Media is too big
VIEW IN TELEGRAM
“ဒီကနေ့အညာနဲ့ အနာဂတ် မျှော်ရည်ချက်” | ချစ်သောအညာမြေ Episode-21
Watch more detail -https://youtu.be/53TQfj9iNOs
#ချစ်သောအညာမြေ #စကားဝိုင်း #shorts #reels #Mizzima

🔥3👍1
ငရုတ်သီးပွ အဆာသွတ်ကြော် နဲ့ ကြက်သားသုပ် | Chef Eve's Easy Thai Cooking Show | Ep - 25
==================
ဒီတစ်ပတ်မှာတော့ Chef Eve ရဲ့
ငရုတ်သီးပွ အဆာသွတ်ကြော် နဲ့ ကြက်သားသုပ် ချက်ပြုတ်ပုံကို တင်ဆက်ပေးမှာပဲ ဖြစ်ပါတယ်။
Easy Thai Cooking Show အစီအစဉ်မှာထိုင်း စားဖိုမှူး Chef Eve ကနေရိုးရှင်းပြီး ကိုယ်တိုင် အလွယ်တကူ လိုက်လုပ်နိုင်မယ့် ထိုင်းမြောက်ပိုင်း အစားအစာတွေကို ပြင်ဆင်ချက်ပြုတ်ပြသသွားမယ့် အစီစဉ်ပဲဖြစ်ပါတယ်။
ဒီအစီစဉ်ကိုတော့ အပတ်စဉ် စနေနေ့ ညနေ ၆ နာရီမှာ Mizzima + Channel ကနေ ကြည့်ရှုနိုင်ပါပြီ။
တီဗီကနေ မကြည့်ရှုလိုက်ရတဲ့ ပရိသတ်တွေကတော့ Mizzima+Youtube နဲ့ Mizzima Application တို့ကနေ ကြည့်ရှုနိုင်ပါပြီ။
https://youtu.be/ihhoXNgjAEw
#EasyThaiCookingShow
#ChefEve
#NorthernThailandFood
#thaifood
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U

👍2🔥1
မဏိပူရတွင် ဖြစ်ပွားသော အကြမ်းဖက်မှုများသည် ဘာသာရေး ပြသနာ မဟုတ်ဘဲ လူမျိုးရေး ပဋိပက္ခသာ ဖြစ်
=====================
အိန္ဒိယ အရှေ့မြောက်ပိုင်းရှိ မဏိပူရပြည်နယ်သည် ဧရိယာ ၂၂၃၂၇ စတုရန်းကီလိုမီတာ ကျယ်ဝန်း၍ ခန့်မှန်းခြေအားဖြင့် လူဦးရေ ၃ သန်းခန့် နေထိုင်ကြပြီး အိန္ဒိယ၏ “အရှေ့တံခါးပေါက်” ဟု ရည်ညွှန်းလေ့ရှိသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍4🔥2🤔1😢1
ခါမ်းပါတ်မြို့တွင် စစ်ကောင်စီတပ်မှ အိမ်ခြေ ၁၄လုံး မီးရှို့ဖျက်ဆီး
=====================
ကိုခင်မောင်
(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ခါမ်းပါတ်မြို့နေဒေသခံများသည် ဇူလိုင်လ၂၃ရက်မှစ၍ မြို့လုံးကျွတ် စစ်ဘေးရှောင်နေကြစဥ် စစ်ကောင်စီတပ်မှ လူနေအိမ် ၁၄လုံးကို မီးရှို့ဖျက်ဆီးသွားကြောင်း မြို့နေဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၂၆ရက်နေ့တွင် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားပြီးနောက် ခါမ်းပါတ်မြို့ အမှတ် (၁) ရပ်ကွက်မှ လူနေအိမ်များ မီးရှို့ခံရခြင်းဖြစ်သည်ဟု ဆိုသည်။
“ဒီအတိုင်းကြုံရာကို မီးရှို့တာဖြစ်နိုင်တယ်၊မီးရှို့ဖျက်ဆီးခံရတဲ့နေအိမ်ထဲမှာ အိမ်ကြီးအိမ်ကောင်းတွေနဲ့ ဆောက်လက်စ အိမ်တွေလည်းပါဝင်ပါတယ်။ “ ဟု ခါမ်းပါတ်မြို့နေဒေသခံတစ်ဦးက မဇ္စျိမသို့ ပြောသည်။
စစ်ကောင်စီတပ်သားများသည် ခါမ်းပါတ် မြို့ပေါ်က လူနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြသည့်အပြင် လူနေအိမ်များအား ဖောက်ထွင်းပြီး တန်ဖိုးကြီး ပစ္စည်းများ၊ ဖုန်းဆိုင်များရှိ လက်ကိုင်ဖုန်းများကိုလည်း ခိုးယူခဲ့ကြသည်ဟု ၎င်းဒေသခံထံမှ သိရသည်။
ယခုလက်ရှိအချိန်တွင် ခမ်းပတ်မြို့မှ နေရပ်စွန့်ပြီး ထွက်ပြေးတိမ်းရှောင်နေကြသော စစ်ဘေးရှောင် ဒေသခံများအနေဖြင့် ဩဂုတ်လ ၃ရက်မှစ၍ မိမိတို့နေရပ်သို့ ပြန်လည်ဝင်ရောက် နေထိုင်နိုင်ပြီဖြစ်ကြောင်း ဆိုသည်။
ပြီးခဲ့သည့် သြဂုတ်လ ၂ရက်နေ့တွင် ခါမ်းပါတ်ခရစ်ယာန်များအသင်း(KCC)မှ သိက္ခာတော်ရဆရာများမှ ဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအကြား ကြားဝင်ညှိနှိုင်းပြီး သဘောတူညီမှု ရရှိပြီးနောက် ယခုကဲ့သို့ နေရပ်ပြန်လာနိုင်ခြင်းဖြစ်ကြောင်း သိရသည်။
ခါမ်းပါတ်မြို့မှ ဒေသခံ ၁၀,၀၀၀ ကျော်သည် ဇူလိုင်လ ၂၃ရက်မှ စ၍ အိန္ဒိယနယ်စပ်နှင့် ကလေးမြို့ဘက်သို့ စစ်ဘေးတိမ်းရှောင်နေကြခြင်းဖြစ်ပြီး သြဂုတ်လ ၃ရက်နေ့ စစ်ဘေးရှောင်ရက် ၁၂ရက်အကြာတွင် မြို့ပေါ်သို့ ပြန်လည်ဝင်ရောက်နေခြင်း ဖြစ်သည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#ခါမ်းပါတ်မြို့
#စစ်ကောင်စီတပ်
#KCC
#စစ်ဘေးတိမ်းရှောင်
ပုံစာ။ ။ ခမ်းပတ်မြို့က မီးရှို့ဖျက်ဆီးခံရသော နေအိမ်များ

🤬6👍5❤1🥰1😁1
သြဂုတ်လ( ၅ )ရက်၊ စနေနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
====================
ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ...
ရေစကြိုမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အချင်းချင်းပစ်ခတ်မှုကြောင့် NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ မြင်းခြံခရိုင်တပ်ရင်း(၅) ဒုတပ်ရင်းမှူးသေဆုံးသွားတဲ့သတင်းနဲ့အတူ ပြည်သူ့ကာကွယ်ရေး အဖွဲ့အစည်းတွေကြားမှာရှိတဲ့ပဋိပက္ခတွေကို ထိန်းညှိဖြေရှင်းပေးနိုင်ဖို့ တိုင်ကြားမှုများဆိုင်ရာကော်မတီ ကို ဖွဲ့စည်းထားပြီးဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ဩဂုတ်လ ၄ ရက်နေ့မှာ ထုတ်ပြန်လိုက်တဲ့ သတင်း အပါအဝင် နောက်ဆုံးရ ပြည်တွင်းသတင်းတွေနဲ့ တပတ်အတွင်း နိုင်ငံတကာသတင်း တွေကို နားဆင်ကြရပါမယ်။
သတင်းတွေအပြီးမှာတော့ Weekly Interview အစီအစဉ်ကို နားဆင်ရဖို့ရှိပါတယ်။ အခုတစ်ခေါက် Weekly Interview အစီအစဉ်မှာ 96 Soldiers - PDF အညာဒေသတပ်ခွဲ(LPDF) ကို ကာကွယ် ရေးဝန်ကြီးဌာန၊ အမှတ်(၁) စစ်ဒေသရုံးက အခြေချနေထိုင်တာနဲ့ ပတ်သက်ပြီး 96 Soldiers - PDFရဲ့ တာဝန်ခံ ကိုဇေယျာလွင်ကို ဆက်သွယ်မေးမြန်းထားတာကိုနားဆင်ရမှာ ဖြစ်ပါတယ်။
https://youtu.be/rFAQd6YZfS0
#Eveningradio
#Mizzimaradio
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

YouTube
သြဂုတ်လ( ၅ )ရက်၊ စနေနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ...
ရေစကြိုမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အချင်းချင်းပစ်ခတ်မှုကြောင့် NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ မြင်းခြံခရိုင်တပ်ရင်း(၅) ဒုတပ်ရင်းမှူးသေဆုံးသွားတဲ့သတင်းနဲ့အတူ ပြည်သူ့ကာကွယ်ရေး အဖွဲ့အစည်းတွေကြားမှာရှိတဲ့ပဋိပက္ခတွေကို…

👍4🔥1😁1
မုံရွာမြို့ ကွန်ပျူတက္ကသိုလ်အဝင် ဂိတ်စခန်းကို ကာကွယ်ရေးတပ်ဖွဲ့ပစ်ခတ်တိုက်ခိုက်
=====================
လွှမ်းမိုး
(မဇ္ဈိမ) ။ ။ စစ်ကိုင်းတိုင်း ၊ မုံရွာမြို့တဖက်ကမ်း ၊ ကွန်ပျူတက္ကသိုလ်ကျောင်းရှေ့ရှိ ရဲတပ်ဖွဲ့ဝင်များ အစောင့်ချထားသည့် ဂိတ်စခန်းနေရာကို ဩဂုတ်လ ၄ ရက်နေ့တွင် ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။
အဆိုပါကွန်ပျူတာတက္ကသိုလ်ရှေ့တွင် ဂိတ်ဖွင့်၍ ငွေကောက်ခံနေသည့် ရဲတပ်ဖွဲ့ဝင်များကို တိုက်ခိုက်ခြင်းဖြစ်သည်ဟု မြန်မာ့တော်ဝင်နဂါးတပ်တော်(MRDA)တပ်ဖွဲ့ဝင်က ပြောသည်။
“ရဲဂိတ်ကို ဝင်တိုက်ဖို့ တစ်လလောက် အချိန်ယူခဲ့ရတာပါ။ အဲဒီဂိတ်မှာ မတ်တပ်ရပ်နေတဲ့ ရဲတပ်သား ရှစ်ဦးကို ပစ်ခတ်တိုက်ခိုက်ခဲ့တာ။ ခုနှစ်ဦး သေတယ်လို့သိရတယ်” ဟု MRDA တပ်ဖွဲ့မှ ရဲဘော် BLack က မဇ္ဈိမကို ပြောသည်။
ယင်းတိုက်ခိုက်မှုကို မြန်မာ့တော်ဝင်နဂါးတပ်တော်( MRDA) ၊ ယက္ခညီနောင်တပ်ဖွဲ့ နှင့် Black Lion Force(Monywa) တပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ကာကွယ်ရေးတပ်ဖွဲ့များဘက်မှ ရဲဘော်တစ်ဦး မေးစေ့ ကျည်ရှပ်ထိဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
“ဒီဂိတ်နေရာကို ဝင်ပစ်ဖို့က တော်တော်လေး အခက်အခဲ ရှိပါတယ်။ ဒီဂိတ်ကိုရောက်ဖို့ ဂိတ်နှစ်ခုလောက်ကို ဖြတ်ရတယ်။ ဒီဂိတ်ရဲ့ အနီးမှာ အောင်ဇေယျတပ်ကုန်း ရှိတယ်၊ နမခ(အနောက်မြောက်တိုင်းစစ်ဌာနချုပ်) စစ်ဆေးရေးဂိတ်တွေရှိတယ်၊ (၂၈)ရဲတပ်ရင်းရှိတယ် ၊ ဒါတွေနဲ့က နီးကပ်နေတာကြောင့် ဝင်ဖို့ထွက်ဖို့ကို တအားအန္တရာယ်များတယ်” ဟု ရဲဘော်Black က ရှင်းပြသည်။
ထိုကဲ့သို့ ရွှေတောင်ဦးကုန်းပေါ်ရှိဂိတ် တိုက်ခိုက်ခံရပြီးနောက် ယင်းနေရာတွင် တာဝန်ကျသည့် ရဲတပ်ဖွဲ့ဝင်သုံးဦး ထွက်ပြေးသွားကြောင်း အတွင်းသတင်းများအရ သိထားရသည်ဟု ရဲဘော်Blackက ပြောသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး
#စစ်ကိုင်းတိုင်း
#မုံရွာမြို့
#စစ်ဆေးရေးဂိတ်
#တိုက်ခိုက်မှု
ပုံအညွှန်း-ပစ်ခတ်တိုက်ခိုက်သည့် ကာကွယ်ရေးတပ်ဖွဲ့ဝင်းများ။(ဓာတ်ပုံ-MRDA)

👍15👏3😁2❤1
နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၅ ဩဂုတ် ၂၀၂၃)
========================
စက်သုံးဆီ၊သဘာဝဓာတ်ငွေနှင့်ပတ်သက်၍ စစ်ကောင်စီမှ ထုတ်ပြန်ချက်များ ထုတ်နေရသည်ကို ကြည့်ပါက မြေပြင်အခြေအနေတွင် စက်သုံးဆီပြတ်လတ်နိုင်ဖွယ်ရှိနေသည်ဟု ယူဆရသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
========================
စက်သုံးဆီ၊သဘာဝဓာတ်ငွေနှင့်ပတ်သက်၍ စစ်ကောင်စီမှ ထုတ်ပြန်ချက်များ ထုတ်နေရသည်ကို ကြည့်ပါက မြေပြင်အခြေအနေတွင် စက်သုံးဆီပြတ်လတ်နိုင်ဖွယ်ရှိနေသည်ဟု ယူဆရသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7🔥2😁2
Weekend News Roundup | August 5, 2023
============
ဒီအစီအစဥ်မှာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း Mizzima က ထုတ်လွှင့်ခဲ့တဲ့ သတင်းတွေထဲက စိတ်၀င်စားဖွယ်နဲ့ အရေးကြီးသတင်းတွေကို ရွေးချယ်ပြီး ပြန်လည် ထုတ်လွှင့်ပေးသွားမှာပါ။
00:31 စစ်အာဏာသိမ်း နောက်ခြောက်လသက်တမ်းထပ်တိုးမှု အမေရိကန်နဲ့ကုလ စိုးရိမ်တကြီးတုံ့ပြန်တဲ့သတင်း
03:51 ကရင်နီစစ်ရှောင် ၁၄၀၀ ကျော်ထံ အာဆီယံ AHA Centre အကူအညီ ပထမဆုံးပေးအပ်တဲ့သတင်း
15:35 အကျပ်အတည်းကိုတာရှည်စေမယ့်စီရင်ချက်အဖြစ် ထိုင်းဝန်ကြီးချုပ်နေရာမဲခွဲဆုံးဖြတ်မှုကို ပါလီမန်ရွှေ့ဆိုင်း တဲ့သတင်း
17:03 ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်က ရွေးကောက်ပွဲဝေဖန်သူတွေကို ပြစ်တင်ပြောဆို တဲ့သတင်း
21:08 မြန်မာစစ်အုပ်စုထံ စစ်လက်နက်ပစ္စည်း ရောင်းချမှု ပိတ်ဆိုရန် စင်ကာပူ အစိုးရ ပြတ်သားသင့်ဟုဆို တဲ့ သတင်း
23:50 ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က ငါးအဝယ်ရပ်လိုက်တာကြောင့် ရခိုင်နယ်စပ်ကုန်သွယ်ရေး ထိခိုက်တဲ့သတင်း
https://youtu.be/4n0QmjZrpZ0
#weekendnewsroundup
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
============
ဒီအစီအစဥ်မှာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း Mizzima က ထုတ်လွှင့်ခဲ့တဲ့ သတင်းတွေထဲက စိတ်၀င်စားဖွယ်နဲ့ အရေးကြီးသတင်းတွေကို ရွေးချယ်ပြီး ပြန်လည် ထုတ်လွှင့်ပေးသွားမှာပါ။
00:31 စစ်အာဏာသိမ်း နောက်ခြောက်လသက်တမ်းထပ်တိုးမှု အမေရိကန်နဲ့ကုလ စိုးရိမ်တကြီးတုံ့ပြန်တဲ့သတင်း
03:51 ကရင်နီစစ်ရှောင် ၁၄၀၀ ကျော်ထံ အာဆီယံ AHA Centre အကူအညီ ပထမဆုံးပေးအပ်တဲ့သတင်း
15:35 အကျပ်အတည်းကိုတာရှည်စေမယ့်စီရင်ချက်အဖြစ် ထိုင်းဝန်ကြီးချုပ်နေရာမဲခွဲဆုံးဖြတ်မှုကို ပါလီမန်ရွှေ့ဆိုင်း တဲ့သတင်း
17:03 ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်က ရွေးကောက်ပွဲဝေဖန်သူတွေကို ပြစ်တင်ပြောဆို တဲ့သတင်း
21:08 မြန်မာစစ်အုပ်စုထံ စစ်လက်နက်ပစ္စည်း ရောင်းချမှု ပိတ်ဆိုရန် စင်ကာပူ အစိုးရ ပြတ်သားသင့်ဟုဆို တဲ့ သတင်း
23:50 ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က ငါးအဝယ်ရပ်လိုက်တာကြောင့် ရခိုင်နယ်စပ်ကုန်သွယ်ရေး ထိခိုက်တဲ့သတင်း
https://youtu.be/4n0QmjZrpZ0
#weekendnewsroundup
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
YouTube
Weekend News Roundup | August 4, 2023
ဒီအစီအစဥ်မှာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း Mizzima က ထုတ်လွှင့်ခဲ့တဲ့ သတင်းတွေထဲက စိတ်၀င်စားဖွယ်နဲ့ အရေးကြီးသတင်းတွေကို ရွေးချယ်ပြီး ပြန်လည် ထုတ်လွှင့်ပေးသွားမှာပါ။
00:31 စစ်အာဏာသိမ်း နောက်ခြောက်လသက်တမ်းထပ်တိုးမှု အမေရိကန်နဲ့ကုလ စိုးရိမ်တကြီးတုံ့ပြန်တဲ့သတင်း…

👍3🤮3🌭1
“ဒီကနေ့အညာနဲ့ အနာဂတ် မျှော်ရည်ချက်” | ချစ်သောအညာမြေ Episode-21
=======================
အညာဒေသမှာ တိုက်ပွဲနဲ့ မြေပြင်အခြေအနေတွေ ဘယ်လိုရှိနေပါသလဲ၊ အညာဒေသမှာ လက်ရှိအားဖြင့် အကြီးမားဆုံး ရင်ဆိုင်နေရတာက ဘယ်ကိစ္စရပ်ပါလဲ၊ နွေဦးတော်လှန်ရေးမှာ အညာဒေသရဲ့ အခန်းကဏ္ဍအပေါ် ဘယ်လို သုံးသပ်ကြပါသလဲ စတာတွေကို အခုဆွေးနွေးခန်းမှာ ကြည့်ရှု နားဆင်ကြရမှာပါ။
စစ်ကိုင်းဖိုရမ် ဖြစ်မြောက်ရေးအဖွဲ့ ပြောခွင့်ရတဦးဖြစ်သူ ကိုစိုးဝင်းဆွေ၊ မုံရွာ လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီဝင် မချောစုစံတို့နဲ့ ကိုကျော်ကျော်သိန်းက မေးမြန်း ဆွေးနွေးထားပါတယ်။
https://youtu.be/53TQfj9iNOs

စစ်ကိုင်းဖိုရမ်…
စစ်ကိုင်းဖိုရမ်…
👍13😁2
သောင်ရင်းမြစ်နှင့် သံလွင်မြစ်ရေ မြင့်တက်မှုကြောင့် ကရင်ပြည်နယ်တွင် ရေကြီးရေလျှံမှု ဖြစ်ပွား
😢4🔥2😁1

===================
YT
(မဇ္ဈိမ) ။ ။ သောင်ရင်းမြစ်နှင့် သံလွင်မြစ်ရေ စိုးရိမ်ရေမှတ်အထက် ကျော်လွန်နေပြီး ကရင်ပြည်နယ်ရှိ မြို့အချို့၏ အနိမ့်ပိုင်းဒေသများ၌သာမက ကားလမ်းမပေါ်များတွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားနေကြောင်း ဒေသတွင်းသတင်းရင်းမြစ်များနှင့် လူမှုကူညီကယ်ဆယ်ရေး အသင်းများထံက သိရသည်။
ယနေ့ ဩဂုတ်လ ၅ ရက် နေ့လယ် ၁ နာရီ ၃၀ မိနစ်အချိန် တိုင်းတာချက်အရ သောင်ရင်းမြစ်ရေသည် စိုးရိမ်ရေမှတ်အထက် နှစ်ပေခန့် နှင့် သံလွင်မြစ်ရေသည် စိုးရိမ်ရေမှတ်အထက် နှစ်ပေခွဲခန့် မြင့်တက်နေကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားသည်။
မြဝတီမြို့နယ်တွင် ပြီးခဲ့သည့် ဩဂုတ်လ ၃ ရက်နေ့မှစ၍ မိုးဆက်တိုက် ရွာသွန်းမှု၊ တောင်ကျရေစီးဆင်းမှုများကြောင့် သောင်ရင်းမြစ်ရေ မြင့်တက်လာရာ ထိုမြစ်ကမ်းအနီးရှိ အမှတ် (၅) ရပ်ကွက်၊ သရက်ပင်ဂိတ်အနီးရှိ ရပ်ကွက် နှင့် အမှတ် (၁) ရပ်ကွက်တို့တွင် ရေကြီးရေလျှံမှုများ စတင်ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်ပြီး အဆိုပါ ရပ်ကွက်များတွင် နေထိုင်သည့် ဒေသခံများအား နီးစပ်ရာ မြို့တွင်း ဘုန်းကြီးကျောင်းများတွင် ရွှေ့ပြောင်းထားရကြောင်း သိရသည်။
ယနေ့ ဩဂုတ်လ ၅ ရက်တွင် အဆိုပါ အနိမ့်ပိုင်းရပ်ကွက်များ၌သာမက မြဝတီမြို့အလယ်၊ အာရှလမ်းမကြီးပေါ်အထိပါ ရေဖုံးလွှမ်းမှုများ ဖြစ်ပွားနေသဖြင့် ယာဉ်အသွားအလာအား ကန့်သတ်လိုက်ရကြောင်း မြဝတီမြို့နယ် လူမှုကူညီကယ်ဆယ်ရေးအသင်းတစ်ခု၏ တာဝန်ရှိသူထံက သိရသည်။
"မိန်းလမ်းမကြီး၊ အာရှလမ်းကြီးပေါ်မှာတောင် ရေက ခါးလောက်ထိ ဖြစ်သွားတာ။ မြေနီကုန်းကနေ မြို့ထဲက ကားက မြို့ပြင်ထွက်မရတော့ဘူး" ဟု မြဝတီမြို့နယ် လူမှုကူညီကယ်ဆယ်ရေး အသင်းတစ်ခု၏ တာဝန်ရှိသူထံက သိရသည်။
ထို့အတူ သံလွင်မြစ်ရေ မြင့်တက်လာမှုကြောင့် ဘားအံမြို့နယ် အနိမ့်ပိုင်းရပ်ကွက်များဖြစ်သည့် အမှတ် (၅) ရပ်ကွက်၊ အမှတ် (၂) ရပ်ကွက် ၊အမှတ် (၁) ရပ်ကွက် မီးစက်အနောက်ဘက်နှင့် တောင်နန်း၊ ဆယ်အိမ်စု၊ ကိုင်းတော ရပ်ကွက်များတွင် ပြီးခဲ့သည့် ဩဂုတ်လ ၃ ရက်မှစ၍ ရေကြီးရေလျှံမှုများဖြစ်ပေါ်နေပြီး အဆိုပါ ရပ်ကွက်များမှ ဒေသခံများအား ကယ်ဆယ်ရေးစခန်းများတွင် ကူညီကယ်ဆယ်မှုများ ပြုလုပ်ပေးနေကြောင်း သိရသည်။
"ဒီနေ့မိုးလည်း သိပ်မရွာဘူး။ ရေက တက်လာတာမရှိသလို ကျလဲမကျဘူး။ ဒီတိုင်းပဲရှိနေတာ။ ကယ်ဆယ်ရေးစခန်းက အားလုံး လောလောဆယ်ငါးခုဖွင့်ထားပြီးပြီိ။ တချို့က ရေတက်လာတာနဲ့ ရွှေ့လာကြတာ" ဟု ဘားအံမြို့နယ် ဒေသတွင်း သတင်းရင်းမြစ်တစ်ဦးက မဇ္ဈိမကိုပြောသည်။
ထို့အပြင် မိုးရွာသွန်းမှု၊ တောင်ကျရေစီးဆင်းမှုနှင့် ချောင်းရေလျှံမှုများကြောင့် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ အမှတ် (၅) လှိုင်ကွက်သစ်၊ ရေလယ်ကုန်းကျေးရွာ၊ လှိုင်းဘွဲ့မြို့နယ်၊ မြို့မိန်းလမ်းမကြီးပေါ်၊ ရွှေဂွန်းကျေးရွာ၊ ကြာအင်းကျေးရွာ၊ ဒေါ်လန်းကျေးရွာ၊ ကျုံဒိုးမြို့နယ် အမှတ် (၁) ရပ်ကွက်နှင့် အမှတ် (၂) ရပ်ကွက်တို့တွင် နေအိမ်များအတွင်းအထိ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေသဖြင့် အရေးပေါ် ကူညီကယ်ဆယ်မှုများအား ပူးပေါင်းဆောင်ရွက်နေဆဲဖြစ်ကြောင်း ဒေသတွင်း လူမှုကူညီရေးအသင်းများ၏ ဖြေကြားချက်အရ သိရသည်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ ယနေ့ ဩဂုတ်လ ၅ ရက်နေ့ ထုတ်ပြန်ချက်အရ သောင်ရင်းမြစ်ရေနှင့် သံလွင်မြစ်ရေသည် ယနေ့တိုင်းတာသော စိုးရိမ်ရေမှတ်များအတိုင်း လာမည့် ဩဂုတ်လ ၇ ရက်နေ့အထိ ဆက်လက်တည်ရှိနေနိုင်သဖြင့် ဘားအံမြို့နယ်နှင့် မြဝတီမြို့နယ် အနိမ့်ပိုင်းဒေသများတွင် နေထိုင်သူများအနေဖြင့် သတိထား နေထိုင်သင့်ကြောင်း သိရသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး
#ကရင်ပြည်နယ်
#သံလွင်မြစ်
#သောင်ရင်းမြစ်
#မိုးလေဝသ
ဓါတ်ပုံ (မိုးမြင့်ထက်) ပုံအညွှန်း- ယနေ့ ဩဂုတ်လ ၅ ရက်နေ့၊ ဘားအံမြို့နယ်အတွင်း ရေကြီးရေလျှံမှုအခြေအနေ

😢6👍5😁2🔥1
KNU တပ်မဟာ (၃) တွင် လက်နက်ကြီးကျည်ကြောင့် ဒေသခံ ၂ ဦး သေဆုံး၊ ကလေးငယ်အပါအဝင် ၃ ဦး ဒဏ်ရာရ
==================
YT
(မဇ္ဈိမ) ။ ။ ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်နှင့် ကျောက်တံခါးမြို့နယ်တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဆယ်ကျော်သက်တစ်ဦးနှင့် အမျိုးသမီးတစ်ဦးသေဆုံး၍ ကလေးငယ်တစ်ဦးအပါအဝင် ဒေသခံသုံးဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း KNU ဗဟိုက ယမန်နေ့ ဩဂုတ်လ ၄ ရက်နေ့က ထုတ်ပြန်သည်။
ပြီးခဲ့သည့် ဩဂုတ်လ ၃ ရက်နေ့၊ နံနက် ၄ နာရီအချိန်တွင် ကျောက်တံခါးမြို့နယ်၊ သမင်အင်းကုန်းကျေးရွာအနီး၌ တပ်မဟာ (၃) ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ PDF၊ ကျောက်တံခါးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့နှင့် စစ်ကောင်စီတပ်အကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းရှိပြီး စစ်ကောင်စီတပ်သား လေးဦးသေဆုံး၍ လေးဦး ပြင်းထန်ဒဏ်ရာရထားကြောင်း ကျောက်တံခါးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရသည်။
အဆိုပါတိုက်ပွဲအပြီး၌ စစ်ကောင်စီတပ်က သူဌေးကုန်းကျေးရွာတွင် အထိုင်ချထားသော ခမရ (၂၇၄) စစ်ကောင်စီတပ်စခန်း၊ ပိန်းဇလုပ်အခြေစိုက် ခမရ (၂၆၄) တို့မှ လက်နက်ကြီးများဖြင့် သမင်အင်းကုန်းကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ ပစ်ခတ်မှုကြောင့် အသက် ၁၆ နှစ်အရွယ်ရှိ မောင်ပိုင်စိုးသူ ဦးခေါင်းတွင် ကျည်စထိမှန်ဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း KNU က ဆိုသည်။
ထို့အပြင် ဩဂုတ်လ ၂ ရက်နေ့၊ နေ့လယ်ပိုင်းကလည်း တုံးတောကျေးရွာတွင် အခြေစိုက်ထားသည့် စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ (၅၉၉) မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ ကျည်တစ်လုံးသည် မုန်းမြို့နယ်၊ မြွေတွင်းကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ကြောင်း KNU ၏ ထုတ်ပြန်ချက်အရ သိရသည်။
" တစ်အိမ်တည်းက လူတွေ၊ အိမ်တစ်အိမ်တည်းကို ကျတာ။ အိမ်တော့ တော်တော်ပျက်စီးသွားတယ်။ ဒဏ်ရာရသူတွေက တော်တော်တော့ သက်သာနေကြပါပြီ" ဟု တပ်မဟာ (၃) သတင်းရင်းမြစ်က မဇ္ဈိမကို အတည်ပြုပြောဆိုသည်။
အဆိုပါ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် မုန်းမြို့နယ်၊ မြွေတွင်းကျေးရွာမှ အသက် ၃၇ နှစ်အရွယ် မသီတာအေး သေဆုံးခဲ့ပြီး အသက် ၇၁ နှစ်အရွယ်ရှိ ဦးတင်ဦး၊ အသက် ၃၉ နှစ်အရွယ်ရှိ မဇင်မာဝင်း၊ အသက်ခြောက်နှစ်အရွယ်ရှိ ချစ်ဖုန်းသွယ်တို့ လက်နက်ကြီးကျည်ထိမှန်ဒဏ်ရာရခဲ့ကြောင်း သိရသည်။
ကျောက်တံခါးမြို့နယ်၊ မုန်းမြို့နယ်၊ ကျောက်ကြီးမြို့နယ်၊ ရွှေကျင်မြို့နယ်တို့သည် ကရင်အမျိုးသားအစည်းအရုံး( KNU)၏ နယ်မြေသတ်မှတ်ချက်အရ တပ်မဟာ (၃) အုပ်ချုပ်နယ်မြေအတွင်းတည်ရှိပြီး စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်သားများ၊ အထိုင်ချ စစ်ကောင်စီတပ်စခန်းများ၏ ကျေးရွာများအတွင်း လက်နက်ကြီးပစ်ခတ်မှုများကြောင့် အဆိုပါ နယ်မြေအတွင်း ဒေသခံ သေဆုံးမှု၊ ထိခိုက်ဒဏ်ရာရမှုတို့ မကြာခဏ ဖြစ်ပွားလေ့ရှိကြောင်း သိရသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#KNU
#KNLA
#PDF
#ကျောက်တံခါးမြို့နယ်
ဓါတ်ပုံ- (KNU ) ပုံအညွှန်း- စစ်ကောင်စီ၏ လက်နက်ကြီးထိမှန်၍ ဒဏ်ရာရသူတစ်ဦး

👍7🔥3😢3😁1😱1