Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​ကျပ် ၂၀,၀၀၀ တန် ထုတ်ဝေမည့်သတင်းကြောင့် ရန်ကုန်ရှိ အိမ်ခြံမြေ၊ ရွှေနှင့် ကား အရောင်းအဝယ်များ ရပ်ဆိုင်းထားရဟုဆို
=====================

ဂန္ဒမာ ၊ 001
(မဇ္ဈိမ)။ ။စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က ကျပ် ၂၀,၀၀၀ တန် ငွေစက္ကူထုတ်ဝေမည်ဟု ကြေညာ ချက်ထွက်ပေါ်ပြီးနောက် ရန်ကုန်ရှိ အိမ်ခြံမြေ၊ ရွှေနှင့်ကား အရောင်းအဝယ်များ ရပ်ဆိုင်းထားကြောင်း သက်ဆိုင်ရာ အကျိုးဆောင်၊ ပွဲစားများထံမှ သိရသည်။

“လကုန်ကြရင် ကျပ် ၂၀,၀၀၀ တန်ထွက်မယ်ဆိုပြီး ကြေညာပြီးတဲ့အချိန်မှာ ကားဈေးကွက်က လုံးဝ အရောင်းအဝယ်ရပ်သွားတယ်။ လုံးဝရောင်းမယ့်သူမရှိ၊ ရောင်းမယ့်ကား‌တွေကလည်း အရောင်းတွေရပ် ပစ်လိုက်တယ်။ ရောင်းမယ်ဆိုပြီး စရံချထားတဲ့ကားတွေဆိုလည်း ပိုင်ရှင်တွေက စရံနှစ်ဆပြန်ပေးပြီး မရောင်းတော့ဘူး” ဟု ရန်ကုန်မှကားပွဲစားတဦးက ၎င်းကြုံတွေ့ရသည်ကို ပြောသည်။

ထို့အတူ အိမ်ခြံမြေ ဈေးကွက်တွင်လည်း အရောင်း၊ အငှား ရပ်တန့်သွားကြောင်း အကျိုးဆောင်တဦးက ရှင်းပြသည်။
“အိမ်ဈေးကွက်ကလည်း ရောင်းမယ့်အခန်းတွေ လုံးဝမရှိတော့ဘူး။ ငှားမယ့်အိမ်ပိုင်ရှင်တွေကလည်း အငှားရပ်လိုက်တယ်။ လုံးဝရပ်တန့်သွားတဲ့အထိ ဖြစ်သွားတယ်နော် ဒီရန်ကုန်မြို့မှာ” ဟု ပြောသည်။
ကျပ် ၂၀,၀၀၀ တန်ငွေစက္ကူကို ဇူလိုင်လ ၃၁ ရက်နေ့တွင် စတင်ထုတ်ဝေသွားမည်ဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က ဇူလိုင်လ ၂၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ထိုသို့ထုတ်ပြန်ပြီးနောက် ရန်ကုန်မြို့ရှိ ရွှေဈေးကွက်မှာလည်း ၁၅ ပဲရည်သာ အရောင်းအဝယ်ဖြစ်၍ ၁၆ ပဲရည်ကို အရောင်းအဝယ် ပြုလုပ်သူမရှိကြောင်း သိရသည်။

“တနင်္ဂနွေနေ့ မနက်ပိုင်းမှာ ရွှေဈေးကွက်ဟာ ၂၀,၀၀၀ တန်ဂယက်ကြောင့် အားလုံးစောင့်ကြည့်နေတဲ့ အခြေအနေပေါ့။ မနေ့ကတော့ ၁၆ ပဲရည်ဝယ်လို့ ဘယ်မှာမှ မရတော့ဘူး။ လက်သိပ်ထိုးဝယ်တဲ့ လက်ကြီး သမားဆီမှာလည်း မရောင်းကြတော့ဘူး။ အဖမ်းအဆီးတွေကြမ်းလို့ အရောင်းအဝယ်မလုပ်ကြဘူး” ဟု ရွှေလုပ်ငန်းရှင်တဦးက ပြောသည်။

ဇူလိုင်လ ၂၃ ရက်နေ့တွင် ရွှေဈေးကွက်အနေအထားမှာ တရုတ်တန်း ရွှေဆိုင်တန်းတွင် ၁၅ ပဲရည်ကို ၁၀ နာရီဝန်းကျင်၌ ၃,၁၃၀,၀၀၀ ကျပ်အဖွင့်ဈေးရှိခဲ့ပြီး ၁၆ ပဲရည်မှာ အရာင်းအဝယ် ရပ်ဆိုင်းထားသည်ဟု ဆိုသည်။

အဆိုပါနေ့တွင်ပင် နံနက် ၁၁ နာရီဝန်းကျင်၌ ၁၅ ပဲရည်မှာ ၃,၁၉၀,၀၀၀ ကျပ်အထိ မြင့်တက်ခဲ့ကြောင်း ပြောသည်။
ကျပ် ၂၀,၀၀၀ တန် ငွေစက္ကူထုတ်ဝေမည့်ကြေညာချက်ကြောင့် ရုတ်ချည်းဆိုသလို ရန်ကုန်ရှိ အိမ်ခြံမြေ ၊ ရွှေနှင့် ကားဈေးကွက်တို့မှာ အရောင်းအဝယ်အားလုံးနီးပါးရပ်တန့်သလိုဖြစ်ပခဲ့ပြီး အဆိုပါလောကသား များမှာလည်း အများနည်းတူ စောင့်ကြည့်အနေအထားသာ တတ်‌နိုင်ကြောင်း ဆိုကြသည်။

အဆိုပါ ငွေကျပ် ၂၀,၀၀၀ တန်ထုတ်ဝေမည့်သတင်းကြောင့် စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်တွင် လည်း ယမန်နေ့က ၁၅ ပဲရည်တစ်ကျပ်သားကို ကျပ် ၃၃ သိန်းဝန်းကျင်၊ ၁၆ ပဲရည်တစ်ကျပ်သားကို ကျပ် ၃၅ သိန်းမှ ၃၆ သိန်းဖြင့် စျေးဖွင့်ခဲ့သော်လည်း အရောင်းရပ်နားခဲ့ကြောင်း ရွှေဝယ်သူတဦးကပြောသည်။

“ဟုတ်တယ် မနေ့က အရောင်းတွေပိတ်တယ်။ အချင်းချင်း နားလည်မှုနဲ့ရောင်းပေးတာတော့ရှိတယ်” ဟု ဆိုသည်။
ယနေ့ ဇူလိုင်လ ၂၅ ရက်နေ့တွင် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက အကယ်ဒမီ မီးလင်းရွှေစျေး ကို ကျပ် ၂၃ သိန်းကျော်ဖြင့် ရည်ညွှန်းစျေးဖွင့်ခဲ့သော်လည်း နေပြည်တော်ရှိ ပြင်ပရွှေဆိုင်များတွင် မွန်းလွဲ ပိုင်းအထိ စျေးကွက်ဖွင့်နိုင်ခြင်းမရှိသေးကြောင်း ရွှေဆိုင်များထံမှ သိရသည်။

ငွေစက္ကူသစ်အား နေပြည်တော်တွင်တည်ထားကိုးကွယ်သည့် ဗုဒ္ဓရုပ်ပွားတော်တည်ဆောက်ပြီးစီးမှု အထိမ်းအမှတ်နှင့် ဆင်ဖြူတော်၏ တနှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ်ထုတ်ဝေခြင်းဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံဗဟိုဘဏ်က ကြေညာချက်တွင်ထည့်သွင်းဖော်ပြထားသည်။

သိုသော်လည်း စီးပွားရေးကမောက်ကမဖြစ်ရမှုကြောင့် လက်ရှိအချိန်တွင် ငွေစက္ကူ ၂၀,၀၀၀ တန် ထုတ် ဝေမည်ဆိုသောသတင်းမှာ ပြည်သူများအကြား ဝေဖန်မှုမြင့်တက်လျက်ရှိသည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#၂၀,၀၀၀တန်

#ငွေစက္ကူသစ်
#ဗဟိုဘဏ်
ဓာတ်ပုံ- ရန်ကုန်မြို့မြင်ကွင်း
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍10🔥4
​​လက်ခတ်တောင်စခန်းကုန်းကို ပြန်လည်ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံရ၍ ဆုတ်ခွာထွက်ပြေး
=====================

သွင်ထူးဈာန်
ကော်သူးလေ(မဇ္ဈိမ)။ ။ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ လက်ခတ်တောင်စခန်းကုန်းကို ယနေ့ ဇူလိုင်လ၂၅ရက် နံနက်၇နာရီခန့်တွင် စစ်ကောင်စီတပ်ဖွဲ့များက စစ်ကြောင်းထိုးလာသဖြင့် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ကော်ဘရာစစ်ကြောင်းထံမှ သိရသည်။

စစ်ကောင်စီ၏ တပ်မ(၄၄) လက်အောက်ခံတပ်ရင်းများက အင်အား၂၀၀ ကျော်ဖြင့် စစ်ကြောင်းထိုးလာခြင်းကြောင့် ကော်ဘရာစစ်ကြောင်း(၁) ၊ ကျားသစ်နက်စစ်ကြောင်းတို့နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

“မေတ္တာလင်းမြိုင်ရွာထဲကနေဝင်ပြီးတော့ လက်ခတ်တောင်ကို ပြန်တက်ဖို့ မနေ့ညကတည်းက ထိုးလာတာ ၊ ဒီမနက် ၇နာရီ ၈နာရီလောက်မှာ စပစ်တယ် ၊ ပစ်တော့ ဒီကောင်တွေ ရွာထဲကို ပြန်ပြေးသွားတယ်၊ အလောင်းတွေ ထမ်းသွားတာတော့ တွေ့တာပဲ၊ ဘာမှတော့မသိရသေးဘူး၊ လိုက်ပြီးတော့ စိစစ်နေတုန်း”ဟု ကော်ဘရာစစ်ကြောင်း (၁) စစ်ကြောင်းမှူး ဗိုလ်စောကော်က ပြောသည်။
လက်ခတ်တောင်စခန်းကုန်းသည် မြဝတီမြို့ကိုထိန်းချုပ်ရန်အတွက် စစ်ရေးအရ သတ်မှတ်ထားသည့် ခံစစ်စည်းဖြစ်သည်ဟုလည်း ကာကွယ်တပ်ဖွဲ့ထံမှ သိရသည်။

လက်ခတ်တောင် တောင်ကြောရှိ စခန်းကုန်းများကို ကော်ဘရာစစ်ကြောင်းနှင့် ကျားသစ်နက်စစ်ကြောင်းတို့က ဇူလိုင်လ ၅ ရက်မှ စတင်ကာ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး ဇူလိုင်လ၂၁ရက်နေ့တွင် တောင်ကြောတစ်ခုလုံးကို စိုးမိုးနိုင်ခဲ့ခြင်း ဖြစ်သည်။

ယင်းစခန်းကုန်းတိုက်ပွဲတွင် လက်နက်ခဲယမ်းအများအပြား သိမ်းယူနိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ အကျအဆုံးများကာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ ခြောက်ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
လက်ခတ်တောင်စခန်းကုန်းကို စွန့်ခွာခဲ့သည့် တပ်ရင်းမှူးအပါအဝင် အရာရှိများကို စစ်ကောင်စီတပ်က ဖမ်းဆီးစစ်ဆေးနေကြောင်းလည်း သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

#ကရင်ပြည်နယ်
#မြဝတီမြို့
#လက်ခတ်တောင်စခန်းကုန်
#တိုက်ပွဲဖြစ်ပွား
ပုံစာ။ ။ ဇူလိုင်လ ၂၁ရက်နေ့ လက်ခတ်တောင် စခန်းကုန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်သိမ်းယူခဲ့စဥ်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍21❤4😁2👏1
Media is too big
VIEW IN TELEGRAM
စစ်ကောင်စီနှင့်ပူးပေါင်းနေ‌တဲ့ ထိုင်း ကုမ္ပဏီ PTTEP ကို စင်ကာပူ တရားရုံးတင်နိုင်ရေး NUG ကြိုးပမ်းနေ

Watch More Detail - https://youtu.be/EIl5eRsmRbg

#shorts #reels #businessroundup
👍6🤣2
​​ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးအား လုပ်ကြံရန် ကြိုးပမ်းသူကို အပြစ်ရှိကြောင်း ချမှတ်
=======================

“ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရဲ့ လုံခြုံရေးအဖွဲ့မှာ ဆန္ဒအလျောက် ပါဝင်နေပေမယ့် ဖြိုးဟိန်းထွဋ်ဟာ ကိုယ်က ကာကွယ်ပေးရမယ့် လူအပေါ် သစ္စာဖောက်ခဲ့တယ်၊ သံအမတ်ကြီးကို ထိခိုက်အနာတရဖြစ်အောင် သံအမတ်ကြီးရဲ့ အကြောင်းတွေ၊ မစ်ရှင်အဖွဲ့ရဲ့ အကြောင်းတွေနဲ့ ဝန်ထမ်းရေးရာ အကြောင်းတွေကို လက်နက်ပွဲစားတစ်ဦးဆီ တိတ်တဆိတ် ပေးပို့ခဲ့တယ်၊ သူ့ရဲ့ လုပ်ရပ်အတွက် တာဝန်ခံဖို့ ဂျူရီအဖွဲ့က တညီတညွတ်တည်း ဆုံးဖြတ်တယ်”ဟု နယူးယောက် တောင်ပိုင်းခရိုင်ရှေ့နေ ဒါမိန်းဝီလီယံက ပြောသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍12😁2
Media is too big
VIEW IN TELEGRAM
ဆန်အမျိုးအစားအားလုံးနီးပါး ဈေးထပ်မံမြင့်တက်

Watch More Detail - https://youtu.be/EIl5eRsmRbg

#shorts #reels #businessroundup
👍3🔥3
​​စစ်ကောင်စီတပ်လက်နက်ကြီးကြောင့် ကလေးငယ် ၄ ဦးအပါအဝင် ဒေသခံ ၁၀ ဦး ဒဏ်ရာရ
====================

YT
(မဇ္ဈိမ) ။ ။ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ပဲခူးတိုင်းတို့တွင် စစ်ကောင်စီတပ် အထိုင်ချတပ်စခန်းများမှ လက်နက်ကြီးပစ်ခတ်မှုကြောင့် တစ်ပတ်အတွင်း ကလေးငယ်လေးဦးအပါအဝင် ဒေသခံ ၁၀ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟို၏ ထုတ်ပြန်ချက်များအရ သိရသည်။

" သူတို့က စစ်တိုက်လို့ မနိုင်ရင် ပြည်သူကို လုပ်မှာပဲ၊ PDF၊ KNU တွေနေတယ်ဆိုပြီး ရွာတွေထဲ လက်နက်ကြီးတွေထုမယ်၊ အခုဆို လက်နက်ကြီးပစ်တာပဲ မဟုတ်ဘူး၊ အိမ်မီးရှို့ ရွာမီးရှို့ လေယာဉ်နဲ့ ဗုံးကြဲတယ်၊ ဒါသူတို့လုပ်နေကျပါပဲ" ဟု KNLA သတင်းရင်းမြစ်တစ်ဦးက မဇ္ဈိမကိုပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၃ ရက်နေ့၊ နံနက်ပိုင်းတွင် ခြေလျင်တပ်ရင်း ခလရ (၉၇) မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ရေလည်ကုန်း ကျေးရွာနေ အသက် ၃၀ အရွယ်ရှိ နော်ဆိ လက်နက်ကြီးကျည်ထိမှန်ဒဏ်ရာရခဲ့ကြောင်း KNU ဗဟိုက ယမန်နေ့ ဇူလိုင်လ ၂၄ ရက်က ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၂ ရက်နေ့၊ ညနေပိုင်းကလည်း ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ သူဌေးကုန်းမီးရထားဘူတာတွင် အခြေချနေသော ပိန်းဇလုပ်အခြေစိုက် ခြေလျင်တပ်ရင်း ခလရ (၂၆၄) မှ စစ်ကောင်စီတပ်သားများ၏ လက်နက်ကြီး ရမ်းသန်းပစ်ခတ်မှုများကြောင့် ကျောက်ကြီးမြို့နယ်မှ ကလေးငယ်တစ်ဦးအပါအဝင် ဒေသခံလေးဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း KNU ဗဟို၏ ဇူလိုင်လ ၂၃ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

ထိခိုက်ဒဏ်ရာရသူများမှာ ကျောက်ကြီးမြို့နယ်၊ ချွဲတလဲကျေးရွာမှ အသက် ၄၆ နှစ်အရွယ်ရှိ နော်အေးဆေးဖော၊ ငဖယ်အင်းကျေးရွာမှ အသက် ၄၂ နှစ်အရွယ်ရှိ စောဝါးဂေ၊ အသက် ၃၆ နှစ်အရွယ်ရှိ နော်အယ်ဆဲနေမူးနှင့် အသက် ၁၂ နှစ်အရွယ်ရှိ စောအယ်စယ်ထူးတို့ ဖြစ်သည်။

ထို့အပြင် ဇူလိုင်လ ၂၁ ရက်နေ့၊ နေ့လယ်ပိုင်းတွင် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကြာပန်းကျေးရွာအခြေစိုက် စစ်ကောင်စီအမြောက်တပ် အမတ (၂၀၆) မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် သထုံမြို့နယ်၊ အစူးအင်းကျေးရွာအုပ်စု၊ ကဇိုင်းကျေးရွာမှ အသက် ၃၅ နှစ်အရွယ် ဒေါ်ဝင်း ဘယ်ဘက်ခြေသလုံးတွင် ထိမှန်ဒဏ်ရာရခဲ့ကြောင်း KNU ဗဟိုက ဇူလိုင်လ ၂၂ ရက်နေ့က ထုတ်ပြန်သည်။

ထို့အတူ ဇူလိုင်လ ၂၁ ရက်နေ့ နံနက်ပိုင်းကလည်း ပဲခူးတိုင်း၊ မုန်းမြို့နယ်၊ အုတ်ဖြတ်တံတားရှိ စစ်ကောင်စီတပ်စခန်းမှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ပဲခူးတိုင်း၊ မုန်းမြို့နယ်၊ သမန်းကျင်းကျေးရွာအနီးရှိ လယ်ကွက်ထဲ ကျရောက်ပေါက်ကွဲခဲ့၍ စပါးပေါင်းသင်နေသူနှစ်ဦး ထိမှန်ဒဏ်ရာရခဲ့ကြောင်း KNU က ဆိုသည်။

ထိမှန်ဒဏ်ရာရသူ နှစ်ဦးမှာ ကြက်တက်ညောင်ပင်ကျေးရွာ အနောက်ဘက်ကမ်းမှ အသက် ၃၅ နှစ်အရွယ်ရှိ ကိုစိုးသူနှင့် အသက် ၁၃ နှစ်အရွယ်ရှိ ဖြိုးထက်ဦးတို့ဖြစ်ပြီး လက်မောင်းတွင် ကျည်စထိမှန်ဒဏ်ရာရခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ဇူလိုင်လ ၂၀ ရက်နေ့က မွန်ပြည်နယ်၊ မုဒုံမြို့နယ် ခုနစ်ခွေတောင်ရှိ အမြှောက်တပ် (၃၁၃) မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကရင်ပြည်နယ်၊ ကျုံဒိုးမြို့နယ်၊ ကျောက်အိုင်ကျေးရွာအုပ်စု၊ ရွှေဝါချောင်ကျေးရွာမှ အသက်ရှစ်နှစ်အရွယ် မောင်ထွန်းထွန်းနှင့် အသက်ခြောက်နှစ်အရွယ် မောင်ဇာနည်လင်းတို့ ဦးခေါင်းတွင် လက်နက်ကြီးကျည်ထိမှန်ဒဏ်ရာရခဲ့သေးကြောင်း သိရသည်။

ကရင်အမျိုးသားအစည်းအရုံး (KNU) တွင် တပ်မဟာ (၁) သထုံခရိုင်၊ တပ်မဟာ (၂) တောင်ငူခရိုင်၊ တပ်မဟာ (၃) ညောင်လေးပင်ခရိုင်၊ တပ်မဟာ (၄) မြိတ်၊ ထားဝယ်ခရိုင်၊ တပ်မဟာ (၅) ဖာပွန်ခရိုင်၊ တပ်မဟာ (၆) ဒူးပလာယာခရိုင်၊ တပ်မဟာ (၇) ဘားအံခရိုင်ဟူ၍ အုပ်ချုပ်နယ်မြေ တပ်မဟာ ခုနစ်ခုရှိပြီး တပ်မဟာ (၇) ဘားအံခရိုင်မှလွဲ၍ ကျန်တပ်မဟာခြောက်ခုတွင် စစ်ကောင်စီတပ်နှင့် ဒေသတွင်း တော်လှန်ရေးအင်အားစုများအကြား မကြာခဏ တိုက်ပွဲဖြစ်ပွားမှုရှိကြောင်း သိရသည်။

လက်ရှိတွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် စစ်ရေးပဋိပက္ခများကြောင့် KNU အုပ်ချုပ်နယ်မြေ တပ်မဟာ ခုနစ်ခုပေါင်း စစ်ဘေးရှောင်အရေအတွက်မှာ ၆၀၀,၀၀၀ နီးပါးရှိနေပြီဖြစ်ကြောင်း သိရသည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

#ဒဏ်ရာရ
#မွန်ပြည်နယ်
#ကရင်ပြည်နယ်
#ပဲခူးတိုင်း
ဓါတ်ပုံ- (KNU) ဒဏ်ရာရ ကလေးငယ်နှစ်ဦး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9😢7😁2🤬2
​​မြန်မာနိုင်ငံတွင်း တိုက်ပွဲများကြောင့် ထိုင်းမြောက်ပိုင်းသို့ ထွက်ပြေးခိုလှုံကြရသူ မြန်မာအရပ်သား ၉,၀၀၀ ကျော်အထိ ရှိနေ
======================

မြန်မာနိုင်ငံတွင်း တိုက်ပွဲများကြောင့် ထွက်ပြေးကြရသည့် မြန်မာအရပ်သားပြည်သူ ၉,၀၀၀ ကျော်သည် လက်ရှိတွင် ထိုင်းနိုင်ငံမြောက်ပိုင်း မယ်ဟောင်ဆောင်ပြည်နယ်၏ ခရိုင်သုံးခုရှိ ခိုလှုံရာစခန်းငါးခုတွင် ရောက်ရှိ ခိုလှုံလျက် ရှိသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢12👍4😁2
Media is too big
VIEW IN TELEGRAM
မန္တလေးကျောက်ဝိုင်းအတွင်း လိုင်စင်မရှိဘဲ ကျောက်ဝယ်ရောင်းလုပ်ပါက ဖမ်းမည်ဟု စစ်ကောင်စီ ကြေညာ

Watch More Detail - https://youtu.be/EIl5eRsmRbg

#shorts #reels #businessroundup
👏2🤬2
​​ကျောက်ကြီးမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် KNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွား
=======================

YT
(မဇ္ဈိမ)။ ။ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်တွင် ဇူလိုင်လ ၂၄ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်ခန့်က စစ်ကောင်စီ တပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ၊ PDF ပူးပေါင်းတပ်ဖွဲ့တို့အကြား ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။

ကျောက်ကြီး - နတ်သံကွင်း ကားလမ်းမပေါ်ရှိ ပေါက်မြောင်းတံတားအနီးတွင် နတ်သံကွင်းမြို့ဘက်မှ နောင်ကုန်းစစ်ကောင်စီ ဂိတ်စခန်းဘက်သို့တက်လာသည့် အင်အား ၃၀ ခန့်ပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များ နှင့် တပ်မဟာ (၃) KNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“တိုက်ပွဲပြီးလို့ ပြန်လာတော့ ၁၀ ယောက်ဝန်းကျင်ပဲပြန်ပါလာတယ်။ ဒဏ်ရာရထားတဲ့ နှစ်ယောက်ကို ထမ်းလာတာတွေ့တယ်” ဟု ဒေသတွင်း သတင်းရင်းမြစ်တဦးက မဇ္ဈိမကိုပြောသည်။

တိုက်ပွဲဖြစ်ပွား‌နေစဉ် နတ်သံကွင်းရှိ စစ်ကောင်စီတပ်စခန်းမှ အနီးပတ်ဝန်းကျင်သို့ လက်နက်ကြီးပစ်ကူ ပေးကာ အင်အား ၇၀ နီးပါးဖြင့် ထပ်မံစစ်ကြောင်းထိုးလာခဲ့သည်ဟု ၎င်းက‌ဆိုသည်။

အဆိုပါစစ်ကြောင်းမှ ကျန်ရှိနေသည့် စစ်ကောင်စီတပ်သားများသည် လက်ရှိတွင် နောင်ကုန်းကျေးရွာ အနီးပတ်ဝန်းကျင်၌သာရှိနိုင်ကြောင်း ဒေသတွင်း သတင်းရင်းမြစ်က ဆိုသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၈ ရက်နေ့ကလည်း နတ်သံကွင်းဘက်မှ နောင်ကုန်းကျေးရွာဘက်သို့ စစ်ကြောင်း ထိုးလာသည့် အင်အား ၁၀၀ ဝန်းကျင်ပါ စစ်ကောင်စီစစ်ကြောင်းနှင့် တပ်မဟာ (၃) KNLA ၊ PDF ပူးပေါင်း တပ်ဖွဲ့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့က နောင်ကုန်းကျေးရွာအား မီးရှို့ဖျက်ဆီးခဲ့ ကြောင်း ဒေသခံတဦးထံမှ သိရသည်။

“မနက်စောစော စစ်ကြောင်းဝင်ထိုးတယ်၊ KNU ၊ PDF ရှိတယ်ဆိုပြီး ရွာကိုမီးရှို့တာ။ မိုးလင်းပိုင်းတော့ မီးခိုးလှမ်းမြင်ရတယ်။ အဲဒီရွာက လူမရှိတာ တနှစ်ကျော်ပြီ” ဟု ဒေသခံတဦးက မဇ္ဈိမကိုပြောသည်။
မီးရှို့ဖျက်ဆီးခံရမှုကြောင့် နောင်ကုန်းကျေးရွာ တစ်ရွာလုံးနီးပါး မီးလောင်ပျက်စီးခဲ့ရသော်လည်း ရွာသူ ရွာသားများမှာ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်မှစ၍ စစ်ဘေးရှောင်နေကြရသဖြင့် အထိအခိုက်မရှိခဲ့ကြောင်း သိရသည်။

ကျောက်ကြီးမြို့နယ်သည် KNU တပ်မဟာ (၃) ထိန်းချုပ်နယ်မြေ၊ ညောင်လေးပင်ခရိုင်အတွင်း တည်ရှိပြီး လက်ရှိတွင် အဆိုပါနယ်မြေ၌ စစ်ကောင်စီတပ်ဖွဲ့နှင့် KNLA၊ PDF ဒေသတွင်းတော်လှန်ရေးအင်အားစု များအကြား ထိတွေ့တိုက်ပွဲ မကြာခဏဖြစ်ပွားနေကြောင်း သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ

#ပဲခူးတိုင်း
#ကျောက်ကြီးမြို့နယ်
#စစ်ကောင်စီတပ်
#တိုက်ပွဲဖြစ်ပွား
ဓါတ်ပုံ - ကျောက်ကြီးမြို့အဝင်ဆိုင်းဘုတ် (လူမှုကွန်ယက်)
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍17🔥1👏1
စစ်အာဏာရှင် ဆန့်ကျင်ရေး ရွာပေါင်းစုံသပိတ် ချီတက်
==================

ပါခွီး
(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း ၊ ယင်းမာပင်နှင့် ဆားလင်းကြီးကျေးရွာများ စုပေါင်းပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲကို ဇူလိုင်လ၂၅ရက် ယနေ့တွင် ဆက်လက်ချီ တက်ခဲ့ကြသည်။

လူထုသပိတ်စစ်ကြောင်းသည် စစ်အာဏာရှင်ဆန့်ကျင်သည့် ကြွေးကြော်သံများ ဟစ်ကြွေးချီတက်ခဲ့ကြပြီး သွေးမော်ကွန်းသီချင်း သံပြိုင်သီဆိုကြကာ ကျဆုံးခဲ့သော အာဇာနည်သူရဲကောင်းများကို အလေးပြုခဲ့ကြကြောင်း သိရသည်။

ယနေ့ချီတက်ပွဲသည် ရွာပေါင်းစုံ သပိတ်စစ်ကြောင်း၏ စစ်အာဏာရှင်ဆန့် ကျင်ရေး (၈၅၄) ရက်မြောက်အဖြစ် ချီတက်ခဲ့ကြခြင်း ဖြစ်သည်။

ယင်းမာပင်နှင့် ဆာလင်းကြီးကျေးရွာပေါင်းစုံစစ်ကြောင်းသည် ၂၀၂၁ ခုနှစ် မတ်လ ၉ ရက်မှ စတင်ကာ စစ်အာဏာရှင် ကိုဆန့်ကျင်ဆန္ဒပြခဲ့ခြင်း ဖြစ်သည်။

#ဆန္ဒပြ
#စစ်အာဏာရှင်
#Mizzima

Website Link - http://www.mizzimaburmese.com/article/131266

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9❤6🔥1😁1
​​မြို့ ၄ မြို့၌ ၄ ရက်အတွင်း ငလျင် ၄ ကြိမ်လှုပ်
================

ရောင်နီ
မဇ္စျိမ။ ။မြန်မာနိုင်ငံအထက်ပိုင်းနှင့် ကမ်းရိုးတန်းဒေသ မြို့နယ်လေးခုတွင် အင်အားအနည်းငယ်ရှိ မြေငလျင် လေးရက်အတွင်း လေးကြိမ်လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်သည်။

စစ်ကိုင်းတိုင်း၊ လေရှီးမြို့နှင့် မင်းကင်းမြို့ မကွေးတိုင်း၊ ဂန့်ဂေါမြို့၊ ရခိုင်ပြည်နယ်၊ မာန်အောင်မြို့တို့တွင် ဇူလိုင်လ ၂၂ ရက်မှ ဇူလိုင်လ ၂၅ရက်အတွင်း အင်အားအနည်းငယ်အဆင့်ရှိ ငလျင်တစ်ကြိမ်စီလှုပ်ခတ်ခဲ့ခြင်းဟု သိရသည်။

ဇူလိုင်လ ၂၂ ရက် နံနက်က လေရှီးမြို့၏ တောင်-အရှေ့တောင်ဘက် ၁၆မိုင်ခန့်အကွာတွင် အင်အား ရစ်(ခ်)တာစကေး ၄ဒသမ ၇ အဆင့်ငလျင်၊ ဇူလိုင်လ ၂၃ ရက် နေ့လယ်တွင် မာန်အောင်မြို့၏ တောင်-အရှေ့တောင်ဘက် ၁၄ မိုင်ခန့်အကွာ၌ ရစ်(ခ်)တာစကေး ၄ အဆင့်ငလျင်၊ယ‌င်းနေ့ညတွင် ဂန့်ဂေါမြို့၏ အရှေ့မြောက်ဘက်၁၆ မိုင်ခန့်အကွာ၌ ရစ်(ခ်)တာစကေး ၄ဒသမ၆အဆင့်ငလျင်နှင့် ယနေ့ ဇူလိုင်လ ၂၅ ရက်နေ့ နံနက်တွင် မင်းကင်းမြို့၏ တောင်-အနောက်တောင်ဘက် ၄ မိုင်ခန့်အကွာ၌ ရစ်(ခ်)တာစကေး ၄ဒသမ၃အဆင့်ငလျင် လှုပ်ခတ်ခဲ့ခြင်းဟု စစ်ကောင်စီလက်အောက်ခံမိုးဇလဌာနက ထုတ်ပြန်ထားသည်။

အဆိုပါ ငလျင်များသည် အင်အားအနည်းငယ်အဆင့်သာရှိ၍ လှုပ်ရှားမှုမပြင်းထန်ခဲ့ဘဲ ထိခိုက်ပျက်စီးမှုလည်းမရှိကြောင်း သက်ဆိုင်ရာဒေသများမှ ဒေသခံများက မဇ္ဈိမကို ပြောသည်။
" ငလျင်လှုပ်ရှားမှုကို သိတယ်။ ထိခိုက်တာတော့ မရှိဘူး"ဟု မင်းကင်းမြို့ဒေသခံတစ်ဦးကပြောသည်။

ပြီးခဲ့သည့် မေလနှင့် ဇွန်လအတွင်းက ကချင်ပြည်နယ်နှင့် ဧရာဝတီတိုင်းအတွင်း အင်အားအသင့်အတင့်ရှိသော ငလျင်အချို့လှုပ်ခတ်ခဲ့ပြီး ထိခိုက်ပျက်စီးမှုများရှိခဲ့သည်။ ကချင်ပြည်နယ်၊ အင်းတော်ကြီးဒေသတွင် မေလ ၃၁ ရက်က ရစ်(ခ်)တာစကေး ၅ဒသမ၉အဆင့်ငလျင်လှုပ်ခတ်ခဲ့ရာ ဘာသာရေးအဆောက်အဦအချို့နှင့် လူနေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့သည်။ဧရာဝတီတိုင်း၊မအူပင်မြို့တွင် ဇွန်လ ၇ ရက်နေ့ညနေက ရစ်(ခ်)တာစကေး ၄ ဒသမ ၈အဆင့်ငလျင် လှုပ်ခတ်ခဲ့ရာ ဘာသာရေးအဆောက်အဦတစ်ခုပြိုကျပြီး သီလရှင်တစ်ပါးနှင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်။ ထို့အပြင် မအူပင်မြို့နယ် ထွေအုပ်ရုံး၊ ဆယ်သွယ်ရေးရုံး ၊ဆေးရုံ၊မိုးကုတ်ဝိပဿနာကျောင်းတိုက်၊အထည်ချုပ်စက်ရုံ၊ တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၊တရားရုံးနှင့်လူနေအိမ်အချို့လည်း ထိခိုက်ပျက်စီးခဲ့သည်ဟု သိရသည်။

ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံပြည်တွင်းတွင် မတူညီသောဒေသများ၌ ငလျင်များ မကြာခဏ လှုပ်ခတ်နေခြင်းသည် ထူးခြားပြီး ငလျင်ဘေးအန္တရာယ်ကို ဂရုပြုနေထိုင်ကြရန် ဘူမိဗေဒပညာရှင်တစ်ဦးက အကြံပြု သတိပေးသည်။

စာတည်း - မောင်ကြီး

#mizzima
#မြန်မာနိုင်ငံအထက်ပိုင်း
#ကမ်းရိုးတန်းဒေသ
#မြေငလျင်လှုပ်ခတ်
Photo - မအူပင်မြို့တွင် ဇွန်လ ၇ရက်က ငလျင်ကြောင့် အဆောက်အဦတစ်ခု ပြိုကျပြီးနောက် မြင်တွေ့ရသည့် အပျက်အစီးများ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8🔥3❤1
Media is too big
VIEW IN TELEGRAM
မြန်မာနိုင်ငံကို ခရီးမသွားသင့်တဲ့နိုင်ငံအဖြစ် အမေရိကန် ဆက်သတ်မှတ်

Watch More Detail - https://youtu.be/EIl5eRsmRbg

#shorts #reels #businessroundup
👍8😁3
​​ထိုင်းလွှတ်တော်၌ ဝန်ကြီးချုပ် ရွေးကောက်တင်မြှောက်မှုကို ရွှေ့ဆိုင်း
=========================

ထိုင်းနိုင်ငံတွင် မေလရွေးကောက်ပွဲနောက် နှစ်လကျော်မျှ နိုင်ငံရေးလိပ်ခဲတည်းလည်း ဖြစ်နေရာ လွှတ်တော်နှစ်ရပ်မှ နောက်တက်မည့် ဝန်ကြီးချုပ်အတွက် မဲပေးတင်မြှောက်ခြင်းကို ရွှေ့ဆိုင်းကြောင်း လွှတ်တော်ဥက္ကဋ္ဌက အင်္ဂါနေ့တွင် ပြောသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍3🔥3
Media is too big
VIEW IN TELEGRAM
အင်ဒိုနီးရှားမှာစက်လှေနစ်မြုပ်ပြီးနောက် ၁၅ ဦးသေဆုံးကာ ပျောက်ဆုံးနေသူအားလုံးကို ပြန်လည်တွေ့ရှိ

#internationalnews #reels #shorts #Mizzima
😁2😢2
​​သဲကုန်းမြို့တွင် စစ်အင်အားမလုံလောက်၍ ပျူသင်တန်းပေးနေ
======================

ရွှေနွယ်
(မဇ္ဈိမ)။ ။ စစ်ကောင်စီ၏ ခြေမြန်တပ်မဌာနချုပ် တပ်မ (၆၆) အခြေစိုက်ရာ ပဲခူးတိုင်းအနောက်ခြမ်း သဲကုန်းမြို့တွင် နယ်မြေလုံခြုံရေးဆောင်ရွက်ရန် စစ်အင်အားမလုံလောက်နေသဖြင့် ပျူစောထီးသင်တန်းပေးကာ အင်အားစုဆောင်းနေသည်ဟု သဲကုန်းမြို့ဒေသခံများနှင့် ပဲခူးတိုင်းအနောက်ခြမ်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အသိုင်းအဝိုင်းမှ မဇ္ဈိမကိုပြောသည်။

သင်တန်းခေါ်ယူရာတွင် ပြည်သူ့စစ်သင်တန်းဟုသုံးနှုန်းကာ စနေ၊တနင်္ဂနွေနေ့များတွင် ခေါ်ယူနေခြင်းဖြစ်သည်ဟု သဲကုန်းမြို့ဒေသခံမှ မဇ္ဈိမကိုပြောသည်။

“နှစ်ကြိမ်လောက်တော့ရှိတော့မယ်ဗျ၊ ရက်တိုသင်တန်းပဲ။ တပ်မ (၆၆) လေယာဉ်ကွင်းထဲမှာ သင်တန်းပေးနေတာ။ လောလောဆယ်တော့ လူတိုင်းကို လက်နက်တပ်ပေးတာမျိုးမဟုတ်သေးဘူး၊ လိုအပ်ရင် တပ်ပေးမယ်၊ လူခေါ်သုံးမယ်လို့ ပြောထားတယ်ကြားတယ်။ သင်တန်းတက်တာကတော့ဗျာ ကြံ့ဖွံ့(ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင်များ) တွေ၊ ကျွန်တော်တို့အခေါ်တော့ ပျူစောထီးခေါ်ကြတာပေါ့၊ သူတို့နဲ့ပေါင်းပြီး လုပ်စားနေတဲ့ သူတွေများတယ်” ဟု သဲကုန်းမြို့ဒေသခံက ပြောသည်။

ထိုသင်တန်းသို့ လက်ရှိအချိန်ထိ လူဦးရေ ၂၀ ဦးခန့် တက်ရောက်ထားပြီး ၎င်းတို့အနက်မှ နယ်မြေကျွမ်းကျင်သူများကို ပဲခူးရိုးမပေါ်နှင့် ပဲခူးရိုးမအစပ်တွင် စစ်ကြောင်းထိုးရာ၌ ခေါ်သုံးမည်ဟုသိရပြီး သင်တန်းတက်ရောက်ထားသူအချို့အား စစ်ကောင်စီတပ်၏ကားများပေါ်တွင် လိုက်ပါသွားလာနေသည်များကိုလည်း တွေ့ရှိရကြောင်း အဆိုပါဒေသခံမှပြောသည်။

ထိုသို့ လိုက်ပါနေသူအချို့ကိုမူ စစ်ယူနီဖောင်းနှင့် လက်နက်တပ်ဆင်ပေးထားသည်ကို တွေ့ရှိရကြောင်းနှင့် လက်နက်အမျိုးအစားအတိအကျကိုမူ ၎င်းအနေဖြင့် မသိရှိကြောင်းလည်း ဒေသခံမှပြောသည်။

"ဒါမျိုးက သူတို့ သာယာဝတီဘက်မှာလည်း ဆက်ပြီးလုပ်လာနိုင်တယ်ဗျ။ တပ်မ (၆၆) က အဓိက ကရင်နီဘက်ပို့ထားတော့ ပဲခူးအနောက်ခြမ်းမှာ သူတို့အင်အားများများစားစားမရှိဘူး။ လက်ရှိ ဒီမှာရှိနေတာတွေက ကျန်နေတဲ့ တပ်သားနည်းနည်းနဲ့ ပန်းတောင်း က.ပ.စ ဘက်က လာတဲ့ စစ်သားတွေကများတယ်။ ရိုးပေါ်မှာလည်း တိုက်ပွဲဖြစ်တာတွေရှိတော့ အင်အားမလုံလောက်လို့ ဒီလို ပျူသင်တန်းပေးပြီး အင်အားစုနေတဲ့သဘောပါ။ သဲကုန်းအပါအဝင် ပဲခူးအနောက်ခြမ်းက မြို့တွေမှာ ဒီလပိုင်းတွေအတွင်း တိုက်ခိုက်မှုတွေလည်းများတော့" ဟု ပဲခူးတိုင်းအနောက်ခြမ်းမှ ပြည်သူ့ကာကွယ်ရေးတပ်ရင်းတစ်ခု၏ တာဝန်ရှိသူကပြောသည်။

ပဲခူးရိုးမပေါ်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ အခြေစိုက်ထားသည့်အတွက် စစ်ကောင်စီတပ်များသည် ပဲခူးရိုးမပေါ်သို့ စစ်ကြောင်းထိုးနိုင်ရန် ကြိုးပမ်းမှုများလည်းရှိနေပြီး ပဲခူးရိုးမအစပ်ရှိ မြို့နယ်၊ ကျေးရွာများတွင်လည်း စစ်ကြောင်းထိုးခြင်းများရှိနေသည်ဟု ၎င်း၏ပြောဆိုချက်အရသိရသည်။

ပဲခူးတိုင်းအနောက်ခြမ်းရှိ ပေါင်းတည်မြို့၊ နတ်တလင်းမြို့၊ အုတ်ဖိုမြို့နှင့် မင်းလှမြို့တို့တွင် ရိုးမအစပ်နေရာများ၌ တိုက်ပွဲမကြာခဏဖြစ်ပွားလေ့ရှိပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဘက်မှ မြို့တွင်းတိုက်ခိုက်မှုများပါ မကြာခဏ ပြုလုပ်လာသည့်အတွက် စစ်ကောင်စီတပ်အနေဖြင့် အင်အားမလုံလောက်နေသောကြောင့် ထို့ကဲ့သို့ ပြင်ပအင်အားများ စုဆောင်းနေခြင်းဖြစ်နိုင်သည်ဟုလည်း ၎င်းမှသုံးသပ်သည်။

တပ်မ (၆၆) သည် ပဲခူးတိုင်းပြည်ခရိုင် သဲကုန်းမြို့နယ်အတွင်းရှိ အင်းမမြို့တွင် တည်ရှိသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၅ ရက်နေ့က သဲကုန်းမြို့နယ် ရုံးပင်တက်ကျေးရွာအုပ်စုမှ စစ်ကောင်စီတပ်၏ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းကို ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ပစ်ခတ်ခဲ့ရာ ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး သဲကုန်းမြို့နယ်ဆေးရုံတွင် အတွင်းလူနာအဖြစ်ကုသခဲ့ရသည်။

ထို့ပြင် ဇွန်လ ၂၆ ရက်နေ့ကလည်း သဲကုန်းမြို့နယ် ဆင်မြီးဆွဲမြို့တွင် စစ်ကောင်စီလက်အောက်ခံ နယ်ထိန်းရဲအရာရှ်ိနှင့်အငြိမ်းစားရဲအရာရှိကို သဲကုန်းမြို့နယ်၊ ပြည်သူ့ကာကွယ်ရေတပ်ဖွဲ့(Thaegon_PDF)က သေနတ်ဖြင့် ပစ်ခတ်ရာ တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရသွားခဲ့သည်။

ယခု ဇူလိုင်လ တစ်လအတွင်းတွင် ပဲခူးတိုင်းအနောက်ခြမ်းမြို့နယ်များ၌ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် စစ်ကောင်စီတပ်သားနှင့် ၎င်းတို့နှင့်ပူးပေါင်းဆောင်ရွက်နေသူ စုစုပေါင်း ၁၁ ဦးထက်မနည်းသေဆုံးကာ အများအပြားဒဏ်ရာရှိထားကြောင်း ပဲခူးတိုင်းစစ်ဒေသခွဲ၏ သတင်းထုတ်ပြန်ထားချက်များအရသိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ThaegonPDF
#သဲကုန်းမြို့
#စစ်ကောင်စီတပ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👎10👍6🥱2🔥1
This media is not supported in your browser
VIEW IN TELEGRAM
တရုတ်မှာ အားကစားရုံခေါင်မိုးပြိုကျမှုကြောင့် လူ ၁၁ ဦးသေဆုံး

#internationalnews #reels #shorts #Mizzima
👍6😁3🔥2😢1