Mizzima
✔
47.4K subscribers
33.8K photos
2.57K videos
36 files
76.6K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ရွှေဘို ညောင်ပင်လှ ပျူစခန်းကို ၀င်စီးရာ စစ်ကောင်စီတပ်က ၉ ဦးသေပြီး သေနတ် ၃ လက်ရဟုဆို
👍23❤3🔥1
ရွှေဘို ညောင်ပင်လှ ပျူစခန်းကို ၀င်စီးရာ စစ်ကောင်စီတပ်က ၉ ဦးသေပြီး သေနတ် ၃ လက်ရဟုဆို
======================

007
(မဇ္စျိမ)။ ။ စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ၊ ရွှေဘိုမြို့နယ် ၊ ညောင်ပင်လှကျေးရွာရှိ ပျူစခန်းကို၊ ယနေ့ ဇူလိုင်လ ၂၃ ရက် နံနက် ၃ နာရီခန့်က ၀င်ရောက်စီးနင်းတိုက်ခိုက်ရာ စစ်ကောင်စီဘက်က ကိုးဦးသေဆုံးပြီး သေနတ်သုံးလက်နှင့် လက်နက်ခဲယမ်းအချို့ ရရှိလိုက်ကြောင်း ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ရွှေဘိုမြို့နယ်ပကဖ)က သတင်းထုတ်ပြန်သည်။

ထုတ်ပြန်ချက်တွင် စစ်ကောင်စီတပ်သားများ သေဆုံးခဲ့သည်ကို အတည်ပြုနိုင်ခဲ့ပြီး ဒဏ်ရာရရှိသူ အများအပြားရှိနိုင်ကြောင်း ဖော်ပြထားသည်။ ထို့ပြင် တိုက်ပွဲအတွင်း ကာဘိုင်နှစ်လက်၊ ကိုးလုံး တစ်လက်၊ ကိုးလုံကျည် ၂၅ တောင့်၊ ကာဘိုင်ကျည် ၂၀၉ တောင့်၊ ကျည်ဘောက် တစ်ခု၊ ချပ်၀တ်တန်ဆာ ခုနစ်ခုနှင့်၊ Huawei ဖုန်း တစ်လုံးတို့သိမ်း ဆည်းရရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ထိုပျူစခန်းတွင် အင်အား ၃၀ ခန့်ရှိပြီး ယနေ့ မနက်တွင် မိနစ် ၂၀ ခန့်ကြာ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားသည်ဟုလည်း ဒေသခံက ပြောသည်။

“ ဒီမနက် အစာကြီး ဝင်တိုက်တာ မိနစ် ၂၀ လောက် တိုက်ပွဲဖြစ်ကြတယ်။ ရွှေဘိုမှာ ဒီမနက် ဆေးရုံကားသံတွေညံနေတာပဲ ” ဟု ၎င်းကဆိုသည်။

တိုက်ပွဲနှင့်ပတ်သက်၍ ရွှေဘိုမြို့နယ်ပကဖထံ ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။
အဆိုပါ တိုက်ခိုက်မှုကို ရွှေဘိုခရိုင် ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(Shwebo Justic Force)၊ ရွှေတောသားအဖွဲ့၊ ရွှေဘိုမြို့နယ် တိုက်နယ်(၃)ပကဖအဖွဲ့နှင့်၊ ဒီပဲယင်းမြို့နယ်ပကဖ Group 3(ဂဠုန်မင်းအဖွဲ့၊စံရှားအဖွဲ့၊ ဒေါင်းမင်းအဖွဲ့၊ သရဲကြီးအဖွဲ့၊ မတစ်ထောင်တစ် ကောင်ဘွားအဖွဲ့)တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၀င်များ အထိအခိုက်မရှိဆုတ်ခွာနိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#ညောင်ပင်လှ ပျူစခန်း
#၉ဦးသေ

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍30👏6❤2🔥1🥰1
ပြင်းထန်နေဆဲဖြစ်သည့် ရှမ်း-ကရင် နယ်စပ်တိုက်ပွဲတွင် စစ်ကောင်စီ တိုက်လေယာဥ်ဖြင့် ဗုံးကြဲ၊ သီလရှင်ကျောင်းနှင့် နေအိမ်များ ပျက်စီး
====================

ကိုဇာနည်
(မဇ္စျိမ)။ ။ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ ရှမ်း-ကရင် နယ်စပ်ရှိ ယာဒိုကျေးရွာတွင် ပြီးခဲ့သည့် ဇူလိုင်လ ၁၁ ရက်က စတင်ဖြစ်ပွားခဲ့သည့် စစ်ကောင်စီတပ်နှင့် ကရင်နီ ပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲသည် ယနေ့ ဇူလိုင်လ ၂၃ ရက်နေ့အထိ ပြင်းထန်နေဆဲဖြစ်ကြောင်း ဒေသခံများထံက သိရသည်။

စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားရာ အနီးရှိ ကျေးရွာများကို ဇူလိုင်လ ၂၁ ရက် ည ၁၀ နာရီခွဲအချိန်က တိုက်လေယာဥ်ဖြင့် ဗုံးကြဲတိုက်မှုကြောင့် သာသနာပိုင် သီလရှင်ကျောင်းတစ်ကျောင်း အပါအဝင် အိမ်ခြေပေါင်း ၅၀ ကျော် ပျက်စီးခဲ့ကြောင်း သိရသည်။
“တိုက်လေယာဥ်နဲ့ပေါင်တန် ၅၀၀ လက်နက်ကြီးနဲ့လာကြဲသွားတယ်။ ဒီရက်တွေထဲမှာလည်း ကျေးရွာကို ထပ်လာကြဲတယ်။ အားလုံး စစ်ဘေးလွတ်ရာ ထွက်ပြေးနေရတယ် “ ဟု စစ်ရှောင်ကူညီနေသူ ကိုဖိုးဇော်က မဇ္ဈိမကို ပြောသည်။

ထို ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျေးရွာပေါင်း ၁၀ ရွာမှ လူဦးရေ ၂,၀၀၀ ကျော် စစ်ဘေးလွတ်ရာ ရှောင်တိမ်းနေရကြောင်း ၎င်းကဆိုသည်။

ယင်းကျေးရွာ ၁၀ ရွာမှာ ယာဒို၊ဝါဘမ်းခို ၊ ကလေတ၊တပ်ကုန်း ၊ပရယ်ဆော် ၊ ဝါသောခို၊ လိုရာဒို၊ ဒါရိုး နှင့် ကာပရူး စသည့်ကျေးရွာများဖြစ်ပြီး စစ်ရှောင်ပြည်သူများအတွက် စားနပ်က္ခာနှင့် ဆေးဝါးများအရေးပေါ်လိုအပ်နေသည်ဟု သိရသည်။

ယာဒိုကျေးရွာသည် ကရင်အမျိုးသားအစည်းအရုံး(KNU) တောင်ငူခရိုင်(တပ်မဟာ ၂) ထိန်းချုပ်နယ်မြေအတွင်းရှိသည်။

https://youtu.be/b8z2zgNqOos

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#ယာဒိုကျေးရွာ
#လေယာဖြင့်ဗုံးကြဲ

ဗီဒီယို- ယာဒို တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ တိုက်လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်သည့်မြင်ကွင်း။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬14👍3🔥2❤1🤩1
​​ရွှေကူမြို့ တစ်ဖက်ကမ်း ကျေးရွာများအား စစ်ကောင်စီတပ် လက်နက်ကြီးနှင့် ပစ်ခတ်နေ
=====================

KMN
(မဇ္ဈိမ)။ ။ ကချင်ပြည်နယ် ၊ ရွှေကူမြို့နယ် ဧရာဝတီမြစ် တစ်ဖက်ကမ်းရှိ ကျေးရွာများအား ယနေ့ ဇူလိုင်လ ၂၃ ရက် မနက်ပိုင်းတွင် ရွှေကူမြို့ဘက်ခြမ်း၌ အထိုင်ချတပ်စွဲထားသည့် စစ်ကောင်စီတပ်သားများက လက်နက်ကြီးနှင့် ရမ်းသန်း ပစ်ခတ်နေကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂ဝ ရက် ညနေ ၄ နာရီခန့်အချိန်က ရွှေကူမြို့နယ် တစ်ဖက်ကမ်းရှိ ဆင်တပ်ရွာအနီး၌ စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁ဝ ဦးသေဆုံးကြောင်း Myo Hla PDF( မြို့လှ K-PDF) က သတင်းထုတ်ပြန်သည်။

ယင်းတိုက်ပွဲပြီးချိန်မှစကာ ဆင်တပ်ရွာ အနီးရှိ ရေလဲ၊ မိုးစစ် စသည့်ကျေးရွာများ အတွင်း စစ်ကောင်စီတပ်က ဆက်လက်စစ်ကြောင်းထိုးနေခြင်းဖြစ်ပြီး ရွှေကူဘက်အခြမ်းမှ လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်နေကြောင်းသိရသည်။

"မနက်ထဲက တဂျိန်းဂျိန်းနဲ့ပစ်နေတာ အချက်မနည်းဘူး လျှပ်စစ်မီးလည်း ပျက်သွားတယ်" ဟု အမည်မဖော်လိုသည့် မြို့ခံတစ်ဦး ကပြောသည်။

လက်ရှိတွင် ထိုကျေးရွာများအတွင်း ထိခိုက်ပျက်စီးမှု အခြေအနေများကို မဇ္ဈိမက စုံစမ်းနေဆဲဖြစ်သည်။

ဒေသကာကွယ်ရေးတပ်ဖွဲ့များသည် ပြီးခဲ့သည့် ဇူလိူင် ၁၁ ရက်နေ့တွင် ရွှေကူမြို့ရဲစခန်းကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီရဲများ ထိခိုက်သေဆုံးမှုရှိခဲ့သည်။

ယင်းအပြင် ဇူလိုင် ၁၉ ရက်နေ့ မွန်းလွဲပိုင်းကလည်း ရွှေကူမြို့ရဲစခန်းကို ဒရုန်းဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ရဲစခန်းမှ ဧရာဝတီမြစ်တွင်း သွားလာနေသည့် စက်လှေတစ်စီးကို လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

လတ်တလောတွင် ကချင်ပြည်နယ်၊ရွှေကူမြို့နယ် ဧရာဝတီမြစ်တစ်လျှောက်ရှိကျေးရွာများကို စစ်ကောင်စီ တပ်မ (၈၈) လက်အောက်ခံ ခလရ (၁၀)မှ ဗိုလ်မှူးကိုကိုနိုင် ဦးဆောင်သည့် အင်အား ၄၀ ကျော်ပါစစ်ကြောင်း နှင့် ခမရ(၄၁၅) တပ်ရင်းမှူးထွန်းရန်နိုင် ၊ဒုတပ်ရင်းမှူး အောင်လင်းထွန်း တို့ ဦးဆောင်သော အင်အား ၆၀ ကျော်ပါ တပ်ရင်းနှစ်ရင်းက ထိုးစစ်ဆင်ခြင်း ၊ကျေးရွာသားများအားဖမ်းဆီးခြင်း ၊ နေအိမ်များအား မီးရိူ့ခြင်းများ ပြုလုပ်နေကြောင်း မြို့လှ K-PDF က သတိပေးထားသည်။

အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံတပ်များသည် ပြီးခဲ့သည့် ဧပြီလအတွင်းကလည်း ရွှေကူမြို့နယ် စီသာကျေးရွာအုပ်စုရှိ ကျေးရွာ ၁၂ ရွာကို ၁၉ ရက်ကြာ စစ်ကြောင်းထိုးခဲ့ပြီး လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှု၊ ဝင်ရောက်မီးရှို့ဖျက်ဆီးမှုများကြောင့် ၎င်းကျေးရွာများက ပြည်သူအများစုမှာ ယခုချိန်ထိ စစ်ဘေးရှောင်နေရဆဲဖြစ်သည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#ရွှေကူမြို့
#လက်နက်ကြီးနှင့် ပစ်ခတ်
Photo - Google Map
(ရွှေကူမြို့နယ်၊ မိုးစစ်ရွာ)
#Mizzima

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬13👍5🔥2❤1
​​လောင်းလုံးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဒုဦးစီးမှူး ပစ်ခတ်ခံရ၍ သေဆုံး
====================

ကိုရွှေမြိတ်
(မဇ္ဈိမ)။ ။ တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ဒုဦးစီးမှူး ဦးသိန်းဦးပစ်ခတ်ခံရ၍ သေဆုံးသွားသည်ဟု သိရသည်။

“အပစ်ခံရတဲ့နေရာမှာပဲ ပွဲချင်းပြီး သေတယ်လို့သိရပါတယ်။ လောင်းလုံးမြို့နယ် လမ်းပိုင်းတစ်နေရာမှာ ပစ်ခတ်ခံရတာပါ”ဟု ဒေသခံကပြောသည်။

၎င်းဒုဦးစီးမှူး ဆိုသူကို ဇူလိုင်လ ၂၁ ရက် ည ၈ နာရီခွဲ အချိန်တွင် သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်ဟု လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယမန်နေ့ ဇူလိုင်လ ၂၂ရက်တွင် ထုတ်ပြန်ထားသည်။

အဆိုပါပစ်ခတ်ခံရသူသည် စစ်ကောင်စီလက်‌အောက်ခံများနှင့်အတူ မလွဲတောင်ဂိတ်အပါအဝင် လမ်းတံတားစစ်ဆေးရေးဂိတ် အချို့တွင် ခရီးသွား ပြည်သူများထံမှ ငွေကြေးတောင်းခံရာ၌ ပါဝင်သူ တစ်ဦးဖြစ်၍ ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု LLPDF အဖွဲ့ တာဝန်ရှိသူက ဆိုသည်။

“ကျွန်တော်တို့ သူ့ကို အခုလိုမျိုး ပြည်သူတွေဆီက ဆက်ကြေး ကောက်ခံတာတွေ မလုပ်ဖို့ အကြိမ်ကြိမ် သတိပေးထားတာပါ ရပ်တန့်ခြင်းမရှိတာကြောင့် အခုလိုလုပ်ရခြင်း ဖြစ်ပါတယ်”ဟု လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Launglone People Defence Force-LLPDF မှ ရဲဘော်တစ်ဦးက ပြောသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

#တနင်္သာရီတိုင်း
#လောင်းလုံးမြို့နယ်
#ဒုဦးစီးမှူး
#ပစ်ခတ်မှု
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍19❤1🔥1
​​ကန်ပက်လက်မြို့နယ်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်တိုက်ခိုက်ခံရပြီး ၂ ဦးသေဆုံး 
====================

ပါခွီး

(မဇ္စျိမ) ။ ။ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား နှစ်ဦး သေဆုံးပြီး တဦးဒဏ်ရာပြင်းထန်စွာရရှိသွားကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့(ကန်ပက်လက်) CDF – Kanpetlet က ဇူလိုင်လ ၂၂ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

အင်အား ၁၄၀ ခန့်ရှိသော စစ်ကောင်စီတပ်သည် မကွေးတိုင်း ကျောက်ထုဖက်မှ ချင်းပြည်နယ် ကန်ပက် လက်မြို့သို့ စစ်ကြောင်းထိုးလာစဉ် ဇူလိုင်လ ၂၁ ရက်နေ့တွင် တော်လှန်ရေးမဟာမိတ် ပူးပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“နှစ်နေရာမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ၊ နှစ်ယောက်သေပြီး တယောက်ဒဏ်ရာရတယ်ဆိုတာ အတည် ပြုလို့ရပါတယ်။ အခု အဲဒီစစ်ကြောင်း မြို့ထဲကိုရောက်နေပြီ” ဟု CDF – Kanpetlet တာဝန်ရှိသူတဦးက မဇ္စျိမကိုပြောသည်။

ကန်ပက်လက်မြို့နယ် လုံမောင်အနီးတွင် နံနက် ၁၁ နာရီတွင် တကြိမ်၊ မြတ်နိုးသူအကွေ့မြောက်ဘက် တွင် မွန်းလွဲ ၁ နာရီ ၃၀မိနစ်၌တကြိမ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။
အဆိုပါစစ်ကြောင်းသည် ကန်ပက်လက်မြို့အတွင်းသို့ရောက်ရှိနေပြီဖြစ်ပြီး တိုက်ပွဲအတွင်း မဟာမိတ် တပ်ပေါင်းစုမှ အထိအခိုက်မရှိကြောင်း CDF – Kanpetlet ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် မကွေးတိုင်း လောင်းရှည်မှ ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့သို့ အင်အားဖြည့်တင်းရန် ထွက်ခွာ လာသော တင့်ကားနှစ်စီးပါ အင်အား ၃၀၀ ခန့်စစ်ကြောင်းမှာလည်း လမ်းတလျှောက်တွင် တော်လှန်ရေး တပ်များနှင့်တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သား ၂၄ ဦး သေဆုံးခဲ့ကာ တော်လှန်ရေးတပ်ဖွဲ့ဘက်မှ ခုနစ်ဦး ဒဏ်ရာရရှိထားကြောင်း သိရသည်။

ယင်းစစ်ကြောင်းသည် ဇူလိုင်လ ၂၂ ရက်နေ့က မောချောင်းတွင် စခန်းချရပ်နားခဲ့ပြီး ကျင်ဒွေးမြို့သို့ ရောက်ရှိရန် ၁၄ မိုင်ဝန်းကျင်အကွာတွင်ရှိပြီး ဆက်လက်ထွက်ခွာလာနေကြောင်း သိရသည်။

CDF – Kanpetlet သည် ၂၀၂၁ခုနှစ် နွေဦးတော်လှန်ရေးအစမှ ယနေ့အထိ စစ်ကောင်စီတပ်၏ အကြမ်း ဖက်လုပ်ရပ်များကို ရွပ်ရွပ်ချွံချွံတွန်းလှန်နေသော ချင်းကာကွယ်ရေးတပ်ဖွဲ့ဖြစ်ပြီး ရေရှည်ရပ်နိုင်ရေးနှင့် စစ်ကောင်စီကို အမြစ်ပြတ်ချေမှုန်နိုင်ရေးအတွက် မိဘပြည်သူများ၏ ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ အားပေး ကူညီမှုများလိုအပ်နေသဖြင့် ပံ့ပိုးပေးကြပါရန် တိုက်တွန်းထားသည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#ချင်းပြည်နယ်
#ကန်ပက်လက်မြို့နယ်
#စစ်ကောင်စီစစ်ကြောင်း
#CDF–Kanpetlet

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍28👏2😁2
​​ထားဝယ်ခရိုင်တွင် စစ်ကောင်စီ ယာဉ်တန်းမှ စစ်ကောင်စီတပ်သားများ၏ ရမ်းသန်း ပစ်ခတ်မှုကြောင့် ဒေသခံ ဒဏ်ရာရ 
================

ကိုရွှေမြိတ်

(မဇ္ဈိမ) ။ ။ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် ၊ ရေဖြူ-ကလိန်အောင် လမ်းပိုင်းတွင် မိုင်းဆွဲတိုက်ခိုက်ခံရသည့် ကားသုံးစီးပါ ယာဥ်တန်းမှ စစ်ကောင်စီတပ်သားများ၏ ရမ်းသန်းပစ်ခတ်မှုကြောင့် ဥယျာဉ်ခြံ အလုပ်သမား တစ်ဦး သေနတ် ထိမှန် ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံများထံက သိရသည်။

ယမန်နေ့ ဇူလိုင်လ ၂၂ ရက် မွန်းလွဲ ၂ နာရီခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယာဥ်တန်းတွင် စစ်ကောင်စီ တပ်သား အင်အား ၄၀ ဝန်းကျင် ပါရှိကာ မိုင်းဆွဲ ခံရမှုကြောင့် ထိခိုက် သေဆုံးမှုများ ရှိနိုင်ကြောင်း ဒေသခံများက ပြော သည်။

ကလိန်အောင်မြို့ခံ တစ်ဦးက“မိုင်းဆွဲ တိုက်ခိုက်တာက PDF တွေပဲ ဖြစ်ဖို့များတယ်။ စစ်တပ်က ပြန်ပစ်တော့ ဥယျာဉ်ခြံ အလုပ်သမား တစ်ဦး ဖြတ်သွားချိန်မှာ ခြေကို ထိသွားတာ ဖြစ်တယ်”ဟု ပြောသည်။

စစ်ကောင်စီယာဥ်တန်းသည် မြေသယ်ကားများဖြင့် ရောနှောကာ ရေဖြူမြို့မှ ကလိန်အောင် မြို့သို့ ထွက်ခွာလာခြင်းဖြစ်သည်။ ယာဥ်တန်းအနက် အလယ်မှ အစီးကို ထိခိုက်သွားခဲ့ပြီး မည်သည့် အဖွဲ့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။ 

လက်ရှိတွင် ရမ်းသန်း ပစ်ခတ်မှုကြောင့် ထိခိုက် ဒဏ်ရာ ရရှိခဲ့သည့် ဒေသခံ အမျိုးသားသည် ကံပေါက် ပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#စစ်ကောင်စီ ယာဉ်တန်း
#ဒေသခံ ဒဏ်ရာရ

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬16👍4❤2🔥1
​​ဇင်းကျိုက်မြို့တွင် ရဲ နှင့် အရပ်သား သေနတ်ဖြင့် ပစ်သတ်ခံရ 
===============

YT 

(မဇ္ဈိမ)။      ။ မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဇင်းကျိုက်မြို့၊ ဥတ္တံတားကျေးရွာ၊ ရန်ကုန်- မော်လမြိုင် ကားလမ်းမကြီးဘေးရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် နယ်ထိန်းရဲတစ်ဦးနှင့် အရပ်သားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံလိုက်ရကြောင်း ဒေသခံများထံက သိရသည်။ 

ယမန်နေ့ ဇူလိုင်လ ၂၂ ရက်နေ့၊ ညနေ ၆ နာရီဝန်းကျင်က ဇွဲမာန်အောင် ဆီဆိုင်အနီးရှိ ကျော်ကြီးစားသောက်ဆိုင်တွင် အတူထိုင်ကာ စားသောက်နေသည့် ဇင်းကျိုက်နယ်မြေရဲစခန်းမှ ဥတ္တံတားကျေးရွာနယ်ထိန်း ဖြိုးဇော်အောင်နှင့် ပေါင်မြို့နယ်၊ ကဒါရပ်ကွက်မှ ကားဝပ်ရှော့လုပ်ငန်း လုပ်ကိုင်သူ ကိုစည်သူဝင်းတို့အား အမည်မသိ လူနှစ်ဦးက ဆိုင်အတွင်း ဝင်ရောက်လာပြီး သေနတ်ဖြင့် ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးထံက သိရသည်။ 

" သူတို့က ဘီယာသွားသောက်နေတာတဲ့ ကျော်ကြီးဆိုင်မှာ ။ အဲ့ဒီမှာ လူနှစ်ယောက် ရောက်လာပြီး ပစ်သွားတာတဲ့ ဘယ်သူပစ်သွားတယ်တော့ ကျွန်တော်တို့ မမြင်ရတော့ မသိဘူးဗျ။ တစ်ယောက်ကတော့ ဥတ္တံတားနယ်ထိန်း။ နောက်တစ်ယောက်က ကိုစည်သူ၊ ကိုစည်သူကတော့ အေးအေးဆေးဆေးသမား ။ သူက ကားဝပ်ရှော့လုပ်တယ် ပုံမှန်အရပ်သားပဲ" ဟု ဒေသခံတစ်ဦးက မဇ္ဈိမကိုပြောသည်။ 

သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် နယ်ထိန်းရဲ ဖြိုးဇော်အောင်နှင့် အရပ်သား ကိုစည်သူဝင်းတို့သည် ဦးခေါင်း၊ ရင်ဘက်နှင့် ဗိုက်တို့တွင် ကျည်ထိမှန်ဒဏ်ရာများဖြင့် အခင်းဖြစ်ပွားရာ နေရာ၌ပင် သေဆုံးခဲ့ကြောင်း သိရသည်။ 

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ဒေသတွင်းတော်လှန်ရေးအင်အားစုများက တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်း မရှိသေးသကဲ့သို့ မဇ္ဈိမအနေဖြင့်လည်း သီးခြား အတည်ပြုနိုင်ခြင်းမရှိသေးချေ။ 

ပြီးခဲ့သည့် ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့ကလည်း ပေါင်မြို့နယ်၊ ဇင်းကျိုက်မြို့ ဖလပ်ကျေးရွာနှင့် ဥတ္တံတားကျေးရွာအကြား ရန်ကုန်- မော်လမြိုင် ကားလမ်းမကြီးပေါ်တွင် ဆိုင်ကယ်ဖြင့် သွားလာနေသည့် ဇင်းကျိုက်နယ်မြေရဲစခန်းမှ ရဲနှစ်ဦးအား လူငယ်နှစ်ဦးက ဆိုင်ကယ်ဖြင့် လိုက်လာ၍ သေနတ်ဖြင့် ပစ်ခတ်မှု ဖြစ်ပွားခဲ့သေးသည်။ 

အတိုပါ ပစ်ခတ်မှု၌လည်း ဇင်းကျိုက်နယ်မြေရဲစခန်းမှ နယ်ထိန်းရဲ မောင်ကိုကိုနှင့် ခိုင်ဇော်ထွန်းတို့ ဦးခေါင်း၊ ကျောကုန်းတို့တွင် ကျည်ထိမှန်ဒဏ်ရာများဖြင့် နေရာ၌ပင် သေဆုံးခဲ့ကြောင်း သိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး
ဓါတ်ပုံ- လူမှုကွန်ရက် (သေဆုံးခဲ့သည့် နယ်ထိန်း ဖြိုးဇော်အောင်နှင့် ကိုစည်သူဝင်း)

#Mizzima
#ဇင်းကျိုက်မြို့
#သေနတ်ဖြင့်ပစ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍20❤3🔥2
​​စစ်ကောင်စီတပ်၏ရေယာဉ်များမှ ပစ်ခတ်မှုကြောင့် ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများ ထွက်ပြေးနေရ
==================
MTO

(မဇ္ဈိမ)။ ။ချင်းတွင်းမြစ်ကြောင်းအတိုင်းဆန်တက်လာသည့် စစ်ကောင်စီတပ်၏ရေယာဉ်သုံးစီးက စစ်ကိုင်း တိုင်း၊ ဆားလင်းကြီးမြို့နယ်အတွင်းရှိ မြစ်ကမ်းဘေးကျေးရွာများကို လက်နက်ကြီး၊ လက်နက်ငယ်များ ဖြင့်ပစ်ခတ်နေသည့်အတွက် မြစ်ကမ်းဘေးကျေးရွာများတွင်နေထိုင်သူများ ထွက်ပြေးနေရကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါရေယာဉ်များသည် မုံရွာသို့ စစ်လက်နက်ပစ္စည်များ လာရောက်ပို့ဆောင်ခြင်းဖြစ်ပြီး ယနေ့ ဇူလိုင် လ ၂၃ ရက်နေ့ နံနက်ပိုင်း ဆားလင်းကြီးမြို့နယ်အတွင်းသို့ရောက်ရှိချိန်စဉ် ပစ်ခတ်မှုများပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း ဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ မှ အဖွဲ့ဝင်တဦးက ပြောသည်။

 “ဒီနေ့မနက်က ချင်းတွင်းမြစ်ကြောင်းအတိုင်းဆန်လာပြီးတော့ မြစ်ကမ်းဘေးကျေးရွာတွေကို လက်နက် ကြီး ၄၀ မမ၊ ၆၀ မမနဲ့ စက်ကလေးတွေရော တောက်လျှောက်ဆွဲပြီးပစ်သွားတာ” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီတပ်၏ပစ်ခတ်မှုကြောင့် ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေကြရပြီး ယနေ့ နံနက်အစော ပိုင်းက မိုးသည်းထန်စွာရွာသွန်းထား၍ မိုးထဲလေထဲတွင်ထွက်ပြေးနေရကြောင်း ဒေသခံများက ဆိုသည်။

ဆားလင်းကြီးမြို့နယ်အတွင်း၌ စစ်ကောင်စီတပ်ကစစ်ကြောင်းထိုးနေပြီး တစ်ဖက်မှလည်း ချင်းတွင်းမြစ် အတွင်းမှ ပစ်ခတ်နေမှုကြောင့် ဒေသခံများမှာရှောင်တိမ်းစရာ နေရာနည်းလာကြောင်း ဆားလင်းကြီးမြို့ နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်က ဆိုသည်။

“ စစ်ဘေးရှောင်နေရတဲ့အနေအထားက တဖက်မှာ မြစ်ရေတက်လာတဲ့အခါ ဒေသခံတွေမှာ ဘေးကျပ်နံ ကျပ်ဖြစ်လာတယ်။ တဖက်မှာက စစ်ကောင်စီတပ်စခန်းလိုဖြစ်နေတဲ့ ဝမ်ပေါင်ကုမ္ပဏီရှိတယ်။ အဲဒီတော့ စစ်ရှောင်စရာနေရာ နည်းလာတယ်” ဟု ၎င်းက ပြောသည်။

ချင်းတွင်မြစ်ကြောင်းအတိုင်းဆန်တက်လာသည့် စစ်ကောင်စီတပ်၏ရေယာဉ်များသည် မုံရွာမြို့သို့ ရောက်ရှိသွားပြီဖြစ်ကြောင်း ဒေသခံများထံမှသိရသည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#စစ်ကိုင်းတိုင်း
#ဆားလင်းကြီးမြို့နယ်
#စစ်ဘေးရှောင်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🔥6👍3🤬3😢2👏1
​​တရုတ်က ရုရှားထံမှ ရေနံပမာဏ စံချိန်တင် တင်သွင်းကာ ကိုရီးယားနှင့် ဂျပန် ထုတ်လုပ်ရေးလုပ်ငန်းများကို ဖိအားပေးလာနိုင် 
===============

တရုတ်သည် စီးပွားရေးကျဆင်းနေသော်လည်း ရေနံကို သိုလှောင်ထားရန်နှင့် သန့်စင်ချက်လုပ်ပြီး ပြည်ပတင်ပို့ရန် ရုရှားရေနံစိမ်း ဈေးပေါမှုကို အခွင့်ကောင်းယူကာ စံချိန်တင်ပမာဏအထိ တင်သွင်းလျက်ရှိသည်။ 

ကမ္ဘာ့ဒုတိယအကြီးဆုံးစီးပွားရေးရှိရာ တရုတ်နိုင်ငံတွင် စီးပွားရေးနာလန်ထရန် ရုန်းကန်နေရသော်လည်း ယခုနှစ်အတွင်း ရေနံတင်သွင်းမှု စံချိန်တင်မြင့်တက်လာခြင်း ဖြစ်သည်။ 
ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုများသည် ကမ္ဘာ့ရေနံဈေးကွက်အား ပြန်လည်ပုံဖော်နေကြောင်း ယခုလုပ်ရပ်က ပြသနေပြီး ရေနံစိမ်း စျေးပေါမှုကြောင့် တရုတ်အတွက် နှစ်ဆအကျိုးရှိလာခဲ့ကာ ပို့ကုန်မြှင့်တင်ရန် အခွင့်အလမ်း ရရှိလာခဲ့သည်။ 

တရုတ်နိုင်ငံသည် ၂၀၂၃ ခုနှစ်၊ ပထမနှစ်ဝက်အတွင်း တစ်ရက်လျှင် ရေနံစိမ်းစည်ပေါင်း ၁၁ ဒသမ ၄ သန်း တင်သွင်းခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၁၁ ဒသမ ၇ ရာခိုင်နှုန်း တိုးလာကာ ကိုဗစ်မတိုင်မီကာလနှင့် နှိုင်းယှဉ်ပါက ၁၅ ဒသမ ၃ ရာခိုင်နှုန်း တိုးလာခဲ့သည်ဟု အကောက်အခွန် အချက်လက်များကို အခြေခံ၍ Financial Times က တွက်ချက်ဖော်ပြထားသည်။ 
တရုတ်နိုင်ငံတွင် ရေနံစိမ်းသိုလှောင်နေသည်ဟု အလွယ်ပြော၍ရကြောင်း Rystad Energy သုတေသနအဖွဲ့မှ ရေနံရောင်းဝယ်ရေးအကြီးအကဲ မူကက်ရှိ ဆာဒဗ်က ပြောကြားခဲ့သည်။

တရုတ်က နောင်အနာဂတ်နှင့် လှုပ်လှုပ်ခတ်ခတ် ဖြစ်ပေါ်လာနိုင်သည့် အခြေအနေတို့အတွက် ကြိုတင် တင်သွင်းနေခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ 

တရုတ်နိုင်ငံသည် ယခင်လက ရုရှားထံမှ တစ်ရက်လျှင် ရေနံစိမ်းစည်ပေါင်း ၂ ဒသမ ၅၇ သန်း တင်သွင်းခဲ့ပြီး မေလက စံချိန်ကို ကျော်လွန်သွားခဲ့ကြောင်း ဇူလိုင်လ ၂၀ ရက်က တရားဝင်အချက်အလက်များတွင် ဖော်ပြထားသည်။
တရုတ်သည် ၂၀၂၃ ခုနှစ် ပထမနှစ်ဝက်တွင် ရုရှားထံမှ တစ်ရက်လျှင် ရေနံစိမ်းစည်ပေါင်း ၂ ဒသမ ၁၃ သန်း တင်သွင်းခဲ့ပြီး ဆော်ဒီအာရေဗျမှ တင်သွင်းသည့် စည်ပေါင်း ၁ ဒသမ ၈၈ သန်းထက် ကျော်လွန်ခဲ့ကာ ရုရှားသည် ယခုနှစ်အတွင်း တရုတ်နိုင်ငံသို့ ရေနံစိမ်းအများဆုံးတင်ပို့သူ ဖြစ်လာခဲ့သည်။

ယူကရိန်းအား ကျူးကျော်ပြီးနောက် ရုရှားအပေါ်ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှုများသည် တရုတ်မူဝါဒ ချမှတ်သူများအတွက် စွမ်းအင်ဖူလုံမှုနှင့်ပတ်သက်၍ လွန်စွာ သက်သာရာရစေခဲ့သည်။ တရုတ်အနေဖြင့် ရုရှား သို့မဟုတ် ထိုင်ဝမ် အရေးနှင့်ပတ်သက်၍ ပထဝီနိုင်ငံရေးအခြေအနေအချို့အတွက် ကြိုတင်ပြင်ဆင်နေခြင်း ဖြစ်နိုင်ကြောင်း ဆာဒဗ်က ပြောကြားခဲ့သည်။ 

လုံခြုံရေးနှင့်ပတ်သက်၍ Oxford Institute of Energy Studies မှ တရုတ် စွမ်းအင်သုတေသန အကြီးအကဲ မစ်ချယ်မီဒန် က ပြောကြားခဲ့သည်။ 
ပြင်ပကမ္ဘာသည် ယိုယွင်းလာနေပြီး ၎င်းတို့အနေဖြင့် ဒဏ်ခတ်ပိတ်ဆို့မှုအတွက် ကြိုတင်ပြင်ဆင်နေခြင်းဖြစ်သည် ဆိုသည့် ခံယူချက် တရုတ်တွင် သေချာပေါက်ရှိနေပြီး အဆိုပါ ခံယူချက်သည် နှစ်ပေါင်းများစွာကတည်းက တည်ရှိနေခြင်းဖြစ်ကြောင်း မီဒန်က ပြောကြားခဲ့သည်။ 
ယူကရိန်းစစ်ပွဲ စတင်ချိန်မှစ၍ ရုရှားထံမှ ရေနံတင်သွင်းရခြင်းသည် အခြား အိုပက်နိုင်ငံများထက် ဈေးသက်သာကြောင်း တရုတ် အကောက်ခွန်အချက်အလက်များတွင် ဖော်ပြထားသည်။

ဆော်ဒီအာရေဗျရေနံစိမ်း တစ်ယူယူနစ်ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ရုရှားရေနံသည် ၂၀၂၂ ခုနှစ် နှစ်ကုန်တွင် တစ်စည်လျှင် ၉ ဒေါ်လာနှင့် ဇွန်လတွင် တစ်စည်လျှင် ၁၁ ဒေါ်လာ ဈေးသက်သာခဲ့သည်။ 

သို့သော် ရုရှားလောင်စာဆီ လျှော့ဈေးသည် အီရန်နှင့် ဗင်နီးဇွဲလားတို့ထက်နည်းပြီး ရုရှားရေနံစိမ်း ရောင်းဝယ်ရာတွင် ဒေါ်လာအသုံးမပြုမှု တိုးလာကြောင်း လေ့လာသူများက ပြောကြားခဲ့သည်။

ရုရှားဘက်သို့ မြားဦးလှည့်ခြင်းသည် စနစ်တကျပြောင်းလဲခြင်းထက် အခွင့်အရေးယူခြင်း ဖြစ်နိုင်သည်။ တရုတ်အနေဖြင့် ရုရှားဘက်သို့ လုံးလုံးလျားလျား ယိမ်းလိုက်ခြင်းမဟုတ်ဘဲ ဆော်ဒီသွင်းကုန်များမှ ခေတ္တ လမ်းကြောင်းပြောင်းလဲခြင်းသာ ဖြစ်နိုင်သည်ဟု ယူဆကြောင်း မီဒန်က ပြောကြားခဲ့သည်။ 

တရုတ်နေဖြင့် မိမိထံ တင်ပို့နေသူများအကြား ဘက်မမိလိုက်စေရန် အလေးထားလျက်ရှိသည်။ ထိုသို့ဖြစ်ရသည်မှာ ဈေးကွက်အခြေအနေမှန်က ဖော်ဆောင်လိုက်သည့် ဈေးနှုန်းကြောင့်ဖြစ်ကြောင်း မီဒန်က ထပ်မံ ပြောကြားခဲ့သည်။ 
တရုတ်ရေနံချက်လုပ်ငန်းများသည် အာရှပြိုင်ဘက်များထက် တစ်စည်လျှင် ၃ ဒေါ်လာအထိ အမြတ်ငွေ ပို၍ရရှိနေခြင်းမှာ ထုတ်လုပ်မှုဆက်လက်လုပ်ဆောင်ရန် မက်လောက်သည့် ဆွဲဆောင်မှုဖြစ်ကြောင်း ဈေးကွက် အချက်အလက်များကို ထုတ်ပြန်ပေးနေသည့် Kpler အဖွဲ့က ထောက်ပြထားသည်။ 

တရုတ်အနေဖြင့် ဈေးသက်သာသော ရုရှားရေနံထံမှ အကျိုးအမြတ်ရရှိနေခြင်းကြောင့် စျေးကွက်ကို လွှမ်းမိုးချုပ်ကိုင်ပြီး ကိုရီးယားနှင့် ဂျပန် ထုတ်လုပ်ရေးလုပ်ငန်းများကို ဖိအားပေးလာနိုင်ကြောင်း Kpler အဖွဲ့က ပြောကြားခဲ့သည်။
👍13🤬7😁1
​​စစ်ကောင်စီနှင့် သံခင်းတမန်ခင်း တိုးမြှင့်ဆက်ဆံလာသည့် အိန္ဒိယ
=====================

အိန္ဒိယသည် ယင်း၏ နယ်စပ်တစ်လျှောက်တွင် ဦးနှောက်ခြောက်စရာကောင်းသော နိုင်ငံခြားရေး-မူဝါဒဆိုင်ရာ ခေါင်းခဲစရာကိစ္စသစ်တစ်ခုကို ရင်ဆိုင်နေရသည်။ ယင်းက ပါကစ္စတန် သို့မဟုတ် တရုတ်နှင့် သက်ဆိုင်ပတ်သက်ခြင်းတော့ မရှိပေ။ အိန္ဒိယပြည်ပရေးရာ (နိုင်ငံခြားရေး) ဝန်ကြီး အက်စ် ဂျိုင်ရှန်ကာသည် ဘန်ကောက်၌ ကျင်းပသော ဒေသတွင်း ကွန်းဖရင့်တစ်ခု၏ သီးခြားပြင်ပတွင် မြန်မာစစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနှင့် တွေ့ဆုံခဲ့သည်။ ထို တွေ့ဆုံမှုမတိုင်မီကလည်း အိန္ဒိယကာကွယ်ရေး အတွင်းဝန် ဂီရီဒဟာ အရာမာနီးသည် ယခုလအတွင်း မြန်မာနိုင်ငံသို့ နှစ်ရက်တာ ခရီး လာရောက်ခဲ့သည်။

မြန်မာတွင် ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလက စစ်တပ်အာဏာသိမ်းပြီးနောက် အကြမ်းဖက်မှုတို့ အရှိန်ပြင်းထန်လာခြင်းနှင့် ယင်းက အိန္ဒိယ၏ အကျိုးစီးပွားများအပေါ် အန္တရာယ်များ တိုးမြင့် ဖြစ်ပေါ်စေမှုဆိုင်ရာ နောက်ခံဖြစ်ရပ်နှင့်အတူ ယခု အိန္ဒိယအာဏာပိုင်တို့က မြန်မာစစ်ကောင်စီနှင့် တိုးမြှင့် ဆက်ဆံမှု ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ တစ်ချိန်တည်းမှာပင် မြန်မာနှင့် နယ်စပ်ချင်း ထိစပ်နေသည့် အိန္ဒိယ၊ မဏိပူရ်ပြည်နယ်၌လည်း လူမျိုးရေး အကြမ်းဖက်မှုတို့ ပေါ်ပေါက်နေခဲ့သည်။ ထို မငြိမ်မသက်မှုအောက်တွင် မြန်မာရှိ ချင်းတိုင်းရင်းသားတို့နှင့် မျိုးနွယ်စုဆိုင်ရာ ဆက်နွယ်ပတ်သက်မှုများ ရှိသည့် လူနည်းစု ကူကီးအစုအဖွဲ့နှင့် လူများစု မေထေး (ကသည်း) အစုအဖွဲ့အကြား ဖက်ပြိုင်ထိပ်တိုက်တွေ့နေခဲ့ခြင်း ဖြစ်သည်။

တောင်အာရှရှိ အခြားနယ်စပ် အများအပြားကဲ့သို့ပင် အိန္ဒိယ-မြန်မာ နယ်စပ်သည်လည်း ဖိစီးတင်းမာမှုတို့ ရှိသည်။ မြန်မာရှိ အုပ်စု အစုအဖွဲ့များက မဏိပူရ်မှ စစ်သွေးကြွတချို့ကို ခိုလှုံခွင့် ထောက်ပံ့ပေးခဲ့ပြီး နယူးဒေလီနှင့် နေပြည်တော်တို့သည် မကြာသေးခင်က သူပုန်များကို ဖမ်းဆီးရေး ကြိုးပမ်းမှုများတွင် ပူးပေါင်းဆောင်ရွက်ထားခဲ့သည်။ သို့သော် မြန်မာအာဏာသိမ်းစစ်ကောင်စီသည် နိုင်ငံတွင် အာဏာသိမ်းမှုကို ဆန့်ကျင်သော တော်လှန်ရေးတပ်ဖွဲ့များကို တိုက်ခိုက်စေရန် အထက်ပါ စစ်သွေးကြွတချို့ကို စစ်သားစုဆောင်းအင်အားဖြည့်ရန် ကြိုးပမ်းထားခဲ့သည်ဟု သိရပြီး စစ်ကောင်စီသည် နယ်စပ်၏ ယင်းဘက်ခြမ်း၌ အခြေစိုက်သော သူပုန်များ အိန္ဒိယတွင် တိုက်ခိုက်မှုများ လုပ်ဆောင်ခြင်းအပေါ် တားဆီးရန် ပျက်ကွက်နေခဲ့သည်။

မြန်မာ၌ အာဏာသိမ်းမှုအလွန် အကြမ်းဖက်မှုတို့က စစ်သွေးကြွများ၊ မှောင်ခိုသမားများနှင့် အခြားသော မတည်မငြိမ်ဖြစ်စေသော အင်အားစုများကို ပိုမို ရဲဆေးတင်ပေးတင်လိမ့်မည် ဖြစ်ပြီး ထိုမှတစ်ဆင့် အိန္ဒိယ၏ လုံခြုံရေးအကျိုးတရားအပေါ် အန္တရာယ်ပေးလိမ့်မည် ဆိုပြီး အိန္ဒိယအစိုးရဘက်က စိုးရိမ်ပူပန်နေဖွယ်ရှိသည်။ မြန်မာစစ်ကောင်စီသည် ခုခံတော်လှန်မှုများ အားကောင်းသော ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းတို့တွင် ရက်စက်သော ဖြိုခွင်းနှိမ်နင်းမှုများကို လုပ်ဆောင်ခဲ့ပြီး ဇန်နဝါရီလတွင် ဗုံးနှစ်လုံးက အိန္ဒိယနိုင်ငံထဲ ကျခဲ့သည်ဟု သိရသည်။ ထို့ပြင် မြန်မာစစ်တပ် အာဏာသိမ်းပြီးချိန်မှစပြီး နယ်စပ် အခြေအနေများက ပိုမို စိမ့်ဝင်နိုင်မှုကို ဖြစ်လာစေခဲ့ပြီး မူးယစ်ဆေး ရောင်းဝယ်မှုနှင့် လူကုန်ကူးမှုတို့ကို ပို၍ ဖြစ်ပေါ်စေခဲ့သည်။

မဏိပူရ်ရှိ ဖြစ်ပေါ်ဆဲ မငြိမ်မသက်မှုတို့က နယူးဒေလီအတွက် အန္တရာယ်များကို တိုးမြင့်စေခဲ့သည်။ ကူကီး သူပုန်များသည် မြန်မာဘက်မှ မဏိပူရ်သို့ ဝင်ရောက်ခဲ့ကြခြင်းဖြစ်သည်ဟု မေထေး ခေါင်းဆောင်တချို့က ပြောပြီး တစ်ချိန်တည်းမှာပင် နယ်စပ်ဖြတ်ကျော် သွားလာမှုတိုင်းက ငြိမ်းချမ်းမှု ရှိသည်ဟု ကူကီး ကိုယ်စားပြုသူများက အခိုင်အမာ ဆိုသည်။ မဏိပူရ်ရှိ ကူကီး ဧရိယာများ၌ ဘိန်းစိုက်မှုကို မြန်မာက ငွေကြေးထောက်ပံ့ပေးနေသည်ဟု မေထေး ခေါင်းဆောင်များက စွပ်စွဲသလို တစ်ဘက်တွင်လည်း ယင်းမှာ မေထေး စီးပွားရေးသမားများ (ကာတယ်) က ငွေကြေးပံ့ပိုးခြင်း ဖြစ်သည်ဟု ကူကီး အသိုက်အဝန်း ခေါင်းဆောင်များက တုံ့ပြန် ပြောဆိုသည်။ မည်သို့ဆိုစေကာမူ မဏိပူရ်ရှိ သောင်းကျန်းသူများသည် မြန်မာဘက်မှနေပြီး လှုပ်ရှားခဲ့ပြီး နယ်စပ်ဖြတ်ကျော် ရွှေ့ပြောင်းနေထိုင်မှုတချို့ ရှိသည်ဟုလည်း ကူကီးခေါင်းဆောင်များက ဝန်ခံသည်။

ပဋိပက္ခက ဒေသဆိုင်ရာ ဆက်သွယ်ချိတ်ဆက်မှု ပရောဂျက်များအပေါ် သက်ရောက်ထိခိုက်မှု ရှိနိုင်သည်ကို စိုးရိမ်ပူပန်သည့်အတွက် နယူးဒေလီသည် နေပြည်တော်နှင့် ထိတွေ့ဆက်ဆံမှုကို တိုးမြှင့်နေခြင်း ဖြစ်သည်။
👍8😡7❤1
​​ဟွန်ဆန် အနိုင်ရရန် သေချာသလောက်ရှိသည့် ကမ္ဘောဒီးယားရွေးကောက်ပွဲ ကျင်းပ
=======================

ကမ္ဘောဒီးယားတွင် ကာလရှည် ခေါင်းဆောင် ဟွန်ဆန် အနိုင်ရရန် သေချာသလောက် ဖြစ်နေသည့် အထွေထွေရွေးကောက်ပွဲကို ဇူလိုင် ၂၃ ရက်တွင် ကျင်းပပြီး မဲဆန္ဒရှင်များက မဲပေးကြသည်။ ဟွန်ဆန်သည် နိုင်ငံ၏ ဦးစီးဦးကိုင်နေရာကို ၎င်း၏ အကြီးဆုံးသားဖြစ်သူအား လွှဲပြောင်းပေးခြင်းအားဖြင့် ၎င်း၏ အကြွင်းမဲ့ထိန်းချုပ်မှု အမွေအနှစ်ကို သေချာစေရန် လုပ်ဆောင်မည့်ပုံပေါ်သည်။

အသက် ၇၀ နှစ်ရှိ ခမာနီ အရာရှိဟောင်းတစ်ဦးဖြစ်သည့် ဟွန်ဆန်သည် နိုင်ငံတွင် ၁၉၈၅ ခုနှစ်ကတည်းက အုပ်ချုပ်နေခဲ့ခြင်း ဖြစ်ပြီး ယခု ရွေးကောက်ပွဲတွင် ပြိုင်ဘက်မရှိ ယှဉ်ပြိုင်ရမည် ဖြစ်သည်။ အတိုက်အခံ ပါတီများ ပိတ်ပင်တားမြစ်ခံထားရပြီး စိန်ခေါ်သူများလည်း မဖြစ်မနေ ထွက်ပြေးထားကြရသလို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ထိန်းချုပ်ခံထားရသည်။
ဟွန်ဆန်၏ ကမ္ဘောဒီးယားပြည်သူ့ပါတီ (CPP) သည် အောက်လွှတ်တော်တွင် အမတ်နေရာ ၁၂၅ နေရာစလုံးကို ဆက်လက်ထိန်းထားနိုင်ဖွယ်ရှိပြီး ၎င်း၏ အာဏာချုပ်ကိုင်မှုကို ဆွဲဆန့်စေကာ ဝေဖန်သူတချို့က မြောက်ကိုရီးယား နိုင်ငံရေးနှင့် နှိုင်းယှဉ်ထားသည့် အာဏာလွှဲပြောင်းဆက်ခံစေမှုတစ်ရပ်အတွက် လမ်းခင်းပေးလျက် ရှိသည်။

တစ်ခုတည်းသော အဓိက အတိုက်အခံပါတီသည်လည်း ရွေးကောက်ပွဲ မတိုင်မီ အကြိုကာလတွင် စည်းကမ်းနှင့် မညီဟု ဆိုပြီး ပိတ်ပင်ခံခဲ့ရပြီး အခြားသော အရွယ်အစားငယ်သော၊ ငွေကြေးပံ့ပိုးမှု အားနည်းသော ပါတီငယ် ၁၇ ခုအနက် တစ်ခုခုက အမတ်နေရာများ အနိုင်ရမည် ဆိုပါက အံ့အားသင့်စရာ ဖြစ်လိမ့်မည် ဖြစ်သည်။

ဒေသစံတော်ချိန် မနက် ၇ နာရီတွင် မဲရုံများ စတင်ဖွင့်လှစ်ပြီးနောက် မကြာမီ ဟွန်ဆန်သည် ဖနွမ်ပင်၌ မဲပေးခဲ့ကြောင်း အေအက်ဖ်ပီ သတင်းသမားများက ပြောသည်။

လူမျိုးတုန်းသတ်ဖြတ်သော ခမာနီ ခေတ် အပါအဝင် နှစ်များစွာကြာ ပဋိပက္ခများကြောင့် နိုင်ငံကို မွှေနှောက်ဖျက်ဆီးခဲ့ပြီးနောက် ၁၉၉၃ ခုနှစ်တွင် ကုလသမဂ္ဂက ပထမဆုံး ကမကထပြုသည့် ရွေးကောက်ပွဲနောက်ပိုင်း လက်ရှိ ခုနစ်ကြိမ်မြောက် ရွေးကောက်ပွဲတွင် လူပေါင်း ၉ ဒသမ ၇ သန်းကျော်က ဆန္ဒမဲပေးရန် စာရင်းသွင်းထားသည်။

ကမ္ဘောဒီးယားတွင် ပါတီစုံ ဒီမိုကရေစီစနစ်တစ်ခုအတွက် နိုင်ငံတကာ အသိုင်းအဝိုင်းက မျှော်လင့်ချက်များ ထားခဲ့ကောင်းထားခဲ့နိုင်သည့် ပြီးခဲ့သည့် နှစ် ၃၀ ကာလတွင် ယင်းနိုင်ငံသည် ဟွန်ဆန်၏ အုပ်ချုပ်မှုအောက်တွင်သာ ရှိနေခဲ့ရသည်။

ဝါရင့် ဝန်ကြီးချုပ် ဟွန်ဆန်က သူ့အနာဂတ်အတွက် စတင်စဉ်းစားလာခဲ့ပြီး မကြာမီကာလအတွင်း၊ ဖြစ်နိုင်ခြေအားဖြင့် လာမည့် သီတင်းပတ်များအတွင်း သူ၏ သားဖြစ်သူ ကြယ်လေးပွင့်အဆင့်ရှိ ဗိုလ်ချုပ်ကြီး ဟွန် မန်နက်ကို ရာထူးလွှဲပြောင်းပေးသွားမည်ဟု ပြောသည်။

“နိုင်ငံကို ဦးဆောင်ဖို့ မိမိတို့ ချစ်တဲ့ ပါတီကို မဲပေးရွေးချယ်ဖို့အတွက် မိမိတို့ဟာ မိမိတို့ရဲ့ အရပ်ဖက် အခွင့်အရေး၊ တာဝန်ဝတ္တရားနဲ့ နိုင်ငံသားအခွင့်အရေးကို အသုံးချထားပါတယ်” ဟု အသက် ၄၅ နှစ်ရှိ ဟွန် မန်နက်က ဆန္ဒမဲပေးအပြီး သတင်းထောက်များကို ပြောသည်။
သားဖြစ်သူထံ ရာထူးအာဏာလွှဲပြောင်းပေးပြီးနောက်တွင်လည်း ဟွန်ဆန်အနေဖြင့် နောက်ကွယ်မှ ဆက်လက် ကြိုးကိုင်ရန် ရည်ရွယ်ထားသည်ကို ရှင်းရှင်းလင်းလင်း မြင်ရသော်လည်း အမေရိကန်နှင့် ဗြိတိန်တွင် ပညာသင်ကြားခဲ့သည့် ဟွန် မန်နက်အနေဖြင့် နိုင်ငံတွင် အပြောင်းအလဲများကို ဖြစ်စေနိုင်မည်လား ဆိုသည်ကို အများအပြားက သိချင်နေကြသည်။

ကမ္ဘောဒီးယားအတွက် မည်သည်ကို လုပ်ဆောင်ရန် စီစဉ်ထားသလဲနှင့် မည်သည့်အချိန်တွင် ဝန်ကြီးချုပ် ဖြစ်လာမည်လဲ ဆိုပြီး အေအက်ဖ်ပီ၏ မေးမြန်းမှုကို ဟွန် မန်နက်က “ဒါနဲ့ပတ်သက်လို့ ကျွန်တော့်မှာ ပြောစရာ မှတ်ချက်မရှိပါဘူး” ဟု ပြောသည်။

လက်ရှိ ကမ္ဘောဒီးယား ရွေးကောက်ပွဲကို လူ့အခွင့်အရေးအဖွဲ့များက ဝေဖန်ထားသည်။
👍10😁6🔥3❤1
မုံရွာတွင် စစ်ကောင်စီတပ်ဖွဲ့ ကို တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၂ ဦး သေဆုံး
===================

MTO

(မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ရှိ စွမ်းရည်ထက်စစ်ဆေးရေးဂိတ်မှ စစ်ကောင်စီတပ် နှင့် ပျူစောထီးအဖွဲ့ ဝင်များကို ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ က ဇူလိုင်လ ၂၂ ရက် နေ့လယ်ပိုင်းတွင် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးသွား People Defense Force-South Monywa အဖွဲ့ တာဝန်ခံ က ပြောသည်။

 “ ကင်းပုန်းတွေ အထပ်ထပ်ရှိနေတဲ့ကြားထဲကနေ သူတို့ရှိနေတဲ့နေရာအနား ထိတိုးပြီးတော့ သူတို့ကို စောင့်ကြည့်နေခဲ့တာ အဲ့အချိန်မှာ စစ်သား နှစ်ကောင် (နှစ်ယောက်) ရေဗူးတွေ ကိုင်ပြီး ကျတော်တို့ ရှိတဲ့ဘက်ကို စကားပြောရင်းနဲ့ ရောက်ချလာတာ အဲ့မှာ ကျတော်တို့ က ထပစ်တာ” ဟု ၎င်းက ပြောသည်။

 ထိုနေရာအနီးတွင် ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်၍ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော် နှစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း PDF-South Monywa အဖွဲ့ တာဝန်ခံက ပြောသည်။

 “ သူတို့ဘက်က လက်နက်ငယ်တွေ စက်ကလေးတွေနဲ့ တောက်လျှောက်ပြန်ပစ်တာ။ နေရာမျိုးစုံကနေ ကင်းပုန်းနေရာတွေကပါ ထပစ်တာ ။ ကျတော်တို့ ပစ်ရင်း၊ဆုတ်ရင်းနဲ့ ပြန်ဆုတ်ခဲ့ရတာ ။ ကျွန်တော်တို့ဘက်က နှစ်ယောက် ကျည်ထိမှန်ခဲ့ပေမယ့် မစိုးရိမ်ရပါဘူး” ဟု ၎င်းက ပြောသည်။

ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ အနေဖြင့် ကျည်ဆန် မလုံလောက်မှုကြောင့် ဆုတ်ပစ် ပစ်ခဲ့ရပြီး နှစ်ဖက် အပြန်အလှန်ပစ်ခတ်မှု ၁၅ မိနစ်ခန့်ကြာမြင့်ခဲ့ကြောင်း PDF-South Monywa အဖွဲ့ တာဝန်ခံက ဆိုသည်။

တိုက်ခိုက်မှုကို People's Defence Force - South Monywa ၏တပ်ခွဲ(၁)၊ တပ်ခွဲ(၃)နှင့် Monywa Special ဒိတ်ဒိတ်ကြဲ PDFတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

https://youtu.be/KVB2kYu6AlQ

စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#မုံရွာ
#စစ်ကောင်စီတပ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍18👏5😁1
ပဲခူးတိုင်း စိန်ကန့်လန့်−မြို့ချောင်းလမ်းပိုင်းတွင် သစ်ထုတ်နေသည့်ကားများထံက စစ်ကောင်စီတပ်ဖွဲ့ ဂိတ်ဖွင့် ငွေကောက်ခံနေ
👍10🤬5🔥3
ပဲခူးတိုင်း စိန်ကန့်လန့်−မြို့ချောင်းလမ်းပိုင်းတွင် သစ်ထုတ်နေသည့်ကားများထံက စစ်ကောင်စီတပ်ဖွဲ့ ဂိတ်ဖွင့် ငွေကောက်ခံနေ
==================

ရွှေနွယ်

(မဇ္ဈိမ)။   ။ ပဲခူးတိုင်းအရှေ့ခြမ်းနှင့် အနောက်ခြမ်းကို ဆက်သွယ်ထားသည့် စိန်ကန့်လန့်−မြို့ချောင်းလမ်းပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့က ဂိတ်ဖွင်၍ သစ်ထုတ်လုပ်နေသည့် ကားများကို ငွေကောက်ခံနေသည်ဟု ဒေသခံသစ်လုပ်ငန်းလုပ်ကိုင်သူနှင့် ကာကွယ်ရေးတပ်ဖွဲ့ထံက သိရသည်။

“ခါချဉ်တောင်ဂိတ်က ကားတစ်စီးကို ၃၀၀,၀၀၀ယူတယ်။ လမ်းတစ်လျှောက်မှာက ဂိတ်ပေါင်း ခုနစ်ဂိတ်ရှိတယ်။ တချို့ဂိတ်တွေမှာ စစ်သားတွေပဲရှိတယ် ။ တချို့ဂိတ်မှာတော့ သစ်တောကလူတွေ ရှိတယ်”ဟု မင်းလှမြို့ဒေသခံ သစ်လုပ်ငန်းလုပ်ကိုင်သူတစ်ဦးမှ မဇ္ဈိမကိုပြောသည်။

အဆိုပါလမ်းပိုင်းတွင် မင်းလှမြို့နယ်ရှိ ကျေးရွာပေါင်း ၁၀ ရွာခန့်က သစ်ထုတ်လုပ်ရေးလုပ်ငန်းလုပ်ကိုင်နေသူများ သွားလာကြပြီး၊ မင်းလှမြို့နယ်အတွင်း သစ်လုပ်ငန်းလုပ်ကိုင်နေသည့် ကားအစီးရေ ၁၀၀ ခန့်ရှိသည်ဟု အဆိုပါ ဒေသခံ၏ပြောဆိုချက်အရသိရသည်။

အချို့သစ်ကားများသည် ရက်ခြားသွားလာခြင်းဖြစ်သည့်အတွက် နေ့စဉ်အသွားအလာပြုလုပ်နေသည့် ကားအစီးရေမှာ ပျမ်းမျှ တစ်ညလျှင် အစီးရေ ၂၀ ခန့်ရှိသည်ဟုသိရသည်။

အဆိုပါ လမ်းပိုင်းတစ်လျှောက်တွင် ပဲခူးတိုင်းအနောက်ခြမ်း၌ စိန်ကန့်လန့်ရွာအထွက်ဂိတ်၊ ဘန့်ဘွေးကုန်းသစ်တောထိန်းသိမ်းရေးဂိတ်၊ မုက္ခာဆည်ဘေးရှိ ဂိတ်၊ ဘိုရုံဂိတ်၊ ခါချဉ်တောင်ဂိတ်၊ ငပွေးကြီးဂိတ်နှင့် ဇာမဏီသစ်တောဂိတ် စသည့် စစ်ကောင်စီဂိတ် ခုနစ်ဂိတ်ခန့် ရှိနေပြီး ပုံမှန်အားဖြင့် ခါချဉ်တောင်ဂိတ်သည် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၃၀ ခန့်ရှိသည့် ဂိတ်ဖြစ်ကြောင်း သိရသည်။

စိန်ကန့်လန့်−မြို့ချောင်းလမ်းပိုင်းသည် သစ်ထုတ်လုပ်ရေးလုပ်ကိုင်နေသူများ အဓိကအသုံးပြုနေသည့် လမ်းပိုင်းဖြစ်ပြီး အဆိုပါ နယ်အတွင်း စစ်ကြောင်းတာဝန်ကျနေသည့် စစ်ကောင်စီတပ်သားများ၊ မင်းလှမြို့ ခလရ − ၁ တပ်မှ တပ်သားများ၊ ရဲများနှင့် သစ်တောဝန်ထမ်းအချို့ပူးပေါင်းကာ စစ်ဆေးငွေကောက်ခံမှုများ လုပ်ဆောင်နေခြင်းဖြစ်သည်ဟု သာယာဝတီခရိုင်မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်က‌ ပြောသည်။

“ပဲခူးရိုးမဟာ အရင်ကတည်းက သစ်ထုတ်လုပ်မှုအများဆုံး လုပ်ခဲ့တဲ့နေရာဖြစ်တဲ့အတွက် သစ်တောပြုန်းတီးမှု ဆိုးဆိုးရွားရွားဖြစ်နေလို့ သစ်ထုတ်လုပ်ခွင့်ကို ၂၀၁၇ ခုနှစ်ကစပြီး ၁၀ နှစ် ပိတ်ပင်ထားတဲ့နေရာပါ။မြေပုံမှာကြည့်ရင်လည်း ခါချဉ်တောင်တဝိုက်မှာ သစ်တောပြုန်းတီးနေတာကို သိသိသာသာတွေ့ရမှာဖြစ်ပါတယ်”ဟု ၎င်းကပြောသည်။

လက်ရှိတွင် အဆိုပါလမ်းပိုင်း၌ ငွေကြေးကောက်ခံခြင်းအပြင် ပစ္စည်းများ သိမ်းယူခြင်းနှင့် ကားသိမ်းသည့် အခြေအနေများပါ ပြုလုပ်လာကြသည်ဟု ဆိုသည်။

ယခုနှစ် မေလမှစ၍ သုံးလတာကာလအတွင်း ဒေသခံများ ပိုင်ဆိုင်သည့် သစ်ဖြတ်စက် ၁၉၈ လုံး၊ ဖုန်း ၁၆၄ လုံးနှင့် ငွေကြေးများကို စစ်ကောင်စီတပ်ဖွဲ့က သိမ်းယူခဲ့‌သေးသည်ဟု မင်းလှမြို့ဒေသခံ၏ပြောဆိုချက်အရသိရသည်။

ဇူလိုင်လ ၁၉ ရက်နေ့ ညနေပိုင်းက မင်းလှမြို့နယ် စိန်ကန့်လန့်−မြို့ချောင်းလမ်းပိုင်း ခါချဉ်တောင်အနီးတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ပူးပေါင်း၍ ပဲခူးရိုးမအတွင်းမှ သစ်နှင့်မီးသွေးများ ခိုးထုတ်လာသောကားကို ကာကွယ်ရေးတပ်ဖွဲ့က ပစ်ခတ်ဖမ်းဆီးခဲ့သေးသည်။

စာတည်း။    ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

#ပဲခူးတိုင်း
#မင်းလှမြို့နယ်
#သစ်ထုတ်လုပ်ရေး
#စစ်ကောင်စီတပ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8🔥5🤬3😁2
Media is too big
VIEW IN TELEGRAM
Fear of missing out (FOMO) ​| ကျန်းမာသုတ လူမှုဘဝ Episode - 26

Watch more detail - https://youtu.be/dopoeLDWla4

#FOMO #ဒေါက်တာဖြိုးသီဟ #reels #shorts #Mizzima #ကျန်းမာသုတလူမှုဘဝ
❤4👍2🍌1
​​တမူးမြို့နယ် ခါမ်းပါတ်မြို့၌ ရဲစခန်းနှင့် စစ်ကောင်စီတပ်စခန်းကို ကာကွယ်ရေးတပ်ဖွဲ့များ တိုက်ခိုက်
==================

ပါခွီး

(မဇ္ဈိမ)။  ။စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ခါမ်းပါတ်မြို့ ရဲစခန်းနှင့် စစ်ကောင်စီတပ်စခန်းကို ဇူလိုင်လ ၂၂ရက် ည ၇ နာရီ ၃၀ မိနစ်တွင် ကာကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က ပစ်ခတ်သော လက်နက်ကြီးကျည်ပေါက်ကွဲမှုကြောင့် အမျိုးသားတဦး သေဆုံးခဲ့ကြောင်း သိရသည်။

“စစ်ရေးတင်းမာနေတာ လေးရက်လောက်ရှိပြီ၊ တိုက်ပွဲလည်းဖြစ်ခဲ့တယ်၊ စစ်ကောင်စီဘက်က သေဆုံး တာတော့ မသိရသေးဘူး။ ဒီဘက်ကရဲဘော် တယောက်ဒဏ်ရာရတယ်၊ ပြည်သူတယောက်ထိတယ်” ဟု PDF Tamu တပ်ရင်း(၄) မှ ခေါင်းဆောင် ဗိုလ်ခန့်က မဇ္စျိမကိုပြောသည်။

အဆိုပါတိုက်ခိုက်မှုကို PDF – Tamu တပ်ရင်း(၄) နှင့်အတူ ၊ တမူးမြို့နယ်ကာကွယ် ရေးအဖွဲ့ (ပကဖ) ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ဒီမိုကရက်တစ်ကျောင်းသားတပ်ဦး (ABSDF) ၊ Fighter Police CDM (Tamu) ၊ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) တို့က ပူးပေါင်းတိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)ခေါင်းဆောင်တဦးကို ဖမ်းဆီးပြီးနောက် စစ်ရေးတင်းမာလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက်တွင် ခါမ်းပါတ်မြို့နှင့်ကာနန်ကျေးရွာမှ ဒေသခံများ နေရပ်စွန့်ခွာတိမ်းရှောင်နေရ ကြောင်း ဆိုသည်။

ယနေ့ ဇူလိုင်လ ၂၃ ရက် မွန်းလွဲပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့က လေကြောင်းမှတဆင့် ခါမ်းပါတ်မြို့အနီး သို့ လူအင်အားဖြည့်တင်းနေကြောင်းသိရပြီး အခြားစစ်မျက်နှာတခုဖွင့်ရန် လုပ်ဆောင်နေခြင်းဖြစ် ကြောင်း PDF Tamu တပ်ရင်း(၄)မှ ခေါင်းဆောင် ဗိုလ်ခန့်က သုံးသပ်ပြောဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် လက်အောက်ခံ လက်နက်ကိုင်များ အထိုင်ချတပ်စွဲထားသည့် တမူးမြို့နယ်၊ ပန်းသာရွာကို တမူးခရိုင်တပ်ရင်း(၁)က ဝိုင်းဝန်းပိတ်ဆို့ထားသည်မှာ တလကျော်ကြာမြင့်ပြီဖြစ်ကြောင်း သိရသည်။

စာတည်း။    ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ

#စစ်ကိုင်းတိုင်း
#တမူးမြို့နယ်
#စစ်ကောင်စီတပ်
#တိုက်ခိုက်မှု
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍23👏3❤2😁2
​​ထိုင်းနိုင်ငံတစ်ဝန်း ဖြိုခွင်းနှိမ်နင်းမှုအတွင်း တရားမဝင်သေနတ်အများအပြား ဖမ်းမိပြီး သံသယရှိသူ ရာချီ ဖမ်းဆီးခံရ
=================


ထိုင်းနိုင်ငံတွင် ဇူလိုင် ၁ ရက်က စတင်သည့် တစ်လကြာ နိုင်ငံအနှံ့ ဖြိုခွင်းနှိမ်နင်းမှုတစ်ရပ်အတွင်း ရဲများသည် တရားမဝင် သေနတ်များနှင့် ခဲယမ်းကျည် အမြောက်အမြားကို သိမ်းဆည်းရမိပြီး သံသယရှိသူ ၉၆၆ ဦးကိုလည်း ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ထိုင်းအမျိုးသားရဲတပ်ဖွဲ့ ဒုတိယအကြီးအကဲ ရဲဗိုလ်ချုပ်ကြီး တောဆက်ခ် ဆူခ်ဝီမောလ်က ဇူလိုင် ၂၃ ရက်တွင် ပြောသည်။
ဇူလိုင် ၂၁ ရက်အထိ ရဲများသည် နိုင်ငံတစ်ဝန်း ပစ်မှတ် ၁,၆၅၈ ခုကို စီးနင်းခဲ့ရာ သံသယရှိသူ ၉၆၆ ဦးကို ဖမ်းဆီးခဲ့ပြီး တရားမဝင် သေနတ် ၉၁၁ လက်၊ ကျည်မျိုးစုံ အတောင့် ၄၄,၅၄၀ ၊ ဖောက်ခွဲရေးပစ္စည်းနှစ်ခုနှင့် မက်သာဖက်တမင် ဆေးပြား ၆,၂၃၉ ပြားကို ဖမ်းမိခဲ့သည်ဟု ၎င်းက ပြောသည်။

စီးနင်းမှုတစ်ခုတွင် ခရာဘိ ပြည်နယ် ခေါင်ဖနွမ် ခရိုင်မှ ရဲများသည် မူးယစ်မှု၊ လူသတ်ရန် ကြိုးပမ်းမှု စွဲချက်များဖြင့် အလိုရှိသည့် အသက် ၂၈ နှစ်အရွယ် ဘွန်းမ် အမည်ရှိ သံသယတရားခံတစ်ဦး ပိုင်သော နာခေါင် အရပ်ရှိ နေအိမ်တစ်လုံးကို ဝိုင်းခဲ့ကြသည်။

ယင်းအချိန်တွင် တရားခံသည် နေအိမ်အနောက်ဘက်မှ ဆိုင်ကယ်ဖြင့် ထွက်ပြေးသည်။ ရဲများက ဆက်လိုက်ချိန်တွင် ၎င်းက သေနတ်ဖြင့် ပြန်ပစ်ခဲ့ပြီး အပြန်အလှန် ပစ်ခတ်မှုတွင် အဆိုပါ သံသယရှိသူ သေဆုံးသွားကြောင်း ဆူခ်ဝီမောလ်ကပြောသည်။

၎င်းထံမှ ပစ္စတိုသေနတ်တစ်လက်၊ လက်ပစ်ဗုံးတစ်လုံးနှင့် မီးခိုးဗုံးနှစ်လုံး သိမ်းဆည်းရမိသည်။
တရားမဝင် လက်နက်များ၊ အငှားသေနတ်သမားများနှင့် တရားမဝင် လက်နက်ရောင်းဝယ်မှုများကို ပစ်မှတ်ထားသည့် စစ်ဆင်ရေးကို ဇူလိုင် ၁ ရက်မှ ၃၀ ရက်အထိ ရဲတပ်ဖွဲ့ လက်ထောက်အကြီးအကဲ ဒုတိယရဲဗိုလ်ချုပ်ကြီး ဆမ်ရမ် နူအယ်မာ၏ ကြီးကြပ်မှုအောက်တွင် လုပ်ဆောင်နေခြင်း ဖြစ်သည်။
👍12😁5