Media is too big
VIEW IN TELEGRAM
ဝက်သားပြားကန်စွန်းရွက်သောက်ဆမ်း | Chef Eve's Easy Thai Cooking Show
Watch more detail- https://youtu.be/Y5vejsWlgAs
#reels #shorts #Mizzima #ThaiCooking #ပဲငပိချက် #ChefEve’s

👍3👏1🤮1
ဆားလင်းကြီးမြို့နယ်ထဲမှာ စစ်ကောင်စီတပ်ဖွဲ့ကစစ်ကြောင်းထိုးနေလို့ ဒေသခံတွေထွက်ပြေးနေရ (ရုပ်သံ၊သတင်း)
====================
MTO
(မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီတပ်ဖွဲ့က စစ်ကြောင်းထိုးနေလို့ ကျေးရွာ ၁၅ ရွာလောက်က ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေ ဆီကနေ သိရပါတယ်။
အင်အား ၁၅၀ ခန့်ပါတဲ့ အဲ့ဒီစစ်ကြောင်းဟာ ဇူလိုင်လ ၁၉ ရက်နေ့ က ဝမ်ပေါင်ကြေးနီစီမံကိန်းဝန်းအတွင်းက ထွက်လာပြီးနောက် ညောင်ပင်ကြီး ကျေးရွာမှာ အထိုင်ချကာ မနေ့က ဇူလိုင်လ ၂၁ ရက် နေ့ကစပြီး ချင်းတွင်းမြစ်ကြောင်းတစ်လျှောက်က ကျေးရွာတွေကို စစ်ကြောင်းထိုးနေတာဖြစ်တယ်လို့ ဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
သတင်း MTO
တင်ဆက်၊တည်းဖြတ် MTO
https://youtu.be/FNz_MVba0ms
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

YouTube
ဆားလင်းကြီးမြို့နယ်ထဲမှာ စစ်ကောင်စီတပ်ဖွဲ့ကစစ်ကြောင်းထိုးနေလို့ ဒေသခံတွေထွက်ပြေးနေရ
MTO (မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီတပ်ဖွဲ့က စစ်ကြောင်းထိုးနေလို့ ကျေးရွာ ၁၅ ရွာလောက်က ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေ ဆီကနေ သိရပါတယ်။
အင်အား ၁၅၀ ခန့်ပါတဲ့ အဲ့ဒီစစ်ကြောင်းဟာ ဇူလိုင်လ…

😢6🔥4👍3😁1
သံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့် Burmese American Community Institute မှ ကျောင်းသားများ တွေ့ဆုံ
👍17🔥1😁1

=====================
မဇ္ဈိမ
အမေရိကန်ပြည်ထောင်စု အင်ဒီယားနားပြည်နယ် Burmese American Community Institute မှ Executive Director - Mr Elaisa Vahnie ဦးဆောင်သော Upward College Summer Scholar Program မှ Burmese -American ကျောင်းသား ၄၀ ကျော်နှင့် အဖွဲ့မှ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းအား နယူးယောက်မြို့ရှိ ၎င်း၏ရုံးခန်းတွင် လာရောက်တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။
တွေ့ဆုံပွဲတွင် သံအမတ်ကြီးမှ မိတ်ဆက်စကားနှင့် ကုလသမဂ္ဂဆိုင်ရာ ကိစ္စရပ်များကိုရှင်းလင်းပြောကြားပြီး မြန်မာ့နွေဦးတော်လှန်ရေးနှင်ပတ်သက်ပြီး ကျောင်းသားများနှင့် အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ယခုလာရောက်တွေ့ဆုံသော ကျောင်းသားများသည် Burmese American Community အတွက် အနာဂတ်များဖြစ်ကြောင်း၊ မြန်မာ့နွေဦးတော်လှန်ရေးနှင့် ပြန်လည်ထူထောင်ရေးတွင် မိမိတို့တတ်နိုင်သည့်ဘက်မှ ပြန်လည်ကူညီပေးကြရန် ဦးကျော်မိုးထွန်းက ပြောကြားခဲ့သည်။
Executive Director - Mr Elaisa Vahnie မှ မြန်မာ့နွေဦးတော်လှန်ရေးသံတမန်ရေးရာ ကိစ္စရပ်များတွင် သံအမတ်ကြီး၏အခန်းကဏ္ဍသည် အင်မတန်အရေးကြီးကြောင်း ကုလသမဂ္ဂတွင် သံအမတ်ကြီးဆက်လက်တည်ရှိရေးအတွက်လည်း Burmese American Community Institute မှ အစွမ်းကုန်ကြိုးစားကူညီမည်ဟု ပြောကြားခဲ့သည်။
လာရောက်တွေ့ဆုံသော အဖွဲ့တွင် Burmese American Community Institute မှ Executive Director - Mr Elaisa Vahnie , Program Supporter- Dr Bawi Mang Lian, Program Director - Lian Sang, MP - U Zaw Thein, Program Coordinator: Va Chha နှင့် Upward College Summer Scholar Program မှ ကျောင်းသားများပါဝင်ကြသည်။
ဓါတ်ပုံ- KyawSoe Latt
#သံအမတ်ကြီး
#ဦးကျော်မိုးထွန်း
#Mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
=====================
မဇ္ဈိမ
အမေရိကန်ပြည်ထောင်စု အင်ဒီယားနားပြည်နယ် Burmese American Community Institute မှ Executive Director - Mr Elaisa Vahnie ဦးဆောင်သော Upward College Summer Scholar Program မှ Burmese -American ကျောင်းသား ၄၀ ကျော်နှင့် အဖွဲ့မှ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းအား နယူးယောက်မြို့ရှိ ၎င်း၏ရုံးခန်းတွင် လာရောက်တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။
တွေ့ဆုံပွဲတွင် သံအမတ်ကြီးမှ မိတ်ဆက်စကားနှင့် ကုလသမဂ္ဂဆိုင်ရာ ကိစ္စရပ်များကိုရှင်းလင်းပြောကြားပြီး မြန်မာ့နွေဦးတော်လှန်ရေးနှင်ပတ်သက်ပြီး ကျောင်းသားများနှင့် အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ယခုလာရောက်တွေ့ဆုံသော ကျောင်းသားများသည် Burmese American Community အတွက် အနာဂတ်များဖြစ်ကြောင်း၊ မြန်မာ့နွေဦးတော်လှန်ရေးနှင့် ပြန်လည်ထူထောင်ရေးတွင် မိမိတို့တတ်နိုင်သည့်ဘက်မှ ပြန်လည်ကူညီပေးကြရန် ဦးကျော်မိုးထွန်းက ပြောကြားခဲ့သည်။
Executive Director - Mr Elaisa Vahnie မှ မြန်မာ့နွေဦးတော်လှန်ရေးသံတမန်ရေးရာ ကိစ္စရပ်များတွင် သံအမတ်ကြီး၏အခန်းကဏ္ဍသည် အင်မတန်အရေးကြီးကြောင်း ကုလသမဂ္ဂတွင် သံအမတ်ကြီးဆက်လက်တည်ရှိရေးအတွက်လည်း Burmese American Community Institute မှ အစွမ်းကုန်ကြိုးစားကူညီမည်ဟု ပြောကြားခဲ့သည်။
လာရောက်တွေ့ဆုံသော အဖွဲ့တွင် Burmese American Community Institute မှ Executive Director - Mr Elaisa Vahnie , Program Supporter- Dr Bawi Mang Lian, Program Director - Lian Sang, MP - U Zaw Thein, Program Coordinator: Va Chha နှင့် Upward College Summer Scholar Program မှ ကျောင်းသားများပါဝင်ကြသည်။
ဓါတ်ပုံ- KyawSoe Latt
#သံအမတ်ကြီး
#ဦးကျော်မိုးထွန်း
#Mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍14😁2❤1🔥1
ကနီမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် လုံခြုံရေးယူနေသည့် စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရ
========================
လွှမ်းမိုး
(မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း ၊ ကနီမြို့ရှိ မြန်မာ့စီးပွားရေးဘဏ်တွင် လုံခြုံရေးယူကာ စောင့်ကြပ်ပေးနေသည့် စစ်ကောင်စီတပ်ဖွဲ့ကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက ဇူလိုင်လ ၁၉ ရက် ည ၁၂ နာရီခန့်တွင် တိုက်ခိုက်ခဲ့ကြောင်း ယင်းမာပင်ခရိုင် အမှတ်(၃၀) တပ်ရင်း (DRPA) တပ်ဖွဲ့ထံမှ သိရသည်။
“ဘဏ်ရုံးရှေ့မှာ ကင်းစောင့်နေတဲ့ စစ်သားတွေ အပြင်းအထန် ထိခိုက်တာရှိတယ်၊ ဘဏ်ရုံးထဲကို ပြေးဝင်သွားတာကိုလည်း မြင်ရတယ်။ ထိခိုက်သေဆုံးမှု အခြေအနေ အသေးစိတ်ကို မသိရသေးဘူး” ဟု DRPA တပ်ဖွဲ့ သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူက မဇ္ဈိမသို့ ပြောသည်။
၄၀မမ ၊ ၆၀မမ လက်နက်ကြီးများအပြင် လက်နက်ငယ်များနှင့်ပါ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
အဆိုပါစစ်ဆင်ရေးကို ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူး၏ လမ်းညွှန်ချက်ဖြင့် ယင်းမာပင်ခရိုင် အမှတ်(၃၀) တပ်ရင်း (DRPA) ၊ Black Shadow PDF ၊ Brotherhood Guerrilla Army(Yinmarbin) ၊ Salingyi Border Task Force နှင့် Eagle Defense Force တို့က ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့သည်ဟု ဆိုသည်။
လက်ရှိတွင် ကနီမြို့၌ စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် ရဲတပ်ဖွဲ့ဝင် ပူးပေါင်းအင်အား ၁၀၀ ခန့်ရှိသည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်က ဆိုသည်။
ဇွန်လ ၁၉ ရက်နေ့ကလည်း ကနီမြို့ရှိ ကြို့ပင်လှ ဘုရားအနီး ပတ်ကင်းထွက်လာသည့် ရဲတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရ၍ သုံးဦးသေဆုံးသည့်ဖြစ်ရပ်ဖြစ်ပွားခဲ့သေးသည်ဟု သိရသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)
#စစ်ကိုင်းတိုင်း
#ကနီမြို့
#စစ်ကောင်စီတပ်
#တိုက်ခိုက်မှု

👍18👏2😁2❤1🔥1
This media is not supported in your browser
VIEW IN TELEGRAM
“ပျူဆိုတာ ဘ“ပျူဆိုတာ ဘယ်သူတွေလဲ၊ သူတို့ ဘာတွေလုပ်ကြသလဲ” | ချစ်သောအညာမြေ Episode-20
Watch more detail -https://youtu.be/TbnkE_sOdHI
#ချစ်သောအညာမြေ #စကားဝိုင်း #shorts #reels #Mizzima

👍7😁2
Drishyam 2
=============
Crime/Thriller
2015 မှာထွက်ခဲ့တဲ့ Drishyam ဇာတ်လမ်းရဲ့ အဆက်အဖြစ် ၂၀၂၁ မှာ ထွက်ရှိလာတဲ့ဇာတ်ကားကောင်းတစ်ကားပါ .. ပထမဇာတ်လမ်းမှာ လူသတ်မှုကနေ ကွင်းလုံးကျွတ်လွတ်လာခဲ့တဲ့ ဗီဂျေးဆယ်လ်ဂါအွန်ကာတို့ မိသားစုဟာ အဖြစ်အပျက်တွေအားလုံးကို မေ့ပစ်ပြီး ရှေ့ဆက်ဖို့ ကြိုးစားခဲ့ကြပေမယ့် သားဖြစ်သူ သေဆုံးသွားခဲ့ရလို့ အခဲမကြေနိုင်သေးတဲ့ မီရာဟာ နောက်ထပ် ထူးချွန်ထက်မြက်တဲ့ ရဲအရာရှိတစ်ယောက်ရဲ့ အကူအညီနဲ့ ဗီဂျေးတို့မိသားစုကို ဖမ်းဆီးနိုင်ဖို့ ဆက်ပြီး ကြိုးစားနေခဲ့တယ် .. ဖြစ်ချင်တော့ ဗီဂျေးအလောင်းကို ရဲစခန်းမှာ မြှုပ်နေတဲ့ညက လူသတ်မှုနဲ့ ထွက်ပြေးလာတဲ့သူတစ်ယောက်က ဗီဂျေးကို မြင်သွားခဲ့တယ် .. လူသတ်မှုနဲ့အဖမ်းခံရပြီး ထောင် ၇ နှစ်ကျပြီး ပြန်ထွက်လာတဲ့အခါမှာ သူ့မိသားစုကို ပြန်လည်တည့်မတ်ဖို့ ကြိုးစားနေတဲ့ ထောင်ထွက်လူသတ်သမားက ဗီဂျေးတို့အမှုနဲ့ပက်သက်ပြီး သတင်းပေးနိုင်သူကို ဆုငွေေ၅ သိန်းပေးမယ်လို့ ကြေညာထားတာကို တွေ့ပြီး အဲ့ဒီညက သူမြင်ခဲ့တာကို သတင်းသွားပေးတဲ့အခါ ....
ပထမဇာတ်လမ်းမှာ ရှာမတွေ့ခဲ့တဲ့အလောင်းကို မီရာတို့ တကယ်ပဲ ရှာတွေ့သွားမှာလား ရှာတွေ့သွားတဲ့အခါ ဗီဂျေးတို့ မိသားစု ဘာဆက်ဖြစ်မလဲ ...
ဒီဇာတ်ကားလေးကို Mizzima + Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။
Mizzima+ Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင်
App ဒေါင်းလော့လုပ်ရန် - http://onelink.to/jnuwak
#New ပြသမည့်ရက်။ ။ ၂၂.၇.၂၀၂၃
ပြသမည့် အချိန် ။ ။ ည (၈:၀၀)နာရီ
ပြန်လည်ပြသမည့်ရက်။ ။ ၂၃.၇.၂၀၂၃
အချိန်။ ။ နေ့လည် (၂:၀၀) နာရီ
(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U”

👍5🔥1
နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၂၂ ဇူလိုင် ၂၀၂၃)
=======================
စစ်တပ်၏ အာဏာရူးမှုကြောင့် တိုင်းပြည်တစ်ခုလုံး ချွတ်ခြုံကျနေချိန် စစ်တပ်အသိုင်းအဝိုင်းမှ တိုင်းပြည်သံယံဇတများကို စိတ်ကြိုက် လုပ်ခွင့်ရနေသော်လည်း ပြည်သူများကိုတော့ စစ် ကောင်စီမှ တစ်ပိုင်တစ်နိုင်အလုပ်များတောင် လုပ်ကိုင်စားသောက်ရန် ခက်ခဲအောင် ပြုလုပ် နေသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
=======================
စစ်တပ်၏ အာဏာရူးမှုကြောင့် တိုင်းပြည်တစ်ခုလုံး ချွတ်ခြုံကျနေချိန် စစ်တပ်အသိုင်းအဝိုင်းမှ တိုင်းပြည်သံယံဇတများကို စိတ်ကြိုက် လုပ်ခွင့်ရနေသော်လည်း ပြည်သူများကိုတော့ စစ် ကောင်စီမှ တစ်ပိုင်တစ်နိုင်အလုပ်များတောင် လုပ်ကိုင်စားသောက်ရန် ခက်ခဲအောင် ပြုလုပ် နေသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7🔥3🤬2😁1
Chef Eve's Easy Thai Cooking Show | Episode - 23
===================
ဒီတစ်ပတ်မှာတော့ Chef Eve ရဲ့ အသည်းကြက်သွန်ဖြူကြော် နဲ့ ဝက်သားပြားကန်စွန်းရွက်သောက်ဆမ်း ချက်ပြုတ်ပုံကို တင်ဆက်ပေးမှာပဲ ဖြစ်ပါတယ်။
Easy Thai Cooking Show အစီအစဥ်မှာ ထိုင်း စားဖိုမှူး Chef Eve ကနေ ရိုးရှင်းပြီး ကိုယ်တိုင် အလွယ်တကူ လိုက်လုပ်နိုင်မယ့် ထိုင်းမြောက်ပိုင်း အစားအစာတွေကို ပြင်ဆင်ချက်ပြုတ်ပြသသွားမယ့် အစီစဉ်ပဲဖြစ်ပါတယ်။
ဒီအစီစဉ်ကိုတော့ အပတ်စဉ် စနေနေ့ ညနေ ၆ နာရီမှာ Mizzima + Channel ကနေ ကြည့်ရှုနိုင်ပါပြီ။
တီဗီကနေ မကြည့်ရှုလိုက်ရတဲ့ ပရိသတ်တွေကတော့ Mizzima+Youtube နဲ့ Mizzima Application တို့ကနေ ကြည့်ရှုနိုင်ပါပြီ။
https://www.youtube.com/watch?v=Y5vejsWlgAs&t=538s
#EasyThaiCookingShow
#ChefEve
#NorthernThailandFood
#ThaiFood
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U

Easy Thai Cooking Show အစီအစဥ်မှာ ထိုင်း စားဖိုမှူး Chef Eve ကနေ
ရိုးရှင်းပြီး ကိုယ်တိုင် အလွယ်တကူ လိုက်လုပ်နိုင်မယ့် ထိုင်းမြောက်ပိုင်း…

👍5❤1🔥1
ဇူလိုင်လ (၂၂) ရက်၊ စနေနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
==================
ဒီကနေ့ညမှာတော့ .............
စစ်ကောင်စီက ရာထူးကြီးပိုင်းတွေ အပြောင်းအလဲလုပ်နေတဲ့သတင်းနဲ့အတူ
စစ်ရေးဗျူဟာအရ အရေးပါတဲ့ မြဝတီမြို့ကလက်ခတ်တောင်ဒေသကို ထိန်းချုပ်ထားနိုင်ပြီလို့ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ပြောတဲ့သတင်းအပါအဝင်
နောက်ဆုံးရပြည်တွင်းသတင်းတွေ၊ တစ်ပတ်အတွင်းနိုင်ငံတကာသတင်းတွေနဲ့ စီးပွားရေး သတင်းတွေကိုနားဆင်ကြရမှာပါ။
အဲ့ဒီနောက်မှာတော့ အပတ်စဉ်စနေနေ့တိုင်းတင်ဆက်နေကျဖြစ်တဲ့ “သံစဉ့်အိမ်” အစီအစဉ်ကို နားဆင်ကြရပါမယ်။
နောက်ဆုံးမှာတော့ တိုင်းရင်းသားတွေရဲ့အသံကို စုစည်းတင်ဆက်ပေးနေတဲ့ BNI ရေဒီယိုအစီအစဉ်ကိုလည်း ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။
https://youtu.be/URKywScOd2o
#Eveningradio
#Mizzimaradio
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

နောက်ဆုံးရပြည်တွင်းသတင်းတွေ၊ တ…

👍7🔥3😁2
This media is not supported in your browser
VIEW IN TELEGRAM
👉 Superman နေရာတွင်ပါ၀င်မဲ့ သရုပ်ဆောင် David Corenswet
Full Video Link - https://youtu.be/gU7-TVm96Bo
#entertainmentnews #celecity #mizzimaplushd #internationalnews #reels #shorts

👍4🖕2🌭1
Weekend News Roundup | July 22 2023
==================
ဒီအစီအစဥ်မှာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း Mizzima က ထုတ်လွှင့်ခဲ့တဲ့ သတင်းတွေထဲက စိတ်၀င်စားဖွယ်နဲ့ အရေးကြီးသတင်းတွေကို ရွေးချယ်ပြီး ပြန်လည် ထုတ်လွှင့်ပေးသွားမှာပါ။
-အာဆီယံ ပူးတွဲကြေညာချက် စစ်ကောင်စီ ကန့်ကွက် တဲ့သတင်း
-ထိုင်းနိုင်ငံခြားရေးဝန်ကြီးက တရုတ်၊ရှရှားတို့နှင့်တွေ့ဆုံကာ မြန်မာ့အရေးဆွေးနွေး တဲ့သတင်း
-လယ်သမားတွေကပြန်လည်သိမ်းယူခဲ့တဲ့ တရုတ်တစ္ဆေအိမ်ရာများ တဲ့သတင်း
-တရုတ်သမ္မတရှီကျင့်ဖျင်နဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း ကစ်ဆင်ဂျာတို့ ဘေဂျင်းမှာတွေ့ဆုံခဲ့ တဲ့သတင်း
-လာမယ့် ဘဏ္ဍာရေးနှစ်အတွက် အမေရိကန်ထံ ဒေါ်လာသန်း ၅၀၀ ကျော် NUG အကူအညီတောင်းခံတဲ့ သတင်း
-ထိုင်း၊ အိန္ဒိယနှင့် မြန်မာ သုံးနိုင်ငံချိတ်ဆက်မည့် အဝေးပြေးလမ်း စီမံကိန်း ဆက်လက်လုပ်ဆောင်ရန် အိန္ဒိယအစိုးရ နည်းလမ်းရှာနေတဲ့သတင်း
https://youtu.be/l5SxAN80Ixw
#weekendnewsroundup
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
==================
ဒီအစီအစဥ်မှာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း Mizzima က ထုတ်လွှင့်ခဲ့တဲ့ သတင်းတွေထဲက စိတ်၀င်စားဖွယ်နဲ့ အရေးကြီးသတင်းတွေကို ရွေးချယ်ပြီး ပြန်လည် ထုတ်လွှင့်ပေးသွားမှာပါ။
-အာဆီယံ ပူးတွဲကြေညာချက် စစ်ကောင်စီ ကန့်ကွက် တဲ့သတင်း
-ထိုင်းနိုင်ငံခြားရေးဝန်ကြီးက တရုတ်၊ရှရှားတို့နှင့်တွေ့ဆုံကာ မြန်မာ့အရေးဆွေးနွေး တဲ့သတင်း
-လယ်သမားတွေကပြန်လည်သိမ်းယူခဲ့တဲ့ တရုတ်တစ္ဆေအိမ်ရာများ တဲ့သတင်း
-တရုတ်သမ္မတရှီကျင့်ဖျင်နဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း ကစ်ဆင်ဂျာတို့ ဘေဂျင်းမှာတွေ့ဆုံခဲ့ တဲ့သတင်း
-လာမယ့် ဘဏ္ဍာရေးနှစ်အတွက် အမေရိကန်ထံ ဒေါ်လာသန်း ၅၀၀ ကျော် NUG အကူအညီတောင်းခံတဲ့ သတင်း
-ထိုင်း၊ အိန္ဒိယနှင့် မြန်မာ သုံးနိုင်ငံချိတ်ဆက်မည့် အဝေးပြေးလမ်း စီမံကိန်း ဆက်လက်လုပ်ဆောင်ရန် အိန္ဒိယအစိုးရ နည်းလမ်းရှာနေတဲ့သတင်း
https://youtu.be/l5SxAN80Ixw
#weekendnewsroundup
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
Weekend News Roundup | July 22 2023
ဒီအစီအစဥ်မှာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း Mizzima က ထုတ်လွှင့်ခဲ့တဲ့ သတင်းတွေထဲက စိတ်၀င်စားဖွယ်နဲ့ အရေးကြီးသတင်းတွေကို ရွေးချယ်ပြီး ပြန်လည် ထုတ်လွှင့်ပေးသွားမှာပါ။
-အာဆီယံ ပူးတွဲကြေညာချက် စစ်ကောင်စီ ကန့်ကွက် တဲ့သတင်း
-ထိုင်းနိုင်ငံခြားရေးဝန်ကြီးက တရုတ်၊ရှရ…

👍7🔥1😁1
စစ်ကောင်စီတပ်သားများ မိုင်းဆွဲခံရပြီးနောက် တိုက်ပွဲဆက်လက်ဖြစ်ပွား
===================
YT
(မဇ္ဈိမ) ။ ။ ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ရန်ကုန်- မန္တလေး ကားလမ်းအဟောင်း၊ ပန်းတင်ကုန်းကျေးရွာနှင့် ကောက်မယ်သူကျေးရွာအကြားတွင် စစ်ကောင်စီတပ်သားများအား တော်လှန်ရေးအင်အားစုများက မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံက သိရသည်။
" ၂၁ ရက်နေ့က နေ့ပိုင်းက စစ်ကောင်စီ အထိုင်ချထားတဲ့ တော်ဝိဘုန်းကြီးကျောင်းကို ဒရုန်းနဲ့ကြဲတာ၊ လက်နက်ကြီးနဲ့ ပစ်တာတော့ရှိတယ်။ ညဘက်မှာတော့ ၉ နာရီထိုးခါနီးလောက်မှာ စဖြစ်တာ၊ ကျွန်တော်တို့ဘက်က မိုင်းဆွဲတိုက်လိုက်တယ်၊ အဲ့ဒီမှာတော့ သူတို့ဘက်က ထိကြတယ်။ မှောင်တော့ သေချာမမြင်ရဘူးဗျ၊ သူတို့ဘက်က အင်အားတော့ တော်တော်များတယ်" ဟု မြေပြင်သတင်းရင်းမြစ်တစ်ဦးက မဇ္ဈိမကိုပြောသည်။
ယမန်နေ့ ဇူလိုင်လ ၂၁ ရက်နေ့ နံနက်ပိုင်းမှစ၍ တပ်မဟာ (၃) ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ PDF ပူးပေါင်းတပ်ဖွဲ့များက စစ်ကောင်စီတပ်သားများ ဝင်ရောက်အထိုင်ချနေသည့် တော်ဝိကျေးရွာရှိ ဘုန်းကြီးကျောင်းအား ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းတို့ ပြုလုပ်ခဲ့ပြီး စစ်ကောင်စီတပ်ကလည်း တော်ဝိဘုန်းကြီးကျောင်းမှနေ၍ လက်နက်ကြီးများဖြင့် ကောက်မယ်သူကျေးရွာဘက် အဆက်မပြတ် ပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထို့အပြင် ယမန်နေ့ ဇူလိုင်လ ၂၁ ရက်နေ့၊ ညပိုင်း၌ ပန်းတင်ကုန်းကျေးရွာနှင့် ကောက်မယ်သူကျေးရွာအကြားသို့ လှည့်လည်လာသည့် စစ်ကောင်စီစစ်ကြောင်းအား တပ်မဟာ (၃) KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ စစ်ကောင်စီတပ်သားများ အထိအခိုက်ရှိကြောင်း ဆိုသည်။
မိုင်းဆွဲတိုက်ခိုက်မှုအပြီးတွင် အဆိုပါ စစ်ကောင်စီတပ်စစ်ကြောင်းနှင့် တပ်မဟာ (၃) KNLA ပူးပေါင်းတပ်ဖွဲ့အကြား တိုက်ပွဲဖြစ်ပွားမှုရှိခဲ့ပြီး ပူးပေါင်းတပ်ဖွဲ့ဘက်တွင် ထိခိုက်ဒဏ်ရာရမှုမရှိခဲ့ကြောင်း သိရသည်။
ယမန်နေ့ ဇူလိုင်လ ၂၁ ရက်နေ့ တစ်ရက်အတွင်း ဒရုန်းဖြင့်တိုက်ခိုက်မှု၊ လက်နက်ကြီးဖြင့် ပစ်ခတ်မှုတို့တွင် စစ်ကောင်စီတပ်ကမှ အထိအခိုက် အတိအကျ မသိရသေးသော်လည်း တိုက်ပွဲအတွင်း ခြောက်ဦးသေဆုံး၍ ငါးဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း သတင်းရင်းမြစ်တစ်ဦးက ဆိုသည်။
" ကျွန်တော်တို့ဘက်က အထိအခိုက်လုံးဝမရှိဘူး။ သူတို့ဘက်က အကျလည်းများတယ် သူတို့ပဲကျတာ၊ ၁၉ ရက်နေ့ ညထဲက ဆက်တိုက်။ ကျသလောက်လည်း အင်အားကထပ်တိုးတယ်" ဟု မြေပြင်သတင်းရင်းမြစ်က ဆက်လက်ပြောဆိုသည်။
ညောင်လေးပင်မြို့နယ်၊ တော်ဝိကျေးရွာနှင့် ကောက်မယ်သူကျေးရွာတွင် ပြီးခဲ့သည့် ဇူလိုင်လ ၁၄ ရက်နေ့ကစ၍ စစ်ကောင်စီတပ်က စစ်ကြောင်းသုံးကြောင်းဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ရာ ထိုနေ့မှစ၍ KNLA၊ PDF များနှင့် အဆိုပါ စစ်ကြောင်းများအကြား တိုက်ပွဲ စတင်ဖြစ်ပွားလာခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် ဇူလိုင်လ ၁၄ ရက်နေ့မှ ဇူလိုင်လ ၁၉ ရက်နေ့အတွင်း ညောင်လေးပင်မြို့နယ်၊ ကောက်မယ်သူကျေးရွာနှင့် တော်ဝိကျေးရွာအနီးတို့တွင် စစ်ကောင်စီတပ်သားများနှင့် KNLA တပ်ရင်း (၇)၊ PDF ပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲ ကိုးကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၁၃ ဦးသေဆုံး၍ ၁၁ ဦးထိခိုက်ဒဏ်ရာရထားကြောင်း KNU ဗဟို၏ ယမန်နေ့ ဇူလိုင်လ ၂၁ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။
ညောင်လေးပင်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားမှုများ၊ စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုများကြောင့် တော်ဝိကျေးရွာ၊ ကောက်မယ်သူကျေးရွာ၊ ချုံအင်းကျေးရွာ၊ အင်ကုန်းကျေးရွာ၊ အင်ပရီကျေးရွာ၊ ရေတွင်းကြီးကျေးရွာတို့မှ ဒေသခံများသည် ဇူလိုင်လ ၁၄ ရက်နေ့မှစ၍ ယနေ့ ဇူလိုင်လ ၂၂ ရက်နေ့အထိ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#ညောင်လေးပင်မြို့နယ်
#KNLA
#PDF
#KNU

👍17❤2🔥2😁2🥰1
“ပျူဆိုတာ ဘယ်သူတွေလဲ၊ သူတို့ ဘာတွေလုပ်ကြသလဲ” | ချစ်သောအညာမြေ Episode-20
========================
စစ်တပ်က အာဏာသိမ်းယူပြီးနောက် တကျော့ပြန် ပေါ်ပေါက်လာတဲ့ ပျူ ဆိုတာနဲ့ပတ်သက်လို့ အခု အစီအစဥ်မှာ ကြည့်ရှု နားဆင်ကြရပါမယ်။ (အင်တာနက်ဆက်သွယ်ရေး အခက်အခဲကြောင့် အသံပြတ်တောက်တာ၊ ပြောဆိုချက်ကို ရှင်းလင်းစွာ မကြားရတာတချို့ ပါဝင်နေတဲ့အတွက် နားလည် သည်းခံပေးဖို့ တင်ကြို ပန်ကြားအပ်ပါတယ်)။
ပျူတို့၊ ပျူရွာတို့ဆိုတာကို ဘယ်လို သတ်မှတ်ကြပါသလဲ၊ ပျူတွေက ဘာတွေလုပ်ကြပါသလဲ၊ ပဋိပက္ခအခြေအနေ ပြီးဆုံးသွားတဲ့အခါ အတူယှဥ်တွဲနေထိုင်ရေး ဘယ်လိုဖြစ်လာနိုင်ပါသလဲ စတာတွေကို မြောင်မြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ တာဝန်ခံ ဗိုလ်ကျားသစ်၊ ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ကျန်းမာရေးတာဝန်ခံ ဒေါက်တာနန်းဝင်း၊ ဝက်လက်မြို့ဒေသခံ ကိုနိုင်ဝင်းတို့နဲ့အတူ ကိုကျော်ကျော်သိန်းက မေးမြန်း ဆွေးနွေးထားပါတယ်။
https://www.youtube.com/watch?v=TbnkE_sOdHI
#ချစ်သောအညာမြေ
#စကားဝိုင်း
#mizzima
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
========================
စစ်တပ်က အာဏာသိမ်းယူပြီးနောက် တကျော့ပြန် ပေါ်ပေါက်လာတဲ့ ပျူ ဆိုတာနဲ့ပတ်သက်လို့ အခု အစီအစဥ်မှာ ကြည့်ရှု နားဆင်ကြရပါမယ်။ (အင်တာနက်ဆက်သွယ်ရေး အခက်အခဲကြောင့် အသံပြတ်တောက်တာ၊ ပြောဆိုချက်ကို ရှင်းလင်းစွာ မကြားရတာတချို့ ပါဝင်နေတဲ့အတွက် နားလည် သည်းခံပေးဖို့ တင်ကြို ပန်ကြားအပ်ပါတယ်)။
ပျူတို့၊ ပျူရွာတို့ဆိုတာကို ဘယ်လို သတ်မှတ်ကြပါသလဲ၊ ပျူတွေက ဘာတွေလုပ်ကြပါသလဲ၊ ပဋိပက္ခအခြေအနေ ပြီးဆုံးသွားတဲ့အခါ အတူယှဥ်တွဲနေထိုင်ရေး ဘယ်လိုဖြစ်လာနိုင်ပါသလဲ စတာတွေကို မြောင်မြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ တာဝန်ခံ ဗိုလ်ကျားသစ်၊ ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ကျန်းမာရေးတာဝန်ခံ ဒေါက်တာနန်းဝင်း၊ ဝက်လက်မြို့ဒေသခံ ကိုနိုင်ဝင်းတို့နဲ့အတူ ကိုကျော်ကျော်သိန်းက မေးမြန်း ဆွေးနွေးထားပါတယ်။
https://www.youtube.com/watch?v=TbnkE_sOdHI
#ချစ်သောအညာမြေ
#စကားဝိုင်း
#mizzima
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
“ပျူဆိုတာ ဘယ်သူတွေလဲ၊ သူတို့ ဘာတွေလုပ်ကြသလဲ” | ချစ်သောအညာမြေ Episode-20
စစ်တပ်က အာဏာသိမ်းယူပြီးနောက် တကျော့ပြန် ပေါ်ပေါက်လာတဲ့ ပျူ ဆိုတာနဲ့ပတ်သက်လို့ အခု အစီအစဥ်မှာ ကြည့်ရှု နားဆင်ကြရပါမယ်။
ပျူတို့၊ ပျူရွာတို့ဆိုတာကို ဘယ်လို သတ်မှတ်ကြပါသလဲ?
ပျူတွေက ဘာတွေလုပ်ကြပါသလဲ?
ပဋိပက္ခအခြေအနေ ပြီးဆုံးသွားတဲ့အခါ အတူယှဥ်တွဲနေထိုင်ရေး ဘယ်လ…

👍16🔥2
အွန်လိုင်းမှ ဈေးရောင်းချခြင်းကို စစ်ကောင်စီကန့်သတ်လိုက်၍ လုပ်ငန်းလုပ်ကိုင်သူအချို့အခက်ကြုံ
======================
ဂန္ဒမာ
(မဇ္ဈိမ)။ ။ အွန်လိုင်းမှတစ်ဆင့် ဈေးရောင်းချခြင်းကို စစ်ကောင်စီက ကန့်သတ်လိုက်သည့် ထုတ်ပြန်ချက်ကြောင့် အွန်လိုင်းအရောင်းအဝယ်ပြုလုပ်သူများ အခက်ကြုံနေရကြောင်း သိရသည်။
အွန်လိုင်းမှတစ်ဆင့် ဈေးရောင်းချခြင်းလုပ်ငန်း လုပ်ကိုင်သူများ မှတ်ပုံတင်လက်မှတ်လျှောက်ထားရန်လိုအပ်ကြောင်း စစ်ကောင်စီလက်အောက်ခံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ယမန်နေ့ ဇူလိုင်လ ၂၁ ရက်တွင် ထုတ်ပြန်ကြေညာလိုက်ခြင်း ဖြစ်သည်။
"ခုအွန်လိုင်းရှော့ပင်းတွေ မှတ်ပုံတင်ရမယ်ဆိုတော့လုပ်ငန်းကို ရပ်ရမလားစဥ်းစားမိတယ်။ အဓိကကတော့ စစ်ကောင်စီကို အခွန်မဆောင်ချင်လို့ပါ။ ဒီလို online shop တွေ ပေါ်လာပြီး ရောင်းအားအတွက် စိတ်ပူနေရတဲ့အချိန်မှာ အခွန်ဆောင်ဖို့ဆိုတာ မလွယ်တဲ့ကိစ္စပါ" ဟု အွန်လိုင်းရှော့လုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးက ပြောသည်။
ထုတ်ပြန်ချက်တွင် အွန်လိုင်းစနစ်ဖြင့် ကုန်စည်ကိုဖြစ်စေ၊ ဝန်ဆောင်မှုကိုဖြစ်စေ ရောင်းချသည့်လုပ်ငန်းဖြစ်ပါက မှတ်ပုံတင်လက်မှတ် ပြုလုပ်ရမည်ဖြစ်ပြီး အဆိုပါလုပ်ငန်းကိုလည်း အရေးကြီး ဝန်ဆောင်မှုလုပ်ငန်းအဖြစ် သတ်မှတ်ကြောင်း သိရသည်။
"ကျမက အထည်လေးတွေ လိုင်းပေါ်ပဲ တင်ရောင်းတာ၊ အာဏာသိမ်းပြီးတဲ့နောက်တော့ နားထားတာကြာပြီ။ တစ်ခါတစ်ရံပဲ တင်ရောင်းဖြစ်တာပါ။ အခုက မှတ်ပုံမတင်ရင် ထောင်သုံးနှစ် ဒါမှမဟုတ် ငွေငါးသိန်းတဲ့" ဟု ရန်ကင်းမြို့နယ်ရှိ အွန်လိုင်းရှော့လုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောသည်။
အမိန့်ကြေညာစာကို ထုတ်ပြန်ပြီး ခြောက်လပြည့်မြောက်သည့်နေ့ရက်မှစ၍ မှတ်ပုံတင်လက်မှတ်မရှိဘဲ အွန်လိုင်းစနစ်ဖြင့် ရောင်းချသည့် လုပ်ငန်းကို တွေ့ရှိရပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေ ပုဒ်မ (၅) အရ အရေးယူမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်း မှတ်ပုံတင်ကြေးနှင့် အွန်လိုင်းဝန်ဆောင်ခအား ကုန်သွယ်ရေးဦးစီးဌာနမှ သတ်မှတ်မည်ဖြစ်ပြီး မှတ်ပုံတင်သက်တမ်းမှာ နှစ်နှစ်ဖြစ်ကြောင်း သိရသည်။
အွန်လိုင်းစနစ်ဖြင့်ရောင်းချသည့် လုပ်ငန်းများအား အရေးကြီးဝန်ဆောင်မှုလုပ်ငန်းဟု သတ်မှတ်ထားသဖြင့် ထုတ်ပြန်ချက်ကို မလိုက်နာပါက ပြစ်ဒဏ် ခြောက်လမှ အများဆုံး သုံးနှစ်အထိ ထောင်ဒဏ်ချမှတ်နိုင်သကဲ့သို့ ငွေဒဏ် ငါးသိန်းကိုလည်း ချမှတ်ခြင်းခံရမည်ဟု ပြဋ္ဌာန်းထားကြောင်း သိရသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)
#OnlineShop
#စစ်ကောင်စီ
#မှတ်ပုံတင်
ပုံစာ - Online Shopping အား ဆိုင်ခန်းဖွင့်ရောင်းချနေပုံ

👍13👏4❤1🔥1🤬1