Mizzima
✔
47.5K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ကျောက်ရစ်ရဲစခန်းကို တိုက်ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး သေဆုံး၊ ၁၀ ဦးဒဏ်ရာရ 
===============

MTO

(မဇ္ဈိမ) ။ ။ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် ၊ ကျောက်ရစ်ရဲစခန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ ဝင် သုံးဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာရရှိသွားကြောင်း Myaung Special People Defense Force ( MSPDF) အဖွဲ့ ထံက သိရသည်။

ဩဂုတ်လ ၃ ရက်နေ့ ညနေ ၅ နာရီ ၂၀ မိနစ်တွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းကာ ပြောက်ကျား စနစ်ဖြင့် လက်နက်ငယ်များအသုံးပြုတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း MSPDF ၏ တာဝန်ရှိသူတစ်ဦး က ပြောသည်။

၎င်းက “ ညနေ ၅ နာရီ ၂၀ လောက်မှ အပြန်အလှန်ပစ်ခတ်မှု စဖြစ်တယ် ။ တိုက်ပွဲက နှစ်နာရီကျော်လောက် ကြာတယ် ။ မီတာ ၁၀၀ ကျော်လောက်ပဲ ကွာတယ် ။ အနီးကပ်တိုက်ခိုက်ခဲ့ရတာ သူတို့ ဘက်က သုံးယောက်သေတယ် ။ ၁၀ ဦးဒဏ်ရာရပြီး လေးဦးက ဒဏ်ရာပြင်းတယ်လို့ သိထားတယ်” ဟုပြော သည်။

နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုအချိန်ကြာမြင့်လာသည်နှင့်အမျှ ဒေသကာကွယ်ရေးတပ်ဖွဲ့များဘက်တွင် ကျည်လုံလောက်မှုမရှိ၍ ပြန်လည်ဆုတ်ခွာလာခဲ့ရပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့ များ ဘက်တွင် အထိအခိုက်မရှိခဲ့ကြောင်း MSPDF အဖွဲ့ တာဝန်ရှိသူက ဆိုသည်။

“စခန်းသိမ်းနိုင်လောက်တဲ့အနေအထားမျိုး ရှိပေမယ့် ကျည်အင်အားမလုံလောက်တာကြောင့် ပြန်လည် ဆုတ်ခွာလာခဲ့ရတာ ။ ဆုတ်ခွာလာချိန်မှာလည်း ၆၀ မမ လက်လုပ်တွေ Rocket တွေနဲ့ ပစ်ခတ်ခဲ့တယ်” ဟုပြောသည်။

ယခုတိုက်ခိုက်မှုကို စစ်ကိုင်း ခရိုင် အမှတ်(၄)တပ်ရင်း-MSPDF၊ မြင်းခြံခရိုင်အမှတ်(၁)တပ်ရင်း၊ မြင်းခြံခရိုင်အမှတ် (၃) တပ်ရင်း၊ စစ်ကိုင်းခရိုင်အမှတ်(၅)တပ်ရင်း၊ မြင်းခြံခရိုင်အမှတ်(၈)တပ်ရင်း၊ မြန်မာ့တော်ဝင်နဂါးတပ်တော်-MRDA၊ မြောင်မြို့နယ် တပ်ပေါင်းစု၊ ညောင်ဦးခရိုင် အမှတ်(၁)တပ်ရင်း အညာမြေ၊ မြင်းခြံ ခရိုင်အမှတ်(၆)တပ်ရင်း-တပ်ခွဲ(၃)၊ MBTT၊ ညောင်ဦးခရိုင်အမှတ်(၅)တပ်ရင်း၊ 11 Brother Revolution Force၊ မြစ်ငယ် PDF၊ မန္တလေးခရိုင်အမှတ်(၅)တပ်ရင်း၊ မန္တလေးခရိုင်အမှတ်(၆)တပ်ရင်း နှင့် ပုဂံဘီလူးPDFတို့ ပူးပေါင်းပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။

စာတည်း။ ။အောင်ကျော်ဖြိုး

https://youtu.be/H3dlNcNRqvk

#Mizzima
#ကျောက်ရစ်ရဲစခန်း
#သုံးဦးသေဆုံး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👏13👍6😁2❤1
​​ရေဦးတွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေ ဒေသခံ ၅,၀၀၀ ကျော် ထွက်ပြေးနေရ
=====================

MTO
(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ် အနောက်ခြမ်းကို စစ်ကောင်စီတပ်ဖွဲ့က စစ်ကြောင်းထိုးဝင်ရောက်လာ၍ ကျေးရွာ ၁၀ ရွာက ဒေသခံ ပြည်သူ ၅,၀၀၀ ကျော် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများထံမှသိရသည်။

ယနေ့ ဩဂုတ်လ ၅ ရက် မနက်ပိုင်း၌ ဒီပဲယင်းမြို့နယ်တွင် အင်အား ၁၀၀ ကျော်ဖြင့် ရေဦးနယ်အနောက် ခြမ်းရှိ ကျေးရွာများဖြစ်သည့် ရွာမ၊ တောင်တော၊ ထန်းတော၊ တင်းတိန်းရဲ စသည့် ကျေးရွာများဘက်သို့ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ဝင်ရောက်လာခြင်းဖြစ်ကြောင်း ရေဦးအခြေပြု People”s Defense Comrade မှ ပြန်ကြားရေးတာဝန်ခံ ကိုထူးခန့်ဇော် (အမေ့သား) က ပြောသည်။

“ အခု ရေဦးနယ်အနောက်ခြမ်းက ကျေးရွာ ၁၀ ရွာလောက်က ပြည်သူ ၅,၀၀၀ ကျော် အရေးပေါ်ထွက်ပြေးတိမ်းရှောင်နေရတယ်။ ဘေးလွတ်ရာ ဘုန်းကြီးကျောင်းတွေ ၊ ဆွေမျိုးအသိမိတ်ဆွေအိမ်တွေ၊ စစ်ရှောင်စခန်းတွေမှာ ခွဲပြီးနေ နေရ တယ်” ဟု ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ သည် ရေဦးနယ်အနောက်ခြမ်း တင်းတိန်းရံ ကျေးရွာထဲတွင် တပ်စွဲထားပြီး ပြည်သူပိုင်ပစ္စည်းများကို အဓမ္မယူဆောင်နေကြောင်း ကိုထူးခန့်ဇော်က ဆိုသည်။

၎င်းက "အခု ရေဦးနယ် အနောက်ခြမ်း တင်းတိန်ရံ ရွာထဲမှာ တပ်စွဲထားပြီး တစ်အိမ်ဝင် တစ်အိမ်ထွက် မွေနှောက်နေတယ်၊ လက်ရှိကတော့ မီးရှို့တာတွေ မလုပ်သေးဘူး “ ဟု ယနေ့ ဩဂုတ်လ ၅ ရက်နေ့ နေ့လယ် ၃ နာရီတွင် ပြောသည်။

ယင်းစစ်ကောင်စီတပ်စစ်ကြောင်းသည် ရေဦးအထိုင်ချ စစ်ကြောင်းဖြစ်ပြီး ရေဦး၊ ခင်ဦး၊ ဒီပဲယင်း၊ ရွှေဘို စသည့် ကျေးရွာများကို လှည့်ပတ် စစ်ကြောင်းထိုးနေသည့် စစ်ကြောင်းတစ်ခုဖြစ်ကြောင်း ဒေသခံများ က ဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့ က လက်ရှိတပ်စွဲထားသည့် တင်းတိန်းရံ ရွာသည့် ပြီးခဲ့သည့် ၂၀၂၂ ခုနစ် ဇူလိုင်လ အတွင်းက စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့သည့်အတွက် နေအိမ် ၃၁၅ လုံး နှင့် စျေးကြီးအတွင်းမှ ဆိုင်ခန်းပေါင်း ၂၄၆ ခန်း မီးလောင်ပျက်စီးထားသည့် ကျေးရွာကြီးဖြစ်သည်။

စာတည်း -သန့်ဇော်(သန်လျင်)
ဒေသခံပြည်သူများအရေးပေါ် ထွက်ပြေးနေကြရပုံ
Credit – People”s Defense Comrade

#mizzima
#ရေဦးမြို့နယ်
#စစ်ရှောင်စခန်း
#ထွက်ပြေးတိမ်းရှောင်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢7👍5🤬5🔥1🥰1
တော်လှန်ရေးအောင်မြင်ဖို့ လူထုနိုင်ငံရေး ဟောပြောမှုတွေ ဆက်လုပ်သွားမယ် (ရုပ်၊သံ)
========================

KMN
(မဇ္ဈိမ)။ ။စစ်တပ်က မတရား အာဏာလုယူထားတာ နှစ်နှစ်ကျော်လာချိန်မှာတော့ ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တွေ အကြားမှာ ထိတွေ့တိုက်ပွဲတွေ ပိုများလာပါတယ်။
အဲဒီအထဲမှာ စစ်ကိုင်းတိုင်းမှာလည်း စစ်ကောင်စီတပ်တွေကို ဒေသခံ ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့တွေက ရရာနည်းလမ်းတွေနဲ့ တော်လှန်နေကြပါတယ်။

တဖက်မှာလည်း ဒီမိုကရေစီတက်ကြွလူပ်ရှားသူတွေက လူထုနိုင်ငံရေး ဟောပြောမှုတွေ ဆက်တိုက်လုပ်ဆောင်လာနေပါတယ်။ စစ်ကောင်စီတပ်တွေ ဝင်ထွက်သွားလာမှုများနေတဲ့ ယင်းမာပင်၊ ဆားလင်းကြီး ၊ အရာတော် မြို့နယ်တွေမှာ လူထုနိုင်ငံရေး ဟောပြောမှုတွေ ပြုလုပ်နေကြတာပါ။

သြဂုတ်လ ၄ ရက်နေ့ ညကလည်း စစ်ကိုင်းတိုင်း၊ယင်းမာပင်မြို့နယ်၊ကျေးရွာတစ်ရွာမှာ တော်လှန်ရုပ်ရှင် ပြသပြီး လူထုနိုင်ငံရေး မျှဝေမှု ပြုလုပ်ခဲ့ပါတယ်။

ပြည်သူတွေကို တော်လှန်ရေးဘာကြောင့်လုပ်နေရသလဲ အကြပ်အတည်းကာလမှာ ဘယ်လိုဖြေရှင်းကြမလဲ လူအခွင့်အရေး ဖယ်ဒရယ် အရေးတွေ ကိုအသိပညာပေးခြင်းဖြစ်တယ်လို့ ယင်းမာပင်၊ဆားလင်းကြီးရွာပေါင်းစုံ သပိတ်ကော်မတီဝင်ကပြောပါတယ်။

တင်ဆက်၊တည်းဖြတ် - KMN

https://youtu.be/btwprq9fvg0

#Mizzima
#လူထုနိုင်ငံရေး
#ဟောပြောပွဲ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍13😁3❤1👏1
​​Belarus နိုင်ငံတွင် P2P Bitcoin ရောင်း၀ယ်မှုများကို တားမြစ်နေ
================

(ယခု ဆောင်းပါးကို Bitcoin Myanmar Initiative မှ ထောက်ပံ့ထားသည်။)
https://www.facebook.com/bitcoin.MM.initiatve

Belarus အစိုးရဟာ peer-to-peer Bitcoin ငွေပေးငွေယူများကိုတရားမဝင်သတ်မှတ်ဖို့အတွက်ဥပဒေများကိုလုပ်ဆောင်နေတယ်လို့ကြေငြာခဲ့ပါတယ်။ ဘီလာရုစ်ဟာ လိမ်လည်မှုများကို လျှော့ချဖို့အတွက် peer-to-peer (P2P) crypto အရောင်းအ၀ယ်များကို တားမြစ်တဲ့ ဥပဒေတစ်ရပ်ကို ထုတ်ပြန်ဖို့ စီစဉ်နေကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ တနဂ်နွေနေ့ Telegram ပို့စ်တွင် ပြောကြားခဲ့ပါတယ်။

"အရှေ့ဥရောပနိုင်ငံမှ နိုင်ငံသားများအား Belarus Hi-Tech Park (HTP)" တွင် အခြေစိုက်သော ငွေလဲခြင်ကိုသာ ငွေပေးငွေယူပြုလုပ်ခွင့်ကို ပွင့်လင်းမြင်သာစွာနှင့် ထိန်းချုပ်နိုင်စေဖို့ရည်ရွယ်ထားတာဖြစ်ပါတယ်။ P2P အရောင်းအ၀ယ်များဟာ ခြေရာခံဖို့ ခက်ခဲတာကြောင့် ရာဇ၀တ်ကောင်များအတွက် ဆွဲဆောင်မှုတစ်ခုလိုဖြစ်နေပါတယ်။P2P လဲလှယ်မှုမှတဆင့် cryptocurrency ကို ၀ယ်တာဒါမှမဟုတ်ရောင်းတဲ့အခါ အခြားသူတစ်ဦးနှင့် တိုက်ရိုက် အရောင်းအဝယ်လိုမျိုးဖြစ်နေပါတယ်။ ဆိုလိုတာက ငွေလွှဲတာကို မှတ်တမ်းတင်ထားတဲ့ ဗဟိုအာဏာပိုင်မရှိတာကြောင့် ပိုက်ဆံစီးဆင်းမှုကို ခြေရာခံဖို့ ဥပဒေစိုးမိုးရေးအတွက် ခက်ခဲစေတယ်လို့ပြောကြားထားပါတယ်။

ဒါ့အပြင် P2P အရောင်းအ၀ယ်များဟာ မကြာခဏ အမည်မသိရောင်း၀ယ်တာမျိုးလည်းရှိပါတယ်။ P2P ဖလှယ်မှုအများအပြားဟာ အသုံးပြုသူများက သူတို့ရဲ့ အမည်၊ လိပ်စာ သို့မဟုတ် မွေးသက္ကရာဇ်ကဲ့သို့သော ကိုယ်ရေးကိုယ်တာအချက်အလက်များကို ပေးဖို့ မလိုအပ်ပါ။ အဲ့အချက်က ငွေခဝါချဖို့အတွက် P2P အရောင်းအ၀ယ်ပြုလုပ်တဲ့ ရာဇ၀တ်ကောင်များကို ခြေရာခံဖို့ ဥပဒေစိုးမိုးရေးအတွက် ပိုပြီးပင်ခက်ခဲစေပါတယ်။ ဘီလာရုအစိုးရဟာ P2P အရောင်းအ၀ယ်များကို ငွေခဝါချဖို့အတွက် ရာဇ၀တ်ကောင်များက အသုံးပြုနေတာကို စိုးရိမ်နေတာပါ။ အဲ့အချက်ကြောင့် အစိုးရဟာငွေကြေးခဝါချမှုကို နှိမ်နင်းဖို့အတွက် P2P အရောင်းအ၀ယ်များကို တားမြစ်ရန် စဉ်းစားနေပါတယ်။

လိမ်လည်တဲ့သူဟာ သားကောင်ရဲ့ ဘဏ်အကောင့်က ငွေများကို ခိုးယူပါတယ်။ ပြီးတဲ့နောက် လိမ်လည်တဲ့သူဟာခိုးယူထားတဲ့ cryptocurrency ကို fiat ငွေကြေးရောင်းချဖို့အတွက် P2P လဲလှယ်မှုကို အသုံးပြုပါတယ်။မူးယစ်ဆေးဝါးရောင်းဝယ်သူတစ်ဦးဟာ cryptocurrency ကိုအသုံးပြုပြီးမူးယစ်ဆေးဝါးများကိုရောင်းချပါတယ်။ ပြီးနောက်မူးယစ်ဆေးဝါးရောင်းဝယ်သူဟာ
cryptocurrency ကို fiat ငွေကြေးအဖြစ်သို့ ပြောင်းလဲဖို့လည်း P2P လဲလှယ်မှုကို အသုံးပြုပါသေးတယ််။ ဥပမာအားဖြင့် အကြမ်းဖက်အဖွဲ့အစည်းတစ်ခုဟာ cryptocurrency ဖြင့် အလှူငွေများ ကောက်ခံပါတယ်။ အကြမ်းဖက်အဖွဲ့အစည်းဟာ cryptocurrency ကို fiat ငွေကြေးအဖြစ်သို့ ပြောင်းလဲဖို့ P2P လဲလှယ်မှုကို အသုံးပြုတာပါ။ Belarusian အစိုးရဟာ ငွေကြေးခဝါချမှုအတွက် P2P အရောင်းအ၀ယ်များကို အသုံးပြုခြင်းနှင့် ပတ်သက်ပြီး စိုးရိမ်သော တစ်ခုတည်းသော အစိုးရမဟုတ်ပါဘူး။ အမေရိကန်နှင့် ဗြိတိန်ကဲ့သို့သော အခြားအစိုးရများဟာလည်း ငွေခဝါချမှုအတွက် P2P အရောင်းအ၀ယ်များကို နှိမ်နင်းဖို့ ခြေလှမ်းများလုပ်ဆောင်ရန် စဉ်းစားနေကြပါတယ်။ P2P အရောင်းအ၀ယ်အားလုံးဟာ တရားမဝင်ရည်ရွယ်ချက်အတွက် အသုံးပြုတာမဟုတ်ကြောင်းလည်း သတိပြုဖို့အရေးကြီးပါတယ်။ သို့သော်လည်း P2P ငွေပေးငွေယူများဟာ အမည်ဝှက်နှင့် အသုံးပြုရလွယ်ကူမှုက ငွေခဝါချလိုတဲ့ ရာဇ၀တ်ကောင်များအတွက် ဆွဲဆောင်မှုတစ်ခုလိုဖြစ်နေပါတယ်။ ဝန်ကြီးဌာနက 2023 ခုနှစ် ဇန်နဝါရီလမှစတင်ပြီး တရားမဝင်ငွေလဲခြင်းဝန်ဆောင်မှုပေးသူ 27 ဦးကို ဖော်ထုတ်တွေ့ရှိခဲ့ကြောင်းပြောကြာထားပါတယ်။ သူတို့ရဲ့ စုစုပေါင်းတရားမ၀င်၀င်ငွေဟာ ဘီလာရုရှရူဘယ် 22 သန်းနီးပါး (ဒေါ်လာ 8.7 သန်း) ဖြစ်ပါတယ်။

"နိုင်ငံခြားငွေလဲလှယ်ရေးလုပ်ထုံးလုပ်နည်းနှင့်ဆင်တူတဲ့ အလေ့အကျင့်ကိုမိတ်ဆက်ခြင်းဟာ ရာဇ၀တ်မှုနည်းလမ်းမျာကနေ ရရှိသောငွေများကိုထုတ်ယူရဖို့မဖြစ်နိုင်ပါဘူး။ အစိုးရက cryptocurrencies လဲလှယ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းအသစ်ကို မိတ်ဆက်ပေးပါက ရာဇ၀တ်မှုကျူးလွန်သူများဟာ တရားမဝင်နည်းလမ်းများဖြင့် ရရှိသောငွေများကို ထုတ်ယူရန်
ခက်ခဲလိမ့်မှာဖြစ်ကြောင်းလည်းထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။
👍13❤3👏2
Cele City - Episode 30
===============

🔈 Mizzima +TV မှ နိုင်ငံတကာနောက်ဆုံးရ ဖျော်ဖြေရေးသတင်းများနဲ့အတူ Cele City အစီအစဉ်လေးရောက်ရှိလာပါပြီ..
ဒီအပတ်မှာဆိုရင်
👉 သားလေးမှာရောဂါဖြစ်လို့စိတ်ပူနေတဲ့ ထိုင်းမင်းသား DJ Push

👉 စေ့စပ်ပြီး ၁၉ နှစ်အကြာမှာလက်ထက်လိုက်ပြီဖြ်စ်တဲ့ အော်စကာဆုရှင် မင်းသမီးကြီး Michelle Yeoh

👉 15 နှစ်ပြည့် ဖျော်ဖြေပွဲမှာ အဖွဲ့လိုက်လူစုံဖျော်ဖြေမဲ့ 2PM အဖွဲံ အပြင် တခြားဖျော်ဖြေရေးနှင့်ဆိုင်တဲ့သတင်းများပါ တင်ဆက်ပေးသွားမှာမို့ အပတ်စဉ် စနေနေ့ Mizzima + TV channel မှာ ညနေ ၄ ခွဲ အချိန်မှာ စောင့်မျှော်ကြည့်ရှုနိုင်ပါပြီ။

Mizzima + TV မှာ မကြည့်လိုက်ရတဲ့ ပရိသတ်တွေကတော့ Mizzima TV App မှာ ပြန်လည် ကြည့်ရှုနိုင်ပါပြီ။ App ဒေါင်းလုတ်ရယူရန် http://onelink.to/jnuwak (Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။

https://youtu.be/ppxMtUzZI_Q

#celecity
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
😁4👍3🔥2
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကရင်ပြည်နယ် မြ၀တီမြို့တွင် လူနေအိမ်များထဲရေဝင်ခြင်းနှင့် ကားလမ်းများရေမြုပ်သွားပြီး ယာဉ်အသွားအလာနှောင့်နှေးမှုဖြစ်ပွားနေသည်ကို ယနေ့ (ဩဂုတ် ၅ ရက်) တွင် တွေ့ရစဉ်။
=====================

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကရင်ပြည်နယ် မြ၀တီမြို့တွင် လူနေအိမ်များထဲရေဝင်ခြင်းနှင့် ကားလမ်းများရေမြုပ်သွားပြီး ယာဉ်အသွားအလာနှောင့်နှေးမှုဖြစ်ပွားနေသည်ကို ယနေ့ (ဩဂုတ် ၅ ရက်) တွင် တွေ့ရစဉ်။ မြ၀တီသည် ထိုင်းနိုင်ငံမှတင်သွင်းသော ကုန်စည်များ ဖြတ်သန်းစီးဆင်းရာ အဓိကမြို့တမြို့လည်းဖြစ်သည်။

ဓါတ်ပုံ- KT

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6🔥6😢2
Media is too big
VIEW IN TELEGRAM
ငရုတ်သီးပွ အဆာသွတ်ကြော် | Chef Eve's Easy Thai Cooking Show | Ep - 25

Watch more detail- https://youtu.be/ihhoXNgjAEw

#reels #shorts #Mizzima #ChefEve’s
🔥4👍1
​​ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်က နိုင်ငံရင်း ပြန်ရန်ကို ရွှေ့ဆိုင်း 
========================

ထိုင်းနိုင်ငံတွင် မေလ အထွေထွေရွေးကောက်ပွဲ၌ စစ်တပ်နောက်ခံသည့် ပါတီများ၏ အတိုက်အခံတို့ အနိုင်ရပြီးနောက် နိုင်ငံရေး သောင်မတင် ရေမကျ အခြေအနေကို ကျောလွှားနိုင်ရေး ရုန်းကန်နေရစဉ် ကိုယ်တိုင်ပြည်ပြေးသူ ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝတ်ထရာက ထိုင်းနိုင်ငံသို့ ပြန်လာမည့် အစီအစဉ်အား ရွှေ့ဆိုင်းကြောင်း စနေနေ့တွင် ပြောသည်။ 

ဆက်သွယ်ရေးလုပ်ငန်းရှင်ဟောင်း သက်ဆင်သည် ၂၀၀၁ ခုနှစ်က ထိုင်းနိုင်ငံ၏ ဝန်ကြီးချုပ်ဖြစ်ပြီး ၂၀၀၆ ခုနှစ်တွင် စစ်တပ်၏ ဖြုတ်ချခြင်း ခံခဲ့ရသူ ဖြစ်သည်. အာဏာအလွဲသုံးစားမှု ပြစ်ဒဏ်ကို ရှောင်လွှဲရန်အတွက် ၎င်းသည် ၂၀၀၈ ခုနှစ်ကတည်းက ပြည်ပသို့ ကိုယ်တိုင် ထွက်ပြေးခဲ့သူဖြစ်သော်လည်း ထိုင်းနိုင်ငံရေးတွင် အရိပ်လွှမ်းဆဲ ဖြစ်သည်။ ၎င်းအပေါ် စွဲဆိုသော ပြစ်ဒဏ်သည် ၂၀၀၆ ခုနှစ် အာဏာသိမ်းမှု၌ ၎င်း၏ အစိုးရကို ဖြုတ်လိုက်ပြီးနောက် နိုင်ငံရေးစေ့ဆော်မှုအရ ဖြစ်သည်ဟု သက်ဆင်က ဆိုသည်။ 

မိမိအနေဖြင့် ကျန်းမာရေး စစ်ဆေးရန် လိုအပ်နေပြီး မူလက ဩဂုတ် ၁၀ ရက်၌ ထိုင်းသို့ ပြန်မည့်အစီအစဉ်ကို သီတင်းပတ်အတန်ကြာအထိ နှောင့်နှေးထားရမည်ဖြစ်ကြောင်း တွစ်တာဟု ယခင်က သိခဲ့သည့် လူမှုမီဒီယာပလက်ဖောင်း X တွင် စနေနေ့၌ သက်ဆင်က ပို့စ်တင် ပြောဆိုသည်။ 

သက်ဆင်သည် မေရွေးကောက်ပွဲ၌ တိုးတက်ရေးပါတီ ရှေ့သို့ချီပါတီနောက် ဒုတိယအနိုင်ရသည့် ဖျူထိုင်းပါတီကို ကျောထောက်နောက်ခံ ပြုထားသည်။ 

အဆိုပါ အနိုင်ရ ပါတီနှစ်ရပ်သည် စိတ်သဘောထား တူညီသည့် မိတ်ဖက် ခြောက်ပါတီနှင့်အတူ အစိုးရဖွဲ့နိုင်ရေး ကြိုးပမ်းလျက် ရှိသော်လည်း စစ်တပ်ခန့်အပ်သည့် အမတ်များနှင့် ကွန်ဆာဗေးတစ်များ ကြီးစိုးသော ဆီးနိတ်လွှတ်တော်၌ ပိတ်ဆို့ခံထားရသည်။ 

ယခု သီတင်းပတ်အစောပိုင်းတွင် ရှေ့သို့ချီပါတီ မပါဘဲ အစိုးရဖွဲ့နိုင်ရေးအတွက် ဖျူထိုင်းပါတီက ဦးဆောင် ကြိုးပမ်းလာခဲ့သည်။ ရှေ့သို့ချီပါတီမှာ ၎င်း၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကြောင့် စစ်တပ်လိုလားသော ကွန်ဆာဗေးတစ်များ၏ အတိုက်အခံပြုမှုကြောင့် အရာမထင် ရှိနေခဲ့သည်။ 

စစ်အုပ်ချုပ်ရေး၌ ရေးဆွဲသော ဖွဲ့စည်းပုံအရ ဝန်ကြီးချုပ်အား မဲပေးရွေးကောက်ရန် ရွေးကောက်ခံ အောက်လွှတ်တော်နှင့် ခန့်အပ်ခံ ဆီးနိတ်လွှတ်တော်တို့မှ ပူးတွဲမဲပေးရန် လိုအပ်ခြင်း ဖြစ်သည်။ 
ရွေးကောက်ပွဲ၌ မဲအများဆုံး အနိုင်ရသည့် ရှေ့သို့ချီပါတီသည် အကြီးအကဲ ဖိထာ လင်ဂျာရွန်ရတ်အား ဝန်ကြီးချုပ်အဖြစ် အတည်ပြုရေး နှစ်ကြိမ်တိုင် ကြိုးပမ်းခဲ့သော်လည်း နှစ်ကြိမ်စလုံး ပိတ်ဆို့ခံရသည်။ 

ဖျူထိုင်းပါတီက အိမ်ခြံမြေလုပ်ငန်းရှင် ဆရတ်သာ သာဝီဆင်းကို ဝန်ကြီးချုပ်အဖြစ် အမည်စာရင်းတင်သွင်းမည်ဟု ယခု သီတင်းပတ်အစောပိုင်းက ပြောထားသည်။ 

(မိုးသဲ ဘာသာပြန်သည်။)
👍6🔥5
​​တိုက်ပွဲများကြောင့် မြန်မာနိုင်ငံသား ၉,၀၀၀ ကျော် ထိုင်းဘက်၌ ခိုလှုံ
====================

မကြာသေးခင်က တိုက်ပွဲများကြောင့် မြန်မာနိုင်ငံသား ၉,၀၀၀ ကျော်ထက်မနည်းသည် နယ်စပ်ဖြတ်ကျော်ကာ ထိုင်းနိုင်ငံ မြောက်ပိုင်း မယ်ဟောင်ဆန်ပြည်နယ်တွင် ခိုလှုံနေရလျက် ရှိနေချိန် ပြီးခဲ့သည့်ရက်၌ ကရင်နီပြည်နယ်တွင် လက်နက်ကိုင်တိုက်ပွဲများ ဆက်လက်ဖြစ်ပွားသည်။

မယ်ဟောင်ဆန်ပြည်နယ် နယ်စပ်၌ စစ်ဆင်နေသော ကရင်နီတပ်တော်( KA )မှ တိုက်ခိုက်ရေးသမားများနှင့် မြန်မာစစ်တပ်မှ တပ်ဖွဲ့ဝင်တို့ကြား ယမန်နေ့က တိုက်ပွဲများ ဖြစ်ပွားသည်ဟု KA အဆင့်မြင့် သတင်းရင်းမြစ်အရ သိရသည်။

မယ်ဟောင်ဆန်ပြည်နယ်၏ တစ်ဖက်ခြမ်း ထိုင်း-မြန်မာနယ်စပ်မှ ငါးကီလိုမီတာ အကွာခန့်ရှိ စစ်အခြေစိုက်စခန်းများသို့ မြန်မာစစ်တပ်က စစ်ကူဖြည့်တင်းသည့်နောက်၌ တိုက်ပွဲများ ဖြစ်ပွားခြင်း ဖြစ်သည်ဟု ယင်း သတင်းရင်းမြစ်က ဆိုသည်။

တိုက်ပွဲများအတွင်း မော်တာကျည် ပစ်ခတ်မှုများ၊ ဒရုန်းတိုက်ခိုက်မှုများအပြင် တိုက်လေယာဉ်တစ်စင်းဖြင့် ပစ်ခတ်ခြင်းများပါ ရှိသည်ဟု သတင်းရင်းမြစ်အရ သိရသည်။

KA ၏ တိုက်ခိုက်မှုကြောင့် မြန်မာစစ်တပ်က လက်နက်နှင့် ရိက္ခာ ပေးပို့ရာတွင် အသုံးပြုသည့် ထရပ်ကား သုံးစင်း ပျက်စီးသည်ဟုလည်း သတင်းရင်းမြစ်က ပြောသည်။ မြန်မာနိုင်ငံတွင်းက တိုက်ပွဲများမှ ဘေးလွတ်ရာ ခိုလှုံရန် ကြိုးစားလာသူ ၉,၀၃၃ ဦးကို မယ်ဟောင်ဆန်ပြည်နယ်ရှိ ယာယီခိုလှုံရေးစခန်း ငါးခုတွင် လက်ခံထားသည်။

ခိုလှုံရေးစခန်း သုံးခုမှာ မယ်ဟောင်ဆန်ခရိုင်တွင် တည်ရှိပြီး ခွန်ယုအမ်းနှင့် မောင်းခရိုင်တို့တွင် တစ်ခုစီ တည်ရှိသည်။
😢7👍5🔥3😁1
​​OUT NOW! This week's issue of #MizzimaWeekly. Grab your copy of this downloadable PDF here - https://bit.ly/3OKPs7I

#Mizzima #Weekly #PDF #MAGAZINE
❤4🔥1🤮1💯1
Media is too big
VIEW IN TELEGRAM
ကြက်သားသုပ် | Chef Eve's Easy Thai Cooking Show | Ep - 25

Watch more detail- https://youtu.be/ihhoXNgjAEw

#reels #shorts #Mizzima #ChefEve’s
👍2🤮1
​​Ek Villain Returns (2022)
==============

တွေးစရာ ပဟေဠိတွေအပြည့်၊ အလှည့်အပြောင်းတွေ အပြည့်နဲ့ မှုခင်းအက်ရှင် ဇာတ်လမ်းမျိုးကိုမှ နှစ်သက်သူတွေအတွက် ဒီဇာတ်ကားလေးကို ညွှန်းပေးချင်ပါတယ်။

ဘဝမှာ လိုတိုင်းတရနိုင်တဲ့ Rich Kid တစ်ယောက်ပီပီအရှုံးပေးလိုက်မယ့်အစား အသေပဲခံလိုက်မယ်ဆိုတဲ့ သူဌေးသားလေး ဂေါ်တမ်မယ်ရာ။

အောင်မြင်တဲ့ အဆိုတော်တစ်ယောက်ဖြစ်ဖို့ အိပ်မက်အကြီးကြီး မက်နေတဲ့ မထင်မရှားအဆိုတော်မလေး အာဗီ။

အာဗီနာမည်ကြီးလာအောင်ကူညီခဲ့သလို တကယ်လည်းချစ်ခဲ့ပေမယ့် လက်စားချေချင်တဲ့စိတ်နဲ့ အရှက်ခွဲမိခဲ့တဲ့အခါ ဂေါ်တမ်ရော၊ အာဗီအတွက်ပါ ဝမ်းနည်းစရာဇာတ်လမ်းတစ်ပုဒ်ဖြစ်လာခဲ့တယ်။
တစ်ဖက်မှာလည်း စည်းစိမ်ဥစ္စာ မက်မောပြီး အလိုရမ္မက်ကြီးတဲ့ အရောင်းစာရေးမလေး ရာစီကာနဲ့ ရိုးသားတဲ့ တက္ကစီယာဉ်မောင်းဘိုင်ရပ်တို့ရဲ့ တစ်ဖက်သတ် အချစ်ဇာတ်လမ်းကလည်း လျှို့ဝှက်နက်နဲမှုတွေနဲ့ ပြည့်နေတယ်။

အာဗီအပါအဝင် မိန်းကလေး ၁၅ ယောက်ဟာ ရုတ်တရက် ပျောက်ဆုံးပြီး ရက်ရက်စက်စက် အသတ်ခံရတာဟာ မွမ်ဘိုင်းမှာ အလှုပ်ခတ်ဆုံး သတင်းဖြစ်လာခဲ့ပြီး ရဲတွေလည်း အလုပ်ရှုပ်ရတော့တယ်။

လူသတ်သမားက တစ်ယောက်တည်းဖြစ်နေသလို အသတ်ခံရတဲ့ မိန်းကလေးတွေကလည်း ရည်းစားရှိကြသူတွေချည်းပဲမို့ ဒီအမှုဟာ လွယ်မယောင်နဲ့ခက်၊ တိမ်မယောင်နဲ့နက်လာတော့တယ်။
မင်းသားနှစ်လက်က အမိုက်စား၊ အကြမ်းစား၊ မင်းသမီးနှစ်လက်ကလည်း ချောပေ့လှပေ့မို့ မှုခင်းဆန်တဲ့ အက်ရှင်ဇာတ်လမ်းတွေကိုမှ သဘောကျတဲ့ ပရိသတ်တွေအတွက် ဒီဇာတ်ကားက ကြည့်ရကျိုးနပ်မှာ အသေအချာပါပဲ။

ဒီဇာတ်ကားလေးကို Mizzima + Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။

Mizzima+ Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင်

App ဒေါင်းလော့လုပ်ရန် - http://onelink.to/jnuwak

#New ပြသမည့်ရက်။ ။ ၅.၈.၂၀၂၃
ပြသမည့် အချိန် ။ ။ ည (၈:၀၀)နာရီ
ပြန်လည်ပြသမည့်ရက်။ ။ ၆.၈.၂၀၂၃
အချိန်။ ။ နေ့လည် (၂:၀၀) နာရီ

(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U”
👍6❤1🔥1