စစ်ကောင်စီ ရဲချုပ် ဗိုလ်ချုပ်ဇင်မင်းထက် ရာထူးက ဖယ်ရှားခံရ
=============•========
001
(မဇ္စျိမ) ။ ။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဗိုလ်ချုပ်ဇင်မင်းထက်၏ နေရာတွင် ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်ကို ခန့်အပ်လိုက်ကြောင်း စစ်ကောင်စီ ဝါဒဖြန့် မြဝတီရုပ်သံက ယနေ့ (ဇူလိုင်လ ၂၁ ရက်နေ့) ညက ထုတ်လွှင့်သည်။
ဒုတိယ ဗိုလ်ချုပ်ကြီး နီလင်းအောင်အား ရဲချုပ်တာဝန်နှင့် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ပူးတွဲတာဝန်ပေးလိုက်ခြင်းဖြစ်သည်။
ရဲချုပ် ဗိုလ်ချုပ်ဇင်မင်းထက်မှာ တစ်နှစ်ကျော်သာ ရာထူးမြဲခဲ့သည်။
၂၀၂၂ ခုနှစ် မေလအတွင်းက ဒုတိယဗိုလ်ချုပ်ကြီး သန်းလှိုင်ကိုဖယ်ရှားပြီးနောက် သူ့ကို ခန့်အပ်ခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီအတွင်း အခြားသော ရာထူးအပြောင်းအလဲများလည်းရှိခဲ့ပြီး အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်းအား နစစ်ကောင်စီဉက္ကဌရုံး ဒုတိယဝန်ကြီး အဖြစ် ပြောင်းရွှေ့လိုက်ကာ ၎င်းနေရာတွင် ဦးဇင်မင်းထက်ကို ခန့်အပ်သည်။
ကချင်ပြည်နယ် မြစ်ကြီးနားရှိ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနေရာကိုလည်း အပြောင်းအလဲလုပ်ခဲ့သည်ဟု မဇ္ဈိမက စုံစမ်းသိရှိရသည်။ တိုင်းမှူး ဗိုလ်ချုပ်ကိုကိုမောင်မှာ နေပြည်တော်သို့ ခေါ်ယူစစ်ဆေးခံနေရပြီးနောက် တိုင်းမှူးသစ်ပြောင်းခြင်းထွက်ပေါ်လာခြင်းဖြစ်သည်။
ဓာတ်ပုံ- ရာထူးရှိစဉ်ကာလက ဒုရဲအုပ်သင်တန်းဆင်းပွဲတစ်ခုကို စစ်ဆေးနေသော ရဲချုပ်ဇင်မင်းထက်

😁22👍5🔥1🤮1
ယူကေနိုင်ငံ၏ ပထမဆုံး ဟိုက်ဒရိုဂျင်စွမ်းအင်သုံးလေကြောင်းလိုင်းအား အကောင်အထည်ဖော်သွားမည့်ကုမ္ပဏီ
==================
#MizzimaTV
#hightech&gadget
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍11🔥1
အတားအဆီးများကို ကျော်ဖြတ်ပြီး ပန်းတိုင်ဆီ အရောက်လှမ်းနိုင်သည့် အလိုအလျောက်စက်ရုပ်
=======================
#MizzimaTV
#hightech&gadget
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
=======================
#MizzimaTV
#hightech&gadget
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍4🔥1
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၁ ရက်ထုတ်လွှင့်မှုများ
=========================
https://youtu.be/UjIUtAQO8II
=========================
https://youtu.be/UjIUtAQO8II
YouTube
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၁ ရက်ထုတ်လွှင့်မှုများ
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၁ ရက်ထုတ်လွှင့်မှုများ
#PVTV
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို…

👍16🤮1🍌1
ဇူလိုင်လ (၂၂) ရက်၊ စနေနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
======================
ဒီကနေ့မနက် နားဆင်ရမယ့် အစီစဉ်တွေကတော့ ...
စစ်ကောင်စီထံ ခံဝန်လက်မှတ်ထိုးထားတဲ့ ငပုတော NLD လွှတ်တော်ကိုယ်စားလှယ်ဟာ ရဲစခန်းမှာ သွားရောက်အဖမ်းခံတဲ့သတင်းနဲ့အတူ
ကရင်နီစစ်ရှောင်အချို့ ရာသီတုပ်ကွေး၊ ငှက်ဖျားရောဂါ နဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါတွေဖြစ်ပွားနေတဲ့အကြောင်း သတင်းလွှာအပါအဝင်
နောက်ဆုံးရ ပြည်တွင်းသတင်းတွေနဲ့ နိုင်ငံတကာသတင်းတွေကို နားဆင်ကြရပါမယ်။
အဲဒီနောက်မှာတော့ နောက်ဆုံးရ စီးပွားရေးသတင်းတွေကို နားဆင်ကြရမှာပါ။
သတင်းတွေအပြီးမှာတော့ အပတ်စဉ်ကဏ္ဏတစ်ခုဖြစ်တဲ့ Insight Myanmar အစီအစဉ်ကိုနားဆင်ကြရမှာဖြစ်ပါတယ်။
https://youtu.be/ghqGkRMQJ_U
#Morningradio
#mizzimaradio
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U

ကရင်နီစစ်ရှောင်အချို့ ရာသီတုပ်ကွေး၊ ငှက်ဖျားရောဂါ နဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါတွေဖြစ်ပွားနေတဲ့အကြောင်း…

👍10🔥2😁2
This media is not supported in your browser
VIEW IN TELEGRAM
၂၀၂၃ ဇူလိုင် ၂၁ နွေဦးတော်လှန်ရေးနေ့စဉ်မှတ်စုမှ တော်လှန်ရေးလှုပ်ရှားမှုသတင်းများ
#springrevolution #springdiary #myanmarnews #mizzimadailynews #mizzma #newstodayofficial

👍10🔥2😁1
The Girl On A Bulldozer (2022)
===============
မတရားတာတွေ့ရင် ခြေပါလက်ပါ ဖြေရှင်းတတ်တဲ့ မဟုတ်မခံ ဆတ်ဆတ်ကြဲမလေး "ဂူဟယ်ယောင်း".... မိသားစုဝင်ဆိုလို စားသောက်ဆိုင် ဖွင့်ထားတဲ့ အဖေရယ်... မူလတန်းကျောင်း တက်နေတဲ့ မောင်လေးရယ်ပဲ ရှိပေမဲ့ သူ(မ)ဟာ အဖေ့ကို အမြင်မကြည်တဲ့ သမီးဆိုးလေးဆိုလည်း မမှားပါဘူး။
ဒီလိုနဲ့ တစ်ရက်မှာ သူ(မ)ရဲ့အဖေ "ဂူဘွန်ဂျင်း" ခိုးရာပါကားနဲ့ လူနှစ်ယောက်ကို ဝင်တိုက်မိရာကနေ ကိုယ်တိုင်လည်း ဆေးရုံပေါ်မှာ လဲသွားခဲ့တာကြောင့် နောက်ဆက်တွဲ ပြဿနာတွေကို သမီးကြီးဖြစ်တဲ့ "ဟယ်ယောင်း" ဖြေရှင်းဖို ဖြစ်လာခဲ့ပါတယ်။
ယာဉ်တိုက်မှုအတွက် လိုက်စုံစမ်းရင်း သူ(မ) တဖြည်းဖြည်း သိလာခဲ့တာက "ဥက္ကဌချွဲ"ဆိုတဲ့ ဩဇာအင်အားကြီးသူ တစ်ယောက်နဲ့ ဖခင်ဖြစ်သူတိုကြားမှာ မြေငှားစာချုပ်တစ်ခု ရှိနေခဲ့ပြီး၊ သူ(မ)တို စားသောက်ဆိုင်လေး မတရားသဖြင့် လုယူခံရတော့မယ် ဆိုတာကိုပါပဲ။
မတရားမှုဆိုရင် ကြက်ခေါင်းဆိတ်မခံတဲ့ သတ္တိခဲမလေး ဟယ်ယောင်းတစ်ယောက် အဖေ့အတွက် ပြီးတော့ စားသောက်ဆိုင်လေးအတွက် သူ(မ)ထက် အင်အားကြီးသူတွေကို ဘယ်လိုရင်ဆိုင်ပြီး တရားမျှတမှု ရှာဖွေမလဲ ဆိုတာကိုတော့ ပရိသတ်ကြီးကပဲ ဆက်လက်ရှုစားပေးပါဦး။
ဒီဇာတ်ကားလေးကို Mizzima + Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။
Mizzima+ Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့ Mizzima TV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင်
App ဒေါင်းလော့လုပ်ရန် - http://onelink.to/jnuwak
#New ပြသမည့်ရက်။ ။ ၂၂.၇.၂၀၂၃
ပြသမည့် အချိန် ။ ။ မနက် (၁၀:၀၀)နာရီ
ပြန်လည်ပြသမည့်အချိန်။ ။ ည (၁၀:၃၀) နာရီ
(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U”

👍12🔥2❤1
This media is not supported in your browser
VIEW IN TELEGRAM
၂၀၂၃ ဇူလိုင် ၂၁ - နွေဦးတော်လှန်ရေးနေ့စဉ်မှတ်စုမှ အမျိုးသားညီညွတ်ရေးအစိုးရသတင်းများ
#springrevolution #springdiary #myanmarnews #mizzimadailynews #mizzma #newstodayofficial
#springrevolution #springdiary #myanmarnews #mizzimadailynews #mizzma #newstodayofficial
❤11👍5🔥1😁1
My india အစီအစဉ်
===================
ဒီတစ်ပတ်ရဲ့ My india အစီအစဉ်မှာ
-ဘောလိဝုဒ်နာမည်ကျော်များ အဆိုတော်များနဲ့ ဟာသပညာရှင်များက ရုပ်ရှင်မြို့တော်မွမ်ဘိုင်းမှာ အမျိုးသမီးနဲ့ကလေးငယ်များရဲ့ အခွင့်အရေးနဲ့ စွမ်းပကားကိုမြှင့်တင်ပေးဖို့ ရည်စူးကာကျင်းပတဲ့ လူမှုရေးပွဲတစ်ခုရဲ့ စင်မြင့်ထက်မှာ လျှောက်လှမ်းခဲ့ကြ
-အိန္ဒိယအနောက်ပိုင်း ရာဂျ်ကော့ထ်မြို့က အမျိူးသမီးများက အပြည်ပြည်ဆိုင်ရာ မိခင်များနေ့ကို ‘walkathon’ခေါ် လမ်းလျှောက်မာရသွန်ပြိုင်ပွဲမှာ ဆာရီများဝတ်ဆင်ကာ ထူးခြားတဲ့ပုံစံဖြင့် ဝင်ရောက်ယှဉ်ပြိုင်ရင်းဆင်နွှဲခဲ့ကြ
-အိန္ဒိယသရုပ်ဆောင် Vicky Kaushalနဲ့ Sara Ali Khan တို့က မကြာခင်ထွက်ရှိလာတော့မယ့် ဟာသဒရာမာရုပ်ရှင် ‘Zara Hatke’ရဲ့ နမူနာပြပွဲကို အိန္ဒိယအနောက်ပိုင်း မွမ်ဘိုင်းမြို့မှာကျင်းပခဲ့
-ဂျမ်းမူနဲ့ ကတ်ရှ်မီးယားရဲ့ ရာဂျိုရီခရိုင်အတွင်းက Mian Yakoob Sahib ရဲ့ ဗိမာန်ကို ထောင်ပေါင်းများစွာသော ဘုရားဖူးများလာရောက်ကျတဲ့ မြင်ကွင်း
-ကမ္ဘာ့နိုင်ငံအသီးသီးက ဖွံ့ဖြိုးတိုးတက်မှုသတင်းတွေနဲ့ အခြားသတင်းတွေပါဝင်တဲ့ World In Focus အစီအစဉ်နဲ့တကွ
အခြားစိတ်ဝင်စားစရာ အစီအစဉ်ကောင်းများကို တင်ဆက်ပေးမှာပဲဖြစ်ပါတယ်။
https://youtu.be/cf8vygxK4yE
#myindia
#mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
===================
ဒီတစ်ပတ်ရဲ့ My india အစီအစဉ်မှာ
-ဘောလိဝုဒ်နာမည်ကျော်များ အဆိုတော်များနဲ့ ဟာသပညာရှင်များက ရုပ်ရှင်မြို့တော်မွမ်ဘိုင်းမှာ အမျိုးသမီးနဲ့ကလေးငယ်များရဲ့ အခွင့်အရေးနဲ့ စွမ်းပကားကိုမြှင့်တင်ပေးဖို့ ရည်စူးကာကျင်းပတဲ့ လူမှုရေးပွဲတစ်ခုရဲ့ စင်မြင့်ထက်မှာ လျှောက်လှမ်းခဲ့ကြ
-အိန္ဒိယအနောက်ပိုင်း ရာဂျ်ကော့ထ်မြို့က အမျိူးသမီးများက အပြည်ပြည်ဆိုင်ရာ မိခင်များနေ့ကို ‘walkathon’ခေါ် လမ်းလျှောက်မာရသွန်ပြိုင်ပွဲမှာ ဆာရီများဝတ်ဆင်ကာ ထူးခြားတဲ့ပုံစံဖြင့် ဝင်ရောက်ယှဉ်ပြိုင်ရင်းဆင်နွှဲခဲ့ကြ
-အိန္ဒိယသရုပ်ဆောင် Vicky Kaushalနဲ့ Sara Ali Khan တို့က မကြာခင်ထွက်ရှိလာတော့မယ့် ဟာသဒရာမာရုပ်ရှင် ‘Zara Hatke’ရဲ့ နမူနာပြပွဲကို အိန္ဒိယအနောက်ပိုင်း မွမ်ဘိုင်းမြို့မှာကျင်းပခဲ့
-ဂျမ်းမူနဲ့ ကတ်ရှ်မီးယားရဲ့ ရာဂျိုရီခရိုင်အတွင်းက Mian Yakoob Sahib ရဲ့ ဗိမာန်ကို ထောင်ပေါင်းများစွာသော ဘုရားဖူးများလာရောက်ကျတဲ့ မြင်ကွင်း
-ကမ္ဘာ့နိုင်ငံအသီးသီးက ဖွံ့ဖြိုးတိုးတက်မှုသတင်းတွေနဲ့ အခြားသတင်းတွေပါဝင်တဲ့ World In Focus အစီအစဉ်နဲ့တကွ
အခြားစိတ်ဝင်စားစရာ အစီအစဉ်ကောင်းများကို တင်ဆက်ပေးမှာပဲဖြစ်ပါတယ်။
https://youtu.be/cf8vygxK4yE
#myindia
#mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
YouTube
ဒီတစ်ပတ်ရဲ့My india အစီအစဉ်မှာ
ဒီတစ်ပတ်ရဲ့My india အစီအစဉ်မှာ
-ဘောလိဝုဒ်နာမည်ကျော်များ အဆိုတော်များနဲ့ ဟာသပညာရှင်များက ရုပ်ရှင်မြို့တော်မွမ်ဘိုင်းမှာ အမျိုးသမီးနဲ့ကလေးငယ်များရဲ့ အခွင့်အရေးနဲ့ စွမ်းပကားကိုမြှင့်တင်ပေးဖို့ ရည်စူးကာကျင်းပတဲ့ လူမှုရေးပွဲတစ်ခုရဲ့ စင်မြင့်ထက်မှာ လျှောက်လှမ်းခဲ့ကြ…

👍4😁1👌1
22.7.2023 (Saturday) တွင် ထုတ်လွှင့်တင်ဆက်ပြသမည့် အစီအစဉ်
======================
Highlight
Cele City (ညနေ- ၄နာရီခွဲ)
Jimmy Fallen Show ( ညနေ- ၆ နာရီ)
Korea Movie - The Girl on a Bulldozer ( ည - ၁၀ နာရီခွဲ)
Mizzima+ channel တွင် ပြသနေ့သည့် အချိန်မှာပဲ Mizzima App တွင်လည်း Live Stream တိုက်ရိုက်ကြည့်ရှုနိုင်ပါသည်။
#mizzimatv
#dailyschedule

😁1
ဖျူထိုင်းပါတီမှ ဝန်ကြီးချုပ် ဖြစ်လာရေး ရှေ့သို့ချီပါတီက ကျောထောက်နောက်ခံ ပြုမည်
=========================
ထိုင်းနိုင်ငံ မကြာသေးခင်က ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သော ပြုပြင်ပြောင်းလဲရေး ရှေ့သို့ချီပါတီမှ အကြီးအကဲဖြစ်သူကို စစ်တပ်နှင့် တော်ဝင်သစ္စာခံများက ဝန်ကြီးချုပ် မဖြစ်အောင် ပိတ်ဆို့လိုက်သည့်နောက်တွင် ရှေ့သို့ချီပါတီသည် ပြိုင်ဖက် ဖျူထိုင်းပါတီမှ ကိုယ်စားလှယ်လောင်းကို ဝန်ကြီးချုပ်ဖြစ်လာရေးအတွက် ကျောထောက်နောက်ခံပြုသွားမည်ဖြစ်ကြောင်း သောကြာနေ့က ပြောသည်။
ပါတီ၏ ဦးစားပေးသည် ဝန်ကြီးချုပ်နေရာ ရယူနိုင်ရေးမဟုတ်ဘဲ အရပ်သားအစိုးရ ပြန်တက်ရေးအတွက် ဖြစ်ကြောင်း စစ်တပ်နောက်ခံသည့် အုပ်ချုပ်ရေး ဆယ်နှစ်တာကို လှုပ်ယမ်းစေခဲ့သော လူငယ်နှင့် မြို့နေများ၏ ထောက်ခံမှု အပြည့်အဝဖြင့် ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် ရှေ့သို့ချီပါတီက ဆိုသည်။
ပါတီ၏ ခေါင်းဆောင် ဖိထာ လင်ဂျာရွန်ရတ်သည် ပြီးခဲ့သည့် သီတင်းပတ်က ဝန်ကြီးချုပ်နေရာ မဲပေးမှု၌ အရေးနိမ့်ခဲ့ပြီးနောက် မေလ ရွေးကောက်ပွဲ၌ ဒုတိယအနိုင်ရသည့် ညွန့်ပေါင်းမိတ်ဖက် ဖျူထိုင်းပါတီမှ ကိုယ်စားလှယ်လောင်းကို လက်ရှိတွင် ထောက်ခံသွားမည်ဖြစ်ကြောင်း ပါတီက ဆိုသည်။
“အရေးကြီးဆုံးက ဖိထာ ဝန်ကြီးချုပ် ဖြစ်လာဖို့အတွက် မဟုတ်ဘူး၊ ဒါပေမဲ့ တကယ့်အရေးက ထိုင်းနိုင်ငံ ဒီမိုကရေစီနိုင်ငံ ပြန်ဖြစ်လာရေးပဲ”ဟု ရှေ့သို့ချီပါတီမှ အတွင်းရေးမှူးချုပ် ချိုင်တာဝတ် တူလာသွန်က ပြောသည်။
“ညွန့်ပေါင်း ရှစ်ပါတီမှာ ဖျူထိုင်းပါတီက အဓိက ပါတီဖြစ်လာဖို့ ရှေ့သို့ချီပါတီအနေနဲ့ လမ်းဖွင့်ပေးမှာ ဖြစ်တယ်”ဟု ချိုင်တာဝတ်က ပြောသည်။
“လာမယ့် လွှတ်တော်အစည်းအဝေးမှာ ဖျူထိုင်းပါတီက ဝန်ကြီးချုပ် ကိုယ်စားလှယ်လောင်းကို ရှေ့သို့ချီပါတီက မဲပေးသွားမယ်၊ ဖျူထိုင်းပါတီတုန်းက ရှေ့သို့ချီက ကိုယ်စားလှယ်လောင်းကို မဲပေးခဲ့တဲ့အတိုင်းပဲ”ဟု ၎င်းက ဆိုသည်။
ရှင်နာဝတ်ထရာ နိုင်ငံရေးမိသားစု၏ ဩဇာရိပ်အောက် ရှိနေသည်ဟု ရှုမြင်ရသည့် ဖျူထိုင်းပါတီသည် လွှတ်တော်မဲပေးမှု မတိုင်ခင် ဗုဒ္ဓဟူးနေ့၌ ဝန်ကြီးချုပ်အတွက် ကိုယ်စားလှယ်လောင်းကို နာမည်စာရင်း တင်သွင်းမည်ဖြစ်သည်။
၂၀၀၆ နှင့် ၂၀၁၄ တွင် စစ်အာဏာသိမ်းမှုဖြင့် ဖြုတ်ချခံရသော ဝန်ကြီးချုပ်နှစ်ဦးမှာ ဖျူထိုင်းပါတီမှ အဖွဲ့ဝင်များပဲ ဖြစ်ကြသည်။

👍22🔥2😁1
“ အညာဒေသမှာ နိုင်ငံတကာက လူသားချင်းစာနာမှုအကူအညီတွေ ထောက်ပံံ့တာတွေဟာ မရှိသလောက်ကိုနည်းနေသေးတယ် "
==================
မန္တလေးမြို့သပိတ်ခေါင်းဆောင် ဒေါက်တာတေဇာစန်း
(မဇ္ဈိမ) ။ ။ အညာဒေသမှာ နိုင်ငံတကာက လူသားချင်းစာနာမှုအကူအညီတွေ ထောက်ပံံ့တာတွေဟာ မရှိသလောက်ကိုနည်းနေသေးတယ် လို့ မန္တလေးမြို့သပိတ်ခေါင်းဆောင် ဒေါက်တာတေဇာစန်းက မဇ္ဈိမရဲ့ Weekly Interview မှာပြောပါတယ်။
ဒီတပတ် Weekly Interview အစီအစဉ်မှာတော့ အညာဒေသမှာ လက်ရှိနိုင်ငံရေးနဲ့ စစ်ရေး အခြေအနေတွေကို မြေပြင်မှာရောက်ရှိနေတဲ့ မန္တလေးမြို့သပိတ်ခေါင်းဆောင် ဒေါက်တာတေဇာစန်းဆက်သွယ်မေးမြန်းထားပါတယ်။
https://youtu.be/3sV_2fUTRNg
မေးမြန်း၊ တင်ဆက်၊ တည်းဖြတ် - မောင်ခက်နွေ
#WeeklyInterview
#MizzimaTV
https://youtu.be/3sV_2fUTRNg
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
==================
မန္တလေးမြို့သပိတ်ခေါင်းဆောင် ဒေါက်တာတေဇာစန်း
(မဇ္ဈိမ) ။ ။ အညာဒေသမှာ နိုင်ငံတကာက လူသားချင်းစာနာမှုအကူအညီတွေ ထောက်ပံံ့တာတွေဟာ မရှိသလောက်ကိုနည်းနေသေးတယ် လို့ မန္တလေးမြို့သပိတ်ခေါင်းဆောင် ဒေါက်တာတေဇာစန်းက မဇ္ဈိမရဲ့ Weekly Interview မှာပြောပါတယ်။
ဒီတပတ် Weekly Interview အစီအစဉ်မှာတော့ အညာဒေသမှာ လက်ရှိနိုင်ငံရေးနဲ့ စစ်ရေး အခြေအနေတွေကို မြေပြင်မှာရောက်ရှိနေတဲ့ မန္တလေးမြို့သပိတ်ခေါင်းဆောင် ဒေါက်တာတေဇာစန်းဆက်သွယ်မေးမြန်းထားပါတယ်။
https://youtu.be/3sV_2fUTRNg
မေးမြန်း၊ တင်ဆက်၊ တည်းဖြတ် - မောင်ခက်နွေ
#WeeklyInterview
#MizzimaTV
https://youtu.be/3sV_2fUTRNg
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
YouTube
“ အညာဒေသမှာ နိုင်ငံတကာက လူသားချင်းစာနာမှုအကူအညီတွေ ထောက်ပံံ့တာတွေဟာ မရှိသလောက်ကိုနည်းနေသေးတယ် "
မဇ္ဈိမ။ ။ အညာဒေသမှာ နိုင်ငံတကာက လူသားချင်းစာနာမှုအကူအညီတွေ ထောက်ပံံ့တာတွေဟာ မရှိသလောက်ကိုနည်းနေသေးတယ် လို့ မန္တလေးမြို့သပိတ်ခေါင်းဆောင် ဒေါက်တာတေဇာစန်းက မဇ္ဈိမရဲ့ Weekly Interview မှာပြောပါတယ်။
ဒီတပတ် Weekly Interview အစီအစဉ်မှာတော့ အညာဒေသမှာ လက်ရှိနိုင်ငံရေးနဲ့…

👍22😁2
Manipur sexual abuse video sparks India street protests
===================
https://youtu.be/Xg5HyMFJrdk

Members of the All-India Students Association (AISA) participate in a protest in New Delhi, demanding action against sexual assault on women after a clip went viral showing two women said to be from the Kuki tribal group walking naked along a street, being…
🔥2
ကျောက်ထု - ဆောလမ်းပိုင်း ၄ ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၃ ဦးသေဆုံး
👍19😁4❤1
ကျောက်ထု - ဆောလမ်းပိုင်း ၄ ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၃ ဦးသေဆုံး
=======================
ကိုခင်မောင်
(မဇ္စျိမ)။ ။ မကွေးတိုင်း၊ ဆောမြို့နယ်၊ ကျောက်ထု - ဆောလမ်းအတိုင်း စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ၊ LPDF ပူးပေါင်းတပ်ဖွဲ့များကြား လေးရက်ဆက်တိုက် ထိတွေ့တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဘက်မှ သုံးဦးသေဆုံးခဲ့ကြောင်း ဂန့်ဂေါခရိုင် အမှတ် (၁၃) တပ်ရင်းမှ ယမန်နေ့ ဇူလိုင် ၂၁ရက်တွင် သတင်းထုတ်ပြန်သည်။
ဇူလိုင်လ ၁၃ရက်မှ ၁၇ရက်အထိ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ သေဆုံးမှုကို ဂန့်ဂေါခရိုင် အမှတ် (၁၃) တပ်ရင်း ၊The Youth Force Saw & Kyaukhtuက သေဆုံးရုပ်အလောင်း ဓာတ်ပုံများနှင့်အတူ အတည်ပြုထုတ်ပြန်ထားခြင်း ဖြစ်သည်။
“၁၇ ရက်နေ့ နေ့လယ် တစ်နာရီလောက်က ထိတွေ့မှုမှာ အချိန် တစ်နာရီကျော်ကြာတယ်၊ အဲ့မှာ သုံးယောက် သေတယ် ၊ စကစ ဘက်က သေတဲ့အလောင်းကိုလည်း တချို့ကို မြှုပ်ထားတယ်။ တချို့ကို သယ်သွားကြတယ်၊ မြှုပ်ထားတာတော့ နှစ်နေရာ တွေ့တယ်။ တစ်နေရာကိုတော့ အန္တရာယ်ရှိမှာကြောင့် မဖော်ကြဘူး သူတို့ဘက်က ကျတာကို တိုက်ပွဲထဲမှာလည်း အတည်ပြုနိုင်တယ်” ဟု Youth Force Saw & Kyaukhtuမှ တပ်ရင်းရဲ့ တာဝန်ရှိသူတစ်ဦး မဇ္စျိမကိုပြောသည်။
ဇူလိုင်လ ၁၇ရက်နေ့ နေ့လယ် ၁နာရီအချိန်ခန့်က ထိတွေ့တိုက်ပွဲတစ်နာရီကျော်အတွင်း စစ်ကောင်စီတပ်ဘက်မှ ဆောမြို့နယ် လယ်ကဆင်းရိုးရွာအနီးတွင် တစ်ဦး၊ ဒေသအခေါ် တဲအနီးနားတွင်တစ်ဦး၊ ကိုင်းတောထဲတွင်တစ်ဦး စုစုပေါင်းသုံးဦးသေဆုံးခဲ့သည်ကိုတွေ့ရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဇူလိုင်လ ၁၆ရက် နံနက် ၁၀နာရီအချိန်ခန့်တွင် ရှေ့တန်းတစ်နေရာ၌ တာဝန်ထမ်းဆောင်ရင်း နေမကောင်းသော The Youth Force Saw & Kyaukhtuမှ ရဲဘော်တစ်ဦးအား သွားရောက်ခေါ်ဆောင်စဥ် အပြန်လမ်းတွင် စစ်ကောင်စီတပ်သားများ၏ ချောင်းမြောင်းပစ်ခတ်ခြင်းကို ခံခဲ့ရကြောင်း သိရသည်။
“ရှေ့တန်းကင်းစောင့်နေတဲ့ ရဲဘော်ကို နောက်တန်းကိုသွားကြိုတာပါ။ ကင်းစောင့်နေရင်းနဲ့ ဖျားတာပါ” ဟု တာဝန်ရှိသူက ပြောသည်။
အဆိုပါ ပစ်ခတ်ခံရမှုအတွင်း မကွေး ဒရုန်းအဖွဲ့မှ ရဲဘော် တစ်ဦးကျဆုံး၍ The Youth Force Saw & Kyaukhtuမှ ရဲဘော်တစ်ဦးသည်လည်း ပြင်းထန်ဒဏ်ရာ ရရှိခဲ့သည်ဟု ဆိုသည်။
ထို့အပြင် ဇူလိုင်လ ၁၄ရက်နှင့် ဇူလိုင်လ ၁၅ရက်နေ့တို့တွင်လည်း အဆိုပါစစ်ကောင်စီတပ် စစ်ကြောင်းကို ကျောက်ထု- ဆောလမ်းပိုင်းတွင်ပင် ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ၊ LPDF ပူးပေါင်းတပ်ဖွဲ့များမှ နင်းမိုင်းများ ၊ ဒရုန်းများ ၊ လက်နက်ကြီးများဖြင့် အကြိမ်ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြကြောင်း သိရသည်။
စစ်ကောင်စီတပ်နှင့် လေးရက်တာတိုက်ခိုက်မှုတွင် မကွေးတိုင်း ဒရုန်းအဖွဲ့၊ မကွေးတပ်ရင်း (၁) ၊ King Fighter (ပေါက်) ၊ပွင့်ဖြူ (PDF) ၊ ဖေကံကောင်း (ရေနံချောင်း)၊ ရွှေဘိုခရိုင် ရင်း (၂၆) ၊ ပေါက် ပကဖ ရင်း (၄)၊ မင်းဘူးခရိုင် ရင်း (၁၊ ၂)၊ SLN PDF (local) ၊ဂန့်ဂေါခရိုင် ရင်း (၃၊ ၅၊ ၈၊၉၊၁၃)၊ Saw PDF (YRPA)၊ ပခုက္ကူခရိုင် ရင်း (၅၊၁၉) ပူးပေါင်းအဖွဲ့များမှ စုပေါင်း၍ တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်။
စစ်ရေးအခြေအနေကြောင့် ဆော - ကျောက်ထုလမ်းပိုင်း ဖြတ်သန်းသွားလာခွင့်ကို ပိတ်ပင်ထားသည်မှာ ၁၀ ရက်နီးပါးရှိလာပြီဖြစ်ပြီး လက်ရှိအချိန်ထိလည်း သက်ဆိုင်ရာ တပ်ရင်း၊ တပ်ဖွဲ့များက လမ်းပိုင်းအသုံးပြုနိုင်ကြောင်း ထုတ်ပြန်ခြင်း မတွေ့ရသေးပေ။
စာတည်း - သန့်ဇော်(သန်လျင်)
ဓာတ်ပုံ- The Youth Force Saw & Kyauhthu
( The Youth Force Saw& Kyauhthu မှရဲဘော်များ
#mizzima
#PDF
#LPDF
#ပူးပေါင်းတပ်ဖွဲ့
#ဆောမြို့နယ်

👍25😁4
မြဝတီမြို့ ခံစစ်စည်းကို KNLA ပူးပေါင်းတပ်ဖွဲ့ စိုးမိုး
==================
“နောက်လာမယ့် မြို့သိမ်းတိုက်ပွဲအတွက် ပြည်သူတစ်ရပ်လုံး အဆုံးတိုင် ပါဝင်ပေး ကြပါ” ဟု Cobra စစ်ကြောင်းမှူးဗိုလ်ဒါဘော ပြော
သွင်ထူးဈာန်
(မဇ္ဈိမ)။ ။ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ လက်ခတ်တောင်တစ်ကြောတွင် ဆက်ရက်ကျော်ကြာ တိုက်ပွဲပြင်းထန်ပြီးနောက် စစ်ကောင်စီတပ် အထိုင်ချထားသော ဗျူဟာမြောက် အရေးပါသည့် လက်ခတ်တောင်ကို နယ်မြေစိုးမိုးထားနိုင်ပြီဖြစ်ကြောင်း ဇူလိုင်လ ၂၁ ရက်နေ့တွင် KNLA ပူးပေါင်းတပ်ဖွဲ့က ပြောသည်။
လက်ခတ်တောင်ဒေသသည် မြဝတီမြို့၏ တောင်ဘက်တွင် တည်ရှိသည်။ ပတ်ပတ်လည်တွင် တိုက်ပွဲမကြာခဏဖြစ်ပွားလေ့ရှိသည့် လေ့ကေကော်ဒေသ၊ ဖလူးဒေသ၊ သင်္ကန်းညီနောင်၊ မြဝတီမြို့တို့ ရှိသည်။
ထိုလက်ခတ်တောင်သည် မြဝတီမြို့၏ ခံစစ်စည်းဖြစ်သကဲ့သို့ စစ်ရေးအရ ဗျူဟာမြောက် အရေးပါသည့် နေရာဖြစ်ကြောင်း ကော်ဘရာစစ်ဆင်ရေးမှူး ဗိုလ်ဒါဘောက မဇ္ဈိမကို ပြောသည်။
KNUတပ်မဟာ (၆) KNU/KNLA၊ ကော်ဘရာစစ်ကြောင်း (၁) ၊ ကျားသစ်နက်စစ်ကြောင်း၊ Federal Wings တို့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါတိုက်ပွဲတွင် ဆက်သွယ်ရေးစက် တစ်လုံး၊ ၆၀ မမ ၁၆ လုံး၊ ရှေ့ထွက်မိုင်း ခြောက်လုံး၊ ကားမိုင်းကိုးလုံး၊ Jammer စက်နှစ်လုံး၊ မိုင်းရှာစက်နှစ်လုံး၊ စက်လက်ပြောင်း တစ်ပြောင်း၊ ကွန်မန်ဒို ၆၀မမပြောင်း နှစ်လက်၊ ၄၀မမ ကိုးလုံး၊ G3ကျည်ဘောက်လေးခု၊ MAကျည်ဘောက်နှစ်ဘောက်၊စစ်ခမောက်ရှစ်လုံး၊ RPG ပို့ယမ်းသုံးတောင့်၊ RPGသီး တစ်လုံး၊ 7.62ကျည် ၁,၈၈၀တောင့်နှင့် 5.56 ကျည် ၃၀၂တောင့်တို့ကို KNLA ပူးပေါင်းတပ်ဖွဲ့က သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
စစ်ကောင်စီဘက်မှ သေဆုံးမှုအခြေနေကိုလက်ရှိစိစစ်နေဆဲဖြစ်ကာ တော်လှန်ရေး တပ်ဖွဲ့ဝင်ခြောက်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
လတ်ခတ်တောင်တစ်ကြော ပြင်းထန်ခဲ့သော တိုက်ပွဲအခြေအနေများနှင့် ပတ်သက်ပြီး ကော်ဘရာစစ်ကြောင်းမှူး ဗိုလ်ဒါဘောကို မဇ္ဈိမသတင်းထောက် သွင်ထူးဈာန်က တွေ့ဆုံ မေးမြန်းထားသည်။
မေး။ လက်ခတ်တောင်တိုက်ပွဲအခြေနေနဲ့ပတ်သက်ပြီး ပြောပြပေးပါ။
ဖြေ။ လက်ခတ်တောင်တိုက်ပွဲကတော့ ကျနော်တို့ လက်ခတ်တောင်ကို သိမ်းပိုက်နိုင်ဖို့ အတွက် ၁၀ ရက်ကျော်ကျော်လောက် ထိတွေ့မှု နေ့တိုင်းဖြစ်နေတာပေါ့၊ လက်ခတ်တောင်က အချက်အချာကျတယ်ဆိုတော့ ကုန်းက ဒီတစ်ကုန်းတည်း မဟုတ် ဘူး။ တောက်လျှောက်ကြီးပဲ အလျားကြီးပဲ မီတာ ၁,၀၀၀ ကျော်လောက်ရှိတဲ့ အလျားကြီးက ကျနော်တို့က တစ်ဆင့်ပြီးတဆင့် တက်ပြီးတော့ ပစ်ခတ်မှုတွေလုပ် တယ်။ တစ်ဆင့်ပြီးတစ်ဆင့် နေရာတက်ယူတယ် တစ်ကုန်းပြီးတစ်ကုန်း ကျနော်တို့ တက်ပြီးတော့ စိုးမိုးတာပေါ့။ အခုဆိုရင်တော့ ဒီမနက်(ဇူလိုင်လ ၂၁ ရက်)ပဲ လက်ခတ်တောင် တစ်ကြောလုံးကို ကျနော်တို့ စိုးမိုးထားနိုင်ပြီလို့ ပြောလို့ရတယ်၊
မေး။ ဒီလက်ခတ်တောင်မှာ စစ်ကောင်စီအင်အားဘယ်လောက်လောက်ရှိပါသလဲ။
ဖြေ။ ကျောက်မိုင်းနဲ့ လေးကေ့ကော်တို့မှာ တိုက်ပွဲဖြစ်တဲ့အချိန်မှာတော့ အင်အားအတော်များတယ်။ အဓိက ဒီကုန်းက အချက်အချာလည်းကျတယ်ဆိုတော့ သူတို့အင်အားရာနဲ့ချီတင်တင်ထားတာ ကျနော်တို့တွေ့ရတယ်။ ကျနော်တို့စစ်ဆင်ရေးကို တုံးတံတားဘက်ကို စစ်ရေးမျက်နှာဖွင့်တဲ့ အခါကျတော့ သူတို့ ဒီလက်ခတ်တောင်ကနေ ရှိတဲ့ အင်အားတွေကို ပြန်ပြီးထုတ်နုတ်ပြီးတော့မှ ဟိုဘက်ကို စစ်ကူပြန်လိုက်ရတဲ့ အချိန်မှာ ကျနော်တို့သိရသလောက်ဆိုရင် တပ်ရင်းနှစ်ရင်းပေါ့နော်။ မ(၂)နဲ့ ခမရ (၁၁၈) ဆိုရင် စစ်ကြောင်း တစ်ကြောင်းတစ်ကြောင်းစီ သူတို့ ကျန်ခဲ့တယ်။ စစ်ကြောင်းနှစ် ကြောင်းဆိုရင် အင်အား ၆၀ ကျော်ကျော်လောက်နဲ့ BGF ကတော့ ခုနစ်ယောက်လောက်နဲ့ ကျနော်သိရတယ်၊ အဲ့လောက်အင်အားလောက်ရှိတယ်၊
https://youtu.be/U0AclvLBZFE

သွင်ထူးဈာန် (မဇ္ဈိမ)။ ။ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ လက်ခတ်တောင်တစ်ကြောတွင် ဆက်ရက်ကျော်ကြာ တိုက်ပွဲပြင်းထန်ပြီးနောက် စစ်ကောင်စီတပ် အထိုင်ချထားသော…

❤22👍11😁3
#India and #SriLanka to consider land link
=================
India and Sri Lanka agree to consider building a land link between them, they say during President Ranil Wickremesinghe's first visit to the regional powerhouse, as Chinese influence grows on his island.
Feasibility studies on a land bridge and a petroleum pipeline will be carried out, Indian Prime Minister Narendra Modi tells a joint presser.
Wickremesinghe's two-day visit to New Delhi comes a year after he became president following the toppling of his predecessor during an unprecedented economic crisis.
https://youtu.be/P4QSGw7F-Wg

India and Sri Lanka to consider land link
India and Sri Lanka agree to consider building a land link between them, they say during President Ranil Wickremesinghe's first visit to the regional powerhouse, as Chinese influence grows on his island.
Feasibility studies on a land bridge and a petroleum…

👍3🔥2
ရေဖြူမြို့ အလယ်စခန်းကျေးရွာအနီး တိုက်ပွဲဖြစ်ပွား ၂ ဖက်ထိခိုက်သေဆုံးမှုရှိ
===============
ဂျူချန်း
(မဇ္ဈိမ)။ ။ တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ အလယ်စခန်းကျေးရွာအနီးတွင် KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ကြား ဇူလိုင်လ ၁၈ ရက်မှစ၍ နေ့စဉ်ထိတွေ့တိုက်ပွဲဖြစ်ပွားနေသည်ဟု ရေးပြောက်ကျားတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
“စစ်ကောင်စီတပ်ဖွဲ့က ခုထိပြန်မဆုတ်သေးဘူး၊ ကြားထဲမှာလည်း တိုက်ပွဲဖြစ်နေဆဲပဲဲ။ ဒီနေ့ဆိုရင် ငါးရက်မြောက်နေ့ရှိပြီ” ဟု YGF ပြန်ကြားရေးတာဝန်ခံ ရဲဘော်စောခေတ်သစ်က မဇ္ဈိမကိုပြောသည်။
ဇူလိုင်လ ၁၈ ရက်တွင် အလယ်စခန်းကျေးရွာအနီးသို့ အင်အား ၂၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် ထိတွေ့တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်သေဆုံးမှုရှိသည်ဟု ဆိုသည်။
ထိုတိုက်ပွဲအတွင်းတွင် စစ်ကောင်စီတပ်သား ၃၅ဦး သေဆုံးပြီး ၁၅ ဦး ဒဏ်ရာရရှိခဲ့ကာ ရေးပြောက်ကျားတပ်ဖွဲ့(YGF)မှ ရဲဘော်စောမွန်လေး ဒဏ်ရာအပြင်းအထန် ရရှိခဲ့ပြီး KNLA တပ်ရင်း(၂၇) တပ်ခွဲ(၂) မှ ရဲဘော်တစ်ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ပြင်းထန်ဒဏ်ရာရရှိခဲ့သည့် ရဲဘော်စောမွန်လေးသည် ဇူလိုင်လ ၁၉ ရက် နံနက် ၇နာရီတွင် ကျဆုံးခဲ့ကြောင်း YGF သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်စောခေတ်သစ်က ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့စစ်ကြောင်းသည် တပ်ပြန်ဆုတ်သွားခြင်းမရှိဘဲ ယနေ့ ဇူလိုင်လ ၂၂ ရက်အထိ ဆက်လက်စစ်ကြောင်းထိုးနေပြီး တိုက်ပွဲပြင်းထန်နေဆဲဖြစ်ကြောင်း သိရသည်။
ဇူလိုင်၁၈ ရက်နေ့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၃၅ ဦး သေဆုံးခဲ့သည်ဟု မြေပြင်အချက်အလက်များအရ အတည်ပြုထားကြောင်း YGF ကဆိုသော်လည်း မဇ္ဈိမအနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။
ပြီးခဲ့သည့် ဇူလိုင်လ ၆ ရက် ညပိုင်းတွင် ရေးမြို့နယ်တောင်ပိုင်း မလွဲတောင်အနီး (၁၄)မိုင်ကျေးရွာအနောက်ဘက်ရှိ စစ်ကောင်စီတပ်၏ ဆက်သွယ်ရေးတာဝါတိုင်စခန်းကုန်းကို ရေးပြောက်ကျားတပ်ဖွဲ့(YGF)၊ KNLA တပ်ရင်း(၂၇) တပ်ခွဲ(၂) နှင့် PDF ပူးပေါင်းတပ်ဖွဲ့တို့က စီးနင်းတိုက်ခိုက်ခဲ့ရာ လက်နက်ခဲယမ်းအမြောက်အမြား သိမ်းဆည်းရမိခဲ့ပြီး စခန်းကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ဇူလိုင်လ ၁၀ ရက်နေ့တွင်လည်း ရေးမြို့နယ် တောင်ပိုင်း မလွဲတောင်အနီးဝန်းကျင်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် YGF တပ်ဖွဲ့ကြား တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)
#တနင်္သာရီတိုင်း
#ရေဖြူမြို့နယ်
#စစ်ကောင်စီတပ်
#တိုက်ပွဲဖြစ်ပွား

👍15❤1🔥1👏1