Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​အိန္ဒိယအစိုးရက မြန်မာနိုင်ငံသားများအား ဇီဝမှတ်တမ်းကောက်ယူနေမှုကို India for Myanmar ကန့်ကွက်
==================

ပါခွီး
(မဇ္စျိမ)။ ။ အိန္ဒိယအစိုးရက နိုင်ငံအတွင်းခိုလှုံနေသည့် မြန်မာနိုင်ငံသားများကို ဇီဝမှတ်တမ်း (Biometric) ကောက်ယူနေမှုအား ပြင်းထန်စွာကန့်ကွက်ရှုံချကြောင်း အရပ်ဘက်အဖွဲ့အစည်းတခုဖြစ်သော India for Myanmar မှ ဇူလိုင်လ ၃၀ ရက်တွင် ထုတ်ပြန်သည်။

အိန္ဒိယနိုင်ငံသို့ အရေးပေါ်ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့်အတွက် စီးပွားရေး၊ လူမှုရေး အဆင်မပြေမှုများ ကြောင့် မြန်မာနိုင်ငံသားများသည် စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ဒုက္ခမျိုးစုံကို ခံစားနေရကြောင်း ဆိုသည်။ ထို့ ကြောင့် လုံခြုံရေးအကြောင်းပြကာ လူပုဂ္ဂိုလ်တဦးချင်းစီ၏ စိတ်ဆန္ဒကိုလျစ်လျူရှု၍ ဇီဝမှတ်တမ်း ကောက်ယူနေခြင်းကို ကန့်ကွက်ရခြင်းဟု ထုတ်ပြန်ချက်တွင်ရေးထားသည်။

“မြန်မာဖက်ကတောင်းဆိုတဲ့ တရားခံတွေကို Biometric အခြေခံထောက်လှမ်းပြီး စစ်ကောင်စီနဲ့ လက်တွဲ လုပ်ဆောင်မှာကို ကျနော်တို့စိုးရိမ်တယ်။ ဒီလိုလုပ်တာ မြန်မာနိုင်ငံဘက်ကနေခိုလှုံလာတဲ့ နိုင်ငံရေးအရ ပစ် မှတ်ထားခံထားရတဲ့သူတွေအတွက်တော့ အတော်အန္တရာယ်ရှိတဲ့ အနေအထားဖြစ်တယ်” ဟု India for Myanmar လှုပ်ရှားမှုတွင် ဦးဆောင်ပါဝင်သူ ဆလိုင်းဒိုခါရ် က မဇ္စျိမ ကိုပြောသည်။

အိန္ဒိယအစိုးရ၊ ပြည်ထဲရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်ဖြင့် မဏိပူရပြည်နယ်တွင် ခိုလှုံလျက်ရှိသည့် “တရားမဝင် မြန်မာ ရွှေ့ပြောင်းသူများ” ဇီဝမှတ်တမ်း (Biometric) ကောက်ယူမှုကို ဇူလိုင်လ ၂၉ ရက်မှ စက်တင်ဘာလအကုန်ထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မဏိပူရပြည်နယ်အတွင်း လူမျိုးစုများအကြားဖြစ်ပွားနေသာ အရေးအခင်းများမှာ မြန်မာစစ်ဘေးရှောင် များကြောင့် ပြဿနာဖြစ်ရကြောင်း၊ ၎င်းတို့ရောက်ရှိပြီးမှ မူးယစ်ဆေးဝါး
ရောင်းဝယ်ဖောက်ကားမှုများ ပိုမိုများပြားလာကြောင်း စွပ်စွဲချက်များလည်းရှိနေ၍ Biometric ကောက်ယူပြီးချိန်တွင် ပစ်မှတ်ထားခံရ မည်ကို စိုးရိမ်ကြောင်းဆိုသည်။

ဒုက္ခသည်မြန်မာပြည်သားအား အတင်းအဓမ္မ ဇီဝမှတ်တမ်းကောက်ယူခြင်းသည် ပုဂ္ဂလိက လွတ်လပ်ခွင့် (Right to Privacy) ကို ချိုးဖောက်ခြင်းဖြစ်ပြီး မှတ်တမ်းများကို စုဆောင်းခြင်းနှင့် သိမ်းဆည်းခြင်းသည် လူတဦးချင်စီ၏ ကိုယ်ရေးကိုယ်တာဘဝများသို့ ဝင်ရောက်ချယ်လှယ်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

မည်သို့သောအချက်အလက်မဆို ကောက်ယူပါက ကြိုတင်အသိပေးထားသော သဘောတူညီမှု (Informed Consent)နှင့် မိမိဆန္ဒအလျောက် (Voluntary) ဒုက္ခသည်များက အချက်အလက်ပေးသည့် ဖြစ်စဉ်ဖြစ်ရမည်ဟုလည်း ဆိုသည်။

အိန္ဒိယအစိုးရအနေဖြင့် အတင်းအဓမ္မ ဇီဝမှတ်တမ်းများကောက်ယူခြင်းအား ချက်ခြင်းရပ်တန့်ရန်၊ မြန်မာ ပြည်ဒီမိုကရေစီအင်အားစုများအား တရားဝင်အားပေးထောက်ခံရန် ထုတ်ပြချက်တွင် ဖော်ပြထားသည်။

မြန်မာပြည်ဒုက္ခသည်အရေးနှင့်ပတ်သက်ပြီး သက်ဆိုင်ရာ ကုလအဖွဲ့အစည်းများ၊ အရပ်ဖက် အဖွဲ့အစည်း များနှင့် NUG အစိုးရအပါအဝင် မြန်မာဒုက္ခသည်ကော်မတီများ နှင့်တွေ့ဆုံဆွေးနွေး၍ ကုလလုပ်ထုံး လုပ် နည်းများနှင့်အညီ ယာယီနေထိုင်ခွင့်ကတ်များထုတ်ပေးကာ နိုင်ငံတကာ လူသားချင်းစာနာမှု အထောက် အပံ့များပေးရန် India for Myanmar မှ တောင်းဆိုထားသည်။

“ကျနော်တို့ထုတ်ပြန်ချက်ထဲက အချက်အလက်တွေကို ဘယ်လောက်ထည့်သွင်း စဉ်းစားလဲဆိုတာ ဆက် လက်စောင့်ကြည့်သွားဖို့ရှိတယ်။ အိန္ဒိယအစိုးရက ဘယ်လိုလုပ်ဆောင်မလဲဆိုတဲ့ အပေါ်မူတည်ပြီး ဘာ ဆက်လုပ်မလဲဆိုတာ ပြန်လည်ဆုံးဖြတ်သွားမှာပါ” ဟု ဆလိုင်းဒိုခါရ်က ဆက်ပြောသည်။

ဇီဝအချက်အလက်ကောက်ယူမှုတွင် မပူးပေါင်းလိုသော မြန်မာစစ်ဘေးရှောင်များအပေါ် တုန့်ပြန်ဆောင် ရွက်မှုများကိုလည်း စောင့်ကြည့်နေကြောင်းလည်း ၎င်းကဆိုသည်။

ဇီဝမှတ်တမ်းအချက်အလက်ကောက်ယူခြင်းဆိုသည်မှာ လူတဦးချင်းစီ၏ မတူညီသည့် တမူထူးခြားသော ရုပ်ပိုင်းဆိုင်ရာ(သို့မဟုတ်)အပြုမူဆိုင်ရာလက္ခဏာများကို နည်းပညာအသုံးပြု သိမ်းဆည်းခြင်းဖြစ်သည်။

လူတဦးခြင်းစီအား ခွဲခြားမှတ်တမ်းတင်ရန်နှင့် ယေဘုယျ ဇီဝဗေဒဆိုင်ရာ အချက်အလက်များတွင် လက်ဗွေများ၊ မျက်နှာပုံများ၊ မျက်ဝန်းစကင်န်များ၊ DNA ပရိုဖိုင်များ၊ အသံဗွေရာများနှင့် အခြားအရာများ ပါဝင်ကြောင်း ထုတ်ပြန်ချက်တွင် အသိပေးထားသည်။
မြန်မာနိုင်ငံတွင် စစ်တပ်ကအာဏာသိမ်းပြီးနောက် အိန္ဒိယနိုင်ငံ မဏိပူရ၊ မီဇိုရမ်၊ နာဂလဲန်းနှင့် နယူး ဒေလီတို့တွင် မြန်မာနိုင်ငံသား ၅၀,၀၀၀ ကျော် ဝင်ရောက်ခိုလှုံနေကြောင်း ဒေသတွင်း အကူအညီပေးရေး အဖွဲ့အစည်းများထံမှ သိရသည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။စောဖေ

#မဏိပူရပြည်နယ်
#အိန္ဒိယ
#ဇီဝမှတ်တမ်း
#ဒုက္ခသည်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬7😁2👍1
​​အာဏာ ဆက်လက်ချုပ်ကိုင်ထားနိုင်ရန် ဒေါ်အောင်ဆန်းစုကြည်ကို အသုံးချပြီး အကွက်ရွှေ့မည့် စစ်ကောင်စီ
==========================

အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်သည် ၂၀၂၁ ခုနှစ်က အာဏာသိမ်းခဲ့ချိန်က မြန်မာပြည်သူလူထုအပေါ် အကြီးအကျယ် အတွက်အချက်မှားခဲ့သည်ဟု အကဲခတ်လေ့လာသူတို့က ပြောသည်။ ထို့နောက် လက်ရှိနှစ်နှစ်ကြာလာသည်အထိ ခါးသီးသော လက်နက်ကိုင် တွန်းလှန်တိုက်ခိုက်မှုတစ်ရပ်ကို ရင်ဆိုင်ရလျက်ရှိစဉ် မင်းအောင်လှိုင်အနေဖြင့် ၂၀၁၀ ခုနှစ် နိုင်ငံ၏ တံခါးဖွင့်မှုကာလဆီ “တစ်ကျော့ပြန်ရောက်စေရေး” ရုတ်တရက် နောက်ကြောင်းပြန်လှည့်ခြင်းအားဖြင့် ပြည်တွင်းရှိ ပူပန်သောကတို့ကို လျော့ကျစေရန်နှင့် စိတ်ဆိုးအမျက်ထွက်နေသော အနောက်နိုင်ငံများကို ချွေးသိပ်ရန် မျှော်လင့်ကောင်း မျှော်လင့်နေနိုင်သည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😁12👍4🤣3😢1
စစ်အာဏာရှင်ဆန့်ကျင်ရေး ရွာပေါင်းစုံသပိတ် ချီတက်ဆန္ဒပြ
==================

ပါခွီး
(မဇ္စျိမ)။ ။ စစ်ကိုင်းတိုင်း ၊ ယင်းမာပင်မြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာများမှ စုပေါင်း၍ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲ ကို ဇူလိုင်လ ၃၁ ရက် ယနေ့တွင် ချီတက်ခဲ့ ကြသည်။

လူထုသပိတ်စစ်ကြောင်းသည် စစ်အာဏာရှင်ဆန့်ကျင်သည့် ကြွေးကြော်သံများ ဟစ်ကြွေးချီတက်ခဲ့ကြပြီး ကျဆုံးခဲ့သည့် အာဇာနည်များကို အလေးပြုခဲ့ကြပြီး သွေးသစ္စာသီချင်းကို သံပြိုင်သီဆိုခဲ့ကြောင်း သိရသည်။

ယနေ့ချီတက်ပွဲသည် ရွာပေါင်းစုံ သပိတ်စစ်ကြောင်း၏ စစ်အာဏာရှင်ဆန့် ကျင်ရေး (၈၆၁) ရက်မြောက်အဖြစ် ချီတက်ခဲ့ကြခြင်း ဖြစ်သည်။

#စစ်အာဏာရှင်
#ဆန္ဒပြ
#Mizzima

Website Link - http://www.mizzimaburmese.com/article/131506
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍14🔥1😁1
​​စစ်ကောင်စီတပ်၏ လူသားဒိုင်းအဖြစ် ဖမ်းဆီးခြင်းခံရသော ကံပေါက်ဒေသခံများ ပြန်လွတ်လာ
=======================

ကိုရွှေမြိတ်
(မဇ္ဈိမ)။ ။တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသ၊ ဇာဒီကျေးရွာသို့ စစ်ကြောင်းထိုးဝင်ရောက်လာ သည့် စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားသော ဒေသခံများ ဇူလိုင်လ ၃၀ ရက်နေ့ ညနေ ၆ နာရီ ခန့်ကပြန်လွတ်လာကြောင်း ဖမ်းဆီးခံရသူများ၏မိသားစုနှင့် နီးစပ်သူထံမှ သိရသည်။

ပြီးခဲ့သော ဇူလိုင်လ ၂၇ ရက်နေ့မှစပြီး စစ်ကောင်စီတပ်က ကံပေါက်ဒေသသို့ အင်အား ၁၅၀ ခန့်ဖြင့် စစ် ကြောင်းထိုးကာ ခေါင်ပြန်၊ ဒိုက်တဂေါ်၊ ခရင်းချောင်း၊ ဘဝါနှင့် ထွက်ဝကျေးရွာများမှ ဒေသခံ ၅၀ နီးပါးကို ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်။

ပြန်လည်လွတ်မြောက်လာသူ၏ မိသားစုနှင့်နီးစပ်သူတဦးက “ဖမ်းသွားကတည်းက အရှေ့ကနေ လူသား ဒိုင်းအနေနဲ့ သွားခိုင်းတယ်။ လမ်းတလျှောက်လုံးမှာ စစ်တပ်ကရိက္ခာနဲ့ လက်နက်ခဲယမ်းတွေကို အဓိက သယ်ခိုင်းခဲ့တယ်လို့ သိရပါတယ်” ဟု ပြောသည်။
ဖမ်းဆီးခံရသူများအား လေးရက်မြောက်နေ့တွင် ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်ပြီး ပြန်လွတ်လာသည့်အချိန်ထိ ရိုက်နှက်ခံရခြင်းမရှိကြောင်း လွတ်မြောက်လာသူများက ပြောသည်။

“ပြန်လွှတ်ပေးလိုက်တာက သူတို့လိုချင်တဲ့ခရီးကိုရောက်လို့ ပြန်လွှတ်ပေးလိုက်တာပါ၊ ထားဝယ်ရေနက် ဆိပ်ကမ်းအထိခေါ်သွားတာပါ၊ အဲနေရာကိုရောက်မှ ပြန်လွှတ်ပေးလိုက်တာ” ဟု လွတ်မြောက်လာသူ တဦးက ပြောသည်။

စစ်ကောင်စီတပ်က ပြန်လွတ်ပေးချိန်တွင် ညနေ ၆ နာရီခန့်ရှိပြီဖြစ်၍ မိုးချုပ်သွားခြင်းကြောင့် ရွာသို့မပြန် နိုင်ဘဲ နဘုလယ်ဒေသက လဲရှောင်ရွာ ဘုန်းကြီးကျောင်း၌ ညအိပ်နားခိုခဲ့ရကြောင်း သိရသည်။
စစ်ကောင်စီတပ်က ကံပေါက်ဒေသ ဇာဒီကျေးရွာကို မြေတင်ကားငါးစီးနှင့်အတူ အင်အား ၁၅၀ ဝန်းကျင် ခန့်ဖြင့် ဇူလိုင်လ ၂၇ ရက် နံနက် ၅ နာရီအချိန်တွင် နယ်မြေရှင်းလင်းရေးလုပ်ဆောင်ရန် ရောက်ရှိနေခြင်း ဖြစ်သည်။

ဇူလိုင်လ ၂၇ ရက်မှ ၃၀ ရက်အထိ သုံးရက်အတွင်း စစ်ကောင်စီတပ်၏ဖမ်းဆီးခြင်းခံရသူ စုစုပေါင်း ၄၈ ဦး ရှိကြောင်း ဒေသခံများထံမှ သိရသည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#တနင်္သာရီတိုင်း
#ကံပေါက်ဒေသ
#လူသားဒိုင်း
#စစ်ကောင်စီစစ်ကြောင်း

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍19🥴2
Media is too big
VIEW IN TELEGRAM
July - 31 [ 7 Pm ] The Mizzima Primetime

Mizzima Headline News

#7pmnews #themizzimaprimetime #reels #shorts
😁4❤1👍1
ဇူလိုင်လ (၃၁) ရက် ၊ ည ၇ နာရီ The Mizzima Primetime မဇ္စျိမပင်မသတင်းအစီအစဥ် 
======================

- အာဏာသိမ်း စစ်ကောင်စီ သက်တမ်း ၆ လ ထပ်တိုးတဲ့သတင်း

- ဒေါ်အောင်ဆန်းစုကြည်အတွက် ထောင်ဝင်စာပစ္စည်း နေပြည်တော်အချုပ်ထောင်မှာ ဆက်လက် လက်ခံတဲ့သတင်း

- တနင်္သာရီတိုင်း နယ်လုံဝန်ကြီးဖမ်းဆီးမှုနောက်ဆက်တွဲ လုပ်ငန်းရှင်ကြီး ၆ ဦး စစ်ဆေးခံရတဲ့သတင်း

- အစစ်အဆေးကြမ်းတဲ့ ဘားအံတံတား စစ်ဆေးရေးဂိတ်မှာ ကားမိုင်းခွဲခံရပြီး ထိခိုက်သေဆုံးသူ များပြား တဲ့သတင်း

- မြန်မာစစ်ဘေးဒုက္ခသည်တွေရဲ့ အချက်အလက်ကောက်ခံနေတာတွေကို ရပ်ဖို့ အိန္ဒိယကို တောင်းဆိုတဲ့သတင်း

- မျိုးတုံး ပျောက်ကွယ် လုနီးပါး ဖြစ်နေတဲ့ အင်ဒိုချိုင်းနား ကျားကို မြန်မာနိုင်ငံမှာတွေ့ရှိတဲ့သတင်းနဲ့

- ဩစတြေးလျရဲ့ ဒုံးကျည်တိုးမြှင့်ထုတ်လုပ်ဖို့ အမေရိကန်ကူညီမယ့် သတင်းတွေအပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးပါမယ်။

https://www.youtube.com/live/yjoDsAa_BrY?feature=share

#7pmnews 
#themizzimaprimetime 
#MizzimaTV
👍9🍌3
​​ဆေးရုံအနီးဗုံးပေါက်ကွဲပြီးနောက် မူဆယ်မြို့ကို စစ်ကောင်စီက မာရှယ်လောထုတ်
==============

007

(မဇ္စျိမ)။ ။ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆေးရုံအနီးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် စစ်ကောင်စီက ပုဒ်မ(၁၄၄)(မာရှယ်လော) ထုတ်ပြန်လိုက်ကြောင်း ဒေသခံများထံမှသိရသည်။

“မာရှယ်လောဆိုပြီး တချို့နေရာတွေမှာ လော်စပီကာနဲ့လိုက်အော်တယ်။ ရပ်ကွက်ရုံးတွေနဲ့နီးတဲ့နေရာ တွေမှာတော့ ဗီနိုင်းတွေလိုက်ကပ်သွားတယ် ” ဟု မူဆယ်ဒေသခံတဦးက ပြောသည်။

မူဆယ်မြို့ ပြည်သူ့ဆေးရုံ၀င်ပေါက်အနီးတွင် ဇူလိုင်လ ၂၉ ရက်နေ့ ည ၈ နာရီ၀န်းကျင်ခန့်က ဗုံးနှစ်လုံး ပေါက်ကွဲခဲ့ပြီး အစောင့်၀န်ထမ်းနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့သည်။

ပေါက်ကွဲမှုဖြစ်ပွားအပြီး နာရီပိုင်အကြာတွင် မြို့အ၀င် တိုးဂိတ်ကိုပိတ်လိုက်ပြီး ည ၁၀ နာရီမှစ၍ ပုဒ်မ (၁၄၄)(မာရှယ်လော)ထုတ်ပြန်ကြောင်း စစ်ကောင်စီကကြေညာခဲ့ခြင်း ဖြစ်သည်။

“ အဲဒီညက မာရှယ်လောထုတ်တာကိုမသိလိုက်တဲ့ ကား ၁၀ စီးလောက် အဖမ်းခံလိုက်ရတယ်။ 

မနေ့ည ကတော့ ပြန်လွှတ်ပေးတယ်လို့ ကြားတာပဲ။ မနေ့ညက အဖမ်းခံရတာတွေတော့ ဒီနေ့အထိ ပြန်လွတ် မလာသေးဘူး။ အယောက် ၂၀ လောက်ရှိတယ်။ မာရှယ်လောထုတ်တဲ့ကိစ္စက တိုက်ပွဲတွေကြောင့်လည်း ဖြစ်နိုင်တယ်။ မနေ့ညကအထိကို လက်နက်ကြီးပစ်သံတွေကြားရတယ်” ဟု မူဆယ်ရောက် မန္တလေးမြို့မှ ကုန်သည်တဦးကပြောသည်။

တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့နှင့်နမ့်ခမ်းမြို့ကြားရှိ ဇယ်လန့်ကျေးရွာအနီးတွင် ဇူလိုင်လ ၂၃ ရက်နေ့ ညနေပိုင်းက စစ်ကောင်စီတပ်နှင့် စင်ကျော့ပြည်သူ့စစ်ပူးပေါင်းထားသောအဖွဲ့နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်(TNLA)တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ပြည်သူ့စစ်သုံးဦး သေဆုံးခဲ့ကြောင်းဆိုသည်။

ထိုနေ့မှစ၍ နေ့စဉ်တိုက်ပွဲများဖြစ်ပွားနေပြီး ဇူလိုင်လ ၂၉ ရက်နေ့တွင် မူဆယ်ပြည်သူ့ဆေးရုံအနီး ဗုံးနှစ် လုံးပေါက်ကွဲခဲ့ပြီးနောက် မာရှယ်လောအမိန့် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဇူလိုင်လ ၂၃ ရက်နောက်ဆုံးပတ်မှစပြီး စစ်ကောင်စီတပ်နှင့် တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)၊ မြန်မာအမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် (MNDAA)၊ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)တို့အကြား တိုက်ပွဲများဆက်တိုက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့်ပစ်ခတ်မှုကြောင့် ဇူလိုင်လ ၂၄ ရက်နေ့က ကွတ်ခိုင်မြို့နယ် နမ့်အွန်ကျေးရွာဈေးအတွင်း လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲပြီး အမျိုးသားတဦးသေဆုံးခဲ့သည်။

ဓာတ်ပုံ- ပေးပို့

စာတည်း။ ။Alden
စာမူတည်းဖြတ်။ ။စောဖေ

#ရှမ်းပြည်နယ်မြောက်ပိုင်း
#မူဆယ်မြို့
#မာရှယ်လော
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍5😢5👏4🔥1
"မင်းအောင်လှိုင်အနေနဲ့ မထိန်းနိုင်တော့ဘူးလို့ စစ်တပ်ဘက်က လူဟောင်းကြီးတွေက ယုံကြည်လာတာပေါ့" Editorial Talk
===============

မဇ္ဈိမ

ဒီတစ်ပတ်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ပြောင်းလိုက်တာ ဘာကြောင့်ပါလဲ၊ မြန်မာပြည်အခြေအနေ ရှေ့မှာ ဘာတွေ မြင်တွေ့လာနိုင်မလဲ" စတဲ့ အမြင်နဲ့ သုံးသပ်ချက်တွေကို သတင်းခန်း စီမံခန့်ခွဲမှု အယ်ဒီတာ ဦးစိန်ဝင်းနဲ့ ကိုနောင်နောင်တို့က ဆွေးနွေးထားပါတယ်။

https://youtu.be/g4NGZXeG9-k

#Editorialtalk
#Mizzima
👍15😁3
ဇူလိုင်လ (၃၁) ရက်၊ တနင်္လာနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
================

ဒီကနေ့နားဆင်ရမယ့်အစီအစဉ်ကတော့ ...

စစ်ကောင်စီက ဒီကနေ့ ဇူလိုင် ၃၁ ရက်မနက်က အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီ အစည်းအဝေးခေါ်ပြီး အရေးပေါ်ကာလကို နောက်ထပ် ၆ လသက်တမ်း ထပ်တိုးလိုက်တဲ့သတင်းအပါအဝင် ရခိုင်နယ်စပ်ကုန်သွယ်ရေးရပ်လုနီးပါးဖြစ်နေ တဲ့အကြောင်းတွေပါဝင်တဲ့ ပြည်တွင်းသတင်းတွေကိုနားဆင်ရမှာဖြစ်ပြီး နိုင်ငံတကာဘက်မှာတော့ ဒီမိုကရေစီရေးဆန္ဒပြပွဲသီချင်းကို အစိုးရကတားမြစ်ပိတ်ပင်တဲ့အပေါ် ဟောင်ကောင်တရားရုံး ပယ်ချလိုက်တယ်ဆိုတဲ့ နောက်ဆုံးရသတင်းတွေနဲ့အတူ စီးပွားရေးသတင်းတွေနဲ့ အားကစားကဏ္ဍကိုလည်းနားဆင်ရမှာပါ။ 

သတင်းတွေအပြီးမှာတော့ ဒီနေ့အတွက် သတင်းသုံးသပ်ချက်၊သတင်းဆောင်းပါးနဲ့ ကုန်ဈေးနှုန်းတွေကိုလည်း နားဆင်ရဖို့ရှိပါတယ်။ိ 

အဲဒါပြီးရင်တော့ အပတ်စဉ် ကဏ္ဍအဖြစ် “Mizzima Editorial Talk” အစီအစဉ်ကို နားဆင်ရမှာဖြစ်ပြီး တိုင်းရင်းသားတွေရဲ့အသံနဲ့အမြင်တွေကို စုစည်းတင်ဆက်ပေးနေတဲ့ BNI ရေဒီယိုအစီအစဉ်ကိုလည်း ထုတ်လွှင့်သွားဖို့ရှိပါတယ်။ 

https://youtu.be/qn09RC2oWik

#Mizzimaradio 
#Eveningradio
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍11😁3
​​နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၃၁ ဇူလိုင် ၂၀၂၃) 
======================

NUG ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် ၁ စစ် ဒေသရုံးမှ ဒေသအခြေစိုက် PDF များ တော်လှန်ရေး အဖွဲ့များ အကြား ဖိနှိပ်မှု ခွဲခြားဆက်ဆံသည့် အမိန့်ညွှန်ကြားချက်များထုတ်ပြန်နေခြင်းသည် မူလ ရည်မှန်း ချက်ဖြစ် သည့် စစ်အာဏာရှင်တော်လှန်နှင့် ဖက်ဒရယ်တပ်မတော် တည်ဆောက်ရေး ထိခိုက်လာ နိုင်ဖွယ်ရှိ သည့်အတွက် ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ပြန်လည်သုံးသပ်ရန်လိုနေသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8😁3🤔1
​​မလှိုင်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးနေအိမ် တိုက်ခိုက်ခံရပြီး မိသားစု၀င် ၃ ဦးအပါအ၀င် ၅ ဦးသေဆုံး
====================

007
(မဇ္စျိမ)။ ။မလှိုင်မြို့နယ်၊ သက္ကယ်ကျင်းကျေးရွာတွင် ကျေးရွာအုပ်ချုပ်ရေးမှူးနေအိမ်အား ပြည်သူ့ကာကွယ် ရေးပူးပေါင်းတပ်ဖွဲ့မှ၀င်ရောက်တိုက်ခိုက်ရာ အုပ်ချုပ်ရေးမှူး၏မိသားစု၀င်သုံးဦးအပါအ၀င် ငါးဦးသေဆုံး ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်၊ သက္ကယ်ကျင်းကျေးရွာတွင် ဇူလိုင်လ ၂၉ ရက်နေ့ ညနေ ၅ နာရီ၀န်းကျင်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“အုပ်ကြီးနဲ့သူ့မိန်းမကလွတ်သွားတယ်။ အုပ်ကြီးသမီးနဲ့ အစ်ကိုတယောက်၊ အစ်မတယောက်၊ နောက်ပြီး တော့ အုပ်ကြီးတို့နဲ့ ဆွေမျိုးမကင်းတဲ့အထဲကနှစ်ယောက်၊ အားလုံးပေါင်း ငါးယောက်သေတယ်။ PDF တွေအများကြီး ရွာထဲ၀င်လာပြီးပစ်တာ” ဟု ဒေသခံတဦးကပြောသည်။

သက္ကယ်ကျင်းကျေးရွာအုပ်ချုပ်ရေးမှူး၏သမီး ဒေါ်သူဇာ၊ အစ်မဖြစ်သူ ဒေါ်ကြည်လွင်၊ အစ်ကိုဖြစ်သူ ကိုစိန်၀င်းဆိုသူနှင့် အခင်းဖြစ်စဉ်အနီးတွင်ရှိနေသူ ကိုနေထက်အောင်နှင့် ဦးခင်စိုးတို့ ပွဲချင်းပြီး သေဆုံးခဲ့ ခြင်းဖြစ်ကြောင် သိရသည်။

ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့လေးဖွဲ့ပူးပေါင်းကာ ၀င်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြန် လည်ဆုတ်ခွာစဉ် ကျေးရွာစာသင်ကျောင်းအတွင်းတပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့နှင့် အပြန်အလှန် ပစ်ခတ်မှုတို့ဖြစ်ခဲ့သေးကြောင်း ဒေသခံများကပြောသည်။

အဆိုပါတိုက်ခိုက်မှုကို ဒေသအခြေစိုက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဖြစ်ကြသော Natogyi People Defence Force (မြင်းခြံခရိုင် အမှတ် ၄ တပ်ရင်း)၊ မလှိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ နွားထိုးကြီး မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ဗိုလ်စားပြောက်ကျားတပ်ဖွဲ့(မြင်းခြံ)တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း Natogyi People Defence Force က ယနေ့ ဇူလိုင်လ ၃၁ ရက်နေ့ ညနေပိုင်းတွင် သတင်း ထုတ်ပြန်ထားသည်။

စာသင်ကျောင်းအတွင်း အပြန်အလှန်ပစ်ခတ်မှုတွင် စစ်ကောင်စီတပ်သားသုံးဦးသေဆုံးပြီး အုပ်ချုပ်ရေး မှူးနေအိမ်တိုက်ခိုက်မှုတွင် ပျူစောထီးငါးဦးသေဆုံးကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
အဆိုပါထိခိုက်သေဆုံးမှုများနှင့်ပတ်သက်ပြီး မဇ္ဈိမအနေဖြင့် လတ်တလောအခြေအနေတွင် အတည်ပြု နိုင်ခြင်း မရှိသေးပေ။
ပြည်သူအပေါ် အနိုင်ကျင့်ဗိုလ်ကျယုတ်မာနေသော ပျူစောထီးများကို ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း၊ တိုက် ပွဲအတွင်း ပွိုင့်တူးတူး လက်လုပ်သေနတ်နှစ်လက်၊ ကျည်ဆန် ၁၆ တောင့်နှင့် ဖုန်းတလုံးရှိကြောင်း Natogyi People Defence Force တာ၀န်ရှိသူက ဆိုသည်။

သေဆုံးခဲ့သူများမှာ ပျူစောထီးအဖွဲ့၀င်များဖြစ်ကြောင်း ဒေသခံများမှ အတည်ပြုကြသည်။

မလှိုင်မြို့နယ်တွင် ယခုရက်ပိုင်းအတွင်း၊ ပျူစောထီးနှင့်စစ်ကောင်စီတပ်ဖွဲ့တို့ကြောင့် ဖမ်းဆီးခံရသူ ၂၅ ဦး နှင့်အထက်ရှိပြီး သေဆုံးသူတဦးရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

Photo NPDF
ပုံစာ- စာသင်ကျောင်းအတွင်းအပြန်အလှန်ပစ်ခတ်မှုတွင် PDF များရရှိခဲ့သည့် လက်နက်နှင့်ကျည်ဆန် များ
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#မန္တလေးတိုင်း
#မလှိုင်မြို့နယ်
#သက္ကယ်ကျင်းကျေးရွာ
#ပျူစောထီး
-----------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍23🔥2❤1
ဒီပဲယင်းမြို့အဝင်စစ်ဆေးရေးဂိတ် တိုက်ခိုက်မှု စစ်သား၆ ဦးသေဆုံး၊ လက်နက်ခဲယမ်းများရရှိဟုဆို
👍18🔥2
ဒီပဲယင်းမြို့အဝင်စစ်ဆေးရေးဂိတ် တိုက်ခိုက်မှု စစ်သား၆ ဦးသေဆုံး၊ လက်နက်ခဲယမ်းများရရှိဟုဆို
===================

ရောင်နီ
(မဇ္စျိမ)။ ။ဒီပဲယင်းမြို့နယ်မှ ကမ်ပြားစစ်ဆေးရေးဂိတ်စခန်းကို ပြည်သူ့ကာကွယ်ရေးမဟာမိတ်များက တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့၀င် ခြောက်ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း အာဏာရှင်တော်လှန်ရေးပြည်သူ့တပ်မတော် DRPA က သတင်းထုတ်ပြန်သည်။

ဒီပဲယင်းမြို့အ၀င်ဆီဆိုင်အနီး စစ်ကောင်စီတပ်စွဲထားသည့် ကမ်ပြားစစ်ဆေးရေးဂိတ်ကို ယမန်နေ့ ဇူလိုင်လ ၃၀ ရက်၊ ညနေ ၃ နာရီ ၄၅ မိနစ်အချိန်တွင် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“ ဂိတ်မှာ စောင့်နေတဲ့ သူတွေ အကုန် သေပါတယ်။ သေနတ်တွေလည်းသိမ်းဆည်းရရှိခဲ့ပါတယ်” ဟု DRPA တပ်ဖွဲ့ သတင်းပြန်ကြားရေးတာ၀န်ခံ ကိုမျိုးကြီးက မဇ္စျိမကို ပြောသည်။
ထိုတိုက်ခိုက်မှုတွင် စစ်ဆေးရေးဂိတ်မှ စစ်ကောင်စီတပ်ဖွဲ့၀င် ခြောက်ဦးလုံးသေဆုံးကာ သေနတ်ငါးလက်၊ လက်နက်ခဲယမ်းနှင့် စစ်အသုံးအဆောင်ပစ္စည်းအချို့ သိမ်းဆည်းရရှိခဲ့သည်ဟု DRPA က သတင်းထုတ်ပြန်ထားသည်။

“ ကျွန်တော်တို့ဘက်က ပိုင်ပိုင်နိုင်နိုင်တိုက်ခိုက်နိုင်ခဲ့ပြီး သူတို့ဘက်က အလစ်အငိုက်မိသွားတဲ့ပုံစံမျိုးပါ။ ပြန်ပစ်တာရှိပေမယ့် ရမ်းသမ်းပစ်တဲ့ အနေအထားပါပဲ"ဟု ကိုမျိုးကြီးက ပြောသည်။
ကမ်ပြားစစ်ဆေးရေးဂိတ်ကို တိုက်ခိုက်နေစဉ်
စစ်ကူလာသည့် စစ်ကောင်စီတပ် စစ်ကြောင်းကိုလည်း ကာကွယ်ရေးရဲဘော်များက လမ်းမှကြားဖြတ်တိုက်ခိုက်ခဲ့ကြသည်ဟုဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ယင်းမာပင်ခရိုင် တပ်ရင်း ၃၀ (အာဏာရှင် တော်လှန်ရေး ပြည်သူ့တပ်မတော်-DRPA) နှင့် Local Mobile Team (Depayin) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဟု သိရသည်။ပြည်သူ့ ကာကွယ်ရေးမဟာမိတ်ရဲဘော်များ အထိအခိုက်မရှိခဲ့ကြောင်း DRPA က ထုတ်ပြန်ထားပြီး စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုကို မဇ္ဈိမအနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။
ကမ်ပြားစစ်ဆေးရေးဂိတ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဖြတ်သန်းသွားလာသည့် မော်တော်ယာဥ်များနှင့် ပြည်သူများထံမှ ခြိမ်းခြောက်ငွေတောင်းခံခြင်း၊ ဖိနှိပ်စစ်ဆေးခြင်းများကို ပြုလုပ်လေ့ရှိသည်ဟု ဒေသခံများကပြောသည်။

အာဏာရှင်တော်လှန်ရေးပြည်သူ့တပ်မတော် DRPA အနေဖြင့် ၄င်းတို့ လှုပ်ရှားနယ်မြေတ၀ိုက်ရှိ စစ်ကောင်စီတပ်ကို တိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေပြီး လက်နက်ခဲယမ်းလိုအပ်ချက်များအတွက် ကူညီထောက်ပံ့ပေးကြရန်လည်း ပြည်သူများအား မေတ္တာရပ်ခံထားသည်။ စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ်အများစုတွင် စစ်ကောင်စီတပ်က အင်အားအများအပြားဖြင့် စစ်ကြောင်းထိုးနေပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့်လည်းတိုက်ပွဲများ ဖြစ်ပွားနေသည်။

ပုံစာ- သိမ်းဆည်းရမိသည့်လက်နက်ခဲယမ်းများ။
စာတည်း - မောင်ကြီး

#mizzima
#ဒီပဲယင်း
#ကမ်ပြားစစ်ဆေးရေးဂိတ်
#တိုက်ခိုက်မှု
#DRPA
-----------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍21👏5🔥1🥴1