Mizzima
✔
47.8K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​Naam Shabana
============

အန္ဒိယ အထူးအေးဂျင့်တစ်ယောက် ရှာဘာနားအကြောင်းကို အက်ရှင်၊ သဲထိတ်ရင်ဖို များဖြင့်ပေါင်းစပ်ထားသော ဇာတ်လမ်းလေးတစ်ခုပါ။

ချစ်သူဖြစ်သူဂျေး မတရားလုပ်သတ်ဖြတ်ခံခဲ့ရာမှ လက်စားခြေရန် အန္ဒိယ၏ အထူးအေးဂျင့်ဖြစ်လာသော တိုက်ကွမ်တိုကစားသမား ရှာဘားနား၏ မစ်ရှင်အမျိုးမျိုးကို ရင်သပ်ရှုရမှာဖြစ်ပါတယ်။
ဒီဇာတ်ကားလေးကို Mizzima + Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။

Mizzima+ Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင်

App ဒေါင်းလော့လုပ်ရန် - http://onelink.to/jnuwak

#New ပြသမည့်ရက်။ ။ ၂၇.၇.၂၀၂၃
ပြသမည့် အချိန် ။ ။ ည (၈:၀၀)နာရီ
ပြန်လည်ပြသမည့်ရက်။ ။ ၂၈.၇.၂၀၂၃
အချိန်။ ။ နေ့လည် (၂:၀၀) နာရီ

(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U”
👍5🤮2
​​NUG အနေဖြင့် အိန္ဒိယအစိုးရနှင့် ပိုမိုချိတ်ဆက်မိစေရန် လုပ်ဆောင်သင့်ဟု India for Myanamr အကြံပြု
==================

ပါခွီး
(မဇ္စျိမ) ။ ။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် အိန္ဒိယအစိုးရနှင့် ပိုမိုချိတ်ဆက်မိစေရန် လုပ်ဆောင်သင့်ကြောင်း အကြံပြုချက် ခြောက်ချက် ပါဝင်သည့် အိတ်ဖွင့်ပေးစာကို ပေးပို့ခဲ့သည်ဟု India for Myanamr က ဇူလိုင်လ ၂၆ရက် နေ့တွင်ထုတ်ပြန်သည်။
India for Myanamr သည် အောက်တိုဘာ ၁၅ ရက် ၂၀၂၁ ခုနှစ်မှစ၍ စစ်ကောင်စီနှင့် အိန္ဒိယအစိုးရကြား ဆက်ဆံရေးကို စဉ်ဆက်မပြတ်စောင့် ကြည့်နေခဲ့ကြောင်းဆိုသည်။

လေ့လာမှုများအရ ၂၀၂၃ ခုနှစ်နောက်ပိုင်းတွင် အိန္ဒိယအနေဖြင့် စစ်အုပ်စုကို တရားဝင် အစိုးအရအဖြစ် အသိအမှတ်ပြုသော ဆက်ဆံရေးမျိုးပိုမိုလုပ်ဆောင်လာသည်ကို တွေ့ရှိရသဖြင့် တော်လှန်သောအစိုးရဖြစ်သည့် NUG ထံသို့ အိတ်ဖွင့်ပေးစာ ပေးပို့ရခြင်းဟု သိရသည်။

“ စစ်ကောင်စီဟာ ဒေသတွင်းနဲ့ နိုင်ငံတကာမှာ ယုံကြည်မှုတွေဆုံးရှုံးနေပြီး အားနည်းနေတဲ့ ဟာကွက်တွေကို အမြန်အသုံးချပြီး NUG အနေနဲ့ အိန္ဒိယနိုင်ငံနဲ့ ကိုယ့်အပေါ် ယုံကြည်မှုတိုးလာပြီး တော်လှန်ရေးအတွက် လက်တွဲမိအောင် အကြံပြုခြင်းဖြစ်ပါတယ်” ဟု India for Myanamr လှုပ်ရှားမှုတွင်ပါဝင်သူ ဆလိုင်း ဒိုခါရ် က မဇ္စျိမ ကိုပြောသည်။

အိန္ဒိယနိုင်ငံသည် ဝေဖန်မှုများစွာကြားမှ သုံးနိုင်ငံအဝေးပြေးလမ်းမကိစ္စ အမြန်အကောင်အထည်ဖော်ရေးအပါအဝင် ၎င်း၏ အကျိုးစီးပွားကာကွယ်ရေး၊ နယ်စပ်လုံခြုံရေးနှင့် မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုတားဆီးရေးများကို စစ်ကောင်စီနှင့် ဆွေးနွေးအကောင်အထည်ဖော်ရန် ကြိုးစားလျက်ရှိကြောင်း ဆိုသည်။

စစ်အုပ်စုကို တရားဝင်အစိုးရပုံစံမျိုးနှင့် ချဉ်းကပ်နေသော်လည်း ဆွေးနွေးမှုရလဒ်များက မျှော်လင့်သကဲ့သို့မရရှိသဖြင့် စစ်ကောင်စီ၏ အားနည်း ချက်ကို အသုံးချပြီး အိန္ဒိယနှင့်ယုံကြည်မှုတိုးတက်အောင် လုပ်စေချင်ကြောင်း ဆလိုင်းဒိုခါရ်က ဆက်ပြောသည်။

ထို့အပြင် အိန္ဒိယအစိုးရသည် လာမည့်ရွေးကောက်ပွဲတွင် အိမ်နီးချင်းဆိုင်ရာ နိုင်ငံခြားရေးမူဝါဒများတွင် အတိုက်အခံများနှင့်အပြိုင် အသစ်ချပြလာနိုင်သောကြောင့် မြန်မာနိုင်ငံတော်လှန်ရေးအတွက် လက်တွဲမိနိုင်ရေး အခွင့်အလမ်းအကောင်း ဖြစ်နေကြောင်းလည်းဆိုသည်။

အကြံပြုချက်များထဲတွင် အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံအပေါ်မျော်လင့်ချက်များဖြစ်သော နယ်စပ်လုံခြုံရေး၊ မူးယစ်ဆေးဝါးတားဆီးနိုင်ရေး၊ ၎င်းတို့၏အကျိုးစီးပွား အာမခံချက်ရှိရေး ကိစ္စရပ်များပါဝင်သည်။

ထို့အတူ မြန်မာပြည်အရေးအကူအညီပေးနေကြသည့် နယ်စပ်ပြည်နယ်အစိုးရများ၏ အကူအညီဖြင့် အိန္ဒိယတွင်ခိုလှုံနေသည့် မြန်မာနိုင်ငံသားများစုပေါင်းကာ ဗဟိုအစိုးရ၏ လက်ရှိရပ်တည်ချက်ပြောင်းလဲနိုင်ရေးများလည်း အကြံပြုထားကြောင်းဆိုသည်။

အိန္ဒိယနိုင်ငံရွေးကောက်ပွဲအပြီး အစိုးသစ်၏ နိုင်ငံခြားရေးမူဝါဒတွင် မြန်မာပြည်အရေးသည် အရေးပါသောကဏ္ဍတစ်ခုအဖြစ် ပါဝင်နိုင်ရေးအတွက် India for Myanmar မှ ဆက်လက်ကြိုးစား လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

India for Myanmar လှုပ်ရှားမှုတွင်ပါဝင်သူများအနေဖြင့် အိန္ဒိယအစိုးရနှင့် စစ်ကောင်စီဆက်ဆံရေး နှစ်နှစ်၊ ခြောက်လပြည့် အစီရင်ခံစာကို ထုတ်ပြန်ရန်ရှိနေပြီး မြန်မာပြည်ဒီမိုကရေးစီအရေးတွင် အိန္ဒိယပြည်သူများပူးပေါင်းမှုမြှင့်တင်ရေးများ လုပ်ဆောင်ရန်ရှိကြောင်းလည်း ဆလိုင်းဒိုခါရ် ကပြောဆိုခဲ့သည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

#အိန္ဒိယ
#အစိုးရ
#မြန်မာ
#NUG
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍11😁1🤩1🤮1
ဇူလိုင်လ ၂၇ ရက်၊ ည ၇ နာရီ The Mizzima Prime Time မဇ္စျိမ ပင်မသတင်းအစီအစဥ်
======================

-စစ်တပ် ဘဏ္ဌာရန်ပုံငွေ ဖြည့်တင်းဖို့အတွက် နှစ်သောင်းတန် ငွေစက္ကူထုတ်တာလို့ NUG ပြောတဲ့သတင်း

-ရန်ကုန်တိုင်းထဲက စစ်ကောင်စီတပ်ရင်း၊ တပ်ဖွဲ့တွေမှာ မှတ်ပုံတင်အစား Smart Cardတွေ ပြုလုပ်ပေး နေတဲ့အကြောင်း

- နိုင်ငံဖြတ်ကျော်မှုခင်းပြဿနာတွေကို ဖြေရှင်းဖို့ ထိုင်းနဲ့ စစ်ကောင်စီတို့ ဆွေးနွေးခဲ့တဲ့သတင်း

-မြိတ်မြို့နယ်မှာ တပ်ကြပ်ကြီး တစ်ဦး လက်နက်နဲ့ အတူ ပြည်သူ့ရင်ခွင် ခိုလှုံခဲ့တဲ့အကြောင်း

-ညောင်လေးပင်မြို့နယ်မှာ နှစ်ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၁၀ယောက်ထက်မနည်း သေဆုံးသလို ကာကွယ်ရေးတပ်ဘက်ကလည်း အထိအခိုက်ရှိတယ်ဆိုတဲ့သတင်း

-မြန်မာနယ်စပ် အိန္ဒိယနိုင်ငံ မိုရေးမြို့မှာ မီးရှို့မှုတွေ၊ ပစ်ခတ်မှုတွေနဲ့အတူ မငြိမ်မသက်ဖြစ်နေတဲ့သတင်းအပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ် သတင်းတွေကို စုစည်းတင်ဆက်ပေးသွားပါမယ်။

https://www.youtube.com/live/0I_YUs4hqxE?feature=share

#7pmnews
#themizzimaprimetime
#MizzimaTV
----------------------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍9🍌2
​​မလေးရှားတွင် ဌာနပေါင်းစုံပါဝင်သော စီးနင်းမှုအတွင်း ဒေါ်လာသန်းချီ တန်ဖိုးရှိ ငွေသားနှင့် ရွှေများကို ရဲတပ်ဖွဲ့ ဖမ်းဆီး
=======================

မလေးရှားနိုင်ငံတွင် ဥပဒေစိုးမိုးရေးဆိုင်ရာ ဌာနပေါင်းစုံ ပူးပေါင်းလုပ်ဆောင်သော စီးနင်းဖမ်းဆီးမှုတစ်ရပ်ပြီးနောက် ဒေါ်လာသန်းချီ တန်ဖိုးရှိသည့် ရွှေ နှင့် ငွေသားများအပြင် တန်ဖိုးကြီး ဇိမ်ခံကားများကို အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး အေဂျင်စီက ဇူလိုင် ၂၄ ရက်တွင် ဖမ်းဆီးခဲ့သည်။ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးလည်း ထိန်းသိမ်းခံခဲ့ရသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7😁2
ဆောမြို့နယ်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၄ဦးသေဆုံး ဟုဆို
👍10😁2🤩1
ဆောမြို့နယ်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၄ဦးသေဆုံး ဟုဆို
==================

ပါခွီး
(မဇ္စျိမ) ။ ။ ဆောမြို့နယ်သို့ ရောက်ရှိလာသည့် စစ်ကောင်စီစစ်ကြောင်း နှင့် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သား လေးဦးသေဆုံးကြောင်း PDF စစ်ရုံးချုပ်က ယနေ့ ဇူလိုင်လ ၂၇ရက်တွင်ထုတ်ပြန်သည်။

မကွေးတိုင်း ၊ ဆောမြို့နယ် ၊ ကန်ချောင်းရွာအနီး ဒေသအခေါ် မြင်းကာတောင်ခြေသို့ ရောက်ရှိနေသည့် အင်အား ၁၃၀ခန့်ရှိ စစ်ကောင်စီတပ်နှင့် ဇူလိုင်လ၂၆ရက် နေ့လယ်၂ နာရီ ၁၅မိနစ်တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
သုံးနာရီကျော်ကြာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားများသေဆုံးပြီး ကာကွယ်ရေးတပ်ဖွဲ့ဘက်က အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ကြောင်း သိရသည်။

“ကန်ပက်လက်ကနေ တပ်ချိန်းသွားတဲ့စစ်ကြောင်းပါ။ ကျောက်ထုဘက်ကို ဦးတည် သွားနေတာ” ဟု CDF – Kanpetlet ခေါင်းဆောင်က မဇ္စျိမကို ပြောသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ဂန့်ဂေါ်ခရိုင်အမှတ် (၃ ၊ ၅ ၊ ၈ ၊ ၁၃) တပ်ရင်း ၊ CDF – Mindat ၊ CDF – Kanpetlet ၊ PDF ဆော(YPRA) YDF Saw အဖွဲ့များ ပူးပေါင်းခဲ့ခြင်းဖြစ်သည်။
အဆိုပါစစ်ကြောင်းသည် ကျောက်ထုမှ ကန်ပက်လက်မြို့သို့ တပ်ချိန်းရန် လာရောက်ခဲ့ခြင်းဖြစ်ပြီး အသွားလမ်းတွင်း အနည်းဆုံး သုံးကြိမ်တိုက်ခိုက်ခံရပြီး စစ်ကောင်စီ တပ်သား ၂၀ဦးခန့်သေဆုံးခဲ့ပြီးဖြစ်ကြောင်း ကာကွယ်ရေးတပ်ဖွဲ့ သတင်းရင်းမြစ်များထံက သိရသည်။

ဆော - ကျောက်ထုလမ်းပိုင်း ၊ ပေါက်တော - ကံချောင်းလမ်းပိုင်း ကို ပြည်သူများ အနေဖြင့် အသုံးမပြုကြရန် ကာကွယ်ရေးတပ်ဖွဲ့များက သတိပေးထားသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
# ဆောမြို့နယ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9👏3😁2
​​စစ်တပ်၏ဘဏ္ဍာငွေ အရေးပေါ်ဖြည့်တင်းနိုင်ရေးအတွက် ကျပ် ၂၀,၀၀၀ တန်ထုတ်ရခြင်းဟု NUG သုံးသပ်
==================

မောင်ခက်နွေ
(မဇ္ဈိမ)။ ။အာဏာသိမ်းစစ်ကောင်စီသည် ၎င်းတို့၏ ဘဏ္ဍာငွေအရေးပေါ်ဖြည့်တင်းနိုင်ရေးအတွက် ကျပ် ၂၀,၀၀၀ တန်များကို ထုတ်ဝေရခြင်းဟုရှု့မြင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ကြား ကာလဗဟိုဘဏ်မှ ယနေ့ ဇူလိုင် ၂၇ ရက်တွင် ထုတ်ပြန်သည်။

၎င်းတို့သက်ဆိုးရှည်စေရန်နှင့် ပြည်သူလူထုအပေါ် ရက်စက်စွာဆင်နွှဲနေသည့် အကြမ်းဖက်တိုက်ခိုက်မှု များစဉ်ဆက်မပြတ်ကျူးလွန်နိုင်ရေးအတွက် ကြိုးပမ်းခြင်းဟုဆိုသည်။

တရားမဝင်ငွေစက္ကူများ ရိုက်နှိပ်ထုတ်ဝေခြင်းကြောင့် ငွေကြေးဖောင်းပွမှုဖြစ်ပေါ်စေကာ ပြည်သူတွေများ ၏ လုပ်အားနှင့် ချွေးနှဲစာစုဆောင်းငွေများကို တစ်ဖက်လှည့်ခိုးယူခြင်းဖြစ်သည်ဟုလည်း ထုတ်ပြန်ချက် တွင်‌ ဖော်ပြထားသည်။

ထို့ကြောင့် ကျပ် ၂၀,၀၀၀ တန်ငွေစက္ကူများအား အမျိုးသားညီညွတ်ရေးအစိုးရနှင့် ယင်းအားဆက်ခံ သော အစိုးရများက အသိအမှတ်ပြုမည်မဟုတ်ဘဲ တရားမဝင်ငွေစက္ကူများအဖြစ် သတ်မှတ်ကြောင်း NUG က ကြေညာသည်။

အာဏာသိမ်းစစ်ကောင်စီ၏ အဆင်ခြင်မဲ့လုပ်ရပ်များကြောင့် ယခင်မကြုံဖူးသည့် ပဋိပက္ခအန္တရာယ်၊ ဆင်းရဲမွဲတေမှုနှင့် ကပ်ရောဂါတို့ကို စုပြုံခံစားနေရကြောင်းလည်းဆိုသည်။

ယခုကာလတွင် စီးပွားရေးလုပ်ငန်းများ၊ ရင်းနှီးမြှုပ်နှံသူများနှင့် ပြည်သူလူထုအပေါ် ထပ်မံ၍ ဒုက္ခအကြပ် အတည်းဆိုက်ရောက်စေသည့် ငွေစက္ကူသစ်ရိုက်နှိပ်ထုတ်ဝေခြင်းသည် လက်ခံနိုင်ဖွယ်မရှိသော လုပ်ရပ် ဖြစ်သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။
ထို့ပြင် ယမန်နေ့ ဇူလိုင် ၂၆ ရက်နေ့ကလည်း ၂၀,၀၀၀ တန် ငွေစက္ကူများသည် တော်လှန်ရေးအဖွဲ့များကို ဘဏ္ဍာရေးအရ ချိနဲ့စေရန် ထိုးနှက်ချက်တခုဖြစ်သည်ဟု စစ်ကိုင်းဖိုရမ်ပြောခွင့်ရသူက မဇ္ဈိမသို့ဖြေကြား ထားသည်။

အစိမ်းနုရောင်ပေါ်တွင် ဆင်ဖြူတော်ပုံရိုက်နှိပ်ထားမည့် ၂၀,၀၀၀ တန်ငွေစက္ကူသစ်ကို ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၃၁ ရက်နေ့မှစတင်ကာ စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်မှထုတ်ဝေမည်ဟု ဇူလိုင်လ ၂၃ ရက် နံနက် ခင်းက ကြေညာခဲ့ခြင်းဖြစ်သည်။

လက်ရှိသုံးစွဲနေတဲ့ ငွေစက္ကူများကိုလည်း တရားဝင်ဆက်လက်သုံးစွဲခွင့်ပြုမည်ဖြစ်ပြီး ကျပ် ၂၀,၀၀၀ တန် ကို အရေအတွက်အကန့်အသတ်ဖြင့်ထုတ်ဝေမည်ဟု စစ်ကောင်စီကကြေညာခဲ့သည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကတော့ ကျပ် ၂၀,၀၀၀ တန် ငွေစက္ကူကို အကန့်အသတ်ဖြင့်ထုတ်မည် ဖြစ်၍ငွေကြေးဖောင်းပွမှုဖြစ်စေမည်မဟုတ်ဟု ဇူလိုင် ၂၆ ရက်နေ့ကပြုလုပ်ခဲ့သည့် စီးပွားရေးရာ ကော်မတီ အစည်းအဝေးတွင် ပြောခဲ့သေးသည်။

မြန်မာနိုင်ငံတွင် ၂၀၀၉ ခုနှစ်၊ ဦးသန်းရွှေလက်ထက်၌ ကျပ် ၅,၀၀၀ တန်ထုတ်ဝေခဲ့ပြီး ၂ဝ၁၂ ခုနှစ်၊ ဦးသိန်းစိန်အစိုးရလက်ထက်တွင် ကျပ် ၁၀,၀၀၀ တန် ငွေစက္ကူကို စတင်ထုတ်ဝေခဲ့သည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။စောဖေ

#၂၀,၀၀၀
#ငွေစက္ကူ
#NUG
#ထုတ်ပြန်ချက်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍14😁3
ဇူလိုင်လ (၂၇)ရက်၊ ကြာသပတေးနေ့ ညပိုင်း မဇ္ဈိမ ရေဒီယို အစီအစဉ်
===================

ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ...အားကောင်းတဲ့ လေဖိအားနည်းရပ်ဝန်းဟာ အိန္ဒိယနိုင်ငံ၊အင်ဒရာပရာဒေ့ရှ်ပြည်နယ်မြောက်ပိုင်း၊ ဩရိဿပြည်နယ် တောင်ပိုင်းကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်း မိုးဇလက ဇူလိုင်လ ၂၇ ရက်နေ့မှာ ထုတ်ပြန် ကြေညာလိုက် တဲ့ သတင်းနဲ့အတူ ဗြိတိန်နိုင်ငံ လန်ဒန်အခြေစိုက် နာမည်ကျော်ကုန်တိုက်ကြီးတစ်ခုဖြစ်တဲ့ John Lewis Partnership ကုန်တိုက်က မြန်မာနိုင်ငံက ကျောက်မျက်ရတနာတွေကို ရောင်းချတာ ရပ်ဆိုင်းတော့မယ့် သတင်း အပါအဝင် တခြားစိတ်ဝင်စားဖွယ် ပြည်တွင်းနဲ့  နိုင်ငံတကာ သတင်းတွေကိုနားဆင်ကြရပါမယ်။   

 အဲ့ဒီနောက်မှာတော့ စီးပွားရေးသတင်းတွေနဲ့ ဒီကနေ့အတွက် သတင်းသုံးသပ်ချက်အစီအစဉ်ကို နားဆင်ရဖို့ရှိသလို ကျန်းမာရေးအကြောင်း  ပြောပြထားတဲ့ ကျန်းမာသုတ လူမှုဘဝ အစီအစဉ်ကို နားဆင်ရမှာဖြစ်ပါတယ်။ 
....................................................
မဇ္ဈိမရေဒီယို ညနေပိုင်းအစီအစဉ်ကို မတ်လ ၂၆ ရက်နေ့ကစပြီး Frequency ပြောင်းလဲထုတ်လွှင့်နေတာဖြစ်တဲ့အတွက် ယခင်ဖမ်းယူနေကျ လှိုင်းတိုမီတာ ၁၆ မီတာ ၊ ၁၇.၇၃ မီဂါဟဇ်ကနေ လှိုင်းတိုမီတာ ၁၃ မီတာ၊ ၂၁.၇၁ မီဂါဟဇ်ကို ပြောင်းလဲဖမ်းယူနားဆင်ကြဖို့အတွက် မေတ္တာရပ်ခံအပ်ပါတယ်။

ဖမ်းယူနားဆင်နိုင်မယ့်အချိန်ကတော့ ထုတ်လွှင့်နေကျဖြစ်တဲ့ မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲကနေ ၇ နာရီခွဲအတွင်း ဖမ်းယူနားဆင်နိုင်မှာပဲဖြစ်ပါတယ်။

https://youtu.be/zSP6JN6zbW4

#Mizzimaradio
#Eveningradio
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍9😁2
Media is too big
VIEW IN TELEGRAM
July - 27 [ 7 Pm ] The Mizzima Primetime

Mizzima Headline News

#7pmnews #themizzimaprimetime #reels #shorts
👍5🍌2
​​မြောင်းမြလွှတ်တော်ကိုယ်စားလှယ် ဦးဝေလင်းအောင်ထောင်ဒဏ် ၁၂ နှစ်ထပ်မံချမှတ်ခံရ၊ ထောင်ဒဏ်စုစုပေါင်း ၃၈ နှစ်ကျခံနေရ
==================

မင်းထက်
မဇ္ဈိမ။ ။မြောင်းမြလွှတ်တော်ကိုယ်စားလှယ် ဦးဝေလင်းအောင်အား စစ်ကောင်စီလက်အောက်ခံ မြောင်းမြထောင်သီးသန့်တရားရုံးက ထောင်ဒဏ် ၁၂ နှစ် ထပ်မံချမှတ်လိုက်ကြောင်း မြောင်းမြမြို့ခံ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများထံက သိရသည်။

ဆန္ဒပြရန်လှုံ့ဆော်မှု ပုဒ်မ ၅၀၅(က)ဖြင့် ပြီးခဲ့သည့် ဧပြီလ ၇ ရက်နေ့က ထောင်ဒဏ် နှစ်နှစ်ချမှတ်ပြီး CDM ဝန်ထမ်းများအားထောက်ပံ့မှု ပုဒ်မ ၅၀ ည ဖြင့် ဇူလိုင်လ ၁၂ တွင် ထောင်ဒဏ် ၁၀ နှစ် စာစုပေါင်း ၁၂နှစ် ချမှတ်ခဲ့ခြင်းဖြစ်သည်ဟု နိုင်ငံရေးတက်ကြွလှုပ် ရှားသူတစ်ဦးကပြောသည်။

"ပထမ အမိန့်ချထားတဲ့ ၂၆ နှစ်ပါ အပါဆိုရင် ၃၈ နှစ်ဖြစ်သွားပြီ ။လောလောဆယ်တော့ ကိုဝေလင်းအောင် ကျန်းမာရေးကောင်းတယ်လို့ သိရတယ်"ဟုဆိုသည်။

ဦးဝေလင်းအောင်သည် ၂၀၂၀ ခုနှစ်ရွေးကောက်ပွဲအနိုင်ရ
NLD လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်ပြီး စစ်အာဏာ သိမ်းပြီးနောက်ပိုင်း စစ်အုပ်စုနှင့် ရဲများက လိုက်လံဖမ်းဆီးခဲ့သည့်အတွက် KNU တပ်မဟာ (၆) ထိန်းချုပ်နယ်မြေတွင် ရှောင်တိမ်းနေခဲ့သည်။
၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၄ ရက်တွင် ကရင်ပြည်နယ် လေးကေ့ကော်မြို့သစ်အတွင်း စစ်ကောင်စီတပ်များဝင်ရောက်စီးနင်းပြီး ဦးဝေလင်းအောင်အပါအဝင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ၂၀ ဦးခန့်ကို ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်။ ဦးဝေလင်းအောင်အပါအဝင်ဖမ်းဆီးခံရသူများကို မြဝတီမြို့အစွန်ရှိ စစ်ကြောရေးတနေရာ၌ တစ်လနီးပါးကြာ စစ်ကောင်စီတပ်က စစ်ဆေးခဲ့ကြောင်းသိရသည်။

ထို့နောက် ဦးဝေလင်းအောင်ကို စစ်ကောင်စီက အကြမ်းဖက်ဥပဒေ ပုဒ်မ ၅၂(က)၊ ၅၀(က)၊ ၅၀(ည) ၊နိုင်ငံတော်ပုန်ကန်မှု ဥပဒေပုဒ်မ ၁၂၂ ဖြင့် တရားစွဲပြီး၂၀၂၂ ခုနှစ် နိုဝင်ဘာ လ ၂၈ ရက်နေ့တွင် ထောင်ဒဏ် ၂၆ နှစ်ချမှတ်ခဲ့သည်။

၂၀၂၃ ခုနှစ် မတ်လ ၂၀ ရက်နေ့တွင် ဘားအံအကျဉ်းထောင်၌ ချုပ်နှောင်ထားသည့် ဦးဝေလင်းအောင်အား မြောင်းမြအကျဉ်းထောင်သို့ ပြောင်းရွှေ့လိုက်သည်။

မြောင်းမြမြို့ခံတစ်ဦးက"မြောင်းမြက လွှတ်တော်အမတ်အားလုံးထဲမှာ သူတစ်ယောက်ပဲ အာဏာရှင်ဆန့်ကျင်ရေး တက်တက်ကြွကြွလှုပ်ရှားတာကြောင့် စစ်ကောင်စီကအညှိုးထားပြီး ထောင်ဒဏ်တွေချမှတ်တာ ။ မြောင်းမြက ကျန်တဲ့အမတ်တွေက လက်မှတ်ထိုးပြီး အိမ်မှာအေးဆေးနေတဲ့သူနဲ့ အာဏာသိမ်းပြီးကထဲက ဘာမှမလုပ်ဘဲ ငြိမ်နေတဲ့သူတွေပဲဖြစ်တယ်"ဟုပြောသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတစ်ဝန်းရှိ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ NLD ပါတီဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များကို စစ်ကောင်စီက အကြောင်းမဲ့လိုက်လံဖမ်းဆီးမှုများ ပြုလုပ်နေသည်။ ၎င်းတို့ဖမ်းဆီးမည့်သူကို မတွေ့ပါက မိသားစုဝင်များကိုဖမ်းဆီးခြင်း၊ နေအိမ်ချိတ်ပိတ်ခြင်းများလည်း ပြုလုပ်လျက်ရှိသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#မြောင်းမြလွှတ်တော်ကိုယ်စားလှယ်
#ဦးဝေလင်းအောင်

ဓာတ်ပုံ- မြောင်းမြလွှတ်တော်ကိုယ်စားလှယ် ဦးဝေလင်းအောင်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬9👎5❤2😁2😢2
​​"Too Hot to die"
=============

ဇာတ်လမ်းအစမှာတော့ အန်ဗြောင်းနမ်ဆိုသူကို လူဆိုး ၃ ယောက်က ကြိုးနဲ့တုပ်ထားကြပါတယ်။ အကြောင်းကတော့ အန်ဗြောင်းနမ်ဟာ အဆိုပါလူဆိုးတွေရဲ့ ပိုက်ဆံ ဘီလီယံ ၃၀ ကို အပျောက်ဖျောက်ခဲ့လို့ပဲဖြစ်ပါတယ်။ ဖြစ်ချင်တော့ ပိုက်ဆံပိုင်ရှင်က ထိုလူဆိုး ၃ ယောက်မဟုတ်ဘဲ သူတို့ရဲ့ ဥက္ကဌကြီးရှင်းရဲ့ ပိုက်ဆံတွေဖြစ်နေတာပါ။ ဥက္ကဌကြီးရှင်းနဲ့ အန်ဗြောင်းနမ်တို့က တိုက်ရိုက်ပတ်သက်မှုမရှိတဲ့အတွက်ကြောင့် ဥက္ကဌကြီးရှင်းက သူ့လူ လူမိုက်တွေကိုပဲ ပိုက်ဆံပျောက်သွားတဲ့အတွက် ထောင်းရပါတော့တယ်။

ဒီလိုနဲ့ အဆိုပါ လူဆိုး ၃ ယောက် အိပ်‌ပျော်နေတုန်း အန်ဗြောင်းနမ်တစ်ယောက် ထွက်ပြေးလာခဲ့ပါတယ်။ ထွက်ပြေးပြီးနောက်မှာလည်း ဒီလောကကြီးထဲကနေ ထွက်ခွာချင်ပြီဖြစ်တဲ့အတွက် ဘဝတူ လူ ၃ ယောက်ကို သေဖော်ညှိခဲ့ပါတယ်။ ကိုယ်စီဘဝတွေမှာ ကျရှုံးမှုတွေ အသီးသီးနဲ့ အဆိုပါ ၃ ယောက်ကလည်း အန်ဗြောင်းနမ်ရဲ့ ဦးဆောင်မှုနောက်မှာ နောက်လိုက်ကောင်းတွေဖြစ်ပေးခဲ့ကြပါတယ်။

သူတို့လေးယောက် ကမ္ဘာလောကကြီးထဲကနေ ထွက်သွားဖို့အတွက် ချိန်းဆိုထားတဲ့နေ့မှာ သူတို့အားလုံးလာနိုင်ကြပါ့မလား။ ဘာအတွက်ကြောင့်နဲ့ သေချင်နေကြတာလဲ။ အန်ဗြောင်းနမ်နဲ့ အဲဒီဘီလီယံ ၃၀ ကရော ဘယ်လိုပတ်သက်နေလို့လဲ။ အန်ဗြောင်းနမ်ကရော ဘီလီယံ ၃၀ ကို ဘာလုပ်ပစ်လိုက်ပြီလဲ။ အစရှိတဲ့ အဖြေမရှိသေးတဲ့ မေးခွန်းတွေကို Too Hot to Die ဆိုတဲ့ ရုပ်ရှင်လေးမှာ ဟာသတွေတစ်ပြုံနဲ့ ခံစားကြည့်ရှုနိုင်ပါတယ်။

ဒီဇာတ်ကားလေးကို Mizzima + Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။

Mizzima+ Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့ Mizzima TV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင်

App ဒေါင်းလော့လုပ်ရန် - http://onelink.to/jnuwak

#New ပြသမည့်ရက်။ ။ ၂၇.၇.၂၀၂၃
ပြသမည့် အချိန် ။ ။ မနက် (၁၀:၀၀)နာရီ
ပြန်လည်ပြသမည့်အချိန်။ ။ ည (၁၀:၃၀) နာရီ

(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U”

#koreamovie
👍3❤2🔥1
ပုလဲမြို့နယ်ရှိ ကန့်ဒေါင့်ရဲစခန်းကို DRPA တိုက်ခိုက်၊ လက်နက်အင်အားမမျှသောကြောင့် မသိမ်းပိုက်နိုင်သေးဟုဆို
👍13🔥1😁1😢1🤩1
ပုလဲမြို့နယ်ရှိ ကန့်ဒေါင့်ရဲစခန်းကို DRPA တိုက်ခိုက်၊ လက်နက်အင်အားမမျှသောကြောင့် မသိမ်းပိုက်နိုင်သေးဟုဆို
====================

မောင်ခက်နွေ
(မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ရှိ ကန့်ဒေါင့်ရဲစခန်းကို အာဏာရှင်တော်လှန်ရေး ပြည်သူ့တပ်မတော် (DRPA) က ဇူလိုင်လ ၂၄ ရက်၊ ည ၁၂ နာရီက သွားရောက်တိုက်ခိုက်ခဲ့ကြောင်း အာဏာရှင်တော်လှန်ရေးပြည်သူ့တပ်မတော် (DRPA) သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ကိုမျိုးကြီးက မဇ္ဈိမသို့ပြောသည်။

စစ်ကောင်စီတပ်သား အင်အား (၁၀၀) ခန့်ရှိသည့် ထိုကန့်ဒေါင့်ရဲစခန်းကို လက်လုပ် ၆၀ မမ၊ ၈၀ မမ၊ ၁၂၀ မမ စသည့် လက်လုပ်လက်နက်ကြီး အလုံး ၆၀ လောက်ဖြင့်ပစ်ခတ်ခဲ့ပြီး မြေပြင်မှပါ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်းဆိုသည်။

“ ဘာလို့ ကျွန်တော်တို့တွေက ကန့်ဒေါင့်ကို ခဏခဏ တိုက်ပြီး မသိမ်းနိုင်တာလဲဆိုတော့ကန့်ဒေါင့်ရဲစခန်းမှာ သူတို့က စစ်တပ်နဲ့ ရဲပေါင်းပြီး တပ်စွဲထားတာဖြစ်တယ်။ သေချာပြင်ဆင်ထားတာဖြစ်တဲ့ အတွက်ကြောင့်မို့ ခက်ခဲတယ်။ အဲ့တာအပြင်ကို ကျွန်တော်တို့ လက်နက်အင်အား ကျွန်တော်တို့မမျှတာရှိတယ်။ တော်လှန်ရေးအဖွဲ့အစည်းတွေ ဘက်ကသွားတိုက်တယ်ဆိုရင်လည်း ကျည်ချွေတာရတာတွေရှိတယ်။ လက်နက်ကြီးလည်း မယှဉ်နိုင်တာတွေရှိတယ်။ အဲ့လိုအတွက်ကြောင့် လက်နက်အင်အားလိုအင်အား လိုနေတာတွေရှိတယ်။ လက်နက်အင်အားသာရှိမယ်ဆို ကျွန်တော်တို့ သိမ်းနိုင်တဲ့ အနေအထားရှိပါတယ်” ဟု DRPA သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ကိုမျိုးကြီးကရှင်းပြသည်။

ထိုတိုက်ပွဲတွင် ကန့်ဒေါင့်ရဲစခန်းအတွင်းရှိ စစ်ကောင်စီတပ်သား တစ်ဦးသေဆုံးခဲ့ပြီး တစ်ဦးအပြင်းအထန်ဒဏ်ရာရှိခဲ့သည်ဟု စစ်ကောင်စီနှင့် နီးစပ်သည့် အသိုင်းအဝိုင်းကပြောသည်။

တိုက်ပွဲဖြစ်ပွားချိန် မိနစ် ၄၀ ခန့်ကြာမြင့်ခဲ့ပြီး သေဆုံးသွားသည့် စစ်ကောင်စီတပ်သား ရုပ်အလောင်းနှင့် အပြင်းအထန်ဒဏ်ရာရသည့် တပ်သားတစ်ဦးတို့ကို ဇူလိုင်လ ၂၅ ရက်နေ့မနက်ပိုင်းက MI-35 လေယာဉ် ဖြင့် မုံရွာမြို့သို့သယ်ဆောင်သွားသည်ဟု DRPA ၏ထုတ်ပြန်ချက်တွင် ပါရှိသည်။

“ ဒီရဲစခန်းဟာအရေးပါတဲ့စခန်းတစ်ခုဖြစ်တယ်။ ဘယ်လောက်တောင်အရေးပါလဲဆိုရင်၊ ဘေးမှာရှိတဲ့ပျူရွာတွေဖြစ်တဲ့ ဇီးဖြူကုန်းနဲ့ အင်မထီးဆိုတဲ့ပျူရွာနှစ်ရွာရဲ့ အဓိက ထောက်ပို့ရွာဖြစ်တယ်။ စစ်ကောင်စီရဲ့ ပျူရွာရဲ့ အဓိက ထောက်ပို့ရွာဖြစ်တဲ့အတွက် အဲ့နေရာဟာ အရေးကြီးပါတယ်။ အဲ့နေရာသိမ်းထားနိုင်ရင် ပျူရွာနှစ်ရွာရဲ့ ရိက္ခာလမ်းကြောင်းကို ဖြတ်တောက်ထားနိုင်မှာဖြစ်ပါတယ်” ဟု DRPA သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ကိုမျိုးကြီးက ပြောသည်။
ထိုတိုက်ပွဲကို လက်နက်ကြီးတပ်ပေါင်းစုအဖွဲ့ အဝင်တွေဖြစ်သည့် တပ်ရင်းအမှတ် (၃၀) အာဏာရှင်တော်လှန်ရေး ပြည်သူ့တပ်မတော် တပ်ခွဲ (၄) Black Shadow PDF နှင့်အတူ မဟာမိတ် အဖွဲ့အစည်းပေါင်း ၁၈ ဖွဲ့ကလက်နက်ကြီးများဖြင့် သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါရဲစခန်းကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့၊ ၇ ရက်နေ့နှင့် ၈ ရက်နေ့တို့တွင် ဒေသကာကွယ်ရေးတပ်များကတိုက်ခိုက်ခဲ့ကြသေးပြီး စစ်ကောင်စီဘက်မှ လေကြောင်းပစ်ကူကြောင့် ပြန်လည်ဆုတ်ခွာခဲ့ကြောင်း ကျားသစ်နက်တပ်မတော်ကလည်း ထုတ်ပြန်ထားသည်။

စာတည်း။ ။Alden
#Mizzima
#DRPA
#ကန်ဒေါင့်ရဲစခန်း

ပုံစာ - အာဏာရှင်တော်လှန်ရေး ပြည်သူ့တပ်မတော် (DRPA) ၏ရဲဘော်များလက်နက်ပြင်ဆင်နေပုံ (ပုံအဟောင်း DRPA)
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍20😁3🤩1
မိုခါကြောင့် အပျက်အစီးများခဲ့တဲ့ ရခိုင်မှာ ကုန်ဈေးနှုန်းမြင့်တက်နေလို့ လက်လုပ်လက်စားတွေ အခက်ကြုံ (ရုပ်/သံ)
=================

မဇ္ဈိမ
အင်အားပြင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း မိုခါ ဝင်ရောက်တိုက်ခတ်လို့ အပျက်အစီးများခဲ့တဲ့ ရခိုင်ပြည်နယ်မှာ အခြေခံကုန်ဈေးနှုန်းတွေ မြင့်တက်နေလို့ လက်လုပ်လက်စားတွေနဲ့ နေ့စားအလုပ်သမားတွေ အခက်အခဲ ကြုံနေကြရပါတယ်။

မိုခါမုန်တိုင်း တိုက်ခတ်ပြီးနောက်မှ အခုလို ကုန်ဈေးနှုန်းတွေ မြင့်တက်လာတာလို့ စစ်တွေမြို့၊ မင်းဂံရပ်ကွက်မှာ နေထိုင်သူတစ်ဦးက မဇ္ဈိမကို ပြောပါတယ်။

ပုံမှန်အခြေအနေမှာတောင် အလုပ်အကိုင် ရှားပါးတဲ့ ရခိုင်ပြည်နယ်မှာ အခုလို ကုန်ဈေးနှုန်း ကြီးမြင့်မှုတွေဟာ သာမန်အခြေခံ လူတန်းစားတွေအတွက်တော့ ကြီးလေးတဲ့ ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်စေတာပါ။

https://youtu.be/fwlKHwh-R_g

#Postmocha
#ရခိုင်ကုန်ဈေးနှုန်းတက်
#‌လက်လုပ်လက်စား
#အခက်ကြုံ
#Mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢8👍3🔥2
​​အမေရိကန် စိုးရိမ်နေသည့် ကမ္ဘောဒီးယား ရေတပ်စခန်း ပြင်ဆင်မွမ်းမံမှု ပြီးစီးကာနီး
========================

တရုတ်စစ်တပ် အသုံးပြုရန်အတွက် ရည်ရွယ်ထားခြင်း ဖြစ်သည်ဟု အမေရိကန်က စိုးရိမ်ပူပန်နေသော ကမ္ဘောဒီးယားရှိ ရေတပ်အခြေစိုက်စခန်းတွင် အဓိကဆိပ်ခံတံတား တည်ဆောက်ပြီးစီးသည့် ဂြိုဟ်တုဓာတ်ပုံများ ထွက်ပေါ်လာသည့်နောက်၌ ယင်းရေတပ်စခန်းအား ပြင်ဆင်မွမ်းမံမှုသည် အပြီးသတ်ကာနီးပြီဟု ကမ္ဘောဒီးယားနိုင်ငံက အတည်ပြုလာခဲ့သည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬6❤1👍1🔥1
​​Zara အမှတ်တံဆိပ်ပိုင်ရှင် Inditex က မြန်မာတွင် ထုတ်ကုန်များ အပ်နှံမှုကို ရပ်ဆိုင်းမည်ဟု အတည်ပြု
========================

နာမည်ကျော်အဝတ်အထည်လုပ်ငန်း Zara အမှတ်တံဆိပ် ပိုင်ရှင် Inditex သည် မြန်မာနိုင်ငံမှ ထုတ်ကုန်များ အပ်နှံရယူခြင်းကို ရပ်ဆိုင်းရန် လုပ်ဆောင်နေပြီဖြစ်ကြောင်း ကုမ္ပဏီက ဇူလိုင် ၂၇ ရက်တွင် ရိုက်တာကို ပြောသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍14😁2🔥1😢1