နယ်မြေရှင်းလင်းရေးဆောင်ရွက်နေချိန် မိုင်းမတော်တဆပေါက်ကွဲမှုကြောင့် CDF ရဲဘော်ကျဆုံး
====================
ပါခွီး
(မဇ္စျိမ) ။ ။ ချင်းပြည်နယ် ၊ ကန်ပက်လက်မြို့နယ်အတွင်း နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေစဉ် မိုင်းမတော်တဆ ပေါက်ကွဲမှုကြောင့် ရဲဘော်တစ်ဦး ကျဆုံးခဲ့ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ (ကန်ပက်လက်) CDF – Kanpetlet က ယနေ့ဩဂုတ်လ ၄ ရက်တွင် ထုတ်ပြန်သည်။
ကန်ပက်လက်မြို့နယ် လောင်းရှည် - ကျင်ဒွေးလမ်းပိုင်း၌ ဩဂုတ်လ ၃ ရက် နေ့လယ် ၂ နာရီအချိန်ခန့်တွင် မိုင်းမတော်တဆမှုဖြစ်ပွားပြီး တပ်ဖွဲ့ဝင် ဆလိုင်းအွမ်ဂေး ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။
အမျိုးသားရေးအတွက် ပေးဆပ်မှုအပေါ် လေးစားဂုဏ်ယူပါကြောင်းနှင့် ကျန်ရစ်သူမိသားစုနှင့် ထပ်တူဝမ်းနည်းကြေကွဲရပါကြောင်း CDF – Kanpetlet ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါမိုင်းမတော်တဆဖြစ်စဉ်နှင့် ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ရန် မဇ္စျိမအနေဖြင့် တာဝန်ရှိသူများထံ ဆက်သွယ်လျက်ရှိသည်။
ကျဆုံးသွားသည့် ရဲဘော်ဆလိုင်းအွမ်ဂေးသည် ယခင်က CDF – Kanpetlet တူမီး တပ်ရင်း၏ တပ်ရင်းမှူးဟောင်းတစ်ဦးဖြစ်ကြောင်း ကာကွယ်ရေးတပ်ဖွဲ့များထံမှ ကိုးကားပြီး ဒေသတွင်းသတင်းများကို ဖော်ပြနေသည့် Kanpetlet Voice က ရေးသားထားသည်။
ဇူလိုင်လတွင် ကန်ပက်လက်မြို့နယ်အတွင်းသို့ စစ်ကောင်စီတပ်ဖွဲ့က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းနှစ်ကြောင်း ဝင်ရောက်လာရာ CDF – Kanpetlet နှင့် ပူးပေါင်းတပ်ဖွဲ့ များက ခုခံတိုက်ခိုက်ခဲ့သဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ကျော် သေဆုံးခဲ့သည့်ဖြစ်စဉ်ကို CDF-Kanpetlet တပ်မဟာမှူးက မဇ္ဈိမသို့ ဇူလိုင်လ ၂၈ရက်က ပြောဆိုထားသေးသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး
ပုံအညွှန်း။ ။ ကျဆုံးသွားသည့် ရဲဘော် ဆလိုင်း အွမ်ဂေး(ဓာတ်ပုံ -Kanpetlet Voice)
#ချင်းပြည်နယ်
#ကန်ပက်လက်မြို့နယ်
#မိုင်း
#ပေါက်ကွဲမှု
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

😢33👍6👏2🤣2❤1
ဒီးမော့ဆို အရှေ့ဖက်ခြမ်းတိုက်ပွဲ ကရင်နီ တပ်မတော် ဒု-ဗိုလ်ကျဆုံး
====================
ကရင်နီပြည်၊ ဒီးမော့ဆိုအရှေ့ခြမ်းတွင် သြဂုတ်လ ၂ ရက်နေ့က စစ်ကောင်စီတပ်နှင့် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း ကရင်နီတပ်မတော်(KA)အမှတ် ၅ တပ်ရင်းမှ ဒုဗိုလ်ခူးလီးရယ်ကျဆုံးသွားခဲ့သည်။
ဒုဗိုလ်ခူးလီးရယ်သည် အကြမ်းဖက် စစ်ကောင်စီ ကို ရွပ်ရွပ်ချွံချွံ ခုခံတိုက်ခိုက်ရင်း မြင့်မြတ်စွာ ကျဆုံးခဲ့သည်ဟုKA အမှတ် ၅ တပ်ရင်းက ယနေ့သြဂုတ်လ ၄ ရက်တွင် ထုတ်ပြန်သည်။ ထို့အပြင် ၎င်း၏ ဈာပနအခမ်းအနားကို ယနေ့ပြုလုပ်ခဲ့သည်ဟု သိရသည်။
ဒုဗိုလ်ခူးလီးရယ်သည် ကရင်နီပြည်နယ် လွတ်မြောက်ရေးနှင့် စစ်အာဏာရှင်အမြစ်ပြတ်ခြေမှုန်းရေးအတွက် အစွမ်းကုန်ကြိုးစားရင်း တော်လှန်ရေးအတွက် မြင့်မြတ်စွာ အသက်ပေးဆပ်သွားခဲ့သည့်အတွက် အာဇာနည်သူရဲကောင်းအဖြစ် မှတ်တမ်းတင်အပ်သည်ဟု KA အမှတ် ၅ တပ်ရင်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
သြဂုတ်လ ၂ ရက်နေ့ကတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ထိခိုက်မှုကို မသိရှိရသေးပေ။လတ်တလောတွင် ကရင်နီပြည်နယ်အတွင်း ဒီးမော့ဆို-ဖရုဆို လမ်းပိုင်းနှင့် ဖားဆောင်း၊မယ်စဲ့မြို့နယ်တို့တွင် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်များကြား စစ်ရေးတင်းမာနေသည်။
#mizzima

😢39👍8🥰2❤1👏1
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ် သြဂုတ်လ ၄ ရက်ထုတ်လွှင့်မှုများ
====================
https://youtu.be/Vz3GwOXuEMs
====================
https://youtu.be/Vz3GwOXuEMs
YouTube
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ် သြဂုတ်လ ၄ ရက်ထုတ်လွှင့်မှုများ
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ် သြဂုတ်လ ၄ ရက်ထုတ်လွှင့်မှုများ
#PVTV
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး…

👍10😁2
20th Century Girl
============
ဆယ်ကျော်သက်အရွယ် အချစ်ဇာတ်လမ်းလေးကို အခြေခံရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။
နာဘိုနာက သူငယ်ချင်းဖြစ်သူ ယွန်းဒူတစ်ယောက် နယူးယောက်မှာ နှလုံးခွဲစိတ်ဖို့အတွက် သူရဲ့ Crush ဘဲ့ဟျွန်းဂျင်ရဲ့တစ်နေ့တာ သူသိချင်တဲ့အကြောင်းများ သိခွင့်ရအောင် စုံစမ်းပေးမယ်ဆိုပြီး ကတိပေးလိုက်ရပါတယ်။
ကတိအတိုင်းပဲ ဘိုရာတစ်ယောက် ဘဲ့ဟျွန်းဂျင်အကြောင်းသိဖို့ အသည်းအသန်ကြိုးစားပါတော့တယ်။
ဒီလိုနဲ့ ဘဲ့ဟျွန်းဂျင်ရဲ့အချစ်ဆုံးသူငယ်ချင်း ဖွန်ဝန်းဟိုကိုပါ အသုံးချဖို့ကြိုးစားရာကနေ ဘယ်လိုတွေဆက်ဖြစ်မှာလဲ...
ယွန်းဒူနိုင်ငံခြားကပြန်လာတဲ့ခါမှာရော ဘယ်လိုလှည့်ကွက်တွေထပ်ပေါ်လာမှာလဲ...
ဆယ်ကျော်သက်ဘဝရဲ့လွတ်လပ်မှု အချစ်ဦးကိုဖော်ပြထားတဲ့ဇာတ်ကားလေးမို့ ဆက်လက်ကြည့်ရှုပေးပါဦးနော်။
ဒီဇာတ်ကားလေးကို Mizzima + HD Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။
Mizzima+HD Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင်
App ဒေါင်းလော့လုပ်ရန် - http://onelink.to/jnuwak
#New ပြသမည့်ရက်။ ။ 4.8.2023
ပြသမည့် အချိန် ။ ။ မနက် (၁၀:၀၀)နာရီ
ပြန်လည်ပြသမည့်အချိန်။ ။ ည (၁၀:၃၀) နာရီ
(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + HD တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U"

👍12🤮2❤1
အင်းတော် နဘားလမ်းဆုံတိုက်ပွဲ အရပ်သား ၁ဦးသေ ၂ဦးဒဏ်ရာရ
======================
ကိုခင်မောင်
(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ် နဘားလမ်းဆုံတွင် စစ်ကောင်စီတပ်နှင့် KIA၊ PDF ပူးပေါင်းတပ်များအကြားဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း အရပ်သားတဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရသွားသည်။
နဘားလမ်းဆုံတွင် သြဂုတ်လ ၂ရက်နေ့ နံနက် ၁၀နာရီခန့်က အင်အား ၇၀ခန့်ပါ စစ်ကောင်စီတပ်နှင့် KIA၊ PDF ပူးပေါင်းတပ်များတိုက်ပွဲဖြစ်ပွားနေစဥ် တိုက်ပွဲတွင်း ဖြတ်လာမိသည့် လိုက်ထရပ်ကားအား စစ်ကောင်စီကပစ်ခတ်ခြင်းဟုIndaw Revolution-IR က သတင်းထုတ်ပြန်သည်။ကားဆရာပွဲချင်းပြီးသေဆုံးပြီး နောက်ထပ်နှစ်ဦး ဒဏ်ရာရရှိသွားခဲ့သည်ဟု ဆိုသည်။
" ပစ်ခတ်မှုက ငါးနာရီလောက်ကြာပါတယ်။ စစ်ကောင်စီဘက်က ထိခိုက်မှုတော့ မသိရသေးဘူး”ဟု Indaw Revolution-IRမှ တာဝန်ရှိသူက ပြောသည်။
တိုက်ပွဲဖြစ်ပြီးနောက်ပိုင်းစစ်ကောင်စီတပ်ဖွဲ့သည် နဘားလမ်းဆုံတွင် စောင့်ကာ ကား၊ဆိုင်ကယ်များကို စစ်ဆေးပြီး နဘားရွာထဲတွင်လည်း ညအိပ်တပ်စွဲခဲ့သည်ဟု သိရသည်။ ယနေ့ သြဂုတ် ၄ရက်တွင် နဘားရွာမှ ထွက်ခွာလာပြီး အင်းတော်မြို့ပေါ် ရှိ စင့်ဟောက်ဘုန်းကြီးကျောင်းသို့ ရောက်ရှိတပ်စွဲထားကြောင်း သိရသည်။
အင်းတော်မြို့ပေါ်တွင် စစ်ကောင်စီတပ်က လုံခြုံရေးတင်းကျပ်ထားပြီး မြို့တွင်းရပ်ကွက်များ၊ မြို့အဝင်အထွက် လမ်းများတွင်ပြည်သူများအား စစ်ဆေးမှုများ ဆက်တိုက်ပြုလုပ်နေသည်ဟု Indaw Revolution-IR ထံမှ သိရသည်။
Indaw Revolution-IRသည် အင်းတော်မြို့နယ်တွင်း စစ်ကောင်စီစစ်ကြောင်းများနှင့် တော်လှန်ရေးအင်အားစုများ၏ တိုက်ပွဲသတင်းများ၊ ဒေသခံပြည်သူများ၏ လုံခြုံရေးဆိုင်ရာသတိပေးချက်များနှင့်ပတ်သက်သော သတင်းများကို လူမှုကွန်ရက်မှတဆင့် ထုတ်ပြန်ပေးနေသည်။
စာတည်း - မောင်ကြီး
#mizzima
#အင်းတော်မြို့နယ်
#နဘားလမ်းဆုံ
#စစ်ကောင်စီတပ်
#KIA၊PDFပူးပေါင်းတပ်
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
======================
ကိုခင်မောင်
(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ် နဘားလမ်းဆုံတွင် စစ်ကောင်စီတပ်နှင့် KIA၊ PDF ပူးပေါင်းတပ်များအကြားဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း အရပ်သားတဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရသွားသည်။
နဘားလမ်းဆုံတွင် သြဂုတ်လ ၂ရက်နေ့ နံနက် ၁၀နာရီခန့်က အင်အား ၇၀ခန့်ပါ စစ်ကောင်စီတပ်နှင့် KIA၊ PDF ပူးပေါင်းတပ်များတိုက်ပွဲဖြစ်ပွားနေစဥ် တိုက်ပွဲတွင်း ဖြတ်လာမိသည့် လိုက်ထရပ်ကားအား စစ်ကောင်စီကပစ်ခတ်ခြင်းဟုIndaw Revolution-IR က သတင်းထုတ်ပြန်သည်။ကားဆရာပွဲချင်းပြီးသေဆုံးပြီး နောက်ထပ်နှစ်ဦး ဒဏ်ရာရရှိသွားခဲ့သည်ဟု ဆိုသည်။
" ပစ်ခတ်မှုက ငါးနာရီလောက်ကြာပါတယ်။ စစ်ကောင်စီဘက်က ထိခိုက်မှုတော့ မသိရသေးဘူး”ဟု Indaw Revolution-IRမှ တာဝန်ရှိသူက ပြောသည်။
တိုက်ပွဲဖြစ်ပြီးနောက်ပိုင်းစစ်ကောင်စီတပ်ဖွဲ့သည် နဘားလမ်းဆုံတွင် စောင့်ကာ ကား၊ဆိုင်ကယ်များကို စစ်ဆေးပြီး နဘားရွာထဲတွင်လည်း ညအိပ်တပ်စွဲခဲ့သည်ဟု သိရသည်။ ယနေ့ သြဂုတ် ၄ရက်တွင် နဘားရွာမှ ထွက်ခွာလာပြီး အင်းတော်မြို့ပေါ် ရှိ စင့်ဟောက်ဘုန်းကြီးကျောင်းသို့ ရောက်ရှိတပ်စွဲထားကြောင်း သိရသည်။
အင်းတော်မြို့ပေါ်တွင် စစ်ကောင်စီတပ်က လုံခြုံရေးတင်းကျပ်ထားပြီး မြို့တွင်းရပ်ကွက်များ၊ မြို့အဝင်အထွက် လမ်းများတွင်ပြည်သူများအား စစ်ဆေးမှုများ ဆက်တိုက်ပြုလုပ်နေသည်ဟု Indaw Revolution-IR ထံမှ သိရသည်။
Indaw Revolution-IRသည် အင်းတော်မြို့နယ်တွင်း စစ်ကောင်စီစစ်ကြောင်းများနှင့် တော်လှန်ရေးအင်အားစုများ၏ တိုက်ပွဲသတင်းများ၊ ဒေသခံပြည်သူများ၏ လုံခြုံရေးဆိုင်ရာသတိပေးချက်များနှင့်ပတ်သက်သော သတင်းများကို လူမှုကွန်ရက်မှတဆင့် ထုတ်ပြန်ပေးနေသည်။
စာတည်း - မောင်ကြီး
#mizzima
#အင်းတော်မြို့နယ်
#နဘားလမ်းဆုံ
#စစ်ကောင်စီတပ်
#KIA၊PDFပူးပေါင်းတပ်
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍18😢10❤7🔥1👏1
သြဂုတ်လ( ၅ )ရက်၊ စနေနေ့မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
====================
ဒီကနေ့ မနက် နားဆင်ရမယ့် အစီစဉ်တွေကတော့ ...
ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် နေရာမှာ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ကို ပြောင်းလဲခန့်အပ်တာ အပါအဝင် ဝန်ကြီးဌာနတချို့ ကို စစ်ကောင်စီက အပြောင်းအလဲ ပြုလုပ်ခဲ့တဲ့သတင်းနဲ့အတူ ကာလုံအစည်းအဝေးတက်တဲ့ ဦးဟင်နရီဗန်ထီးယူကို အရေးယူမယ်လို့ NLD ကပြောဆိုလိုက်တဲ့သတင်း အပါအဝင် တခြား စိတ်ဝင်စားဖွယ် ပြည်တွင်းသတင်းတွေနဲ့ နောက်ဆုံးရ နိုင်ငံတကာသတင်းတွေကို နားဆင်ကြရမှာပါ။
အဲ့ဒီနောက်မှာတော့ စီးပွားရေးသတင်းတွေကို နားဆင်ကြရဖို့ရှိပါတယ်။ သတင်းတွေအပြီးမှာတော့ ဒီကနေ့အတွက် သတင်းသုံးသပ်ချက်အစီအစဉ်ကို နားဆင်ရဖို့ ရှိပါတယ်။အဲ့ဒီနောက်မှာတော့ အပတ်စဉ်တင်ဆက်နေကျဖြစ်တဲ့ Insight Myanmar အစီအစဉ်ကိုနားဆင်ရမှာပါ။
https://youtu.be/YL4WKNkWhbE
#Mizzimaradio
#Morningradio
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် နေရာမှာ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ကို ပြောင်းလဲခန့်အပ်တာ အပါအဝင် ဝန်ကြီးဌာနတချို့ ကို စစ်ကောင်စီက အပြောင်းအလဲ ပြုလုပ်ခဲ့တဲ့သတင်းနဲ့အတူ ကာလုံအစည်းအဝေးတက်တဲ့ ဦးဟင်နရီဗန်ထီးယူကို…

👍18🔥1
Art of Revolution #120 (Aug 4, 2023)
***AoR (တော်လှန်ခြင်းအနုပညာ) ရှစ်လေးလုံး ၃၅ နှစ်ပြည့် အထူးအထိမ်းအမှတ်***
(ရှစ်လေးလုံး ၃၅ နှစ်ပြည့် အထူးအထိမ်းအမှတ် အဖွင့်စကား) - ဦးကိုကိုလေး။
(သီချင်း) ချိုချိုအေး - “ကမ္ဘာမကြေဘူး”။ (တေးရေး၊ နိုင်မြန်မာ)
(ကဗျာ) ကဗျာဆရာကေဇာဝင်း၏ “သင်တို့ဘုရား ငါမဖူး”။ (ရွတ်ဖတ်သူ၊ အရှင်တေဇာနန္ဒ (တန့်ဆည်))
(ကဗျာ) ပန်းတော်ဆက် - “ဥဒါန်း ”။ (ကိုယ်တိုင်ရေး)
(ကဗျာ) ဘုန်းဝေလူ - “ကျီးသိုက်”။ (ကိုယ်တိုင်ရေး)
(ကဗျာ) ချမ်းငြိမ်း - “ပုစ္ဆာ”။ (ကိုယ်တိုင်ရေး)
(အသံဖိုင်) ကဗျာဆရာမ လမင်းညို (အင်းလေး)၏ “ဒဏ်ရာများ”။ (ကိုယ်တိုင်ရေး)
(ကဗျာ) အောင်ဝေး - ရှစ်လေးလုံးတုန်းက ကဗျာ (၃)ပုဒ်။ (ကိုယ်တိုင်ရေး)
(ကဗျာ) ကိုအောင်မှိုင်း - “ရှစ်ဆယ့်ရှစ်တမ်းချင်း”။ (ကိုယ်တိုင်ရေး)
(ကဗျာ) Rပြဲ - “ရှစ်လေးလုံးသွေး”။ (ကိုယ်တိုင်ရေး)
(ကဗျာ) မောင်စိုးချိန် - “၁။ ၈၈ အရေးတော်ပုံ သို့ ဦးညွတ်ခြင်း အမှတ်တရ”၊ “၂။ တိုက်ပုံချွတ် ပြောက်ကျားဘေင်းဘီဝတ် နေဝန်းကြီး”။ (ကိုယ်တိုင်ရေးကဗျာ ၂ ပုဒ်)
(သီချင်း) ခိုင်ဒူးဝါး - “ကြာခဲ့ပြီ” (တေးရေး၊ ဂျယ်ရီ၊တင်ဝင်း(ဆေးမန်း)။ မူရင်းတေးဆို၊ ခိုင်ထူး)
(ရှစ်လေးလုံး ၃၅ နှစ်ပြည့် အထူးအထိမ်းအမှတ် အပိတ် ကျေးဇူးတင်စကား) - ဘုန်းဝေလူ ။

👍24❤6😁2
မူဆယ် ဗုံးပေါက် ၁ ဦးသေ ၅ ဦး ဒဏ်ရာရ
===================
007
(မဇ္စျိမ)။ ။ မူဆယ်မြို့ စက်မှုဇုန်ရှိ ကားဝပ်ရှော့တစ်ခုတွင် ယမန်နေ့ ဩဂုတ်လ ၄ ရက် ညနေ ၄ နာ ရီခန့်က ဗုံးတစ်လုံးပေါက်ကွဲခဲ့ရာ လူတစ်ဦးသေဆုံးပြီး ငါးဦးဒဏ်ရာရခဲ့ကြောင်း သိရသည်။
"
ဝပ်ရှော့မှာ လာပြင်တဲ့ဖိုးဝှီး(4WD Double Cup)ကနေ ဗုံးထပေါက်တာပါ။ ကားသမားသေတယ်။ ငါးယောက်လောက်က ဗုံးစမှန်လို့ ဆေးရုံပို့တာတွေ့တယ်။ ဝပ်ရှော့ကအလုပ်သမားတွေလား အပြင်လူလားဆိုတာတော့မသိဘူး" ဟု ဒေသခံတစ်ဦးကပြောသည်။
ဦးမြင့်ဦးဆိုသူ၏ အာနိုးကားဝပ်ရှော့တွင် ကားပြင်ရန်ရောက်လာသည့် အပြာရောင် 4 Wheels Double Cup ကားနောက်ခန်းမှ ဗုံး ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပေါက်ကွဲမှုကြောင့် ကားမောင်းလာသူအမျိုးသားသေဆုံးပြီး အနီးရှိနေသူငါးဦး(စိစစ်ဆဲ)ဒဏ်ရာရခဲ့ကြောင်း၊ ဝပ်ရှော့အတွင်းရှိ ဆိုင်ကယ်နှင့်ကားတချို့ ပျက်စီးခဲ့ကြောင်း၊ သေဆုံးသူနှင့် ဒဏ်ရာရသူငါးဦးကို ဆေးရုံပို့ဆောင်ထားကြောင်း မူဆယ်ခရိုင်ရဲတပ်ဖွဲ့နှင့်နီးစပ်သည့်အသိုက်အဝန်းထံက သိရသည်။
ဗ
ုံးပေါက်ကွဲမှုနှင့်ပတ်သက်သည့်နောက်ဆက်တွဲကိုမဇ္ဈိမက ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ပြီးခဲ့သည့်ဇူလိုင်လ ၂၉ ရက် ညက ဆေးရုံအနီးပေါက်ကွဲမှုနှစ်ကြိမ် ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီက ပုဒ်မ(၁၄၄)(မာရှယ်လော) ထုတ်ပြန်ထားသည်။
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#မူဆယ်
#ဗုံးပေါက်
စာအညွှန်း -ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် ကား(ဓာတ်ပုံ-CJ)
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။
https://bit.ly/2VhJ12U

👍13❤1😢1
ကရင်နီပြည်နယ်တွင် ဇူလိုင်လအတွင်း တိုက်ပွဲ (၃၃) ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီတပ်ဖွဲ့ဘက်မှ ၈၄ ဦးသေဆုံး
👍24😁3❤2

==================
002
(မဇ္ဈိမ)။ ။ ကရင်နီပြည်နယ်တွင် ဇူလိုင်လအတွင်း စစ်ကောင်စီတပ်ဖွဲ့နှင့်တိုက်ပွဲ ၃၃ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ၈၄ ဦးသေဆုံး ကြောင်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) က သတင်းထုတ်ပြန်သည်။
တိုက်ပွဲများသည် KNDF က အခြားသော အင်အားစုများနှင့် လက်တွဲကာ ပါဝင်တိုက်ခိုက်ခဲ့သော တိုက်ပွဲများဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၈၄ဦး သေဆုံးကာ သုံ့ပန်း သုံးဦး ဖမ်းဆီးရမိခဲ့သည်။ ထို့အပြင် လက်နက်ငယ် ရှစ်လက်နှင့် ခဲယမ်းအမြောက်အမြားသိမ်းဆည်းရမိခဲ့သည်ဟု KNDF က ဆိုသည်။
KNDF မှလည်း ရဲဘော်နှစ်ဦး ကျဆုံးခဲ့ပြီး ကျဆုံးခဲ့သည့် မဟာမိတ်တပ်များမှ ရဲ ဘော်များကိုလည်း အာဇာနည် သူရဲကောင်းများအဖြစ် မှတ်တမ်းတင် အလေးပြုကြောင်း KNDF က ထုတ်ပြန်သည်။
ဇူလိုင်လအတွင်း စစ်ကောင်စီတပ်ဖွဲ့က လေကြောင်းတိုက်ခိုက်မှု ၄၂ ကြိမ်ပြုလုပ်ခဲ့ရာ ကလေးတစ်ဦး အပါအဝင် ပြည်သူ လေးဦးသေဆုံးခဲ့ပြီး ရှစ်ဦးဒဏ်ရာရခဲ့ကြောင်း ၊ ယင်းအပြင် လက်နက်ကြီး ထိမှန်မှုကြောင့် ပြည်သူတစ်ဦး သေဆုံးကာ၊ ၁၄ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း နှင့် စစ်ကောင်စီတပ်ဖွဲ့က အကြောင်းမဲ့ သတ်ဖြတ်သဖြင့် ပြည်သူ ခုနစ်ဦး သေဆုံးခဲ့ကြောင်း KNDF က ထုတ်ပြန်ထားသည်။
စစ်ကောင်စီတပ်ဖွဲ့၏ လေကြောင်းနှင့် လက်နက်ကြီးဖြင့် တိုက်ခိုက်မှုတို့ကြောင့် လူနေအိမ် ၁၃လုံး၊ဘာသာရေးအဆောက်အအုံ နှစ်လုံး၊ ဆေးပေးခန်း တစ်ခန်း နှင့် စာသင်ကျောင်း နှစ်ကျောင်းတို့လည်း ပျက်စီးခဲ့သည်ဟု ဆိုသည်။
စစ်ကောင်စီက မယ်စဲ့မြို့နယ်ရှိ တပ်စခန်းများနှင့် နယ်စပ်စခန်းများအား လက်လွတ်ဆုံးရှုံးခဲ့ပြီးနောက် ဇွန်လအတွင်း စစ်အင်အားဖြည့်တင်းကာ စစ်ဆင်ရေးအရှိန်မြှင့်တင်ရန် လူသူလက်နက်ခဲယမ်းနှင့် ဆက်သွယ်ရေးစက်များပါဝင်သော စစ်ကား အစီး၁၀၀ကျော်ပါ ယာဉ်တန်းကို လွိုင်ကော်မြို့နယ် အတွင်းသို့ ဝင်ရောက်အားဖြည့်ခဲ့သည်ဟု KNDF က ဆိုသည်။
ဇူလိုင်လ တတိယအပတ်မှစ၍ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမှ ဖယ်ခုံကို ဖြတ်၍ လွိုင်ကော်မြို့နယ်သို့ ဝင်လာသော စစ်ကောင်စီ၏ ထောက်ပို့စစ်ယာဉ်တန်းအား လွိုင်ကော်မြို့ အနီးတွင် ကရင်နီ ပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့၏ ကားသုံးစီး ပျက်စီးခဲ့ကြောင်း၊ ထို့အတူ အဆိုပါယာဉ်တန်းများအား လုံခြုံရေးယူပေးမည့် လွိုင်ကော်မြို့မှ ထွက်လာသော စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက်ခဲ့ရာ ၂၀ဦး ထက်မနည်း သေဆုံးခဲ့သည်ဟု KNDF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အပြင် ဖားဆောင်းမြို့အနီးရှိ သံလွင်တံတား အနီးတွင် မယ်စဲ့မြို့ကို ပြန်လည်သိမ်းယူနိုင်ရေးစစ်ကြောင်းထိုးနေသာ စစ်ကောင်စီတပ်ဖွဲ့နှင့် မယ်စဲ့မြို့နယ်ရှိ ပန်တိန်းနယ်ခြားစောင့်စခန်းတွင် ရဟတ်ယာဉ်ဖြင့် တပ်စွဲထားသော စစ်ကောင်စီတပ်များကိုလည်း ကရင်နီပူးပေါင်း တပ်ဖွဲ့များက အဆက်မပြတ် တိုက်ခိုက်ခဲ့သည်ဟု KNDF က ထုတ်ပြန်သည်။
ဘောလခဲမြို့နယ်၊ ရွာသစ်မြို့တွင်လည်း စစ်ကောင်စီတပ်ဖွဲ့များ ထိုးစစ်ဆင်လျက်ရှိသဖြင့် ကရင်နီ ပူးပေါင်းတပ်များနှင့် တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ရွာသစ်မြို့ အတွင်းသို့ ဝင်ရောက် တပ်စွဲကာ အရပ်သားပြည်သူ ၃၀၀ခန့်ကို ဓားစာခံအဖြစ် ဖမ်းဆီးထားသည်ဟု KNDF က ထုတ်ပြန်သည်။
ဇူလိုင်လအတွင်း ကရင်ပြည်နယ်၊သံတောင်မြို့နယ် ၊ယာဒိုကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို မဟာမိတ်တပ်များနှင့်အတူ ပါဝင်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်၏ အဆမတန် လေကြောင်းပစ်ကူများအသုံးပြုမှုနှင့် အင်အား အမြောက်အများ ဖြည့်တင်းမှုကြောင့် ယာဒိုကျေးရွာနှင့်အနီးတဝိုက်တွင် တိုက်ပွဲပြင်းထန်လျက်ရှိသည်ဟု KNDF က ဆိုသည်။
ကရင်နီပြည်နယ်အတွင်း စစ်မျက်နှာအသီးသီးတွင် စစ်ကောင်စီတပ်ဖွဲ့များ အထိနာလျက်ရှိပြီး လက်နက်၊ခဲယမ်း၊ ရိက္ခာနှင့် တပ်အင်အားဖြည့်တင်းနိုင်ရန် အပြင်းအထန် ကြိုးစားနေသည်ဟု KNDF က ထုတ်ပြန်ထားသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး
#ကရင်နီပြည်နယ်
#စစ်ကောင်စီတပ်
#KNDF
#တိုက်ပွဲဖြစ်ပွား
ပုံအညွှန်း- ဇူလိုင်လကုန်ပိုင်းက ကရင်နီပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် ရရှိသည့် စစ်လက်နက်အသုံးအဆောင်ပစ္စည်းများ။(ဓာတ်ပုံ-KNDF)

👍19👏7😁3
စစ်တပ်ထုတ်ကုန်တွေ မသုံးဖို့ တိုက်တွန်းတဲ့ လောင်းလုံးမြို့လူထုသပိတ်
=====================
ကိုရွှေမြိတ်
(မဇ္ဈိမ)။ ။လောင်းလုံးမြို့နယ်တွင် စစ်တပ်ထုတ်ကုန်များ မသုံးစွဲရန် တိုက်တွန်းသည့် လူထုသပိတ်နှင့် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုသပိတ်ကို ထားဝယ်ခရိုင်ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ (DDMSC)က ဦးဆောင်ပြုလုပ်ခဲ့သည်။
အဆိုပါ လူထုသပိတ်ကို ဩဂုတ်လ ၄ ရက်နေ့ နေ့လယ်ပိုင်းတွင် လောင်းလုံးမြို့ပေါ် နေရာအချို့၌ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
DDMSC သပိတ်ကော်မတီဝင်များနှင့် ဒေသခံများက “ဖက်ဆစ်ဝင်ငွေ ဖြတ်တောက်၊ ပြည်သူ့ဘဏ္ဍာ တည်ဆောက်”စာသားပါ ဘန်ကိုင်ဆွဲပြီးချီတက်ခဲ့ကြသည်။
ဒေသခံပြည်သူများအပါအဝင် ပြည်သူလူထုတရပ်လုံးအနေနှင့် စစ်တပ်ထုတ်ကုန်ပစ္စည်းများကို လုံးဝ (လုံးဝ) ရောင်းချခြင်း၊ဝယ်ယူသုံးစွဲခြင်း မပြုလုပ်ကြဘဲ သပိတ်မှောက်သွားကြရန် အလေးအနက်တိုက်တွန်းလိုကြောင်း သပိတ်ဦးဆောင်သူများက တိုက်တွန်းခဲ့ကြသည်။
တနင်္သာရီတိုင်းအတွင်း ယခုရက်ပိုင်းတွင် တနင်္သာရီမြို့နယ်၊ မြိတ်မြို့နယ်တို့၌ စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်များကြား စစ်ရေးတင်းမာနေကြောင်း သိရသည်။
စာတည်း - မောင်ကြီး
https://youtu.be/F_nwoNfZPSk
#mizzima
#လောင်းလုံးမြို့နယ်
#စစ်တပ်ထုတ်ကုန်များ
#လူထုသပိတ်
#DDMSC

ကိုရွှေမြိတ် (မဇ္ဈိမ)။ ။လောင်းလုံးမြို့နယ်တွင် စစ်တပ်ထုတ်ကုန်များ မသုံးစွဲရန် တိုက်တွန်းသည့် လူထုသပိတ်နှင့် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုသပိတ်ကို ထားဝယ်ခရိုင်ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ (DDMSC)က ဦးဆောင်ပြုလုပ်ခဲ့သည်။
အဆိုပါ လူထုသပိတ်ကို ဩဂုတ်လ…
အဆိုပါ လူထုသပိတ်ကို ဩဂုတ်လ…
👍19❤7😁2
ပုဂံမှ ဘုရားကိုခြံခတ်ပြီး မြန်မာမဝင်ရဆိုသည်မှာ ဖြစ်စဉ်အဟောင်းသာဖြစ်
=======================
JC
(မဇ္ဈိမ)။ ။ပုဂံတွင် ရှေးဟောင်းဘုရားကိုခြံခတ်ကာ နိုင်ငံခြားသားပိုင် ဟိုတယ်နှင့် စားသောက်ဆိုင်ပြုလုပ် ထားပြီး မြန်မာနိုင်ငံသား ဘုရားဖူးများအား ဝင်ခွင့်ကန့်သတ်ထားသည်ဆိုသောသတင်း လူမှုကွန်ရက် တွင် ပျံ့နှံ့လျက်ရှိနေသည်။ ယင်းမှာ ဖြစ်စဉ်အဟောင်းသာဖြစ်သည်။
“Hta Yaw Thar” အမည်ဖြင့် ဖေ့စ်ဘုတ်အသုံးပြုသူက ဩဂုတ်လ ၁ ရက်နေ့တွင် “ဘုရားကို ခြံခတ်ပြီး မြန်မာမဝင်ရဟုဆိုတဲ့ ပုံဂံက နိုင်ငံခြားသားပိုင်ဟိုတယ်” ခေါင်းစဉ်ဖြင့် ရွှေစည်းခုံဘုရားအနီးတွင် နိုင်ငံခြား သားပိုင် Bagan Step ဟိုတယ်သည် ရှေးဟောင်းဘုရားတဆူနှင့် ပုဂံခေတ်ကျောက်တိုင်သုံးခုအား ခြံဝင်း ခတ်ကာ ဘုရားဖူးခရီးသွား မြန်မာနိုင်ငံသားများအား ဝင်ခွင့်မပြု၊ ဓာတ်ပုံရိုက်ခွင့်မပြုကြောင်း ဖြန့်ဝေထား သည်။
၎င်းအား ဖြန့်ဝေမှု ၉၈၇ ခုရှိကာ ပိုစ့်ကို screenshot ရိုက်ကာ ပြန်လည်ဖြန့်ဝေထားမှုများလည်း ဖေ့စ်ဘုတ် တွင် ပျံ့နှံ့လျက်ရှိသည်။
ထိုအကြောင်းအရာကို မဇ္ဈိမမှ အချက်အလက်စစ်ဆေးခဲ့ရာ ၂၀၁၅ ခုနှစ်ကဖြစ်ပွားခဲ့သည့် ဖြစ်စဉ် အဟောင်းကို ပြန်လည်ဖြန့်ဝေထားခြင်းသာဖြစ်ကြောင်း တွေ့ရသည်။
April Maung Maung ဆိုသည့် ဖေ့စ်ဘုတ်အသုံးပြုသူတဦးက ထိုအကြောင်းအရာနှင့် ဓာတ်ပုံများကို ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့တွင်ဖော်ပြထားခဲ့ပြီး ဖြန့်ဝေမှု ၂၃,၀၀၀ ကျော်ရှိကာ အခြား ဖေ့စ်ဘုတ် သုံးစွဲသူများမှလည်း ဖြန့်ဝေမှုများစွာရှိခဲ့သည်။ မူရင်းရေးသားသူမှာ ကိုဇင်မင်းဆွေဟု စာအဆုံးတွင်ဖော် ပြထားသော်လည်း ၎င်းကို မတွေ့ရတော့ပေ။
၂၀၁၅ ခုနှစ်ဆန်းပိုင်းက ရွှေစည်းခုံဘုရားအနောက်ဘက် မြစ်ကမ်းအနီး၌ ရှေးဟောင်းဘုန်းကြီးကျောင်း ကိုခြံဝင်းခတ်ကာ ခရီးသွားများအားဝင်ခွင့်ကန့်သတ်သည့်ဖြစ်စဉ် ရှိခဲ့ဖူးသော်လည်း လက်ရှိတွင် ထိုလုပ် ငန်းမှာမရှိတော့ကြောင်း ဟိုတယ်လုပ်ငန်းရှင်များအသင်း(ပုဂံဇုန်) မှ ဦးဇော်ဝိတ် ကပြောသည်။
“အရင်ကတော့ရှိခဲ့ဖူးတယ်၊ အခုတော့ အဲ့ဒါကမရှိတော့ပါဘူး။ အဲ့ဒါကလည်း ရှေးဟောင်းဘုန်းကြီး ကျောင်းမှာ ဝင်းခတ်ထားတာ။ ဘုရားမရှိပါဘူး အဆောက်အဦးကဘုန်းကြီးကျောင်းအပျက်တွေပါ” ဟု ဦးဇော်ဝိတ်က မဇ္ဈိမကိုပြောသည်။
သတင်းတုတွင် ဖော်ပြထားသည့် ဓာတ်ပုံများအနက် မြေပုံ၏နေရာအနီးတဝိုက်အား Google map တွင် ရှာဖွေခဲ့ရာ Bagan Step ဟု ဖော်ပြထားသည့်တည်နေရာတခုကို တွေ့ရသည်။ ထို Bagan Step တည်နေ ရာမှဖော်ပြထားသည့် ဖုန်းနံပါတ်အား မဇ္ဈိမ၏အချက်အလက်စစ်ဆေးသူမှ ဆက်သွယ်ခဲ့ရာ ဖုန်းမှာ စက် ပိတ်ထားသည်။
ယင်းနေရာအနီးတဝိုက်တွင် ဇောတိပါလပရဟိတကျောင်းတိုက်ရှိပြီး မဇ္ဈိ၏အချက်အလက်စစ်ဆေးသူ က ဆက်သွယ်မေးမြန်းခဲ့ရာ လူမှုကွန်ရက်၌ပျံ့နှံ့နေသည့်အကြောင်းအရာမှာ မှားယွင်းနေပြီး လက်ရှိတွင် အဆိုပါခြံဝင်းကို ၎င်းကစောင့်ရှောက်ထားကြောင်း ဆရာတော်ဥူးဇောတိပါလက မိန့်ကြားသည်။
“ဟိုတယ်တော့ မရှိပါဘူး။ ၂၀၁၅ တုန်းကတင်ထားတဲ့ဟာကို အခု လတ်တလောမှာမှ ရတနာရတနာ ဆိုတဲ့အကောင့်ကလားတော့ မသိပါဘူး ပြန်တင်နေတာ။ အလကားလျှောက်ဖွနေတာ မဟုတ်ပါဘူး။ အမှားကြီးပါ။ အဲဒါက ၂၀၁၅ တုန်းကတည်းက တင်ထားတဲ့ဟာကြီးလေ။ အဲဒါကလည်း ခြံပဲရှိတော့တယ်။ လောလောဆယ် ဘုန်းကြီးပဲ စောင့်ရှောက်နေတယ်”ဟု ဆရာတော်ဥူးဇောတိပါလက မဇ္ဈိမသို့ မိန့်ကြား သည်။
ဘုရားဖူးခရီးသည်များအား ပုဂံ၊ ညောင်ဦးမြို့အတွင်း ဝန်ဆောင်မှုပေးနေသည့် သုံးဘီးဆိုင်ကယ်မောင်းသူ တဦးအား ဆက်သွယ်မေးမြန်းသည့်အခါတွင်လည်း လက်ရှိတွင် သွားလာခွင့်မရသည့်နေရာ မရှိကြောင်း နှင့် ရွှေစည်းခုံစေတီအနီးတဝိုက်တွင် Bagan Step ဆိုသည့် ဟိုတယ်မရှိကြောင်း မဇ္ဈိမကိုပြောသည်။
ထို့ကြောင့် လူမှုကွန်ရက်တွင်လတ်တလောပျံ့နှံ့နေသည့် နိုင်ငံခြားသားဟိုတယ်ပိုင်ရှင်များက ရှေးဟောင်း ဘုရားများအားခြံဝင်းခတ်ကာ မြန်မာနိုင်ငံသားခရီးသွားများအား ဓာတ်ပုံရိုက်ခွင့်မပေးဘဲ သွားလာခွင့် ပိတ်ပင်သည်မှာ ယခင် ၂၀၁၅ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်ဟောင်းအား ယခု ဖြစ်စဉ်ကဲ့သို့ ပြန်လည် ဖြန့်ဝေထားခြင်းသာ ဖြစ်သည်။
မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် - https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။
စာတည်း။ ။စောဖေ
#Misinformation_Buster
#Fake_News
#dissemination_of_old_processes

👍13😁2❤1
ကော်ဘရာစစ်ကြောင်းက ကျပ်သိန်း ၅,၀၀၀ ကမ်ပိန်း ပြုလုပ်
==========================
(မဇ္ဈိမ)။ ။ ကော်ဘရာစစ်ကြောင်းက “လူထုအားလုံးပါဝင်ပေး Cobra စစ်ဆင်ရေး” အမည်ရှိ ကမ်ပိန်းလုပ်ဆောင်နေပြီး ကျပ်သိန်း ၅,၀၀၀ ရရှိရန် မျှော်မှန်းထားကြောင်း သိရသည်။ ကမ်ပိန်းကို သြဂုတ် ၁ ရက်မှ စက်တင်ဘာ ၁ ရက်အထိ တစ်လကြာပြုလုပ်မည်ဖြစ်သည်။
" Cobraစစ်ကြောင်းက မြွေဟောက်တွေဆိုတာ ရန်သူအပေါ် ပါးပြင်းထောင် မာန်ချီပြရုံသက်သက် မဟုတ်ဘဲ အဆိပ်ပြင်းပြင်းနဲ့ အစွမ်းပြခဲ့၊ လက်စွမ်းပြနေရုံသာမက ပန်းတိုင်ရောက်သည်အထိဖက်ဆစ်စနစ်၊ ဖက်ဆစ်တပ်ကို ဆုံးခန်းတိုင် အမြစ်ဖြတ် ချေမှုန်းသွားမယ့် ပြည်သူ့တော်လှန်ရေးသမားတွေဆိုတာ အားလုံးအသိပါပဲ။
မြွေဟောက်တွေရဲ့ အဆိပ်ပြင်းတဲ့ စစ်ဆင်ရေး အတွက် လိုအပ်တဲ့ထောက်ပံ့ရေးကဏ္ဍမှာ ပြည်သူလူထု တစ်ရပ်လုံးက ပါဝင်ပေးကြဖို့ နှိုးဆော်ပါတယ်ဗျို့" ဟု ကော်ဘရာစစ်ကြောင်းက အသိပေးထားသည်။
“Cobra Column Fundraising Team ၏ Facebook Page သို့ လှူဒါန်းလိုသူများ ဆက်သွယ်နိုင်ပြီး ပြည်ပရောက်မြန်မာများအနေဖြင့် Fundraising Team များသို့ ဆက်သွယ်နိုင်ကြောင်း ထုတ်ပြန်ထားသည်။
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#ကော်ဘရာစစ်ကြောင်း
#ကမ်ပိန်း

👍22❤8🔥1😁1
မြန်မာဘဏ် ၂ ခုအား ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ထားခြင်းကို စတင်လိုက်နာကြရန် အမေရိကန် သတိပေး
==========================
ဇွန်လအတွင်းက အမေရိကန်၏ ဒဏ်ခတ်ပိတ်ဆို့မှု စာရင်းထဲ ထည့်သွင်းခဲ့သည့် မြန်မာဘဏ် နှစ်ဘဏ်နှင့် လုပ်ငန်းကိစ္စများ ဆောင်ရွက်ခြင်းများကို စီးပွားရေးလုပ်ငန်းများအနေဖြင့် ဩဂုတ် ၅ ရက် နောက်ဆုံးထားကာ ရပ်တန့်ကြရန် အမေရိကန်က သောကြာနေ့တွင် သတိပေးသည်။
.
မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) နှင့် မြန်မာ့ရင်းနှီးမြုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) တို့အား ဇွန် ၂၁ ရက်က နာမည်ပျက်စာရင်း သွင်းခဲ့ခြင်း ဖြစ်ပြီး ယင်း ဘဏ်နှစ်ဘဏ်သည် စစ်ကောင်စီက လက်နက်နှင့် လောင်စာဆီ ပြည်ပမှ ဝယ်ယူရာတွင် နိုင်ငံခြားငွေ အသုံးပြုနိုင်ရေးအတွက် လုပ်ဆောင်ပေးနေသကဲ့သို့ ပြည်ပအကောင့်များ အသုံးပြုကာ နိုင်ငံခြားဈေးကွက်များသို့ ဝင်ရောက်နိုင်ရေးတို့ကို ဆောင်ရွက်ပေးနေကြောင်း” နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုသည်။
မြန်မာ့ ရေနံ၊ ဓာတ်ငွေ့၊ ကျွန်းသစ်၊ ကျောက်မျက်နှင့် အခြားသော နယ်ပယ်များမှ စစ်ကောင်စီ အကျိုးအမြတ် ရရှိရေးကို ယင်း ဘဏ်များက ကူညီဆောင်ရွက်ပေးနေခြင်း ဖြစ်သည်ဟု ပြောရေးဆိုခွင့်ရှိသူ မက်သရူး မီလာက ပြောသည်။
တစစ လုပ်ငန်းလျှော့ချခြင်း လုပ်ဆောင်နိုင်ရန်အတွက် စီးပွားရေးလုပ်ငန်းကိုင်ငန်းများကို အဆိုပါ MFTB နှင့် MICB ဘဏ်တို့နှင့် ဆက်လက်၍ လုပ်ငန်းလုပ်ကိုင်နိုင်ရန် ခွင့်ပြုသည့် လိုင်စင်တစ်ရပ်ကို ဇွန်လအတွင်းက ချထားပေးခဲ့သော်လည်း အဆိုပါ လိုင်စင်မှာ စနေနေ့ (ဩဂုတ် ၅ ရက်) တွင် သက်တမ်းကုန်ပြီဖြစ်၍ အဆိုပါ ဘဏ်များနှင့် ဆက်လက်၍ လုပ်ငန်းဆောင်ရွက်ခြင်းကို ဘိုင်ဒင်အစိုးရအနေဖြင့် အပြစ်ပေးခြင်း စတင်ဆောင်ရွက်တော့မည် ဖြစ်သည်။
“ဒဏ်ခတ်ပိတ်ဆို့မှု ရည်ရွယ်ချက်နဲ့ အမေရိကန်ရဲ့ မူဝါဒကို ဆန့်ကျင်ဖီလာပြုတဲ့ ရှောင်လွှဲမှုတွေနဲ့ အခြား အမူအကျင့်တွေကို တန်ပြန်သွားဖို့ MFTB နဲ့ MICB တို့နဲ့ လုပ်ငန်းကိစ္စ ပတ်သက်လုပ်ကိုင်မှုတွေကို အမေရိကန်အနေနဲ့ ဂရုတစိုက် စေ့စေ့စပ်စပ် စောင့်ကြည့်သွားမှာ ဖြစ်တယ်၊ ကျွန်တော်တို့အနေနဲ့ သင့်တော်တဲ့အတိုင်း ဥပဒေအရ အရေးယူမှုတွေကို လုပ်ဆောင်မှာ ဖြစ်တယ်”ဟု မီလာက သတိပေးသည်။
“ငြိမ်းချမ်းရေးနဲ့ တရားမျှတရေး ရှာဖွေနေပြီး နိုင်ငံရဲ့ ဒီမိုကရေစီ အနာဂတ်အတွက် ကြိုးပမ်းနေကြတဲ့ မြန်မာပြည်သူကို ထောက်ပံ့အားပေးသွားရေးမှာ အမေရိကန်ဟာ ယိမ်းယိုင်လိမ့်မှာ မဟုတ်ဘူး၊ စစ်ကောင်စီရဲ့ နိုင်ငံတကာ ဘဏ္ဍာရေးစနစ်မှာ အသုံးချနိုင်စွမ်း ရှိနေတာကို ထိန်းချုပ်ဖို့အတွက် ကျွန်တော်တို့အနေနဲ့ ကျွန်တော်တို့ရဲ့ မိတ်ဖက်တွေ၊ နိုင်ငံတကာ အသိုင်းအဝန်းက မဟာမိတ်တွေနဲ့ ဆက်လက်လက်တွဲ ဆောင်ရွက်သွားမှာ ဖြစ်တယ်”ဟု ၎င်းက ပြောခဲ့သည်။
(မိုးသဲ ဘာသာပြန်သည်။)

👍32😁4🥰2👏2❤1
"Switch (2023)"
============
မင်းသမီးတွေနဲ့ ထည်လဲတွဲပြီး အောင်မြင်ကျော်ကြားတဲ့ ရုပ်ရှင်မင်းသား ဘဝကို ပိုင်ဆိုင်ထားတဲ့ ကိုရီးယားရဲ့ တော့ပ်စတား "ပတ်ခ်ခန်"။ မင်းသားရဲ့ သူငယ်ချင်းလည်းဖြစ် မန်နေဂျာလည်းဖြစ်တဲ့ "ဂျိုယွန်း"ကတော့ မင်းသားရဲ့ အရှုပ်တော်ပုံတွေကို ဒိုင်ခံရှင်းပေးသူပါ။
ဒီလိုနဲ့ ခရစ္စမတ် အကြိုညချမ်းမှာ ရုပ်ရှင်ဆုပေးပွဲ တစ်ခုကအပြန် သူတို ဆိုင်လေးတစ်ဆိုင်မှာ ဝင်သောက်ရင်း "ပတ်ခ်ခန်"တစ်ယောက် တက္ကစီတစ်စီးနဲ့ အိမ်ပြန်လာခဲ့ပါတယ်။ ဒါဟာ သူ့ဘဝအတွက် အချိုးအကွေ့တစ်ခု ဖြစ်လိမ့်မယ်မှန်း သူ မသိခဲ့ပါဘူး။
နောက်တစ်နေ့မနက် အိပ်ရာနိုးချိန်မှာ သူဟာ အတိတ်ကို ပြန်ရောက်နေခဲ့ပြီး၊ နာမည်ကျော်မင်းသား မဟုတ်တော့ဘဲ၊ လွန်ခဲ့တဲ့ ၁၀ နှစ်က သူ လမ်းခွဲခဲ့တဲ့ အချစ်ဦး "ဆိုယွန်း"ရဲ့ ခင်ပွန်းသည် ပြီးတော့ အမြွှာလေးနှစ်ယောက်ရဲ့ ဖခင် ဖြစ်နေခဲ့တာကို သူ သိလိုက်ရပါတယ်။
ဒီဘက်ဘဝမှာ မင်းသား"ဂျိုယွန်း"ရဲ့ မန်နေဂျာအဖြစ်နဲ့ အတိတ်မှာ သူ မရွေးချယ်မိခဲ့တဲ့ ဘဝတစ်ခုကို တစ်ကျော့ပြန် ခံစားခွင့်ရခဲ့တဲ့ "ပတ်ခ်ခန်"။ ဘဝရဲ့ အဓိပ္ပါယ်နဲ့ ပျော်ရွှင်မှု အစစ်အမှန်ကို သူ ရှာတွေ့သွားမလား ဆိုတာကိုတော့ ပရိသတ်ကြီးနဲ့အတူ စောင့်ကြည့်ကြမယ်နော်။
ဒီဇာတ်ကားလေးကို Mizzima + Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။
Mizzima+ Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင်
App ဒေါင်းလော့လုပ်ရန် - http://onelink.to/jnuwak
#New ပြသမည့်ရက်။ ။၅.၈.၂၀၂၃
ပြသမည့် အချိန် ။ ။ မနက် (၁၀:၀၀)နာရီ
ပြန်လည်ပြသမည့်အချိန်။ ။ ည (၁၀:၃၀) နာရီ
(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။

👍6❤2😁1