ပြည်တွင်း၌ biometric အချက်အလက် ကောက်ယူမှုကို စိုးရိမ်ပူပန်မှုများ ရှိ
======================
ဂဏန်း ၁၀ လုံးပါ အမျိုးသားမှတ်ပုံတင်ကတ် ထုတ်ပေးရေး အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ပြည်တွင်း၌ ဆောင်ရွက်နေသော biometric data (ဇီဝဆိုင်ရာ အချက်အလက်) ကောက်ယူခြင်း လုပ်ငန်းစဉ်အပေါ် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများကြား စိုးရိမ်ပူပန်မှုများဖြင့် ဝေဖန်မှုများ ထွက်ပေါ်နေသည်။
လူ့အခွင့်အရေး အခြေအနေ ဆိုးဝါးနေပြီးသား မြန်မာနိုင်ငံ၌ အဆိုပါ biometric data ကောက်ယူခြင်း လုပ်ငန်းစဉ်ကို စစ်ကောင်စီက အသုံးချခြင်းအားဖြင့် လူ့အခွင့်အရေး အခြေအနေ ပို၍ ဆိုးဝါးလာနိုင်သည်ဟု တက်ကြွလှုပ်ရှားသူများက ဝေဖန်ကြသည်။
ဇွန်နှင့် ဇူလိုင်လအတွင်း စစ်ကောင်စီသည် biometric data ကောက်ယူသူများကို လေ့ကျင့်သင်တန်းပေးပြီး ယင်းနောက်၌ နိုင်ငံတွင်းက မြို့များစွာတွင် ပြည်သူများ၏ ဇီဝဆိုင်ရာ အချက်အလက်နှင့် ပုဂ္ဂလိကဆိုင်ရာ အချက်အလက်များကို ကောက်ယူကြောင်း EngageMedia က ရေးသားသည်။
၂၀၂၁ ၌ စစ်အာဏာသိမ်းထားချိန်မှစကာ အင်တာနက် ပိတ်ခြင်းနှင့် မိုဘိုင်းကွန်ရက် ကန့်သတ်ခြင်းများဖြင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အား ပိတ်ပင်ခြင်း အပါအဝင် လူ့အခွင့်အရေး အလွဲသုံးစားမှုများဖြင့် မြန်မာစစ်တပ်အုပ်ချုပ်သူများကို စွပ်စွဲထားကြသည်။
မှတ်ပုံတင်လာသူများ၏ လက်ဗွေ၊ မျက်ဝန်းနှင့် မျက်နှာသွင်ပြင် အချက်အလက်များအပြင် နာမည်၊ လိပ်စာ၊ သွေးအမျိုးအစားနှင့် ဖုန်းနံပါတ်ကဲ့သို့သော ပုဂ္ဂလိကဆိုင်ရာ အချက်အလက်များ ကောက်ယူခြင်းကို လူဝင်မှုကြီးကြပ်ရေးနှင့် လူဦးရေဆိုင်ရာ ဝန်ကြီးဌာနက ကြီးကြပ်ကွပ်ကဲသည်။ ထိုသို့ အချက်အလက်များ ကောက်ယူရာတွင် အသက် ၁၀ နှင့် အထက် နိုင်ငံသားများအပြင် နိုင်ငံတွင်း နေထိုင်ကြသော နိုင်ငံခြားသားများကိုပါ ကောက်ယူခြင်း ဖြစ်သည်။
ဒီဂျစ်တယ် မှတ်ပုံတင်ကတ် စီမံကိန်းအတွက် ပုဂ္ဂိလက အချက်အလက်များ ကောက်ယူခြင်းသည် အုပ်ချုပ်သူ စစ်ကောင်စီအား ဝေဖန်သည့် သဘောထားကွဲလွဲသူများကို ထောက်လှမ်းစုံစမ်းရန်နှင့် နှိပ်ကွပ်ရန်အတွက် အသုံးပြုလာနိုင်ကြောင်း တက်ကြွလှုပ်ရှားသူများက အတိအလင်း ပြောသည်။
စစ်ကောင်စီသည် နိုင်ငံတွင်းက ICT နယ်ပယ်ကို သံလက်သီးဖြင့် ထိန်းချုပ်ပြီး “ဒီဂျစ်တယ် အာဏာရှင်စနစ်” ဆီ ကူးပြောင်းနေကြောင်း လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများက စွပ်စွဲကြကြောင်း EngageMedia က ပြောသည်။
စစ်ကောင်စီ အစပြုခဲ့သော မျက်နှာပြင်ဖတ် ထောက်လှမ်းရေး စီမံကိန်းအတွက် စိုးရိမ်ပူပန်ကြောင်းကို လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ၂၀၂၁ ခုနှစ်အတွင်း ထုတ်ပြန်ထားသည်။ အဆိုပါ စီမံကိန်း၏ ပထမပိုင်းအဖြစ် မြို့တော်တွင် AI စနစ် ထောက်လှမ်းရေးကင်မရာ ၃၀၀ ကျော် တပ်ဆင်ပြီးသည့်နောက်၌ စိုးရိမ်ပူပန်မှုများ မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။
(မိုးသဲ ဘာသာပြန်သည်။)

👍14🔥2😁2
သြဂုတ်လ (၄)ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
=======================
00:59- မြန်မာ-တရုတ် ဓာတ်ငွေ့ပိုက်လိုင်းမှ ဆယ်နှစ်အတွင်း ဓာတ်ငွေ့ ၅၂ ဘီလီယံကုဗမီတာ တင်ပို့ခဲ့တဲ့သတင်း
03:56 - စစ်ကောင်စီကို လက်နက်ခဲယမ်း တရားမဝင်ထောက်ပံ့ပေးနေတဲ့ ခရိုနီတွေကို အရေးယူပေးဖို့ စင်္ကာပူအစိုးရကို တောင်းဆိုတဲ့သတင်း
06:13 - သပိတ်မှောက်ခံထားရသည့် မြန်မာပလာဇာ ရုပ်ရှင်ပရိုမိုးရှင်းများဖြင့် ပြန်လည်စည်ကားနေတဲ့သတင်း
07:57 - 'ဝ'ဒေသ သံဖြူထုတ်လုပ်မှုရပ်ဆိုင်းလိုက်တာကြောင့် ကမ္ဘာ့ဈေးကွက်အတွင်း သံဖြူဈေး မြင့်တက်တဲ့သတင်းတွေအပါအဝင် တခြားစိတ်ဝင်စားဖွယ်နဲ့ အရေးကြီးသတင်းတွေကို တင်ဆက် ပေးပါတော့မယ်။
https://youtu.be/z05HZFUh9eA
#4pmnews
#Mizzimanewshour
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

YouTube
သြဂုတ်လ (၄)ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
00:59- မြန်မာ-တရုတ် ဓာတ်ငွေ့ပိုက်လိုင်းမှ ဆယ်နှစ်အတွင်း ဓာတ်ငွေ့ ၅၂ ဘီလီယံကုဗမီတာ တင်ပို့ခဲ့တဲ့သတင်း
03:56 - စစ်ကောင်စီကို လက်နက်ခဲယမ်း တရားမဝင်ထောက်ပံ့ပေးနေတဲ့ ခရိုနီတွေကို အရေးယူပေးဖို့ စင်္ကာပူအစိုးရကို တောင်းဆိုတဲ့သတင်း
06:13 - သပိတ်မှောက်ခံထားရသည့်…

👍7🔥1😁1
မန္တလေး သီရိမန္တလာကားကြီးဝန်းအတွင်း ပိုင်ရှင်မဲ့အလောင်းတွေ့
====================
007
(မဇ္စျိမ)။ ။ မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ် ၊သီရိမန္တလာကားကြီးဝန်းအတွင်းရှိ ခရီးသည်နားခိုဆောင်တွင် ယနေ့ သြဂုတ်လ ၄ ရက် နံနက် ၆ နာရီ ၂၅ မိနစ်ခန့်က ပိုင်ရှင်မဲ့ အမျိုးသားအလောင်းတစ်လောင်း တွေ့ရှိခဲ့ကြောင်း ဒေသခံများထံက သိရသည်။
"ခရီးသည်နားခိုဆောင် အောက်ထပ်မှာ တွေ့တာပါ။ အပေါ်တက်တဲ့ လှေကားဘေးမှာ အပေါ်၀တ်ဗလာနဲ့သေနေတယ်။ ပြင်ပဒဏ်ရာမရှိဘူး" ဟု အလောင်းတွေ့ရှိမှုဖြစ်စဉ်ကို သွားရောက်ကြည့်ရှုခဲ့သူ တစ်ဦးက ပြောသည်။
အောင်မြေသာစံမြို့နယ်၊ သီရိမာလာအရှေ့ရပ်ကွက်၊ ၂၃ လမ်းနှင့် ၂၄ လမ်းကြား၊ ၈၉ လမ်းနှင့် လမ်း ၉၀ ကြားရှိ သီရိမန္တလာကား ကြီးကွင်းအတွင်းခရီးသည်နားခိုဆောင်အောက်ထပ်တွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
သေဆုံးသူသည် အသက် ၃၀ ၀န်းကျင်အရွယ်ရှိ အမျိုးသား တစ်ဦးဖြစ်ပြီး ပြင်ပဒဏ်ရာမရှိဘဲ သေဆုံးနေခြင်းဖြစ်ကာ အမည်နှင့်နေရပ်လိပ်စာ စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။
အလောင်းတွေ့ရှိမှုနှင့်ပတ်သက်၍ ကားကြီးကွင်းတာ၀န်ရှိသူများ၏ အကူအညီတောင်းခံမှုအရ နန်းတော်ရှေ့လူမှုကယ်ဆယ်ရေးအဖွဲ့က သွားရောက်သယ်ယူပြီး မန္တလေးပြည်သူ့ဆေးရုံကြီးရင်ခွဲရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း ယင်းအဖွဲ့က သတင်းထုတ်ပြန်သည်။
သီရိမန္တလာကားကြီးကွင်းတွင် ပြီးခဲ့သည့်မေလ ၁ ရက်နေ့ကလည်း အသက် ၃၀ အရွယ်အမျိုးသားတစ်ဦး ခရီးသည်တင်ယာဉ်ပေါ်၌ ညဘက်တက်အိပ်ရာမှ နံနက်ပိုင်းတွင် သေဆုံးခဲ့သည့်ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သေးသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး
Photo -Thein Tun Oo
#မန္တလေးတိုင်း
#အောင်မြေသာစံမြို့နယ်
#သေမှုသေခင်း
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍13🔥1😁1😢1
This media is not supported in your browser
VIEW IN TELEGRAM
အီကိုဝက်စ်ရဲ့ နိုင်ဂျာကိုကြားဝင်စွက်ဖက်မှုမှာ ပါဝင်မယ့်အကြောင်း ဆီနီဂေါပြောကြား
#InternationalNews #reels #shorts #Mizzima

👍4😁1
ထိုင်းဝန်ကြီးချုပ်သစ် ရွေးကောက်မှုအား ရွှေ့ဆိုင်း
===============
နောက်တက်မည့် ဝန်ကြီးချုပ်သစ်အတွက် လွှတ်တော်၌ မဲပေးရွေးကောက်မှုအား ရွှေ့ဆိုင်းရမည်ဖြစ်ကြောင်း ထိုင်းအောက်လွှတ်တော်ဥက္ကဋ္ဌက ကြာသပတေးနေ့တွင် ပြောလာရာ နိုင်ငံရေး သောင်မတင် ရေမကျ အခြေအနေသည် ရှည်ကြာနေပြီး မေလ အထွေထွေရွေးကောက်ပွဲမှစကာ တည်ငြိမ်မှုနှင့် ပတ်သက်ပြီး မေးခွန်းများ မြင့်တက်လာရသည်။
မေ ၁၄ ရက် ရွေးကောက်ပွဲတွင် မဲပေးသူ ပြည်သူအများစုသည် စစ်တပ်နှင့် စစ်တပ်နောက်ခံသော အစိုးရ၏ ဆယ်စုနှစ်ကြာ အုပ်ချုပ်မှုကို ပယ်ချခဲ့ကြသော်လည်း အနိုင်ရသည့် တိုးတက်ရေးပါတီဖြစ်သော ရှေ့သို့ချီပါတီမှာ ကွန်ဆာဗေးတစ်အတိုက်အခံများနှင့် အထက်လွှတ်တော်ရှိ ခန့်အပ်ခံအမတ်များကြောင့် အာဏာရယူရေးတွင် ပိတ်ဆို့တားမြစ်ခံရသည်။
သောကြာနေ့တွင် ကျင်းပရန် စီစဉ်ထားသည့် ဝန်ကြီးချုပ်သစ် ရွေးကောက်မှုကို ဝန်ကြီးချုပ် ခန့်အပ်နိုင်ရေး၌ ပိတ်ဆို့ထားမှုများကို ရှေ့သို့ချီပါတီက အယူခံ တင်သွင်းထားမှုအား ဖွဲ့စည်းပုံခုံရုံးက စီရင်ချက် ချပြီးနောက်မှ ပြုလုပ်နိုင်မည်ဟု လွှတ်တော်ဥက္ကဋ္ဌ ဝန် မူဟာမတ် နော်မတ်သာက ပြောသည်။
“ဩဂုတ် ၁၆ ရက်မှာ ဖွဲ့စည်းပုံခုံရုံးက ဆုံးဖြတ်ချက် ချမှာကို ကျွန်တော်တို့ စောင့်ရပါမယ်၊ ဒီနောက်မှ မဲပြန်ပေးနိုင်ပါလိမ့်မယ်”ဟု ဝန်နော်က သတင်းထောက်များအား ပြောသည်။
နိုင်ငံရေး မရေရာမှုများအားဖြင့် ထိုင်းဘတ်ငွေသည် ယခုသီတင်းပတ်တွင် အားနည်းနေသည်။
ဆက်သွယ်ရေးလုပ်ငန်းရှင်ဟောင်း သက်ဆင် ရှင်နာဝတ်ထရာ ထူထောင်သော ဖျူထိုင်းပါတီသည် မဲရလဒ်၌ ဒုတိယအနိုင်ရထားခြင်းဖြစ်ကာ အစိုးရဖွဲ့ရေး ဝန်ကြီးချုပ် ကိုယ်စားလှယ်လောင်း တင်သွင်းရန် မျှော်လင့်လျက် ရှိသည်။
ရွေးကောက်ပွဲအပြီးတွင် ရှေ့သို့ချီပါတီသည် ဖျူထိုင်းပါတီနှင့် အခြား ခြောက်ပါတီတို့နှင့်အတူ အစိုးရဖွဲ့ရေးအတွက် မဟာမိတ်ဖွဲ့ခဲ့သည်။ သို့ရာတွင် ရှေ့သို့ချီပါတီ အကြီးအကဲ ဖိထာ လင်ဂျာရွန်ရတ်က ဝန်ကြီးချုပ် ဖြစ်ရေးမှ နှစ်ကြိမ်တိုင် ပိတ်ဆို့ခံရခြင်း ဖြစ်သည်။
ရှေ့သို့ချီပါတီ မပါဘဲ ညွန့်ပေါင်းအဖွဲ့သစ် ဖွဲ့စည်းပြီး အိမ်ခြံမြေလုပ်ငန်းရှင် ဆရတ်သာ သာဗီဆင်းကို ဝန်ကြီးချုပ်နေရာအတွက် အမည်စာရင်း တင်သွင်းမည်ဖြစ်ကြောင်း ဖျူထိုင်းပါတီက ဗုဒ္ဓဟူးနေ့တွင် ပြောလာခဲ့သည်။
လူငယ်အများစု၏ မဲဖြင့် အနိုင်ရခဲ့သော ရှေ့သို့ချီပါတီအား တော်ဝင်သစ္စာခံနှင့် စစ်တပ်တို့နှင့် မဟာမိတ်ပြုထားသော ကွန်ဆာဗေးတစ်များက အာဏာမရအောင် ပိတ်ဆို့နေခြင်းသည် ထိုင်းနိုင်ငံအတွင်း လမ်းပေါ်ဆန္ဒပြမှုများ ထပ်၍ ပေါ်ပေါက်လာမည့် အလားအလာကို မြှင့်တင်ပေးလျက် ရှိသည်။

👍9😁5😢2❤1
သြဂုတ်လ ၄ ရက်နေ့ ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
===================
https://youtu.be/-7U-KlLwyak
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
===================
https://youtu.be/-7U-KlLwyak
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
YouTube
သြဂုတ်လ ၄ ရက်နေ့ ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
သြဂုတ်လ ၄ ရက်နေ့ ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို…

👍6🔥2
မရကန်ကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့က မီးရှို့ ဖျက်ဆီး နေအိမ် ၃၁ လုံးမီးလောင်ဆုံးရှုံး (ရုပ်သံ၊သတင်း)
=============
MTO
(မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အတွင်းမှာ ရှိတဲ့ မရကန်ကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့ကစစ်ကြောင်း ထိုးဝင်ရောက်ပြီးနောက် ကျေးရွာအတွင်းက နေအိမ်တွေကို မီးရှို့ဖျက်ဆီးသွားလို့ နေအိမ် ၃၁ လုံး အထိ မီးလောင်ဆုံးရှုံးသွားတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။
ရေဦးမြို့နယ်မှ ဒီပဲယင်းမြို့နယ်အတွင်းသို့ ဝင်ရောက်လာတဲ့ အင်အား ၁၀၀ ကျော်ပါ စစ်ကောင်စီစစ်ကြောင်းသည် ဩဂုတ်လ ၂ ရက်နေ့ တွင် မရကန်ကျေးရွာကို ဝင်ရောက်မီးရှို့သွားတာဖြစ်ပြီး ပထမ အကြိမ်မီးရှို့တုန်းက မီးထဲပါသွားလို့ ပြန်လည်တည်ဆောက်ထားတဲ့ ယာယီတဲလေးတွေပါ ထပ်ပြီး မီးထဲပါသွားတယ်လို့ ဒီပဲယင်းညီနောင်များ အဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
https://youtu.be/PL-yoPbDhpk
သတင်း - MTO
တည်းဖြတ်၊တင်ဆက် - MTO
စာတည်း။ ။အောင်ကျော်ဖြိုး
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
=============
MTO
(မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အတွင်းမှာ ရှိတဲ့ မရကန်ကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့ကစစ်ကြောင်း ထိုးဝင်ရောက်ပြီးနောက် ကျေးရွာအတွင်းက နေအိမ်တွေကို မီးရှို့ဖျက်ဆီးသွားလို့ နေအိမ် ၃၁ လုံး အထိ မီးလောင်ဆုံးရှုံးသွားတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။
ရေဦးမြို့နယ်မှ ဒီပဲယင်းမြို့နယ်အတွင်းသို့ ဝင်ရောက်လာတဲ့ အင်အား ၁၀၀ ကျော်ပါ စစ်ကောင်စီစစ်ကြောင်းသည် ဩဂုတ်လ ၂ ရက်နေ့ တွင် မရကန်ကျေးရွာကို ဝင်ရောက်မီးရှို့သွားတာဖြစ်ပြီး ပထမ အကြိမ်မီးရှို့တုန်းက မီးထဲပါသွားလို့ ပြန်လည်တည်ဆောက်ထားတဲ့ ယာယီတဲလေးတွေပါ ထပ်ပြီး မီးထဲပါသွားတယ်လို့ ဒီပဲယင်းညီနောင်များ အဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
https://youtu.be/PL-yoPbDhpk
သတင်း - MTO
တည်းဖြတ်၊တင်ဆက် - MTO
စာတည်း။ ။အောင်ကျော်ဖြိုး
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
YouTube
မရကန်ကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့က မီးရှို့ ဖျက်ဆီး နေအိမ် ၃၁ လုံးမီးလောင်ဆုံးရှုံး
MTO (မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အတွင်းမှာ ရှိတဲ့ မရကန်ကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့ကစစ်ကြောင်း ထိုးဝင်ရောက်ပြီးနောက် ကျေးရွာအတွင်းက နေအိမ်တွေကို မီးရှို့ဖျက်ဆီးသွားလို့ နေအိမ် ၃၁ လုံး အထိ မီးလောင်ဆုံးရှုံးသွားတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။…
😢10🤬4🔥2👍1😁1
နိုင်ငံတော်ကောင်စီ၊ နဝတနှင့် နအဖ ခေတ်တွင် ထိပ်ပိုင်းရာထူးယူခဲ့သူများ၏ ပင်စင်လစာ ပြင်ဆင်သတ်မှတ်
==================
001
(မဇ္စျိမ)။ ။ ယခင် နိုင်ငံတော်ကောင်စီ ၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့(နဝတ)နှင့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ) ခေတ်တွင် ထိပ်ပိုင်းရာထူးရယူခဲ့သူများ၏ ပင်စင်လစာကို ယခုနှစ် ဧပြီလကစပြီး ပြင်ဆင်သတ်မှတ်လိုက်ကြောင်း ဇူလိုင်လအတွင်းထုတ်ဝေခဲ့သည့် စစ်ကောင်စီ၏ မြန်မာနိုင်ငံပြန်တမ်းတွင် ဖော်ပြထားသည်။
အဆိုပါ ပြောင်းလဲချက်မှာ ၂၀၀၆ ခုနှစ်၊ ဧပြီလ ၁ ရက်မတိုင်မီအထိ နိုင်ငံရေးတာဝန်ကြီးများကို ထမ်းဆောင်ခဲ့ပြီး အငြိမ်းစားယူခဲ့သည့် ပုဂ္ဂိုလ်ကြီးများနှင့် ကျန်ရစ်သူ ဇနီး၊ ခင်ပွန်းတို့၏ နိုင်ငံရေးလစဉ်ပင်စင်ကို သတ်မှတ်ခြင်းဖြစ်ကြောင်း ပါရှိသည်။
ယင်းသတ်မှတ်ချက်အရ ထိုစဉ်က ဥက္ကဋ္ဌ၊ နိုင်ငံတော်သမ္မတ တာဝန်ယူခဲ့သူများ၏ ပင်စင်လစာအဖြစ် ကျပ် ၁၅ သိန်း၊ ဒုဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဆိုပါက ကျပ် ၁၂ သိန်း၊ အတွင်းရေးမှူးဖြစ်ပါက ၇၁၂,၅၀၀ ကျပ် နှင့် အဖွဲ့ဝင်ဖြစ်ပါက ၆၇၅,၀၀၀ ကျပ် ရရှိမည်ဖြစ်သည်။
မိသားစုပင်စင်ကိုမူ ဥက္ကဋ္ဌ၊ သမ္မတဖြစ်ပါက ကျပ် ၁၁ သိန်းကျော်၊ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယသမ္မတဖြစ်ပါက ကျပ် ၉၀၀,၀၀၀ ကျော်၊ အတွင်းရေးမှူးရာထူးအတွက် ကျပ် ၅၃၀,၀၀၀ ကျော် နှင့် အဖွဲ့ဝင်အတွက် ကျပ် ၅၀၀,၀၀၀ ကျော် စသည်ဖြင့် ပြောင်းလဲသတ်မှတ်ထားသည်။
ထို့ပြင် စစ်အစိုးရအဖွဲ့၏ ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးချုပ် ၊ ဝန်ကြီး၊ ဒုတိယဝန်ကြီးတို့၏ ပင်စင်လစာကို ကျပ် ၁၀ သိန်းမှ ကျပ် ၃၀၀,၀၀၀ ကျော်အတွင်း သတ်မှတ်ပြီး မိသားစုပင်စင်ကို ကျပ် ၇၅၀,၀၀၀ မှ ကျပ် ၂၅၀,၀၀၀ ကျော်အတွင်း ပြင်ဆင်ခဲ့ကြောင်း သိရသည်။
စစ်အာဏာရှင်ဟောင်းတစ်ဦးဖြစ်သည့် ဗိုလ်ချုပ်ကြီး နေဝင်း၊ ဗိုလ်ချုပ်ကြီး စန်းယု၊ ဦးစိန်လွင်၊ ဒေါက်တာမောင်မောင်တို့သည် ၁၉၆၂ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း နိုင်ငံတော်ကောင်စီဥက္ကဋ္ဌ နှင့် သမ္မတအဖြစ် အဆင့်ဆင့်ဆောင်ရွက်ခဲ့ကြပြီး ၁၉၈၈ စက်တင်ဘာလတွင် ဗိုလ်ချုပ်ကြီး စောမောင်က ထပ်မံအာဏာသိမ်းကာ နဝတကို ဖွဲ့စည်းပြီး ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ခဲ့သည်။
ဗိုလ်ချုပ်ကြီးစောမောင် ဖယ်ရှားခံရပြီးနောက်ပိုင်း နဝတဥက္ကဋ္ဌအဖြစ် စစ်အာဏာရှင်ဟောင်းဖြစ်သည့် ဦးသန်းရွှေက ဆက်လက်တာဝန်ယူပြီး ၁၉၉၇ နိုဝင်ဘာတွင် နဝတကို နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီအဖြစ်ပြောင်းလဲ ဖွဲ့စည်းခဲ့သည်။ ဦးသန်းရွှေသည် အာဏာရှင်စနစ်ဖြင့် ၁၉ နှစ်ကြာအုပ်ချုပ်ပြီး ၂၀၁၁ ခုနှစ် မတ်လတွင် အငြိမ်းစားယူသွားခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် ယခု ပင်စင်လစာ ပြောင်းလဲသတ်မှတ်မှုမှာ ၂၀၀၆ ဧပြီလ မတိုင်မီ အငြိမ်းစားယူသူများဟုဆိုထားသည့်အတွက် ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေပါဝင်ခြင်းမရှိပေ။ ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေ၏ ပင်စင်လစာမှာ တစ်လလျှင် ကျပ်သိန်း ၁၀၀ ဖြစ်ကြောင်း ၂၀၁၄ ခုနှစ်အတွင်းက သတင်းများထွက်ပေါ်ခဲ့ဖူးသည်။
လက်ရှိပင်စင်လစာ ပြောင်းလဲသတ်မှတ်ခံရမှုတွင် အဆိုပါကာလများအတွင်းက ပြည်နယ်၊ တိုင်း နအဖ ကောင်စီဥက္ကဋ္ဌများ၊ တရားသူကြီးချုပ်၊ ဒုတိယတရားသူကြီးချုပ်၊ တရားသူကြီးအဖွဲ့ဝင်၊ ရှေ့နေချုပ်၊ ဒုတိယရှေ့နေချုပ်၊ စာရင်းစစ်ချုပ်၊ ဒုတိယစာရင်းစစ်ချုပ်၊ ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ့ဥက္ကဋ္ဌ၊ အဖွဲ့ဝင်၊ ရန်ကုန်မြို့တော်ဝန်၊ ဒုတိယမြို့တော်ဝန်နှင့် မန္တလေးမြို့တော်ဝန် တာဝန်ထမ်းဆောင်ခဲ့သူများလည်း ပါဝင်သည်။
၎င်းတို့၏ ပင်စင်လစာကိုမူ ကိုယ်တိုင်ပင်စင်အတွက် အမြင့်ဆုံးကျပ် ၆၀၀,၀၀၀ မှ ကျပ် ၃၀၀,၀၀၀ ကျော်အထိလည်းကောင်း၊ မိသားစုပင်စင်အတွက် အမြင့်ဆုံးကျပ် ၄၅၀,၀၀၀ မှ ကျပ် ၂၅၀,၀၀၀ ကျော်အထိလည်းကောင်း သတ်မှတ်ထားသည်ကို တွေ့ရသည်။
လက်ရှိ စစ်ကောင်စီက ပြောင်းလဲသတ်မှတ်လိုက်သည့် လစဉ်ပင်စင်ပေါ်တွင် ဝင်ငွေခွန်စည်းကြပ်ခြင်းမှ ကင်းလွတ်စေရမည်ဖြစ်ပြီး အဆိုပါ လစဉ်ပင်စင်အပြင် အခြားနိုင်ငံရေးပင်စင် တစ်ခုခုကို ခံစားနေသူဖြစ်ပါက ကြိုက်နှစ်သက်သည့် ပင်စင်တစ်ခုကို ရွေးချယ်ခံစားနိုင်ကြောင်း ထုတ်ပြန်ထားသည်။
ထို့ပြင် လစဉ်ပင်စင်ခံစားခွင့်ရှိသူအနေဖြင့် လစဉ်ပင်စင်အပြင် ဝန်ထမ်းပင်စင်နှင့် စွမ်းရည်သတ္တိဘွဲ့အတွက် ရရှိသည့် လစဉ်ချီးမြှင့်ငွေကိုပါ ခံစားခွင့်ရှိကြောင်း ဖော်ပြထားသည်။
စာတည်း - သန့်ဇော်(သန်လျင်)
ဓာတ်ပုံ- စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်ကြီး နေဝင်း
#mizzima
#ပင်စင်လစာ
#ပြင်ဆင်သတ်မှတ်
#ချီးမြှင့်ငွေ
#စစ်ကောင်စီ

😁11👍8🔥3❤2😢1
ကလေးမြို့တွင် စစ်ဆေးရေးလုပ်နေသည့် စစ်ကောင်စီတပ်သားများ မိုင်းခွဲခံရပြီး ၄ ဦး သေဆုံးဟုဆို
===================
ပါခွီး
(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း ၊ ကလေးမြို့တွင် စစ်ဆေးမှုများ ပြုလုပ်နေသည့် စစ်ကောင်စီတပ်သားများကို ယမန်နေ့ ဩဂုတ်လ ၃ရက် နံနက် ၉နာရီ အချိန်ခန့်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ လေးဦးသေဆုံးခဲ့ကြောင်း ဒေသခံတော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက မဇ္စျိမကို ပြောသည်။
ကလေးမြို့ ၊ တောင်ဖီလာရပ်ကွက် ၊ အ.ထ.က (၂) ကျောင်းအနီးတွင် စစ်ဆေး၍ ငွေတာင်းနေသော စစ်ကောင်စီတပ်ဖွဲ့ကို ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။
“သူတို့ စစ်ဆေးရေးလုပ်မဲ့နေရာမှာ မိုင်းဆင်ထားတာ ၊ တစ်ယောက်ကတော့ နေရာမှာ ပွဲချင်းပြီး၊ နောက်သုံးယောက်ကတော့ ဒဏ်ရာပြင်းထန်လို့ နောက်မှ သေသွားတာ” ဟု ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
မိုင်းထိ၍ တစ်ဦးသေဆုံးသွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပစ်ခတ်မှုများ ပြုလုပ်ခဲ့ရာ ဒေသခံအမျိုးသားတစ်ဦး၏ ပေါင်တွင် သေနတ်ကျည်ထိမှန်၍ ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
ယင်းနောက် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကားဖြင့် ထွက်ပြေးသွားခဲ့ကြောင်း ဆိုသည်။
ယခု ဖောက်ခွဲတိုက်ခိုက်မှုကို မည်သည့်အဖွဲ့က လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ကို ထုတ်ဖော်ကြေညာထားခြင်း မရှိသေးပေ။
ကလေးမြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် စစ်ဆေးရေးဂိတ်များ ဖွင့်လှစ်ပြီး လမ်းသွားလမ်းလာ ပြည်သူများကို နေ့စဉ် တင်းကျပ်စစ်ဆေးမှုများပြုလုပ်ကာ ငွေကြေးတောင်းခံနေကြောင်း ဒေသခံများထံမှ သိရသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)
#စစ်ကိုင်းတိုင်း
#ကလေးမြို့
#စစ်ကောင်စီတပ်
#ပစ်ခတ်မှု

❤12👍9🔥2👏2😁1
ပုသိမ်ကြီးတွင် ချောင်းထဲ ရေနစ်သူ ၂ ဦး အနက် ၁ ဦးအလောင်းတွေ့၊ ကျန်သူအား ရှာဖွေဆဲ
😢6👍2🔥1
ပုသိမ်ကြီးတွင် ချောင်းထဲ ရေနစ်သူ ၂ ဦး အနက် ၁ ဦးအလောင်းတွေ့၊ ကျန်သူအား ရှာဖွေဆဲ
======================
007
မဇ္စျိမ ။ ။ မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ နှမ်းကြဲကျေးရွာမြောက်ဘက်ရှိ ချောင်းဝဲချောင်းတွင် ဆယ်ကျော်သက် လူငယ်အမျိုးသားနှစ်ဦး ရေဆင်းချိုးရာမှ ရေနစ်ပျောက်ဆုံးပြီး တစ်ဦးအလောင်းကိုသာ ပြန်ရှာတွေ့သေးကြောင်း ဒေသခံများထံက သိရသည်။
ယမန်နေ့ သြဂုတ်လ ၃ ရက် ည ၉ နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နယ်မြေခံ လူမှုပရဟိတအသင်းများက သွားရောက်ရှာဖွေကယ်ဆယ်ရေး လုပ်ခဲ့ခြင်းဖြစ်ကာ လက်ရှိတွင် ကျန်တစ်ဦးကို ရှာဖွေနေဆဲဖြစ်ကြောင်း ဒေသခံက ပြောသည်။
"သူငယ်ချင်းနှစ်ယောက် ရေဆင်းချိုးကြရင်း နှစ်ယောက်စလုံးရေနစ်ကြတာဗျ။ မနေ့က ညနေလောက်ကတည်းက မိုး သည်းသည်းမည်းမည်းရွာထားတော့ ချောင်းထဲရေပြည့်နေချိန်မှာ နှစ်ယောက်စလုံးနစ်ကြတာ။ တစ်ယောက်ကအလောင်းပြန်တွေ့တယ်။ တစ်ယောက်က တော့မတွေ့သေးဘူး" ဟု ၎င်းက ပြောသည်။
ရေနစ်သူနှစ်ဦးမှာ ၁၉ နှစ်အရွယ် မောင်အောင်မျိုးနိုင်နှင့် မောင်ကောင်းမြတ်သော် ဖြစ်ပြီး ကယ်ဆယ်ရေးစတင်လုပ်ဆောင်ပြီး ၁၅ မိနစ်အကြာတွင် မောင်အောင်မျိုးနိုင်၏ ရုပ်အလောင်းကို ပြန်ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။
" ရှာဖွေ ကယ်ဆယ်ရေးစလုပ်ပြီး ၁၅ မိနစ်လောက်မှာ မောင်အောင်မျိုးနိုင်ရဲ့အလောင်းပြန်တွေ့တယ် ။ နောက်တော့ တအားမိုးချုပ်လာလို့ ည ၁၀ နာရီ ၁၅ မိနစ်လောက်မှာ ရှာဖွေရေးခေတ္တရပ်ခဲ့တယ်" ဟု ရှာဖွေကယ်ဆယ်ရေးတွင်ပါ၀င်ခဲဲ့သူက ပြောသည်။
မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့၊ ရွှေမန္တလေးလူမှုကယ်ဆယ်ရေးအဖွဲဲ့၊ ထာ၀ရလူမှု ကယ်ဆယ်ရေးအဖွဲ့၊ ဧရာ၀တီလူမှုကယ်ဆယ်ရေးအဖွဲ့၊ အနန္တမေတ္တာလူမှုကူညီရေးနှင့်ပရဟိတအသင်း၊ ပုသိမ်ကြီးမြို့နယ် အရန္မီး သတ်တပ်ဖွဲ့ (ရန်ကင်း-၃)၊ မဏီစလလူမှု/နာမှုကူညီရေးအသင်း၊ ဖေးကူလက်များလူမှု/နာမှုကူညီရေးအသင်းနှင့် မိုဃ်းကောင်းယသ နာမှုကူညီရေးအသင်းတို့ ပူးပေါင်း ကူညီရှာဖွေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စာတည်း။ ။အောင်ကျော်ဖြိုး
စာအညွှန်း- ရေနစ်သူနှစ်ဦးအား ရှာဖွေကယ်ဆယ်ရေးဆောင်ရွက်နေသည့် ပရဟိတ အဖွဲ့ဝင်များ ( ဓာတ်ပုံ- မိုဃ်းကောင်းယသနာမှုကူညီရေးအသင်း)
#Mizzima
#ရေနစ်
#ချောင်းဝဲချောင်း

👍7😢3🔥1
Beast
========
ဒီဇာတ်ကားကတော့ 2022 ခုနှစ်အတွင်းထွက်ခဲ့တဲ့ မင်းသားကြီး ဗီဂျေးရဲ့ အက်ရှင်ဇာတ်ကားကောင်းပဲဖြစ်ပါတယ် ဒီဇာတ်လမ်းမှာ ဗီဂျေးက Beast ဆိုတဲ့ နာမည်နဲ့လိုက်အောင် ဘယ်သူ့စကားမှနားမထောင် ကိုယ်မှန်တယ်ထင်တာကိုလုပ်ပြီဟေ့ဆိုရင် ဝန်ကြီးချုပ်လည်းဂရုမစိုက် အတော်လက်ရဲဇက်ရဲနိုင်ပြီး အသတ်အဖြတ်ရက်စက်တဲ့ သားရဲကြီး ရော(RAW)အေးဂျင့်ဟောင်းဗီရ်ရာဂဗ်...
တစ်ခါတုန်းက သူ့ဌာနက သူ့ကိုလှည့်စားလိုက်တာကို စိတ်နာပြီး တာဝန်ကနေ အနားယူသွားခဲ့တယ်တစ်ရက် ချင်နိုင်းမြို့လည်ခေါင်က မောလ်တစ်ခုကို အကြမ်းဖက်သမားတွေက ဝင်စီးတယ်..ဖြစ်ချင်တော့ မောလ်ထဲမှာ ဗီရ်ရာဂဗ်ရှိနေတယ် ဓါးစာခံရာကျော်ကို မောလ်အတွင်းမှာ ဖမ်းထားတဲ့အတွက် အစိုးရကယ်ဆယ်ရေးအဖွဲ့တွေက အထဲကိုဝင်ပြီး ကယ်လို့မရဘူးဖြစ်နေတယ်...
အတွင်းမှာပိတ်မိနေတဲ့လူတွေထဲ ဗီရ်ရာဂဗ်ပါနေတယ်ဆိုတာ
သိသွားတော့ သူ့ကိုလှမ်းအကူအညီတောင်းတယ် ဒီလိုနဲ့ ဗီရ်ရာဂဗ်တစ်ယောက် အကြမ်းဖက်သမားတွေကြားထဲမှာ တစ်ပွေတည်း ဘယ်လိုတွေပွဲကြမ်းမလဲ ဓါးစာခံတွေကို ဘယ်လိုကယ်ထုတ်မလဲဆိုတာကို အက်ရှင်ခန်းတွေအများကြီးနဲ့ စိတ်ဝင်တစားရှုစားလိုက်ကြပါဦး....
ဒီဇာတ်ကားလေးကို Mizzima + Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။
Mizzima+ Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင်
App ဒေါင်းလော့လုပ်ရန် - http://onelink.to/jnuwak
#New ပြသမည့်ရက်။ ။ ၄.၈.၂၀၂၃
ပြသမည့် အချိန် ။ ။ ည (၈:၀၀)နာရီ
ပြန်လည်ပြသမည့်ရက်။ ။ ၅.၈.၂၀၂၃
အချိန်။ ။ နေ့လည် (၂:၀၀) နာရီ
(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U”

👍5
ရေစကြိုတွင် ကာကွယ်ရေးတပ်ဖွဲ့ချင်းပစ်ခတ်မှု မြင်းခြံခရိုင်တပ်ရင်း(၅)ဒုတပ်ရင်းမှူးသေဆုံး
========================
မဇ္ဈိမ။ ။ရေစကြိုမြို့နယ်တွင် ယနေ့နံနက်က ဖြစ်ခဲ့သည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အချင်းချင်း ပစ်ခတ်မှုအတွင်း မြင်းခြံခရိုင်တပ်ရင်း(၅)ဒုတပ်ရင်းမှူး သေဆုံးကာ တင်းမာမှုဆက်မဖြစ်စေရေး ညှိနှိုင်းဆောင်ရွက်နေကြောင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူတစ်ဦးကပြောသည်။
ပစ်ခတ်မှုသည် မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ကန်ဦးရွာစာသင်ကျောင်းအနီးတွင် ယနေ့ ဩဂုတ်လ ၄ရက် နံနက် ၉ နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD) လက်အောက်ခံ၊ မြင်းခြံခရိုင်တပ်ရင်း(၅)ဖြစ်သော MG 6 ပြောက်ကျား တပ်ဖွဲ့ကို ရေလယ်ကျွန်းတပ်ပေါင်းစုအဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အချို့က စတင်ပစ်ခတ်ရာမှ အပြန်အလှန်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဟု သိရသည်။ ထိုတိုက်ခိုက်မှုတွင် MG 6 ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်ကျော်လင်းထွန်းသေဆုံးခဲ့ပြီး တစ်ဦးမက သေဆုံးနိုင်ကြောင်း သတင်းများထွက်ပေါ်နေသည်ဟု မြင်းခြံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံက မဇ္ဈိမကိုပြောသည်။
" ဗိုလ်ကျော်လင်းထွန်းက ဒုတပ်ရင်းမှူးပါ။ အခုထိကတော့ ဘယ်ကစဖြစ်တယ်၊ ဘယ်သူက မှားတယ်မသိရသေးဘူး။ ဗိုလ်ကျော်လင်းထွန်းကျတယ်လို့ အတည်ပြုနိုင်ပေမယ့် တစ်ဦးမကဘူးလို့လည်း ကြားနေရတယ်။ ဘယ်လောက်ကျဆုံးတယ်ဆိုတာ တိတိကျကျမသိရသေးပါဘူး "ဟု ၎င်းကပြောသည်။
ယနေ့ ညနေ ၃နာရီခန့်ရရှိသော သတင်းအရ ဗိုလ်ကျော်လင်းထွန်း၏ ရုပ်အလောင်းအား ရေလယ်ကျွန်းတပ်ပေါင်းစုနှင့်ပကဖများက မပေးဘဲ သိမ်းယူထားဆဲဖြစ်ပြီး မြင်းခြံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဒုတာဝန်ခံနှင့်အတူ ဒေသတွင်းတော်လှန်ရေးအင်အားစုများအားလုံးက ဝိုင်းဝန်းညှိနှိုင်းပေးနေကြောင်း သိရသည်။
MG 6 ပြောက်ကျားတပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်ကျော်လင်းထွန်းသည် အသက် ၂၆ နှစ်ခန့်ရှိပြီး မြင်းခြံမြို့ဇာတိ ဖြစ်သည်။ စစ်ကောင်စီအား တိုက်ခိုက်ရန်အတွက် ၂၀၂၁ ခုနှစ်အတွင်း MG 6 ပြောက်ကျားတပ်ဖွဲ့ကို ဖွဲ့စည်းခဲ့သည်။ ထို့နောက် MODလက်အောက်ခံ တပ်ရင်းအနေဖြင့် ဝင်ရောက်ပြီး တိုက်ပွဲများဖော်ဆောင်နေသူဖြစ်ကြောင်း ဒေသအခြေစိုက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုက ဆိုသည်။
" ကျွန်တော်တို့နဲ့တော့ သိပ်အဆင်မပြေဘူး။ ဒါပေမယ့် ကိုယ့်အချင်းချင်းအခုလို ပစ်တာခတ်တာတော့ မကောင်းဘူး။ ကျွန်တော်တို့ကိုင်ထားတဲ့ သေနတ်တွေက စစ်တပ်ကိုပဲပစ်ရမှာ" ဟု မြင်းခြံမြို့မှ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။
မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်း မြင်းခြံ၊ နွားထိုးကြီး၊ တောင်သာနှင့် ငါန်းဇွန်မြို့တို့တွင် (MOD)လက်အောက်ခံ တပ်ရင်း ရှစ်ခုရှိပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့ ၁၀ ဖွဲ့ထက်မနည်း ရှိနေသည်။
တပ်ဖွဲ့အချို့သည် မန္တလေးတိုင်း၊ မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်း ထိစပ်ရာဒေသဖြစ်သော ရေလယ်ကျွန်းဒေသတွင် ရှိနေသည်။ ဒေသတွင်း၌ MOD လက်အောက်ခံ တပ်ရင်းအချို့နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့အချို့ကြားတွင် အဆင်မပြေမှုများရှိနေပြီး NUGနှင့် MOD အနေဖြင့် အလျင်အမြန်ဖြေရှင်းပေးရန်လိုအပ်ကြောင်း ဒေသခံများနှင့်တော်လှန်ရေးအင်အားစုများက ဆိုသည်။
ယနေ့ဖြစ်ပွားခဲ့သည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အချင်းချင်း ပစ်ခတ်မှုအတွက်လည်း တာဝန်ရှိသူများအားလုံးအနေဖြင့် ပြည်သူလူထုကို တောင်းပန်သွားမည်ဖြစ်ကြောင်း မြင်းခြံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံက ပြောသည်။
" ဒါတွေက မိတ်ဖက်ချင်းဖြစ်တဲ့ ပဋိပက္ခဖြစ်တဲ့အတွက် ဒီလိုမဖြေရှင်းသင့်ဘူး။ စားပွဲဝိုင်းမှာပဲ ဖြေရှင်းပြီး ပြေပြေလည်လည် ညှိနှိုင်းသင့်ပါတယ်။ အခု ဖြစ်ရပ်အတွက်လည်း ပြည်သူတွေကို တောင်းပန်ရမှာပါ" ဟု ၎င်းက ပြောသည်။
ယခုသတင်းအတွက် ရေလယ်ကျွန်းတပ်ပေါင်းစုနှင့် MG 6 ပြောက်ကျား တပ်ဖွဲ့ထံ ဆက်သွယ်မေးမြန်းရန်ကြိုးစားသော်လည်း အဆက်အသွယ်မရသေးပေ။
စာတည်း - မောင်ကြီး
စာမူတည်းဖြတ် - သန့်ဇော်(သန်လျင်)
ဗိုလ်ကျော်လင်းထွန်း(ပုံဟောင်း)
#mizzima
#ရေစကြိုမြို့နယ်
#ရေလယ်ကျွန်း
#MG6ပြောက်ကျားတပ်

😢16👍12🤬3👏2🔥1
PDFအဖွဲ့အစည်းများကြား ပဋိပက္ခများ ထိန်းညှိဖြေရှင်းရန် “ တိုင်ကြားမှုများဆိုင်ရာကော်မတီ ” ဖွဲ့စည်းထားဟု NUG ထုတ်ပြန်
================
ရွှေနွယ်
(မဇ္ဈိမ)။ ။ ပြည်သူ့ကာကွယ်ရေး အဖွဲ့အစည်းများကြားရှိ ပဋိပက္ခများအား ထိန်းညှိဖြေရှင်းနိုင်စေရန် “ တိုင်ကြားမှုများဆိုင်ရာကော်မတီ ”ကို ဖွဲ့စည်းထားပြီးဖြစ်သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ ဩဂုတ်လ ၄ ရက်တွင် ထုတ်ပြန်သည်။
အဆိုပါ ကော်မတီအား ၂၀၂၃ ခုနှစ်၊ မေလ ၁ ရက်တွင် ဖွဲ့စည်းထားခဲ့ခြင်းဖြစ်ပြီး လူထု၏အသက်၊ ဘဝ၊ ပိုင်ဆိုင်မှုများအား ကာကွယ်ရန်နှင့် ကာကွယ်ရေးဝန်ကြီးဌာန၏ စီမံခန့်ခွဲမှု၊ တာဝန်ခံမှုယန္တရားများ ပိုမိုအားကောင်းလာစေရန် ရည်ရွယ်၍ ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လက်ရှိတွင် တိုင်ကြားမှုများဆိုင်ရာ ကော်မတီသည် တရားဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ စစ်ဘက်စည်းမျဉ်းစည်းကမ်းများနှင့် ကျင့်ဝတ်များကို လိုက်နာကျင့်သုံးနိုင်မှု အားကောင်းလာစေရန်၊ ပြည်သူ့ကာကွယ်ရေး အဖွဲ့အစည်းများအကြားမှ ပဋိပက္ခများအား ထိန်းညှိဖြေရှင်းနိုင်စေရန်၊ ကာကွယ်ရေးဝန်ကြီးဌာန၏ စီမံခန့်ခွဲမှုနှင့် တာဝန်ခံမှု ယန္တရားများ အားကောင်းလာစေ၍ ပြည်သူလူထု၏ ယုံကြည်မှုကိုရရှိနိုင်စေရန်နှင့် ကာကွယ်ရေးကဏ္ဍတွင် တာဝန်ထမ်းဆောင်နေကြသူများသည် သတ်မှတ်ထားသည့် ဥပဒေ၊ မူဘောင်၊ လုပ်ထုံးလုပ်နည်းများအတိုင်း စည်းစနစ်ကျနစွာ တာဝန်ထမ်းဆောင်စေရန်နှင့် သွေဖည်လွဲမှားပါကလည်း တာဝန်ယူမှုရှိစေရေး ထိန်းကျောင်းအပြစ်ပေး အရေးယူနိုင်စေရန် စသည့် အချက် လေးချက်အား ဦးတည်ဆောင်ရွက်လျက်ရှိသည်ဟု ဆိုသည်။
“မြေပြင်မှာရှိတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေအားလုံးအတွက် ကောင်းတဲ့ဘက်ကို ဖော်ဆောင်ပြီး ကောင်းတာလုပ်ပေးရင်တော့ ကောင်းတယ်။ ကျွန်တော်တို့စောင့်ကြည့်ရဦးမယ်။ သူတို့ရဲ့ ဆုံးဖြတ်ချက်တွေ ကောင်းမှသာလျှင် ကျွန်တော်တို့က လက်ခံနိုင်မယ်”ဟု မြင်းခြံမြို့နယ်မှ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
ထို့အပြင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအချင်းချင်းကြားထဲတွင် ပဋိပက္ခများ ဖြစ်ပွားနေခြင်းမှာ မဖြစ်သင့်သည့် ကိစ္စရပ်များသာဖြစ်ပြီး လက်သင့်မခံနိုင်ကြောင်းနှင့် ဘုံရန်သူ စစ်အာဏာရှင်ကိုသာ ချေမှုန်းရမည်ဟုလည်း ၎င်းကပြောသည်။
လက်ရှိတွင် မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်အတွင်း၌ NUG လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များနှင့် LPDF များကြား ပြသနာအချို့လည်း ဖြစ်ပွားလျက်ရှိသည်ဟု သိရသည်။
ယနေ့ ဩဂုတ်လ ၄ ရက် နံနက်ပိုင်းတွင်လည်း မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်နှင့် မကွေးတိုင်း ရေစကြိုမြို့နယ်အစပ်တွင် မြင်းခြံခရိုင် PDF တပ်ရင်း(၅) MG-6 (မြင်းခြံ) တပ်ဖွဲ့နှင့် ရေစကြိုမြို့နယ် ရေလည်ကျွန်းဒေသမှ တော်လှန်ရေးတပ်ဖွဲ့ကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ၏ ပြောဆိုချက်အရ သိရှိရသည်။
အဆိုပါဖြစ်စဉ်များနှင့် ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနမှ တစ်စုံတရာထုတ်ပြန်ထားခြင်း မရှိသေးပေ။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး
ပုံအညွှန်း - တောင်ပိုင်းစစ်ဒေသတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် သားများ(ဓာတ်ပုံ NUG-MOD)
#NUG
#PDF
#တော်လှန်ရေး

👍21😁5🤬2
သြဂုတ်လ( ၄ )ရက်၊ သောကြာနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
====================
ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ...
ပဲခူးတိုင်း၊ ဖြူးမြို့နယ် သစ်ဖြူဆိပ်ကျေးရွာအနီးရှိ ကွန်းချောင်းတံတားကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA )က ဩဂုတ်လ ၄ ရက် မနက် ၂ နာရီလောက်မှာ မိုင်းခွဲလိုက်တဲ့သတင်းနဲ့အတူ စစ်တပ်ကနေ အရပ်ဘက် အသွင်ပြောင်းထားတဲ့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ (YCDC) ဌာနမှူး ၁၄ ဦး ၊ ကော်မတီရုံး ရုံးအဖွဲ့မှူးတစ်ဦး နဲ့ ဒုဌာနမှူးတွေပါဝင်တဲ့ လူပုဂ္ဂိုလ် ၄၉ ဦးကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က အမည်ပျက်စာရင်းသွင်းလိုက်တဲ့သတင်းအပါအဝင် နောက်ဆုံးရ ပြည်တွင်းသတင်းတွေနဲ့ နိုင်ငံတကာသတင်းတွေကို နားဆင်ရပါမယ်။
အဲ့ဒီနောက်မှာတော့ စီးပွားရေးသတင်းတွေကို နားဆင်ကြရဖို့ရှိပါတယ်။ သတင်းတွေအပြီးမှာတော့ ဒီကနေ့အတွက် သတင်းသုံးသပ်ချက်အစီအစဉ်ကို နားဆင်ရဖို့ ရှိပါတယ်။အဲ့ဒီနောက်မှာတော့ အပတ်စဉ်တင်ဆက်နေကျဖြစ်တဲ့ Insight Myanmar အစီအစဉ်ကိုနားဆင်ရမှာပါ။
https://youtu.be/A6bJFcrElbM
#Mizzimaradio
#Eveningradio
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
====================
ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ...
ပဲခူးတိုင်း၊ ဖြူးမြို့နယ် သစ်ဖြူဆိပ်ကျေးရွာအနီးရှိ ကွန်းချောင်းတံတားကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA )က ဩဂုတ်လ ၄ ရက် မနက် ၂ နာရီလောက်မှာ မိုင်းခွဲလိုက်တဲ့သတင်းနဲ့အတူ စစ်တပ်ကနေ အရပ်ဘက် အသွင်ပြောင်းထားတဲ့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ (YCDC) ဌာနမှူး ၁၄ ဦး ၊ ကော်မတီရုံး ရုံးအဖွဲ့မှူးတစ်ဦး နဲ့ ဒုဌာနမှူးတွေပါဝင်တဲ့ လူပုဂ္ဂိုလ် ၄၉ ဦးကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က အမည်ပျက်စာရင်းသွင်းလိုက်တဲ့သတင်းအပါအဝင် နောက်ဆုံးရ ပြည်တွင်းသတင်းတွေနဲ့ နိုင်ငံတကာသတင်းတွေကို နားဆင်ရပါမယ်။
အဲ့ဒီနောက်မှာတော့ စီးပွားရေးသတင်းတွေကို နားဆင်ကြရဖို့ရှိပါတယ်။ သတင်းတွေအပြီးမှာတော့ ဒီကနေ့အတွက် သတင်းသုံးသပ်ချက်အစီအစဉ်ကို နားဆင်ရဖို့ ရှိပါတယ်။အဲ့ဒီနောက်မှာတော့ အပတ်စဉ်တင်ဆက်နေကျဖြစ်တဲ့ Insight Myanmar အစီအစဉ်ကိုနားဆင်ရမှာပါ။
https://youtu.be/A6bJFcrElbM
#Mizzimaradio
#Eveningradio
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
သြဂုတ်လ( ၄ )ရက်၊ သောကြာနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ...
ပဲခူးတိုင်း၊ ဖြူးမြို့နယ် သစ်ဖြူဆိပ်ကျေးရွာအနီးရှိ ကွန်းချောင်းတံတားကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA )က ဩဂုတ်လ ၄ ရက် မနက် ၂ နာရီလောက်မှာ မိုင်းခွဲလိုက်တဲ့သတင်းနဲ့အတူ စစ်တပ်ကနေ အရပ်ဘက် အသွင်ပြောင်းထားတဲ့…

👍14🔥1😁1
သြဂုတ်လ (၄) ရက်နေ့၊ ည ၇ နာရီ၊ The Mizzima Primetime မဇ္စျိမ ပင်မသတင်းအစီအစဥ်
=============================
-နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြုရေး စစ်ကောင်စီခန့် ဩစတြီးယားအခြေစိုက် ကုလဆိုင်ရာ မြန်မာသံအမတ်ဆွေးနွေးတဲ့ သတင်း
- ကာလုံအစည်းအဝေးတက်တဲ့ ဦးဟင်နရီဗန်ထီးယူကို အရေးယူမယ်လို့ NLD ပြောတဲ့သတင်း
-မဟာဗျူဟာကျတဲ့ ပင်လယ်ကွေ့ကျွန်းများအနီး အီရန်အစောင့်တပ်တွေ စစ်ရေးလေ့ကျင့်မှုပြုလုပ် တဲ့သတင်း
-စစ်ကောင်စီ ကန့်သတ်ချက်တွေကြောင့် ရော်ဘာဈေးကွက် ထိခိုက် တဲ့သတင်း
- ညနေ ၅ နာရီအထိ ရရှိထားတဲ့ငွေလဲနှုန်း၊ ရွှေစျေး၊ စက်သုံးဆီစျေး နဲ့ စားအုန်းဆီစျေးတွေအပါအဝင် အခြားစိတ်ဝင်စားဖွယ် သတင်းတွေနဲ့ အရေးကြီး သတင်းတွေကို တင်ဆက်ပေးသွားမှာပါ ။
https://www.youtube.com/live/uAfzkM84FC0?feature=share
#7pmnews
#themizzimaprimetime
#MizzimaTV
----------------------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
=============================
-နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြုရေး စစ်ကောင်စီခန့် ဩစတြီးယားအခြေစိုက် ကုလဆိုင်ရာ မြန်မာသံအမတ်ဆွေးနွေးတဲ့ သတင်း
- ကာလုံအစည်းအဝေးတက်တဲ့ ဦးဟင်နရီဗန်ထီးယူကို အရေးယူမယ်လို့ NLD ပြောတဲ့သတင်း
-မဟာဗျူဟာကျတဲ့ ပင်လယ်ကွေ့ကျွန်းများအနီး အီရန်အစောင့်တပ်တွေ စစ်ရေးလေ့ကျင့်မှုပြုလုပ် တဲ့သတင်း
-စစ်ကောင်စီ ကန့်သတ်ချက်တွေကြောင့် ရော်ဘာဈေးကွက် ထိခိုက် တဲ့သတင်း
- ညနေ ၅ နာရီအထိ ရရှိထားတဲ့ငွေလဲနှုန်း၊ ရွှေစျေး၊ စက်သုံးဆီစျေး နဲ့ စားအုန်းဆီစျေးတွေအပါအဝင် အခြားစိတ်ဝင်စားဖွယ် သတင်းတွေနဲ့ အရေးကြီး သတင်းတွေကို တင်ဆက်ပေးသွားမှာပါ ။
https://www.youtube.com/live/uAfzkM84FC0?feature=share
#7pmnews
#themizzimaprimetime
#MizzimaTV
----------------------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
သြဂုတ်လ (၄) ရက်နေ့၊ ည ၇ နာရီ၊ The Mizzima Primetime မဇ္စျိမ ပင်မသတင်းအစီအစဥ်
-နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြုရေး စစ်ကောင်စီခန့် ဩစတြီးယားအခြေစိုက် ကုလဆိုင်ရာ မြန်မာသံအမတ်ဆွေးနွေးတဲ့ သတင်း
- ကာလုံအစည်းအဝေးတက်တဲ့ ဦးဟင်နရီဗန်ထီးယူကို အရေးယူမယ်လို့ NLD ပြောတဲ့သတင်း
-မဟာဗျူဟာကျတဲ့ ပင်လယ်ကွေ့ကျွန်းများအနီး အီရန်အစောင့်တပ်တွေ…

👍7❤2🌭1
နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု ( ၄ ဩဂုတ် ၂၀၂၃)
====================
အမျိုးသားညီညွတ်ရေး အစိုးရ
• အမျိုးသားညီညွတ်ရေးအစိုးရ၏ တရားရုံးများမှ ၂၀၂၃ ခုနှစ် ဇွန်လအထိ တရားမမှု ၇၄ မှုနှင့် ရာဇဝတ်မှု ၃၀၆ မှု တို့ကို ကြားနာစစ်ဆေးခဲ့ကြောင်း အသိပေးထုတ်ပြန်သည်။
• အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီး ဌာနက "တိုင်ကြားမှုများဆိုင်ရာကော်မတီ" ကို ဖွဲ့စည်းထားပြီး တိုင်ကြားလာမှုများကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း သတင်းထုတ်ပြန်သည်။
• အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ရဲ့ အခြေခံအမှုစစ်သင်တန်း အမှတ်စဉ် (၁/၂၀၂၃)ကို ဩဂုတ် ၁ ရက်တွင် ဖွင့်လှစ်ခဲ့ရာ သင်တန်းသား ၃၇ ဦး တက်ရောက်ခဲ့သည်။
• အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် ခရိုင်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များ တွေ့ဆုံဆွေးနွေးမှု အစည်းအဝေး(၆/၂၀၂၃)ကို ဩဂုတ် ၃ ရက် မွန်းလွဲ ၃ နာရီတွင် ပြုလုပ်ခဲ့ ကြသည်။
• ရဲဘော်များ၏ တိုက်ရေးခိုက်ရေးစွမ်းရည်များကြောင့် စစ်ကောင်စီတပ်မှ ထိုးဖောက်နိုင်ခြင်းမရှိသည်မှာ လက်တွေ့သက်သေပင်ဖြစ်ကြောင်း ပြညည်ထောင်စုဝန်ကြီးချုပ်ပြောကြားသည်။
• စစ်တပ်ဘက်မှအရပ်ဘက် အသွင်ပြောင်းထားသည့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ (YCDC) ဌာနမှူး ၁၄ ဦး ၊ ကော်မတီရုံး ရုံးအဖွဲ့မှူးတစ်ဦး နှင့် ဒုဌာနမှူးများပါဝင်သည့် လူပုဂ္ဂိုလ် ၄၉ ဦးအား အမည်ပျက် စာရင်းသွင်းလိုက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က အမိန့်အမှတ် (၄၅/၂၀၂၃) ၂၀၂၃ခုနှစ်၊ ဩဂုတ်လ ၂ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သည်။
• စစ်ကောင်စီတပ် ကျူးလွန်သည့် စစ်ရာဇဝတ်မှု၊ နိုင်ငံကာ ပြစ်မှုနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို လုံခြုံရေးကောင်စီက အရေးယူနိုင်ခြင်းမရှိသေးဟု ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် “ငတ်မွတ်မှုဘေး အန္တရာယ်နှင့် ပဋိပက္ခကြောင့် ဖြစ်ပေါ်လာသည့် ကမ္ဘာ့စားနပ်ရိက္ခာ မလုံလောက်မှုပြဿနာ”ဆွေးနွေးပွဲတွင် ဦးကျော်မိုးထွန်းက ပြောသည်။
• မကွေးတိုင်း၊ ဆောမြို့နယ်ရှိ ပြည်သူ့လုံခြုံရေးအဖွဲ့စောင့်နေသည့် အချုပ်စခန်းတခု၌ ခိုးမှုဖြင့်အချုပ်ကျခံနေ ရသည့်အမျိုးသမီးအား အချုပ် ခန်းစောင့် လုံခြုံရေးအဖွဲ့၀င်ရှစ်ဦးက အဓမ္မပြုကျင့်မှုဖြစ်ပွားခဲ့သည့် အတွက်တောင်းပန်ကြောင်း ဆော ပအဖ ကထုတ်ပြန်သည်။

👍18😁2
မူးယစ်ဆေးဝါးခိုးသွင်းမှု တားဆီးရေးအတွက် သဘောတူစာချုပ်၂၇ ခု အပါအဝင် နားလည်မှုစာချွန်လွှာ ၁၆ ခုကို အိန္ဒိယ လက်မှတ်ရေးထိုးထား
========================
အိန္ဒိယသည် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ တရားမဝင် ရောင်းဝယ် ဖောက်ကားမှု တိုက်ဖျက်ရေးအတွက် နှစ်နိုင်ငံသဘောတူညီချက် ၂၇ ခု၊ နားလည်မှုစာချွန်လွှာ (MoU) ၁၆ ခုနှင့် နိုင်ငံအသီးသီးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက် ၂ ခုကို လက်မှတ်ရေးထိုးထား ကြောင်း ပြည်နယ်လုံခြုံရေးဝန်ကြီး နစ်ရန်နာဒ် ရိုင်းက အိန္ဒိယအထက်လွှတ်တော်သို့ သြဂုတ် ၂ ရက် တွင် စာဖြင့် ဖြေကြားရှင်းလင်းခဲ့သည်။
မူးယစ်ဆေးဝါး တရားမ၀င် ရောင်းဝယ်ဖောက်ကားမှုနဲ့ အလွဲသုံးစားလုပ်မှုသည် နိုင်ငံဖြတ်ကျော် ပြဿနာ ဖြစ်သောကြောင့် အိန္ဒိယအစိုးရသည် နိုင်ငံပေါင်း ၂၇ နိုင်ငံနဲ့ နှစ်နိုင်ငံသဘောတူစာချုပ်၊ နိုင်ငံပေါင်း ၁၆ နိုင်ငံနှင့် နားလည်မှုစာချွန်လွှာ (MoU)၊ စိတ်ကိုပြောင်းလဲစေသော ပစ္စည်းများနှင့် ၎င်း ပစ္စည်းများ ထုတ်လုပ်ရာတွင် အသုံးပြုသည့် ဓာတုပစ္စည်းများ အပါအဝင် မူးယစ်ဆေးဝါး တရားမဝင် ရောင်းဝယ်ဖောက်ကားမှု တားဆီးရေးအတွက် လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက် ၂ စောင်ကို လက်မှတ်ရေးထိုးခဲ့ သည် ဟု ဖြေကြားလွှာတွင် ဖော်ပြထားသည်။
မဏိပူရတွင် မူးယစ်ဆေးဝါး အကြီးစား ရောင်းဝယ်ဖောက်ကားမှုအား သတိပြုမိခြင်း ရှိ၊ မရှိ ကို မူးယစ်ဆေးဝါး ထိန်းချုပ်ရေးဗျူရို (NCB) မှ ပြည်ထဲရေး ဝန်ကြီး အား Rashtriya Janata Dal (RJD) ပါတီ အကြီးအကဲ ဂျရန့် ချောင်ဟေး က မေးမြန်းခဲ့ပြီး အဆိုပါ ကိစ္စရပ်အတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ချမှတ်ခဲ့သည်။
ယင်းအတွက် ပြည်ထဲရေးဝန်ကြီးဌာန (MHA) ၏ လမ်းညွှန်ချက်များအရ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးဗျူရို NCB သည် အပြည်ပြည်ဆိုင်ရာနယ်စပ်နှင့် မဏိပူရပြည်နယ် ကုန်းတွင်းပိုင်းတို့တွင် မော်တော်ယာဉ် စစ်ဆေးရေး ပုံရိပ်ဖမ်းစက်များ တပ်ဆင်ရန် နေရာ ၂ ခုကို စီစဉ်ထားကြောင်း နစ်ရန်နာဒ် ရိုင်း က စာဖြင့် ရှင်းလင်း ခဲ့သည်။
နိုင်ငံတကာတွင် သက်ရောက်မှုရှိသော မူးယစ်ဆေးဝါးဆိုင်ရာ ပြဿနာများကို ဖြေရှင်းရန် NCB၊ အိန္ဒိယ နှင့် မြန်မာနိုင်ငံ မူးယစ်ဆေးဝါးအလွဲသုံးမှု ထိန်းချုပ်ရေးဗဟိုကော်မတီ (CCDAC) တို့အကြား ညွှန်ကြားရေးမှူးချုပ်အဆင့် ဆွေးနွေးပွဲနှင့် ကွင်းဆင်းအရာရှိများ အစည်းအဝေးကို ကျင်းပခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု လုပ်ငန်းများနှင့် အကြမ်းဖက်လုပ်ငန်းများအကြား ဆက်စပ်မှုကို အမှုတွဲများအဖြစ် စစ်ဆေးနေကြောင်း ရိုင်း က ပြောကြားသည်။
မဏိပူရတွင် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုနှင့် ဖြန့်ဖြူးရောင်းချမှုများကို ကိုင်တွယ် ဖြေရှင်းရန် အိန္ဒိယအစိုးရသည် မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် ဝန်ကြီးဌာနများ၊ ဌာနဆိုင်ရာများ၊ ဗဟိုနှင့် ပြည်နယ် တရားဥပဒေစိုးမိုးရေး အေဂျင်စီများအကြား ထိရောက်သော ညှိနှိုင်းဆောင်ရွက်မှုများ ရှိစေရန် ၂၀၁၆ ခုနှစ်တွင် မူယစ်ဆေးဝါး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု စင်တာ NCORD ယန္တရားကို အစပြု ခြင်း အဆင့်ကို လုပ်ဆောင်ခဲ့သည်။
NCORD ယန္တရားကို ပိုမိုထိရောက်ပြီး ကျယ်ကျယ်ပြန့်ပြန့်ဖြစ်စေရန် ဌာနဆိုင်ရာ အဖွဲ့အစည်းအသီးသီး မှ အဖွဲ့ဝင်အသစ်များ ထပ်တိုးခြင်းဖြင့် ပိုမိုအားကောင်းလာကြောင်း ၎င်းက ပြန်လည်ဖြေကြားသည်။
တရားမဝင် အင်တာနက် ဆက်သွယ်မှု Darknet တွင် တရားမဝင် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု ဆိုင်ရာ သံသယဖြစ်ဖွယ် အရောင်းအဝယ်များ နှင့် ခရစ်ပ်တို ငွေကြေး (Crypto Currency) လွှဲပြောင်းခြင်းများကို အထူး အဖွဲ့မှ စောင့်ကြည့်နေကြောင်း ရိုင်း က ပြောကြားသည်။

👍9😁3🔥1