Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​ကန့်ဘလူတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး PDFနှင့် ပူးပေါင်း
==================

ရောင်နီ

(မဇ္စျိမ)။ ။စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်တွင် စစ်ကောင်စီတပ်သားသုံးဦးသည် ရှေ့တန်းစခန်းမှထွက်ပြေးလာပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)ထံလာရောက်ပူးပေါင်းခဲ့ကြောင်း သိရသည်။ 

ကန့်ဘလူမြို့နယ်၊ကိုးထောင်ဘို့တိုက်နယ် အခြေစိုက်စစ်ကောင်စီတပ်မှ တပ်ဖွဲ့၀င်သုံးဦးသည် ပြီးခဲ့သည့် ဇူလိုင်လ၂၂ ရက်နေ့က ထွက်ပြေးလာပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ လာရောက်ပူးပေါင်းခဲ့ခြင်းဟု သိရသည်။ 

“ ကန့်ဘလူခရိုင် တပ်ရင်း(၁)ကို စစ်သားသုံးဦး ၀င်လာတာပါ။ အကုန်လုံးက တပ်သားအဆင့်တွေ ဖြစ်ပါတယ်။ တစ်ယောက်က ၁၈ နှစ်မပြည့်သေးပါဘူး။ ကျန်တဲ့ နှစ်ယောက်က ၂၈ နှစ်နဲ့ ၃၅ နှစ်အရွယ်တွေပါ” ဟု ကန့်ဘလူမြို့နယ်မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၀င်တစ်ဦးက မဇ္စျိမကို ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးထွက်ပြေးလာပြီး နှစ်ဦးပြန်ဖမ်းမိသွားခြင်းဟု သိရသော်လည်း အသေးစိတ်အတည်မပြုနိုင်သေးပေ။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံလာရောက်ပူးပေါင်းခဲ့သည့် သုံးဦးကို လက်ရှိအချိန်တွင် လုံခြုံသည့်နေရာတွင် ရှိနေသည်ဟု ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။ ၎င်းတို့နှင့်အတူ လက်နက်ခဲယမ်းပါလာခြင်းရှိမရှိ မသိရသေးပေ။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် လတ်တ‌လော၌ စစ်ကောင်စီတပ် စစ်ကြောင်းတချို့ရှိသော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ထိတွေ့ တိုက်ပွဲဖြစ်ပွားခြင်း မရှိသေးကြောင်းသိရသည်။

စာတည်း - မောင်ကြီး
#mizzima
#ကန့်ဘလူမြို့နယ်
#ကိုးထောင်ဘို့တိုက်နယ် 
#စစ်ကောင်စီတပ်သားသုံးဦး
#ပူးပေါင်း


------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍27😁2🤔1🤩1
လောင်းလုံးမှာ“သူရဲကောင်းတို့ မျှော်ရည်ချက်၊ လူထုအားနဲ့ ဆက်ချီတက်” ချီတက်ဆန္ဒပြ
===============

ကိုရွှေမြိတ်

(မဇ္ဈိမ) ။ ။ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် ၊ လောင်းလုံးမြို့နယ်တွင် ဂျူလိုင်လ ၂၆ ရက်နေ့ နေ့လယ်ပိုင်းက ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC) ဦးဆောင်သည့် လူထုသပိတ်လှုပ်ရှားမှု ပြုလုပ်ကြောင်း ဦးဆောင်သူများထံက သိရသည်။

အဆိုပါ လှုပ်ရှားမှုကို ‘သူရဲကောင်းတို့ မျှော်ရည်ချက်၊ လူထုအားနဲ့ ဆက်ချီတက်’ စာသားပါ ဘန်နာကိုင်ဆွဲ ချီတက်ခဲ့ကြပြီး လောင်းလုံးမြို့နယ်အတွင်းက အ‌ခြေခံပညာကျောင်းသား ကျောင်းသူများ၊ အမျိုးသမီးများ၊ လူငယ်များနှင့်ဒေသခံပြည်သူ အလုပ်သမား လယ်သမားများ အများအပြား ပူးပေါင်းပါဝင်ခဲ့ကြောင်း သိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#DDMSC
#လောင်းလုံမြို့နယ်

website link >>> http://www.mizzimaburmese.com/article/131326

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤12👍10🔥1😁1🤩1
လောင်းလုံးမှာ“သူရဲကောင်းတို့ မျှော်ရည်ချက်၊ လူထုအားနဲ့ ဆက်ချီတက်” ချီတက်ဆန္ဒပြ
==================

ကိုရွှေမြိတ်

(မဇ္ဈိမ) ။ ။ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် ၊ လောင်းလုံးမြို့နယ်တွင် ဂျူလိုင်လ ၂၆ ရက်နေ့ နေ့လယ်ပိုင်းက ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC) ဦးဆောင်သည့် လူထုသပိတ်လှုပ်ရှားမှု ပြုလုပ်ကြောင်း ဦးဆောင်သူများထံက သိရသည်။

အဆိုပါ လှုပ်ရှားမှုကို ‘သူရဲကောင်းတို့ မျှော်ရည်ချက်၊ လူထုအားနဲ့ ဆက်ချီတက်’ စာသားပါ ဘန်နာကိုင်ဆွဲ ချီတက်ခဲ့ကြပြီး လောင်းလုံးမြို့နယ်အတွင်းက အ‌ခြေခံပညာကျောင်းသား ကျောင်းသူများ၊ အမျိုးသမီးများ၊ လူငယ်များနှင့်ဒေသခံပြည်သူ အလုပ်သမား လယ်သမားများ အများအပြား ပူးပေါင်းပါဝင်ခဲ့ကြောင်း သိရသည်။

https://youtu.be/d0fzie0so00

စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#DDMSC
#လောင်းလုံမြို့နယ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍24❤11😁4🔥1
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၆ ရက်ထုတ်လွှင့်မှုများ
===================

https://youtu.be/yo97iNJX2eg

#PVTV 
#mizzima 
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6🤮1🍌1
ဇူလိုင်လ (၂၇) ရက်၊ ကြာသပတေးနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
==========================

ဒီကနေ့ မနက် နားဆင်ရမယ့် အစီစဉ်တွေကတော့ ...

ရှမ်းပြည်နယ် တောင်ပိုင်း၊ ဖယ်ခုံနှင့်လွိုင်ကော် အဝေးပြေးလမ်းမကြီးပေါ် ရှမ်း-ကယားနယ်စပ်က ကျေးရွာတွေကို ဇူလိုင်လ ၂၄ ရက်နေ့မှာစစ်ကောင်စီတပ်က ထိုးစစ်ဆင်နေရာယူထားပြီး ကရင်နီပူးပေါင်းတပ်ဖွဲ့နဲ့ တိုက်ပွဲပြင်းထန်နေတဲ့သတင်းနဲ့အတူ တရုတ် - မြန်မာနယ်စပ် နှစ်နိုင်ငံကုန်သွယ်ရေးဇုန်ဖြစ်တဲ့ ကန်ပိုက်တီနယ်စပ်ဂိတ်ကို အဓိက တာဝန်ယူကွပ် ကဲနေတဲ့ ဒုတိယဗိုလ်မှူးကြီး လှမိုးကို နေပြည်တော်က ညွန်ကြားတဲ့ စစ်တပ်အမိန့် နဲ့ ဖမ်းဆီးလိုက်တဲ့သတင်း အပါအဝင် တခြား စိတ်ဝင်စားဖွယ် ပြည်တွင်းသတင်းတွေနဲ့ နောက်ဆုံးရ နိုင်ငံတကာသတင်းတွေကို နားဆင်ကြရမှာပါ။

သတင်းတွေအပြီးမှာတော့ ဒီနေ့အတွက် သတင်းသုံးသပ်ချက်ဆောင်းပါးကိုလည်း နားဆင်ရဖို့ရှိပါတယ်။

အဲဒါပြီးရင်တော့ အပတ်စဉ် ကဏ္ဍတွေအဖြစ် မဇ္ဈိမနဲ့ The Call ခေါ်သံ အွန်လိုင်းမဂ္ဂဇင်းတို့ ပူးပေါင်းတင်ဆက်တဲ့ “နွေဦးခေါ်သံ” အနုပညာကဏ္ဍကို နားဆင်ရမှာဖြစ်ပါတယ်ခင်ဗျာ။

https://youtu.be/l6S4vSs26WE 

#Mizzimaradio 
#Morningradio 
-----------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍10🔥2❤1👏1😁1
မဇ္ဈိမအတွက် ဗွီအိုအေ သတင်းလွှာ (ဇူလိုင်လ ၂၇ ရက်၊ ၂၀၂၃ ခုနှစ်) | VOA On Mizzima
================

နိုင်ငံတကာသင်္ချာအိုလံပစ်ပြိုင်ပွဲ မြန်မာကျောင်းသားတွေ ဆုရခဲ့တဲ့အကြောင်းနဲ့ အမေရိကန်သဲကန္တာရထဲက တရုတ်ပန်းပုရုပ်များအကြောင်း၊ ဒီလို စိတ်ဝင်စားစရာ ဆောင်းပါးတွေအပြင် နောက်ဆုံးရ ငွေလဲနှုန်း၊ ရွှေဈေးနဲ့ စက်သုံးဆီဈေးတွေကိုလည်း ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်၊ မဇ္ဈိမအတွက် ဗွီအိုအေ အစီအစဉ်မှာ ကြည့်ရှုနိုင်ပါတယ်။

https://youtu.be/Ky7_Ik3wO60

#မဇ္ဈိမအတွက်ဗွီအိုအေ
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8🔥2
နိုင်ငံတကာသင်္ချာအိုလံပစ်ပြိုင်ပွဲ မြန်မာကျောင်းသားတွေ ဆုရ | VOA On Mizzima
===============

ဇူလိုင်က ၂ရက်ကနေ ၁၃ နေ့အထိ ဂျပန်နိုင်ငံမှာ ကျင်းပခဲ့တဲ့ ၆၄ကြိမ်မြောက် နိုင်ငံတကာ သင်္ချာအိုလံပစ် ပြိုင်ပွဲကို ထူးထူးခြားခြား မြန်မာနိုင်ငံကလည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး၊ မြန်မာကျောင်းသားနှစ်ဦး ဂုဏ်ပြုလက်မှတ်ရရှိခဲ့ပါတယ်။ ဒီအကြောင်း ဦးတင်မောင်သန်း ဆက်သွယ်မေးမြန်းထားပါတယ်။

https://youtu.be/yKAAZAIpC_o

#မဇ္ဈိမအတွက်ဗွီအိုအေ
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍13🔥2
အမေရိကန်သဲကန္တာရထဲက တရုတ်ပန်းပုရုပ်များ | VOA On Mizzima
=========

တရုတ်နိုင်ငံမှာ ကွန်မြူနစ်ပါတီနဲ့ သဘောထားမကိုက်ညီတဲ့ အနုပညာရှင်တွေ တခါတရံ တိုင်းပြည်ပြင်ပကို ထွက်ပြီး သူတို့ အနုပညာ ဖန်တီးတဲ့ အလုပ်တွေကို ဆက်လုပ်ဖို့ နည်းလမ်းရှာ ကြိုးစားကြရပါတယ်။ အထူးသဖြင့် သူတို့ ဖန်တီးတဲ့ အနုပညာတွေဟာ အစိုးရကို ဝေဖန်တာမျိုးတွေ ဖြစ်ခဲ့ရင် တိုင်းပြည်ပြင်ပကို ထွက်နိုင်အောင် လမ်းရှာကြရာတပါ။ ပန်းပုဆရာ Weiming Chen လည်း ဒီလို အနုပညာရှင်တွေထဲက တယောက်ပါ။ ကယ်လီဖိုးနီးယားပြည်နယ် သဲကန္တရထဲက သူ ဖန်တီးတဲ့ အနုပညာ ပန်းပုရုပ်တွေအကြောင်း Genia Dulotwent ရဲ့ သတင်းဆောင်းပါးကို ကိုဇော်မိုးကျော် တင်ဆက်ထားပါတယ်။

https://youtu.be/ryPyDsr9jV4

#မဇ္ဈိမအတွက်ဗွီအိုအေ
#MizzimaTV 
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9🔥2
စစ်ကောင်စီကြောင့် တခြားနိုင်ငံသားတွေရဲ့ အခွင့်အရေးချိုးဖောက်ခံနေရတဲ့ မြန်မာအလုပ်သမားတွေ
=================

မြန်မာပြည်က အထည်ချုပ်စက်ရုံတွေရဲ့ လက်ရှိအခြေခံလုပ်ခလစာဟာ တစ်ရက်ကို ၄၈၀၀ ကျပ်ဖြစ်ပြီး အဲဒီ အထည်ချုပ်စက်ရုံတွေကနေ တကယ့်ဈေးကြီးပေးရတဲ့ ကမ္ဘာကျော် ဘရန်းတွေကို ချုပ်ပေးနေတာ ဖြစ်ပါတယ်။

၄၈၀၀ ဆိုတဲ့ ကျပ်ငွေဟာ လူသုံးလေးယောက်ရှိတဲ့ မိသားစုတစ်စုကို ဘယ်လိုမှ ကျားကန်ပေးလို့မရတာ အများအသိဖြစ်ပါတယ်။

ဆန်ကြမ်း တစ်ပြည်ကိုတောင် ကျပ် ၄၀၀၀ လောက် ပေးဝယ်နေရတဲ့ အနေအထားမျိုးမှာ ကျန်တဲ့ ကျပ် ၈၀၀ နဲ့ ဘာဟင်းစားမှ ဝယ်ယူလို့မရနိုင်ပါဘူး။ ကျန်းမာရေး၊ ပညာရေးနဲ့ လူမှုရေးကိစ္စဆိုတာတော့ အဝေးကြီးမှာပါ။

စစ်ကောင်စီလက်ထက်မှာ ငွေကြေးဖောင်းပွမှုကြောင့် လူတစ်ယောက်ရဲ့ ဝင်ငွေဟာ အရင်အရပ်သား အစိုးရ လက်ထက်ကထက် ၃ ချိုးတစ်ချိုးလောက်ပဲ တန်ဖိုးရှိလာတဲ့ အပြင် ကုန်ဈေးနှုန်းတွေ အဆမတန် ကြီးမြင့်လာမှု တွေကြောင့် အလုပ်သမားတွေ ရပ်တည်ရ ခက်ခဲလာပါတယ်။

https://youtu.be/UvAIflU-ULQ

#Newsfeature
#Mizzima
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍12😢5🔥4
နိုင်ငံခြားရေးဝန်ကြီးချင်းဂန်ကို ရာထူးကဘာကြောင့်ထုတ်ပယ်ခဲ့တာလဲဆိုတဲ့ မေးခွန်းတွေကိုဖြေကြားဖို့ တရုတ်ငြင်းဆန်
=============

https://youtu.be/Htleb3KnOw0

#International
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😁8👍3🔥1
ဇူလိုင်လ ၂၇ ရက်နေ့ မနက်ပိုင်း ၁၁ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
=================

https://youtu.be/OoUi2yPmDMs

--------------------- 
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🔥3👍1
​​မြန်မာမှ ထုတ်လုပ်သည့် လက်နက်ခဲယမ်းများ ရုရှ ရရှိနေ
=================

ရုရှစစ်တပ်အတွင်း ကိုင်တွယ်အသုံးပြုနေသော မြန်မာမှ ထုတ်လုပ်သည့် အမြောက်ဆန်တစ်ခုကို စိစစ်တွေ့ရှိထားကြောင်း Militarnyi ဝက်ဘ်ဆိုက်၏ ဖော်ပြချက်အရ သိရသည်။
ယူကရိန်း လက်နက် ခြေရာခံသူများအဖွဲ့မှ သုတေသီများက ဓာတ်ပုံများကို ထုတ်ပြလာပြီး မြန်မာမှ 120mm မော်တာကျည်များကို ရုရှက အသုံးပြုနေသည်ဟု ပြောဆိုခဲ့ကြခြင်း ဖြစ်သည်။
👍13❤3👎3🔥3👏1
​​အကျပ်အတည်း ဖြေရှင်းရန် အာဆီယံနိုင်ငံများ မြန်မာနှင့် အလွတ်သဘော သီးခြားစီ ဆက်ဆံသင့်ဟု မလေးရှားခေါင်းဆောင် ပြော
====================

ပိုမိုနက်ရှိုင်းလာသည့် မြန်မာ့အကျပ်အတည်းကို ကူညီဖြေရှင်းရန် အရှေ့တောင်အာရှ နိုင်ငံများနှင့် မြန်မာစစ်ကောင်စီအကြား အလွတ်သဘော သီးခြားစီ ဆက်ဆံမှုကို ခွင့်ပြုသင့်ကြောင်း မလေးရှား ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က ဇူလိုင် ၂၆ ရက်တွင် ပြောသည်။
🔥3👍1👏1🤔1
​​ငွေကျပ်သိန်းပေါင်း ၉ ထောင်ကျော် ကိုယ်ကျိုးသုံးစွဲမှုဖြင့် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဖမ်းဆီးခံရ
==============

မင်းထက်

(မဇ္စျိမ) ။ ။ ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့နယ်၊ အမှတ် (၉) ရပ်ကွက်မှ စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးမြင့်ဆွေအား စစ်ကောင်စီတပ်ဖွဲ့များနှင့်ရဲများက ဖမ်းဆီးထားကြောင်း ဒေသခံများကပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လဒုတိယပတ်အတွင်း ပုသိမ်မြို့သို့သွားရောက်စဥ် သမဝါယမပိုင် ငွေကျပ်သိန်းပေါင်း ကိုးထောင်ကျော်အား ကိုယ်ကျိုးအတွက်သုံးစွဲသည်ဟုဆိုကာ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ဒေခံတစ်ဦးကပြောသည်။

" ဦးမြင့်ဆွေရဲ့အဖေ၊ ဦးစစ်မြိုင်လက်ထက်တည်းက သမဝါယမမှာ လုပ်စားလာခဲ့တာကြာပါပြီ။ အသင်းပိုင်ပစ္စည်းတွေကိုလည်းရောင်းစားလာခဲ့တာ ကုန်သလောက်ဖြစ်နေပါပြီ။ ကမ်းနားလမ်းက သမပိုင်မြေနေရာဆိုရင် KBZ ဘဏ်ဖြစ်သွားတယ်။ အောင်သီရိမော် နှစ်ထပ်ရေယာဥ်၊ တုံးလှဲချောင်းကဆန်စက်၊ ၁၂ လမ်းထိပ်က သမရုံးတွေဟာလည်း လူမသိ၊ သူမသိ ရောင်းစားခံလိုက်ရတဲ့ ဟာတွေဖြစ်ပါတယ် " ဟုဒေသခံက ပြောသည်။

ယင်းပြင် ဦးမြင့်ဆွေသည် သမဝါယမအုပ်ချုပ်မှုဒါရိုက်တာအဖွဲ့ဝင်ဖြစ်ကြောင်းနှင့် နှင်းဆီပါတီ၏ မြို့နယ်ဥက္ကဋ္ဌလုပ်ခဲ့ဖူးသူဖြစ်ကြောင်းလည်း ဒေသခံကဆက်လက်ပြောသည်။

သို့သော် စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးမြင့်ဆွေနှင့်ပတ်သက်သည့် အသေးစိတ် အချက်အလက်များကို မဇ္ဈိမမှစုံစမ်းနေဆဲဖြစ်သည်။

၎င်းသည်သမဝါယမအုပ်ချုပ်မှု ဒါရိုက်တာအဖွဲ့ဝင်ဖြစ်စဥ်အခါက သမပိုင်ပစ္စည်းများကို ရောင်းစားခဲ့သည့်အတွက် စစ်ကောင်စီတပ်ဖွဲ့များကဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု မော်လမြိုင်ကျွန်း ဒေသခံအချို့က ပြောသည်။

စစ်အာဏာသိမ်းပြီးနောက် ဦးမြင့်ဆွေသည် အမှတ် (၉) ရပ်ကွက် အုပ်ချုပ်ရေးမှူးဖြစ်လာခဲ့ပြီး ရပ်ကွက်အတွင်းရှိဒေသခံများအား မောက်မာစွာဆက်ဆံခြင်း၊ ဖမ်းဆီးနှိပ်စက်ခိုင်းခြင်းများကို ပြုလုပ်သူ နာမည်ကြီးသူဖြစ်သည်ဟု ဒေသခံကဆိုသည်။

" ဒီလိုလူအဖမ်းခံရတာတော့ မြို့အတွက် တော်တော်ကောင်းပါတယ်။ မြို့ကို ဒုက္ခပေးမယ့်သူ တစ်ယောက် လျော့သွားတော့ပေါ့ " ဟု မြို့ခံလူငယ်တစ်ဦးက ပြောသည်။

လက်ရှိတွင် ၎င်းကိုပုသိမ်မြို့တွင်ဖမ်းဆီးထားသည်ဟုသိရပြီး မည်သည့်ပုဒ်မများဖြင့် အရေးယူမည်ကို မသိရသေးကြောင်း မော်လမြိုင်ကျွန်းဒေသခံကပြောသည်။ 

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်အတွင်းက မော်လမြိုင်ကျွန်းမြို့၊ အမှတ် (၉) ရပ်ကွက်နေ စစ်ကောင်စီသတင်းပေး ဦးဇော်ဝင်းဆိုသူကို စစ်ကောင်စီတပ်ဖွဲ့များနှင့်ရဲများက ဖမ်းဆီးခဲ့သေးသည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။  ။ သန့်ဇော်(သန်လျင်)

#ပုသိမ်မြို့
#ရပ်ကွက်အုပ်ချုပ်ရေးမှူး
#သမဝါယမ
#မော်လမြိုင်ကျွန်းမြို့နယ်

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍12😁9👏5❤1🔥1
ဆယ်စုနှစ်လေးခုကြာအုပ်ချုပ်ခဲ့တဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်က ရာထူးမှဆင်းပြီး သူ့သားကိုအာဏာလွှဲပေး
===============

https://youtu.be/LsRWYPU8_00

#International
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😁11❤3👍1🔥1👏1
စစ်ကောင်စီနဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံများ အလွတ်သဘော ဆွေးနွေးဖို့ မလေးရှားအကြံပြု
=================

မြန်မာစစ်ကောင်စီကို ပြင်းပြင်းထန်ထန် ဝေဖန်လေ့ရှိတဲ့ မလေးရှားနိုင်ငံက လူ့အခွင့်အရေး ကိစ္စကို ပစ်ပယ်တာမျိုးမဟုတ်ဘဲ စစ်ကောင်စီနဲ့ အာဆီယံနိုင်ငံတွေအကြား အလွတ်သဘော ဆက်ဆံတာမျိုးတွေ ခွင့်ပြုပေးသင့်ကြောင်း ထုတ်ဖော်ပြောလိုက်ပါတယ်။

မလေးရှား ဝန်ကြီးချုပ် အန်ဝါအီဘရာဟင် (Anwar Ibrahim) က ဖိလစ်ပိုင် သမ္မတ ဖာဒီနန်မားကို့စ် ဂျူနီယာ (Ferdinand Marcos Jr) နဲ့ ကွာလမ် လမ်ပူမှာ တွေ့ဆုံတဲ့အချိန် ဒီကိစ္စကို နှစ်နိုင်ငံအကြား သူဆွေးနွေးခဲ့တဲ့အကြောင်း ပူးတွဲ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုတာပါ။

ဒါပေမဲ့ စစ်ကောင်စီနဲ့ အဲဒီလိုဆက်ဆံတဲ့အခါ လူ့အခွင့်အရေးကိစ္စရပ်တွေကိုတော့ ထည့်သွင်းစဉ်းစားရမယ်လို့ ဆိုပါတယ်။

မြန်မာ့အရေး အာဆီယံဘုံသဘောတူညီချက်တွေ ပိုခိုင်မာလာအောင် လုပ်နေချိန်မှာ အလျှော့အတင်း နည်းနည်းရှိဖို့လည်း လိုပါတယ် လို့ တွေ့ဆုံပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ဝန်ကြီးချုပ်အန်နဝါက ပြောပါတယ်။ 

အိမ်နီးချင်း အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံက လူနည်းစုတွေအရေး၊ အထူးသဖြင့် ရိုဟင်ဂျာအရေးစတဲ့ လူ့အခွင့်အရေးကိစ္စရပ်တွေကို ချန်လှပ်မထားဘဲ (မြန်မာစစ်ကောင်စီနဲ့) အလွတ်သဘော ဆွေးနွေးခွင့်ရဖို့ လိုပါတယ် လို့ သတင်းထောက်တွေကို ပြောကြားခဲ့တာဖြစ်ပါတယ်။

အာဆီယံထိပ်သီးအစည်းအဝေးတွေမှာ မြန်မာစစ်ကောင်စီ အကြီးအကဲတွေကို ဖိတ်ကြားထားတာကို လက်မခံဘဲ နိုင်ငံရေးအရ ကိုယ်စားမပြုတဲ့သူကိုပဲ ဖိတ်ကြားဖို့ မလးရှားအပါအဝင် အာဆီယံနိုင်ငံတွေက ဆုံးဖြတ်ထားပါတယ်။ 

စစ်ကောင်စီနဲ့ အလွတ်သဘောတွေ့ဆုံဆွေးနွေးမှုတွေကို ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပေမယ့် မလေးရှား နဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့ဟာ စစ်ကောင်စီနဲ့ ပြန်လည်စေ့စပ်ဆွေးနွေးရေးအစီအစဉ်ကို ငြင်းဆန်ပယ်ချခဲ့ဖူးကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာလည်း မလေးရှားဟာ စစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ကန့်ကွက်ရှုတ်ချဖို့ တိုက်တွန်းခဲ့ပါတယ်။

အာဆီယံအစည်းအဝေးတွေမှာ စစ်ကောင်စီကို ချန်လှပ်ထားပေမဲ့ ထိုင်းနိုင်ငံကတော့ ပြီးခဲ့တဲ့လမှာ မြန်မာစစ်ကောင်စီ ခေါင်းဆောင်တွေနဲ့ အလွတ်သဘောတွေ့ဆုံခဲ့သလို၊ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း စစ်ကောင်စီရဲ့ အစီအစဉ်နဲ့ သွားရောက်တွေ့ဆုံခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ၂ဝ၂၁ ခုနှစ်က အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း အာဆီယံအဖွဲ့ဝင်ခေါင်းဆောင်တွေဟာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့တွေ့ဆုံဆွေးနွေးခဲ့ပြီး အာဆီယံသဘောတူညီချက် ငါးချက်အကောင်အထည်ဖော်ရေးကို သဘောတူညီခဲ့ကြောင်း သိရပါတယ်။

ဒါပေမယ့် အဆိုပါသဘောတူညီချက်ငါးချက်ကို အကောင်အထည်ဖော်ရေးဟာ ၂ နှစ်ကျော် ကြာလာပေမယ့် အောင်မြင်မှုများ မရဘဲဖြစ်ကြောင်း ဝေဖန်မှုများရှိနေခဲ့ပါတယ်။ 

မလေးရှားနိုင်ငံဟာ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေထဲ မှာ စစ်ကောင်စီပေါ် ဝေဖန်ပြစ်တင်မှု အများဆုံးပြုလုပ်နေတဲ့နိုင်ငံဖြစ်ပြီး ဒီလအစောပိုင်းတုန်းကလည်း စစ်ကောင်စီ ရဲ့ လုပ်ရပ်တွေနဲ့ပတ်သက်ပြီး ပြစ်တင်ရှုတ်ချဖို့ တိုက်တွန်းတောင်းဆိုခဲ့ဖူးကြောင်း သိရပါတယ်။

စစ်ကောင်စီနဲ့ဆက်ဆံဖို့ အခုလို လေသံပြောင်းပြီး ပြောဆိုလာတဲ့အပေါ် အာဆီယံအဖွဲ့ရဲ့ သဘောထားကို မသိရသေးပါဘူး။

ဖိလစ်ပိုင်သမ္မတကတော့ မြန်မာအရေးနဲ့ပတ်သက်ပြီး တစ်စုံတရာမှတ်ချက်ပြုပြောဆိုခြင်း မရှိကြောင်း သိရပါတယ်။ 

အာဆီယံအလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံကတော့ မြန်မာ့အရေးနဲ့ပတ်သက်လို့ အာဆီယံနိုင်ငံတွေအကြား သဘောထားညီညွတ်ကြဖို့ တိုက်တွန်းထားပါတယ်။

https://youtu.be/MCDzMkpgDpY

#Political News
#MizzimaTV
------------------------ 
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤣8👍5👎2🔥2👏2
ဇူလိုင်လ ၂၇ ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
===============

-စစ်ကောင်စီနဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ အလွတ်သဘော ဆွေးနွေးဖို့ မလေးရှားအကြံပြုတဲ့သတင်း

-ကန့်ဘလူမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး PDFနဲ့ ပူးပေါင်းတဲ့သတင်း

-ဆယ်စုနှစ်လေးခုကြာအုပ်ချုပ်ခဲ့တဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်က ရာထူးမှဆင်းပြီး သူ့သားကိုအာဏာလွှဲပေးတဲ့သတင်း 

-မနက် ၁၁ နာရီအထိ ရရှိထားတဲ့ ငွေလဲနှုန်း၊ ရွှေဈေး၊ စက်သုံးဆီဈေးနဲ့စားအုန်းဆီဈေးတွေ အပါအဝင်တခြား အရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးမှဖြစ်ပါတယ်။

https://youtu.be/PFnsjvOY59o

#12pmnews
#Mizzimanewshour
#MizzimaTV 
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8🔥1😁1
စစ်ကောင်စီရဲ့ အာဏာလုလုပ်ရပ် တည်မြဲအောင် သက်တမ်းတိုးဖို့ ကြိုးစားနေတာလို့ NUG ပြော (ရုပ်သံ) 
=================

(မဇ္ဈိမ) ။ ။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်ကောင်စီတပ်ဟာ သူတို့ရဲ့အာဏာလုယူတဲ့ လုပ်ရပ် တည်မြဲနေအောင် နောက်ထပ်သက်တမ်း ခြောက်လ ထပ်တိုးဖို့ကြိုးစားနေတာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောက ပြောပါတယ်။

စစ်တပ်က မဲစာရင်းအကြောင်းပြ အရေးပေါ်အခြေအနေကို တစ်နှစ်ကြေညာပြီး အာဏာသိမ်းခဲ့တာ အခုဆိုရင် အချိန် နှစ်နှစ်ခွဲ ဝန်းကျင်အထိရှိလာပါပြီ။ အာဏာသိမ်းအပြီး စစ်တပ်ကနေဖွဲ့စည်းခဲ့တဲ့ စစ်ကောင်စီဟာ ၂၀၀၈ အခြေခံဥပဒေထဲက အရေးပေါ်ကာလဆိုင်ရာ ဥပဒေပုဒ်မ ၄၂၅ ကိုအသုံးပြုပြီး သုံးကြိမ်အထိ သက်တမ်းထပ်တိုးထားပါတယ်။

 ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့မှာတော့ နောက်ဆုံးအကြိမ်သက်တမ်းတိုးခဲ့တာဖြစ်ပြီး လာမယ့် ဇူလိုင်လ ၃၁ ရက်နေ့မှာ သူ့ရဲ့သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပါတယ်။

သတင်း၊ တည်းဖြတ် ။ ။ လင်းသူရိန်
စာတည်း ။ ။ Alden

https://youtu.be/tvIcgYq9whg

#အာဏာသိမ်း
#သက်တမ်းတိုး
#မင်းအောင်လှိုင်
#စစ်ကောင်စီ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬10👍6🔥2😁2🤔1