Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
တနင်္သာရီမြို့နယ် စစ်ကောင်စီတပ်မှပစ်သော လက်နက်ကြီးထိမှန်ပြီး ဒေသခံ ၂ ဦး ထိခိုက်ဒဏ်ရာရ
🤬8😢4🔥2🤩1
တနင်္သာရီမြို့နယ် စစ်ကောင်စီတပ်မှပစ်သော လက်နက်ကြီးထိမှန်ပြီး ဒေသခံ ၂ ဦး ထိခိုက်ဒဏ်ရာရ
=================

ကိုရွှေမြိတ်

(မဇ္ဈိမ)။  ။တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် ဘန်လောကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက် ထိမှန်မှုကြောင့် အရပ်သားနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

တနင်္သာရီမြို့နယ် စတိန်သောင်ဘက်မှ စစ်ကောင်စီတပ်က ပစ်ခတ်သည့်လက်နက်ကြီးကျည်မှာ ဘန်လော အရှေ့ရွာ ၅ မိုင်ဘက်သို့ ကျရောက်ပေါက်ကွဲခဲ့၍ အရပ်သားနှစ်ဦး ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

“စစ်တပ်က လက်နက်ကြီးနဲ့ပစ်လို့ ဘန်လောရွာခံနှစ်ဦး ဒဏ်ရာရတယ်၊ အသက်အန္တရာယ်တော့ မစိုးရိမ် ရပါဘူး၊ ဆေးကုသမှု ခံယူနေရတယ်”ဟု တနင်္သာရီမြို့နယ်မှ ဒေသခံတဦးက ပြောသည်။

တိုက်ပွဲဖြစ်ပွားနေမှုအခြေအနေအား ပြည်သူ့ကာကွယ်ရေးအဖွဲ့သို့ဆက်သွယ်မေးမြန်းခဲ့သော်လည်း လုံခြုံ ရေးအခြေအနေကြောင့် သတင်းထုတ်ပြန်ခြင်းမရှိသေးကြောင်း တာဝန်ရှိသူများက ပြောဆိုသည်။

တနင်္သာရီမြို့နယ်သည် စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာထားသည့်မြို့နယ်ဖြစ်ပြီး နှစ်ဖက်ပစ်ခတ် မှုများ မကြာခဏ ဖြစ်ပွားနေသည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#တနင်္သာရီမြို့နယ်
#စစ်အုပ်ချုပ်ရေး
#တိုက်ပွဲ

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6🤬4😁2😢2🤩1
ဆားလင်းကြီးတွင် စစ်ကောင်စီတပ်က ၆ ရက်ဆက်တိုက် စစ်ကြောင်းထိုးနေ၍ ဒေသခံများ မိုးထဲရေထဲ ထွက်ပြေးနေရ 
==================

ရောင်နီ

(မဇ္စျိမ)။ ။စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်အတွင်း၌ စစ်ကောင်စီတပ်က ခြောက်ရက်ဆက်တိုက် စစ်ကြောင်းထိုးနေမှုကြောင့် ဒေသခံများစွာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

မုံရွာမြို့မှ ထွက်ခွာလာသည့် အင်အား ၁၀၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်းသည် ဇူလိုင်လ ၂၁ ရက်နေ့က စပြီး ချင်းတွင်းမြစ်ကိုဖြတ်ကူးပြီး ဆားလင်းကြီးမြို့နယ်အတွင်း ၀င်ရောက်လာခြင်းဖြစ်သည်။ 

“မုံရွာကနေလာတယ်။ ပြီးတော့ ဆားလင်းကြီးမြို့ရဲ့အရှေ့ဘက်ကို ထိုးတယ်၊ အဲဒီနောက် ၀ိုက်ပြီးတော့ တောင်ဘက်ကိုထိုးတယ်၊ ပ ပုံစံ စစ်ကြောင်းထိုးနေတာပါ” ဟု ယင်းမာပင်ခရိုင် တပ်ရင်း(၂၈) ဓားမဆိုင်း တပ်မတော်မှ ဗိုလ်စွမ်းက မဇ္စျိမကို ပြောသည်။

ယင်းသို့ စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်သည် ဆားလင်းကြီးမြို့နယ် ရွှေလှေ၊ လက်ပံတောင်း၊ ၀ဲကွဲ၊ ထန်းတောကြီး၊ ရင်ပေါင်ရွာအပါအ၀င် လမ်းတစ်လျှောက်ရှိ ကျေးရွာများအတွင်း စစ်ကြောင်းထိုး၀င် ရောက်ခဲ့ခြင်း ဖြစ်သည်။

ထို့သို့၀င်ရောက်ရာတွင် စစ်ကောင်စီတပ်က နေအိမ်များကိုမီးရှို့ခြင်း၊ ပြည်သူများ၏ပစ္စည်းများကို ယူ ဆောင်ခြင်းများပြုလုပ်နေသည့်အတွက် ဒေသခံများမှာ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

“ စစ်ကြောင်းက ပြည်သူတွေကို သတ်တာဖြတ်တာတော့ မရှိသေးဘူး။ ဇူလိုင် ၂၃ ၊ ၂၄ ရက်တွေမှာတော့ ဒေသခံသုံးဦးကို ဖမ်းသွားတာရှိတယ်” ဟု ဓားမဆိုင်းတပ်မတော်မှ ဗိုလ်စွမ်းက ဆိုသည်။ 

ဆားလင်းကြီးမြို့နယ်တွင် ယခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာရွာသွန်းနေသည့်အတွက် ရေကြီးရေလျှံ မှုများဖြစ်ပေါ်နေကာ စစ်ကောင်စီတပ်ကစစ်ကြောင်းထိုးမှုကြောင့် ပြည်သူများမှာ မိုးရေထဲတွင် ထွက် ပြေးတိမ်းရှောင်နေကြရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ထွက်ပြေးတိမ်းရှောင်နေရသည့်ပြည်သူများကို ကာကွယ်ရေးတပ်ဖွဲ့များနှင့် ဒေသအခြေစိုက် လူမှုကူညီ ရေးအသင်းအဖွဲ့များက ကူညီကယ်ဆယ်မှုများပြုလုပ်ပေးကာ ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးလျက်ရှိ ကြောင်း သိရသည်။

“ဆားလင်းကြီးတမြို့နယ်လုံးကို စစ်ကြောင်း၀င်နေတော့ တိမ်းရှောင်နေရတဲ့သူအရေအတွက်ကို အတိ အကျ မသိရသေးဘူး။ ပြည်သူတွေကတော့ မိုးထဲရေထဲ စစ်ဘေးရှောင်နေရတယ်။ ဒီဘက်မှာ တချို့နေရာ တွေက ရေတွေလည်းကြီးနေတယ်၊ ကျန်းမာရေးရော သွားရေးလာရေးရော ခက်ခဲနေပါတယ်” ဟု ဒေသခံ တဦးက ပြောသည်။

လက်ရှိအချိန်ထိလည်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုးမှုများပြုလုပ်နေဆဲဖြစ်သည့်အတွက် ဒေသခံ များမှမိမိတို့နေထိုင်ရာ ကျေးရွာများအတွင်း ပြန်လည်၀င်ရောက်နိုင်ခြင်းမရှိသေးဘဲ ထွက်ပြေးတိမ်းရှောင် နေရဆဲဖြစ်ကြောင်း ၎င်းကဆိုသည်။

ယနေ့ ဇူလိုင်လ ၂၆ ရက်နေ့တွင် ဆားလင်းကြီးမြို့နယ် ကျားတက်ကျေးရွာနှင့် အနီးနားရှိ ကျေးရွာများကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုး၀င်ရောက်ကာ စားနပ်ရိက္ခာများကို သယ်ဆောင်နေကြောင်း ကာကွယ်ရေး တပ်ဖွဲ့များနှင့် ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ်စစ်ကြောင်းထိုး၀င်ရောက်မှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ဆားလင်းကြီးမြို့နယ်မှ ပြည်သူများ။ (ဗီဒီယို-Bo Swan)

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

https://youtu.be/Ygf8oajRtDs

#စစ်ကိုင်းတိုင်း
#ဆားလင်းကြီးမြို့နယ်
#စစ်ကြောင်းထိုး
#ထွက်ပြေးနေရ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬8😢5👍3❤2😁2
ဇူလိုင်လ (၂၆) ရက်၊ ဗုဒ္ဓဟူးနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
==================

ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်က အိမ်တစ်လုံးဆီ ပြောင်းရွှေ့လိုက်တယ်ဆိုတဲ့ သတင်းနဲ့အတူ စစ်ကောင်စီနဲ့ UWSA အပါအဝင် မြောက်ပိုင်း ၃ ဖွဲ့ တွေ့ဆုံခဲ့တဲ့သတင်း အပါအဝင် ပြည်တွင်းသတင်းတွေကိုနားဆင်ရပါမယ်။ နိုင်ငံတကာဘက်မှာတော့ ဒိန်းမတ်မှာ ကိုရမ်းကျမ်းကို ထပ်ခါတလဲလဲဖျက်ဆီးဆန္ဒပြမှုအတွက် အီရတ်ကရှုတ်ချတာ၊ တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်းဂန်ကို ရာထူးကထုတ်ပယ်လိုက်ကြောင်း နိုင်ငံပိုင်မီဒီယာကကြေညာတာ စတဲ့ နောက်ဆုံးရသတင်းတွေနဲ့အတူ စီးပွားရေးသတင်းတွေနဲ့ အားကစားကဏ္ဍကိုလည်းနားဆင်ရမှာပါ။ 

သတင်းတွေအပြီးမှာတော့ ဒီနေ့အတွက် သတင်းသုံးသပ်ချက်၊ သတင်းဆောင်းပါးနဲ့ ကုန်ဈေးနှုန်းတွေကိုလည်း နားဆင်ရဖို့ရှိပါတယ်။ 

အဲဒါပြီးရင်တော့ အပတ်စဉ် ကဏ္ဍတွေအဖြစ် မဇ္ဈိမနဲ့ The Call ခေါ်သံ အွန်လိုင်းမဂ္ဂဇင်းတို့ ပူးပေါင်းတင်ဆက်တဲ့ “နွေဦးခေါ်သံ” အနုပညာကဏ္ဍကို နားဆင်ရမှာဖြစ်ပြီးတော့ တိုင်းရင်းသားတွေရဲ့အသံနဲ့အမြင်တွေကို စုစည်းတင်ဆက်ပေးနေတဲ့ BNI ရေဒီယိုအစီအစဉ်ကိုလည်း ထုတ်လွှင့်ဖို့ရှိပါတယ်။ 

https://youtu.be/pRw6KeyT2r0

#Mizzimaradio 
#Eveningradio
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9😁2
​​ကင်ဆာဝေါဒနာကို ကြံ့ကြံ့ခံ ကျော်ဖြတ်နေသူ အသက် ၁၈ နှစ်အရွယ် ကိုင်စီဒို
==================

ရီးယဲလ်မက်ဒရစ်ကစားသမားဖြစ်ပြီး အခု အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲမှာ သူမရဲ့ ပွဲဦးထွက်မှာ ဂိုးသွင်းသူ ကင်ဆာရောဂါသယ် လင်ဒါ ကိုင်စီဒိုဟာ အသက် ၁၈ နှစ်အရွယ်မှာပဲ လှုံ့ဆော်ပေးသူ တစ်ဦးဖြစ်နေပြီးဖြစ်ပါတယ်။
👍4🔥1
"CDM လုပ်ရတာ ဂုဏ်ယူပါတယ်" ကမ်ပိန်းပြုလုပ်
👍19❤8😁1🤩1🤮1
"CDM လုပ်ရတာ ဂုဏ်ယူပါတယ်" ကမ်ပိန်းပြုလုပ်
=================

ဂန္ဒမာ

(မဇ္ဈိမ)။  ။ နွေဦးတော်လှန်ရေးပေါ်ပေါက်လာချိန်တွင် CDM (Civil Disobedience Movement) အာဏာဖီဆန် ဆန့်ကျင်လှုပ်ရှားမှု၌ ပါဝင်ခဲ့သူများကို ဂုဏ်ပြုလိုသော ရည်ရွယ်ချက်ဖြင့် People Power 2023 မှ "CDM လုပ်ရတာ ဂုဏ်ယူပါတယ်" ကမ်ပိန်းကို ဇူလိုင်လ ၂၄ ရက်နေ့နှင့် ၂၅ ရက်နေ့က ပြုလုပ်ခဲ့ကြောင်း သိရသည်။

"ပထမဆုံးပြောပြချင်တာက CDM ဆိုတာနဲ့ ဝန်ထမ်းတွေပဲ မဟုတ်ပါဘူး။ စစ်ကောင်စီ ကို ဆန့်ကျင်ရှုတ်ချ ဖီဆန်သူ ပြည်သူအားလုံး CDM ပဲ ဖြစ်ပါတယ်။ ‌ဝန်ထမ်း CDM, ကျောင်းသား CDM, ပြည်သူ CDM စသဖြင့်သာ ကွဲပြားသွားတာပါ။ နွေဦးတော်လှန်ရေး မှာ CDM လုပ်ဆောင်ချက်ဟာ အလွန်အင်မတန် အဖိုးတန် အရေးပါတဲ့ လုပ်ရပ် ဖြစ်ပါတယ်။ ဒါ့ကြောင့် ၂၀၂၁ အာဏာသိမ်းချိန်ကစပြီး ယနေ့အထိ ခိုင်ခိုင်မာမာ နဲ့ စစ်ကောင်စီရဲ့ အမိန့်အာဏာကို ဖီဆန်နေသူ CDM တစ်ယောက်ချင်းစီအား ဂုဏ်ပြုလိုတဲ့ ရည်ရွယ်ချက် ဖြစ်ပါတယ်။" ဟု People Power Network ၊ ပစ်တိုင်းထောင် သပိတ်အင်အားစုမှ Casper က ပြောသည်။

အဆိုပါဂုဏ်ပြုကမ်ပိန်းအား people power network က စတင်ခဲ့ကာ မိတ်ဖက်အဖွဲ့အစည်းများ အားလုံး ပူးပေါင်းပါဝင်ခဲ့ကြောင်း သိရသည်။

စစ်အာဏာမသိမ်းခင်ကာလက တက္ကသိုလ်အချိန်ပိုင်းနည်းပြဆရာမဖြစ်သူ Risha(အမည်လွှဲ) ကလည်း သူမအနေဖြင့် CDM လုပ်ရတာ ဂုဏ်ယူကြောင်းကို ယခုလိုပြောသည်။

"တရားတဲ့ဘက်မှာ ရပ်တည်ခဲ့ရလို့ ဂုဏ်ယူပါတယ်၊ အခုချိန်ထိလည်း တတ်နိုင်သမျှ နည်းလမ်းတွေနဲ့ တော်လှန်ရေးမှာ ပါဝင်နေဆဲပါပဲ၊ နောက်ထပ်လည်း ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ တော်လှန်ရေးအတွက် ကြိုးစားသွားဦးမှာပါ။ အခုကတော့ ကိုယ်ပိုင်တစ်နိုင်တစ်ပိုင်စားသောက်ကုန်လုပ်ငန်းအသေးလေးလုပ်ပြီး ရပ်တည်နေပါတယ်။" ဟု ပြောသည်။

အလားတူ Emilie စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနက ဦးစီးအရာရှိတစ်ဦးဖြစ်သူ Emilie ကလည်း CDM ပြုလုပ်ရသည်ကို ဂုဏ်ယူကြောင်း ယခုလိုပြောသည်။

"လက်ရှိမှာလည်း တော်လှန်ရေးလုပ်ငန်းတွေမှာ တတ်နိုင်တဲ့ဘက်ကနေ ဆက်လက်ပါဝင်ဆောင်ရွက်နေပါတယ်။ ပြည်သူ့ဝန်ထမ်းတစ်ဦးဖြစ်တဲ့အတွက် ‌ကျွန်မတို့ ပြည်သူတွေနဲ့ အနာဂတ်‌မျိုးဆက်သစ်တွေရဲ့ ကောင်းကျိုးကို ရှေ့ရှုပြီး တရားမျှတတဲ့ဘက်မှာ ရပ်‌တည်ခဲ့တာမလို့ ကိုယ့်ကိုယ်ကိုရော အခြားသော CDM ဝန်ထမ်းများ၊ ကျောင်းသားကျောင်းသူများအားလုံးအတွက်‌ရော ဂုဏ်ယူပါတယ်ရှင့်။" ဟု ဆိုသည်။

နွေဦးတော်လှန်ရေး၏ အောင်မြင်မှုသည် CDM အခန်းကဏ္ဍက အလွန် အရေးပါခဲ့ပြီး ပါနေဆဲလည်းဖြစ်သလို ဝန်ထမ်း၊ ကျောင်းသား၊ ပြည်သူ တို့က ကဏ္ဍအလိုက် ဆက်လက်အာဏာဖီဆန်ရန်လိုအပ်ကြောင်း People Power Network ၊ ပစ်တိုင်းထောင် သပိတ်အင်အားစုမှ Casper က ထပ်မံပြောဆိုသည်။

ယခုကမ်ပိန်းသည် CDM ပြုလုပ်ထားသော ဝန်ထမ်းများအတွက်သာမက စစ်အာဏာသိမ်းမှုကို ဖီဆန်နေသူအားလုံးအတွက်ဖြစ်ပြီး အာဏာသိမ်းမှု နှစ်နှစ်ကျော်ကြာသည်အထိ တောင့်ခံရပ်တည်ပေးနေသူများကို စိတ်ခွန်အားပေးကာ ဂုဏ်ပြုချင်ကြောင်း ပြသလို၍ဖြစ်သည်ဟု People Power Network က ဆိုသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ကမ်ပိန်း
#CDM
#PeoplePowerNetwork
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍25❤3😁1🤮1
​​ဇင်းကျိုက်မြို့တွင် အရပ်သားအား မှားယွင်းပစ်ခတ်ရာမှ သေဆုံးသွားမှု တပင်ရွှေထီးစစ်ကြောင်း တောင်းပန် 
===================

YT 

(မဇ္ဈိမ)။      ။ မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဇင်းကျိုက်မြို့၊ ဥတ္တံတားကျေးရွာတွင် ဖြစ်ပွားခဲ့သော ပစ်ခတ်မှုတွင် ရဲနှင့်အတူ ထိုင်နေသည့် အရပ်သားအား မှားယွင်းပစ်ခတ်မိခဲ့သဖြင့် တောင်းပန်ကြောင်း တပင်ရွှေထီးစစ်ကြောင်းက ယမန်နေ့ ဇူလိုင်လ ၂၅ ရက်နေ့က ထုတ်ပြန်သည်။ 

ပြီးခဲ့သည့် ဇူလိုင်လ ၂၂ ရက် ညနေပိုင်းက ဥတ္တံတားကျေးရွာ၊ ရန်ကုန်- မော်လမြိုင်ကားလမ်းမဘေး၊ ဇွဲမာန်အောင် ဆီဆိုင်အနီးရှိ ကျော်ကြီးစားသောက်ဆိုင်တွင် စားသောက်နေသည့် ဇင်းကျိုက်နယ်မြေရဲစခန်းမှ ဥတ္တံတားကျေးရွာနယ်ထိန်း ဖြိုးဇော်အောင်အား တပ်မဟာ (၁) KNLA၊ PDF တပ်ရင်း (၂) UG ရဲဘော်များက သွားရောက်ရှင်းလင်းပစ်ခတ်ရာ အဆိုပါ နယ်ထိန်းနှင့်အတူရှိနေသည့် ကိုစည်သူဝင်းအား ရဲဟုထင်မှတ်၍ မှားယွင်းပစ်ခတ်မိခဲ့ခြင်းဖြစ်သည်။

“ UG ရဲဘော်များက နယ်ထိန်းရဲအားပစ်ခတ်စဉ် ကိုစည်သူဆိုသူက ရုတ်တရက် မတ်တပ်ရပ်လိုက်သောကြောင့် UG ရဲဘော်များက ကိုစည်သူအား နယ်ထိန်းနှင့်အတူ ပါလာသည့် ရဲဟု ထင်မြင်ပြီး မရည်ရွယ်ဘဲ ပစ်ခတ်မိခဲ့ပါသည်" ဟု တပင်ရွှေထီးစစ်ကြောင်းက ဆိုသည်။ 

ကိုစည်သူဝင်းသည် ပေါင်မြို့နယ်၊ ကဒါရပ်ကွက်မှ ကားဝပ်ရှော့လုပ်ငန်း လုပ်ကိုင်သူတစ်ဦးဖြစ်ပြီး သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် နားထင်၊ ရင်ဘက်နှင့် ဝမ်းဗိုက်တို့တွင် ကျည်ထိမှန်ဒဏ်ရာများဖြင့် ပစ်ခတ်ခံရသည့်နေရာ၌ပင် သေဆုံးသွားခဲ့သည်။ 

" ဒါကတော့ မှားပစ်ခတ်မိတယ်ဆိုတာ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အသေးစိတ်ပြောဖို့အတွက်က သေချာမသိရသေးဘူး။ ဇင်းကျိုက်ကိစ္စက ဒီကို သတင်းမပို့လာသေးဘူး" ဟု KNU သထုံခရိုင် မိတ်ဖက်ရေးရာကော်မတီဥက္ကဌ ဗိုလ်မှူး စောကျော်မြင့်က မဇ္ဈိမကိုပြောသည်။ 

တပင်ရွှေထီးစစ်ကြောင်းက ၎င်းတို့​၏ UG ရဲဘော်များအနေဖြင့် စစ်ကောင်စီထောက်တိုင်များအား ရှင်းလင်းရာတွင် အချိန်ပေး စိစစ်နိုင်ခဲ့ခြင်းမရှိခဲ့၍ ယခုကဲ့သို့ မှားယွင်းပစ်ခတ်မိခဲ့ခြင်းဖြစ်ကြောင်းနှင့် ရှေ့လျှောက် ယခုဖြစ်စဉ်ကဲ့သို့သော အခြေအနေမျိုး ထပ်မံ မပေါ်ပေါက်စေရေး ကြပ်မတ်ဆောင်ရွက်သွားမည့်အကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

မှားယွင်းပစ်ခတ်ခံရမှုကြောင့် သေဆုံးသွားရသော ကိုစည်သူဝင်း​၏ မိသားစုဝင်များကိုလည်း တောင်းပန်ထားပြီး နစ်နာသူမိသားစု​၏ သဘောဆန္ဒနှင့်အညီ လိုအပ်သည်များကို တာဝန်ယူဆောင်ရွက်ပေးသွားမည့်အကြောင်းလည်း ထည့်သွင်းပြောဆိုထားသည်။ 

ဇင်းကျိုက်မြို့တွင် ဖြစ်ပွားခဲ့သည့် အဆိုပါ အရပ်သားပစ်ခတ်ခံရပြီး သေဆုံးမှုနှင့် ပတ်သက်၍ သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းအား မဇ္ဈိမက ဆက်သွယ်မေးမြန်းထားသော်လည်း ပြန်လည်ဖြေကြားခြင်းမရှိသေးချေ။

တပင်ရွှေထီးစစ်ကြောင်းသည် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)များ ပူးပေါင်းဖွဲ့စည်းထားပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) တို့​၏ စစ်ရေးကွပ်ကဲမှုဖြင့် တပ်မဟာ (၁) တပ်ရင်း (၂) နယ်မြေအတွင်း အဓိက လှုပ်ရှားလျက်ရှိသည်။

ဓါတ်ပုံ- ဇူလိုင်လ ၂၂ ရက်နေ့က သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသည့် နယ်ထိန်းရဲ ဖြိုးဇော်အောင်နှင့် အရပ်သား ကိုစည်သူဝင်း

စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#ဇင်းကျိုက်မြို့
#မှားယွင်းပစ်ခတ်

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍15😁2😢2🔥1🥰1
ဖက်ဒရယ် နိုင်ငံရေးစနစ်၊ Gender နှင့်တရားမျှတမှု | Beyond Panglong Oath Ep13
================

မြန်မာနိုင်ငံမှာ ဒီကနေ့ ကြုံတွေ့နေရတဲ့ နိုင်ငံရေးပြဿနာရဲ့ ထွက်ပေါက်ဟာ စစ်မှန်တဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ဒီမိုကရေစီစနစ် ဖေါ်ဆောင်ရေးဖြစ်တယ်လို့ အားလုံးက တညီတညွတ်တည်း ပြောနေကြပါတယ်။ နိုင်ငံရေးအင်အားစုတွေက ဖက်ဒရယ်ကိစ္စကို ကျယ်ကျယ်လောင်လောင် ပြောဆိုဆွေးနွေးနေကြတဲ့ အခုလိုအချိန်မှာ ဖက်ဒရယ်နဲ့ ပတ်သက်လို့ စဥ်းစားဖို့ လိုအပ်တဲ့ နိုင်ငံရေးသီအိုရီပိုင်းဆိုင်ရာတွေကို အစဖေါ်ထုတ်ပေးတဲ့အနေနဲ့ “ပင်လုံသစ္စာအလွန်၊ ဖက်ဒရယ်ရေးရာ ဆွေးနွေးစရာများ” အစီအစဥ်ကို Mizzima TV ကနေ ဗုဒ္ဓဟူးနေ့ ည ၇နာရီခွဲတိုင်း တင်ဆက်ပေးနေပါတယ်။ Mizzima News In Burmese Facebook Page နဲ့ Mizzima TV YouTube Channel တို့မှာလည်း အချိန်မရွေး ပြန်လည်ကြည့်ရှုနိုင်ပါတယ်။

https://youtu.be/Cfp_iNfMZ_E

#ပင်လုံသစ္စာ
#ဖက်ဒရယ်
👍20🔥2