Mizzima
✔
47.8K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၂၇ ဇူလိုင် ၂၀၂၃)
======================

နှစ်သောင်းတန်ထုတ်ဝေမှုအပေါ် ဝေဖန်မှုသည် စီးပွားရေးအရတိုက်ခြင်းဖြစ်သလို ထိခိုက်မှုမရှိ ကြောင်း အကြမ်းဖက်မင်းအောင်လှိုင်ကမြေပြင် ပြည်သူများ၏ အသံနားမထောင်ဘဲ မျက်ကွယ် ပြုကာ ပြောနေပြန်သည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤8🤬4👍2🔥2😁1
​​တရုတ်ကုမ္ပဏီများနှင့် စီးပွားရေးလုပ်ကိုင်ရန် အိန္ဒိယက လမ်းဖွင့်ထား ကြောင်း သတင်းအချက်အလက် နည်းပညာ ဝန်ကြီး ပြောကြား
=======================

တရုတ်နှင့် နယ်နိမိတ်ချင်း တင်းမာနေသော်လည်း အိန္ဒိယသည် တရုတ်ကုမ္ပဏီများနှင့် စီးပွားရေးလုပ်ကိုင်ရန် လမ်းဖွင့်ထားကြောင်း အီလက်ထရွန်နစ်နှင့် သတင်းအချက်အလက် နည်းပညာဆိုင်ရာ ဝန်ကြီး ရာဂျစ် ချန်ဒရာ ဆိခါ က Financial Times သို့ ပြောကြားသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😁9👍4👎1👏1
​​“မင်းအောင်လှိုင်” အမည်ကို အသုံးပြု ဟာသရိုက်သည့် ဆယ်လီ ဇော်ဝင်းမောင် ဖမ်းဆီးခံရ
=======================

007
(မဇ္ဈိမ) ။ ။ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် အမည်ကို အသုံးပြုပြီး ဟာသရိုက်ကူးခဲ့သည့် မန္တလေးမြို့က နာမည်ကြီး Tik Tok ဆယ်လီဇော်ဝင်းမောင်ကို စစ်ကောင်စီတပ်ဖွဲ့က ယမန်နေ့ ဇူလိုင်လ၂၆ရက် ညနေပိုင်းတွင် ဖမ်းဆီးလိုက်ကြောင်း ၎င်းနှင့်နီးစပ်သူများက မဇ္ဈိမကို ပြောသည်။

ဇော်ဝင်းမောင်သည် မန္တလေးမြို့၊ မဟာအောင်မြို့နယ်၊ လမ်း ၄၀ နှင့် ၈၂ လမ်းထောင့်ရှိ ၎င်း၏ တက်တူးဆိုင်တွင် ဇူလိုင်လ ၂၆ ရက်နေ့ ညနေပိုင်းက ဖမ်းဆီးထိန်းသိမ်း ခံလိုက်ရခြင်း ဖြစ်သည်။
"စစ်သားရော၊ ရဲရော အင်အား နှစ်ဆယ်ကျော်လောက်နဲ့ ဝင်ဖမ်းတယ်၊ ဘာလို့ဖမ်းတယ်ဆို တာသိတယ်၊ ဘာပုဒ်မတပ်ထားလဲ ဘယ်ကိုခေါ်သွားလဲတော့ မသိရသေးလို့ သူ့အမေက စိတ်တ အားပူနေတယ်" ဟု ဇော်ဝင်းမောင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ဖမ်းဆီးထိန်းသိမ်းခံထားရသော ဇော်ဝင်းမောင် အပါအဝင် လူငယ်လေးဦး ပါဝင်ရိုက်ကူး ထားသော ၄၆ စက္ကန့်ရှိ ဟာသရုပ်သံဖိုင်တွင် ဇော်ဝင်းမောင်က တစ်ဘက်လူငယ်ကို “မင်းနာမည် ဘယ်လိုခေါ်လဲ” ဟု မေးမြန်းရာ တစ်ဘက်လူငယ်က “မင်းအောင်လှိုင်ပါ” ဟု ဖြေကြားပြီးနောက် ဇော်ဝင်းမောင်က အဆိုပါလူငယ်ကို ခြေထောက်ဖြင့် ဆောင့်ကန်လိုက်သည်ကို တွေ့ရသည်။

ယင်းနောက် ဇော်ဝင်းမောင်က “မင်းနာမည်ပြောင်းလိုက်နော်” ဟု ပြောပြီး အဆုံးသတ်ထားသော ထိုရုပ်သံဖိုင်သည် စစ်အာဏာသိမ်းပြီး အစောပိုင်းကာလက ဟာသတစ်ခုအနေဖြင့် ရိုက်ကူးခဲ့ခြင်းဖြစ်ကြောင်း နီးစပ်သူများက ပြောသည်။

ထိုဟာသရုပ်သံတိုသည် ယခုရက်ပိုင်းအတွင်း အွန်လိုင်းပေါ်မှာ ထပ်မံပျံ့နှံ့လာပြီးနောက် စစ်ကောင်စီသတင်းကို ဝါဒဖြန့်နေသည့် “ဟန်ငြိမ်းဦး” တယ်လီဂရမ်ချန်နယ်က ဇော်ဝင်းမောင်ကို ဖမ်းဆီးရန် ဇူလိုင်လ ၂၆ ရက်နေ့ညပိုင်းတွင် လှုံ့ဆော်မှုများ ရှိခဲ့သည်။

ယင်းနောက် နာရီပိုင်းအကြာတွင် စစ်ကောာင်စီ၏ လက်နက်ကိုင် စစ်သားများနှင့် ရဲများက လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း မြို့ခံများက မဇ္ဈိမကို ပြောသည်။

"အဲဒီ Tik Top က အာဏာသိမ်းပြီးခါစတုန်းက လွှင့်ခဲ့တာကြီးပါ။ အဲဒါကို တစ်ယောက်ယောက်ကပြန်ဖော်ပြီး ဟန်ငြိမ်းဦးအကွက်ထဲ ထိုးထည့်သွားတာပါ။ အချင်းချင်းချောက်တွန်းခံလိုက်ရတာပါ" ဟု မန္တလေးမြို့ခံတစ်ဦးက ပြောသည်။

Tik Top ဆယ်လီဇော်ဝင်းမောင်သည် စစ်တပ် အာဏာမသိမ်းခင်ကတည်းက ဆိုရှယ်မီဒီယာတွင် ဟာသဇာတ်လမ်းတိုများဖြင့် နာမည်ကြီးလာသူတစ်ဦး ဖြစ်သည်။

လက်ရှိမှာ ဇော်ဝင်းမောင်ကို စစ်ကောင်စီက မည်သည့်ပုဒ်မဖြင့်အရေးယူထားပြီး မည်သည့်နေရာတွင်ဖမ်းဆီးထိန်းသိမ်းထားသည်ကို မသိရသေးပေ။

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် လူပေါင်း ၂၄,၀၀၀ ကျော်သည် စစ်ကောင်စီ၏ အကျဉ်းထောင်များတွင် ဖမ်းဆီးအကျဉ်းချခံခဲ့ရကြောင်း လွတ်လပ်သော နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။

စာတည်း။ ။ နောင်နောင်

#TikTokဆယ်လီဇော်ဝင်းမောင်
#Mizzima
#ဖမ်းဆီးခံရ
#မင်းအောင်လှိုင်
ဓာတ်ပုံ- Tik Tok ဆယ်လီဇော်ဝင်းမောင်

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍23👏4👎3❤2😢2
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၇ ရက်ထုတ်လွှင့်မှုများ
===================

https://youtu.be/KYxHS8fb6PE

#PVTV
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍12🔥2
​​မိုးကုတ်မြို့နယ်အတွင်း စစ်ကောင်စီတပ်ကို KIA နှင့် KPDF တို့ ပူးပေါင်းတိုက်ခိုက်မှု ၃ ဦးသေဆုံး
========================

MTO
(မဇ္ဈိမ)။ ။မိုးကုတ်မြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့အား ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)နှင့် မိုင်းမိတ်ခရိုင် KPDF ပူးပေါင်းတပ်ဖွဲ့များမှ ၁၂ ရက်အတွင်း လေးကြိမ်တိုက်ခိုက်ခဲ့ရာ သုံးဦးသေဆုံးခဲ့ ကြောင်း ပူးပေါင်းတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။

ဇူလိုင်လ ၁၂ ရက် နံနက် ၄ နာရီ ၂၃ မိနစ်တွင် မိုးကုတ်မြို့ အနောက်ပိုင်းကျပ်ပြင်ရဲစခန်းကို KIA နှင့် KPDF ပူးပေါင်းအဖွဲ့က သွားရောက်တိုက်ခိုက်ရာ ရဲတပ်ဖွဲ့ဝင်တဦးသေဆုံးပြီး သုံးဦးဒဏ်ရာ အပြင်းအထန် ရရှိခဲ့ ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ ဇူလိုင်လ ၁၂ ရက် ညပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များတပ်စွဲထားသော မိုးကုတ်မြို့နယ်၊ ဗန်မွန် ကျေးရွာမှ မဏိသာရဘုန်းကြီးကျောင်းကို ပူးပေါင်းအဖွဲ့ကတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း မိုးမိတ် ခရိုင်တပ်ရင်း KPDF က ထုတ်ပြန်ထားသည်။

ထို့အတူ ဇူလိုင်လ ၂၂ ရက်နေ့နံနက်ပိုင်းကလည်း မိုးကုတ်မြို့အနောက်ပိုင်း ကင်းတောရဘုန်းကြီးကျောင်း ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ကိုသွားရောက်တိုက်ခဲ့ရာ၌ တဦးသေဆုံးကြောင်း ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

ဆက်လက်ပြီး ဇူလိုင်လ ၂၃ ရက်နေ့ ညနေပိုင်း၌ မိုးကုတ်မြို့ အနောက်ပိုင်းရှိဂွေးပင်တပ်ကို ပူးပေါင်း တပ်ဖွဲ့များမှ ၀င်ရောက်တိုက်ခိုက်ခဲ့ရာ၌ စစ်ကောင်စီဘက်မှတဦးသေဆုံးပြီး နှစ်ဦးထက်မနည်း ဒဏ်ရာ ရရှိသွားကြောင်း မိုးမိတ်ခရိုင် KPDF ၏ သတင်းထုတ်ပြန်ချက်က ဆိုသည်။

၁၂ ရက်တာကာလအတွင်း တိုက်ပွဲလေးကြိမ်ဖြစ်ပွားခဲ့ရာ ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)နှင့် မိုးမိတ်ခရိုင် KPDF ပူးပေါင်းတပ်ဖွဲ့များဘက်မှ ထိခိုက်မှုတစ်စုံတစ်ရာမရှိကြောင်း မိုးမိတ်ခရိုင် KPDF အဖွဲ့ ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စစ်ကောင်စီတပ်ဖွဲ့၏သေဆုံးမှုများနှင့်ပတ်သတ်၍ မဇ္ဈိမအနေဖြင့် အတည်ပြုချက်ရရှိရန် ဒေသတွင်း အဖွဲ့များအား ဆက်သွယ်နေဆဲဖြစ်သည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#မန္တ‌လေးတိုင်း
#မိုးကုတ်မြို့နယ်
#KIA
#KPDF
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍31❤11👏3🔥1😁1
Media is too big
VIEW IN TELEGRAM
Nature Article |စွန်ပလွန်သီးက သင့်ကျန်းမာရေးအတွက် ဘာတွေကောင်းကျိုးပြုသလဲ?

Watch more detail - https://youtu.be/4m3gwYxJckI

#naturearticle #စကားဝိုင်း #naturearticleshorts #reels
👍4❤1👎1🤮1🌭1
ဇူလိုင်လ (၂၈)ရက်၊ သောကြာနေ့ မနက်ပိုင်း မဇ္ဈိမ ရေဒီယို အစီအစဉ်
====================

ဒီကနေ့ မနက်နားဆင်ရမယ့် သတင်းတွေကတော့  စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က ရိုက်နှိပ်ထုတ်ဝေမယ့် နှစ်သောင်းကျပ်တန် ငွေစက္ကူကို အမျိုးသား ညီညွတ်ရေးအစိုးရ NUG က အသိအမှတ်မပြုကြောင်းနဲ့ တရားမဝင်ငွေစက္ကူအဖြစ် သတ်မှတ်တဲ့သတင်းနဲ့အတူ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောင်ဘက်ခြမ်းရှိ ညောင်ပင်သာကျေးရွာကို စစ်ကောင်စီတပ်က ဇူလိုင်လ ၂၆ ရက်နေ့ကစတင်ကာ တပ်စွဲနေတဲ့အတွက် ဒေသခံ ၁,၅၀၀ ကျော် နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့သတင်း အပါအဝင် တခြား စိတ်ဝင်စားဖွယ် ပြည်တွင်းသတင်းတွေနဲ့ နောက်ဆုံးရ နိုင်ငံတကာသတင်းတွေကို နားဆင်ကြရမှာပါ။

အဲ့ဒီနောက်မှာတော့ စီးပွားရေးသတင်းတွေနဲ့ ဒီကနေ့အတွက် သတင်းသုံးသပ်ချက်အစီအစဉ်ကို နားဆင်ရဖို့ရှိသလို ကျန်းမာရေးအကြောင်း  ပြောပြထားတဲ့ ကျန်းမာသုတ လူမှုဘဝ အစီအစဉ်ကို နားဆင်ရမှာဖြစ်ပါတယ်ခင်ဗျာ။

https://youtu.be/bFT8swMp3Rk
 
#Mizzimaradio
#Morningradio
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍12😁1🍌1
စွန်ပလွန်သီးရဲ့အကျိုးကျေးဇူးများ
=============

-စွန်ပလွန်သီးက သင့်ကျန်းမာရေးအတွက် ဘာတွေအကျိုးပြုမလဲ ?

-စွန်ပလွန်သီးမှာ ပါဝင်တဲ့ အစွမ်းသတ္တိတွေက ဘာတွေလဲ ?

-စွန်ပလွန်သီးမှာရှိတဲ့ လျှို့ဝှက်ချက် အကျိုးအာနိသင်တွေက ဘာတွေလဲ ?

အစရှိတဲ့ အကြောင်းအရာတွေကို ဒီအစီအစဉ်ကနေ တင်ဆက်ပေးသွားမှာပါ ......

https://youtu.be/4m3gwYxJckI

#Nature
#NatureArticle
#VideoNews
#MizzmaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍8🤮1🌭1
​​28.7.2023 (Friday) တွင် ထုတ်လွှင့်တင်ဆက်ပြသမည့် အစီအစဉ်
=============

Highlight

India Movie -Love and Leashes (မနက်- ၁၀ နာရီ)
ပန်ချရက် ( ညနေ- ၆ နာရီ)
ကြယ်ပွင့်လေးရဲ့ သက်သေ (ညနေ - ၇ နာရီ)

Mizzima+ channel တွင် ပြသနေ့သည့် အချိန်မှာပဲ Mizzima App တွင်လည်း Live Stream တိုက်ရိုက်ကြည့်ရှုနိုင်ပါသည်။

#mizzimatv
#dailyschedule
👍6🤮1
​​Love & Leashes
==========

ဒီကားလေးကတော့ မထွက်ခင်ကတည်းက ပရိသတ်စိတ်ဝင်စားမှုများခဲ့တဲ့ကားတစ်ကားဖြစ်ပါတယ် ..

နာမည်ကြီးမင်းသားမင်းသမီးတွေပါဝင်တဲ့အပြင် ပုံမှန်အားဖြင့် ရိုက်ကူးလေ့မရှိတဲ့ လိင်စိတ်တိမ်းညွတ်မှုအမျိုးအစားထဲက BDSM အကြောင်းကို အခြေခံပြီးရိုက်ကူးထားတာဖြစ်တဲ့အတွက် စိတ်ဝင်စားမှုများပြားခဲ့တာဖြစ်ပါတယ် ...

BDSM အကြောင်းကိုအခြေခံပြီး ရိုက်ကူးထားတာဆိုပေမဲ့ လိင်ဆက်ဆံတာတွေအစား BDSM ဆိုတာ လိင်စိတ်တိမ်းညွတ်မှုတစ်ခုသာဖြစ်ကြောင်း ဒါကိုကြိုက်နှစ်သက်တဲ့သူတွေက စိတ်ရောဂါရှိတာမဟုတ်ကြောင်းကို ပညာပေးထားတဲ့သဘောဖြစ်တဲ့အတွက် ဗဟုသုတရအောင် ကြည့်သင့်ပါတယ် ...

ဒီဇာတ်ကားလေးကို Mizzima + Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။

Mizzima+ Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့ Mizzima TV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင်

App ဒေါင်းလော့လုပ်ရန် - http://onelink.to/jnuwak

#New ပြသမည့်ရက်။ ။ ၂၈.၇.၂၀၂၃
ပြသမည့် အချိန် ။ ။ မနက် (၁၀:၀၀)နာရီ
ပြန်လည်ပြသမည့်အချိန်။ ။ ည (၁၀:၃၀) နာရီ

(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U”
👍9💩1
မဇ္ဈိမအတွက် ဗွီအိုအေ သတင်းလွှာ၊ ဇူလိုင်လ ၂၈ ရက်၊ ၂၀၂၃ | VOA On Mizzima
====================

ပစိဖိတ် ကျွန်းနိုင်ငံ သုံးနိုင်ငံနဲ့ ပတ်သက်လို့ လွန်ခဲ့တဲ့ အနှစ် ၂၀ က သဘောတူညီချက်ကို ပြန် အသက်သွင်းရေး  သမ္မတ ဘိုင်ဒန်အစိုးရရဲ့ အဆိုပြုချက်ကို  အမေရိကန် လွှတ်တော်အမတ်တွေ ပြန်သုံးသပ်နေကြပါတယ်။ ဒီလို စိတ်ဝင်စားစရာ နိုင်ငံတကာသတင်းဆောင်းပါးတွေနဲ့ နောက်ဆုံးရ ငွေကြေးဈေးကွက် သတင်းတွေကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်၊ မဇ္ဈိမအတွက် ဗွီအိုအေ အစီအစဉ်မှာ ကြည့်ရှုနိုင်ပါတယ်။

https://youtu.be/UWA-CBitJXw

#VOA
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍10😁2
နိုင်ငံရေးအကျဉ်းသားတွေကို အစဖျောက်ပစ်နေတဲ့ စစ်ကောင်စီ (ဆောင်းပါး)
===================

ဒီနှစ်အတွင်း စစ်ကောင်စီဟာ နိုင်ငံရေးအကျဉ်းသားတွေကို အကြောင်းမဲ့သတ်ပစ်တာတွေပိုများလာနေပါတယ်။ အရင်က နိုင်ငံရေးအကျဉ်းသားတွေကို စစ်ကြောရေးမှာသာသူတို့လိုချင်တဲ့အဖြေမရတဲ့အခါ အဆုံးစီရင်လေ့ရှိခဲ့ တာကနေ အခုတော့ ထောင်ထဲအထိလိုက်ပြီးအငြိုးတွေနဲ့ သတ်ပစ်နေခဲ့တာပါ။ သူတို့ရဲ့ လူသတ် လက်သုံးစကား ကတော့ “ထောင်ပြောင်းချိန်မှာ ထွက်ပြေးလို့” ဆိုတဲ့စကားပဲ ဖြစ်ပါတယ်။

https://youtu.be/lwNCRIp-jHY

#Newsfeature
#Mizzima
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
🤬10❤3😢2😁1
ပစိဖိတ်ကျွန်းနိုင်ငံဆိုင်ရာ မူဝါဒပြောင်းလဲရေး သုံးသပ် | VOA On Mizzima
===================

ပစိဖိတ် ကျွန်းနိုင်ငံ သုံးနိုင်ငံနဲ့ ပတ်သက်လို့ လွန်ခဲ့တဲ့ အနှစ် ၂၀ က သဘောတူညီချက်ကို ပြန် အသက်သွင်းရေး  သမ္မတ ဘိုင်ဒန်အစိုးရရဲ့ အဆိုပြုချက်ကို  အမေရိကန် လွှတ်တော်အမတ်တွေ ပြန်သုံးသပ်နေကြပါတယ်။ သဘောတူညီချက် ရဲ့ ရည်မှန်းချက် အဲဒီဒေသမှာ တရုတ်ရဲ့ လွှမ်းမိုးမှုကို တုံ့ပြန်ဖို့ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း လွှတ်တော်က အတည်ပြုဖို့ အချိန် သိပ်မကျန်တော့ပါဘူး။ VOA သတင်းထောက် Jessica Stone ရဲ့ သတင်းလွှာကို ကိုငြိမ်းချမ်း တင်ဆက်ထားပါတယ်။

https://youtu.be/bSPHEZhoRvk

#VOA
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍11😁2
စစ်ပွဲတွင်းက ယူကရိန်းအမျိုးသမီးတွေရဲ့ ကဏ္ဍ | VOA On Mizzima
=====================
 
ရုရှား ကျုးကျော်တိုက်ခိုက်မှုတွေကို တွန်းလှန်နေတဲ့ ယူကရိန်း စစ်တပ်မှာ တိုက်ခိုက်ရေးအပြင် တခြားအခန်းကဏ္ဍတွေမှာ အမျိုးသားတွေတင်မက အမျိုးသမီးတွေလည်း သောင်းနဲ့ချီ တာဝန်ထမ်းနေပါတယ်။ တချိန်ထဲမှာပဲ ဒီအမျိုးသမီးတွေဟာ မိသားစုတွေ ပြုစုစောင့်ရှောက်ဖို့နဲ့ သူတို့ဘဝတွေကို ပြန်တည်ဆောက်နိုင်ဖို့ လုပ်ဆောင်ကြရတာကြောင့် စိတ်ပိုင်း၊ ရုပ်ပိုင်း ဖိအားတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။ Kyiv မြို့တော်ကနေ VOA သတင်းထောက် Anna Chernikova သတင်းပေးပို့ထားတာကို မမြသဇင်အောင်က တင်ဆက်ထားပါတယ်။

https://youtu.be/1bqbQ0Q0Eo8

#VOA
#mizzimatv
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍4🔥2😁1
​​ထိုင်းနိုင်ငံ၏ နိုင်ငံရေးစုရုံးမှုများတွင် မပါဝင်ရန် မြန်မာရွှေ့ပြောင်းအလုပ်သမားများကို သတိပေး
==================

မေ ၁၄ ရက်က ထိုင်းရွေးကောက်ပွဲတွင် ရှေ့သို့ချီပါတီက အများဆုံး မဲရလဒ် ၃၈ ဒသမ ၀၁ ရာခိုင်နှုန်းဖြင့် အနိုင်ရခဲ့သည်။ သို့ရာတွင် ပါတီ၏ ဝန်ကြီးချုပ် ကိုယ်စားလှယ်လောင်း ဖိထာ လင်ဂျာရွန်ရတ်ကို စစ်တပ်ခန့်အပ်သည့် ဆီးနိတ်လွှတ်တော်၌ ဇူလိုင် ၁၉ ရက်က ပယ်ချ၍ ၎င်းအနေဖြင့် ဝန်ကြီးချုပ် မဖြစ်နိုင်တော့သကဲ့သို့ ရှေ့သို့ချီပါတီအနေဖြင့်လည်း အစိုးရ မဖွဲ့နိုင်တော့ပေ။

--------------------- 
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍12🔥1🥰1😁1
ဇူလိုင်လ ၂၈ ရက်နေ့ မနက်ပိုင်း ၁၁ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
=================

https://youtu.be/Br_0n9Ipn18

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🔥4
နိုင်ငံခြားရေးဝန်ကြီးချင်းဂန်ကိုထုတ်ပယ်ခြင်းနဲ့ပတ်သက်ပြီး ကောလာဟလများ ဖောင်းပွနေမှုအပေါ် တရုတ်ရှုတ်ချ
=============

https://youtu.be/NFbzITY6Vpg

#InternationalNews
#Mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😁7👍3
လူမှုကွန်ယက်မှာ လူကြည့်များတဲ့ တမိနစ် သတင်းတိုများ | VOA On Mizzima
=====================

အမေရိကန်စစ်သားတဦး တောင်ကိုရီးယားနိုင်ငံထဲကနေ မြောက်ကိုရီးယားနိုင်ငံစည်းထဲ ဝင်ပြေးသွားခဲ့တဲ့ ကိစ္စ အမေရိကန်တာဝန်ရှိသူတွေ ဖြေရှင်းဖို့ ကြိုးစားနေကြပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ လက်ဖဝါးဖြန့်လိုက်တာနဲ့ လက္ခဏာကို စက်နဲ့ဖတ်ပြီး ငွေချေနိုင်မယ့်စနစ် အမေဇုံ အွန်လိုင်းအရောင်းကုမ္ပဏီက မိတ်ဆက်လိုက်ပါတယ်။ ဒီလို ဆိုရှယ်မီဒီယာပေါ်မှာ လူကြည့်များတဲ့ တမိနစ် သတင်းတိုလေးတွေကို မအေးသန္တာကျော် စုစည်းတင်ဆက်ထားပါတယ်။

https://youtu.be/sMHeDEWmF4Y
 
#VOA
#mizzimatv
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🔥2👍1😁1
မြန်မာအလုပ်သမားဈေးကွက် အခက်အခဲမျိုးစုံနဲ့ စိန်ခေါ်မှုတွေရှိနေဆဲလို့ ILO ပြော
=================

မြန်မာနိုင်ငံက အလုပ်သမားတွေဟာ ကိုဗစ်ကပ်ရောဂါနဲ့ ၂ဝ၂၁ စစ်အာဏာသိမ်းမှုဆိုးကျိုးတွေရဲ့ နောက်ဆက်တွဲ ဖြစ်ပေါ်လာတဲ့ လူမှုစီးပွားပြဿနာတွေကို တွေ့ကြုံခံစားနေရတယ်လို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO) က ပြောကြားလိုက်ပါတယ်။

အလုပ်အကိုင်ရရှိနှုန်း၊ အလုပ်အရည်အသွေးနဲ့ ကုန်ထုတ်စွမ်းအား ဆက်လက် ကျဆင်းနေပြီး စိန်ခေါ်မှုတွေ ရှိနေတယ်လို့ ILO က ဇူလိုင် ၂၇ နေ့စွဲနဲ့ထုတ်ပြန်တဲ့ သုံးသပ်ချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံရဲ့ အလုပ်သမားဈေးကွက်ဟာ အချို့ကဏ္ဍတွေမှာ အနည်းငယ် တိုးတက်လာပေမဲ့ အလုပ်အကိုင်ဖန်တီးမှုဟာ များပြာလာတဲ့လူဦးရေအတွက် အမီလိုက်နိုင်ခြင်းမရှိတာကြောင့် ၂၀၂၂ ခုနှစ်မှာ အလုပ်လုပ်နိုင်တဲ့ လူဦးရေရဲ့ ၅၄ဒသမ၅ ရာခိုင်နှုန်းပဲ အလုပ်အကိုင်ရရှိတော့ပါတယ်။ 
ဒါဟာ ၂၀၁၇ ခုနှစ်နဲ့ နှိုင်းယှဉ်ရင် ၈ဒသမ၂ ရာခိုင်နှုန်း ကျသွားတာပါ။

အဲဒီလို ကျဆင်းသွားတဲ့နေရာမှာ အမျိုးသမီးတွေရဲ့ အလုပ်လုပ်နိုင်တဲ့ လူဦးရေနဲ့ အလုပ်အကိုင်ရရှိမှုအချိုး ဟာ အမျိုးသားတွေထက် နှစ်ဆ ကျဆင်းသွားတာကြောင့် အမျိုးသမီးတွေအပေါ် သက်ရောက်မှု ပိုကြီးတယ်လို့ ILOက ဆိုပါတယ်။
ကြုံရာကျဘန်း အလုပ်လုပ်ရသူတွေပိုများလာတာနဲ့အတူ အလုပ်အကိုင်အရည်အသွေးတွေ ကျဆင်းနေပါတယ်။ 

ကုန်ထုတ်စွမ်းအားတွေလည်းကျဆင်းနေပြီး ၂၀၂၁ ခုနှစ်အတွင်း ၈ ရာခိုင်နှုန်းကျခဲ့ပြီး ၂၀၂၂ ခုနှစ်မှာတော့ နောက်ထပ် ၂ ရာခိုင်နှုန်းထပ်ကျပြီး ၁၀ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့တယ်လို့ ILO ကပြောပါတယ်။

ILO အစီအရင်ခံစာသစ်မှာ "မြန်မာနိုင်ငံက အလုပ်အကိုင်အခြေအနေတွေဟာ ခိုင်မာမှု မရှိသေးသလို၊ အလုပ်သမားတွေဟာလည်း မရေရာတဲ့ အနာဂတ်နဲ့စိန်ခေါ်မှုတွေ အများအပြား ရင်ဆိုင်နေရကြောင်း၊ မြန်မာနိုင်ငံမှာ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်ရေးဟာ နိုင်ငံနဲ့နိုင်ငံသားတွေအတွက် အသက်တမျှ အရေးပါတဲ့အခြေအနေဖြစ်ပြီး လူမှုရေးတရားမျှတမှုနဲ့ အလုပ်အကိုင်ကောင်းတွေပြန်ရဖို့ အရေးကြီးတဲ့ အခြေအနေတစ်ရပ် ဖြစ်ပါတယ်"လို့ ILO မြန်မာရဲ့ဆက်ဆံရေးအရာရှိ Donglin Li က ပြောထားပါတယ်။

တချို့လုပ်ငန်းတွေမှာ အလုပ်အကိုင်အခွင့်အလမ်းတွေ ပြန်ပြီးတိုးလာပေမဲ့ လူဦးရေတိုးနှုန်းကိုတော့ လိုက်မမှီသေးကြောင်း ILO က ထောက်ပြထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်မှာ လူဦးရေရဲ့ ၈.၂ ရာခိုင်နှုန်းသာ အလုပ်လိုအပ်ချက်ရှိခဲ့ပေမဲ့ ပြီးခဲ့တဲ့ ၂ဝ၂၂ ခုနှစ်မှာတော့ လူဦးရေရဲ့ ၅၄.၅ ရာခိုင်နှုန်းအထိ အလုပ်လိုအပ်ချက် ရှိနေတာတွေ့ရတာကြောင့် အလုပ်လက်မဲ့နှုန်းက သိသာစွာတိုးလာတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အလုပ်သမားတွေဟာ ဥပဒေနဲ့စည်းကြပ်မှုအောက်မှာ မရှိတဲ့ လုပ်ငန်းကဏ္ဍတွေမှာ ဝင်ရောက် လုပ်ကိုင်လာရတာကြောင့် အလုပ်အကိုင်အရည်အသွေးတွေလည်း ကျဆင်းလာတယ်လို့ ILOရဲ့ ထုတ်ပြန်ချက်က ဆိုပါတယ်။

စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနရဲ့အချက်အလက်တွေအရ မြန်မာနိုင်ငံမှာ ၂၀၂၀ ခုနှစ်ကနေ ၂၀၂၃ အထိ သုံးနှစ်အတွင်း အလုပ်လက်မဲ့နှုန်း သုံးရာခိုင်နှုန်းကျော်အထိ တိုးလာတယ်လို့ ဆိုပါတယ်။
စစ်အာဏာမသိမ်းခင်က မြန်မာနိုင်ငံရဲ့အလုပ်လက်မဲ့နှုန်းဟာ တစ်ရာခိုင်နူန်းအောက်မှာသာ ရှိနေခဲ့ပေမယ့် အာဏာသိမ်းအပြီး နှစ်ပိုင်းအတွင်း အဆမတန်တိုးမြင့်လာတဲ့အပေါ် စိတ်ပျက်ရတယ်လို့လည်း အလုပ်သမားရေးရာ စောင့်ကြည့်လေ့လာသူတွေက ဆိုပါတယ်။
မြန်မာနိူင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် လုပ်ငန်းတွေ ရပ်ဆိုင်းတာ၊ လုပ်သားအင်အား လျှော့ချလိုက်တာတွေကြောင့် အလုပ်လက်မဲ့ဦးရေ တသန်းခွဲကျော်အထိ ရှိလာတယ်လို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ ရဲ့ ပြီးခဲ့တဲ့ ၂၀၂၂ နှစ်ဆန်းပိုင်းက ထုတ်ပြန်ထားချက်အရသိရပါတယ်။

https://youtu.be/kcMDE0HQ9N8

#PoliticalNews 
#Mizzima
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍11🔥3