Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
မြန်မာလူထုထံ လူသားချင်းစာနာထောက်ထားမှုအကူအညီများ အပြည့်အ၀ပေးနိုင်ရေး ကုလအလေးထားသင့်ပြီဟု BNI စာတမ်းတိုက်တွန်း
😢8👍5😁2
မြန်မာလူထုထံ လူသားချင်းစာနာထောက်ထားမှုအကူအညီများ အပြည့်အ၀ပေးနိုင်ရေး ကုလအလေးထားသင့်ပြီဟု BNI စာတမ်းတိုက်တွန်း
======================

ရောင်နီ
(မဇ္စျိမ)။ ။ကုလသမဂ္ဂအနေဖြင့် မြန်မာပြည်သူလူထုထံ လူသားချင်းစာနာထောက်ထားမှု အကူအညီများ အပြည့်အ၀ပေးနိုင်ရေး အလေးအနက်ထား ဆောင်ရွက်သင့်ပြီဖြစ်ကြောင်း Burma News International (BNI) က ယနေ့ထုတ်ဝေလိုက်သည့် စာတမ်းတွင် တိုက်တွန်းလိုက်သည်။

“ နိုင်ငံတကာအလှုရှင်အစိုးရများအတွက် ပုစ္ဆာ (သို့မဟုတ်) လူသားစာနာကူညီရေးအကျပ်အတည်းအား အဖြေရှာကြည့်ခြင်း” စာတမ်းကို Burma News International(BNI) က ယနေ့ ဇူလိုင်လ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် အွန်လိုင်းမှ မိတ်ဆက်ထုတ်‌ဝေလိုက်ခြင်းဖြစ်သည်။

ထိုစာတမ်းသည် BNI - Myanmar Peace Monitor က ၂၀၂၃ ခုနှစ်အတွက် ပထမဆုံး ထုတ်ဝေလိုက်သည့် စာတမ်းဖြစ်ပြီး မြန်မာနိုင်ငံအတွင်းရှိ အကူအညီလိုအပ်နေသည့် သန်းနှင့်ချီသော လူထုထံ နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ အမှန်တကယ်ရောက်ရှိနိုင်ရေး ချဥ်းကပ်အဖြေရှာထားသည်ဟု ရှင်းပြထားသည်။

မြန်မာနိုင်ငံအတွင်း လူသားစာနာအကူအညီများ၏ လွမ်းခြံနိုင်မှုအခြေအနေများနှင့် ပြည်သူလူထုထံ အမှန်တကယ်ရောက်ရှိနိုင်မည့် နည်းလမ်းများအပါအ၀င် သုံးသပ်အကြံပြုချက်များကို သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီး၏ ထုတ်ပြန်ချက်များနှင့် လူပုဂ္ဂိုလ်များကို မေးမြန်းပြီး သုတေသနပြုရေးသားထားသည်ဟု BNI က ဖော်ပြသည်။

၂၀၂၃ ခုနှစ် ဇူလိုင်လ (၁၀) ရက်နေ့အထိ ကုလသမဂ္ဂ၏ နောက်ဆုံးကိန်းဂဏန်းများအရ မြန်မာနိုင်ငံတစ်ဝန်း ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးရသူဦးရေ ၁ ဒသမ ၉ သန်းနီးပါးရှိလာပြီ ဖြစ်ပြီး ယင်းတို့အနက် လူဦးရေ ၁ ဒသမ ၆ သန်းခန့်သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းယူမှုအပြီး ဖြစ်ပေါ်လာသော ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာထွက်ပြေးကြရသူများဖြစ်ကြောင်းကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနိုင်းရေးရုံး UNOCHAက ယမန်နေ့ ဇူလိုင်လ ၁၉ရက်တွင် ထုတ်ပြန်ထားသည်။

တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် လူသားချင်းစာနာထောက်ထားမှုအကူအညီများတွင် အခက်အခဲနှင့် စိန်ခေါ်မှုမျိုးစုံ ကြုံတွေ့နေရသော်လည်း အကူအညီအလိုအပ်ဆုံးဒေသများမှာ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းဖြစ်ကြောင်း BNI စစ်တမ်းကဆိုသည်။

စစ်ဘေးရှောင်ပြည်သူများအား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးနိုင်မှုကို လေ့လာကြည့်လျှင် “ပြည်သူမှ ပြည်သူ” ထောက်ကူပံ့ပိုးနေမှုနှင့် နိုင်ငံတကာ အစိုးရများထံမှ ရရှိသည့် လူသားစာနာ အကူအညီများဟူ၍ နှစ်ပိုင်းတွေ့ရကြောင်း၊ နိုင်ငံတကာအစိုးရများထံမှရရှိသည့် လူသားစာနာအကူအညီများသည် အာဏာသိမ်းစစ်အုပ်စုနှင့် နားလည်မှုစာချွန်လွှာရေးထိုးပြီး ပူးပေါင်းဆောင်ရွက်နေခြင်းကြောင့် အမှန်တကယ်လိုအပ်နေသည့် ပြည်သူများထံ ရောက်ရှိနိုင်ရေးအကန့် အသတ် ရှိနေသည်ကို တွေ့ရကြောင်း BNI ၏ စာတမ်းက ဖော်ပြထားသည်။

“ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် ရင်ဆိုင်ကြုံတွေ့နေရတဲ့ မြန်မာပြည်သူတွေအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေရောက်ရှိဖို့ ဆောင်ရွက်ရာမှာ အာဏာသိမ်းစစ်အုပ်စုနဲ့ ပူးပေါင်းလုပ်ဆောင်တဲ့နည်းလမ်းက တကယ်လိုအပ်တဲ့ လူတွေဆီ ရောက်လားဆိုတာမေးမြန်းဖို့လိုအပ်နေပါပြီ” ဟု BNI၏မီဒီယာဖွံ့ဖြိုးရေးကော်မတီဥက္ကဌ ဦးစိုးမြင့်က စာတမ်းမိတ်ဆက်သည့် အခမ်းအနားတွင် အသိပေးပြောကြားသည်။

အာဏာသိမ်းစစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်ရာတွင် စစ်ကောင်စီတပ်က ချမှတ်ထားသည့် စည်းမျဥ်းများကို လိုက်နာရသည့်အပြင် ၄င်းတို့ ခွင့်ပြုသည့်နေရာများကိုသာ ထောက်ပံ့နေရခြင်းသည် အမှန်တကယ် အကူအညီလိုအပ်နေသည့် ပြည်သူလူထုအတွက် နစ်နာမှုရှိိ မရှိ ပြန်လည်ဆန်းစစ်ရန်လည်း BNI ၏ စာတမ်းတွင် တိုက်တွန်းထားသည်။

UNOCHA Myanmarကလည်း မြန်မာနိုင်ငံတွင် ပဋိပက္ခနှင့် သဘာဝဘေးအန္တရာယ်များကြောင့် လူသားချင်းစာနာမှုဆိုင်ရာလိုအပ်ချက်များစွာရှိနေပြီး ကျယ်ကျယ်ပြန့်ပြန့် ဝင်ရောက်အကူအညီပေးနိုင်ရန် အဟန့်အတားများ ရှိနေသည်ဟု ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းသည် နိုင်ငံတကာ အသိုင်းအဝိုင်းတစ်ခုလုံး၏ စိုးရိမ်အဆင့်ကို ရောက်ရှိနေပြီဖြစ်ပြီး သက်ဆိုင်ရာနိုင်ငံများ ပေါင်းစည်းကာ အားလုံးပါ၀င်သည့် လူသားချင်းစာနာကူညီမှုဖိုရမ်ကို အမြန်ဆုံး အကောင်အထည်ဖော်ရန်လိုအပ်ကြောင်းလည်း BNI က အကြံပြုတိုက်တွန်းထားသည်။ကုလသမဂ္ဂအနေဖြင့်မြန်မာပြည်သူလူထုအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီများ အပြည့်အ၀ ပေးနိုင်ရေးအတွက် လေယာဥ်မပျံသန်းရဇုန် (No-fly Zones)များ၊ လုံခြုံရေးအာမခံသောဧရိယာ(Safe Zone) သတ်မှတ်ခြင်းနှင့် လူသားချင်းစာနာထောက်မှုဆိုင်ရာ အပစ်အခတ်ရပ်စဲခြင်း (Humanitarian Ceasefire) ကြေညာခြင်းတို့ကို အလေးအနက်ဆောင်ရွက်သင့်ပြီဟု တိုက်တွန်းထားသည်။
👍21🔥4❤2
စစ်ကိုင်းတိုင်းအတွင်းက စစ်ရှောင်တွေ ဘာတွေကြုံနေရလဲ
======================

စစ်ကိုင်းတိုင်းအတွင်းက စစ်ရှောင်နေကြသူတွေ စားဝတ်နေရေးနဲ့ ကလေးတွေအတွက် ကျန်းမာရေးစောင့်ရှောင်မှု ပညာသင်ကြားခွင့်ရရှိရေးတို့အတွက် အခက်အခဲတွေနဲ့ရင်ဆိုင်နေရပြီး အကူအညီတွေ အမြန်ဆုံးလိုအပ်နေပါတယ်။

စစ်ကောင်စီတပ်က စစ်ကြောင်းထိုးတာ၊ လေကြောင်းကနေ ဒေသခံတွေကို ပစ်မှတ်ထား တိုက်ခိုက်တာတွေရှိတဲ့အတွက် စစ်ရှောင်နေကြသူတွေထပ်တိုးလာတယ်လို့ ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသူတွေကပြောပါတယ်။

မြန်မာနိုင်ငံတစ်ဝန်း လက်နက်ကိုင်ပဋိပက္ခတွေနဲ့ မလုံခြုံမှုတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးရသူ နှစ်သန်းနီးပါးရှိလာနေပြီလို့ လူသားချင်းစာနာမှုဆိုင်ရာ ပူးပေါင်းညှိနှိုင်းရေးရုံး (UNOCHA) ကလည်း ဇူလိုင်လ ၁၅ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

သတင်း ။ ။ လွှမ်းမိုး
ရုပ်သံတည်းဖြတ်။ ။ ဂျူချန်း
စာတည်း ။ ။ Alden၊ ဖူးသိမ်ကျ

https://youtu.be/ArOB-yoxM3U

#စစ်ကိုင်းတိုင်း
#စစ်ရှောင်
#ပညာရေး
#ကျန်းမာရေး
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍12❤4🔥1😁1
မန္တလေးတွင် ဓာတ်ခဲအားသွင်းစက် အပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွား
😢10👍2🔥2
မန္တလေးတွင် ဓာတ်ခဲအားသွင်းစက် အပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွား
========================

007
(မဇ္စျိမ)။ ။မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်တွင် ယနေ့ ဇူလိုင်လ ၂၀ ရက် နံနက်ပိုင်းက လျှပ်စစ်ပစ္စည်း ပြုပြင်ရေးဆိုင်အတွင်း ဓာတ်ခဲအားသွင်းထားရာမှ အပူလွန်ကဲပြီး ဝါယာရှော့ဖြစ်ကာ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

“အိမ်အပေါ်ထပ်မှာ ဓာတ်ခဲအားသွင်းစက်ထဲ အားသွင်းထားရာကနေ အပူလွန်ကဲပြီး ဝါယာရှော့ဖြစ်တယ်။ အဲဒီကနေ မီးစလောင်တာပါ။ ဘေးအိမ်တွေလည်းမီးကူးစက်ခဲ့တယ်”ဟု မီးငြှိမ်းသတ်ရာတွင် ပါ၀င်ခဲ့သူ တဦးကပြောသည်။

ဇူလိုင်လ ၂၀ ရက် နံနက် ၉ နာရီ ၃၀ မိနစ်ခန့်က မဟာအောင်မြေမြို့နယ် ၃၈ လမ်းနှင့် ၃၉ လမ်းကြား၊ ၇၁ လမ်းနှင့် ၇၂ လမ်းကြားရှိ လျှပ်စစ်ပစ္စည်းပြုပြင်ရေးဆိုင်ဖွင့်ထားသော နှစ်ထပ်အိမ်အပေါ်ထပ်မှ မီး စတင် လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။

မီးလောင်မှုကြောင့် အဆိုပါနေအိမ်အပါအ၀င် နေအိမ်ငါးလုံးမီးလောင်ဆုံးရှုံးခဲ့ကြောင်း၊ ဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်း ၂၂၀ ခန့်ဖြစ်ကြောင်း မီးသတ်ဦးစီးဌာနမှ သိရသည်။

အဆိုပါမီးလောင်မှုကို တိုင်းမီးသတ်ဦးစီးဌာနမှူးဦးဆောင်၍ အုပ်ချုပ်မှုယာဉ်သုံးစီး၊ မီးငြှိမ်းသတ်ယာဉ် ၁၀ စီး၊ ရေသယ်ယာဉ်ငါးစီးတို့ဖြင့် မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၁၀ နာရီခန့်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#မန္တလေးမြို့
#မဟာအောင်မြေမြို့နယ်
#ဝါယာရှော့
#မီးလောင်မှု

Photo Than Htay/ChanAye Rescue

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6😢4🔥2
​​နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၂၀ ဇူလိုင် ၂၀၂၃)
=========================

အမေရိကန် နှင့် အနောက်နိုင်ငံများ၏ စီးပွားရေးဆန်ရှင်ပိတ်ဆို့မှုကြောင့် ဒေါ်လာဝင်ငွေရလမ်း နည်းလာနေသည့်အတွက် စစ်ကောင်စီက ပြည်ပကနေ စက်သုံးဆီ လျှော့ချတင်သွင်းရန် စီးပွားရေး လုပ်ငန်းရှင်များကို ခေါ်ယူထားပြီး ဖိအားပေး အကျပ်ကိုင်ရန် လုပ်ဆောင်နိုင်ဖွယ် ရှိသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍12😁4🔥3
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၀ ရက်ထုတ်လွှင့်မှုများ
=========================

https://youtu.be/NFVjjG6hCJA

#PVTV
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6😁1🍌1
​​အိန္ဒိယသည် ၂၀၇၅ ခုနှစ်တွင် ကမ္ဘာ့ ဒုတိယစီးပွားရေးအင်အားအကြီးဆုံးနိုင်ငံ ဖြစ်လာနိုင်
======================

အိန္ဒိယနိုင်ငံ၏ ပြည်တွင်းအသားတင်ထုတ်ကုန်တန်ဖိုး(ဂျီဒီပီ) သိသိသာသာ မြင့်တက်လာနိုင်ပြီး ၂၀၇၅ ခုနှစ်တွင် ကမ္ဘာ့ဒုတိယ စီးပွားရေးအင်အားအကြီးဆုံးနိုင်ငံ ဖြစ်လာနိုင်ကြောင်း Goldman Sachs သုတေသနအဖွဲ့က ပြုလုပ်သည့် မကြာသေးမီက လေ့လာမှုတစ်ခုတွင် ခန့်မှန်းထားသည်။ လူဦးရေ ၁ ဒသမ ၄ ဘီလီယံရှိသည့် အိန္ဒိယနိုင်ငံ၏ စီးပွားရေးသည် အမေရိကန်ကို ကျော်တက်ကာ တရုတ်နောက်မှ ကပ်လိုက်ပြီး ဒေါ်လာ ၅၂ ဒဿမ ၅ ထရီလီယံထိ ရောက်ရှိမည်ဟု ခန့်မှန်းထားသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9😁4🔥2👏1
​​ဟယ်ရီ မက်ဂွိုင်းယား – အသင်းခေါင်းဆောင်ဟောင်းအတွက် 'အကောင်းဆုံးအရာ'က မန်ယူနိုက်တက်ကနေ ထွက်ခွာဖို့ပါပဲလို့ ဝိန်းရူးနီ ပြော
======================

အသင်းခေါင်းဆောင်အဖြစ်ကနေ ဖယ်ရှားခံရပြီးနောက် ဟယ်ရီ မက်ဂွိုင်းယားအတွက် မန်ချက်စတာယူနိုက်တက်ကနေ ထွက်ခွာသွားတာက "အကောင်းဆုံးအရာ"ဖြစ်တယ်လို့ ယူနိုက်တက် တိုက်စစ်မှူးဟောင်း ဝိန်းရွန်နီက ပြောပါတယ်။

အသက် ၃၀ အရွယ် မက်ဂွိုင်းယားဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ် ၈ ပွဲသာ ပွဲထွက်ကစားပြီးနောက် ယူနိုက်တက်အသင်းခေါင်းဆောင်အဖြစ်ကနေ အလဲခံခဲ့ရတာပါ။

ပေါင်သန်း ၈၀ နဲ့ ခေါ်ယူထားတဲ့ စာချုပ်ဟာ ၂၀၂၅ အထိ သက်တမ်းအောက်မှာရှိနေပေမယ့် နွေရာသီအပြောင်းအရွှေ့မှာ ဝက်စ်ဟမ်းအသင်းက အင်္ဂလန်နောက်ခံလူကို စိတ်ဝင်စားနေပါတယ်။

"ခင်ဗျားလက်ပတ် အချွတ်ခံရတယ်ဆိုရင် သူအနေနဲ့ ကလပ်နဲ့ ဘယ်လိုရှေ့ဆက်မလဲ။

“မန်နေဂျာက သူ့ကို တကယ်မယုံကြည်ဘူးဆိုတာ အဲဒါက ပြသနေတာပါပဲ။ ဒါက သူ ရှေ့ဆက်ဘာလုပ်မလဲဆိုတာကို စဉ်းစားရမယ့် အနေအထားတစ်ခုမှာ ဟယ်ရီကို ထားတယ်။ သူဟာ အစီအစဉ်တွေရဲ့ အစိတ်အပိုင်းမှာ မပါဝင်ကြောင်း မန်နေဂျာက ပြသခဲ့ပါတယ်။
"ဟယ်ရီဟာ သူ့ကိုယ်သူအတွက်ရော အင်္ဂလန်ကစားသမားဘဝအတွက်ပါ သူ တတ်နိုင်သလောက် အောင်မြင်အောင် အကောင်းဆုံးအနေအထားမှာ ထားနိုင်ဖို့ သွားပြီး ကစားချင်လိမ့်မယ်လို့ ကျနော် သေချာပါတယ်။"

ယူနိုက်တက် မန်နေဂျာ အဲရစ် တန်ဟက်ဂ်ဟာ သူ့ရဲ့ အသင်းခေါင်းဆောင်သစ်ကို အတည်မပြုရသေးပေမယ့်လည်း ယူနိုက်တက်ရဲ့ ထာဝရဂိုးသွင်းရှင် ရွန်းနီက တစ်စုံတစ်ဦးထံကနေ ပိုပြီးရယူဖို့ အခွင့်အရေးတစ်ခုအဖြစ် ရှုမြင်ပါတယ်။

လက်ရှိ ဒီစီယူနိုက်တက် နည်းပြက စပိန်ဂိုးသမား ဒီဂီယာဟာ အခုနွေရာသီမှာ အသင်းကနေ ထွက်ခွာဖို့ "အချိန်တန်ပြီ"လို့ ပြောပါတယ်။

အသက် ၃၂ နှစ်အရွယ် ကစားသမားဟာ ယူနိုက်တက်နဲ့ အတူ ၁၂ နှစ်ကြာအပြီး သူ့ရဲ့ စာချုပ်သက်တမ်းကုန်ဆုံးချိန်မှာတော့ အိုးထရက်ဖို့ဒ်ကနေ နှုတ်ဆက်ပွဲတောင် မလုပ်ပေးဘဲ ထွက်ခွာမှာဖြစ်ပါတယ်။
👍18❤1🔥1
ဇူလိုင်လ (၂၁)ရက်၊ သောကြာနေ့ မနက်ပိုင်း မဇ္ဈိမ ရေဒီယို အစီအစဉ်
======================

ဒီကနေ့ မနက်နားဆင်ရမယ့် သတင်းတွေကတော့  ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့နဲ့ မကွေးတိုင်းဆောမြို့အကြားက ရွာတွေကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ကုန်းကြောင်းကနေ ထိုးစစ်ဆင်တိုက်ခိုက်တဲ့အတွက် အရပ်သား နှစ်ထောင်လောက် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ သတင်းနဲ့အတူ ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်၊ မိုးဗြဲနဲ့ ကယားပြည်နယ် လွိုင်ကော်မြို့ကို ဆက်သွယ်ထားတဲ့ လမ်းပိုင်းတွေမှာ ဇူလိုင်လ ၁၈ ရက်နေ့ကနေ ၂၈ ရက်အတွင်း ကုန်တင်ကားတွေ သွားလာတာမလုပ်ဖို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားတဲ့သတင်း အပါအဝင် တခြား စိတ်ဝင်စားဖွယ် ပြည်တွင်းသတင်းတွေနဲ့ နောက်ဆုံးရ နိုင်ငံတကာသတင်းတွေကို နားဆင်ကြရမှာပါ။

အဲ့ဒီနောက်မှာတော့ စီးပွားရေးသတင်းတွေနဲ့ ဒီကနေ့အတွက် သတင်းသုံးသပ်ချက်အစီအစဉ်ကို နားဆင်ရဖို့ရှိသလို ကျန်းမာရေးအကြောင်း  ပြောပြထားတဲ့ ကျန်းမာသုတ လူမှုဘဝ အစီအစဉ်ကို နားဆင်ရမှာဖြစ်ပါတယ်။ 

https://youtu.be/WT6VPXpON-U
 
#Mizzimaradio
#Morningradio
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍9😁2
​​Whispering Corridors 5: A Blood Pledge
================

အလယ်တန်းကျောင်းသူလေး ဂျောင်အွန်းက ကျောင်းဆင်းရင် သူ့အစ်မနဲ့ အတူတူပြန်မယ်ဆိုပြီး ကျောင်းရှေ့မှာစောင့်နေခဲ့တယ်..
အစ်မဆီ ဖုန်းဆက်တော့ ခွဲရတော့မလိုစကားတွေ ကြားတဲ့အခါ စိတ်ထဲထိတ်နေတဲ့အချိန် ကျောင်းအပေါ်ထပ်ကနေ တစ်ခုခု ဘုံးခနဲ ပြုတ်ကျလာတဲ့အခါ ခုနလေးတင် ဖုန်းပြောထားတဲ့ သူ့အစ်မဖြစ်နေခဲ့တယ်..

ဒီလိုနဲ့ နေလာကြရင်း အစ်မဖြစ်သူသေဆုံးမှုကို စုံစမ်းရင်းနဲ့ အစ်မရဲ့ သူငယ်ချင်း ၃ယောက်က သိပ်ပြီးမူမမှန်တာကို သတိထားမိရာကနေ ဒီကိစ္စကြီးရဲ့ အကြောင်းအရင်းကို အစဆွဲထုတ်မိရာက သူငယ််ချင်းတွေကြားကထင်မထားတဲ့ အကြောင်းအရာတွေ၊ စာတော်တဲ့ကျောင်းသူလေးရဲ့ Dark side တွေ၊ ဆယ်ကျော်သက်တွေရဲ့ တဇွတ်ထိုးယုံကြည်မှုတွေ၊ ချစ်မြတ်နိုးမှု အပြစ်ကင်းစင်မှုတွေ ပေါ်ပေါက်လာပုံကို အထိတ်တလန့်နဲ့ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်...
ဒီဇာတ်ကားလေးကို Mizzima + Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။

Mizzima+ Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့ Mizzima TV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင်

App ဒေါင်းလော့လုပ်ရန် - http://onelink.to/jnuwak

#New ပြသမည့်ရက်။ ။ ၂၁.၇.၂၀၂၃
ပြသမည့် အချိန် ။ ။ မနက် (၁၀:၀၀)နာရီ
ပြန်လည်ပြသမည့်အချိန်။ ။ ည (၁၀:၃၀) နာရီ

(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U”
👍7😁2🔥1
​​21.7.2023 (Friday) တွင် ထုတ်လွှင့်တင်ဆက်ပြသမည့် အစီအစဉ်
====================

Highlight

Korea Movie - A Blood Pledge: Whispering corridors 5

(မနက်- ၁၀ နာရီ)
ပန်ချရက် ( ညနေ- ၆ နာရီ)
ကြယ်ပွင့်လေးရဲ့ သက်သေ (ညနေ - ၇ နာရီ)

Mizzima+ channel တွင် ပြသနေ့သည့် အချိန်မှာပဲ Mizzima App တွင်လည်း Live Stream တိုက်ရိုက်ကြည့်ရှုနိုင်ပါသည်။

#mizzimatv
#dailyschedule
👍9😁2