Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ကျောက်ထု - ဆောလမ်းပိုင်း ၄ ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၃ ဦးသေဆုံး
👍19😁4❤1
​​ကျောက်ထု - ဆောလမ်းပိုင်း ၄ ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၃ ဦးသေဆုံး
=======================

ကိုခင်မောင်
(မဇ္စျိမ)။ ။ မကွေးတိုင်း၊ ဆောမြို့နယ်၊ ကျောက်ထု - ဆောလမ်းအတိုင်း စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ၊ LPDF ပူးပေါင်းတပ်ဖွဲ့များကြား လေးရက်ဆက်တိုက် ထိတွေ့တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဘက်မှ သုံးဦးသေဆုံးခဲ့ကြောင်း ဂန့်ဂေါခရိုင် အမှတ် (၁၃) တပ်ရင်းမှ ယမန်နေ့ ဇူလိုင် ၂၁ရက်တွင် သတင်းထုတ်ပြန်သည်။

ဇူလိုင်လ ၁၃ရက်မှ ၁၇ရက်အထိ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ သေဆုံးမှုကို ဂန့်ဂေါခရိုင် အမှတ် (၁၃) တပ်ရင်း ၊The Youth Force Saw & Kyaukhtuက သေဆုံးရုပ်အလောင်း ဓာတ်ပုံများနှင့်အတူ အတည်ပြုထုတ်ပြန်ထားခြင်း ဖြစ်သည်။

“၁၇ ရက်နေ့ နေ့လယ် တစ်နာရီလောက်က ထိတွေ့မှုမှာ အချိန် တစ်နာရီကျော်ကြာတယ်၊ အဲ့မှာ သုံးယောက် သေတယ် ၊ စကစ ဘက်က သေတဲ့အလောင်းကိုလည်း တချို့ကို မြှုပ်ထားတယ်။ တချို့ကို သယ်သွားကြတယ်၊ မြှုပ်ထားတာတော့ နှစ်နေရာ တွေ့တယ်။ တစ်နေရာကိုတော့ အန္တရာယ်ရှိမှာကြောင့် မဖော်ကြဘူး သူတို့ဘက်က ကျတာကို တိုက်ပွဲထဲမှာလည်း အတည်ပြုနိုင်တယ်” ဟု Youth Force Saw & Kyaukhtuမှ တပ်ရင်းရဲ့ တာဝန်ရှိသူတစ်ဦး မဇ္စျိမကိုပြောသည်။

ဇူလိုင်လ ၁၇ရက်နေ့ နေ့လယ် ၁နာရီအချိန်ခန့်က ထိတွေ့တိုက်ပွဲတစ်နာရီကျော်အတွင်း စစ်ကောင်စီတပ်ဘက်မှ ဆောမြို့နယ် လယ်ကဆင်းရိုးရွာအနီးတွင် တစ်ဦး၊ ဒေသအခေါ် တဲအနီးနားတွင်တစ်ဦး၊ ကိုင်းတောထဲတွင်တစ်ဦး စုစုပေါင်းသုံးဦးသေဆုံးခဲ့သည်ကိုတွေ့ရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဇူလိုင်လ ၁၆ရက် နံနက် ၁၀နာရီအချိန်ခန့်တွင် ရှေ့တန်းတစ်နေရာ၌ တာဝန်ထမ်းဆောင်ရင်း နေမကောင်းသော The Youth Force Saw & Kyaukhtuမှ ရဲဘော်တစ်ဦးအား သွားရောက်ခေါ်ဆောင်စဥ် အပြန်လမ်းတွင် စစ်ကောင်စီတပ်သားများ၏ ချောင်းမြောင်းပစ်ခတ်ခြင်းကို ခံခဲ့ရကြောင်း သိရသည်။

“ရှေ့တန်းကင်းစောင့်နေတဲ့ ရဲဘော်ကို နောက်တန်းကိုသွားကြိုတာပါ။ ကင်းစောင့်နေရင်းနဲ့ ဖျားတာပါ” ဟု တာဝန်ရှိသူက ပြောသည်။
အဆိုပါ ပစ်ခတ်ခံရမှုအတွင်း မကွေး ဒရုန်းအဖွဲ့မှ ရဲဘော် တစ်ဦးကျဆုံး၍ The Youth Force Saw & Kyaukhtuမှ ရဲဘော်တစ်ဦးသည်လည်း ပြင်းထန်ဒဏ်ရာ ရရှိခဲ့သည်ဟု ဆိုသည်။

ထို့အပြင် ဇူလိုင်လ ၁၄ရက်နှင့် ဇူလိုင်လ ၁၅ရက်နေ့တို့တွင်လည်း အဆိုပါစစ်ကောင်စီတပ် စစ်ကြောင်းကို ကျောက်ထု- ဆောလမ်းပိုင်းတွင်ပင် ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ၊ LPDF ပူးပေါင်းတပ်ဖွဲ့များမှ နင်းမိုင်းများ ၊ ဒရုန်းများ ၊ လက်နက်ကြီးများဖြင့် အကြိမ်ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြကြောင်း သိရသည်။

စစ်ကောင်စီတပ်နှင့် လေးရက်တာတိုက်ခိုက်မှုတွင် မကွေးတိုင်း ဒရုန်းအဖွဲ့၊ မကွေးတပ်ရင်း (၁) ၊ King Fighter (ပေါက်) ၊ပွင့်ဖြူ (PDF) ၊ ဖေကံကောင်း (ရေနံချောင်း)၊ ရွှေဘိုခရိုင် ရင်း (၂၆) ၊ ပေါက် ပကဖ ရင်း (၄)၊ မင်းဘူးခရိုင် ရင်း (၁၊ ၂)၊ SLN PDF (local) ၊ဂန့်ဂေါခရိုင် ရင်း (၃၊ ၅၊ ၈၊၉၊၁၃)၊ Saw PDF (YRPA)၊ ပခုက္ကူခရိုင် ရင်း (၅၊၁၉) ပူးပေါင်းအဖွဲ့များမှ စုပေါင်း၍ တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်။

စစ်ရေးအခြေအနေကြောင့် ဆော - ကျောက်ထုလမ်းပိုင်း ဖြတ်သန်းသွားလာခွင့်ကို ပိတ်ပင်ထားသည်မှာ ၁၀ ရက်နီးပါးရှိလာပြီဖြစ်ပြီး လက်ရှိအချိန်ထိလည်း သက်ဆိုင်ရာ တပ်ရင်း၊ တပ်ဖွဲ့များက လမ်းပိုင်းအသုံးပြုနိုင်ကြောင်း ထုတ်ပြန်ခြင်း မတွေ့ရသေးပေ။

စာတည်း - သန့်ဇော်(သန်လျင်)
ဓာတ်ပုံ- The Youth Force Saw & Kyauhthu
( The Youth Force Saw& Kyauhthu မှရဲဘော်များ

#mizzima
#PDF
#LPDF
#ပူးပေါင်းတပ်ဖွဲ့
#ဆောမြို့နယ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍25😁4
မြဝတီမြို့ ခံစစ်စည်းကို KNLA ပူးပေါင်းတပ်ဖွဲ့ စိုးမိုး
==================

“နောက်လာမယ့် မြို့သိမ်းတိုက်ပွဲအတွက် ပြည်သူတစ်ရပ်လုံး အဆုံးတိုင် ပါဝင်ပေး ကြပါ” ဟု Cobra စစ်ကြောင်းမှူးဗိုလ်ဒါဘော ပြော

သွင်ထူးဈာန်

(မဇ္ဈိမ)။  ။ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ လက်ခတ်တောင်တစ်ကြောတွင် ဆက်ရက်ကျော်ကြာ တိုက်ပွဲပြင်းထန်ပြီးနောက် စစ်ကောင်စီတပ် အထိုင်ချထားသော ဗျူဟာမြောက် အရေးပါသည့် လက်ခတ်တောင်ကို နယ်မြေစိုးမိုးထားနိုင်ပြီဖြစ်ကြောင်း ဇူလိုင်လ ၂၁ ရက်နေ့တွင် KNLA ပူးပေါင်းတပ်ဖွဲ့က ပြောသည်။

လက်ခတ်တောင်ဒေသသည် မြဝတီမြို့၏ တောင်ဘက်တွင် တည်ရှိသည်။ ပတ်ပတ်လည်တွင် တိုက်ပွဲမကြာခဏဖြစ်ပွားလေ့ရှိသည့် လေ့ကေကော်ဒေသ၊ ဖလူးဒေသ၊ သင်္ကန်းညီနောင်၊ မြဝတီမြို့တို့ ရှိသည်။ 

ထိုလက်ခတ်တောင်သည် မြဝတီမြို့၏ ခံစစ်စည်းဖြစ်သကဲ့သို့ စစ်ရေးအရ ဗျူဟာမြောက် အရေးပါသည့် နေရာဖြစ်ကြောင်း ကော်ဘရာစစ်ဆင်ရေးမှူး ဗိုလ်ဒါဘောက မဇ္ဈိမကို ပြောသည်။ 

KNUတပ်မဟာ (၆) KNU/KNLA၊ ကော်ဘရာစစ်ကြောင်း (၁) ၊ ကျားသစ်နက်စစ်ကြောင်း၊ Federal Wings တို့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါတိုက်ပွဲတွင် ဆက်သွယ်ရေးစက် တစ်လုံး၊ ၆၀ မမ ၁၆ လုံး၊ ရှေ့ထွက်မိုင်း ခြောက်လုံး၊ ကားမိုင်းကိုးလုံး၊ Jammer စက်နှစ်လုံး၊ မိုင်းရှာစက်နှစ်လုံး၊ စက်လက်ပြောင်း တစ်ပြောင်း၊ ကွန်မန်ဒို ၆၀မမပြောင်း နှစ်လက်၊ ၄၀မမ ကိုးလုံး၊ G3ကျည်ဘောက်လေးခု၊ MAကျည်ဘောက်နှစ်ဘောက်၊စစ်ခမောက်ရှစ်လုံး၊ RPG ပို့ယမ်းသုံးတောင့်၊ RPGသီး တစ်လုံး၊ 7.62ကျည် ၁,၈၈၀တောင့်နှင့် 5.56 ကျည် ၃၀၂တောင့်တို့ကို KNLA ပူးပေါင်းတပ်ဖွဲ့က သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီဘက်မှ သေဆုံးမှုအခြေနေကိုလက်ရှိစိစစ်နေဆဲဖြစ်ကာ တော်လှန်ရေး တပ်ဖွဲ့ဝင်ခြောက်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

လတ်ခတ်တောင်တစ်ကြော ပြင်းထန်ခဲ့သော တိုက်ပွဲအခြေအနေများနှင့် ပတ်သက်ပြီး ကော်ဘရာစစ်ကြောင်းမှူး ဗိုလ်ဒါဘောကို မဇ္ဈိမသတင်းထောက် သွင်ထူးဈာန်က တွေ့ဆုံ မေးမြန်းထားသည်။

မေး။ လက်ခတ်တောင်တိုက်ပွဲအခြေနေနဲ့ပတ်သက်ပြီး ပြောပြပေးပါ။

ဖြေ။ လက်ခတ်တောင်တိုက်ပွဲကတော့ ကျနော်တို့ လက်ခတ်တောင်ကို သိမ်းပိုက်နိုင်ဖို့ အတွက် ၁၀ ရက်ကျော်ကျော်လောက် ထိတွေ့မှု နေ့တိုင်းဖြစ်နေတာပေါ့၊ လက်ခတ်တောင်က အချက်အချာကျတယ်ဆိုတော့ ကုန်းက ဒီတစ်ကုန်းတည်း မဟုတ် ဘူး။ တောက်လျှောက်ကြီးပဲ အလျားကြီးပဲ မီတာ ၁,၀၀၀ ကျော်လောက်ရှိတဲ့ အလျားကြီးက ကျနော်တို့က တစ်ဆင့်ပြီးတဆင့် တက်ပြီးတော့ ပစ်ခတ်မှုတွေလုပ် တယ်။ တစ်ဆင့်ပြီးတစ်ဆင့် နေရာတက်ယူတယ် တစ်ကုန်းပြီးတစ်ကုန်း ကျနော်တို့ တက်ပြီးတော့ စိုးမိုးတာပေါ့။ အခုဆိုရင်တော့ ဒီမနက်(ဇူလိုင်လ ၂၁ ရက်)ပဲ လက်ခတ်တောင် တစ်ကြောလုံးကို ကျနော်တို့ စိုးမိုးထားနိုင်ပြီလို့ ပြောလို့ရတယ်၊

မေး။ ဒီလက်ခတ်တောင်မှာ စစ်ကောင်စီအင်အားဘယ်လောက်လောက်ရှိပါသလဲ။

ဖြေ။ ကျောက်မိုင်းနဲ့ လေးကေ့ကော်တို့မှာ တိုက်ပွဲဖြစ်တဲ့အချိန်မှာတော့ အင်အားအတော်များတယ်။ အဓိက ဒီကုန်းက အချက်အချာလည်းကျတယ်ဆိုတော့ သူတို့အင်အားရာနဲ့ချီတင်တင်ထားတာ ကျနော်တို့တွေ့ရတယ်။ ကျနော်တို့စစ်ဆင်ရေးကို တုံးတံတားဘက်ကို စစ်ရေးမျက်နှာဖွင့်တဲ့ အခါကျတော့ သူတို့ ဒီလက်ခတ်တောင်ကနေ ရှိတဲ့ အင်အားတွေကို ပြန်ပြီးထုတ်နုတ်ပြီးတော့မှ ဟိုဘက်ကို စစ်ကူပြန်လိုက်ရတဲ့ အချိန်မှာ ကျနော်တို့သိရသလောက်ဆိုရင် တပ်ရင်းနှစ်ရင်းပေါ့နော်။ မ(၂)နဲ့ ခမရ (၁၁၈) ဆိုရင် စစ်ကြောင်း တစ်ကြောင်းတစ်ကြောင်းစီ သူတို့ ကျန်ခဲ့တယ်။ စစ်ကြောင်းနှစ် ကြောင်းဆိုရင် အင်အား ၆၀ ကျော်ကျော်လောက်နဲ့ BGF ကတော့ ခုနစ်ယောက်လောက်နဲ့ ကျနော်သိရတယ်၊ အဲ့လောက်အင်အားလောက်ရှိတယ်၊

https://youtu.be/U0AclvLBZFE
❤22👍11😁3
#India and #SriLanka to consider land link
=================

India and Sri Lanka agree to consider building a land link between them, they say during President Ranil Wickremesinghe's first visit to the regional powerhouse, as Chinese influence grows on his island.

Feasibility studies on a land bridge and a petroleum pipeline will be carried out, Indian Prime Minister Narendra Modi tells a joint presser.

Wickremesinghe's two-day visit to New Delhi comes a year after he became president following the toppling of his predecessor during an unprecedented economic crisis.

https://youtu.be/P4QSGw7F-Wg
👍3🔥2
​​ရေဖြူမြို့ အလယ်စခန်းကျေးရွာအနီး တိုက်ပွဲဖြစ်ပွား ၂ ဖက်ထိခိုက်သေဆုံးမှုရှိ
===============

ဂျူချန်း

(မဇ္ဈိမ)။ ။ တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ အလယ်စခန်းကျေးရွာအနီးတွင် KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ကြား ဇူလိုင်လ ၁၈ ရက်မှစ၍ နေ့စဉ်ထိတွေ့တိုက်ပွဲဖြစ်ပွားနေသည်ဟု ရေးပြောက်ကျားတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“စစ်ကောင်စီတပ်ဖွဲ့က ခုထိပြန်မဆုတ်သေးဘူး၊ ကြားထဲမှာလည်း တိုက်ပွဲဖြစ်နေဆဲပဲဲ။ ဒီနေ့ဆိုရင် ငါးရက်မြောက်နေ့ရှိပြီ” ဟု YGF ပြန်ကြားရေးတာဝန်ခံ ရဲဘော်စောခေတ်သစ်က မဇ္ဈိမကိုပြောသည်။

ဇူလိုင်လ ၁၈ ရက်တွင် အလယ်စခန်းကျေးရွာအနီးသို့ အင်အား ၂၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် ထိတွေ့တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်သေဆုံးမှုရှိသည်ဟု ဆိုသည်။

ထိုတိုက်ပွဲအတွင်းတွင် စစ်ကောင်စီတပ်သား ၃၅ဦး သေဆုံးပြီး ၁၅ ဦး ဒဏ်ရာရရှိခဲ့ကာ ရေးပြောက်ကျားတပ်ဖွဲ့(YGF)မှ ရဲဘော်စောမွန်လေး ဒဏ်ရာအပြင်းအထန် ရရှိခဲ့ပြီး KNLA တပ်ရင်း(၂၇) တပ်ခွဲ(၂) မှ ရဲဘော်တစ်ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ 

ပြင်းထန်ဒဏ်ရာရရှိခဲ့သည့် ရဲဘော်စောမွန်လေးသည် ဇူလိုင်လ ၁၉ ရက် နံနက် ၇နာရီတွင် ကျဆုံးခဲ့ကြောင်း YGF သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်စောခေတ်သစ်က ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့စစ်ကြောင်းသည် တပ်ပြန်ဆုတ်သွားခြင်းမရှိဘဲ ယနေ့ ဇူလိုင်လ ၂၂ ရက်အထိ ဆက်လက်စစ်ကြောင်းထိုးနေပြီး တိုက်ပွဲပြင်းထန်နေဆဲဖြစ်ကြောင်း သိရသည်။

ဇူလိုင်၁၈ ရက်နေ့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၃၅ ဦး သေဆုံးခဲ့သည်ဟု မြေပြင်အချက်အလက်များအရ အတည်ပြုထားကြောင်း YGF ကဆိုသော်လည်း မဇ္ဈိမအနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိ‌သေးပေ။

ပြီးခဲ့သည့် ဇူလိုင်လ ၆ ရက် ညပိုင်းတွင် ရေးမြို့နယ်တောင်ပိုင်း မလွဲတောင်အနီး (၁၄)မိုင်ကျေးရွာအနောက်ဘက်ရှိ စစ်ကောင်စီတပ်၏ ဆက်သွယ်ရေးတာဝါတိုင်စခန်းကုန်းကို ရေးပြောက်ကျားတပ်ဖွဲ့(YGF)၊ KNLA တပ်ရင်း(၂၇) တပ်ခွဲ(၂) နှင့် PDF ပူးပေါင်းတပ်ဖွဲ့တို့က စီးနင်းတိုက်ခိုက်ခဲ့ရာ လက်နက်ခဲယမ်းအမြောက်အမြား သိမ်းဆည်းရမိခဲ့ပြီး စခန်းကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ဇူလိုင်လ ၁၀ ရက်နေ့တွင်လည်း ရေးမြို့နယ် တောင်ပိုင်း မလွဲတောင်အနီးဝန်းကျင်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် YGF တပ်ဖွဲ့ကြား တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။

စာတည်း။   ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။သန့်ဇော်(သန်လျင်)

#တနင်္သာရီတိုင်း
#ရေဖြူမြို့နယ်
#စစ်ကောင်စီတပ်
#တိုက်ပွဲဖြစ်ပွား

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍15❤1🔥1👏1
​​ရွှေကျင်- ဒုံဇရစ်လမ်းမကြီးပေါ် တိုက်ပွဲဖြစ် ၂ ဖက် ထိခိုက်မှုများပြား
==================

YT 

(မဇ္ဈိမ)။   ။ ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်၊ ဒုံဇရစ်ကျေးရွာနှင့် စလူးချောင်းကျေးရွာအကြား ရွှေကျင်- ဒုံဇရစ် လမ်းမကြီးပေါ်တွင် KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်အကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၃) တပ်ရင်း (၉) ​၏ ယမန်နေ့ ဇူလိုင်လ ၂၁ ရက်နေ့ ထုတ်ပြန်ချက်နှင့် ဒေသခံများထံက သိရသည်။ 

" အဲ့ဒီနေရာတွေက ရွှေကျင် တောင်ဘက်ခြမ်းခေါ်တာပေါ့၊ တိုက်ပွဲ မဖြစ်တာ နည်းနည်းကြာသွားပြီ၊ မနေ့က မနက် ၉ နာရီလောက်ကတည်းက စဖြစ်တာ၊ တိုက်ပွဲက ရွာထဲမှာ ဖြစ်တာမဟုတ်ဘဲ ရွှေကျင်- ဒုံဇရစ် ကနေ မွန်ပြည်နယ် ကျိုက်ထိုအထိ လမ်းပေါက်တဲ့ အဲ့ဒီ လမ်းမပေါ်မှာဖြစ်တာ" ဟု ဒုံဇရစ်ကျေးရွာ ဒေသခံတစ်ဦးက မဇ္ဈိမကိုပြောသည်။ 

ယမန်နေ့ ဇူလိုင်လ ၂၁ ရက်နေ့၊ နေ့လယ်ပိုင်းတွင် ရွှေကျင်- ဒုံဇရစ် လမ်းမကြီးပေါ်သို့ စစ်ကြောင်းထိုးဝင်ရောက်လာသော အင်အား ၈၀ ဝန်းကျင်ရှိ စစ်ကောင်စီတပ်သားများနှင့် တပ်မဟာ (၃) ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း (၇)၊ တပ်ရင်း (၉)၊ PDF ပူးပေါင်းတပ်ဖွဲ့အကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အဆိုပါ တိုက်ပွဲသည် သုံးနာရီနီးပါး ကြာမြင့်ခဲ့ကြောင်း သိရသည်။ 

အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီ တောင်ငူလေတပ်စခန်းမှ တိုက်လေယာဉ် တစ်စီးဖြင့် မိနစ် ၂၀ နီးပါး လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့သော်လည်း စစ်ကောင်စီတပ်သား ၃၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း၊ တပ်မဟာ (၃) KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့ဘက်မှလည်း ရဲဘော်တစ်ဦး ကျဆုံးခဲ့ပြီး ငါးဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း KNLA သတင်းရင်းမြစ်ထံက သိရသည်။ 

" စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၂၀ မိနစ် ပြုလုပ်ခဲ့တယ်။ စစ်ကောင်စီဘက်က ၃၀ ထက်မနည်းသေတယ်။ ပူးပေါင်းတပ်ဖွဲ့ဘက်ကလည်း တစ်ဦးကျဆုံးပြီး ငါးဦးဒဏ်ရာရတယ်။ တိုက်ပွဲမှာ KNLA၊ ရင်း (၇) ပါတယ်၊ ရင်း (၉) ပါတယ်၊ PDF ရောပေါ့" ဟု တပ်မဟာ (၃) KNLA သတင်းရင်းမြစ်က မဇ္ဈိမကို ပြောသည်။ 

အဆိုပါ တိုက်ပွဲဖြစ်စဉ်အတွင်း အနီးပတ်ဝန်းကျင်ရှိ စစ်ကောင်စီတပ်အထိုင်ချ တပ်စခန်းများမှ လက်နက်ကြီးများဖြင့် ပစ်ကူမှု ရှိခဲ့ပြီး ဒေသခံများနေထိုင်ရာ ကျေးရွာ၊ နေအိမ်များသို့ ကျရောက်မှု မရှိခဲ့ကြောင်း၊ ဒေသခံများလည်း ထွက်ပြေးတိမ်းရှောင်ရခြင်း မရှိကြောင်း ဒုံဇရစ်ဒေသခံက ဆိုသည်။ 

" ဒုံဇရစ်ဘက်ကနေ လက်နက်ကြီးတွေနဲ့ လှမ်းထုတာတွေရှိတယ်၊ ရွာကိုကျော်ပြီး ကော်ပတ်ခြံထဲ ကျတာရှိပါတယ်။ ဒေသခံတွေက တိမ်းရှောင်ရတာမျိုးတော့ မရှိဘူး။ အခုတော့ ရွှေကျင်- ဒုံဇရစ် လမ်းမကြီးကို ပိတ်ထားတယ်" ဟု ဒုံဇရစ်ကျေးရွာ ဒေသခံတစ်ဦးက မဇ္ဈိမကိုပြောသည်။ 

လက်ရှိတွင် ရွှေကျင်- ဒုံဇရစ် ကားလမ်းမကြီးပေါ်သို့ အသွားအလာ ခေတ္တကန့်သတ်ထားပြီး စစ်ကောင်စီတပ်က လမ်းသွားလမ်းလာများအား စစ်ဆေး၊ မေးမြန်းမှုများ ပြုလုပ်နေကြောင်း သိရသည်။ 

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ကျောက်ကြီးမြို့နယ်၊ ညောင်လေးပင်မြို့နယ်သည် ကရင်အမျိုးသားအစည်းအရုံး (KNU) ​၏ နယ်မြေသတ်မှတ်ချက်အရ တပ်မဟာ (၃) ထိန်းချုပ်နယ်မြေ၊ ညောင်လေးပင်ခရိုင်အတွင်း ပါဝင်ပြီး စစ်ကောင်စီတပ်သားများနှင့် KNLA ပူးပေါင်းတပ်ဖွဲ့များအကြား မကြာခဏ တိုက်ပွဲဖြစ်ပွားလေ့ရှိကြောင်း သိရသည်။ 

အဆိုပါ မြို့နယ်များအတွင်း စစ်ကောင်စီ​တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် ဒေသခံများ သေဆုံး၊ ထိခိုက်ဒဏ်ရာရမှု မကြာခဏ ဖြစ်ပေါ်လေ့ရှိ၍ ဒေသခံနေအိမ်များ ထိခိုက်ပျက်စီးမှု မကြာခဏ ဖြစ်ပေါ်လေ့ရှိသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ရွှေကျင်မြို့နယ်
#KNLA
#PDF 
#KNU

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍25👏5😁2❤1
မြန်မာနိုင်ငံ အကြောင်းကို အထူးအလေးပေးဖော်ပြခဲ့တဲ့ အမေရိကန်ဒီမိုကရက်တစ်သမ္မတလောင်း Robert F. Kennedy Jr. ကမကြာသေးမီ မဲဆွယ်ပွဲတစ်ခုတွင် အမေရိကန် ဒေါ်လာကို Bitcoin ဖြင့် ကျောထောက်နောက်ခံပြုခြင်း အပါအဝင် Bitcoin အာရုံစိုက်သည့် မူဝါဒများကို ရှင်းလင်းစွာ ထုတ်ဖော်ကြားခဲ့ပါတယ်။ Heal-the-Divide PAC အခမ်းအနားတွင် ဒီမိုကရက်တစ်သမ္မတလောင်း Robert F. Kennedy Jr. က အမေရိကန် ဒေါ်လာကို ဖြည်းဖြည်းချင်း ကျောထောက်နောက်ခံပြုခြင်းအပါအဝင် သမ္မတဖြစ်လာပါက ပြဋ္ဌာန်းမည့် Bitcoin အာရုံစိုက်သည့် မူဝါဒများကို ဖော်ပြခဲ့ပါတယ်။ "ကျွန်တော့ ရဲ့ အစီအစဉ်ဟာ အလွန်သေးငယ်ပါတယ်၊ ထုတ်ပေးထားသော T-bills များ၏ 1% ဟာ hard currency၊ gold, silver platinum သို့မဟုတ် bitcoin တို့ဖြင့် ကျောထောက်နောက်ခံပြုပါလိမ့်မယ်” ဟု Kennedy က US တွင် hard currency standard သို့ပြန်လာခြင်းအတွက် သူရဲ့အမြင်ကိုဖော်ပြခဲ့ပါတယ်။  “ကနဦးအဆင့်ကတော့ ရလဒ်ပေါ် မူတည်ပါတယ် ဒါပေမယ့် ခွဲဝေပေးမှုကို တော့ နှစ်စဉ် တိုးမြှင့်သွားမှာပါ”လို့   ဆက်လက်ပြောထားပါတယ်။ အလားအလာရှိသောမူဝါဒဟာ bitcoin ရဲ့ အကြွင်းမဲ့ရှားပါးမှုနှင့် ခိုင်လုံသောငွေကြေးအခြေခံမူများဟာ ကမ္ဘာ့အရန်ငွေကြေးအဖြစ် အမေရိကန်ဒေါ်လာရဲ့ဆုတ်ယုတ်မှုအနေအထားကို အားဖြည့်ပေးနေပြီး အနာဂတ်ကို ညွှန်ပြနေလျက်ရှိပြီး အလားအလာရှိသောမူဝါဒဟာ ဘဏ္ဍာရေးစနစ်အား ပြန်လည်ပုံဖော်ပေးပါတယ်။ “ခိုင်မာသောပိုင်ဆိုင်မှုများဖြင့် ဒေါ်လာနှင့် အမေရိကန်ကြွေးမြီများကို ကျောထောက်နောက်ခံပြုခြင်းဟာ ဒေါ်လာကို ပြန်လည်ခိုင်မာစေပြီး ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်ရန်နှင့် အမေရိကန်ဘဏ္ဍာရေးတည်ငြိမ်မှု၊ ငြိမ်းချမ်းမှုနှင့် သာယာဝပြောရေးခေတ်သစ်ကို ပို့ဆောင်နိုင်ပါတယ်” ဟု Kennedy ကကြေညာခဲ့ပါတယ်။ Kennedy က သူရဲ့ အုပ်ချုပ်မှုစနစ်ကို “အရင်းအနှီးအမြတ်ခွန်များမှ Bitcoin၊ Bitcoin မှ US ဒေါ်လာ သို့ ပြောင်းလဲခြင်းမှ ကင်းလွတ်ခွင့်ပေးမယ်”လို့လည်းကြေငြာခဲ့ပါတယ်။ အကျိုးကျေးဇူးတွေကတော့ ဆန်းသစ်တီထွင်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကို လှုံ့ဆော်ပေးခြင်း၊ နိုင်ငံသားတစ်ဦးရဲ့ကိုယ်ပိုင်လွတ်လပ်ခွင့်ရရှိစေရေး၊ စင်္ကာပူ၊ ဆွစ်ဇာလန်၊ ဂျာမနီနှင့် ပေါ်တူဂီတို့တွင်ထက် သူတို့ရဲ့စီးပွားရေးနှင့် နည်းပညာဆိုင်ရာအလုပ်အကိုင်များကို အမေရိကန်ပြည်ထောင်စုတွင် စွန့်စားလုပ်ကိုင်ရန် လှုံ့ဆော်ပေးတို့ ပါဝင်တယ်” ဟု ထပ်လောင်းပြောကြားခဲ့ပါတယ်။ “အခွန်ဆောင်ခြင်းမပြုသော အဖြစ်အပျက်များကသတင်းပေးပို့လို့မရပါဘူး။
👍16❤3🔥2
Mizzima Weekly Sports အစီအစဉ် 
===============

တပတ်အတွင်း အားကစားလောကရဲ့ထူးခြားတဲ့ သတင်းအကြောင်းအရာတွေကို ပရိသတ်တွေအတွက် စုစည်းတင်ဆက်ပေးသွားမယ့် Mizzima ရဲ့ Weekly Sports အစီအစဉ် ဖြစ်ပါတယ်။ 

-------------

ဒီတစ်ပတ်မှာတော့ .....

- အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင် နာရီပိုင်းအလို အော့ကလန်မှာ သေနတ်ပစ်ခတ်မှုဖြစ်ပွား

- မက်ဆီဟာ မေဂျာလိဂ်နဲ့ လိုက်လျောညီထွေဖြစ်ဖို့ အချိန်လိုပါလိမ့်မယ် - ဘက်ခမ်း

- အသင်းခေါင်းဆောင်ဟောင်းအတွက် 'အကောင်းဆုံးအရာ'က မန်ယူနိုက်တက်ကနေ ထွက်ခွာဖို့ပါပဲလို့ ဝိန်းရူးနီ ပြော 

- ကွယ်လွန်ပြီး နှစ် ၅၀ ကြာတဲ့အထိ တောက်ပနေဆဲ ဘရုစ်လီ စတဲ့အကြောင်းအရာတွေအပါအဝင် စိတ်ဝင်စားဖွယ် အားကစားသတင်းတွေကို တင်ဆက်ပေးမှာပါ။

https://youtu.be/YzyaQZfnpAc

#weeklysport 
#MizzimaTV 
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8❤2🔥1
​​ပုသိမ်တံတားပေါ်မှ ခုန်ချသည့် လူငယ်ကို ရှာမတွေ့သေးဟု မြို့ခံများ ပြော
===============

မင်းထက်

(မဇ္စျိမ)။ ။ ဧရာဝတီတိုင်း၊ ပုသိမ်မြို့ကမ်းနားလမ်းရှိ အမှတ်(၂) တံတားပေါ်မှ လူငယ်အမျိုးသားတစ်ဦး မြစ်အတွင်းသို့ ခုန်ချမှု ဖြစ်ပွားခဲ့ရာ ထိုလူငယ်ကို လိုက်လံရှာဖွေနေကြသော်လည်း ရှာမတွေ့သေးကြောင်း ပုသိမ်မြို့ဒေသခံများက မဇ္ဈိမကို ပြောသည်။

ယမန်နေ့ ဇူလိူင်လ ၂၁ ရက်နေ့ ၊ ည ၈ နာရီ ၃၀ မိနစ်ခန့်အချိန်က ပုသိမ်တံတား အမှတ် (၂) ပေါ်သို့ လူငယ် အမျိုးသား သုံးဦးရောက်ရှိလာခဲ့ပြီး ၎င်းတို့အနက်မှ အသက် ၂၂ နှစ်အရွယ် ကိုဖြိုးပြည်စုံသည် မြစ်ထဲသို့ ခုန်ချသွားခြင်းဖြစ်သည်ဟု မြို့ခံလူငယ် တစ်ဦးက ပြောသည်။

"ကောင်လေးခုန်ချပြီးတော့ သူ့သူငယ်ချင်း ကောင်လေးတစ်ယောက်က အော်ဟစ်ပြီး အကူညီတောင်းတာတွေ့တယ်၊ အဲ့လိုဖြစ်တော့ လူတွေလည်း အများကြီးပဲ ဝိုင်းကြည့်ကြတာပေါ့၊ ဖေ့စ်ဘွတ်မှာ လူတွေတင်တော့မှ ၉ ခွဲ ၁၀ နာရီလောက်မှာ လူမှုရေးအဖွဲ့တွေရောက်လာပြီး ကမ်းပေါ်ကနေ ဓာတ်မီးထိုးရှာကြတယ်” ဟု ပုသိမ်မြို့ခံတစ်ဦးက ပြောသည်။

ကိုဖြိုးပြည့်စုံသည် မည်သည့်အတွက်ကြောင့် တံတားပေါ်မှ ခုန်ချခဲ့သည်ကို မသိရကြောင်း မြို့ခံများက ပြောသည်။ ၎င်းသည် ပုသိမ်မြို့ အမှတ် (၁) ရပ်ကွက် ကိုးသောင်း (၅) လမ်းတွင် နေထိုင်သူဖြစ်သည်ဟု မိသားစုဝင်တစ်ဦးက မဇ္စျိမကို ပြောသည်။

၎င်းအား ယနေ့ ဇူလိုင်လ ၂၂ ရက်၊ မွန်းလွဲပိုင်းအချိန်ထိ ပြန်ရှာမတွေ့သေးကြောင်းနှင့် မိသားစုဝင်များက စက်လှေဖြင့် မြစ်ကြောတစ်လျှောက် ဆက်လက်ရှာဖွေမှုများ ပြုလုပ်နေကြောင်း မိသားစုဝင်တစ်ဦးက ပြောသည်။

အဆိုပါ ခုန်ချမှု ဖြစ်စဉ်နှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း စစ်ကောင်စီတပ်လက်အောက်ခံ၊ ရဲတပ်ဖွဲ့နှင့် နီးစပ်သူအချို့က မဇ္ဈိမကို ပြောသည်။ 

ပုသိမ်မြို့နှင့် ငဝန်မြစ် အနောက်ဘက်ကမ်းရှိ လူနေရပ်ကွက်များကို တိုက်ရိုက်ဆက်သွယ်ထားပြီး တံတားအောက် အမြင့်ပေ ၆၀ ခန့်ရှိသော အဆိုပါ တံတားပေါ်မှ လူခုန်ချမှုသည် ယခုပထမဆုံးအကြိမ်ဖြစ်ကြောင်း မြို့ခံများက ပြောသည်။

စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။  ။သန့်ဇော်(သန်လျင်)
ဓာတ်ပုံ - ပုသိမ်ကမ်းနားလမ်းတစ်နေရာ(ပုံဟောင်း)

#ပုသိမ်တံတား၂
#တံတားပေါ်မှခုန်ချ
#Mizzima

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7🔥2😢1
This media is not supported in your browser
VIEW IN TELEGRAM
👉 တစ်ရက်အတွင်းမှာ နားထောင်သူ 3.9 million ရှိခဲ့တဲ့ BTS အဖွဲ့ဝင် Jung Kook ရဲ့သီချင်းအသစ်

Full Video Link - https://youtu.be/gU7-TVm96Bo

#entertainmentnews #celecity #mizzimaplus #internationalnews #reels #shorts
👍7🥰2🤣2🌭1
​​အမေရိကန် ဒေါ်လာကို Bitcoin ဖြင့် ကျောထောက်နောက်ခံပြုခြင်း အကြောင်းပြောလာတဲ့ ဒီမိုကရက်တစ်သမ္မတလောင်း Robert F. Kennedy Jr.
======================

(ယခု ဆောင်းပါးကို Bitcoin Myanmar Initiative မှ ထောက်ပံ့ထားသည်။)
[https://www.facebook.com/bitcoin.MM.initiatve](https://www.facebook.com/bitcoin.MM.initiatve"‌")

မြန်မာနိုင်ငံ အကြောင်းကို အထူးအလေးပေးဖော်ပြခဲ့တဲ့ အမေရိကန်ဒီမိုကရက်တစ်သမ္မတလောင်း Robert F. Kennedy Jr. ကမကြာသေးမီ မဲဆွယ်ပွဲတစ်ခုတွင် အမေရိကန် ဒေါ်လာကို Bitcoin ဖြင့် ကျောထောက်နောက်ခံပြုခြင်း အပါအဝင် Bitcoin အာရုံစိုက်သည့် မူဝါဒများကို ရှင်းလင်းစွာ ထုတ်ဖော်ကြားခဲ့ပါတယ်။ Heal-the-Divide PAC အခမ်းအနားတွင် ဒီမိုကရက်တစ်သမ္မတလောင်း Robert F. Kennedy Jr. က အမေရိကန် ဒေါ်လာကို ဖြည်းဖြည်းချင်း ကျောထောက်နောက်ခံပြုခြင်းအပါအဝင် သမ္မတဖြစ်လာပါက ပြဋ္ဌာန်းမည့် Bitcoin အာရုံစိုက်သည့် မူဝါဒများကို ဖော်ပြခဲ့ပါတယ်။

"ကျွန်တော့ ရဲ့ အစီအစဉ်ဟာ အလွန်သေးငယ်ပါတယ်၊ ထုတ်ပေးထားသော T-bills များ၏ 1% ဟာ hard currency၊ gold, silver platinum သို့မဟုတ် bitcoin တို့ဖြင့် ကျောထောက်နောက်ခံပြုပါလိမ့်မယ်” ဟု Kennedy က US တွင် hard currency standard သို့ပြန်လာခြင်းအတွက် သူရဲ့အမြင်ကိုဖော်ပြခဲ့ပါတယ်။ “ကနဦးအဆင့်ကတော့ ရလဒ်ပေါ် မူတည်ပါတယ် ဒါပေမယ့် ခွဲဝေပေးမှုကို တော့ နှစ်စဉ် တိုးမြှင့်သွားမှာပါ”လို့ ဆက်လက်ပြောထားပါတယ်။

အလားအလာရှိသောမူဝါဒဟာ bitcoin ရဲ့ အကြွင်းမဲ့ရှားပါးမှုနှင့် ခိုင်လုံသောငွေကြေးအခြေခံမူများဟာ ကမ္ဘာ့အရန်ငွေကြေးအဖြစ် အမေရိကန်ဒေါ်လာရဲ့ဆုတ်ယုတ်မှုအနေအထားကို အားဖြည့်ပေးနေပြီး အနာဂတ်ကို ညွှန်ပြနေလျက်ရှိပြီး အလားအလာရှိသောမူဝါဒဟာ ဘဏ္ဍာရေးစနစ်အား ပြန်လည်ပုံဖော်ပေးပါတယ်။ “ခိုင်မာသောပိုင်ဆိုင်မှုများဖြင့် ဒေါ်လာနှင့် အမေရိကန်ကြွေးမြီများကို ကျောထောက်နောက်ခံပြုခြင်းဟာ ဒေါ်လာကို ပြန်လည်ခိုင်မာစေပြီး ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်ရန်နှင့် အမေရိကန်ဘဏ္ဍာရေးတည်ငြိမ်မှု၊ ငြိမ်းချမ်းမှုနှင့် သာယာဝပြောရေးခေတ်သစ်ကို ပို့ဆောင်နိုင်ပါတယ်” ဟု Kennedy ကကြေညာခဲ့ပါတယ်။

Kennedy က သူရဲ့ အုပ်ချုပ်မှုစနစ်ကို “အရင်းအနှီးအမြတ်ခွန်များမှ Bitcoin၊ Bitcoin မှ US ဒေါ်လာ သို့ ပြောင်းလဲခြင်းမှ ကင်းလွတ်ခွင့်ပေးမယ်”လို့လည်းကြေငြာခဲ့ပါတယ်။ အကျိုးကျေးဇူးတွေကတော့ ဆန်းသစ်တီထွင်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကို လှုံ့ဆော်ပေးခြင်း၊ နိုင်ငံသားတစ်ဦးရဲ့ကိုယ်ပိုင်လွတ်လပ်ခွင့်ရရှိစေရေး၊ စင်္ကာပူ၊ ဆွစ်ဇာလန်၊ ဂျာမနီနှင့် ပေါ်တူဂီတို့တွင်ထက် သူတို့ရဲ့စီးပွားရေးနှင့် နည်းပညာဆိုင်ရာအလုပ်အကိုင်များကို အမေရိကန်ပြည်ထောင်စုတွင် စွန့်စားလုပ်ကိုင်ရန် လှုံ့ဆော်ပေးတို့ ပါဝင်တယ်” ဟု ထပ်လောင်းပြောကြားခဲ့ပါတယ်။ “အခွန်ဆောင်ခြင်းမပြုသော အဖြစ်အပျက်များကသတင်းပေးပို့လို့မရပါဘူး။ ဆိုလိုတာက လွတ်လပ်စွာ ပြောဆိုခွင့်ကို ဆန့်ကျင်တဲ့အစိုးရများအတွက် ငွေကြေးလက်နက် ကိုင်ဆောင်ဖို့ ပိုမိုခက်ခဲလာမယ် “ဟုပြောဆိုထားတာက သူရဲ့ အဓိက ရည်မှန်းချက်များထဲမှ တစ်ခုဖြစ်ပါသေးတယ်။

သူရဲ့ကြေငြာချက်တွင် Kennedy က မေလတွင်ကျင်းပသည့် Bitcoin 2023 ကွန်ဖရင့်တွင် “Bitcoin ရဲ့ ကိုယ်ပိုင်အုပ်ထိန်းခွင့်ကို ခုခံကာကွယ်ခြင်း” အပါအဝင် “အိမ်တွင် node ကိုယ်ပိုင်စီမံနိုင်ရန် ” နှင့်“စက်မှုလုပ်ငန်း-ကြားနေစွမ်းအင်စည်းမျဉ်းများ” တို့ကို အကာအကွယ်ပေးသည့် Bitcoin မွေးစားခြင်းကို မြှင့်တင်ရန် ကတိကဝတ်များစွာကို ထပ်လောင်းပြောကြားခဲ့ပါတယ်။ Kennedy သည် သူရဲဦးလေးဖြစ်သူ သမ္မတ John F. Kennedy ၏ စံနှုန်းများနှင့် လွတ်လပ်ပြီး တရားမျှတသော နိုင်ငံကို အုပ်ချုပ်ရန်အတွက် သူရဲ့ကိုယ်ပိုင်အမြင်နှင့် Bitcoin ဆိုင်ရာ ကတိကဝတ်များကို ဘောင်ခတ်ထားပါတယ်။ “ကျနော့်ဦးလေး သမ္မတ Kennedy သူရာထူးတက်တုန်းက ခက်ခဲတဲ့ ငွေကြေးရဲ့ အရေးပါမှုနဲ့ တခြားရွေးချယ်စရာမရှိတဲ့ စစ်မှန်တဲ့ fiat ငွေကြေးရှိခြင်းရဲ့ အန္တရာယ်တွေကို နားလည်ခဲ့တယ်” ဟု ကနေဒီက ပြောကြားခဲ့ပါတယ််။ သူက fiat ငွေကြေးနှင့် စစ်ပွဲ၊ fiat ငွေကြေးနှင့် အလွန်ပျက်စီးစေသော သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပရောဂျက်များနှင့် ကြီးမားသော စည်းစိမ်ဥစ္စာများနှင့် မမျှတမှု၊ စည်းစိမ်ဥစ္စာများရဲ့ အဆုံးစွန်သော အထွက်နှုန်းဖြစ်သည့် စည်းစိမ်ဥစ္စာကွာဟမှုကိုလည်း နားလည်ခဲ့သူတစ်ဦးဖြစ်ပါတယ်။
‌
Telegram တွင် စောင့်ဖတ်ရန် → [
https://t.me/BitcoinMyanmarEDU](https://t.me/BitcoinMyanmarEDU "smartCard-inline")
http://www.mizzimaburmese.com/article/131145

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍12🔥2👏1
KIA ဌာနချုပ်အနီးရှိ နမ်ဆန်ယန် ကျေးရွာကို စစ်ကောင်စီ လေယာဉ်ဖြင့် ဗုံးကြဲ
😢5🤬3❤1👏1
​​KIA ဌာနချုပ်အနီးရှိ နမ်ဆန်ယန် ကျေးရွာကို စစ်ကောင်စီ လေယာဉ်ဖြင့် ဗုံးကြဲ
=====================

KMN ၊ အဂမ်
(မဇ္ဈိမ)။ ။ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဌာနချုပ် တည်ရှိရာ လိုင်ဇာမြို့နှင့် ၁၂ မိုင်ခန့် အကွာရှိ နမ်ဆန်ယန် ကျေးရွာကို စစ်ကောင်စီတပ်က ယမန်နေ့ ဇူလိုင် ၂၁ ရက် ည ၁၀နာရီခွဲဝန်းကျင်တွင် လေယာဉ် လေးစီးဖြင့် ဗုံးလေးလုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသ သတင်းရင်းမြစ်များထံက သိရသည်။

ကြဲချ တိုက်ခိုက်ခဲ့သည့်ဗုံးသည် နမ်ဆန်ယန်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် နှစ်လုံး၊ RC ဘုရားကျောင်းအနီး K Net အင်တာနက်ကြိုးလိုင်း မြှုပ်ထားသည့် အနီးတွင် တစ်လုံးနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးနေအိမ်ဘက်တွင် တစ်လုံး ကျရောက်ပေါက်ကွဲခဲ့သည်။
ထိုတိုက်ခိုက်မှုကြောင့် လူထိခိုက်မှု မရှိသော်လည်း နွား လေးကောင်ခန့် သေဆုံးခဲ့ကြောင်းသိရသည်။

"ထိတဲ့လူတော့ မရှိဘူးတဲ့။ တိရစ္ဆာန်ကတော့ တစ်ကောင်စ၊ နှစ်ကောင်စတော့ ထိတယ်တဲ့ ။အဲဒါပဲ”ဟု နမ်ဆန်ယန်ကျေးရွာ ဒေသခံက ပြောသည်။

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ဗဟိုဌာနချုပ်နယ်မြေ လုံခြုံရေးအတွက်အရေးပါသည့် နမ်ဆန်ယန် ကျေးရွာအနီးရှိ ဒွမ်ဘန်ဘွမ်၊ ထွယ်ဝါဘွမ့်၊ ဖုန်ကရောင်ဘွမ့် စသည့်နေရာများတွင် စစ်ကောင်စီတပ်က ပြန်လည်တပ်စွဲချင်သည့်အတွက် စစ်ကြောင်းထိုးရာမှ တိုက်ပွဲများဖြစ်ပွားလာခြင်းဖြစ်ကြောင်း KIO ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ကချင်သတင်းဌာနသို့ ပြောကြားထားသည်။

လက်ရှိတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် နမ်ဆန်ယန်ကျေးရွာမှ ဒေသခံတချို့သည့် KIA ထိန်းချုပ်ဧရိယာထဲသို့ တိမ်းရှောင်နေကြသလို မိုင်းနားကျေးရွာရှိ ကက်သလစ်စစ်ရှောင်စခန်းတွင် တိမ်းရှောင်ကြသူများလည်းရှိကြောင်း သိရသည်။
စစ်ကောင်စီတပ်က ပြီးခဲ့သည့် ဇူလိုင်လ ၃ ရက်ဝန်းကျင်မှ စတင်ကာ ကချင်ပြည်နယ်တွင် စစ်ကြောင်းများ ဆက်တိုက်ထိုးနေပြီး မြစ်ကြီးနား-ဗန်းမော် လမ်းမပေါ်တွင် တည်ရှိသည့် နမ်ဆန်ယန် ကျေးရွာ အနီးတွင် ဇူလိုင်လ ၈ ရက်က စတင်ကာ တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်သည်။

ဝိုင်းမော်-လိုင်ဇာလမ်းမပေါ်တွင်ရှိသည့် နမ်ဆန်ယန်ကျေးရွာ ဒေသခံများသည် ၂၀၁၁ ခုနှစ်က ဖြစ်ပွားခဲ့သည့် KIA နှင့် စစ်ကောင်စီတပ်တို့၏ တစ်ကျော့ပြန်တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရာမှ ၂၀၁၈ ခုနှစ်တွင် နေရပ်ပြန်လည် နေထိုင်ခဲ့ကြခြင်းဖြစ်သည်။ KIA နှင့် စစ်ကောင်စီတပ် ဖွဲ့များ အကြား တိုက်ပွဲပြင်းထန်နေသည်မှာ တစ်လခန့်ရှိပြီး လက်ရှိတွင် စစ်ရေးအခြေအနေ တင်းမာနေဆဲဖြစ်သည်။

Photo - ပေးပို့
(ဇူလိုင် ၂၁ ရက်ညက ဗုံးကြဲခံ လိုက်ရသည့် နန်ဆန်ယန် အုပ်ချုပ်ရေးရုံး)
စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#နမ်ဆန်ယန်
#ဗုံးကြဲ
#KIA ဌာနချုပ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါ
😁6🤬6👍2❤1
​​မြန်မာအပေါ် အီးယူ၏ ဒဏ်ခတ်ပိတ်ဆို့မှုသစ်အား Justice For Myanmar ကြိုဆို
============================

ME 2 သည် စစ်ကောင်စီ၏ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန (MONREC) လက်အောက်ရှိ နိုင်ငံပိုင် လုပ်ငန်း ငါးခုမှ တစ်ခုဖြစ်ပြီး ၂၀၂၁ ဖေဖော်ဝါရီ ၁ အာဏာသိမ်းချိန်မှစကာ စစ်ကောင်စီက တရားမဝင် ထိန်းချုပ်ထားခြင်း ဖြစ်သည်။ ME 2 က စစ်ကောင်စီအတွက် ရန်ပုံငွေ အဓိကရင်းမြစ် ထောက်ပံ့နေပြီး ပြည်သူများအပေါ် အကြမ်းဖက်မှုများ ကျူးလွန်နိုင်အောင် စစ်ကောင်စီအတွက် ဘဏ္ဍာငွေ အထောက်အကူ ပြုနေသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍17😁2❤1
This media is not supported in your browser
VIEW IN TELEGRAM
ခင်ပွန်းဖြစ်သူနဲ့ ကွာရှင်းတော့မည်ဖြစ်တဲ့ အဆိုတော် Ariana Grande

Full Video Link - https://youtu.be/gU7-TVm96Bo

#entertainmentnews #celecity #mizzimaplushd #internationalnews #reels #shorts
👍10🌭1🍌1
Cele City - Episode 28
===============

🔈 Mizzima +TV မှ နိုင်ငံတကာနောက်ဆုံးရ ဖျော်ဖြေရေးသတင်းများနဲ့အတူ Cele City အစီအစဉ်လေးရောက်ရှိလာပါပြီ..

ဒီအပတ်မှာဆိုရင်

👉 ပြတ်သွားပြီလို့ထင်ကြပေမဲ့ ပြန်လည်တွဲနေကြတဲ့ Aditya Roy Kapur တို့အတွဲ

👉 ခင်ပွန်းဖြစ်သူနဲ့ကွာရှင်းတော့မည်ဖြစ်တဲ့ အဆိုတော် Ariana Grande

👉 Superman နေရာတွင်ပါ၀င်မဲ့ သရုပ်ဆောင် David Corenswet

အပြင် တခြားဖျော်ဖြေရေးနှင့်ဆိုင်တဲ့သတင်းများပါ တင်ဆက်ပေးသွားမှာမို့ အပတ်စဉ် စနေနေ့ Mizzima + TV channel မှာ ညနေ ၄ ခွဲ အချိန်မှာ စောင့်မျှော်ကြည့်ရှုနိုင်ပါပြီ။

https://www.youtube.com/watch?v=gU7-TVm96Bo
👍4🔥2
Media is too big
VIEW IN TELEGRAM
အသည်းကြက်သွန်ဖြူကြော် | Chef Eve's Easy Thai Cooking Show

Watch more detail- https://youtu.be/Y5vejsWlgAs

#reels #shorts #Mizzima #ပဲငပိချက် #ChefEve’s #thaicooking
😁2🤮1
​​Drishyam 2
===============

2015 မှာထွက်ခဲ့တဲ့ Drishyam ဇာတ်လမ်းရဲ့ အဆက်အဖြစ် ၂၀၂၁ မှာ ထွက်ရှိလာတဲ့ဇာတ်ကားကောင်းတစ်ကားပါ .. ပထမဇာတ်လမ်းမှာ လူသတ်မှုကနေ ကွင်းလုံးကျွတ်လွတ်လာခဲ့တဲ့ ဗီဂျေးဆယ်လ်ဂါအွန်ကာတို့ မိသားစုဟာ အဖြစ်အပျက်တွေအားလုံးကို မေ့ပစ်ပြီး ရှေ့ဆက်ဖို့ ကြိုးစားခဲ့ကြပေမယ့် သားဖြစ်သူ သေဆုံးသွားခဲ့ရလို့ အခဲမကြေနိုင်သေးတဲ့ မီရာဟာ နောက်ထပ် ထူးချွန်ထက်မြက်တဲ့ ရဲအရာရှိတစ်ယောက်ရဲ့ အကူအညီနဲ့ ဗီဂျေးတို့မိသားစုကို ဖမ်းဆီးနိုင်ဖို့ ဆက်ပြီး ကြိုးစားနေခဲ့တယ် .. ဖြစ်ချင်တော့ ဗီဂျေးအလောင်းကို ရဲစခန်းမှာ မြှုပ်နေတဲ့ညက လူသတ်မှုနဲ့ ထွက်ပြေးလာတဲ့သူတစ်ယောက်က ဗီဂျေးကို မြင်သွားခဲ့တယ် .. လူသတ်မှုနဲ့အဖမ်းခံရပြီး ထောင် ၇ နှစ်ကျပြီး ပြန်ထွက်လာတဲ့အခါမှာ သူ့မိသားစုကို ပြန်လည်တည့်မတ်ဖို့ ကြိုးစားနေတဲ့ ထောင်ထွက်လူသတ်သမားက ဗီဂျေးတို့အမှုနဲ့ပက်သက်ပြီး သတင်းပေးနိုင်သူကို ဆုငွေေ၅ သိန်းပေးမယ်လို့ ကြေညာထားတာကို တွေ့ပြီး အဲ့ဒီညက သူမြင်ခဲ့တာကို သတင်းသွားပေးတဲ့အခါ ....

ပထမဇာတ်လမ်းမှာ ရှာမတွေ့ခဲ့တဲ့အလောင်းကို မီရာတို့ တကယ်ပဲ ရှာတွေ့သွားမှာလား

ရှာတွေ့သွားတဲ့အခါ ဗီဂျေးတို့ မိသားစု ဘာဆက်ဖြစ်မလဲ ...

Mizzima + တွင် ပြသနေသည့် ည (၈) နာရီအချိန်မှာပဲ Mizzima App တွင်လည်း live stream ကြည့်ရှုနိုင်ပါသည်..

#New ပြသမည့်ရက် ။ ။22.7.2023
ပြသမည့်အချိန်။ ။ ည (၈:၀၀) နာရီ
#Replay ပြန်လည်ပြသမည့်အချိန် ။ ။23.7.2023
ပြသမည့်အချိန်။ ။နေ့လည် (၂:၀၀) နာရီ

(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။

#bollywood #indiamovie
👍8🔥1
​​သားဖြစ်သူက မကြာမီ ဝန်ကြီးချုပ် ဖြစ်လာနိုင်ဟု ဟွန်ဆန် ပြော
=======================

ကမ္ဘောဒီးယားနိုင်ငံတွင် ဇူလိုင် ၂၃ ရက်၌ တစ်ဖက်သတ် ရွေးကောက်ပွဲ ကျင်းပရန် ရက်ပိုင်းအလို၌ ကမ္ဘာ့အရှည်ကြာဆုံး အာဏာအုပ်စိုးသူ ဝန်ကြီးချုပ် ဟွန်ဆန်က သူ၏ အကြီးဆုံးသားနှင့် အရိုက်အရာ ဆက်ခံသူ ဟွန်မန်နက်သည် လာမည့်လ၌ တာဝန်ပုခုံးထမ်း ပြောင်းယူဖြစ်နိုင်သည်ဟု အရိပ်ပြပြောဆိုလာခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံအား ဆယ်စုနှစ် လေးစုနီးပါး အုပ်ချုပ်နေသည့် ဖခင်ဖြစ်သူ ဟွန်ဆန်ထံမှ အမေရိကန်နှင့် ဗြိတိန်တို့တွင် ပညာသင်ကြားခဲ့သည့် အသက် ၄၅ နှစ်အရွယ် ဟွန်မန်နက်က ရာထူးလွှဲပြောင်း ရယူနိုင်သည်ဟု ကျယ်ကျယ်ပြန့်ပြန့် ထင်မြင်ယူဆထားခဲ့သော်လည်း မည်သည့်အချိန်တွင် လွှဲပြောင်းရယူမည်နည်းဆိုသည်ကို ယခင်က ပြောဆိုထားခြင်း မရှိပေ။

“သုံးပတ်နဲ့ လေးပတ်အတွင်း ဟွန်မန်နက်က ဝန်ကြီးချုပ် ဖြစ်လာနိုင်တယ်၊ သူ့ တတ်နိုင် မတတ်နိုင် အနေအထားပေါ် မူတည်တယ်”ဟု တရုတ် Phoenix TV နှင့် အင်တာဗျူးတစ်ရပ်၌ ဟွန်ဆန်က ပြောသည်။

အာဏာရှင်ဆန်‌သော ခေါင်းဆောင်နှင့် ခမာနီပြောက်ကျားတပ်သားဟောင်း ဟွန်ဆန်သည် လာမည့်လတွင် အသက် ၇၁ နှစ် ပြည့်မည် ဖြစ်သည်။

ကမ္ဘောဒီးယား ထိပ်တန်းဗိုလ်ချုပ်ကြီးများမှ တစ်ဦးဖြစ်ပြီး ဖခင်ဖြစ်သူ ကိုယ်ရံတော်တပ် ခေါင်းဆောင်ဟောင်း ဟွန်မန်နက်သည် တနင်္ဂနွေနေ့ ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းအဖြစ် ထွက်ပေါ်ထားခဲ့ပြီး ဖြစ်သည်။

အာဏာရ ကမ္ဘောဒီးယား ပြည်သူ့ပါတီ (CPP) သည် ၎င်း၏ တစ်ခုတည်းသော ပြိုင်ဖက်ပါတီကို မှတ်ပုံတင် လုပ်ထုံးလုပ်နည်း မညီညွတ်ဆိုကာ ရွေးကောက်ပွဲ၌ ပိတ်ပင်ပြီးနောက် ယှဉ်ပြိုင်ကန့်ကွက်သူ မရှိသလောက်နီးပါးဖြင့် အနိုင်ကျိန်းသေနေသည်။

ဟွန်ဆန်သည် မီဒီယာများကို ထိန်းချုပ်ခြင်း၊ ဝေဖန်သူများကို ခြိမ်းခြောက်ခြင်းနှင့် အတိုက်အခံများကို ရာဇဝတ်မှု စွပ်စွဲချက်များဖြင့် စနစ်တကျ ဖြိုခွင်းခြင်းများ ရှိသည်ဟု စွပ်စွဲလျက် လူ့အခွင့်အရေးအုပ်စုများက ရွေးကောက်ပွဲကို ပယ်ချထားသည်။
အစိုးရကမူ ၎င်း၏ ပြိုင်ဖက်များအား ဖိစီးနှိပ်စက်ခြင်း မရှိကြောင်း ငြင်းဆန်သည်။

ပြိုင်ဖက်များအပေါ် ဖြိုခွင်းခြင်းသည် သားဖြစ်သူအား ချောမွေ့စွာ အာဏာလွှဲပြောင်းနိုင်ရေးအတွက် ရွေးကောက်ပွဲ တစ်ဖက်သတ် အနိုင်ရဖို့ ကျိန်းသေရန်အတွက် ပုံစံချစီစဉ်လုပ်ဆောင်ခြင်း ဖြစ်သည်ဟု ကျွမ်းကျင်သူ တော်တော်များများက ယုံကြည်ထားသည်။
👍11😁4❤1🔥1🤮1