Mizzima
✔
47.4K subscribers
33.8K photos
2.57K videos
36 files
76.6K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​မဇ္စျိမပရိသတ်များအတွက် စစ်တမ်းတစ်ခု ပြုလုပ်ပါရစေ.
================

ပရိသတ်ရဲ့ထင်မြင်ယူဆချက်များသည် မဇ္စျိမအဖွဲ့သားများအတွက် နိစ္စဓူဝအစီအစဥ်များကို ထုတ်လုပ်ရာတွင် အလွန်အကျိုးပြုပေးနေကြောင်းကို အသိပေးလိုပါသည်။

ဒါဆို ဘာကြောင့် ဒီစစ်တမ်းကို ကောက်ယူနေတာလဲ? ပရိသတ်အဖြေများသည် မဇ္စျိမ၏တင်ဆက်မှုအပေါ် နှစ်သက်မှု၊ စိတ်ဝင်စားမှုနှင့် လိုအပ်ချက်များကို ပိုမိုနားလည်သဘောပေါက်ရန် ကူညီပေးပါသည်။ အကြံပြုချက်များကို တိုက်ရိုက်ကြားသိရခြင်းဖြင့် ပရိသတ်ရဲ့ထင်မြင်ယူဆချက်တွေမှတဆင့် ဆွဲဆောင်မှုအရှိဆုံးအကြောင်းအရာများ၊ သင်နှစ်သက်သော အစီအစဥ်များနှင့် အနာဂတ်တွင် မည်သည့်အစီအစဥ်မျိုးကို ကြည့်လိုကြောင်းကို မဇ္စျိမအဖွဲ့သားများက သိရှိနားလည်နိုင်မည် ဖြစ်ပါသည်။

ဒါကြောင့် - စစ်တမ်းတွင်ပါဝင်ခြင်းဖြင့် သင်၏ထင်မြင်ယူဆချက်တွေကို မဇ္စျိမအဖွဲ့သားများအား ပြောပြပေးလိုက်ပါ.

စစ်တမ်းတွင် ၀င်ရောက်ဖြေဆိုရန်
https://www.surveymonkey.com/r/25JR9Z3

#mizzimasurvey
#mizzimaudiencesurvey
👍9😁2❤1
​​23.7.2023 (Sunday)တွင် ထုတ်လွှင့်တင်ဆက်ပြသမည့် အစီအစဉ်
====================

Highlight

Cele City (ညနေ- ၄နာရီခွဲ)
Jimmy Fallen Show ( ညနေ- ၆ နာရီခွဲ)
Korea Movie -No Mercy ( ည - ၁၀ နာရီခွဲ)

Mizzima+ channel တွင် ပြသနေ့သည့် အချိန်မှာပဲ Mizzima App တွင်လည်း Live Stream တိုက်ရိုက်ကြည့်ရှုနိုင်ပါသည်။

#mizzimatv
#dailyschedule
👍8❤1🤮1
သံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့် Burmese American Community Institute မှ ကျောင်းသားများ တွေ့ဆုံ
👍18❤4😁1🤮1
သံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့် Burmese American Community Institute မှ ကျောင်းသားများ တွေ့ဆုံ
===================

မဇ္ဈိမ
အမေရိကန်ပြည်ထောင်စု အင်ဒီယားနားပြည်နယ် Burmese American Community Institute မှ Executive Director - Mr Elaisa Vahnie ဦးဆောင်သော Upward College Summer Scholar Program မှ Burmese -American ကျောင်းသား ၄၀ ကျော်နှင့် အဖွဲ့မှ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းအား နယူးယောက်မြို့ရှိ ၎င်း​၏ရုံးခန်းတွင် လာရောက်တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။

တွေ့ဆုံပွဲတွင် သံအမတ်ကြီးမှ မိတ်ဆက်စကားနှင့် ကုလသမဂ္ဂဆိုင်ရာ ကိစ္စရပ်များကိုရှင်းလင်းပြောကြားပြီး မြန်မာ့နွေဦးတော်လှန်ရေးနှင်ပတ်သက်ပြီး ကျောင်းသားများနှင့် အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ယခုလာရောက်တွေ့ဆုံသော ကျောင်းသားများသည် Burmese American Community အတွက် အနာဂတ်များဖြစ်ကြောင်း၊ မြန်မာ့နွေဦးတော်လှန်ရေးနှင့် ပြန်လည်ထူထောင်ရေးတွင် မိမိတို့တတ်နိုင်သည့်ဘက်မှ ပြန်လည်ကူညီပေးကြရန် ဦးကျော်မိုးထွန်းက ပြောကြားခဲ့သည်။

Executive Director - Mr Elaisa Vahnie မှ မြန်မာ့နွေဦးတော်လှန်ရေးသံတမန်ရေးရာ ကိစ္စရပ်များတွင် သံအမတ်ကြီး​၏အခန်းကဏ္ဍသည် အင်မတန်အရေးကြီးကြောင်း ကုလသမဂ္ဂတွင် သံအမတ်ကြီးဆက်လက်တည်ရှိရေးအတွက်လည်း Burmese American Community Institute မှ အစွမ်းကုန်ကြိုးစားကူညီမည်ဟု ပြောကြားခဲ့သည်။

လာရောက်တွေ့ဆုံသော အဖွဲ့တွင် Burmese American Community Institute မှ Executive Director - Mr Elaisa Vahnie , Program Supporter- Dr Bawi Mang Lian, Program Director - Lian Sang, MP - U Zaw Thein, Program Coordinator: Va Chha နှင့် Upward College Summer Scholar Program မှ ကျောင်းသားများပါဝင်ကြသည်။

ဓါတ်ပုံ- KyawSoe Latt

#သံအမတ်ကြီး
#ဦးကျော်မိုးထွန်း
#Mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍18❤4😁1🤮1
​​စစ်ကောင်စီက ကျပ် ၂၀,၀၀၀ တန် ငွေစက္ကူ ထုတ်ဝေမည်
==========================

001
(မဇ္စျိမ)။ ။ကျပ် ၂၀,၀၀၀ တန် ငွေစက္ကူကို လာမည့် ဇူလိုင်လ ၃၁ ရက်နေ့မှစပြီး ထုတ်ဝေသွားမည်ဖြစ် ကြောင်း စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က ယနေ့ ဇူလိုင်လ ၂၃ ရက်နေ့တွင် ထုတ်ပြန်သည်။

အဆိုပါငွေစက္ကူကို အရေအတွက် အကန့်အသတ်ဖြင့်ထုတ်ဝေမည်ဖြစ်ပြီး လက်ရှိ လှည့်လည်သုံးစွဲနေ သည့်ငွေစက္ကူများအနက် ဟောင်းနွမ်းပြီး သုံးစွဲရန်မသင့်သောငွေစက္ကူအမျိုးအစားအသီးသီးတို့နှင့် တန်ဖိုး တူလဲလှယ်ပေးခြင်းဖြင့်သာ ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ငွေစက္ကူမှာ အစိမ်းနုရောင်ဖြစ်ပြီး အလျား ၁၅ စင်တီမီတာ၊ အနံ ၇ စင်တီမီတာရှိမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကျပ် ၂၀,၀၀၀ တန် ငွေစက္ကူသစ်၏ မျက်နှာစာဘက်အလယ်ပိုင်းတွင် ရတနာဆင်ဖြူတော်ပုံ ရိုက်နှိပ်ထား ပြီး ကျောဘက်တွင် စစ်ကိုင်းတံတားနှင့် ဧရာဝတီတံတား(ရတနာပုံ)အား ရိုက်နှိပ်ထားကာရွှေရောင်မှ အစိမ်းရောင်သို့ပြောင်းလဲသောလုံခြုံရေးကြိုးကို ဒေါင်လိုက်မြှုပ်နှံထည့်သွင်းထားကြောင်း သိရသည်။

ငွေစက္ကူအသစ်အား နေပြည်တော်တွင်တည်ထားသည့် ဗုဒ္ဓရုပ်ပွားတော်တည်ဆောက်ပြီးစီးမှု အထိမ်း အမှတ်နှင့် ဆင်ဖြူတော်၏ တနှစ်မြောက်မွေးနေ့ အထိမ်းအမှတ်အဖြစ်ထုတ်ဝေခြင်းဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံဗဟိုဘဏ်က ဆိုထားသည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#ကျပ်၂၀,၀၀၀တန်
#ငွေစက္ကူသစ်
#ဗဟိုဘဏ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👎21😁9👍6❤1
​​“သူရဲကောင်းတို့ မျှော်ရည်ချက် ပြည်သူ့အားနဲ့ ဆက်ချီတက်”
==================

ပြည်သူ့နွေဦးတော်လှန်ရေးကြီးတွင်းမှာ ပြည်သူအားလုံး မှတ်မှတ်ရရ ရှိနေကြမယ့် ဦးဂျင်မီ (ခ) ဦးကျော်မင်းယု၊ ကိုဖြိုးဇေယျာသော် (ခ) ကိုမောင်ကျော်တို့နဲ့အတူ ကိုအောင်သူရဇော်၊ ကိုလှမျိုးအောင်တို့နဲ့တကွ အခြား ကျဆုံးသူရဲကောင်း ရဲဘော်ပေါင်း များစွာ။ ဒါ့အပြင် အကြမ်းဖက်စစ်အုပ်စုရဲ့ အဓမ္မ ဖမ်းဆီး အကျဉ်းချခံထားရတဲ့ ကိန်းဂဏန်းအရ ဦးရေ (၂) သောင်းကျော်သော နိုင်ငံရေးအကျဉ်းသား သူရဲကောင်းများ။ တော်လှန်ရေးရဲ့ နယ်ပယ်ကဏ္ဍအသီးသီးမှာ ကျရာတာဝန်ကို ထမ်းရွက်သယ်ပိုးနေကြတဲ့ အခြားသော အညတြရ သူရဲကောင်းများလည်း မြောက်များစွာရှိပါသည်။
အခုလပိုင်းတွေမှာဆိုရင် အကြမ်းဖက် စစ်အုပ်စုဟာ ထောင်တွင်းက နိုင်ငံရေးအကျဉ်းသားတွေကို ရက်ရက်စက်စက် နှိပ်စက်ညှင်းပမ်းနေတာ၊ ကြက်ကလေး ငှက်ကလေးလို သဘောထားပြီး သတ်ချင်သလို သတ်ဖြတ်နေတာတွေကိုလည်း အခါမလပ် ကြားနေ၊ သိနေကြပါတယ်။ ဒါ့အပြင် နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးပြီး အကြောင်းပြချက်မရှိ ပြန်လည် ဖမ်းဆီးတာတွေ၊ သတ်ဖြတ်တာတွေကလည်း ပိုမို များပြားလို့ လာနေပြန်ပါတယ်။ အပြင်မှာ နိုင်ငံရေး၊ စစ်ရေး၊ နိုင်ငံတကာရေး အဖက်ဖက်က အကြပ်အတည်းဆိုက်လာတဲ့ စစ်အုပ်စုဟာ ထောင်တွင်းက ပြည်သူ့သူရဲကောင်း နိုင်ငံရေးအကျဉ်းသားတွေကို ဓားစာခံသဖွယ် ပိုပြီးအညှိုးထားလာ၊ ရက်စက်လာတဲ့သဘောပါပဲ။

မိမိတို့ ပြည်သူလူထု တစ်ရပ်လုံးအနေနဲ့ ဒီကျဆုံး အာဇာနည်များ၊ သူရဲကောင်းများရဲ့ ဂုဏ်ကျေးဇူးကို တကယ်သိကြ၊ လေးစားကြ၊ တန်ဖိုးထားကြပါတယ်ဆိုရင် သူတို့တွေ မျှော်ရည်လျှောက်လှမ်းခဲ့ကြတဲ့ ခရီးဆုံးပန်းတိုင်ကို မဖြစ်မနေ၊ မရောက် ရောက်အောက် ဆက်လက်ချီတက်ကြဖို့ပဲ ဖြစ်ပါတယ်။ ဒီပန်းတိုင်ကတော့ အာဏာရှင်စနစ်ဟူသမျှ ချုပ်ငြိမ်းတဲ့၊ လွတ်လပ်ခြင်း၊ တရားမျှတခြင်းနဲ့ တန်းတူညီမျှခြင်းဆိုတဲ့ လောကပါကတရားတွေ ထွန်းကားရာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ်ကြီးပဲ ဖြစ်ပါတယ်။ ဒီနိုင်ငံမှာ ဒီစစ်အုပ်စု ကြီးစိုးနေသရွေ့ ပြည်သူအများ လိုလားတောင့်တကြတဲ့ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးဆိုတာကလည်း ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဒါကို နှစ်ပေါင်း (၇၀) ကျော် ဖြတ်သန်းခဲ့တဲ့ အတိတ်သမိုင်းက ကောင်းကောင်းကြီး သက်သေတည်ပြီးလည်း ဖြစ်ပါတယ်။

ယနေ့ (၂၃ ရက် ဇူလိုင် ၂၀၂၃) ဆိုရင် ဦးဂျင်မီ၊ ကိုဖြိုးဇေယျာသော်တို့တွေကို အကြမ်းဖက်စစ်အုပ်စုက အဓမ္မ ကြိုးပေးသတ်ဖြတ်ခံခဲ့ရတာ တစ်နှစ်ပြည့်ခဲ့လေပြီ။ ပြည်သူလူထုအနေနဲ့ မိမိတို့ နှလုံးသည်းပွတ်ထဲက ပြုခဲ့ကြပြီးသော တော်လှန်ရေး သစ္စာအဓိဋ္ဌာန်အတိုင်း တော်လှန်ခရီးကြမ်းကို ဆက်လက် အရှိန်အဟုန်မြှင့်တင်၊ ချီတက်ကြဖို့ပါပဲ။

ဤတရားတဲ့သူသာ နိုင်ကြေးဟေ့ . . .
သွေးအေးသွားရင် ခွင့်မလွှတ်ကြေး။
အာဏာရှင်စနစ်ဟူသမျှ မုချ ကျရှုံးရမည်။
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု မုချ တည်ဆောက်နိုင်ရမည်။
အရေးတော်ပုံ အောင်ရမည်။
👍14😢12❤1🔥1
ရွှေဘို ညောင်ပင်လှ ပျူစခန်းကို ၀င်စီးရာ စစ်ကောင်စီတပ်က ၉ ဦးသေပြီး သေနတ် ၃ လက်ရဟုဆို
👍23❤3🔥1
ရွှေဘို ညောင်ပင်လှ ပျူစခန်းကို ၀င်စီးရာ စစ်ကောင်စီတပ်က ၉ ဦးသေပြီး သေနတ် ၃ လက်ရဟုဆို
======================

007
(မဇ္စျိမ)။ ။ စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ၊ ရွှေဘိုမြို့နယ် ၊ ညောင်ပင်လှကျေးရွာရှိ ပျူစခန်းကို၊ ယနေ့ ဇူလိုင်လ ၂၃ ရက် နံနက် ၃ နာရီခန့်က ၀င်ရောက်စီးနင်းတိုက်ခိုက်ရာ စစ်ကောင်စီဘက်က ကိုးဦးသေဆုံးပြီး သေနတ်သုံးလက်နှင့် လက်နက်ခဲယမ်းအချို့ ရရှိလိုက်ကြောင်း ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ရွှေဘိုမြို့နယ်ပကဖ)က သတင်းထုတ်ပြန်သည်။

ထုတ်ပြန်ချက်တွင် စစ်ကောင်စီတပ်သားများ သေဆုံးခဲ့သည်ကို အတည်ပြုနိုင်ခဲ့ပြီး ဒဏ်ရာရရှိသူ အများအပြားရှိနိုင်ကြောင်း ဖော်ပြထားသည်။ ထို့ပြင် တိုက်ပွဲအတွင်း ကာဘိုင်နှစ်လက်၊ ကိုးလုံး တစ်လက်၊ ကိုးလုံကျည် ၂၅ တောင့်၊ ကာဘိုင်ကျည် ၂၀၉ တောင့်၊ ကျည်ဘောက် တစ်ခု၊ ချပ်၀တ်တန်ဆာ ခုနစ်ခုနှင့်၊ Huawei ဖုန်း တစ်လုံးတို့သိမ်း ဆည်းရရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ထိုပျူစခန်းတွင် အင်အား ၃၀ ခန့်ရှိပြီး ယနေ့ မနက်တွင် မိနစ် ၂၀ ခန့်ကြာ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားသည်ဟုလည်း ဒေသခံက ပြောသည်။

“ ဒီမနက် အစာကြီး ဝင်တိုက်တာ မိနစ် ၂၀ လောက် တိုက်ပွဲဖြစ်ကြတယ်။ ရွှေဘိုမှာ ဒီမနက် ဆေးရုံကားသံတွေညံနေတာပဲ ” ဟု ၎င်းကဆိုသည်။

တိုက်ပွဲနှင့်ပတ်သက်၍ ရွှေဘိုမြို့နယ်ပကဖထံ ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။
အဆိုပါ တိုက်ခိုက်မှုကို ရွှေဘိုခရိုင် ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(Shwebo Justic Force)၊ ရွှေတောသားအဖွဲ့၊ ရွှေဘိုမြို့နယ် တိုက်နယ်(၃)ပကဖအဖွဲ့နှင့်၊ ဒီပဲယင်းမြို့နယ်ပကဖ Group 3(ဂဠုန်မင်းအဖွဲ့၊စံရှားအဖွဲ့၊ ဒေါင်းမင်းအဖွဲ့၊ သရဲကြီးအဖွဲ့၊ မတစ်ထောင်တစ် ကောင်ဘွားအဖွဲ့)တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၀င်များ အထိအခိုက်မရှိဆုတ်ခွာနိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#ညောင်ပင်လှ ပျူစခန်း
#၉ဦးသေ

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍30👏6❤2🔥1🥰1
ပြင်းထန်နေဆဲဖြစ်သည့် ရှမ်း-ကရင် နယ်စပ်တိုက်ပွဲတွင် စစ်ကောင်စီ တိုက်လေယာဥ်ဖြင့် ဗုံးကြဲ၊ သီလရှင်ကျောင်းနှင့် နေအိမ်များ ပျက်စီး
====================

ကိုဇာနည်
(မဇ္စျိမ)။ ။ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ ရှမ်း-ကရင် နယ်စပ်ရှိ ယာဒိုကျေးရွာတွင် ပြီးခဲ့သည့် ဇူလိုင်လ ၁၁ ရက်က စတင်ဖြစ်ပွားခဲ့သည့် စစ်ကောင်စီတပ်နှင့် ကရင်နီ ပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲသည် ယနေ့ ဇူလိုင်လ ၂၃ ရက်နေ့အထိ ပြင်းထန်နေဆဲဖြစ်ကြောင်း ဒေသခံများထံက သိရသည်။

စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားရာ အနီးရှိ ကျေးရွာများကို ဇူလိုင်လ ၂၁ ရက် ည ၁၀ နာရီခွဲအချိန်က တိုက်လေယာဥ်ဖြင့် ဗုံးကြဲတိုက်မှုကြောင့် သာသနာပိုင် သီလရှင်ကျောင်းတစ်ကျောင်း အပါအဝင် အိမ်ခြေပေါင်း ၅၀ ကျော် ပျက်စီးခဲ့ကြောင်း သိရသည်။
“တိုက်လေယာဥ်နဲ့ပေါင်တန် ၅၀၀ လက်နက်ကြီးနဲ့လာကြဲသွားတယ်။ ဒီရက်တွေထဲမှာလည်း ကျေးရွာကို ထပ်လာကြဲတယ်။ အားလုံး စစ်ဘေးလွတ်ရာ ထွက်ပြေးနေရတယ် “ ဟု စစ်ရှောင်ကူညီနေသူ ကိုဖိုးဇော်က မဇ္ဈိမကို ပြောသည်။

ထို ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျေးရွာပေါင်း ၁၀ ရွာမှ လူဦးရေ ၂,၀၀၀ ကျော် စစ်ဘေးလွတ်ရာ ရှောင်တိမ်းနေရကြောင်း ၎င်းကဆိုသည်။

ယင်းကျေးရွာ ၁၀ ရွာမှာ ယာဒို၊ဝါဘမ်းခို ၊ ကလေတ၊တပ်ကုန်း ၊ပရယ်ဆော် ၊ ဝါသောခို၊ လိုရာဒို၊ ဒါရိုး နှင့် ကာပရူး စသည့်ကျေးရွာများဖြစ်ပြီး စစ်ရှောင်ပြည်သူများအတွက် စားနပ်က္ခာနှင့် ဆေးဝါးများအရေးပေါ်လိုအပ်နေသည်ဟု သိရသည်။

ယာဒိုကျေးရွာသည် ကရင်အမျိုးသားအစည်းအရုံး(KNU) တောင်ငူခရိုင်(တပ်မဟာ ၂) ထိန်းချုပ်နယ်မြေအတွင်းရှိသည်။

https://youtu.be/b8z2zgNqOos

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#ယာဒိုကျေးရွာ
#လေယာဖြင့်ဗုံးကြဲ

ဗီဒီယို- ယာဒို တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ တိုက်လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်သည့်မြင်ကွင်း။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬14👍3🔥2❤1🤩1
​​ရွှေကူမြို့ တစ်ဖက်ကမ်း ကျေးရွာများအား စစ်ကောင်စီတပ် လက်နက်ကြီးနှင့် ပစ်ခတ်နေ
=====================

KMN
(မဇ္ဈိမ)။ ။ ကချင်ပြည်နယ် ၊ ရွှေကူမြို့နယ် ဧရာဝတီမြစ် တစ်ဖက်ကမ်းရှိ ကျေးရွာများအား ယနေ့ ဇူလိုင်လ ၂၃ ရက် မနက်ပိုင်းတွင် ရွှေကူမြို့ဘက်ခြမ်း၌ အထိုင်ချတပ်စွဲထားသည့် စစ်ကောင်စီတပ်သားများက လက်နက်ကြီးနှင့် ရမ်းသန်း ပစ်ခတ်နေကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂ဝ ရက် ညနေ ၄ နာရီခန့်အချိန်က ရွှေကူမြို့နယ် တစ်ဖက်ကမ်းရှိ ဆင်တပ်ရွာအနီး၌ စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁ဝ ဦးသေဆုံးကြောင်း Myo Hla PDF( မြို့လှ K-PDF) က သတင်းထုတ်ပြန်သည်။

ယင်းတိုက်ပွဲပြီးချိန်မှစကာ ဆင်တပ်ရွာ အနီးရှိ ရေလဲ၊ မိုးစစ် စသည့်ကျေးရွာများ အတွင်း စစ်ကောင်စီတပ်က ဆက်လက်စစ်ကြောင်းထိုးနေခြင်းဖြစ်ပြီး ရွှေကူဘက်အခြမ်းမှ လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်နေကြောင်းသိရသည်။

"မနက်ထဲက တဂျိန်းဂျိန်းနဲ့ပစ်နေတာ အချက်မနည်းဘူး လျှပ်စစ်မီးလည်း ပျက်သွားတယ်" ဟု အမည်မဖော်လိုသည့် မြို့ခံတစ်ဦး ကပြောသည်။

လက်ရှိတွင် ထိုကျေးရွာများအတွင်း ထိခိုက်ပျက်စီးမှု အခြေအနေများကို မဇ္ဈိမက စုံစမ်းနေဆဲဖြစ်သည်။

ဒေသကာကွယ်ရေးတပ်ဖွဲ့များသည် ပြီးခဲ့သည့် ဇူလိူင် ၁၁ ရက်နေ့တွင် ရွှေကူမြို့ရဲစခန်းကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီရဲများ ထိခိုက်သေဆုံးမှုရှိခဲ့သည်။

ယင်းအပြင် ဇူလိုင် ၁၉ ရက်နေ့ မွန်းလွဲပိုင်းကလည်း ရွှေကူမြို့ရဲစခန်းကို ဒရုန်းဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ရဲစခန်းမှ ဧရာဝတီမြစ်တွင်း သွားလာနေသည့် စက်လှေတစ်စီးကို လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

လတ်တလောတွင် ကချင်ပြည်နယ်၊ရွှေကူမြို့နယ် ဧရာဝတီမြစ်တစ်လျှောက်ရှိကျေးရွာများကို စစ်ကောင်စီ တပ်မ (၈၈) လက်အောက်ခံ ခလရ (၁၀)မှ ဗိုလ်မှူးကိုကိုနိုင် ဦးဆောင်သည့် အင်အား ၄၀ ကျော်ပါစစ်ကြောင်း နှင့် ခမရ(၄၁၅) တပ်ရင်းမှူးထွန်းရန်နိုင် ၊ဒုတပ်ရင်းမှူး အောင်လင်းထွန်း တို့ ဦးဆောင်သော အင်အား ၆၀ ကျော်ပါ တပ်ရင်းနှစ်ရင်းက ထိုးစစ်ဆင်ခြင်း ၊ကျေးရွာသားများအားဖမ်းဆီးခြင်း ၊ နေအိမ်များအား မီးရိူ့ခြင်းများ ပြုလုပ်နေကြောင်း မြို့လှ K-PDF က သတိပေးထားသည်။

အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံတပ်များသည် ပြီးခဲ့သည့် ဧပြီလအတွင်းကလည်း ရွှေကူမြို့နယ် စီသာကျေးရွာအုပ်စုရှိ ကျေးရွာ ၁၂ ရွာကို ၁၉ ရက်ကြာ စစ်ကြောင်းထိုးခဲ့ပြီး လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှု၊ ဝင်ရောက်မီးရှို့ဖျက်ဆီးမှုများကြောင့် ၎င်းကျေးရွာများက ပြည်သူအများစုမှာ ယခုချိန်ထိ စစ်ဘေးရှောင်နေရဆဲဖြစ်သည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#ရွှေကူမြို့
#လက်နက်ကြီးနှင့် ပစ်ခတ်
Photo - Google Map
(ရွှေကူမြို့နယ်၊ မိုးစစ်ရွာ)
#Mizzima

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬13👍5🔥2❤1
​​လောင်းလုံးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဒုဦးစီးမှူး ပစ်ခတ်ခံရ၍ သေဆုံး
====================

ကိုရွှေမြိတ်
(မဇ္ဈိမ)။ ။ တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ဒုဦးစီးမှူး ဦးသိန်းဦးပစ်ခတ်ခံရ၍ သေဆုံးသွားသည်ဟု သိရသည်။

“အပစ်ခံရတဲ့နေရာမှာပဲ ပွဲချင်းပြီး သေတယ်လို့သိရပါတယ်။ လောင်းလုံးမြို့နယ် လမ်းပိုင်းတစ်နေရာမှာ ပစ်ခတ်ခံရတာပါ”ဟု ဒေသခံကပြောသည်။

၎င်းဒုဦးစီးမှူး ဆိုသူကို ဇူလိုင်လ ၂၁ ရက် ည ၈ နာရီခွဲ အချိန်တွင် သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်ဟု လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယမန်နေ့ ဇူလိုင်လ ၂၂ရက်တွင် ထုတ်ပြန်ထားသည်။

အဆိုပါပစ်ခတ်ခံရသူသည် စစ်ကောင်စီလက်‌အောက်ခံများနှင့်အတူ မလွဲတောင်ဂိတ်အပါအဝင် လမ်းတံတားစစ်ဆေးရေးဂိတ် အချို့တွင် ခရီးသွား ပြည်သူများထံမှ ငွေကြေးတောင်းခံရာ၌ ပါဝင်သူ တစ်ဦးဖြစ်၍ ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု LLPDF အဖွဲ့ တာဝန်ရှိသူက ဆိုသည်။

“ကျွန်တော်တို့ သူ့ကို အခုလိုမျိုး ပြည်သူတွေဆီက ဆက်ကြေး ကောက်ခံတာတွေ မလုပ်ဖို့ အကြိမ်ကြိမ် သတိပေးထားတာပါ ရပ်တန့်ခြင်းမရှိတာကြောင့် အခုလိုလုပ်ရခြင်း ဖြစ်ပါတယ်”ဟု လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Launglone People Defence Force-LLPDF မှ ရဲဘော်တစ်ဦးက ပြောသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

#တနင်္သာရီတိုင်း
#လောင်းလုံးမြို့နယ်
#ဒုဦးစီးမှူး
#ပစ်ခတ်မှု
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍19❤1🔥1
​​ကန်ပက်လက်မြို့နယ်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်တိုက်ခိုက်ခံရပြီး ၂ ဦးသေဆုံး 
====================

ပါခွီး

(မဇ္စျိမ) ။ ။ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား နှစ်ဦး သေဆုံးပြီး တဦးဒဏ်ရာပြင်းထန်စွာရရှိသွားကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့(ကန်ပက်လက်) CDF – Kanpetlet က ဇူလိုင်လ ၂၂ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

အင်အား ၁၄၀ ခန့်ရှိသော စစ်ကောင်စီတပ်သည် မကွေးတိုင်း ကျောက်ထုဖက်မှ ချင်းပြည်နယ် ကန်ပက် လက်မြို့သို့ စစ်ကြောင်းထိုးလာစဉ် ဇူလိုင်လ ၂၁ ရက်နေ့တွင် တော်လှန်ရေးမဟာမိတ် ပူးပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“နှစ်နေရာမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ၊ နှစ်ယောက်သေပြီး တယောက်ဒဏ်ရာရတယ်ဆိုတာ အတည် ပြုလို့ရပါတယ်။ အခု အဲဒီစစ်ကြောင်း မြို့ထဲကိုရောက်နေပြီ” ဟု CDF – Kanpetlet တာဝန်ရှိသူတဦးက မဇ္စျိမကိုပြောသည်။

ကန်ပက်လက်မြို့နယ် လုံမောင်အနီးတွင် နံနက် ၁၁ နာရီတွင် တကြိမ်၊ မြတ်နိုးသူအကွေ့မြောက်ဘက် တွင် မွန်းလွဲ ၁ နာရီ ၃၀မိနစ်၌တကြိမ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။
အဆိုပါစစ်ကြောင်းသည် ကန်ပက်လက်မြို့အတွင်းသို့ရောက်ရှိနေပြီဖြစ်ပြီး တိုက်ပွဲအတွင်း မဟာမိတ် တပ်ပေါင်းစုမှ အထိအခိုက်မရှိကြောင်း CDF – Kanpetlet ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် မကွေးတိုင်း လောင်းရှည်မှ ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့သို့ အင်အားဖြည့်တင်းရန် ထွက်ခွာ လာသော တင့်ကားနှစ်စီးပါ အင်အား ၃၀၀ ခန့်စစ်ကြောင်းမှာလည်း လမ်းတလျှောက်တွင် တော်လှန်ရေး တပ်များနှင့်တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သား ၂၄ ဦး သေဆုံးခဲ့ကာ တော်လှန်ရေးတပ်ဖွဲ့ဘက်မှ ခုနစ်ဦး ဒဏ်ရာရရှိထားကြောင်း သိရသည်။

ယင်းစစ်ကြောင်းသည် ဇူလိုင်လ ၂၂ ရက်နေ့က မောချောင်းတွင် စခန်းချရပ်နားခဲ့ပြီး ကျင်ဒွေးမြို့သို့ ရောက်ရှိရန် ၁၄ မိုင်ဝန်းကျင်အကွာတွင်ရှိပြီး ဆက်လက်ထွက်ခွာလာနေကြောင်း သိရသည်။

CDF – Kanpetlet သည် ၂၀၂၁ခုနှစ် နွေဦးတော်လှန်ရေးအစမှ ယနေ့အထိ စစ်ကောင်စီတပ်၏ အကြမ်း ဖက်လုပ်ရပ်များကို ရွပ်ရွပ်ချွံချွံတွန်းလှန်နေသော ချင်းကာကွယ်ရေးတပ်ဖွဲ့ဖြစ်ပြီး ရေရှည်ရပ်နိုင်ရေးနှင့် စစ်ကောင်စီကို အမြစ်ပြတ်ချေမှုန်နိုင်ရေးအတွက် မိဘပြည်သူများ၏ ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ အားပေး ကူညီမှုများလိုအပ်နေသဖြင့် ပံ့ပိုးပေးကြပါရန် တိုက်တွန်းထားသည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#ချင်းပြည်နယ်
#ကန်ပက်လက်မြို့နယ်
#စစ်ကောင်စီစစ်ကြောင်း
#CDF–Kanpetlet

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍28👏2😁2
​​ထားဝယ်ခရိုင်တွင် စစ်ကောင်စီ ယာဉ်တန်းမှ စစ်ကောင်စီတပ်သားများ၏ ရမ်းသန်း ပစ်ခတ်မှုကြောင့် ဒေသခံ ဒဏ်ရာရ 
================

ကိုရွှေမြိတ်

(မဇ္ဈိမ) ။ ။ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် ၊ ရေဖြူ-ကလိန်အောင် လမ်းပိုင်းတွင် မိုင်းဆွဲတိုက်ခိုက်ခံရသည့် ကားသုံးစီးပါ ယာဥ်တန်းမှ စစ်ကောင်စီတပ်သားများ၏ ရမ်းသန်းပစ်ခတ်မှုကြောင့် ဥယျာဉ်ခြံ အလုပ်သမား တစ်ဦး သေနတ် ထိမှန် ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံများထံက သိရသည်။

ယမန်နေ့ ဇူလိုင်လ ၂၂ ရက် မွန်းလွဲ ၂ နာရီခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယာဥ်တန်းတွင် စစ်ကောင်စီ တပ်သား အင်အား ၄၀ ဝန်းကျင် ပါရှိကာ မိုင်းဆွဲ ခံရမှုကြောင့် ထိခိုက် သေဆုံးမှုများ ရှိနိုင်ကြောင်း ဒေသခံများက ပြော သည်။

ကလိန်အောင်မြို့ခံ တစ်ဦးက“မိုင်းဆွဲ တိုက်ခိုက်တာက PDF တွေပဲ ဖြစ်ဖို့များတယ်။ စစ်တပ်က ပြန်ပစ်တော့ ဥယျာဉ်ခြံ အလုပ်သမား တစ်ဦး ဖြတ်သွားချိန်မှာ ခြေကို ထိသွားတာ ဖြစ်တယ်”ဟု ပြောသည်။

စစ်ကောင်စီယာဥ်တန်းသည် မြေသယ်ကားများဖြင့် ရောနှောကာ ရေဖြူမြို့မှ ကလိန်အောင် မြို့သို့ ထွက်ခွာလာခြင်းဖြစ်သည်။ ယာဥ်တန်းအနက် အလယ်မှ အစီးကို ထိခိုက်သွားခဲ့ပြီး မည်သည့် အဖွဲ့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။ 

လက်ရှိတွင် ရမ်းသန်း ပစ်ခတ်မှုကြောင့် ထိခိုက် ဒဏ်ရာ ရရှိခဲ့သည့် ဒေသခံ အမျိုးသားသည် ကံပေါက် ပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#စစ်ကောင်စီ ယာဉ်တန်း
#ဒေသခံ ဒဏ်ရာရ

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬16👍4❤2🔥1