Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
မက်ဆီဟာ မေဂျာလိဂ်နဲ့ လိုက်လျောညီထွေဖြစ်ဖို့ အချိန်လိုပါလိမ့်မယ် - ဘက်ခမ်း
👍4🔥1👌1
မက်ဆီဟာ မေဂျာလိဂ်နဲ့ လိုက်လျောညီထွေဖြစ်ဖို့ အချိန်လိုပါလိမ့်မယ် - ဘက်ခမ်း
========================

ဒေးဗစ်ဘက်ခမ်းက ကစားပုံအဆင့်အတန်းဟာ ဥရောပပြိုင်ပွဲနဲ့ "မတူညီတဲ့ အဆင့်"တစ်ခုမှာ ရှိနေငြားလည်း လီယွန်နယ်မက်ဆီဟာ မေဂျာလိဂ်ဘောလုံးနဲ့ လိုက်လျောညီထွေဖြစ်အောင် အချိန်ယူရလိမ့်မယ်လို့ ယုံကြည်နေပါတယ်။

မက်ဆီဟာ နှစ်နှစ်ခွဲစာချုပ်ချုပ်ဆိုပြီးနောက် အင်္ဂါနေ့က ကလပ်အသင်းအတွက် သူ့ရဲ့ ပထမဆုံးလေ့ကျင့်ရေးအစီအစဉ်မှာ ပါဝင်တာကို မန်ချက်စတာယူနိုက်တက်နဲ့ ရီးယဲလ်မက်ဒရစ်ကွင်းလယ်ကစားသမားဟောင်း၊ အင်တာမိုင်ယာမီရဲ့ ပူးတွဲပိုင်ရှင် ဘက်ခမ်းက ကြည့်ရှုခဲ့ပါတယ်။

ဘာစီလိုနာနဲ့ အာဂျင်တီးနားနည်းပြဟောင်း ဂျရာဒို 'တာတာ' မာတီနိုက အစီအစဉ်ကို ဦးဆောင်မှုနဲ့အတူ ဘာစီလိုနာမှ မက်ဆီရဲ့ အသင်းဖော်ဟောင်းတစ်ဦးဖြစ်တဲ့ စပိန်ကွင်းလယ်ကစားသမား ဆာဂျီယို ဘူးစကွက်ဟာ စနေနေ့က စာချုပ်ခဲ့ပြီးနောက် ကလပ်ရဲ့ အဆောင်အဦးမှာ လေ့ကျင့်ခန်းလည်း ဆင်းခဲ့ပါတယ်။

"လီယိုက ဘယ်လောက်ပဲ ကောင်းနေပါစေ၊ သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ တည်ဆောက်ပုံက ဘယ်လိုပဲ ဖြစ်နေပါစေ၊ သူနဲ့ ဆာဂျီယိုတို့ဟာ ဘာပဲဖြစ်နေဖြစ်နေ လိုက်လျောညီထွေဖြစ်အောင် အချိန်ယူဖို့ လိုအပ်နေဆဲပါ"လို့ အင်္ဂလန်သားက ပြောပါတယ်။

“သူတို့က ကျနော်တို့ကို အံ့အားသင့်စေနိုင်ပါတယ်၊ ပွဲတစ်ပွဲစီတိုင်းကို အနိုင်နဲ့ ကျနော်တို့ စတင်နိုင်ပေမယ့် စိတ်ရှည်ဖို့တော့ လိုပါတယ်”လို့ သူက ပြောပါတယ်။

ဘက်ခမ်းက အာဂျင်တီးနားသားဟာ မလိုအပ်ဘဲ စတင်မပါဝင်နိုင်ဘူးလို့ ဘက်ခမ်းက ပြောဆိုရင်း မက္ကဆီကန်ကလပ် ခရုဇ် အေဇယ်နဲ့ ကစားမယ့် သောကြာနေ့ရဲ့ လိဂ်ဖလားပွဲမှာ မိုင်ယာမီ ပရိသတ်တွေအနေနဲ့ စိတ်ရှည်မှုကို ပြသဖို့ လိုအပ်နိုင်ပါတယ်။

“လီယိုက ပွဲရဲ့ အစိတ်အပိုင်းတချို့ကို ကစားမှာဖြစ်ပေမယ့် အဲဒါက နည်းပြအပေါ်မှာ မူတည်ပြီး သူအဆင်သင့်ဖြစ်မဖြစ်ကို လီယိုက ဆုံးဖြတ်ရမှာပါ။ ဘာလို့လဲဆိုတော့ သူ့မိသားစုနဲ့ ရက်သတ္တပတ်အနည်းငယ်ကြာဝေးကွာနေခဲ့တာ ကျနော်တို့ သိပါတယ်။ ဒါပေမယ့် သူ အာသီသရှိပုံရတယ်။ သူ ကောင်းပုံရပေမယ့် လိုက်လျောညီထွေဖြစ်အောင်လုပ်ဖို့ အချိန်လိုပါလိမ့်မယ်”လို့ ဘက်ခမ်းက ဆိုပါတယ်။
ဘက်ခမ်းဟာ ၂၀၀၇ မှာ ဂလက်ဆီအသင်းအတွက် စာချုပ်ခဲ့တုန်းက သူဟာ MLS လိဂ်ကို ပြောင်းရွှေ့ခဲ့တဲ့ နာမည်အကြီးဆုံးဖြစ်ခဲ့သူပါ။ အဲဒီချိန်က လိဂ်ပြိုင်ပွဲမှာ ကလပ် ၁၃ သင်းသာရှိခဲ့ပေမယ့်လည်း ဒီကနေ့မှာတော့ ၂၉ သင်းနဲ့ နှိုင်းယှဉ်ရင် ကစားပုံအဆင့်အတန်းမှာ သိသိသာသာ နိမ့်ကျခဲ့ပါတယ်။

ဒါပေမယ့် ဘက်ခမ်းက ဘာမှမပြောင်းလဲတဲ့ ဧရိယာတစ်ခုရှိတယ်လို့ ဆိုပါတယ်။

"ကျနော် ရောက်လာတုန်းက တူညီတဲ့ အရာထဲက တစ်ခုက ရုတ်တရက် လူတိုင်းက အယ်လ်အေက အရာအားလုံးကို အနိုင်ယူသွားလိမ့်မယ် ထင်ကြတယ်။ အယ်အေက ပွဲတိုင်းကို ၇-၀ ၊ ၈-၀ ဂိုးတွေနဲ့ နိုင်သွားလိမ့်မယ်။ အဲဒါပါပဲ၊ တခြားဘယ်သူမှ ဘာမဆိုအနိုင်ရသွားမှာမှ မဟုတ်တာ”လို့ သူက ပြောပါတယ်။
ဒါပေမယ့် ဘက်ခမ်း ရောက်ရှိလာပေမယ့် ဂလက်ဆီအသင်းဟာ သူ့ရဲ့ ပထမနှစ်ရာသီမှာ playoffs ကိုတောင် တက်ရောက်နိုင်အောင် မလုပ်ပြနိုင်ခဲ့ကြပါဘူး။

အယ်လ်အေဟာ ၂၀၀၇ နဲ့ ၂၀၀၈ တို့မှာ Western Conference ရဲ့ အောက်ဆုံးနားမှာ ပြီးဆုံးခဲ့ပေမယ့်လည်း ၂၀၁၁ နဲ့ ၂၀၁၂ တို့မှာ MLS Cup ကို မဆွတ်ခူးနိုင်ခင်၂၀၀၉ မှာ finalists မှာ အလဲှထိုးခံခဲ့ရပါတယ်။

"အဲဒီပထမနှစ်နှစ်တာကာလက ကျနော့်အတွက် စိန်ခေါ်မှုတစ်ခုပါ၊ အရာအားလုံးကို အသုံးချပြီး ကလပ်နဲ့ လိဂ်ကို နည်းနည်းပိုပြီး ပရော်ဖက်ရှင်နယ်ဖြစ်အောင် ဆောင်ကျဉ်းပေးခဲ့ပါတယ်၊ ဒါပေမယ့် အရာအားလုံးက အရမ်းခပ်မြန်မြန် ပြောင်းလဲသွားခဲ့ပါတယ်"လို့ သူက ပြောပါတယ်။

"ကျနော် ဘောလုံးကစားရတာကို စတင်ပျော်လာတယ်၊ ကျနော်တို့ နိုင်ပွဲရရုံတင် မကလို့ပါ။ (ဒါပေမယ့်) ကလပ်အသင်းတစ်ခုချင်းစီတိုင်းမှာ အကယ်ဒမီပစ္စည်းတွေ ဝင်လာတာကို လုပ်ဆောင်နိုင်နေခဲ့တဲ့ အပြောင်းအလဲကို ကျနော် မြင်နေရလို့ပါပဲ။ ကျနော်တို့ အခု စင်မြင့်ပါ်ရောက်နေပြီ။ အဲဒီနေရာမှာ သူတို့တွေဟာ ၂၀၀၇ တုန်းကနဲ့ ဘယ်လိုမှ မတူတာ သေချာတယ်” လို့ သူက ပြောပါတယ်။

MLS ပြိုင်ပွဲရဲ့ အဆင့်အတန်းဟာ ဥရောပထိပ်တန်းလိဂ်တွေထက် နိမ့်ကျနေကောင်းနေသေးပေမယ့်လည်း မက်ဆီဟာ အဲဒီထိပ်တန်းလိဂ်တွေမှာ သူ့ရဲ့ကလပ်ကစားသမားဘဝတစ်ခုလုံးကို ကုန်ဆုံးစေခဲ့ပေမယ့်း သူတို့ရဲ့ ကစားသမားဘဝနေဝင်ချိန်နှောင်းပိုင်းမှာ ဒီလိဂ်ကို ပူးပေါင်းခဲ့တဲ့ နိုင်ငံခြားကစားသမားအချို့ဟာ ရှင်သန်ဖို့ ခက်ခဲနေခဲ့တယ်ဆိုတာကို တွေ့ခဲ့ရပါတယ်။

အချိန်ဇုန်တွေ တစ်လျှောက် မကြာခဏ ခရီးသွားရတာ၊ တချို့သော အားကစားကွင်းတွေမှာ မြက်ခင်းတုမျက်နှာပြင်တွေပါ်မှာ ကစားရတာနဲ့ တူညီတဲ့ လှိုင်းအလျား ဒါမှမဟုတ် မျှော်မှန်းထားတဲ့ နည်းစနစ်ပိုင်းဆိုင်ရာ စွမ်းရည်မရှိတဲ့ အသင်းဖော်တွေ ရှိနေတာတို့က ကစားသမားတွေ ကြုံတွေ့ရတဲ့ စိန်ခေါ်မှုတချို့ဖြစ်ပါတယ်။
ဘက်ခမ်းက မက်ဆီဟာ အောင်မြင်မှုတစ်ခုဖြစ်လာမှာကို သံသယမရှိပေမယ့်လည်း ကွင်းထဲမှာ သူ့ရဲ့ သက်ရောက်မှုကို တချို့သောသူတွေက မျှော်လင့်ထားသလို ချက်ချင်းဖြစ်မလာနိုင်ဘူးလို့ လက်ခံရမှာပါ။
👍9😁2❤1
​​လွိုင်ကော်- မိုးဗြဲနှင့် လွိုင်ကော် - ဆီဆိုင်လမ်းမကြီးတစ်လျှောက် စစ်ရေးတင်းမာနေ
==================

001
(မဇ္စျိမ)။ ။ လွိုင်ကော်-မိုးဗြဲ လမ်းမကြီးနှင့် လွိုင်ကော် - ဆီဆိုင် လမ်းမကြီးတစ်လျှောက် စစ်ကောင်စီတပ်က အင်အားဖြည့်တင်းမှုများပြုလုပ်နေပြီး နှစ်ဖက်စစ်ရေးတင်းမာနေကာ အချိန်မရွေးတိုက်ပွဲဖြစ်ပွားနိုင်ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ထံက သိရသည်။

အဆိုပါ လမ်းမကြီးများမှာ အခြားတိုင်းနှင့် ပြည်နယ်များမှ ကရင်နီပြည်နယ်သို့ အဓိက ဝင်၊ ထွက်နိုင်သည့် လမ်းမကြီးများဖြစ်ပြီး စစ်ကောင်စီတပ်က အင်အားဖြည့်တင်းခြင်း၊ ရိက္ခာနှင့် လက်နက်ခဲယမ်းဖြည့်တင်းခြင်းတို့ကို ယင်းလမ်းကြောင်းများကို အသုံးပြုပြီးပြုလုပ်နေခြင်းဖြစ် သည်။

ထို့ကြောင့် အဆိုပါ လမ်းမကြီးများအား ဇူလိုင်လ ၁၈ ရက်နေ့မှ ဇူလိုင်လ ၂၈ ရက်နေ့အထိ ဆယ်ဘီးကား၊ ကုန်ကား၊ တွဲကား၊ ဒန်ဘာ၊ မိုးကာအုပ် စသည့်ကားကြီးများ လုံးဝ ဖြတ်သန်းသွားလာခြင်းမပြုလုပ်ရန် KNDF တပ်ရင်း-၂ က အသိပေးထားသည်။

“ အဲ့ဒီလမ်းကြောင်းပေါ်မှာ စစ်ကောင်စီက နည်းလမ်းပေါင်းစုံနဲ့ အဝင်၊ အထွက်တွေ တအားလုပ်နေတယ်။ အင်အားဖြည့်တာမျိုးတွေပေါ့။ အဲ့တာမျိုးတွေ တအားလုပ်တဲ့အခါမှာ အချိန်မရွေးကျွန်တော်တို့တပ်ရင်းတွေနဲ့ ထိတွေ့မှုဖြစ်နိုင်တယ်။ အဲ့တာကြောင့် ကြားထဲမှာ ပြည်သူလူထုတွေက သွားလာရင်းနဲ့ ဒုက္ခရောက်မှာစိုးလို့ပေါ့။ သွားလာရင်းနဲ့ ကြားထဲမှာ ပိတ်မိတာမျိုးတွေ ဖြစ်မှာစိုးလို့ပါ” ဟု KNDFဗဟိုသတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိတွင်လည်း လွိုင်ကော်-မိုးဗြဲလမ်းမကြီးတစ်လျှောက် နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားမှုမရှိသော်လည်း စစ်ကောင်စီဘက်က နေ့စဉ် လက်နက်ကြီးပစ်ခတ်မှုပြုလုပ်နေကြောင်း KNDF ထံက သိရသည်။

ထို့ကြောင့် နယ်မြေလုံခြုံရေးနှင့် စစ်ရေးအခြေအနေအရ ပြည်သူများအနေဖြင့် မဖြစ်မနေ လိုက်နာပေးကြရန် KNDF က မေတ္တာရပ်ခံထားပြီး ကားငယ်များအနေဖြင့်လည်း မဖြစ်မနေသွားလာရန် လိုအပ်ပါက ကားမှန်များချပြီး သွားလာကြရန် အသိပေးထားသည်။

အဆိုပါ ထုတ်ပြန်ချက်အတိုင်းလိုက်နာမှုမရှိပါက ဖြစ်ပေါ်လာမည့် မည့်သည့် ပြဿနာအကြောင်းအရာများအားလုံးကိုမဆို KNDF တပ်ရင်းအမှတ် (၂) က တာဝန်ယူပေးမည် မဟုတ်ကြောင်းနှင့် ပြန်လည်သွားလာနိုင်မည့် အချိန်နှင့် နေ့ရက်ကို ထပ်မံအသိပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

#KNDF
#ကရင်နီ
#လွိုင်ကော်
#မိုးဗြဲ
#ဆီဆိုင်လမ်းမ

Photo - KNDF B – 02
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍21🔥3
​​နွေဦးဖွံ့ဖြိုးရေးဘဏ်တွင် ငွေစာရင်းဖွင့်လှစ်ခမပေးရဘဲ လွယ်ကူစွာ ငွေစာရင်းဖွင့်နိုင်မည့်
=======================

မောင်ခက်နွေ
(မဇ္ဈိမ)။ ။အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ဘဏ္ဍာရေးနှင့်ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနကတည်ထောင် လိုက်သည့် နွေဦးဖွံ့ဖြိုးရေးဘဏ် Spring Development Bank(SDB)တွင် ငွေစာရင်းဖွင့်လှစ်ခ (အကောင့် ဖွင့်ခ)မယူဘဲ လွယ်ကူလျင်မြန်စွာဖွင့်လှစ်နိုင်အောင်စီစဉ်ထားကြောင်း ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်း နိုင်က နွေဦးဖွံ့ဖြိုးရေးဘဏ်၏ အကြိုဖွင့်လှစ်ကြောင်း တရား၀င်အသိပေးခြင်း သတင်းစာရှင်း လင်းပွဲတွင် ပြောကြားခဲ့သည်။

ယခုကဲ့သို့ လုပ်ဆောင်ရခြင်းမှာ ပြည်သူအများစု နွေဦးဖွံ့ဖြိုးရေးဘဏ်ကို လွယ်လွယ်ကူကူနှင့် လုံလုံခြံခြုံ လက်လှမ်းမှီရန်အတွက် လုပ်ဆောင်ရခြင်းဖြစ်ကြောင်း ဦးတင်ထွန်းနိုင်က ရှင်းပြသည်။
“ကျွန်တော်တို့အနေနဲ့ ပြည်သူလူထုရဲ့ အချက်အလက်ကစ အနိမ့်ဆုံးလိုအပ်ချက်လောက်ပဲ တောင်းခံပြီး ဘဏ်အကောင့်ဖွင့်တာနဲ့ပတ်သတ်ပြီး သာမန်ဘဏ်တွေက အကောင့်ဖွင့်တိုင်း ဖွင့် တိုင်းမှာ ၅,၀၀၀ လား၊ ၁၀,၀၀၀ လား စသဖြင့်ယူတာရှိပေမယ့် ကျွန်တော်တို့နွေဦးဘဏ်မှာ တပြားတချပ်မှ ယူမှာမဟုတ်ပါဘူး” ဟု ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောသည်။

ပြည်သူများအနေဖြင့် စစ်ကောင်စီ၏ထိန်းချုပ်မှုအောက်တွင်ရှိသည့် ဘဏ်များ၌ အပ်နှံထားသည့် ပိုင်ဆိုင် မှုများ၊ အပ်နှံငွေများကို Spring Development Bank တွင် အပ်နှံပြီး တော်လှန်ရေးအသိစိတ်ဖြင့်ပါဝင်ဖို့ တိုက်တွန်းလိုကြောင်း ဦးတင်ထွန်းနိုင်ကဆိုသည်။

Spring Development Bank(SDB) နွေဦးဘဏ်ကို ပထမအဆင့်အနေဖြင့် သုံးစွဲသူ ၁၀၀,၀၀၀ မျှော်လင့် ထားပြီး ဒုတိယအဆင့်အနေဖြင့် သုံးစွဲသူ ၅၀၀,၀၀၀ အထိမျှော်လင့်ထားကြောင်း နွေဦးဘဏ်၏ ပြောရေး ဆိုခွင့်ရှိသူ ကိုကယ်လ်ဗင်ကဆိုသည်။
ထို့ပြင် နွေဦးဘဏ်ကိုသုံးစွဲသူပြည်သူများနှင့် ဘဏ်တာဝန်ရှိသူများသည် လုံခြုံရေးအတွက် ဘဏ်မှချမှတ် ထားသည့် စည်းကမ်းများကို သေချာစွာလိုက်နာရန်လိုအပ်ကြောင်း ဒုဝန်ကြီးဦးမင်းဇေယျာက ရှင်းလင်းပွဲ တွင် ပြောကြားသည်။

လက်ရှိတွင် အမေရိကန်ဒေါ်လာ၊ စင်ကာပူဒေါ်လာ၊ မြန်မာကျပ်ငွေနှင့် ထိုင်းဘတ်ငွေ လေးမျိုးကို ငွေသွင်း၊ ငွေထုတ်၊ ငွေလွှဲနိုင်သည့်ဝန်ဆောင်မှုပေးသွားမည်ဖြစ်ကြောင်း သိရသည်။

နွေဦးဘဏ်တွင် တလ၊ သုံးလ၊ ခြောက်လ၊ ကိုးလ၊ တနှစ်သက်တမ်းရှိသည့် ပုံသေအပ်ငွေစာရင်းကို ကျပ် ငွေ၊ နိုင်ငံခြားငွေများဖြင့် ဖွင့်လှစ်နိုင်မည်ဖြစ်သည်။

နွေဦးဘဏ်၌ဖွင့်လှစ်ထားသည့် ငွေစာရင်းများ၏အတိုးနှုန်းများသည် သက်တမ်းပေါ်မူတည်ကာ ပြောင်း လဲနိုင်ကြောင်း နွေဦးဘဏ်ပြောရေးဆိုခွင့်ရှိသူ ကိုကယ်ဗင်က ရှင်းပြသည်။

လက်ရှိတွင် မြန်မာငွေကျပ်ငွေကို သက်တမ်းတနှစ်ထားပါက ၁၁ ရာခိုင်နှုန်းအထိ အတိုးနှုန်းသတ်မှတ် ထားကြောင်း ၎င်းကဆိုသည်။
နွေဦးဘဏ်ကို ပြီးခဲ့သည့်ခုနစ်လကတည်းက ကြိုတင်စီစဉ်ထားခြင်းဖြစ်ပြီး ရရှိလာသည့်အမြတ်ငွေများ ကို တော်လှန်ရေးအတွက် ထောက်ပံ့သုံးစွဲသွားမှာဖြစ်ကြောင်း ရှင်းလင်းပွဲ၌ ပြည်ထောင်စုဝန်ကြီး ဦးတင် ထွန်းနိုင်က အမှာစကားတွင် ထည့်သွင်းပြောကြားထားသည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#အမျိုးသားညီညွတ်ရေးအစိုးရ(NUG)
#နွေဦးဖွံ့ဖြိုးရေးဘဏ်
#ငွေစာရင်းဖွင့်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍16🤣3👏2
​​စစ်ကောင်စီ၏ငွေတိုက်စာချုပ်နှင့် ငွေတိုက်လက်မှတ်များ ဝယ်ယူထားသူများကို NUG က အရေးယူသွားမည်
====================

မိုးသောက်
မဲဆောက်(မဇ္ဈိမ)။ ။စစ်ကောင်စီထံမှ ငွေတိုက်စာချုပ်နှင့် ငွေတိုက်လက်မှတ်များဝယ်ယူနေခြင်းသည် ပြည်သူလူထုကို အကြမ်းဖက်မှုများဆောင်ရွက်ရာ၌ အသုံးပြုနေသည့် ဘဏ္ဍာငွေများဖြစ်သဖြင့် တစ်ချိန်တွင် ငွေတိုက်စာချုပ်နှင့် လက်မှတ်များဝယ်ယူထားသူများကို NUG က ပြတ်ပြတ်သားအရေးယူသွားမည်ဟု သိရသည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၊ စီမံကိန်း ဘဏ္ဍာရေးနှင့်ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနက နွေဦးဘဏ်နှင့်ပတ်သက်ပြီး ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ငွေတိုက်စာချုပ်ဝယ်ယူထားသူများနှင့်ပတ်သက်ပြီး မဇ္ဈိမက မေးမြန်းခဲ့ရာတွင် ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က ဖြေကြားခဲ့ခြင်းဖြစ်သည်။

"ဒါနဲ့ပတ်သက်ပြီးတော့လေ၊ ပါဝင်နေတဲ့ ပြည်တွင်းပုဂ္ဂလိက ဘဏ်တွေကအစပေါ့လေ၊ လုပ်ငန်းရှင်တွေ စီးပွားရေးသမားတွေ အားလုံးအနေနဲ့က ဒါကိုတာဝန်ခံရပါလိမ့်မယ်၊ ပြည်သူတွေအနေနဲ့လည်း မိမိတို့ရဲ့ ယုံကြည်စွာဘဏ်မှာ အပ်နှံထားတဲ့ငွေကို တစ်ဖက်လှည့်နဲ့ အကြမ်းဖက်စစ်တပ်ရဲ့ ဘဏ္ဍာရေးပိုင်းဆိုင်ရာ အထောက်အပံ့ဖြစ်နေတာကို ပြည်သူလည်း သိသင့်ပါတယ်။ ဒါကိုလည်း ကြားခံဆောင်ရွက်ပေးနေတဲ့ ဘဏ်တွေက လုပ်ငန်းရှင်တွေဘက်ကနေပြီးတော့လည်း တာဝန်ခံသင့်ပါတယ်။ ဒါကြောင့်မို့ အဲဒီဟာတွေကို ကျနော်တို့ပြတ်ပြတ်သားသား ဥပဒေနဲ့ အညီ ကျနော်တို့အနေနဲ့ အရေးယူသွားမယ်ဆိုတာ တစ်လက်စတည်း တင်ပြလိုပါတယ်။ " ဟု ၎င်းကပြောသည်။

စစ်ကောင်စီသည် ၂၀၂၂ခုနှစ် ဧပြီလ ၈ ရက်နေ့ကတည်းက ငွေတိုက်စာချုပ်နှင့်လက်မှတ်များ၊ ရောင်းချခြင်းများ ပြုလုပ်နေသည်ကိုတွေ့ရပြီး လက်ရှိအချိန်တွင် ၄၆ ကြိမ်ရောင်းချခဲ့ပြီးဖြစ်သည်။ ၄၆ ကြိမ်ရောင်းချပြီးချိန်တွင် စစ်ကောင်စီက စုစုပေါင်းရောင်းချငွေ မြန်မာကျပ်ငွေ ၁၇.၈ ထရီလီယံဖိုး(ကျပ်ဘီလျံ ၁၇,၈၀၀)ရောင်းချခဲ့ရကြောင်း စစ်ကောင်စီလက်အောက်ခံ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနအောက်ရှိ ငွေတိုက်ဦးစီးဌာန၏ ဇူလိုင်လ ၁၁ ရက်နေ့အထိ စာရင်းများအရ သိရသည်။

ငွေတိုက်စာချုပ်နှင့် ငွေတိုက်လက်မှတ်ဆိုသည်မှာ အစိုးရအနေဖြင့်ငွေချေးယူသည့် အဓိကနည်းလမ်းတစ်ခုဖြစ်ပြီး ဗဟိုဘဏ်အနေဖြင့် ကြားခံဆောင်ရွက်ပေးရသည်။ မြန်မာနိုင်ငံတွင် ငွေတိုက်စာချုပ်နှင့် ငွေတိုက်လက်မှတ်များကို ၂၀၁၆ ခုနှစ်တွင် စတင်ရောင်းခဲ့ပြီး စစ်ကောင်စီအာဏာသိမ်းထားသည့် ကာလအတွင်းတွင် စံချိန်တင်ရောင်းချခဲ့ရကြောင်း ၁၁ ကြိမ်မြောက် ရောင်းချပြီးချိန် ထုတ်ပြန်သည့် ၂၀၂၀-၂၀၂၁ခုနှစ်ဘဏ္ဍာနှစ်အတွက် ဗဟိုဘဏ်က ထုတ်ပြန်သည့် ငွေးကြေးမူဝါဒအကောင်အထည်ဖော်ဆောင်ရွက်ချက် အစီရင်ခံစာတွင် တွေ့ရသည်။

ယခင်အာဏာမသိမ်းခင် ငွေတိုက်စာချုပ်များကို ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့်ဘဏ်များမှ ဝယ်ယူမှုနည်းခဲ့ပြီး နိုင်ငံပိုင်ဘဏ်များမှ အများအပြားဝယ်ယူခဲ့သည်။ စစ်ကောင်စီလက်ထက်တွင် ငွေတိုက်စာချုပ်ရောင်းချရငွေမှာ ၄၆ ကြိမ်အတွင်း ကျပ်ဘီလျံ ၁၇,၈၀၀ ရှိနေပြီး အဆိုပါပမာဏမှာ စစ်ကောင်စီသတ်မှတ်ထားသည့် စစ်အသုံးစရိတ်ထက် သုံးဆကျော် များပြားနေသည်။ ထိုသို့ဝယ်ယူသူများထဲတွင် ပုဂ္ဂိလကဘဏ်များနှင့် စီးပွားလုပ်ငန်းရှင်များပါဝင်ကြောင်း Myanmar Now သတင်းဌာနကဖော်ပြသည်။
စစ်ကောင်စီ၏ငွေတိုက်စာချုပ်များသည် စစ်ကောင်စီကို ဘဏ္ဍာငွေဖြည့်တင်းပေးနေသည့်အပြင် တရားဝင်မှုလည်းမရှိကြောင်း NUGကဆိုသည်။

ဝန်ကြီး ဦးတင်ထွန်းနိုင်က "ခုနပြောခဲ့တဲ့ ငွေတိုက်စာချုပ်တွေကို သူရောင်းပိုင်ခွင့်မရှိတဲ့ တရားမဝင်အစိုးရကနေပြီးတော့ ရောင်းချတဲ့ ဒီငွေတွေကနေပြီးတော့ သူ့ရဲ့ ပြည်သူကို ပြန်လည်သတ်ဖြတ်တဲ့ အကြမ်းဖက်လုပ်ရပ်တွေအတွက် အဓိကဒေါက်တိုင်ဝင်ငွေအနေနဲ့ ရှိနေတာဖြစ်ပါတယ်။ ဒါကြောင့်မို့ကျနော်တို့အနေနဲ့က ဒီလိုမျိုး ငွေတိုက်စာချုပ်တွေရောင်းချတာတွေ ငွေတိုက်လက်မှတ်တွေ ရောင်းချတာတွေ၊ ဒီဟာတွေအားလုံးကို တရားလည်းမဝင်ဘူး ။ ဒုတိယအချက်က အဲဒီငွေတွေနဲ့ ပြည်သူကိုပြန်ပြီးတော့ အကြမ်းဖက်လုပ်ရပ်တွေ ဆောင်ရွက်နေတာဖြစ်တယ်။” ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် အာဏာသိမ်းထားသည့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်သည့် စစ်တပ်သည် ပြည်သူ့ဘဏ္ဍာဖြင့် ဝယ်ယူထားသည့် စစ်လက်နက်များ၊ ဂျက်တိုက်လေယာဥ်များဖြင့် ပြည်သူများကို ပစ်ခတ်သတ်ဖြတ်မှုများပြုလုပ်နေသဖြင့် စစ်ကောင်စီ၏ဝင်ငွေရလမ်းများကို ဖြတ်တောက်ရန်အတွက် ဒီမိုကရေစီရေးလှုပ်ရှားသူများက အပြင်းအထန်ကြိုးစားနေကြဆဲဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#NUG
#ပြည်သူ့ဘဏ္ဍာ
#ငွေတိုက်စာချုပ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍27🤣4❤1😭1
​​မြန်မာ့အရေးအပေါ် တရုတ်ရဲ့ သဘောထား ရှင်းရှင်းလင်းလင်း မြင်ရပြီလား | သတင်းသုံးသပ်ချက်
=================

မြန်မာစစ်ကောင်စီကို လက်နက်ရောင်းချနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို တရုတ်အစိုးရက မြိုတော် ဘေကျင်းမှာ ပုံမှန်ကျင်းပတဲ့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးဖြစ်တဲ့ မစ္စတာ မောင်နင်းက ကန့်ကွက်လိုက်ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ အထူးကိုယ်စားလှယ် တင်သွင်းတဲ့ အစီအရင်ခံစာဟာ လုပ်ပိုင်ခွင့်ထက် ကျော်လွန်နေတယ်လို တရုတ်အစိုးရက တုန့်ပြန်လိုက်တာ ဖြစ်ပါတယ်။

တရုတ်နဲ့ ရုရှားနိုင်ငံတွေက မြန်မာစစ်ကောင်စီကို စစ်လက်နက်ပစ္စည်းတွေ တင်သွင်း ရောင်းချနေတယ်လို ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တွမ်အင်ဒရူး မေလက တင်သွင်းတဲ့ အစီအရင်ခံစာမှာ ဖော်ပြထားတဲ့အပေါ် တရုတ်က ပြန်လည်ကန့်ကွက်လိုက်တာပါ။ 

လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ရဲ့ အစီအရင်ခံစာဟာ အချုပ်အခြာအာဏာပိုင်တဲ့ နိုင်ငံတွေအကြား စစ်လက်နက်ပစ္စည်း ပုံမှန် အရောင်းအဝယ်လုပ်တာကို အပုပ်ချထားတဲ့အပြင် မမှန်ကန်တဲ့ အချက်အလက် တွေကို အခြေခံထားတယ်လိုလည်း တရုတ်အစိုးရက တုန့်ပြန်ထားပါတယ်။

လွတ်လပ်တဲ့ နိုင်ငံအချင်းချင်းကြားမှာ သာမန်လက်နက် ရောင်းဝယ်တာကို နာမည်ဆိုးတပ်ထားပြီး အချက်အလက်တွေကိုလည်း လွဲမှားစွာ ဖော်ပြထားတဲ့အတွက် တရုတ်အစိုးရက ခိုင်ခိုင်မာမာ ကန့်ကွက်တယ် လိုလည်း မစ္စတာ မောင်နင်းက ဆိုပါတယ်။

မီဒီယာတွေကတော့ မြန်မာစစ်ကောင်စီဟာ အာဏာသိမ်းယူပြီးတဲ့နောက် အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်သတ်ဖြတ်တာ အပါအဝင် ကိုယ့်နိုင်ငံသားတွေအပေါ် အကြမ်းဖက်သတ်ဖြတ်နေတဲ့ သက်သေ အထောက်အထား အများအပြားတွေ့ရှိနေရတဲ့ အခြေအနေမျိုးမှာတောင် တရုတ်နိုင်ငံက မြန်မာပြည်မှာ ကုန်သွယ်ရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်နေပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီး အပါအဝင် တရုတ်နိုင်ငံက ထိပ်တန်းအရာရှိတွေက စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်နေတာ ဘာကြောင့်လဲဆိုတဲ့ မေးခွန်း ထုတ်ခဲ့ကြပါတယ်။

မီဒီယာတွေရဲ့ မေးမြန်းချက်တွေကို မစ္စတာ မောင်နင်းက မြန်မာ့အရေးနဲ့ ပတ်သက်ရင် တရုတ်ရဲ့ ရပ်တည်ချက်က ပြောင်းလဲမှုမရှိဘဲ ရှင်းရှင်းလင်းလင်း ရှိကြောင်းနဲ့ အခြေခံ ဥပဒေ မူဘောင်ထဲကနေ တရားဝင်နိုင်ငံရေး ဆွေးနွေးပြီး ပဋိပက္ခတွေကို ဖြေရှင်းရမှာဖြစ်တယ်လို ဖြေကြားခဲ့ပါတယ်။

မြန်မာ့အရေးအတွက် နိုင်ငံတကာရဲ့ ကြိုးပမ်းမှုတွေကလည်း မြန်မာ့နိုင်ငံရေးနဲ့ လူမှုရေးတည်ငြိမ်စေဖို၊ ငြိမ်းချမ်းရေးနဲ့ ပြည်ထောင်စု ပြန်လည်သင့်မြတ်ရေးမှာ ပိုတိုးတက်စေဖို ပဋိပက္ခတွေ ပိုမိုးဆိုးရွားမှု မရှိစေရေး တိုအတွက် အထောက်အပံ့ ဖြစ်လိုလိုတယ်လိုလည်း မစ္စတာမောင်နင်းက နိုင်ငံတကာကို သတင်းစကား ပါးလိုက်ပါတယ်။

ကုလသမဂ္ဂ အထူးကိုယ်စားလှယ်အနေနဲ့လည်း အထူးကိုယ်စားလှယ်ဆိုတဲ့ ဂုဏ်သိက္ခာကို ထိခိုက်မှု မရှိရအောင် နိုင်ငံရေးအစီအစဉ် ဆောင်ရွက်တာမျိုးကို ရပ်တန့်ပါဆိုပြီးတော့လည်း တရုတ်အစိုးရက တောင်းဆိုလိုက်ပါသေးတယ်။

မစ္စတာမောင်နင်းရဲ့ ပြောကြားချက်တွေထဲမှာ မြန်မာနိုင်ငံကို လက်နက်လုံးဝ မရောင်းဘူးဆိုတဲ့ စကား မတွေ့ရပါဘူး။ 
ဒါကိုကြည့်ရင် တရုတ်နိုင်ငံက ကိုယ့်ပြည်သူကို ပြန်သတ်ဖြတ်နေတဲ့ မြန်မာစစ်ကောင်စီကို စစ်လက်နက် ပစ္စည်းတွေ ရောင်းချနေပြီး တွေ့ဆုံဆွေးနွေးရေးနဲ့ အဖြေရှာဖို လမ်းကြောင်းကိုပဲ ယုံကြည်တဲ့အကြောင်း နိုင်ငံတကာကို ပြသလိုက်တာလို ယူဆရပါတယ်။
မြန်မာ့အရေးနဲ့ ပတ်သက်လို တရုတ်ရဲ့ ရပ်တည်ချက်က ခိုင်ခိုင်မာမာရှိပြီးသားဆိုတာဟာ စစ်ကောင်စီရဲ့ နိုင်ငံရေးထွက်ပေါက်ကို ဖွင့်ပေးဖိုလားလို မေးခွန်းထုတ်ရမလို ဖြစ်နေပါတယ်။ သေချာတာကတော့ တရုတ်ဟာ မြန်မာပြည်သူတွေဘက်မှာ မရှိဘူးဆိုတာပါပဲ။

တရုတ်အစိုးရဟာ ကုလသမဂ္ဂကို ဝေဖန်ကန့်ကွက်တဲ့အပြင် ဒီမိုကရေစီအကျိုးစီးပွား တစ်ခုတည်းကိုပဲ ကြည့်ပြီး ပြည်သူလူထုဘက်က ရပ်တည်နေတဲ့၊ စစ်ကောင်စီကို ပိတ်ဆိုအရေးယူမှုတွေ လုပ်နေတဲ့ အမေရိကန် အပါအဝင် အနောက်နိုင်ငံတွေရဲ့ မြန်မာ့အရေး ကြိုးပမ်းမှုတွေကိုပါ မှန်မမှန် ပြန်ဆန်းစစ်ကြဦးလို ထောက်ပြနေသလိုပါပဲ။

တရုတ်နိုင်ငံရဲ့ မူဝါဒက သူ့ရဲ့ ကိုယ်ကျိုးစီးပွားအတွက်ပဲ ကြည့်တယ်ဆိုတာ သိထားပြီး ဖြစ်ပေမယ့် ရက်စက်ရိုင်းစိုင်းတဲ့ စစ်ကောင်စီကို ပြည်သူတွေကို သတ်ဖို လက်နက်တွေ ရောင်းချတာ၊ စစ်ကောင်စီ အသက်ရှူချောင်အောင် ပြည်သူလုံးဝ လက်သင့်မခံတဲ့ တွေ့ဆုံဆွေးနွေးရေး ဆိုတဲ့ လမ်းကြောင်းပေါ် ရောက်အောင် ကူညီတာအထိကတော့ တရားလွန်လွန်းတယ်လို ဆိုရမှာ ဖြစ်ကြောင်း ဖော်ပြလိုက်ပါတယ်။
👍10😁4🤬3💩2🤮1
​​ထိုင်ဝမ်ကို တရုတ်ကျူးကျော်မည့် ခြိမ်းခြောက်မှုအား ဖိလစ်ပိုင် အနီးကပ် စောင့်ကြည့်
==========================

ဒေသတွင်း ဖြစ်လာနိုင်သော ပဋိပက္ခများအတွက် ဖိလစ်ပိုင်၏ အရေးပေါ် အစီအစဉ်များမှ တစ်စိတ်တစ်ပိုင်းအဖြစ် ထိုင်ဝမ်အား တရုတ် ကျူးကျော်မည့် ခြိမ်းခြောက်မှုကို အမေရိကန်၏ စစ်ရေးမဟာမိတ် ဖိလစ်ပိုင်အနေဖြင့် နေ့စဉ် စောင့်ကြည့်လျက် ရှိကြောင်း ကာကွယ်ရေးဦးစီးချုပ်ဖြစ်သူက ကြာသပတေးနေ့တွင် ပြောသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍15😁2
​​အိန္ဒိယတွင် မြေပြိုမှုကြောင့် လူ ၁၀ ဦး သေဆုံးပြီး ၁၀၀ ကျော် ပိတ်မိနေဖွယ်ရှိ
========================

အိန္ဒိယနိုင်ငံ အနောက်ပိုင်း မဟာရက်ရှ်ထရာ ပြည်နယ်ရှိ ကျေးရွာတစ်ခုတွင် မိုးအဆက်မပြတ်ရွာသွန်းပြီး မြေပြိုမှု ဖြစ်ပွား၍ ရွာသား ၁၀ ဦးထက်မနည်း သေဆုံးပြီး နောက်ထပ် လူ ၁၀၀ ကျော် ပိတ်မိနေဖွယ် ရှိကြောင်း တာဝန်ရှိသူများက ပြောသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢9👍2
၂၀၂၃ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား မြင်ကွင်းများ
====================

၂၀၂၃ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ ဇူလိုင် ၂၀ ရက်မှာ အော့ကလန်မြို့ရှိ Eden Park မှာ ကျင်းပပြုလုပ်စဉ်။ (ဓာတ်ပုံ - AFP/FIFAWWC/FIFA) ပြိုင်ပွဲအိမ်ရှင်အဖြစ် နယူးဇီလန်နဲ့ သြစတြေးလျတို့က ပူးတွဲကျင်းပခြင်းဖြစ်ပြီး ပြိုင်ပွဲဝင် ၃၂ သင်းဖြင့် ပထမဆုံးကျင်းပတဲ့ ပြိုင်ပွဲလည်းဖြစ်ပါတယ်။ ၂၀၂၃ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲကို ဇူလိုင် ၂၀ ရက်မှ သြဂုတ် ၂၀ ရက်အထိ ပြုလုပ်မှာဖြစ်ပါတယ်။
👍9👎1🔥1