ ကားပျက်လို့ အခွင့်ကောင်းယူထွက်ပြေးတယ်ဆိုတာ ကျွန်တော်ကတော့ မထင်ဘူး။ သူတို့ သက်သက်မဲ့ကို ရက်ရက်စက်စက် သတ်ချင်လို့ကို သတ်တယ်လို့ထင်တယ်”ဟု ဆိုသည်။
ကိုဇင်ဝင်းထွဋ်မှာ ထောင်ဒဏ် ၁၅နှစ် ချမှတ်ခံထားရသူဖြစ်ပြီး ထောင်မပြောင်းခင် တစ်လအလိုတွင်လည်း ဒိုက်ဦးထောင်တွင် တိုက်ပိတ်ခံခဲ့ရကြောင်း မြင်းခြံလူထုလှုပ်ရှားမှု ကော်မတီကပြောသည်။
အဆိုပါ ဒိုက်ဦးထောင်တွင် နောက်ထပ်နိုင်ငံရေးအကျဉ်းသားနှစ်ဦးဖြစ်သည့် ကိုအောင်စိုးမိုးနှင့် ပဲခူးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမောင်ဒီတို့လည်း ယခု ဇူလိုင်လအတွင်းကပင် သေဆုံးခဲ့ကြောင်း AAPP က ဖော်ပြသည်။
“ဒါတွေဟာ စစ်အုပ်စုအနေနဲ့ နိုင်ငံရေးလှုပ်ရှားသူတွေအပေါ် ရည်ရွယ်ချက်ရှိရှိ လူသတ် အလောင်းဖျောက်တဲ့ ရာဇဝတ်မှုများ ကျူးလွန်နေကြောင်း သက်သေပြနေတာပဲဖြစ်တယ်”ဟု AAPP အတွင်းရေးမှူး ဦးတိတ်နိုင်ကပြောသည်။
စစ်ကောင်စီတပ်၏ ပြည်သူများအပေါ် တရားလက်လွတ် အနိုင်ကျင့် သတ်ဖြတ်နေမှုများအား အရေးပေါ် စုံစမ်းစစ်ဆေးမှုများ အမြန်ဆုံးပြုလုပ်၍ ထိရောက်သည့် အရေးယူဆောင်ရွက်မှုများ ချက်ချင်းဆောင်ရွက်ကြရန် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အစိုးရများနှင့် နိုင်ငံတကာ တရားရေးမဏ္ဍိုင်များကို AAPP ကတိုက်တွန်းထားသည်။
စာတည်း - သန့်ဇော်(သန်လျင်)
ဓာတ်ပုံ- ဒိုက်ဦးထောင်ကို တွေ့ရစဉ် (CJ)
#mizzima
#AAPP
#စစ်ကောင်စီတပ်
#ဒိုက်ဦးမြို့နယ်
#ကျိုက်စကောထောင်
---------------------

🤬16👍10❤2😁2🔥1
မြိုင်မြို့နယ် ပျူစောထီးရွာ အီနာဂါဗုံးသီးချ တိုက်ခိုက်ခံရ
=================
ပါခွီး (မဇ္စျိမ) ။ ။ မကွေးတိုင်း ၊ မြိုင်မြို့နယ် ၊ သရက်ကွ ပျူစောထီးကျေးရွာကို အီနာဂါဗုံးသီး ခြောက်လုံးချပြီး တိုက်ခိုက်ခဲ့ကြောင်း ဝံပုလွေပြောက်ကျား တပ်ဖွဲ့(မြိုင်) က ဇူလိုင်လ ၂၀ရက် ယနေ့တွင် ထုတ်ပြန်သည်။
စစ်ကောင်စီတပ်မှ စစ်သင်တန်းပေးပြီး လက်နက်တပ်ဆင်ထားသည့် ပျူစောထီးများ နေထိုင်သည့် မြိုင်မြို့မှ လေးမိုင်အကွာတွင် တည်ရှိသော သရက်ကွရွာကို ဇူလိုင်လ ၁၉ရက် မနက် ၁၀နာရီအချိန်ခန့်တွင် ဒရုန်းနှင့် အီနာဂါဗုံးသီးများချတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
“အဲဒီပျူရွာမှာ အင်အားနည်းလာနေပြီး ရိက္ခာပါအဖြတ်ခံထားရတဲ့အချိန် အာဇာနည်နေ့ အထိမ်းအမှတ်အနေနဲ့ တိုက်ခိုက်ခဲ့တာပါ” ဟု ဝံပုလွေပြောက်ကျားတပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်မီးပွား က မဇ္စျိမ ကို ပြောသည်။
အဆိုပါတိုက်ခိုက်မှုကို ဇူလိုင် ၁၉ရက်နေ့တွင် ကျဆုံးခဲ့သော အာဇာနည်ခေါင်းဆောင်များနှင့်တကွ နွေဦးတော်လှန်ရေးအတွင်း ကျဆုံးခဲ့ရသော ရဲဘော်များအား လွမ်းဆွတ် တမ်းတခြင်း အထိမ်းအမှတ်ဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းဆိုသည်။
ယင်းသို့တိုက်ခိုက်မှုကြောင့် ပျူစောထီးနှစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားပြီး လက်နက် ဂိုထောင်ပေါက်ကွဲခဲ့ကြောင်းကို ၎င်းတို့၏ သတင်းပေးထံမှ ပြန်လည်သိရှိရကြောင်း ဗိုလ်မီးပွားက ဆက်ပြောသည်။
တိုက်ခိုက်မှုကို ဝံပုလွေပြောက်ကျား(မြိုင်) နှင့် အတူ မဟာမိတ်ညီနောင်များဖြစ်သော ဓားမင်းကြီးအဖွဲ့ ၊ Black Cheetah Hero New GZ တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။
သရက်ကွရွာတွင် အိမ်ခြေ ၁၅၀ ခန့်ရှိသော်လည်း စစ်ကောင်စီတပ်စွဲပြီးနောက် ဒေသခံများထွက်ပြေးတိမ်းရှောင်ခဲ့ကြရာ လက်ရှိ ပျူစောထီး အင်အား ၂၅ဦးခန့် နှင့် ၎င်းတို့၏ မိသားစု ၇၀ ဦးခန့် နေထိုင်လျက်ရှိကြောင်း သိရသည်။
ပျူစောထီးများသည် အင်အားနည်းပါးလာနေပြီး စစ်ကောင်စီတပ်ဖွဲများ မရှိပါက နယ်မြေအတွင်း လှုပ်ရှားမှုများပြုလုပ်နိုင်ခြင်းမရှိဘဲ ရိက္ခာများနည်းပါးလာနေ၍ လုံခြုံရေးမရှိပါက အပြင်သို့မထွက်ရဲတော့ကြောင်း ပြောက်ကျားခေါင်းဆောင်က ဆိုသည်။
သရက်ကွရှိ ပျူစောထီးများကို ဆက်လက်ပြီး မောင်းသူမဲ့လေယာဉ်များအပါအဝင် ပုံစံအမျိုးမျိုးဖြင့် ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်သဖြင့် ယခုအချိန်တွင် ပြည်သူဖက်သို့ အလင်းဝင်ကြရန်နှင့် ဆက်လက်ခုခံမည်ဆိုပါက ငဲ့ညှာသွားမည်မဟုတ် ကြောင်း ဗိုလ်မီးပွား က သတိပေးပြောဆိုခဲ့သည်။
https://youtu.be/Q6-1ABcf11s
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#မြိုင်မြို့နယ်
#ပျူစောထီးရွာ
#အီနာဂါဗုံးသီး

စစ်ကောင်စီတပ်မှ စစ်သင်တန်းပေးပြီး လက်နက်တပ်ဆင်ထားသည့်…

👍16❤3👏3😁2
KTV သွားသော ရဲတပ်ကြပ်နှင့်အဖွဲ့ သေနတ်ဖြင့် ပစ်သတ်ခံရပြီး ၄ ဦးသေဆုံး
==================
YT
(မဇ္ဈိမ)။ ။ ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်၊ ရန်ကုန်- မန္တလေး အမြန်လမ်းဟောင်းပေါ်ရှိ KTV တစ်ခုသို့ ရောက်ရှိနေသည့် ရဲတပ်ကြပ်နှင့်အဖွဲ့အား သွားရောက်ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ကျောက်တံခါးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယမန်နေ့ ဇူလိုင်လ ၁၉ ရက်နေ့က သတင်းထုတ်ပြန်ထားသည်။
" KTV နာမည်က 101 ပါ။ အဲ့ဒီ KTV က စစ်ကောင်စီဒေါက်တိုင်တွေစစ်သားတွေ ရဲတွေ ပျော်ပါး စားသောက်ရာနေရာပါ။ ပျူစောထီး၊ ဒလန်၊ အင်ဖော်မာတွေ ထိုင်ကြတာပါ။ ပုံမှန်အပြင်လူတွေ လာလေ့လာထ သိပ်မရှိဘူး။ မြို့နယ်အတွင်း KTV ရှိခဲ့ရင်လည်း သူတို့ထိုင်တဲ့ နေရာတွေပါ။ ပြည်သူတွေက အာဏာသိမ်းပြီးကတည်းက အများစုက ညဘက် သိပ်မထွက်ကြပါဘူး" ဟု ကျောက်တံခါးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကိုပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၁၈ ရက်နေ့၊ ညပိုင်းက ကျောက်တံခါးမြို့နယ်၊ ရန်ကုန်- မန္တလေးကားလမ်းဟောင်း (၁၀၁) မိုင်အနီးရှိ 101 အမည်ရ KTV အား ကျောက်တံခါးမြို့နယ် PDF ပူးပေါင်းအဖွဲ့များက ဝင်ရောက်ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ပြီး ရဲနှစ်ဦး၊ ရဲသတင်းပေးနှစ်ဦး သေဆုံး၍ ရဲနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကာ အဆိုပါစစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ ပိုင်ဆိုင်သော အိမ်စီးကားတစ်စီး သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
အဆိုပါ KTV သည် စစ်ကောင်စီအာဏာသိမ်းပြီးကာလမှစ၍ စစ်ကောင်စီတပ်သားများ၊ ပျူစောထီးများနှင့် စစ်ကောင်စီလက်အောက်တွင် အလုပ်လုပ်နေသူများသာ လာရောက်ပျော်ပါးရာနေရာဖြစ်ကြောင်း၊ သာမန်ပြည်သူများ လာရောက်ပျော်ပါးလေ့ သိပ်မရှိကြောင်း ကျောက်တံခါးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ဆိုသည်။
ကျောက်တံခါးမြို့နယ် PDF ပူးပေါင်းအဖွဲ့၏ ဝင်ရောက်ပစ်ခတ်မှုကြောင့် ရဲတပ်ကြပ် လင်းလင်းထိုက်နှင့် ရဲတပ်သားတစ်ဦး၊ ရဲသတင်းပေးနှစ်ဦး စုစုပေါင်း လေးဦး သေဆုံးခဲ့ပြီး ရဲနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။
စစ်ကောင်စီ ပြန်ကြားရေး တယ်လီဂရမ်ချန်နယ်များများတွင်မူ ညကင်းလှည့်နေသည့် ရဲတပ်ဖွဲ့ဝင် ၁၀ ဦးခန့်အဖွဲ့အား ရန်ကုန် – မန္တလေးလမ်းဟောင်း၊ မိုင်တိုင်အမှတ် (၁၀၃)မိုင်နှင့် (၁၀၄) မိုင်ကြားရှိ တံတားပေါ်တွင် PDF များက လက်နက်ငယ် ၁၃ ချက်၊ ရီမုမိုင်းတစ်လုံး ခွဲ၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
စစ်ကောင်စီ ပြန်ကြားရေးချန်နယ်များ၏ ထုတ်ပြန်ချက်တွင် ရဲတပ်ကြပ် လင်းလင်းထိုက်၊ 101 KTV ပိုင်ရှင် ကိုဉာဏ်ဝေအောင်နှင့် အခြားအရပ်သားတစ်ဦး သေဆုံးခဲ့ပြီး ရဲတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဖော်ပြထားသည်။
ပြီးခဲ့သည့် ဇွန်လ ၇ ရက်နေ့၊ နေ့လယ်ပိုင်းကလည်း ကျောက်တံခါးမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဗိုလ်မှူးနေလင်းဦးနှင့် ၎င်း၏ တပည့်ဖြစ်သူ ဗောဓိကွင်းကျေးရွာ အုပ်ချုပ်ရေးမှူး သူရတို့လည်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့၏ သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း Bago Region PDF ထံက သိရသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#BagoRegionPDF
#KTV
#ကျောက်တံခါးမြို့နယ်

👍20👏4🥴2
This media is not supported in your browser
VIEW IN TELEGRAM
ထိုင်းပြုပြင်ပြောင်းလဲရေးဝါဒီ ပီတရဲ့ ဝန်ကြီးချုပ်အိပ်မက် ရှေးရိုးစွဲအတိုက်အခံတွေကြောင့် ပျက်ပြားသွားခဲ့
#internationalnews #reels #shorts #Thailand #Mizzima

😢7😁2🤬2
အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် ဘန့်ဘွေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်များကို တိုက်ခိုက်
================
ကိုခင်မောင်
(မဇ္စျိမ)။ ။စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးရွာမတွင် အထိုင်ချတပ်စွဲထားသော စစ်ကောင်စီ တပ်နှင့် ပျူစောထီးများအား ဇူလိုင် ၁၉ ရက်တွင် ကျရောက်သော အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် အနီးကပ်ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေါင်းလုလင် - LPDF တပ်ဖွဲ့ကပြောသည်။
ဇူလိုင် ၁၉ ရက်နေ့ ညနေ ၃ နာရီ ၃၀ မိနစ်တွင် ဘန့်ဘွေးရွာမရှိ စစ်ကောင်စီတပ်များကို ဒေါင်းလုလင် - LPDF နှင့် Bant Two ထုတ်လုပ်ရေးအဖွဲ့ ၊ B.Two Fighters PDF ၊ B-21 ၊ Fighter One ၊ MRDA ခွဲ(၁) ၊ Double K စသည့် မဟာမိတ်ညီနောင်များ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ပစ်ခတ်မှု တနာရီလောက်ကြာခဲ့ပါတယ်ဗျ။ အပြန်အလှန်ပစ်ခတ်ခဲ့ကြတာပါ။ ဒါပေမယ့် ကျနော်တို့ဖက် က ကျည်အခက်အခဲကြောင့် အားနည်းခဲ့ရပါတယ်။ စစ်ကောင်စီဖက်က အထိအခိုက်တော့မသိရသေးဘူး၊ ကျနော်တို့ဖက်ကတော့ အထိအခိုက်မရှိခဲ့ပါဘူးဗျ” ဟု ဒေါင်းလုလင်-LPDF မှ ဗိုလ်ကျားကြီးက မဇ္စျိမ ကို ပြောသည်။
တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှထိခိုက်သေဆုံးမှု အခြေအနေကိုမသိရသေးသလို ဒေသကာကွယ် ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးကျေးရွာသည် စစ်ကောင်တပ်သားများနှင့် ပျူစောထီးဆိုသူ များ အထိုင်ချတပ်စွဲထားသောကျေးရွာဖြစ်ပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကို အကြိမ် ကြိမ်ခံခဲ့ရသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၁၇ ရက်နေ့ကလည်း ဘန့်ဘွေးရွာရှိ စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးများကို ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များမှဒရုန်းဖြင့် အီနာဂါဗုံးသီးချတိုက်ခဲ့သေးကြောင်း သိရသည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
https://youtu.be/6vkquqeCDrg
#စစ်ကိုင်းတိုင်း
#ယင်းမာပင်မြို့နယ်
#ဘန့်ဘွေးကျေးရွာ

ကိုခင်မောင် (မဇ္စျိမ)။ ။စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးရွာမတွင် အထိုင်ချတပ်စွဲထားသော စစ်ကောင်စီ တပ်နှင့် ပျူစောထီးများအား ဇူလိုင် ၁၉ ရက်တွင် ကျရောက်သော အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် အနီးကပ်ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေါင်းလုလင် - LPDF …
👍16👏3😁2❤1
ပုလဲမြို့နယ်တွင် စစ်ကောင်စီတပ်စခန်းတိုက်ခိုက်ခံရပြီး ၃ ဦး ပြင်းထန်ဒဏ်ရာရ
=====================
လွှမ်းမိုး (မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း ၊ ပုလဲမြို့နယ် ၊ အနောက်ဘက်ခြမ်း ၊ကန့်ဒေါင့် ကျေးရွာရှိ ရဲစခန်းဟောင်းတွင် စခန်းချနေသည့် စစ်ကောင်စီတပ်သားများကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား သုံးဦး ဒဏ်ရာရရှိသွားကြောင်း သခင်ဒေါင်းညိုတပ်ဖွဲ့ တာဝန်ရှိသူထံက သိရသည်။
အဆိုပါ စခန်းတွင် ကပစ တပ်ရင်း-၂၃ က စစ်အင်အား ၆၀ ခန့်ဖြင့် အထိုင်ချ တပ်စွဲနေ၍ ဇူလိုင်လ ၂၀ ရက်နေ့ ည ၇ နာရီက သွားရောက်တိုက်ခိုက်ခဲ့ကြောင်း သခင်ဒေါင်းညိုတပ်ဖွဲ့ဝင် ရဲဘော် ဒေါင်းညိုက မဇ္ဈိမကို ပြောသည်။
“ တိုက်ပွဲမှာ လက်နက်ငယ်ရော ၊ လက်နက်ကြီးရော တော်တော်များများ အသုံးပြုပြီး တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု တစ်နာရီခွဲကြာခဲ့ပြီး စစ်သား သုံးဦး ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်။ ဒေသခံတွေရဲ့ပြောကြားချက်အရ စစ်သားတစ်ဦးက အခြေအနေမကောင်းဘူးလို့ သိရပါတယ်” ဟု ၎င်းကဆိုသည်။
ထိုတိုက်ခိုက်မှုကို သခင်ဒေါင်းညိုတပ်ဖွဲ့ ၊ ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့ ၊ MRDA တပ်ရင်း-၂ ၊ ဒေါင်းညီနောင် တပ်ဖွဲ့ နှင့် ပုလဲ တိုက်နယ်-၇ ပကဖ တို့ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ပြီး ဒေသကာကွယ်ရေး တပ်ဖွဲ့များဘက်က ရဲဘော်တစ်ဦး ညာဘက် လက်ပြင် ကျည်ထိမှန်ခဲ့ပြီး မစိုးရိမ်ရကြောင်း သိရပါသည်။
အဆိုပါ ကျေးရွာသည် ပုလဲ-ဂန့်ဂေါ် လမ်းမ အနီးကပ်လျက်ရှိပြီး တိုက်ပွဲ ဖြစ်ပွားပြီးနောက် လုံခြုံရေး တိုးမြှင့်ကာ ခရီးသွားပြည်သူများကို အတင်းအကြပ် စစ်ဆေးနေကြောင်းသိရပါသည်။
သခင်ဒေါင်းညို တပ်ဖွဲ့သည် ပုလဲမြို့နယ် အတွင်းတွင် အခြေစိုက်သည့် တပ်ဖွဲ့ တစ်ခုဖြစ်ပြီး ယင်းမာပင် ၊ မြိုင် စသည့် မြို့နယ်များမှ မဟာမိတ် တပ်ဖွဲ့များနှင့် ပူးပေါင်း၍ တိုက်ပွဲများ ဆက်တိုက်ဖော်ဆောင်နေသည်။ လက်ရှိတွင် တိုက်ပွဲများ ဖော်ဆောင်ရန်နှင့် လက်နက်ကြီး ပစ်ကူများအတွက် လက်နက်ကြီး ထုတ်လုပ်ရန် ငွေကြေးအခတ်အခဲ ရှိနေကြောင်း သိရသည်။
https://youtu.be/fDmpOvHejGk
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#သတင်းဒေါင်းညှိုအဖွဲ့
#သုံးဦးသေ
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
=====================
လွှမ်းမိုး (မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း ၊ ပုလဲမြို့နယ် ၊ အနောက်ဘက်ခြမ်း ၊ကန့်ဒေါင့် ကျေးရွာရှိ ရဲစခန်းဟောင်းတွင် စခန်းချနေသည့် စစ်ကောင်စီတပ်သားများကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား သုံးဦး ဒဏ်ရာရရှိသွားကြောင်း သခင်ဒေါင်းညိုတပ်ဖွဲ့ တာဝန်ရှိသူထံက သိရသည်။
အဆိုပါ စခန်းတွင် ကပစ တပ်ရင်း-၂၃ က စစ်အင်အား ၆၀ ခန့်ဖြင့် အထိုင်ချ တပ်စွဲနေ၍ ဇူလိုင်လ ၂၀ ရက်နေ့ ည ၇ နာရီက သွားရောက်တိုက်ခိုက်ခဲ့ကြောင်း သခင်ဒေါင်းညိုတပ်ဖွဲ့ဝင် ရဲဘော် ဒေါင်းညိုက မဇ္ဈိမကို ပြောသည်။
“ တိုက်ပွဲမှာ လက်နက်ငယ်ရော ၊ လက်နက်ကြီးရော တော်တော်များများ အသုံးပြုပြီး တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု တစ်နာရီခွဲကြာခဲ့ပြီး စစ်သား သုံးဦး ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်။ ဒေသခံတွေရဲ့ပြောကြားချက်အရ စစ်သားတစ်ဦးက အခြေအနေမကောင်းဘူးလို့ သိရပါတယ်” ဟု ၎င်းကဆိုသည်။
ထိုတိုက်ခိုက်မှုကို သခင်ဒေါင်းညိုတပ်ဖွဲ့ ၊ ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့ ၊ MRDA တပ်ရင်း-၂ ၊ ဒေါင်းညီနောင် တပ်ဖွဲ့ နှင့် ပုလဲ တိုက်နယ်-၇ ပကဖ တို့ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ပြီး ဒေသကာကွယ်ရေး တပ်ဖွဲ့များဘက်က ရဲဘော်တစ်ဦး ညာဘက် လက်ပြင် ကျည်ထိမှန်ခဲ့ပြီး မစိုးရိမ်ရကြောင်း သိရပါသည်။
အဆိုပါ ကျေးရွာသည် ပုလဲ-ဂန့်ဂေါ် လမ်းမ အနီးကပ်လျက်ရှိပြီး တိုက်ပွဲ ဖြစ်ပွားပြီးနောက် လုံခြုံရေး တိုးမြှင့်ကာ ခရီးသွားပြည်သူများကို အတင်းအကြပ် စစ်ဆေးနေကြောင်းသိရပါသည်။
သခင်ဒေါင်းညို တပ်ဖွဲ့သည် ပုလဲမြို့နယ် အတွင်းတွင် အခြေစိုက်သည့် တပ်ဖွဲ့ တစ်ခုဖြစ်ပြီး ယင်းမာပင် ၊ မြိုင် စသည့် မြို့နယ်များမှ မဟာမိတ် တပ်ဖွဲ့များနှင့် ပူးပေါင်း၍ တိုက်ပွဲများ ဆက်တိုက်ဖော်ဆောင်နေသည်။ လက်ရှိတွင် တိုက်ပွဲများ ဖော်ဆောင်ရန်နှင့် လက်နက်ကြီး ပစ်ကူများအတွက် လက်နက်ကြီး ထုတ်လုပ်ရန် ငွေကြေးအခတ်အခဲ ရှိနေကြောင်း သိရသည်။
https://youtu.be/fDmpOvHejGk
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#သတင်းဒေါင်းညှိုအဖွဲ့
#သုံးဦးသေ
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
YouTube
ပုလဲမြို့နယ်တွင် စစ်ကောင်စီတပ်စခန်းတိုက်ခိုက်ခံရပြီး ၃ ဦး ပြင်းထန်ဒဏ်ရာရ
လွှမ်းမိုး (မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း ၊ ပုလဲမြို့နယ် ၊ အနောက်ဘက်ခြမ်း ၊ကန့်ဒေါင့် ကျေးရွာရှိ ရဲစခန်းဟောင်းတွင် စခန်းချနေသည့် စစ်ကောင်စီတပ်သားများကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား သုံးဦး ဒဏ်ရာရရှိသွားကြောင်း…
👍17👏2😁2
စစ်အာဏာရှင်ဆန့်ကျင်ရေး ရွာပေါင်းစုံသပိတ် ချီတက်
==================
ပါခွီး
(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း၊ ယင်းမာပင်နှင့် ဆားလင်းကြီးကျေးရွာများမှ ရွာပေါင်းစုံစစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲကို ယနေ့ ဇူလိုင် ၂၀ ရက် တွင် ဆက်လက်ပြုလုပ်ခဲ့ကြသည်။
လူထုသပိတ်စစ်ကြောင်းသည် “အာဇာနည်မျိုးသေရိုးမရှိ” ဟူသည့် စာတန်းကိုင်စွဲပြီး စစ်အာဏာရှင်ဆန့်ကျင်သည့် ကြွေးကြော်သံများဟစ်ကြွေးချီတက်ခဲ့ခြင်းဖြစ်သည်။
ယင်းမာပင်နှင့် ဆာလးင်းကြီးကျေးရွာပေါင်းစုံစစ်ကြောင်းသည် ၂၀၂၁ ခုနှစ် မတ်လ ၉ ရက်မှ စတင်ကာ စစ်အာဏာရှင် ကိုဆန့်ကျင်ဆန္ဒပြခဲ့ခြင်းဖြစ်ပြီး ယနေ့သည် ရက်ပေါင်း (၈၅၀) ရက်နေ့မြောက် ဖြစ်ကြောင်းဆိုသည်။
စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး
#ယင်းမာပင်
#ဆားလင်းကြီး
#ရွာပေါင်းစုံသပိတ်
http://www.mizzimaburmese.com/article/131053
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
==================
ပါခွီး
(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း၊ ယင်းမာပင်နှင့် ဆားလင်းကြီးကျေးရွာများမှ ရွာပေါင်းစုံစစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲကို ယနေ့ ဇူလိုင် ၂၀ ရက် တွင် ဆက်လက်ပြုလုပ်ခဲ့ကြသည်။
လူထုသပိတ်စစ်ကြောင်းသည် “အာဇာနည်မျိုးသေရိုးမရှိ” ဟူသည့် စာတန်းကိုင်စွဲပြီး စစ်အာဏာရှင်ဆန့်ကျင်သည့် ကြွေးကြော်သံများဟစ်ကြွေးချီတက်ခဲ့ခြင်းဖြစ်သည်။
ယင်းမာပင်နှင့် ဆာလးင်းကြီးကျေးရွာပေါင်းစုံစစ်ကြောင်းသည် ၂၀၂၁ ခုနှစ် မတ်လ ၉ ရက်မှ စတင်ကာ စစ်အာဏာရှင် ကိုဆန့်ကျင်ဆန္ဒပြခဲ့ခြင်းဖြစ်ပြီး ယနေ့သည် ရက်ပေါင်း (၈၅၀) ရက်နေ့မြောက် ဖြစ်ကြောင်းဆိုသည်။
စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး
#ယင်းမာပင်
#ဆားလင်းကြီး
#ရွာပေါင်းစုံသပိတ်
http://www.mizzimaburmese.com/article/131053
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍11😁2❤1
ကျောက်တံခါးတွင် စစ်ကောင်စီတပ်က နံဇရွာအားမီးရှို့ဖျက်ဆီးပြီးနောက် တိုက်ပွဲပြင်းထန်
======================
ရွှေနွယ်
(မဇ္ဈိမ) ။ ။ ပဲခူးတိုင်းအရှေ့ခြမ်း ကျောက်တံခါးမြို့နယ်တွင် စစ်ကောင်စီတပ်က နံဇရွာအားဝင်ရောက် မီးရှို့ဖျက်ဆီးပြီးနောက် ပြည်သူ့ကာကွယ်ရေးပူပေါင်းတပ်နှင့် တိုက်ပွဲပြင်းထန်နေကြောင်း မြေပြင်ဒေသခံများထံက သိရသည်။
" မီးရှို့သွားတာက အိမ် ခုနစ်အိမ်ကနေ အိမ် ၂၀ လောက်အထိပါသွားနိုင်ခြေရှိတယ်။ လောလောဆယ် နှစ်ဖက် စစ်ဆိုင်နေတာကြောင့် ရွာကိုဘယ်သူမှမကပ်ရဲသေးဘူး။ တိုက်ပွဲက ခုထိမပြီးသေးဘူး။ လက်ရှိရထားတဲ့သတင်းအရတော့ စစ်ကောင်စီဘက်က အကျအဆုံးများတယ်လို့ကြားထားတယ်။ ဘာမှတော့ အတိအကျပြောလို့မရသေးပါဘူး ” ဟု ကျောက်တံခါးမြို့နယ် မြေပြင်ထောက်ပို့ရဲဘော်က ဇူလိုင် ၂၀ ရက်၊ နေ့လယ် ၁၂ နာရီ ၅၀ မိနစ်ခန့်တွင်ပြောသည်။
ယနေ့ ဇူလိုင်လ ၂၀ ရက်၊ နံနက် ၅ နာရီခန့်တွင် အင်အား ၂၀၀ ခန့်ပါသော စစ်ကောင်စီတပ်က နံဇကျေးရွာအားမီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူအချို့ကိုဖမ်းဆီးသွားကြောင်း ၎င်းကဆိုသည်။ ထို့နောက် EAO၊ PDF ပူးပေါင်းတပ်ဖွဲ့နှင့်ထိတွေ့၍ ယနေ့ နံနက် ၁၁ နာရီခန့်မှစ၍ တိုက်ပွဲပြင်းထန်နေခြင်းဟုသိရသည်။
သို့သော် ဖမ်းဆီးခံရသည့်ပြည်သူအရေအတွက်နှင့် အသေးစိတ်အချက်အလက်များကိုမှု မဇ္ဈိမအနေဖြင့် ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
နံဇကျေးရွာသည် ၂၀၁၄ ခုနှစ်သန်းခေါင်စာရင်းအရ လူဦးရေ ၂,၇၃၉ ဦးနေထိုင်နေသည့် ရွာဖြစ်ပြီး လက်ရှိတွင် ဒေသခံအားလုံး ဘေးလွတ်ရာသို့တိမ်းရှောင်နေရကြောင်းသိရသည်။
ပြီးခဲ့သည့် ဇွန်လအတွင်းကစတင်ကာ စစ်ကောင်စီတပ်သည် ကျောက်တံခါးမြို့နယ်အတွင်းရှိ ကျေးရွာများသို့ လက်နက်ကြီးဖြင့် အကြောင်းမဲ့ပစ်ခတ်ခြင်းနှင့် စစ်ကြောင်းထိုးခြင်းများကို စတင်လုပ်ဆောင်နေပြီး PDF ပူးပေါင်းတပ်များနှင့် စစ်ရေးတင်းမာနေခြင်းဖြစ်သည်။
ဇူလိုင်လ ၁၈ ရက်၊ ညပိုင်းက ကျောက်တံခါးမြို့နယ် ရန်ကုန်−မန္တလေးလမ်းဟောင်းရှိ မိုင်တိုင်အမှတ် ၁၀၁ အနီး KTV တွင် ရောက်ရှိနေသောရဲတပ်ကြပ်အဖွဲ့အား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သွားရောက်ပစ်ခတ်ရာ သေဆုံးသူရှိခဲ့ကြောင်း ကျောက်တံခါး PDF က ထုတ်ပြန်ထားသည်။
စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး
#ကျောက်တံခါးမြို့နယ်
#ပြည်သူ့ကာကွယ်ရေး
#နံဇရွာ
#မီးရှို့

👍14❤6👏1
အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ့ပညာရေး အကျပ်အတည်းကြုံနေရကြောင်း ကမ္ဘာ့ဘဏ်သတိပေး
==========================
အာဏာသိမ်းပြီးကတည်းက အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပွားလာခဲ့ပြီး မြန်မာနိုင်ငံရဲ့ ပညာရေးစနစ် စိုးရိမ်ဖွယ်အနေအထားမှာ ရှိကြောင်း အခုနောက်ဆုံးထုတ်ပြန်တဲ့ ကမ္ဘာ့ဘဏ်ရဲ့ဇူလိုင်လ အစီရင်ခံစာမှာ ဖော်ပြလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ အထက်တန်းပညာရေး ဝင်ရောက်သင်ကြားသူ ကျောင်းသားဦးရေ ကျဆင်းသွားခဲ့ပြီး ၂၂ ရာခိုင်နှုန်းသာ အထက်တန်းပညာရေးကို သင်ယူဖို့ ကျောင်းအပ်ခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် ၂ဝ၁၇ ကနေ ၂၀၂၃ ခုနှစ်အတွင်း မြန်မာနိုင်ငံတစ်ဝန်း ကျောင်းအပ်နှုန်း ၁၂ ရာခိုင်နှုန်းကျော် ကျဆင်းသွားတယ်လို့လည်း ဖော်ပြထားပါတယ်။
ကိုဗစ်ကပ်ရောဂါကြောင့် ကျောင်းတွေ ပိတ်ခဲ့ရပြီးနောက်ပိုင်း မြန်မာနိုင်ငံက ကလေးအများစုက ကျောင်းပြန်မတက်ကြတော့ဘူးလို့ အိမ်ထောင်စု ၈၅၀၀ နီးပါးကို ကောက်ယူတဲ့ စစ်တမ်းကို အခြေခံပြီး ကမ္ဘာ့ဘဏ်က ဖော်ပြထားပါတယ်။
ဒါ့အပြင် အာဏာသိမ်းမှုကြောင့် အာဏာဖီဆန် CDM လှုပ်ရှားမှုမှာလည်း ကျောင်းသူကျောင်းသားနဲ့ ဆရာဆရာမတွေ ပါဝင်ကြတာ ဖြစ်ပြီး အလုပ်ထွက် ကျောင်းထွက်ခဲ့ကြတာပါ။
မြန်မာနိုင်ငံမှာ ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသား၊ ကျောင်းသူတွေဟာ စစ်အာဏာရှင်ကို ဆန့်ကျင်လှုပ်ရှားမှုတွေမှာ ရှေ့ဆုံးကနေ ပါဝင်ခဲ့ကြသူတွေဖြစ်ပါတယ်။
ချင်းပြည်နယ် ထန်တလန်မြို့နယ်မှာဆို ၂ဝ၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းလိုက်တဲ့နောက် အထက်တန်း ကျောင်းသား၊ ကျောင်းသူတွေဟာ စာသင်ခန်းတွေကို စွန့်ခွာပြီး စစ်အာဏာရှင်ကို ခုခံတော်လှန်ဖို့ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့ကြတယ်လို့ ကျောင်းဆရာ ဆလိုင်းက အစီရင်ခံစာမှာ ပြောဆိုထားပါတယ်။
https://youtu.be/MpnIYT0hE3A
#politicalnews
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
==========================
အာဏာသိမ်းပြီးကတည်းက အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပွားလာခဲ့ပြီး မြန်မာနိုင်ငံရဲ့ ပညာရေးစနစ် စိုးရိမ်ဖွယ်အနေအထားမှာ ရှိကြောင်း အခုနောက်ဆုံးထုတ်ပြန်တဲ့ ကမ္ဘာ့ဘဏ်ရဲ့ဇူလိုင်လ အစီရင်ခံစာမှာ ဖော်ပြလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ အထက်တန်းပညာရေး ဝင်ရောက်သင်ကြားသူ ကျောင်းသားဦးရေ ကျဆင်းသွားခဲ့ပြီး ၂၂ ရာခိုင်နှုန်းသာ အထက်တန်းပညာရေးကို သင်ယူဖို့ ကျောင်းအပ်ခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် ၂ဝ၁၇ ကနေ ၂၀၂၃ ခုနှစ်အတွင်း မြန်မာနိုင်ငံတစ်ဝန်း ကျောင်းအပ်နှုန်း ၁၂ ရာခိုင်နှုန်းကျော် ကျဆင်းသွားတယ်လို့လည်း ဖော်ပြထားပါတယ်။
ကိုဗစ်ကပ်ရောဂါကြောင့် ကျောင်းတွေ ပိတ်ခဲ့ရပြီးနောက်ပိုင်း မြန်မာနိုင်ငံက ကလေးအများစုက ကျောင်းပြန်မတက်ကြတော့ဘူးလို့ အိမ်ထောင်စု ၈၅၀၀ နီးပါးကို ကောက်ယူတဲ့ စစ်တမ်းကို အခြေခံပြီး ကမ္ဘာ့ဘဏ်က ဖော်ပြထားပါတယ်။
ဒါ့အပြင် အာဏာသိမ်းမှုကြောင့် အာဏာဖီဆန် CDM လှုပ်ရှားမှုမှာလည်း ကျောင်းသူကျောင်းသားနဲ့ ဆရာဆရာမတွေ ပါဝင်ကြတာ ဖြစ်ပြီး အလုပ်ထွက် ကျောင်းထွက်ခဲ့ကြတာပါ။
မြန်မာနိုင်ငံမှာ ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသား၊ ကျောင်းသူတွေဟာ စစ်အာဏာရှင်ကို ဆန့်ကျင်လှုပ်ရှားမှုတွေမှာ ရှေ့ဆုံးကနေ ပါဝင်ခဲ့ကြသူတွေဖြစ်ပါတယ်။
ချင်းပြည်နယ် ထန်တလန်မြို့နယ်မှာဆို ၂ဝ၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းလိုက်တဲ့နောက် အထက်တန်း ကျောင်းသား၊ ကျောင်းသူတွေဟာ စာသင်ခန်းတွေကို စွန့်ခွာပြီး စစ်အာဏာရှင်ကို ခုခံတော်လှန်ဖို့ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့ကြတယ်လို့ ကျောင်းဆရာ ဆလိုင်းက အစီရင်ခံစာမှာ ပြောဆိုထားပါတယ်။
https://youtu.be/MpnIYT0hE3A
#politicalnews
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
YouTube
အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ့ပညာရေး အကျပ်အတည်းကြုံနေရကြောင်း ကမ္ဘာ့ဘဏ်သတိပေး
အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ့ပညာရေး အကျပ်အတည်းကြုံနေရကြောင်း ကမ္ဘာ့ဘဏ်သတိပေး
အာဏာသိမ်းပြီးကတည်းက အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပွားလာခဲ့ပြီး မြန်မာနိုင်ငံရဲ့ ပညာရေးစနစ် စိုးရိမ်ဖွယ်အနေအထားမှာ ရှိကြောင်း အခုနောက်ဆုံးထုတ်ပြန်တဲ့ ကမ္ဘာ့ဘဏ်ရဲ့ဇူလိုင်လ အစီရင်ခံစာမှာ…

👍16🔥3
This media is not supported in your browser
VIEW IN TELEGRAM
ဆယ်စုနှစ်များအတွင်း ပထမဆုံးအဖြစ် နျူကလီးယားတပ်ဆင်ထားတဲ့ အမေရိကန်ရေငုပ်သင်္ဘော တောင်ကိုရီးယားသို့ရောက်ရှိ
#internationalnews #reels #shorts #Nuclear #American #SouthKorea #Mizzima

❤10🔥2
ဇူလိုင်လ ၂၀ ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
===========================
-ကရင်ပြည်နယ်အတွင်း တိုက်ပွဲတွေကြောင့် ထိုင်းဘက်ခြမ်းမှာ နယ်စပ်လုံခြုံရေးတိုးမြှင့်တဲ့သတင်း
-ဗန်းမော်-မြစ်ကြီးနားလမ်းမှာ အိမ်စီးကားပစ်ခံရပြီး တရုတ်လုပ်ငန်းရှင်နဲ့ စကားပြန်အမျိုးသမီး ကျည် ထိမှန်တဲ့သတင်း
-တနင်္သာရီတိုင်းအတွင်းရှိ စစ်ဘေးရှောင်တွေအတွက် ရိက္ခာလိုအပ်ချက် ပိုမိုခက်ခဲလာတဲ့သတင်း
-တောင်ကိုရီးယားမှာ ပြစ်ဒဏ်ချခံခဲ့ရတဲ့ အမေရိကန်စစ်သား မြောက်ကိုရီးယားမှာ ဖမ်းဆီးခံထားရတဲ့သတင်းအပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးမှာဖြစ်ပါတယ်။
https://youtu.be/ok_qgvpficw
#2pmnews
#Mizzimanewshour
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
===========================
-ကရင်ပြည်နယ်အတွင်း တိုက်ပွဲတွေကြောင့် ထိုင်းဘက်ခြမ်းမှာ နယ်စပ်လုံခြုံရေးတိုးမြှင့်တဲ့သတင်း
-ဗန်းမော်-မြစ်ကြီးနားလမ်းမှာ အိမ်စီးကားပစ်ခံရပြီး တရုတ်လုပ်ငန်းရှင်နဲ့ စကားပြန်အမျိုးသမီး ကျည် ထိမှန်တဲ့သတင်း
-တနင်္သာရီတိုင်းအတွင်းရှိ စစ်ဘေးရှောင်တွေအတွက် ရိက္ခာလိုအပ်ချက် ပိုမိုခက်ခဲလာတဲ့သတင်း
-တောင်ကိုရီးယားမှာ ပြစ်ဒဏ်ချခံခဲ့ရတဲ့ အမေရိကန်စစ်သား မြောက်ကိုရီးယားမှာ ဖမ်းဆီးခံထားရတဲ့သတင်းအပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးမှာဖြစ်ပါတယ်။
https://youtu.be/ok_qgvpficw
#2pmnews
#Mizzimanewshour
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
YouTube
ဇူလိုင်လ ၂၀ ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
01:03-ကရင်ပြည်နယ်အတွင်း တိုက်ပွဲတွေကြောင့် ထိုင်းဘက်ခြမ်းမှာ နယ်စပ်လုံခြုံရေးတိုးမြှင့်တဲ့သတင်း
03:37-ဗန်းမော်-မြစ်ကြီးနားလမ်းမှာ အိမ်စီးကားပစ်ခံရပြီး တရုတ်လုပ်ငန်းရှင်နဲ့ စကားပြန်အမျိုးသမီး ကျည် ထိမှန်တဲ့သတင်း
05:04-တနင်္သာရီတိုင်းအတွင်းရှိ စစ်ဘေးရှောင်တွေအတွက်…

👍11😁2