Mizzima
✔
47.5K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ယင်းမာပင်မြို့နယ် ရွှေနွယ်သွေးသပိတ်စစ်ကြောင်း ၇၅၂ ရက်မြောက် ချီတက်ဆန္ဒပြ( ပုံသတင်း)
====================

ကိုခင်မောင်
(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ရှိ ရွှေနွယ်သွေးသပိတ်စစ်ကြောင်းသည် ယမန်နေ့ သြဂုတ်လ ၄ ရက်နေ့တွင် ဆက်လက်ချီတက် ဆန္ဒပြကြသည်။

သပိတ်စစ်ကြောင်းသည် ဒေသတွင်းနယ်မြေမငြိမ်သက်မှုကြားမှ "သွေးမအေးတဲ့ ရွှေနွယ်သွေး"ဘန်နာကိုင်ဆွဲ၍ စစ်အာဏာရှင်ဆန့်ကျင်ရေး ၇၅၂ ရက်မြောက်နေ့အဖြစ် ချီတက်သပိတ်မှောက်ခြင်း ဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#စစ်ကိုင်းတိုင်း
#ယင်းမာပင်မြို့နယ်
#ရွှေနွယ်သွေး
#သပိတ်စစ်ကြောင်း

website link >>> http://www.mizzimaburmese.com/article/131690

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤15👍8🔥1😁1
"အတွင်းပဋိပက္ခကြောင့် စစ်အာဏာရှင်ကို တိုက်ရမယ့်ရည်ရွယ်ချက်ပိုဝေးကွာစေတယ်" ကိုဇေယျာလွင် (တာဝန်ခံ) 96 Soldiers - PDF အညာဒေသတပ်ခွဲ (အင်တာဗျူး)
===================

မဇ္ဈိမ။ ။ အတွင်းပဋိပက္ခကြောင့် စစ်အာဏာရှင်ကို တိုက်ရမယ့်ရည်ရွယ်ချက်ပိုဝေးကွာစေတယ်လို့ 96 Soldiers - PDF အညာဒေသတပ်ခွဲရဲ့ တာဝန်ခံဖြစ်တဲ့ ကိုဇေယျာလွင်က မဇ္ဈိမရဲ့ Weekly Interview မှာပြောပါတယ်။

ဒီတပတ် Weekly Interview အစီအစဉ်မှာတော့ 96 Soldiers - PDF အညာဒေသတပ်ခွဲ(LPDF) ကို ကာကွယ် ‌ရေးဝန်ကြီးဌာန၊ အမှတ်(၁) စစ်ဒေသရုံးက အခြေချနေထိုင်တာနဲ့ ပတ်သက်ပြီး 96 Soldiers - PDFရဲ့ တာဝန်ခံ ကိုဇေယျာလွင်ကို ဆက်သွယ်မေးမြန်းထားပါတယ်။

တင်ဆက်၊မေးမြန်း၊တည်းဖြတ် - မောင်ခက်နွေ
စာတည်း။ ။ အောင်ကျော်ဖြိုး
.
https://youtu.be/2zwoZST2_Qk

#Mizzima
#Weekly Interview
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍11😢6😁5
​​KNU တပ်မဟာ (၅) နယ်မြေတွင် ၁ လအတွင်း တိုက်ပွဲ ၁၈၉ ကြိမ်ဖြစ်ပွား
====================

YT
(မဇ္ဈိမ)။ ။ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၅) ထိန်းချုပ်နယ်မြေဖြစ်သည့် ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်တွင် ပြီးခဲ့သည့် ဇူလိုင်လ တစ်လအတွင်း တိုက်ပွဲအကြိမ်ရေ ၁၈၉ ကြိမ်အထိ ဖြစ်ပွားခဲ့ကြောင်း KNU- မူတြော်သတင်းစဉ်၏ ဩဂုတ်လ ၄ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

"ဘူးသိုနဲ့ ဒွယ်လိုးမှာက တိုက်ပွဲတွေဖြစ်တာ များပါတယ်။ မဲဝိုင်မှာလည်း တိုက်ပွဲတွေများတယ်" ဟု တပ်မဟာ (၅) KNLA သတင်းရင်းမြစ်က မဇ္ဈိမကိုပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁ ရက်မှ ဇူလိုင်လ ၃၁ ရက်အတွင်း KNU တပ်မဟာ (၅) နယ်မြေတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲ့၊ ၎င်းတို့၏လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် (BGF) တို့အကြား ဖြစ်ပွားခဲ့သော တိုက်ပွဲအကြိမ်ရေ ၁၈၉ ကြိမ်အတွင်း စစ်ကောင်စီတပ်ဖွဲ့နှင့် BGF တို့ဘက်မှ ၁၀၉ ဦးသေဆုံး၍ ၈၂ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း KNU- မူတြော်သတင်းစဉ်က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ ဇူလိုင်လ တစ်လတာ တိုက်ပွဲများအတွင်း တပ်မဟာ (၅) KNLA ဘက်မှလည်း ရဲဘော်တစ်ဦး ကျဆုံးခဲ့ပြီး ငါးဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

ထို့အပြင် ဇူလိုင်လအတွင်း တပ်မဟာ (၅) KNLA က စစ်ကောင်စီတပ်၏ ရုံးအဆောက်အအုံသုံးလုံးနှင့် စစ်ကောင်စီတပ်က ပိုင်ဆိုင်သည့် ရိက္ခာတင်ကား VIGO အမျိုးအစား ကားတစ်စီးအား ဖျက်ဆီးနိုင်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်ဖွဲ့ အသုံးပြုသည့် မြင်း၊ လား ၄၁ ကောင် သေဆုံးခဲ့ကာ အကောင်ရေ ၃၀ ဒဏ်ရာရခဲ့ကြောင်း ဆိုသည်။

"တပ်မဟာ(၅) ဒေသက တော၊ တောင်တွေ ထူထပ်တော့ တချို့ဒေသတွေက ကားလမ်း မပေါက်လို့ သယ်ယူရေးအတွက် မြင်း၊ လား အသုံးပြုရတာပါ" ဟု တပ်မဟာ (၅) KNLA သတင်းရင်းမြစ်က မဇ္ဈိမကိုပြောသည်။

တိုက်ပွဲဖြစ်စဉ်များအပြင် ဇူလိုင်လအတွင်း KNU တပ်မဟာ (၅) နယ်မြေအတွင်းရှိ ဒေသခံများနေထိုင်ရာ ကျေးရွာများနှင့် တောင်ယာလုပ်ငန်းခွင်များသို့ စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှု၊ တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုတို့ကြောင့် ဒေသခံရွာသားနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်းလည်း ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။

ပြီးခဲ့သည့် ဇွန်လအတွင်း၌လည်း တပ်မဟာ (၅) KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်ဖွဲ့တို့အကြား တိုက်ပွဲပေါင်း ၁၇၀ ကြိမ် ဖြစ်ပွားခဲ့ပြီး အဆိုပါတိုက်ပွဲများအတွင်း စစ်ကောင်စီဘက်တွင် ဒု-တပ်ကြပ်တစ်ဦးအပါအဝင် ၁၄၆ ဦး သေဆုံးခဲ့ကာ ၄၆ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး
ဓါတ်ပုံ (KNU-မူတြော်သတင်းစဉ်) ပုံအညွှန်း- ရှေ့တန်းနယ်မြေမှ တပ်မဟာ (၅) KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်များ

#ကရင်ပြည်နယ်
#ဖာပွန်ခရိုင်
#KNU
#တိုက်ပွဲဖြစ်ပွား
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍19👏4❤1🔥1
Chef Eve's Easy Thai Cooking Show | Episode (25) Promo
======================

ဒီတစ်ပတ်မှာ ချက်ပြပေးမှာကတော့ Chef Eve ရဲ့ ငရုတ်သီးပွ အဆာသွတ်ကြော် နဲ့ ကြက်သားသုပ် ချက်ပြုတ်ပုံတွေကို တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။ ငရုတ်သီးပွ အဆာသွတ်ကြော် နဲ့ ကြက်သားသုပ် ကို ထိုင်းစတိုင်လ်ပုံစံမျိုး ဘယ်လိုချက်ပြုတ်ထားလဲဆိုတာကို အခုလာမယ့် သြဂုတ်လ ၅ ရက်၊ စနေနေ့ ညနေ (၆) နာရီမှာ Mizzima + Channel ကနေ စောင့်မျှော်ကြည့်ရှုနိုင်ပါပြီ။

https://youtu.be/L2wQUrOHLhY

#EasyThaiCookingShow
#ChefEve
#NorthernThailandFood
#ThaiFood
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍5😁2
ကန်နီပျူရွာကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက လက်နက်ကြီးများဖြင့်တိုက်ခိုက်
================

လွှမ်းမိုး

(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ မြိုင်မြို့နယ် ၊ မြောက်ဘက်အခြမ်းရှိ ကန်နီပျူရွာကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက ဩဂုတ်လ ၄ ရက် နံနက် ၉ နာရီခွဲ အချိန်တွင် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ချင်းတွင်းတိုးနယားတပ်ဖွဲ့ထံမှ သိရပါသည်။

အဆိုပါ တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးခန့် ပြင်းထန်ထိခိုက်မှုရှိခဲ့ကြောင်း ချင်းတွင်းတိုးနယားတပ်ဖွဲ့ သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။

“ ၄၀ မမ ၊ ၆၀မမ ၊ ၈၀ မမ လက်နက်ကြီးတွေကို အများဆုံးသုံးပြီး တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ကန်နီ ပျူရွာကကြီးတော့ စစ်ကောင်စီတပ်ဖွဲ့ ဝင် ပျူစောထီးတွေ အထိအခိုက် တော်တော်လေးများနိုင်ပါတယ်။ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု တစ်နာရီကျော်ကြာခဲ့ပြီး ရန်သူ့ဘက်က ၁၀ ဦးခန့် အပြင်းအထန် ဒဏ်ရာရရှိထားကြောင်း သိရတယ်” ဟု ၎င်းကဆိုသည်။

ထိုတိုက်ခိုက်မှုကို ချင်းတွင်းတိုးနယားတပ်ဖွဲ့ ၊ ယင်းမာပင်ခရိုင် အမှတ်(၂၉) တပ်ရင်း ၊ ဘာမထီတိုင်းကျော် ၊ ဇာမဏီ ၊ စွန်ရဲ ၊ ဗိုလ်လရောင်တပ်ဖွဲ့ နှင့် ဒေသတွင်းမဟာမိတ်များ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ကြောင်း သိရပါသည်။

အဆိုပါ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များသည် ယခင် ဇူလိုင်လ ၂၉ ရက်နေ့တွင်လည်း ပုလဲမြို့ပေါ် စစ်ကောင်စီတပ်စခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရပါသည်။ 

၎င်း လက်နက်ကြီး မဟာမိတ်တပ်ပေါင်းစုများသည် လက်နက်ကြီးများကို အဆင့်မြင့် ထုတ်လုပ်နေပြီး စစ်ကောင်စီတပ် အထိုင်စခန်းများကို ဆက်တိုက် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ချင်းတွင်းတိုးနယား တပ်ဖွဲ့ထံမှ သိရပါသည်။

စာတည်း - သန့်ဇော်(သန်လျင်)

https://youtu.be/uAF3Fdv5lQk

#mizzima
#မြိုင်မြို့နယ် 
#ကန်နီပျူရွာ
#ဒေသကာကွယ်ရေးတပ်ဖွဲ့
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍20👏3😁2
ညီပုလေး (၁၉၅၂- ၂၀၂၃) : တော်လှန်ရေးမှာ ငြိမ်သက်အနားယူသွားခဲ့သူ 
😢11👍3😁2
ညီပုလေး (၁၉၅၂- ၂၀၂၃) : တော်လှန်ရေးမှာ ငြိမ်သက်အနားယူသွားခဲ့သူ 
=================
 
စဉ်ဆက်မပြတ်တဲ့ နိုင်ငံရေးလုပ်ဆောင်ချက်တွေနဲ့ မြန်မာ့အထင်ကရ အတိုက်အခံမိသားစု။

 Lenin ရဲ့ အတ္ထုပ္ပတ္တိကိုရေးသူတွေဟာ Tsar Nicholas II မှာ ကွက်မျက်ခံခဲ့ရတဲ့ သူ့အစ်ကိုရဲ့ တော်လှန်ပုန်ကန်တဲ့နိုင်ငံရေးဟာ Lenin အပေါ်မှာ သက်ရောက်မှုအားကြီးမားခဲ့တယ်ဆိုတာကို 
အသိအမှတ်ပြုပြီး ထည့်ရေးသားခဲ့ကြတယ်။ ဒီလိုဆိုရင်...ဒီလို မိသားစုမျိုးက ဆင်းသက်လာတဲ့သူတစ်ယောက်ရဲ့ဘဝအတွေ့အကြုံမျိုးကိုအဓိပ္ပာယ်သတ်မှတ်တဲ့အခါမှာ ငါးဆပိုများမယ်ဆိုရင် ဒီလို ကျယ်ပြန့်စုံလင်လှတဲ့ အတွေ့အကြုံပေါင်းများစွာဟာ လူတစ်ယောက်ရဲ့ဘဝ၊ ကမ္ဘာ့အမြင်နဲ ရွေးချယ်ခွင့်တွေကို ဘယ်လို ပုံစံသရုပ်ဖော်မယ်ဆိုတာကို တွေးကြည့်၊ မြင်ကြည့်ပါ။ 

တကယ်လို့ ခင်ဗျားအဖေဟာ လူသိများကျော်ကြားတဲ့ စာရေးဆရာနဲ့ သတင်းစာဆရာဖြစ်ပြီး ဗြိတိသျှကိုလိုနီအုပ်ချုပ်နေတဲ့ဒုတိယကမ္ဘာစစ်ကာလ၊ ကိုလိုနီခေတ်နှောင်း ပါလီမန်ဒီမိုကရေစီကာလနဲ့ ၁၉၆၂နောက်ပိုင်း စစ်အာဏာရှင်ဗိုလ်ချုပ်နေဝင်းရဲ့ စစ်အုပ်ချုပ်ရေးကာလတွေမှာ သူမှန်တယ်ထင်တဲ့အရာတွေကို လုပ်လို့၊ ဘယ်လိုအရာတွေလဲလို့ဆိုရင် သူ့ကလောင်တံကိုသုံးပြီး နိုင်ငံရေးဖိနှိပ်ခံရမှုတွေ၊ လူမျိုးရေးနှင့် လူ့အဆင့်အတန်းခွဲခြားပြီး ခေါင်းပုံဖြတ်တဲ့အကြောင်းတွေနဲ့ တိုင်းပြည်အာဏာအလွဲသုံးစားလုပ်မှုတွေကို မီးမောင်းထိုးပြခဲ့လို့ ထောင်ငါးကြိမ်အချခံခဲ့ရတယ်ဆိုပါစို့။ တကယ်လို့ ခင်ဗျားအမေဟာလည်း လူသိများကျော်ကြားတဲ့စာရေးဆရာမ တစ်ယောက်ဖြစ်ပြီး သူဟာ ၁၉၃၀ခုနှစ်ကာလတွေက ကိုလိုနီစနစ်အုပ်ချုပ်မှုအောက်ကာလ မြန်မာပြည်မှာ ဗြိတိသျှကိုလိုနီအရာရှိတွေရဲ့ သွေးထွက်သံယိုနှိမ်နှင်းခြင်းကိုခံခဲ့ရတဲ့ နယ်ချဲ့ဆန့်ကျင်ရေးသပိတ်မှောက်ကျောင်းသားတွေထဲက အသက်ရှင်ကျန်ရစ်သူတစ်ဦးဖြစ်တယ်ဆိုပါစို့။
👍14😢8😁2🤯1
Mizzima Weekly Sports အစီအစဉ် 
==============

တပတ်အတွင်း အားကစားလောကရဲ့ထူးခြားတဲ့ သတင်းအကြောင်းအရာတွေကို ပရိသတ်တွေအတွက် စုစည်းတင်ဆက်ပေးသွားမယ့် Mizzima ရဲ့ Weekly Sports အစီအစဉ် ဖြစ်ပါတယ်။ 

-------------

ဒီတစ်ပတ်မှာတော့ .....

- အီတလီဂိုးသမားဟောင်း Gianluigi Buffon ဘောလုံးလောကမှ အနားယူ

- အမျိုးသမီးအသင်းအပေါ် အာရုံစိုက်မှု တိုးမြှင့်မယ့် Adidas နဲ့ မန်ယူတို့ရဲ့ စာချုပ်သစ်

- ဟေတီက 'သူတို့ရဲ့ ထင်ရှားပေါ်လွင်မှုကို လုပ်ဆောင်ခဲ့'ပြီး ကမ္ဘာ့ဖလားမှာ ပြန်လာမယ်လို့ နည်းပြ ပြော

- ဆော်ဒီပရိုလိဂ်က 'အပြောင်းအရွှေ့ဈေးကွက်ကို ပြောင်းလဲပစ်လိုက်ပြီ' - မန်ချက်စတာစီးတီးနည်းပြ ပက်ဂွာဒီယိုလာ စတဲ့အကြောင်းအရာတွေအပါအဝင် စိတ်ဝင်စားဖွယ် အားကစားသတင်းတွေကို တင်ဆက်ပေးမှာပါ။

https://youtu.be/kf-kQL45YFo

#weeklysports
#mizzima 
--------------------- 
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍5🥰3🔥2
ဘီးလင်းမြို့နယ်အတွင်း၌သာမက ရန်ကုန်- မော်လမြိုင်ကားလမ်းပေါ်တွင်ပါ ရေကြီးရေလျှံမှုဖြစ်ပေါ်
👍11😢2🔥1
ဘီးလင်းမြို့နယ်အတွင်း၌သာမက ရန်ကုန်- မော်လမြိုင်ကားလမ်းပေါ်တွင်ပါ ရေကြီးရေလျှံမှုဖြစ်ပေါ်
=================

YT 

(မဇ္ဈိမ)။     ။ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် တောင်ကျရေစီးဆင်းမှု၊ ဘီးလင်းမြစ်ရေ စိုးရိမ်ရေမှတ်အထက် မြင့်တက်မှုကြောင့် မြို့တွင်းရပ်ကွက်များ၊ ကျေးရွာများတွင်သာမက ရန်ကုန်- မော်လမြိုင်ကားလမ်းမကြီးပေါ်၌ပါ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံက သိရသည်။ 

ဘီးလင်းမြို့နယ်တွင် ပြီးခဲ့သည့် ဇူလိုင်လ နောက်ဆုံးအပတ်မှစတင်၍ ယမန်နေ့ ဩဂုတ်လ ၄ ရက်နေ့အထိ နေ့စဉ်ရက်ဆက် မိုးသည်းထန်စွာ ရွာသွန်း၍ တောင်ကျရေစီးဆင်းမှု၊ ဘီးလင်းမြစ်ရေ စိုးရိမ်ရေအမှတ်ထက် မြင့်တက်မှုတို့ကြောင့် ဘီးလင်းမြို့နယ်ရှိ အနိမ့်ပိုင်း မြို့ပေါ်ရပ်ကွက်များ၊ ဘီးလင်းမြစ်ကမ်းနားဘေးရှိ ကျေးရွာများတွင် ရေကြီးရေလျှံမှုများ ဆက်တိုက်ဖြစ်ပေါ်နေခြင်းဖြစ်သည်။ 

ယနေ့ ဩဂုတ်လ ၅ ရက်နေ့၊ နံနက်ပိုင်းတွင် ဘီးလင်းမြို့နယ်တွင်း၌သာမက သထုံမြို့နယ်ဘက်မှ ဘီးလင်းမြို့နယ်ဘက်သို့ လာရာလမ်း၊ ရန်ကုန်- မော်လမြိုင်အဝေးပြေး ကားလမ်းမတစ်လျှောက်တွင် လေးနေရာအထိ ရေကြီးရေလျှံမှု ဖြစ်ပေါ်နေပြီး ကျုံအိတ်တံတားအနီး၊ ရေကြီးရေလျှံနေသော နေရာ၌ ရေစီးနှင့် မျောပါမှုကြောင့် ကုန်ကားတစ်စီး တိမ်းမှောက်ခဲ့ကြောင်း သိရသည်။ 

" ရန်ကုန်- မော်လမြိုင် လမ်းမကြီးပေါ်၊ ဘီးလင်းမြို့နဲ့ ကျုံအိတ်တံတားအကြားမှာကို ရေကြီးတာတော့ လေးနေရာရှိတယ်။ ဒီနေရာကတော့ နောက်ဆုံးနေရာပဲ။ ဒီနေရာက အဆိုးဆုံးပဲ ကျန်တဲ့နေရာတွေက အဲ့ဒီလောက် ပြဿနာမရှိဘူး။ နေ့လယ် ၁၁ လောက်က ကုန်ကားတစ်စီး အပေါ်ဝိတ်များပြီး ရေစီးနဲ့ မှောက်သွားတယ်" ဟု ဒေသတွင်း လူမှုကူညီကယ်ဆယ်ရေးအသင်းတစ်ခု​၏ တာဝန်ရှိသူက မဇ္ဈိမကိုပြောသည်။ 

ယနေ့ ဩဂုတ်လ ၅ ရက်နေ့ နံနက် ၁၂ နာရီအထိ တောင်ကျရေစီးဆင်းမှုနှင့် ဘီးလင်းမြစ်ရေ မြင့်တက်မှုကြောင့် ရန်ကုန်- မော်လမြိုင်ကားလမ်းမကြီးပေါ်သို့ အိမ်စီးကား ဖြတ်သန်းခွင့်အား ခေတ္တ ရပ်ဆိုင်းထားခဲ့သော်လည်း နေ့လယ် ၁ နာရီအချိန်တွင် ပြန်လည်ဖြတ်သန်းခွင့်ပြုနေပြီဖြစ်ကြောင်း၊ သို့သော် ဆိုင်ကယ်ဖြတ်သန်းသွားလာရန် အဆင်မပြေသေးကြောင်း သိရသည်။ 

" ကားသေးတွေတော့ ပြန်ဖြတ်လို့ရနေပါပြီ။ ဆိုင်ကယ်တွေတော့ လုံးဝအဆင်မပြေသေးပါဘူး ရေစီးကြမ်းနေသေးတယ်။ ကျွန်တော်တို့ မတ်တပ်ရပ်နေတာတောင် ရေစီးက အဆင်မပြေဘူး။ ခြေသလုံးကျော်တယ်" ဟု လူမှုကူညီကယ်ဆယ်ရေးအသင်းတာဝန်ရှိသူတစ်ဦးက မဇ္ဈိမကိုပြောသည်။ 

ထို့အပြင် ဘီးလင်းမြို့နယ်၊ အနိမ့်ပိုင်း မြို့ပေါ်ရပ်ကွက်များနှင့် ဘီးလင်းမြစ်ကမ်းနားရှိ ကျေးရွာများတွင် ရေကြီးရေလျှံမှုသည် ယနေ့ ဩဂုတ်လ ၅ ရက်နေ့အထိ ရေကြီးမှု ကျဆင်းသွားခြင်းမရှိသေးဘဲ ဆက်လက်မြင့်တက်နေဆဲဖြစ်သဖြင့် ရေဘေးသင့် ပြည်သူများအား ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းများ၌သာမက ကယ်ဆယ်ရေးစခန်းများတွင် ရွှေ့ပြောင်းထားရဆဲဖြစ်ကြောင်း သိရသည်။ 

" မြို့ရဲ့ ရပ်ကွက်နေရာတော်တော်များများတော့ ရေဖုံးနေပြီလို့ ပြောရမယ်ဗျ။ မြို့ထဲ အနိမ့်ပိုင်းရပ်ကွက်တွေရော ရွာတွေရောပေါ့။ တချို့နေရာတွေဆို အိမ်တွေပါ မြုပ်တယ်။ လွတ်တဲ့နေရာက သိပ်မကျန်ဘူး။ အနိမ့်ပိုင်းရပ်ကွက်တွေက ကျောင်းတွေလည်း ပိတ်ထားရတယ်။ ဒေသခံတွေအတွက်တော့ ကယ်ဆယ်ရေးစခန်းတွေတော့ ဖွင့်ထားပေးတယ်၊ ဘုန်းကြီးကျောင်းတွေ စာသင်ကျောင်းတွေမှာလည်း ပြောင်းထားပေးရတယ်" ဟု ဘီးလင်းမြို့နယ်တွင်း ရေဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ်ရေးပြုလုပ်ပေးနေသည့် လူငယ်တစ်ဦးက မဇ္ဈိမကိုပြောသည်။ 

အဆိုပါ ရေဘေးသင့်ပြည်သူများအတွက် အစားအသောက်၊ ရေ များအား ပူးပေါင်းကူညီမှုများဖြင့် ဖြည့်ဆည်းပေးနေသော်လည်း၊ ရေဘေးသင့်ရာနေရာများသည် မြို့နယ်တစ်ဝိုက် အပြည့်ဖြစ်နေခြင်း၊ လှူဒါန်းသူ နည်းပါးခြင်းတို့ကြောင့် စားဝတ်နေရေးအခက်အခဲ လိုအပ်ချက်များသည် မြင့်တက်နေကြောင်း သိရသည်။ 

ယနေ့ ဩဂုတ်လ ၅ ရက်နေ့၊ နေ့လယ် ၂ နာရီ မေးမြန်းချက်အရ ဘီးလင်းမြို့နယ်တွင် ယနေ့ ဩဂုတ်လ ၅ ရက်နေ့ တစ်နေ့လုံး နေသာနေပြီး မိုးရွာသွန်းခြင်းမရှိသော်လည်း ရေကြီးရေလျှံမှုသည် လျော့ကျသွားခြင်းမရှိသေးကြောင်း သိရသည်။ 

မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန​၏ ယမန်နေ့ ဩဂုတ်လ ၄ ရက်နေ့ ထုတ်ပြန်ချက်အရ ဘီးလင်းမြစ်ရေသည် ၎င်း​၏ စိုးရိမ်ရေအမှတ်အထက် တစ်ပေခွဲခန့် မြင့်တက်နေပြီး ယနေ့ ဩဂုတ်လ ၅ ရက်နေ့တွင် အဆိုပါရေအမှတ်ထက် ပေဝက်ခန့် ထပ်မံမြင့်တက်နိုင်ကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ရေကြီးရေလျှံမှု
#ဘီးလင်းမြို့နယ်
#တောင်ကျရေ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍17😢4🔥1
​​ဂုတ်တွင်းလမ်းပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့၏ ကား မိုင်းဆွဲတိုက်ခိုက်ခံရ
==============

007

(မဇ္စျိမ)။   ။ ရှမ်းပြည်နယ်မြောက်ပိုင်း၊နောင်ချိုမြို့နှင့် ကျောက်မဲမြို့ကြား ဂုတ်တွင်းအတက်လမ်းတစ်နေရာတွင် ယမန်နေ့ ဩဂုတ်လ ၄ရက် မွန်းလွဲ ၁၂ နာရီခွဲခန့်က စစ်ကောင်စီတပ်ဖွဲ့၏ ကားတစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရကြောင်း သတင်းရရှိသည်။

"စစ်ကားတစ်စီး ထက်ပိုင်းကျိုးပြီး လမ်းဘေးပြုတ်ကျနေတာ တွေ့ခဲ့တယ်။ စကစ(စစ်ကောင်စီတပ်ဖွဲ့ဝင်)တွေ အထိအခိုက်လည်း အတော်များမယ်။ ဘာလို့လည်းဆိုတော့ ကျောက်မဲဘက်သွားတဲ့ လူနာတင်ကားတင် ခုနစ် စီးရှိတယ်။ သုံးစီးလောက်က နောင်ချိုဘက်တက်တာ။ ဖြစ်တဲ့နေရာက ကျောက်မဲဘက်အခြမ်းမှာပါ။ တိုက်ပွဲဖြစ်တဲ့ မနေ့က တစ်နေ့ခင်းလုံး လမ်းပိတ်ထားတယ်။ အခု လမ်းပြန်ပွင့်ပါပြီ" ဟု မန္တလေး-မူဆယ်ကုန်တင်ယာဥ်မောင်းတစ်ဦးက ပြောသည်။

အဆိုပါ မိုင်းဆွဲတိုက်ခိုက်ခံရသောကားတွင် စစ်ကောင်စီလက်အောက်ခံ နောင်ချိုအခြေစိုက် ခမရ (၁၁၄)နှင့် (၁၁၅) မှ စစ် ကောင်စီတပ်ဖွဲ့ဝင်များ လိုက်ပါလာကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ လိုက်ပါလာသော ယင်းကားကိုမိုင်းဆွဲပြီး မိနစ် ၂၀ ခန့် ဆက်တိုက်ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဘက်က အရာရှိတစ်ဦးအပါအဝင် ၁၀ ဦးထက်မနည်း သေဆုံးနိုင်ကြောင်း ဒေသခံနှင့် ခရီးသည်များအပြောအရ သိရပြီး မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

အဆိုပါတိုက်ခိုက်မှုအား TNLA တအာင်းတပ်မတော်နှင့် ဒေသအခြေစိုက်PDF တို့က ပူးပေါင်းတိုက်ခိုက်ခြင်းဖြစ်ကြောင်း သတင်းများ ထွက်ပေါ်နေသော်လည်း ယင်းအဖွဲ့များဘက်က တစ်စုံတရာ သတင်းထုတ်ပြန်လာခြင်း မရှိသေးပေ။

ပြီးခဲ့သည့်ဇူလိုင်လ ၁၀ ရက်နေ့ကလည်း ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်၊ နမ့်တွေရွာအနီးတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် TNLA တို့ တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။

စာတည်း။   ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

#ရှမ်းပြည်နယ်
#နောင်ချိုမြို့
#ကျောက်မဲမြို့
#တိုက်ခိုက်မှု

ပုံအညွှန်း- ဂုတ်တွင်းလမ်းပိုင်း။ (Photo-CJ)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍14👏3😁2