Mizzima
✔
47.4K subscribers
33.8K photos
2.57K videos
36 files
76.6K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​ခင်ဦးဆေးရုံမှ စစ်ကောင်စီတပ် လုံခြုံရေးကင်းတိုက်ခိုက်ခံရမှု ၂ ဦး သေဆုံးဟုဆို
================

MTO

(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ဆေးရုံရှိ စစ်ကောင်စီတပ်၏ လုံခြုံရေးကင်းအား ဒေသကာကွယ်ရေး တပ်ဖွဲ့များမှ ဇူလိုင်လ ၂၂ ရက်နေ့က သွားရောက်တိုက်ခိုက်ခဲ့ရာ နှစ်ဦးသေဆုံးသွားကြောင်း Mandalay People Rescue အဖွဲ့မှ တာဝန်ရှိသူတဦးက ပြောသည်။

“အပြင်ကနေ ကင်းစခန်းကို အနီးကပ်ပစ်ခတ်ခဲ့တာပါ။ ပစ်ခတ်ချိန် နှစ်မိနစ်၊ သုံးမိနစ်လောက်ပဲကြာပါ တယ်။ အင်အားမမျှလို့ ပစ်ပြီးချင်းပြန်ဆုတ်ခဲ့တာပါ” ဟု ၎င်းကဆိုသည်။
တိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်ဖွဲ့မှ လက်နက်ငယ်များ၊ စက်လတ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော် လည်း ကာကွယ်ရေးတပ်ဖွဲ့များထိခိုက်မှုမရှိကြောင်း Mandalay People Rescue အဖွဲ့ကထုတ်ပြန်ထား သည်။

ခင်ဦးမြို့နယ်ဆေးရုံအတွင်းတပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့၌ အင်အား ၃၀ ခန့်ရှိပြီး ယခုကဲ့သို့တိုက် ခိုက်ရန် နှစ်ရက်ဆက်စောင့်ဆိုင်းပြီး တိုက်ခိုက်ခဲ့ရခြင်းဖြစ်ကြောင်း Mandalay People Rescue အဖွဲ့မှ တာဝန်ရှိသူက ဆိုသည်။

ယခုတိုက်ခိုက်မှုကို Mandalay People Rescue(MPR)နှင့် Armed Revolutionary Force K.U(ARF ခင်ဦး) အဖွဲ့များမှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Mandalay People Rescue အဖွဲ့ကထုတ်ပြန် ထားသည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#စစ်ကိုင်းတိုင်း
#ခင်ဦးမြို့နယ်ဆေးရုံ
#Mandalay_People_Rescue
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍28👏3❤2😁2
​​ဦးဂျင်မီတို့ ၄ ဦးကို လက်တွေ့သေဒဏ်ပေးပြီးနောက် သေဒဏ်ချမှတ်ခံရသူ ၄၀ နီးပါး ထပ်တိုးလာ
==================

မိုးသောက်

မဲဆောက်(မဇ္ဈိမ) ။ ။ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးဂျင်မီ၊ NLD လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော်၊ ကိုအောင်သူရဇော်နှင့် ကိုလှမျိုးအောင်တို့ကို လက်တွေ့ကြိုးပေး သတ်ဖြတ်ပြီးနောက်တွင် သေဒဏ်ချမှတ်ခံရသူ ၃၇ ဦးထပ်တိုးလာသည်ဟု AAPP၏စာရင်းအရ သိရသည်။

ဦးဂျင်မီတို့ လေးဦးကို သေဒဏ်ပြစ်ဒဏ် စီရင်ပြီးကြောင်း ၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၅ ရက်တွင် စစ်ကောင်စီလက်အောက်ခံ ဝါဒဖြန့် သတင်းစာများထွင် ထုတ်ပြန်ကြေညာခဲ့သည်။

 ၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၁ ရက် စာရင်းများအရ သေဒဏ် ချမှတ်ခံရသူ ၁၁၇ ဦးရှိပြီး လက်ရှိတွင် သေဒဏ် ချမှတ်ခံရသူ ၁၅၈ ဦးရှိသည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)၏ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။ 

ထိုစာရင်းများအရ ဦးဂျင်မီတို့ လေးဦး သေဒဏ်ချမှတ်ပြီးနောက်ထပ် ၃၇ ဦးကို စစ်ကောင်စီက သေဒဏ်ချမှတ်ခဲ့ကြောင်း သိရသည်။ 

စစ်ကောင်စီ၏ သေဒဏ်ချမှတ်နေမှုများနှင့်ပတ်သက်၍ “စာရင်းတွေအရတော့ တိုးလာတာကိုပဲ တွေ့တယ်။ ထောင်ထဲမှာ တရားဝင် ကြိုးပေးပြီးသတ်တာတော့ ကိုဂျင်မီတို့လေးယောက်ကိုပဲ တွေ့ပါသေးတယ်” ဟု AAPP၏ ပြောရေးဆိုခွင့်ရှိသူ ဦးဘိုကြည်က မဇ္ဈိမကိုပြောသည်။

AAPP၏ စာရင်းများအရ လက်ရှိတွင် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၅၈ဦး ရှိပြီဖြစ်ပြီး ၎င်းတို့ထဲတွင် မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ ၄၃ဦး ပါဝင်သည်။

အထူးသဖြင့် သေဒဏ်ချမှတ်မှုများကို စစ်အုပ်ချုပ်ရေး ကြေညာထားသော စစ်ခုံရုံးများရှိသည့် နေရာများတွင် အများဆုံး ချမှတ်ခဲ့သည်။ စစ်အုပ်ချုပ်ရေး ကြေညာထားသည့် မြို့နယ်များရှိ စစ်ခုံရုံးများနှင့် တရားရုံးများက လူသတ်မှုဥပဒေပုဒ်မများ၊ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မများနှင့် စစ်ကောင်စီက ပြဌာန်းထားသည့် အရေးပေါ်ကာလဆိုင်ရာပြဌာန်းချက်များဖြင့် အမြင့်ဆုံးပြစ်ဒဏ်များ ဖြစ်သည့် သေဒဏ်များကို ချမှတ်ခဲ့ဖြစ်သည်။ 

ယနေ့သည် ဦးဂျင်မီတို့ လေးဦးကို စစ်ကောင်စီက သတ်ဖြတ်ခဲ့သည့် တစ်နှစ်ပြည့်မြောက်သည့်နေ့ ဖြစ်ပြီး ၎င်းတို့ သတ်ဖြတ်ခံရသည့် အပေါ်တွင် စစ်ကောင်စီက တာဝန်ယူရမည်ဖြစ်ကြောင်း လူ့အခွင့်ရေးအတွက် ဆောင်ရွက်နေသည့် အာဆီယံ လွှတ်တော်အမတ်များ အစုအဖွဲ့(APHR)က ဇူလိုင်လ ၂၁ရက်တွင် ထုတ်ပြန်ထားသည်။

ယနေ့တွင် ဦးဂျင်မီတို့‌လေးဦး သတ်ဖြတ်ခံရမှုအတွက် နိုင်ငံအနှံ့ အလှူအတန်းများနှင့် အခမ်းအနားများ ပြုလုပ်ကြသည်။ 

ဦးဂျင်မီ၏ ဇနီးဖြစ်သူ ဒေါ်နီလာသိန်းက "တိုက်ဆိုင်လိုက်တာ၊ ကိုယ့်ရဲ့မွေးလမှာတဲ့….
နှစ်ယောက်လုံးက ကိုယ့်ကို တစ်နည်းတစ်ဖုံစီနဲ့ 
အနိုင်နဲ့ပိုင်း ထွက်သွားလိုက်ကြတာများ….
ဘယ်လို တွေးပြီး 
ဘယ်လို ဖြေရမှာလဲ….
ဘယ်လိုတွေတွေးပြီး
ဘယ်လိုဖြေနေကြတာလဲလို့
အချို့ အချို့တွေကို မေးကြည့်လိုက်ချင်တယ်
ခင်ဗျားတို့ ဘယ်လိုများတွေးပြီး ဖြေခဲ့ကြတာလဲ…..
ခင်ဗျားတို့ ဘယ်လိုများတွေးပြီး နေနိုင်ကြတာလဲ….” ဟု ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ယနေ့နံနက်ပိုင်းက ရေးသားထားသည်ကို တွေ့ရသည်။

အာဏာသိမ်းပြီးနောက်တွင် ဦးဂျင်မီတို့လေးဦးသည် လက်တွေ့ကွပ်မျက်ခံခဲ့ရသူများဖြစ်ပြီး ၎င်းတို့နောက်တွင် မည်သူ့ကိုမျှ ကွပ်မျက်ခြင်းမရှိတော့ကြောင်း AAPPကဆိုသည်။

သို့သော် အကျဉ်းထောင်များအတွင်း ပျောက်ဆုံးသွားခဲ့သူများ၊ အပြင်ခေါ်ထုတ်ခံရသူများနှင့် လွတ်ရက်စေ့ပြီးနောက် အကျဉ်းထောင်အတွင်း၌လည်း မရှိ၊ဆက်သွယ်၍လည်း မရသူများနှင့် သေဆုံးသွားခဲ့ရသူများလည်း ရှိလာသည်။ 

ပြီးခဲ့သည့် ဇွန်လအတွင်းက ဒိုက်ဦးထောင်မှ ပျောက်ဆုံးသွားခဲ့သူ ၃၇ဦးထဲမှ ရှစ်ဦးသေဆုံးသွားသည်ကို အတည်ပြုနိုင်ခဲ့ကြောင်း AAPPက ဇူလိုင်လ ၁၉ရက်တွင် ထုတ်ပြန်ထားသည်။

လတ်တလောတွင် အကျဉ်း‌ထောင်များအတွင်း၌ စစ်ကောင်စီ၏ လုပ်ရပ်များနှင့်ပတ်သက်ပြီး “စိုးရိမ်တာတော့မပြောပြတတ်အောင်ပါပဲ။စိုးရိမ်တာတော့ ကလေးတွေ အကုန်လုံးအတွက် စိုးရမ်နေတာပဲ၊ကိုယ့်ဘက်က ဘာတွေလုပ်ပေးနိုင်လဲ။ အဲဒီလိုမျိုးတွေပဲတွေးနေရတယ်” ဟု သေဒဏ်ချမှတ်ခံထားရသူ၏ မိသားစုဝင်တစ်ဦးက ပြောသည်။

၂၀၂၃ခုနှစ်အတွက် World Population Review ၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံ၏ လွတ်လပ်မှုအခြေအနေမှာ နိုင်ငံပေါင်း ၁၆၅နိုင်ငံတွင် အဆင့် ၁၄၁ ၌ ရှိနေသည်။

အကျဉ်းထောင်များသို့ ကြက်ခြေနီအသင်း၏ စစ်ဆေးမှုများ အပါအဝင် သတင်းအချက်လက်များ ရရှိခြင်းမရှိသည့်အတွက်ကြောင့် အကျဉ်းထောင်များထဲတွင် ရှိနေသည့် နိုင်ံငံရေးအကျဉ်းသားများအတွက် စိုးရိမ်ရကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည်က ပြောသည်။

စာတည်း။   ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး
Photo- Mizzima( ပုံဟောင်း)

#နိုင်ငံရေးအကျဉ်းသား
#သေဒဏ်
#အကျဉ်းထောင်

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬15👍8❤2😢2
​​မဇ္စျိမပရိသတ်များအတွက် စစ်တမ်းတစ်ခု ပြုလုပ်ပါရစေ.
================

ပရိသတ်ရဲ့ထင်မြင်ယူဆချက်များသည် မဇ္စျိမအဖွဲ့သားများအတွက် နိစ္စဓူဝအစီအစဥ်များကို ထုတ်လုပ်ရာတွင် အလွန်အကျိုးပြုပေးနေကြောင်းကို အသိပေးလိုပါသည်။

ဒါဆို ဘာကြောင့် ဒီစစ်တမ်းကို ကောက်ယူနေတာလဲ? ပရိသတ်အဖြေများသည် မဇ္စျိမ၏တင်ဆက်မှုအပေါ် နှစ်သက်မှု၊ စိတ်ဝင်စားမှုနှင့် လိုအပ်ချက်များကို ပိုမိုနားလည်သဘောပေါက်ရန် ကူညီပေးပါသည်။ အကြံပြုချက်များကို တိုက်ရိုက်ကြားသိရခြင်းဖြင့် ပရိသတ်ရဲ့ထင်မြင်ယူဆချက်တွေမှတဆင့် ဆွဲဆောင်မှုအရှိဆုံးအကြောင်းအရာများ၊ သင်နှစ်သက်သော အစီအစဥ်များနှင့် အနာဂတ်တွင် မည်သည့်အစီအစဥ်မျိုးကို ကြည့်လိုကြောင်းကို မဇ္စျိမအဖွဲ့သားများက သိရှိနားလည်နိုင်မည် ဖြစ်ပါသည်။

ဒါကြောင့် - စစ်တမ်းတွင်ပါဝင်ခြင်းဖြင့် သင်၏ထင်မြင်ယူဆချက်တွေကို မဇ္စျိမအဖွဲ့သားများအား ပြောပြပေးလိုက်ပါ.

စစ်တမ်းတွင် ၀င်ရောက်ဖြေဆိုရန်
https://www.surveymonkey.com/r/25JR9Z3

#mizzimasurvey
#mizzimaudiencesurvey
👍11❤1💩1
Fear of missing out (FOMO) ​| ကျန်းမာသုတ လူမှုဘဝ Episode - 26
====================

ဒီတပတ်ရဲ့ ''ကျန်းမာသုတ လူမှုဘ၀'' အစီအစဉ်မှာ 
သူများတွေ အဆင်ပြေနေရင် ကိုယ့်မှာ စိတ်မချမ်းမသာဖြစ်ရတဲ့ Fear of missing out (FOMO) အကြောင်းအရာကို တင်ဆက်ပေးချင်ပါတယ်။ 
FOMO ဟာ ပုံမှန်စိတ်ခံစားချက် မျိုးလား ဒါမှမဟုတ် စိတ်ပိုင်းဆိုင်ရာ ပြဿနာလား။ ဆိုရှယ်မီဒီယာတွေကြောင့် ပိုအဖြစ်များလာတာလား။
ဘယ်လို ကာကွယ်ဖြတ်ကျော်လို့ရမလဲဆိုတာတွေကို ဒေါက်တာ ဖြိုးသီဟက ဆွေးနွေးပေးထားပါတယ်။

https://youtu.be/dopoeLDWla4

#ဒေါက်တာဖြိုးသီဟ
#mizzima
#ကျန်းမာသုတလူမှုဘဝ 
#fomo
-----------------------------------------
@MizzimaTV 
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍10🔥1
ငြိမ်းချမ်းရေးအတွက် ဖက်ဒရယ် (ဇူလိုင်လ ၂၃ ရက်နေ့၊ ၂၀၂၃ ခုနှစ်)
================

ထိုင်း-မြန်မာနယ်စပ်ကိုရောက်နေတဲ့ ကရင်နီစစ်ဘေးရှောင်တွေရဲ့ လက်ရှိအခြေအနေ၊ သူတို့တွေ နယ်စပ်ကို ထွက်ပြေးလာရတဲ့အကြောင်း၊ လေယာဉ်ကနေ ဗုံးကြဲ တိုက်ခိုက်မှု မခံရခင်နဲ့ တိုက်ခိုက်ခံရပြီးနောက် အခြေ အနေ၊ စိတ်ပိုင်း၊ ရုပ်ပိုင်း နေထိုင်စားသောက်ရေး အစစအရာရာ ဒုက္ခရောက်နေကြတဲ့ သူတို့တွေက ဘာတွေ တောင်းဆိုထားကြလဲ။ တိုက်ပွဲတွေရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို လက်တွေ့ခံစားနေရတဲ့ ကရင်နီစစ်ရှောင် တွေရဲ့ ဘဝအကြောင်းတွေကို ငြိမ်းချမ်းရေးအတွက် ဖက်ဒရယ် အစီအစဉ်ကနေ တင်ဆက်ပေးထားပါတယ်။

https://youtu.be/b_H6eao0LVU

#ငြိမ်းချမ်းရေးအတွက်ဖက်ဒရယ်
#VideoNews
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍13🔥1
​​မန္တလေးတွင် ဓာတ်ဆီဈေးတက် ၊ ဆိုင်အချို့ဆီပြတ်လပ်နေဟုဆို
====================

007

(မဇ္စျိမ)။   ။ မန္တလေးမြို့တွင် ယခုနှစ်ဆန်းပိုင်းကစ၍ တရိပ်ရိပ်ထိုးတက်လာသည့် ဓာတ်ဆီဈေးသည် ယနေ့တွင်တစ်လီလျှင် ကျပ်၂,၃၀၀ ကျော်အထိ ဈေးနှုန်းမြင့်တက်သွားခဲ့ကြောင်း ဒေသခံနှင့် စက်သုံးဆီအရောင်းဆိုင်များထံက သိရသည်။

"95 တစ်လီတာကို ၂,၃၄၀ ဖြစ်သွားပြီ၊ ပြီးခဲ့တဲ့လကနဲ့နှိုင်းယှဉ်ရင် နှစ်ရာ၀န်းကျင် ဈေးတက်သွားတယ်။ တချို့ဆိုင်တွေ မရောင်းပေးတော့ဘူး။ ရောင်းစရာမရှိတာလို့ ပြောတယ်။ မန္တလေးမှာ ဓာတ်ဆီဈေးတက်တဲ့ အခါတိုင်း 95 က ၀ယ်မရတော့ဘူး" ဟု ယနေ့နံနက်ပိုင်းတွင် စက်သုံးဆီ ၀ယ်ယူခဲ့သူတစ်ဦးက ပြောသည်။

ယမန်နှစ် နှစ်ကုန်ပိုင်းက ဓာတ်ဆီ(အောက်တိန်း 95)တစ်လီတာလျှင် ၁၈၀၀ ကျပ် ၀န်းကျင်ရှိခဲဲ့ကာ ယခုနှစ် ဇန်နဝါရီလ ပထမပတ်တွင် ယင်းပေါက်ဈေးထက် ကျပ်သုံးရာကျော် ဈေးမြင့်တက်ခဲ့ပြီးနောက် ဇူလိုင်လ ၂၁ ရက် မှစ၍ ကျပ် ၂,၃၀၀ ကျော်အထိ မြင့်တက်ခဲ့ခြင်း ဖြစ်သည်။

"ဒီလထဲမှာတရိပ်ရိပ်တက်လာတာဗျ။ ဇူလိုင် ၂၀ လောက်အထိ ၂,၂၀၀ ကျော်မှာ ရှိနေသေးတယ်။ ၂၁ ရက်မှာမှ ၂,၃၁၅ ကျပ်နဲ့ စရောင်းလိုက်ရတယ်။ တစ်လအတွင်း နှစ်ရာကျော် ဈေးတက်သွားတဲဲ့သဘောပေါ့။ ၂၅ ရက်နေ့လောက်အထိ အတက်နည်းနည်းရှိဦးမယ်။ ဒီလကုန်အထိကျဖို့ မရှိဘူး" ဟု စက်သုံးဆီအရောင်းဆိုင်တစ်ခုမှ မန်နေဂျာက ပြောသည်။

မန္တလေးမြို့တွင် ၂၀၂၂ ခုနှစ် ဇူလိုင်လက ဓာတ်ဆီ(အောက်တိန်း 95)တစ်လီတာလျှင် ၁,၈၀၀ ကျပ်၀န်းကျင်နှင့် 92 တစ်လီတာလျှင် ၁,၇၀၀ ကျပ်၀န်းကျင် ဈေးရှိခဲ့ပြီး ယနေ့ ၂၀၂၃ခုနှစ် ဇူလိုင်လ ၂၃ ရက်တွင် 95 တစ်လီတာလျှင် ၂,၃၄၀ ကျပ်နှင့် 92 တစ်လီတာလျှင် ၂,၂၂၅ ကျပ် ဈေးပေါက်နေကြောင်း သိရသည်။

မန္တလေးမြို့တွင် ယမန်နှစ်သြဂုတ်လက ဓာတ်ဆီဈေး(အောက်တိန်း 95/92) တစ်လီတာလျှင် ၂,၄၀၀ ကျပ်နှင့်အထက်သို့ ရောက်ရှိခဲ့ဖူးပြီး စက်သုံးဆီ အရောင်းဆိုင်တချို့ ဆီပြတ်လပ်သွားခဲ့ဖူးသည်။

စာတည်း။    ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

#မန္တလေးတိုင်း
#စက်သုံးဆီ
#ကုန်ဈေးနှုန်း

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍15👎2🔥1
​​နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၂၃ ဇူလိုင် ၂၀၂၃)
==============

အမျိုးသားညီညွတ်ရေး အစိုးရ
• နေပြည်တော် PDF များကိုလက်နက်ကြီးတပ်ဆင်ပေးရန်အတွက် “နေပြည်တော်ကို ဝိုင်းပတ်လို့၊ မမများနဲ့ ပွဲကစို့” သိန်း ၁သောင်း ကမ်ပိန်းကို စတင်ပါဝင်နိုင်ပြီဖြစ်ကြောင်း သိရသည်။
• ဦးဂျင်မီ ၊ ကိုဖြိုးဇေယျာသော် ၊ ကိုအောင်သူရဇော်၊ ကိုလှမျိုးအောင်တို့ အပါ အဝင် ကျဆုံးခဲ့ရသည့် အာဇာနည်များ၏ ပေးဆပ်မှု အချည်းအနှီး မဖြစ်စေရန် စစ်အာဏာရှင် တော်လှန်ရေး ခရီးအဆုံးအထိ ချီတက်မည်ဖြစ်ကြောင်း နိုင်ငံ တော် ယာယီ သမ္မတ ဒူဝါလရှီးလက ပြောဆိုသည်။
• အမျိုးသားညီညွတ်ရေးအစိုးရ၏ ကြားကာလ ဗဟိုဘဏ်က စည်းမျဥ်းချမှတ်ခွင့်ပြုထားသည့် နွေဦးဘဏ် တွင် စတင်ဖွင့်လှစ်သည့် တစ်နေ့တည်း တစ်ရက်တည်း ဘဏ်စာရင်းဖွင့်လှစ်သူ ၁၀၀၀ ကျော်ထိရှိလာပြီ ဖြစ်ကြောင်း သိရသည်။
• နွေဦးဖွံ့ဖြိုးရေးဘဏ်တွင် ပြည်သူတိုင်း ဘဏ်အကောင့်ဖွင်ခြင်းဖြင့် စစ်ကောင်စီကို ဘဏ္ဍာရေးတိုက်ပွဲ ဆင်နွှဲကြရန် ဦးမင်းကိုနိုင်က ယနေ့ တိုက်တွန်းပြောဆိုလိုက်သည်။
• ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ပန်းတင်တံတားရှိ အကြမ်း ဖက်စစ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ ရာ စစ်သား ၅ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီး ဌာနထံမှ သိရသည်။

တော်လှန်ရေး လှုပ်ရှားမှုများ
• တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် ၊ ရေဖြူ-ကလိန်အောင် လမ်းပိုင်းတွင် မိုင်းဆွဲတိုက်ခိုက်ခံရသည့် ကားသုံးစီးပါ ယာဥ်တန်းမှ စစ်ကောင်စီတပ်သားများ၏ ရမ်းသန်းပစ်ခတ်မှုကြောင့် ဥယျာဉ်ခြံ အလုပ်သမား တစ်ဦး သေနတ် ထိမှန် ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံများထံက သိရသည်။
• တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ဒုဦးစီးမှူး ဦးသိန်းဦးပစ်ခတ်ခံရ၍ သေဆုံးသွားသည်ဟု သိရသည်။
• တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်ရှိ ကျောက်နီမော်ရွာမှ ပျူစောထီးများ ဆက်ကြေးကောက်နေသည့် ကင်းစခန်းကို PDF တပ်ဖွဲ့က ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး ၅ ဦးသေဆုံးခဲ့ကြောင်း လောင်းလုံးမြို့နယ် LLPDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
• စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ၊ ရွှေဘိုမြို့နယ် ၊ ညောင်ပင်လှကျေးရွာရှိ ပျူစခန်းကို၊ ယနေ့ ဇူလိုင်လ ၂၃ ရက် နံနက် ၃ နာရီခန့်က ၀င်ရောက်စီးနင်းတိုက်ခိုက်ရာ စစ်ကောင်စီဘက်က ကိုးဦးသေဆုံးပြီး သေနတ်သုံး လက်နှင့် လက်နက်ခဲယမ်းအချို့ ရရှိလိုက်ကြောင်း ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ရွှေဘိုမြို့နယ် ပကဖ)က သတင်းထုတ်ပြန်သည်။
• မကွေးတိုင်း၊ ရေစကြိုမြို့နယ် ၊ရေလယ်ကျွန်းဒေသတွင် စစ်ဘေးရှောင်နေကြသူများအတွက် ဝါးနှင့်အမိုး အကာများ အရေးပေါ်လိုအပ်နေသည်ဟု ဒေသခံများထံက သိရသည်။
• စစ်ကိုင်းတိုင်း ၊ ကနီမြို့ရှိ မြန်မာ့စီးပွားရေးဘဏ်တွင် လုံခြုံရေးယူကာ စောင့်ကြပ်ပေးနေသည့် စစ်ကောင်စီ တပ်ဖွဲ့ကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက ဇူလိုင်လ ၁၉ ရက် ည ၁၂ နာရီခန့်တွင် တိုက်ခိုက်ခဲ့ကြောင်း ယင်းမာပင်ခရိုင် အမှတ်(၃၀) တပ်ရင်း (DRPA) တပ်ဖွဲ့ထံမှ သိရသည်။
• စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ခမ်းပတ်မြို့ပေါ် ရဲစခန်းနှင့် စစ်တပ်စခန်းကို PDF တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် လူနေရပ်ကွက်ကို ပစ်ခတ်ခဲ့သောကြောင့် ပြည်သူ ၁ ဦးသေဆုံးခဲ့ကြောင်း ဒေသ ပြည်သူများက ပြောသည်။
• စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်တွင် အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်က အင်ဒရန့်ရွာမှ နေအိမ် ၂၄ လုံးကို မီးရှို့ဖျက်ဆီးသွားကြောင်း တော်လှန်ရေး တပ်ဖွဲ့များထံမှ သိရသည်။
• စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် ဆေးရုံ၌ တပ်စွဲထားသော စစ် သားများကို စနိုက်ပါဖြင့် ပစ်ခတ်တိုက်ခိုက်ရာ ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း Mandalay People Rescue မှ သိရသည်။
• ယင်းမာပင်မြို့နယ်တွင် အောင်လံလွှင့်မည် ရွှေရေကြည်သပိတ် စစ်ကြောင်း ဦးဆောင်ကာ ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
👍30❤4🔥1
​​ကျပ် ၂၀,၀၀၀ တန် ငွေစက္ကူထုတ်မည့်သတင်းကြေညာပြီးနောက် မန္တလေးတွင် နိုင်ငံခြားငွေလဲလုပ်ငန်း များ ယာယီပိတ်ထားကြ
===================

007

(မဇ္စျိမ)။ ။စစ်ကောင်စီက ကျပ် ၂၀,၀၀၀ တန် ငွေစက္ကူများရိုက်နှိပ်ထုတ်ဝေမည်ဟု ကြေညာလိုက်ပြီး နောက် ဇူလိုင်လ ၂၃ ရက်နေ့တွင် မန္တလေးမြို့ရှိ နိုင်ငံခြားငွေလဲလှယ်ခြင်း၀န်ဆောင်မှုလုပ်ငန်းများ ယာယီ ပိတ်သွားကြောင်း သတင်းရရှိသည်။

“သတင်းကြားပြီး တနာရီလောက်အတွင်းမှာပဲ တရုတ်ငွေ တယွမ်ကို ၁၀ လောက်တက်သွားတယ်။ အဲဒီ ဈေးနဲ့ကို အ၀ယ်တအားလိုက်လာတော့ ဆိုင်တွေကပိတ်ပစ်လိုက်တယ်”ဟု မြန်မာငွေစက္ကူသတင်း ဂယက်ကြောင့် တရုတ်ယွမ်ငွေဈေးထိုးတက်သွားပြီး အရောင်းပိတ်လိုက်သည်အထိဖြစ်သွားကြောင်း မန္တလေးမြို့ခံ ကုန်သည်တဦးကပြောသည်။

ကျပ် ၂၀,၀၀၀ တန်ငွေစက္ကူများအား လာမည့်ဇူလိုင်လ ၃၁ ရက်နေ့မှစပြီး ထုတ်ဝေသွားမည်ဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံဗဟိုဘဏ်က ယနေ့ဇူလိုင်လ ၂၃ ရက်နေ့ နံနက်ပိုင်းတွင်ကြေညာလိုက်ရာ နာရီပိုင်းအတွင်း နိုင်ငံခြားငွေလဲနှုန်း ပုံမှန်ထက်မြင့်တက်သွားပြီး ငွေလဲလုပ်ငန်းများလည်း ယာယီပိတ် သွားသည်။

“ဈေးကွက်မငြိမ်ဘူးလေ။ ဘယ်သူက စွန့်စားရဲမှာလဲ။ ဒီတော့ ခဏရပ်ထားရတာပေါ့။ မနက်ကတည်းက ဈေးလည်းမဖွင့်ဘူး အရောင်းအ၀ယ်လည်းမလုပ်ဘူး ပိတ်ထားလိုက်တယ်” ဟု ငွေလဲလုပ်ငန်းလုပ်ကိုင်သူ တဦးက ပြောသည်။

ဇူလိုင်လ ၂၂ ရက်နေ့က မန္တလေးမြို့ရှိ နိုင်ငံခြားငွေလဲလှယ်ခြင်း၀န်ဆောင်မှုပေးသည့်ဆိုင်များတွင် တရုတ် ငွေ တယွမ်လျှင် ၄၃၅ ကျပ်နှင့် အထက်ရှိခဲ့ပြီး၊ ထိုင်းငွေ ၁၁၂၅ ဘတ်လျှင် ကျပ် ၁၀၀,၀၀၀ ပေါက်ဈေး ရှိခဲ့သည်။

ထို့အတူ အမေရိကန်တဒေါ်လာကို ၃၂၀၀ ကျပ်၀န်းကျင်ဖြင့် ဈေးမတည်ငြိမ်ဘဲ ကြိုက်ရောင်းကြိုက်၀ယ် ဝန်ဆောင်မှုပေးခဲ့ရာမှ ငွေစက္ကူသတင်းထွက်လာပြီးနောက် ဈေးထိုးတက်သွားပြီး လုပ်ငန်းများလည်း ယာယီပိတ်သွားခြင်းဖြစ်သည်။

ရွေးကောက်ခံ အရပ်သားအစိုးရကိုဖြုတ်ချပြီး စစ်တပ်ကအာဏာသိမ်းပြီးနောက် စီးပွားရေးကျဆင်းလာမှု နှင့်အတူ မြန်မာကျပ်ငွေတန်ဖိုးလည်း ဆက်တိုက်ကျဆင်းနေသည်။

စစ်တပ်အာဏာမသိမ်းခင် ၂၀၂၁ ခုနှစ် ဇန်နဝါရီလက ကျပ် ၁၀၀,၀၀၀ လျှင် ထိုင်းဘတ် ၂,၀၀၀ ကျော်မှ ၃,၀၀၀ ကြားရရှိပြီး တရုတ်ငွေတယွမ်လျှင် ကျပ်၂၀၀ ၀န်းကျင်သာ ပေးရသည်။
ထို့အတူ အမေရိကန်တဒေါ်လာလျှင် မြန်မာငွေ ၁,၃၀၀ ကျပ်၀န်းကျင်သာ ရှိခဲ့သည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#မန္တလေးမြို့
#ငွေစက္ကူသစ်
#ငွေလဲလုပ်ငန်း
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍24🔥7🤔1
"သွေးကြွေးကို သွေးနဲ့ဆပ်မယ်"ကျဆုံးသူရဲကောင်းတို့အတွက် အညာဒေသက ကဗျာရွတ်သံ
=========================

ရွှေနွယ်။ ။ အင်းစိန်ထောင်တွင် ကြိုးပေးကွပ်မျက်ခံခဲ့ရတဲ့ သူရဲကောင်းလေးဦးနဲ့အတူ ခေတ်အဆက်ဆက် ဒီမိုကရေစီတိုက်ပွဲခရီးကြမ်းနဲ့ နွေဦးတော်လှန်ရေးနှစ်နှစ်ကျော်ကြာကာလအတွင်းမှာ ကျဆုံးသွားရတဲ့ မြန်မာနိုင်ငံအနှံ့က တော်လှန်သူရဲကောင်းတွေအတွက် ရည်ရွယ်ပြီးတော့ အညာဒေသ တစ်နေရာမှာ ဇူလိုင်လ ၂၂ ရက်နေ့ ည ၈ နာရီလောက်က ကဗျာဖတ်ပွဲကျင်းပခဲ့ကြပါတယ်။

"သွေးကြွေးကို သွေးနဲ့ဆပ်မယ်" လို့ အမည်တပ်ထားတဲ့ ဒီကဗျာပွဲကို 96 Soldiers PDF- အညာဒေသတပ်ခွဲက ဦးဆောင်ပြီးတော့ တော်လှန်ရဲဘော်တွေ တက်ရောက်ကာ ပါဝင်ရွတ်ဖတ်ခဲ့ကြတယ်လို့ သိရပါတယ်။

https://youtu.be/xxAaRI9t0NQ

#တော်လှန်ရေး
#ကဗျာ
#PDF
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍19❤6😁1🤮1
ရန်ကုန်တွင် နိုင်/ကျဉ်းများအတွက် ရည်ရွယ်ကာ ဆန္ဒပြလှုပ်ရှားမှုပြုလုပ်
👍15❤8😁2
ရန်ကုန်တွင် နိုင်/ကျဉ်းများအတွက် ရည်ရွယ်ကာ ဆန္ဒပြလှုပ်ရှားမှုပြုလုပ်
================

ဂန္ဒမာ

(မဇ္ဈိမ)။  ။ စစ်ကောင်စီတပ်က နိုင်ငံ‌ရေးအကျဉ်းသူ/သားများအား သတ်ဖြတ်နေခြင်း ချက်ချင်းရပ်ရန်နှင့် အမြန်ဆုံးလွတ်မြောက်စေရန် ရည်ရွယ်၍ ယနေ့ ဇူလိုင်လ ၂၃ ရက်နေ့တွင် ရန်ကုန်၌ ဆန္ဒပြလှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲ့ကြောင်း တော်လှန်ရေးအင်အားစုများထံက သိရသည်။ 

ယနေ့သည် ယုံကြည်ချက်ကြောင့်အကျဉ်းကျခံခဲ့ရသည့် ကိုဖြိုးဇေယျာသော်(ခ)ကိုမောင်ကျော်၊ ကိုဂျင်မီ(ခ)ကိုကျော်မင်းယု၊ ကိုလှမျိုးအောင်(ခ)ကိုမျိုးနှင့် ကိုအောင်သူရဇော်(ခ)ကိုဂတုံး တို့လေးဦးအား စစ်ကောင်စီတပ်က ဥပဒေမဲ့ ကြိုးပေးသတ်ဖြတ်ခဲ့သည်မှာ တစ်နှစ်တိတိပြည့်မြောက်ခဲ့သည့်နေ့ဖြစ်သဖြင့် ရန်ကုန်မြို့တစ်နေရာတွင် တော်လှန်ရေးအင်အားစုတစ်ခုက "ကမ္ဘာတည်သရွေ့ ဥဒါန်းမကြေဘူး" စာသားပါ ဘန်နာအားချိတ်ဆွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"ဒီလှုပ်ရှားမှုရဲ့ အဓိက ရည်ရွယ်ချက်ကတော့ အသက်ပေးခဲ့ရတဲ့ နွေဦးတော်လှန်ရေးသူရဲကောင်းတွေအပြင် ယုံကြည်ချက်ကြောင့် အကျဉ်းကျနေတဲ့ ကျောင်းသားလူငယ်တွေကို အကြမ်းဖက်စစ်တပ်က သတ်ဖြတ်တာ၊နှိပ်စက်တာတွေသာမက ပြည်သူလူထုတစ်ရပ်လုံးအပေါ် အကြမ်းဖက်ဖိနှိပ်တာတွေ၊ ကျေးရွာတွေကို မီးတင်ရှို့နေတဲ့လုပ်ရပ်တွေကို ပြုလုပ်နေတဲ့ စစ်တပ်အပေါ် ပြည်သူလူထုရဲ့ နာကျဥ်းချက်တွေ၊အမုန်းတရားတွေဟာ ကမ္ဘာတည်သရွေ့ ဥဒါန်းကျေမှာမဟုတ်ဘူးဆိုတဲ့ ပြည်သူလုထုရဲ့ ဆန္ဒကိုဖော်ပြချင်တာနဲ့ပြုလုပ်ဖြစ်တာဖြစ်တယ်" ဟု စမ်းချောင်းပင်မသပိတ်စစ်ကြောင်းမှ ရဲဘော် ရွှေအသည်းက မဇ္ဈိမ ကို ပြောသည်။

အဆိုပါလှုပ်ရှားမှုအား စမ်းချောင်းပင်မသပိတ်စစ်ကြောင်း(Sc Strike)နှင့် Revolution Force(RF)တို့ပူးပေါင်းကာ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"လုံခြုံရေးအခြေအနေကတော့ စိုးရိမ်ရတဲ့အခြေအနေမှာရှိမနေပါဘူး? စကစ တပ်တွေ တပ်စွဲ ဝန်းရံထားတဲ့ကြားထဲကနေ ဖောက်ထွက်ပြီး စနစ်တကျ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပါတယ်" ဟု စမ်းချောင်းပင်မ သပိတ်စစ်ကြောင်းမှ ရဲဘော် အိုမီက ပြောသည်။

ယခုလှုပ်ရှားမှုမှတစ်ဆင့် ပြည်သူများကို အသိပေးလိုသည်မှာ မြို့ပြရဲဘော်များသည် နည်းလမ်းမျိုးစုံဖြင့် အကြမ်းဖက်စစ်တပ်အား မြို့ပြတွင် တော်လှန်ပုန်ကန်နေပြီး ပြည်သူများအနေနှင့်လည်း စစ်ကောင်စီတပ်၏ တော်လှန်ရေးသတင်းများကို ဖုံးဖိနေခြင်းကြောင့် တော်လှန်ရေးလှုပ်ရှားမှု အခြေအနေများအား မျက်ခြေမပြတ်စေရန် တိုက်တွန်းနိုးဆော်ကြောင်း စမ်းချောင်းပင်မသပိတ်စစ်ကြောင်းမှ ဥက္ကဋ္ဌ ပီတာကြီးက ပြောသည်။

စာတည်း။ ။အောင်ကျော်ဖြိုး
#ရန်ကုန်
#နိုင်ငံ‌ရေးအကျဉ်းသား
#ဆန္ဒပြလှုပ်ရှားမှု
website link >>> http://www.mizzimaburmese.com/article/131183
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤22😁2👍1
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၃ ရက်ထုတ်လွှင့်မှုများ
=================

https://youtu.be/QTCuKYL4SfY

#PVTV 
#mizzima 
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤3👍3🔥1🍌1
ဒီတပတ် South Asia Today အစီအစဉ်မှာတင်ဆက်မဲ့အကြောင်းအရာတွေကတော့
==========

-ကတ်မန်ဒူမြို့တွင် ဘတ်ဒ်ဟန်နီကန်သာ ဒါမာရှာလာ အဆောက်အအုံကို အိန္ဒိယအကူအညီဖြင့် တည်ဆောက်

-ကာရာကိုရမ် နိုင်ငံတကာ တက္ကသိုလ်တွင် လစာများ မပေးတဲ့အတွက် ဆရာ၊ဆရာမများ ဆန္ဒပြ

-အိန္ဒိယနိုင်ငံတွင် မြင့်မြတ်သော ဆာဝန်း(န်)လ စတင်ကျရောက်

-ဝန်ကြီးချုပ်ဘန်ဂျမင်နီတန်ရာဟူးရဲ့ အစွန်းရောက် လက်ယာနိုင်ငံရေးသမားအစိုးရအဖွဲ့မှ အဖွဲ့ဝင်များရဲ့ နိုင်ငံရေးကြားဝင်စွက်ဖက်မှုများ

https://youtu.be/2KNlpiq1XzU

#southasiatoday 
-----------------------------------------
@MizzimaTV 
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍6🔥1
​​မပခတိုင်းမှူးအသစ်ကြောင်း သိကောင်းစရာ
======•============

စစ်ကောင်စီတပ်အတွင်း ရာထူးမှဖယ်ရှားလိုက်သည့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကိုကိုမောင်နေရာတွင် ဗိုလ်ချုပ်စိုးလှိုင်ကို အစားထိုးခန့်အပ်လိုက်သည်။ 

ဗိုလ်ချုပ်စိုးလှိုင်သည် မွန်လူမျိုးဖြစ်ပြီး အသက် ၄၈ နှစ်ရှိပြီဖြစ်သည်။ ကလေးမြို့အခြေစိုက် အမှတ် (၁၀) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၏ စကခမှူးအဖြစ် ဗိုလ်မှူးချုပ်အဆင့်မှ ရာထူးတိုးပေးကာ စစ်တိုင်းမှူးဖြစ်လာခြင်းဖြစ်သည်။ မြစ်ကြီးနားအခြေစိုက် မပခသည် ၎င်းနှင့်ထိစပ်နေသော နေရာဒေသများ၏ စစ်ဆင်ရေးနှင့်ဆို ကာကွယ်ရေး၊ လုံခြုံရေးဆိုင်ရာကိစ္စရပ်များ အဓိကတာဝန်ယူရသည်။

သူသည်အလုပ်သင်ဗိုလ်အမှတ်စဉ် (၂၄) ဆင်းဖြစ်ကာ အထက်အမိန့်အတိုင်းတသွေမသိမ်းလုပ်တတ်သူဟု နာမည်ကျော်သည်။ အရာရှိကြီးဘ၀ကို ကချင်ပြည်နယ်မှာပင် စတင်ခဲ့ပြီး ကချင်မှာပင် တာဝန်ကျမှုများခဲ့သည်။ ဗိုလ်မှူးကြီးရာထူးဖြင့် အမှတ် (၃) စစ်ဆင်ရေးကွပ်ကဲရေးဌာနချုပ် လက်အောက်ခံ ဟိုပင်မြို့ရှိ ခလရ (၄၀) တပ်ရင်းမှူးအဖြစ် ပြောင်းရွှေ့ခဲ့သည်။ ထို့နောက် ဗန်းမော်မြို့ရှိ အမှတ် (၂၁) စစ် ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှာ ဒုစကခမှူး ဖြစ်လာခဲ့သည်။ ထိုမှတဆင့် ဗိုလ်မှူးချုပ်ရာထူးဖြင့် မိုးကောင်းအခြေစိုက် စကခ (၃) တပ်မမှူးဖြစ်လာခဲ့သည်။
 
တပ်ရင်းမှူးအဖြစ်တာဝန်စယူချိန် ကေအိုင်အိုနှင့် စစ်ကောင်စီတပ်တို့အကြား ၁၇ နှစ်တာ အပစ်ခတ်ရပ်စဲရေးကျိုးပျက်ချိန်လည်းဖြစ်သည်။ 

၂၀၁၃ ခုနှစ်အတွင်းက ကေအိုင်အို ဌာနချုပ်ရှိရာ လိုင်ဇာကို စစ်ရေးအရ စိုးမိုးနိုင်ဖို့ စစ်ကောင်စီတပ်က (ပွိင့် ၁ဝ၁၂) ခေါ် ခါယာဘွမ် တောင်ကျောကို အပြင်းအထန်တိုက်ခိုက်​နေချိန်ဖြစ်သည်။ ခါယာဘွမ်တောင်ကျောကို မဒိယန်လမ်းကြောင်းမှ တကြောင်း၊ ဝိုင်းမော်ပို့စ် လမ်းကြောင်းမှ တစ်ကြောင်း နှင့်လုံလောပို့စ်( ပွိုင့် ၇၇၁) မှတကြောင်း ချီတက်တိုက်ခိုက်ကြသည်။ လုံလောပိုစ့်ကို ဗိုလ်မှူးကြီးစိုးလှိုင်က ဦးစီးကွပ်ကဲခဲဲ့သည်။

ကေအိုင်အေတပ်များ၏ ဝိုင်းပတ်ပိတ်ဆို့မှုအောက်မှ သူ၏ တပ်ရင်းကို အသေအပျောက်မရှိဘဲ ဖောက်ထွက်နိုင်ခဲ့သည့် နာမည်ကောင်းကို နေပြည်တော်စစ်အသိုင်းအဝိုင်းတွင် ရခဲ့သည်။

သို့သော် ထိုစဉ်က စစ်ပန်းနေသည့် ကေအိုင်အေစစ်ကြောင်းတစ်ခုက တိုက်ပွဲရှောင်ကာ လမ်းကြောင်းဖွင့်ပေးခဲ့ရာက စကခတပ်ရင်းလွတ်မြောက်သွားခြင်းဖြစ်သည်ဟု ကေအိုင်အေသတင်းရင်းမြစ်တစ်ခုက မဇ္ဈိမသို့ပြောသည်။ 

အမှတ် (၃) စကခတပ်မမှူးအဖြစ်တာဝန်ကျနေစဉ်ကလည်း တိုက်ပွဲရှုံးနိမ့်မှုကြီးနှင့်ကြုံခဲ့ရသည်။ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့ နံနက် ၃ နာရီခန့်တွင် သူ၏ကွပ်ကဲမှုအောက်ရှိ ခြေမြန်တပ်ရင်း (၃၈၃) နှင့် (၃၈၄) တို့ကို ကေအိုင်အေနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက စီးနင်းတိုက်ခိုက်ပြီး ကားစီးလုံးပြည့်လက်နက်များ သိမ်းပိုက်ယူဆောင်သွားကြသည်။ သူလက်တုံ့ပြန်သည်ကတော့ လူနေရပ်ကွက်ဘက်သို့ လက်နက်ကြီး လက်နက်ငယ်များ ညတိုင်းလိုလိုပစ်ခတ်ခြင်းဖြစ်သည်။

သို့သော်အပြစ်ပေးအရေးယူခံရမှု မရှိဘဲ စကခ (၁၀) တပ်မှူးဖြစ်လာခဲ့သည်။

ယခုအခါမှာ ကချင်ဒေသကို စစ်ကောင်စီက စစ်မီးမွေးနေချိန် မပခတိုင်းမှူး၏ လာဘ်ပေးလာဘ်ယူမှုနှင့် စစ်ရေးမျက်နှာ ရှုံးနိမ့်နေရမှုကို ဖားထေးနိုင်ရန် ခိုင်းကောင်းသော ဗိုလ်ချုပ်စိုးလှိုင်ကို နေပြည်တော်က ရွေးချယ်ခဲ့ကြခြင်းဖြစ်သည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍23💩11❤3
ယာဒိုဒေသသို့ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ထပ်မံပြုလုပ်၊ ဒေသခံများ အရေးပေါ်အကူအညီလိုအပ်နေ
😢8🔥3👍2