အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့တွင် ၈၈၈၈ အရေးတော်ပုံ ၃၅ နှစ်ပြည့် အကြိုအခမ်းအနား ကျင်းပ
======================
ရွှေနွယ်
(မဇ္ဈိမ)။ ။အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့တွင် မြန်မာပြည်ဖွားတိုင်းရင်းသားများစုဝေးကာ ဩဂုတ်လ ၅ ရက် ညနေပိုင်းက ၈၈၈၈ အရေးတော်ပုံ ၃၅ နှစ်ပြည့် အကြိုအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
နယူးယောက်မြို့ရှိ Time Square ရင်ပြင်၌ ညနေ ၄ နာရီမှ ၆ နာရီအထိကျင်းပခဲ့ခြင်းဖြစ်ပြီး အခမ်းအနား သို့ နယူးယောက်နှင့်အနီးတဝိုက်ရှိ မြန်မာပြည်ဖွား တိုင်းရင်းသားပေါင်းစုံ ၃၀၀ ခန့် တက်ရောက်ခဲ့ကြ ကြောင်း သိရသည်။
အခမ်းအနားကို အလေးပြုခြင်းဖြင့်ဖွင့်လှစ်ခဲ့ပြီး ၈၈၈၈ အရေးတော်ပုံနှင့်ပတ်သက်သည့် တော်လှန်ရေး အမှတ်တရစကားများ ပြောကြားခြင်း၊ တော်လှန်ရေးကဗျာသရုပ်ပြအစီစဉ်ကို တေးသံရှင်ကျော်သီဟမှ ရွတ်ဆိုပြီး NYCBC အဖွဲ့ဝင်များမှ သရုပ်ဆောင်တင်ဆက်ပြသခဲ့ကာ ကြွေးကြော်သံများ၊ တော်လှန်ရေး သီချင်းများသီဆိုပြီး ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
လာမည့် ဩဂုတ်လ ၈ ရက်နေ့တွင် မြန်မာနိုင်ငံအတွင်းရှိ စစ်အာဏာရှင်တော်လှန်ရေးအင်အားစုများနှင့် ကမ္ဘာအနှံ့ရောက်မြန်မာတိုင်းရင်းသားများသည် ၈၈၈၈ အရေးတော်ပုံ ၃၅ နှစ်ပြည့်အခမ်းအနားကို ဆင်နွှဲ ရန် ပြင်ဆင်လျက်ရှိကြသည်။
ပုံအညွှန်း − အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှ ၈၈၈၈ အရေးတော်ပုံ ၃၅ နှစ်ပြည့် အကြိုအခမ်း အနားမြင်ကွင်း
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#၈၈၈၈
#အရေးတော်ပုံ
#NYCBC
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍10❤4😁2🤮1
မြိုင်မြို့နယ်တွင် ပျူစောထီးရွာကို ဒေသကာကွယ်ရေးတပ်က ၅ ရက်ကြာ ပိတ်ဆို့
=====================
ပါခွီး
(မဇ္စျိမ) ။ ။ မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း ပျူစောထီးများနေထိုင်သည့် သရက်ကွရွာကို ကာကွယ်ရေးတပ်များက ဝိုင်းဝန်းပိတ်ဆို့ထားပြီးသည်မှာ ငါးရက်ကြာမြင့်ပြီဖြစ်ပြီး လက်နက်ချအညံခံ အလင်းဝင်ရန် သတိပေးထားကြောင်း ဝံပုလွေပြောက်ကျားတပ်ဖွဲ့ (မြိုင်) ထံက သိရသည်။
ထိုရွာကို လက်နက်ကြီး ၊လက်နက်ငယ်များဖြင့် သြဂုတ်လ ၂ ရက်မှ ၄ ရက်အထိ ပစ်ခတ်ခဲ့ပြီးနောက် လက်ရှိအချိန်ထိ ရွာကို ပိတ်ဆို့ထားဆဲဖြစ်ကြောင်း ပြောက်ကျားတပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်မီးပွား က မဇ္စျိမ ကိုပြောသည်။
“ကျွန်တော်တို့ ဝိုင်းထားပါတယ် ။ သူတို့ကို နောက်ဆုံးအခွင့်အရေးပေးထားတာပါ ။ အလင်းမဝင်ဘူးဆိုရင်တော့ စခန်းသိမ်းတိုက်သွားမှာပါ” ဟု ၎င်းက မဇ္စျိမ ကိုပြောသည်။
စစ်ကောင်စီတပ်က ထိုရွာတွင် စခန်းချလေ့ရှိပြီး စစ်သင်တန်းပေးကာ လက်နက်တပ်ဆင်ထားသည့် ပျူစောထီး ၂၅ ဦးခန့်ရှိကြောင်း သိရသည်။ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း (၃) တပ်ခွဲ(၁) ဝံပုလွေပြောက်ကျား တပ်ဖွဲ့ ဦးဆောင်သည့် ဒေသတွင်း ကာကွယ်ရေးအဖွဲ့ ၃၀ ကျော်က ထိုရွာကို ၁၀၀ မမ ၊ ၈၀ မမ ၊ ၆၀ မမ များဖြင့် အချက်ပေါင်း ၅၀၀ခန့် ပစ်ခတ်ခဲ့ကာ မောင်းသူမဲ့ လေယာဉ်များဖြင့် အီနာဂါဗုံးသီး ၁၀လုံး ကြဲချခဲ့ကြောင်းဆိုသည်။
လက်ရှိတွင် ရွာအတွင်းရှိ ပျူစောထီးများသည် ကတုတ်ကျင်းအတွင်း ဝင်ရောက်နေကြပြီး လက်နက်ကြီးပစ်ခတ်မှုနားချိန်တွင် ခေတ္တထွက်လာသည့် ၎င်းတို့ကိုလည်း ဒေသကာကွယ်ရေးတပ်ဖွဲ့က လက်နက်ငယ်များဖြင့် ဆက်တိုက်ပစ်ခတ်နေကြောင်း ဗိုလ်မီးပွားကပြောသည်။
ရွာအတွင်း ရိက္ခာများစွာမကျန်တော့သည်ကို သိရှိထားပြီး ၂၄ နာရီ ပိတ်ဆို့စောင့်ဆိုင်းနေကာ အလင်းမဝင်ပါက စခန်းသိမ်းတိုက်ပွဲဆင်နွှဲမည်ဖြစ်ပြီး ထိုအချိန်မှ လက်နက်ချ အညံ့ခံမည်ကို မလိုလားကြောင်း ၎င်းကဆိုသည်။ ရွာတွင် ဒေသခံအချို့၊ ပျူစောထီးများနှင့် ၎င်းတို့၏ မိသားစုဝင်များ နေထိုင်ကြတော့ကြောင်း သိရသည်။
မြိုင်မြို့ပေါ်နှင့် စက်မှု (၂) ရုံးတွင် စခန်းချနေသော စစ်ကောင်စီတပ်သားများက အနီးဆုံးစစ်ကူလာနိုင်သော်လည်း ယခုတိုင် လာရောက်ခဲ့ခြင်း မရှိသေးကြောင်းသိရသည်။
မြိုင်မြို့နယ်ရှိ ပျူစောထီးရွာ ငါးရွာမှာ တွင်းမ ၊ သရက်ကန် ၊ ဝက်ပုတ် ၊ သရက်ကွ နှင့် ကန်နီရွာတို့ ဖြစ်ကြောင်း ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင်က ပြောသည်။
စာတည်း။ ။အောင်ကျော်ဖြိုး
https://youtu.be/ioTgYE_lz_A
#Mizzima
#ပျူစောထီးရွာ
#သရက်ကွရွာ

YouTube
မြိုင်မြို့နယ်တွင် ပျူစောထီးရွာကို ဒေသကာကွယ်ရေးတပ်က ၅ ရက်ကြာ ပိတ်ဆို့
ပါခွီး (မဇ္စျိမ) ။ ။ မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း ပျူစောထီးများနေထိုင်သည့် သရက်ကွရွာကို ကာကွယ်ရေးတပ်များက ဝိုင်းဝန်းပိတ်ဆို့ထားပြီးသည်မှာ ငါးရက်ကြာမြင့်ပြီဖြစ်ပြီး
လက်နက်ချအညံခံ အလင်းဝင်ရန် သတိပေးထားကြောင်း ဝံပုလွေပြောက်ကျားတပ်ဖွဲ့ (မြိုင်) ထံက သိရသည်။…

👍20😁2
မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်ရှိ ရိုဟင်ဂျာများအပေါ် နိုင်ငံတကာမီဒီယာများ၏ အာရုံစိုက်မှု နည်းပါးနေခြင်းက စိုးရိမ်စရာဖြစ်
=====================
အကြိမ်ကြိမ် အခါခါ ထောက်ပြခဲ့သလိုပင် ယူကရိန်းသည် နိုင်ငံတကာ၏ အာရုံစိုက်မှုကို များစွာ ရရှိသော်လည်း မြန်မာမှာမူ အနည်းငယ်သာ ရရှိထားသည်။ မျက်မှောက်ရေးရာတို့ကို ဟောပြောရေးသားသူတို့ ထောက်ပြသလိုပင် လျစ်လျူရှုခံ အစုအဖွဲ့တစ်ခု အမှန်တကယ် ရှိသည် ဆိုပါလျင် ယင်းက မွတ်စလင် ရိုဟင်ဂျာ လူအုပ်စုပင် ဖြစ်ပေသည်။ ရိုဟင်ဂျာတို့သည် မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်ရှိ ပြည်တွင်းနေရပ်စွန့်ခွာရသူများ (IDPs) စခန်းများနှင့် ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်စခန်းများ၌ စိုးရိမ်ဖွယ်ကောင်းသော အခြေအနေများဖြင့် နေထိုင်နေကြရသည်။
လွတ်လပ်သော မြန်မာမီဒီယာများက ပြည်တွင်း၊ ပြည်ပရှိ ရိုဟင်ဂျာတို့၏ အခြေအနေများနှင့်ပတ်သက်ပြီး စဉ်ဆက်မပြတ် ရေးသားဖော်ပြကြသော်လည်း နိုင်ငံတကာမီဒီယာများကမူ ရိုဟင်ဂျာ အစုအဖွဲ့တို့အပေါ် ထိခိုက်သက်ရောက်စေလျက်ရှိသည့် အကျပ်အတည်းများနှင့်ပတ်သက်ပြီး မကြာခဏဆိုသလို ရေးသားဖော်ပြခြင်း မရှိပေ။
Eurasia Review တွင် ထုတ်ဝေသော တောင်အာရှအရေးအပေါ် အထူးလေ့လာသည့် လုံခြုံရေးနှင့် မဟာဗျူဟာရေးရာ သုတေသီ၊ ပင်တိုင်ဆောင်းပါးရှင်တစ်ဦးဖြစ်သော ဒေါက်တာ ဖာဟတ် ချောက်ဒ်ဟရီ၏ မကြာသေးခင်က သူ့အတွေးသူ့အမြင် ကဏ္ဍတစ်ခုအရ ရိုဟင်ဂျာတို့၏ လိုအပ်ချက်များနှင့်ပတ်သက်ပြီး အာရုံစိုက်ခံရမှုနည်းပါးခြင်းကြောင့် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်ရှိ ရိုဟင်ဂျာတို့အတွက် နိုင်ငံတကာအသိုင်းအဝိုင်း၏ အရင်းအမြစ် ခွဲဝေချထားပေးမှု လျော့ကျခြင်းကို ဖြစ်စေခြင်းနှင့်ပတ်သက်ပြီး အဓိက စိုးရိမ်ပူပန်မှုကို ထုတ်ဖော်ထားသည်။
ရိုဟင်ဂျာ ဒုက္ခသည် ၁ ဒသမ ၁ သန်းကျော်သည် လက်ရှိတွင် ဘင်္ဂလားဒေ့ရှ်တွင် နေထိုင်လျက် ရှိသည်။ “ယခုနောက်ဆုံး ရိက္ခာ ဖြတ်တောက်ခံရမှုနောက်ပိုင်း ရိုဟင်ဂျာဒုက္ခသည်တို့ ဆာလောင်ငတ်မွတ်မှုနှင့် ရင်ဆိုင်နေရပြီး မျှော်လင့်ချက်တို့ ပျောက်ဆုံးနေ” ဆိုသည့် UNHCR ၏ များမကြာမီက သတင်းထုတ်ပြန်ချက်ကြောင့် ရိုဟင်ဂျာတို့၏ အာဟာရအခြေအနေနှင့် စားနပ်ရိက္ခာ လုံခြုံမှုနှင့် စပ်လျဉ်းပြီး မေးခွန်းများကို ဖြစ်ပေါ်စေသည်။
၂၀၂၃ ခုနှစ် နှစ်စပိုင်းတွင် ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဉ် (WFP) သည် ရိုဟင်ဂျာတို့အတွက် လူတစ်ဦးလျှင် ရိက္ခာပမာဏနှင့်ပတ်သက်ပြီး သုံးလအတွင်းနှစ်ကြိမ်အထိ လျှော့ချဖြတ်တောက်မှု လုပ်ခဲ့သည်။ WFP သည် မတ်လက ရိုဟင်ဂျာတို့အတွက် လစဉ် အစားအစာလက်မှတ်တန်ဖိုးကို တစ်ဦးလျှင် ၁၂ ဒေါ်လာမှ ၁၀ ဒေါ်လာကို လျှော့ချခဲ့ပြီး ယင်းနောက် ၂၀၂၃ ၊ ဇွန်လတွင် တစ်ဦးလျင် အစားအစာလက်မှတ်တန်ဖိုးကို ဒေါ်လာ ၈ ဒေါ်လာအထိ ထပ်မံလျှော့ချခဲ့သည် ဖြစ်ရာ ယင်းက ငွေကြေးထောက်ပံ့မှုဆိုင်ရာ လိုငွေပြမှုကို မီးမောင်းထိုး ပြသနေသည်။
ချောက်ဒ်ဟရီ ထောက်ပြသလိုပင် ရိုဟင်ဂျာ ဒုက္ခသည်တစ်ဦး၏ အစားအစာနှင့် အာဟာရအတွက် တစ်နေ့တာဘတ်ဂျက်သည် ၂၇ ဆင့်ခန့် ဖြစ်သည်။ ကုလသမဂ္ဂက ရိုဟင်ဂျာဒုက္ခသည်များအတွက် စားနပ်ရိက္ခာ ခွဲတမ်းများကို ၁၇ ရာခိုင်နှုန်း လျှော့ချရခြင်းက မူလကတည်းက ဆိုးဝါးနေခဲ့သည့် အခြေအနေကို ပိုမို ဆိုးဝါးစေသည်။ တစ်ဘက်တွင်လည်း WFP သည် နောက်ထပ် ရိက္ခာကန့်သတ်ရမှုကို ရှောင်လွဲနိုင်ရေး အမေရိကန်ဒေါ်လာ ၁၂၅ သန်း အရေးတကြီး လိုအပ်ကြောင်း ထုတ်ဖော်ထားသည်။
ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာ အသိုင်းအဝိုင်းအပေါ် မြန်မာအာဏာသိမ်းစစ်အုပ်စုက တမင်သက်သက် လျစ်လျူရှုနေခြင်းက အခြေအနေကို ပိုဆိုးစေသည်။ စစ်အုပ်စုသည် ၎င်းတို့ဘက် ပါသူများကိုသာလျင် မျက်နှာသာပေးလျက်ဖြင့် လူသားချင်းစာနာမှု အကူအညီကို လက်နက်သဖွယ် အသုံးချနေခဲ့သည်။ မေလ ၁၄ ရက် ဆိုင်ကလုန်း မိုခါ တိုက်ပြီးနောက်ပိုင်း ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာ IDP စခန်းများသည် အကူအညီ အနည်းငယ်သာ ရရှိထား သို့မဟုတ် အကူအညီ မရသည့် ပုံပေါ်သည်။
ရိုဟင်ဂျာတို့၏ အကျပ်အတည်းများနှင့်ပတ်သက်ပြီး ရေးသားသည့် နိုင်ငံတကာ သတင်းထုတ်ပြန်ဖော်ပြမှုများက ရိုဟင်ဂျာတို့အပေါ် အာရုံစိုက်မှု ရစေရေး ထောက်ကူနိုင်သလို အကူအညီငွေကြေးထုတ်ပေးမှုကို ထိန်းချုပ်ထားသူများအပေါ် လွှမ်းမိုးသက်ရောက်နိုင်သည်ဟု ချောက်ဒ်ဟရီက မှတ်ချက်ပြုသည်။
ဥပမာအားဖြင့် “ယူကရိန်းနှင့် အခြားအကျပ်အတည်းများထံ ငွေကြေးပိုက်ဆံများ ရောက်ရှိနေချိန် ရိုဟင်ဂျာ ဒုက္ခသည်များအတွက် အကူအညီက တစ်စတစ်စလျော့ပါးနေသည်” ဆိုသည့် မတ်လ ၁၅ ရက် ဝါရှင်တန်ပို့စ် သတင်းတစ်ပုဒ်က နိုင်ငံတကာအလယ်တွင် ရိုဟင်ဂျာအရေးအတွက် ထောက်ခံမှု ရနိုင်ရေးအတွက် အရေးပါသည်ဟု ၎င်းက ပြောသည်။

👍11🔥1🥱1
Forwarded from Bitcoin Myanmar Initiative
Belarus အစိုးရဟာ peer-to-peer Bitcoin ငွေပေးငွေယူများကိုတရားမဝင်သတ်မှတ်ဖို့ အတွက်ဥပဒေများကိုလုပ်ဆောင်နေတယ်လို့ကြေငြာခဲ့ပါတယ်။ ဘီလာရုစ်ဟာ လိမ်လည်မှုများကို လျှော့ချဖို့အတွက် peer-to-peer (P2P) crypto အရောင်းအ၀ယ်များကို တားမြစ်တဲ့ ဥပဒေတစ်ရပ်ကို ထုတ်ပြန်ဖို့ စီစဉ်နေကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ တနဂ်နွေနေ့ Telegram ပို့စ်တွင် ပြောကြားခဲ့ပါတယ်။ "အရှေ့ဥရောပနိုင်ငံမှ နိုင်ငံသားများအား Belarus Hi-Tech Park (HTP)" တွင် အခြေစိုက်သော ငွေလဲခြင်ကိုသာ ငွေပေးငွေယူပြုလုပ်ခွင့်ကို ပွင့်လင်းမြင်သာစွာနှင့် ထိန်းချုပ်နိုင်စေဖို့ရည်ရွယ်ထားတာဖြစ်ပါတယ်။ P2P အရောင်းအ၀ယ်များဟာ ခြေရာခံဖို့ခက်ခဲတာကြောင့် ရာဇ၀တ်ကောင်များအတွက် ဆွဲဆောင်မှုတစ်ခုလိုဖြစ်နေပါတယ်။P2P လဲလှယ်မှုမှတဆင့် cryptocurrency ကို ၀ယ်တာဒါမှမဟုတ်ရောင်းတဲ့အခါ အခြားသူတစ်ဦးနှင့် တိုက်ရိုက် အရောင်းအဝယ်လိုမျိုးဖြစ်နေပါတယ်။ ဆိုလိုတာက ငွေလွှဲတာကို မှတ်တမ်းတင်ထားတဲ့ ဗဟိုအာဏာပိုင်မရှိတာကြောင့် ပိုက်ဆံစီးဆင်းမှုကို ခြေရာခံဖို့ ဥပဒေစိုးမိုးရေးအတွက် ခက်ခဲစေတယ်လို့ပြောကြားထားပါတယ်။ ဒါ့အပြင် P2P အရောင်းအ၀ယ်များဟာ မကြာခဏ အမည်မသိရောင်း၀ယ်တာမျိုးလည်းရှိပါတယ်။
👍3❤2😁1
Forwarded from Bitcoin Myanmar Initiative
P2P ဖလှယ်မှုအများအပြားဟာ အသုံးပြုသူများက သူတို့ရဲ့ အမည်၊ လိပ်စာ သို့မဟုတ် မွေးသက္ကရာဇ်ကဲ့သို့သော ကိုယ်ရေးကိုယ်တာအချက်အလက်များကို ပေးဖို့ မလိုအပ်ပါ။ အဲ့အချက်က ငွေခဝါချဖို့အတွက် P2P အရောင်းအ၀ယ်ပြုလုပ်တဲ့ ရာဇ၀တ်ကောင်များကို ခြေရာခံဖို့ ဥပဒေစိုးမိုးရေးအတွက် ပိုပြီးပင်ခက်ခဲစေပါတယ်။ ဘီလာရုအစိုးရဟာ P2P အရောင်းအ၀ယ်များကို ငွေခဝါချဖို့အတွက် ရာဇ၀တ်ကောင်များက အသုံးပြုနေတာကို စိုးရိမ်နေတာပါ။ အဲ့အချက်ကြောင့် အစိုးရဟာငွေကြေးခဝါချမှုကို နှိမ်နင်းဖို့အတွက် P2P အရောင်းအ၀ယ်များကို တားမြစ်ရန် စဉ်းစားနေပါတယ်။
လိမ်လည်တဲ့သူဟာ သားကောင်ရဲ့ ဘဏ်အကောင့်က ငွေများကို ခိုးယူပါတယ်။ ပြီးတဲ့နောက် လိမ်လည်တဲ့သူဟာခိုးယူထားတဲ့ cryptocurrency ကို fiat ငွေကြေးရောင်းချဖို့အတွက် P2P လဲလှယ်မှုကို အသုံးပြုပါတယ်။မူးယစ်ဆေးဝါးရောင်းဝယ်သူတစ်ဦးဟာ cryptocurrency ကိုအသုံးပြုပြီးမူးယစ်ဆေးဝါးများကိုရောင်းချပါတယ်။ ပြီးနောက်မူးယစ်ဆေးဝါးရောင်းဝယ်သူဟာ cryptocurrency ကို fiat ငွေကြေးအဖြစ်သို့ ပြောင်းလဲဖို့လည်း P2P လဲလှယ်မှုကို အသုံးပြုပါသေးတယ််။ ဥပမာအားဖြင့် အကြမ်းဖက်အဖွဲ့အစည်းတစ်ခုဟာ cryptocurrency ဖြင့် အလှူငွေများ ကောက်ခံပါတယ်။ အကြမ်းဖက်အဖွဲ့အစည်းဟာ cryptocurrency ကို fiat ငွေကြေးအဖြစ်သို့ ပြောင်းလဲဖို့ P2P လဲလှယ်မှုကို အသုံးပြုတာပါ။ Belarusian အစိုးရဟာ ငွေကြေးခဝါချမှုအတွက် P2P အရောင်းအ၀ယ်များကို အသုံးပြုခြင်းနှင့် ပတ်သက်ပြီး စိုးရိမ်သော တစ်ခုတည်းသော အစိုးရမဟုတ်ပါဘူး။ အမေရိကန်နှင့် ဗြိတိန်ကဲ့သို့သော အခြားအစိုးရများဟာလည်း ငွေခဝါချမှုအတွက် P2P အရောင်းအ၀ယ်များကို နှိမ်နင်းဖို့ ခြေလှမ်းများလုပ်ဆောင်ရန် စဉ်းစားနေကြပါတယ်။ P2P အရောင်းအ၀ယ်အားလုံးဟာ တရားမဝင်ရည်ရွယ်ချက်အတွက် အသုံးပြုတာမဟုတ်ကြောင်းလည်း သတိပြုဖို့အရေးကြီးပါတယ်။ သို့သော်လည်း P2P ငွေပေးငွေယူများဟာ အမည်ဝှက်နှင့် အသုံးပြုရလွယ်ကူမှုက ငွေခဝါချလိုတဲ့ ရာဇ၀တ်ကောင်များအတွက် ဆွဲဆောင်မှုတစ်ခုလိုဖြစ်နေပါတယ်။ ဝန်ကြီးဌာနက 2023 ခုနှစ် ဇန်နဝါရီလမှစတင်ပြီး တရားမဝင်ငွေလဲခြင်းဝန်ဆောင်မှုပေးသူ 27 ဦးကို ဖော်ထုတ်တွေ့ရှိခဲ့ကြောင်းပြောကြာထားပါတယ်။ သူတို့ရဲ့ စုစုပေါင်းတရားမ၀င်၀င်ငွေဟာ ဘီလာရုရှရူဘယ် 22 သန်းနီးပါး (ဒေါ်လာ 8.7 သန်း) ဖြစ်ပါတယ်။
"နိုင်ငံခြားငွေလဲလှယ်ရေးလုပ်ထုံးလုပ်နည်းနှင့်ဆင်တူတဲ့ အလေ့အကျင့်ကိုမိတ်ဆက်ခြင်းဟာ ရာဇ၀တ်မှုနည်းလမ်းမျာကနေ ရရှိသောငွေများကိုထုတ်ယူရဖို့မဖြစ်နိုင်ပါဘူး။ အစိုးရက cryptocurrencies လဲလှယ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းအသစ်ကို မိတ်ဆက်ပေးပါက ရာဇ၀တ်မှုကျူးလွန်သူများဟာ တရားမဝင်နည်းလမ်းများဖြင့် ရရှိသောငွေများကို ထုတ်ယူရန် ခက်ခဲလိမ့်မှာဖြစ်ကြောင်းလည်းထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။
လက်ရှိတွင်၊ ရာဇ၀တ်ကောင်များဟာ fiat ငွေကြေးအတွက် သူတို့ရဲ့ cryptocurrency ကိုရောင်းချရုံဖြင့် cryptocurrency လဲလှယ်မှုများမှ ငွေများကို အလွယ်တကူ ထုတ်ယူနိုင်ပါတယ်။ သို့ရာတွင် အစိုးရက cryptocurrency ဖလှယ်မှုများအတွက်လိုအပ်တဲ့ လုပ်ငန်းစဉ်အသစ်ကို မိတ်ဆက်ပေးပါက၊ ရာဇ၀တ်ကောင်များကို ဖမ်းမိခြင်းမရှိဘဲ ငွေထုတ်ယူရန် ပိုမိုခက်ခဲလာမှာဖြစ်ပါတယ်။
ဘီလာရုစ်တွင် အိုင်တီလိမ်လည်သူများ လည်ပတ်ဖို့ အကျိုးအမြတ်မရှိပါက သူတို့ရဲ့ လုပ်ငန်းများကို အခြားနိုင်ငံသို့ ရွှေ့ပြောင်းသွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်မှာ ဆက်လက်ဖော်ပြထားပါတယ်။ သို့သော်လည်း ဘီလာရုစ်တွင် ရာဇ၀တ်ကောင်များအတွက် ငွေကြေးခဝါချရန် ခက်ခဲစေခြင်းကြောင့် အစိုးရက သူတို့အား နိုင်ငံအတွင်း လည်ပတ်ခြင်းမှ လုံးလုံးလျားလျား တွန်းလှန်နိုင်လိမ့်မည်လိုလည်း မျှော်လင့်ထားပါတယ်။ လောလောဆယ်မှာ မှောင်ခိုဈေးကွက်မှာ နိုင်ငံခြားငွေ လဲလှယ်ရသလိုပါပဲ။ ပြုလုပ်ဖို့လွယ်ကူပြီး သင့်ကို ခြေရာခံမည့်သူမရှိပါဘူး။ အကယ်လို့ အစိုးရက လုပ်ထုံးလုပ်နည်းအသစ်ကို ကျင့်သုံးပါက ဘဏ်မှတဆင့် နိုင်ငံခြားငွေ လဲလှယ်ခြင်းကဲ့သို့ ဖြစ်လာမှာပါ။ ဘဏ်ဟာ သင့်အကြောင်း အချက်အလက်များကို စုဆောင်းမည်ဖြစ်ပြီး ငွေခဝါချရန် ပိုမိုခက်ခဲမှာဖြစ်ပါတယ်။
ငွေကြေးခဝါချဖို့ ပိုမိုခက်ခဲစေခြင်းက ဘီလာရုစ်တွင် ရာဇ၀တ်မှုကျူးလွန်သူများကို တွန်းအားပေးတာဖြစ်ကြောင်းအစိုးရက မျှော်လင့်နေပါတယ်။
Ref ; Belarus Wants to Ban Peer-to-Peer Bitcoin Transactions : No Bullshit Bitcoin
Belarus and Cryptocurrency : Freeman | law

👍9❤1😁1
မြေစာပြို၍ ရေစီးနှင့် မျောပါသွားသူ ၄ ဦးအနက် ၁ ဦးသေဆုံး
======================
အဂမ်
(မဇ္ဈိမ)။ ။ ဖားကန့်တွင် ရေကန်အစပ်၌ ရေချိုးနေစဥ် မြေစာပုံပြိုကျ၍ ရေစီးနှင့်အတူ မျောပါသွားသူ လေးဦးအနက် သုံးဦးကို ကယ်ဆယ်နိုင်ကာ ကျန်တစ်ဦး၏ ရုပ်အလောင်းကို ရှာဖွေတွေ့ရှိပြီဖြစ်ကြောင်း သိရသည်။
ဖားကန့်မြို့နယ် ၊လုံးခင်းကျေးရွာအုပ်စု ၊မှော်စီစာကျေးရွာ အောင်သာယာ (၂) မှော်ရပ်ကွက် (ဒေသအခေါ် သာယာကုန်းကမ်းပါး)တွင် သြဂုတ်လ ၅ ရက် နေ့လယ် ၁ နာရီခန့်ကဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ရေစီးနှင့်အတူ မျောပါသွားသည့် အမျိုးသမီး နှစ်ဦးနှင့် ကလေးငယ် နှစ်ဦး အနက် အမျိုးသမီးတစ်ဦးနှင့် ကလေး နှစ်ဦးကို အသက်ရှင်လျက် ပြန်လည် ဆယ်ယူနိုင်ခဲ့ကြောင်း ကယ်ဆယ်ရေးလုပ်ဆောင်ခဲ့သည့် သတင်းရင်းမြစ်က ဆိုသည်။
“ပျောက်ဆုံးနေသူတစ်ဦးကို ဒီနေ့ သေဆုံးလျက်ပြန်ရှာတွေ့ပါတယ်။ ဆုံးပါးသွားသူက ကလေးနှစ်ယောက်အမေပါ " လို့ ၎င်းကပြောသည်။
သေဆုံးသူမှာ ဒေါ်ခင်ဆွေမာ(အသက် ၃၇ နှစ်) ဖြစ်ပြီး အောင်သာယာ(၂ ) မှော်ကွက် တွင် နေထိုင်သူ ဖြစ်ကြောင်း မဇ္ဈိမက စုံစမ်းသိရှိထားသည်။
မြေစာပြိုကျခဲ့သည့်နေရာသည် မကြာခဏ မြေပြိုမှုဖြစ်ပွားလေ့ရှိပြီး လက်ရှိတွင် ပေ ၂၀၀ ခန့်အထိ မြေသားအက်နေ၍ ဆက်လက်ပြိုကျမည့် အခြေအနေရှိကြောင်း ဒေသခံများက ဆိုသည်။
ထို့ပြင် သြဂုတ်လ ၄ ရက်ကလည်း မော်မောင်းဘွမ်ရွာဘက်ရှိ ကျောက်စိမ်းလုပ်ကွက် မြေစာပုံပြိုကျကာ ရေမဆေး သမားတစ်ဦး ရေနစ်သေဆုံးခဲ့သည်။
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#မြေစာပြိုကျ
#လုံးခင်းကျေးရွာအုပ်စု
ပုံအညွှန်း- မြေစာပြိုကျမှု ဖြစ်ပွားခဲ့သည့်နေရာ (ဓာတ်ပုံ-ပေးပို့)
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
======================
အဂမ်
(မဇ္ဈိမ)။ ။ ဖားကန့်တွင် ရေကန်အစပ်၌ ရေချိုးနေစဥ် မြေစာပုံပြိုကျ၍ ရေစီးနှင့်အတူ မျောပါသွားသူ လေးဦးအနက် သုံးဦးကို ကယ်ဆယ်နိုင်ကာ ကျန်တစ်ဦး၏ ရုပ်အလောင်းကို ရှာဖွေတွေ့ရှိပြီဖြစ်ကြောင်း သိရသည်။
ဖားကန့်မြို့နယ် ၊လုံးခင်းကျေးရွာအုပ်စု ၊မှော်စီစာကျေးရွာ အောင်သာယာ (၂) မှော်ရပ်ကွက် (ဒေသအခေါ် သာယာကုန်းကမ်းပါး)တွင် သြဂုတ်လ ၅ ရက် နေ့လယ် ၁ နာရီခန့်ကဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ရေစီးနှင့်အတူ မျောပါသွားသည့် အမျိုးသမီး နှစ်ဦးနှင့် ကလေးငယ် နှစ်ဦး အနက် အမျိုးသမီးတစ်ဦးနှင့် ကလေး နှစ်ဦးကို အသက်ရှင်လျက် ပြန်လည် ဆယ်ယူနိုင်ခဲ့ကြောင်း ကယ်ဆယ်ရေးလုပ်ဆောင်ခဲ့သည့် သတင်းရင်းမြစ်က ဆိုသည်။
“ပျောက်ဆုံးနေသူတစ်ဦးကို ဒီနေ့ သေဆုံးလျက်ပြန်ရှာတွေ့ပါတယ်။ ဆုံးပါးသွားသူက ကလေးနှစ်ယောက်အမေပါ " လို့ ၎င်းကပြောသည်။
သေဆုံးသူမှာ ဒေါ်ခင်ဆွေမာ(အသက် ၃၇ နှစ်) ဖြစ်ပြီး အောင်သာယာ(၂ ) မှော်ကွက် တွင် နေထိုင်သူ ဖြစ်ကြောင်း မဇ္ဈိမက စုံစမ်းသိရှိထားသည်။
မြေစာပြိုကျခဲ့သည့်နေရာသည် မကြာခဏ မြေပြိုမှုဖြစ်ပွားလေ့ရှိပြီး လက်ရှိတွင် ပေ ၂၀၀ ခန့်အထိ မြေသားအက်နေ၍ ဆက်လက်ပြိုကျမည့် အခြေအနေရှိကြောင်း ဒေသခံများက ဆိုသည်။
ထို့ပြင် သြဂုတ်လ ၄ ရက်ကလည်း မော်မောင်းဘွမ်ရွာဘက်ရှိ ကျောက်စိမ်းလုပ်ကွက် မြေစာပုံပြိုကျကာ ရေမဆေး သမားတစ်ဦး ရေနစ်သေဆုံးခဲ့သည်။
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#မြေစာပြိုကျ
#လုံးခင်းကျေးရွာအုပ်စု
ပုံအညွှန်း- မြေစာပြိုကျမှု ဖြစ်ပွားခဲ့သည့်နေရာ (ဓာတ်ပုံ-ပေးပို့)
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢5👍2🔥2🥴1
နွေဦးတော်လှန်ရေးသည် အာဏာရှင်စနစ် ဆက်လက်ရှင်သန်စေမည့် အုပ်ချုပ်သူအပြောင်းအလဲမဟုတ် ကြောင်း NUCC နှင့် NUG ထုတ်ပြန်
======================
မိုးသောက်၊ 002
(မဇ္ဈိမ)။ ။နွေဦးတော်လှန်ရေး၏ရည်မှန်းချက်သည် အသွင်သဏ္ဍာန်သာပြောင်း၍ အနှစ်သာရပြောင်းလဲ ခြင်းမရှိသော အာဏာရှင်စနစ်ဆက်လက်ရှင်သန်စေမည့် အုပ်ချုပ်သူအပြောင်းအလဲ လုံးဝမဟုတ် ကြောင်း သြဂုတ်လ ၆ ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)နှင့် အမျိုးသား ညီညွတ်ရေးအစိုးရ(NUG) တို့က ထုတ်ပြန်လိုက်သည်။
မြန်မာ့နွေဦးတော်လှန်ရေး၏ အန္တိမ ရည်မှန်းချက်ပန်းတိုင်သည် အသွင်သဏ္ဍာန်သာမက အနှစ်သာရပါ ပြည့်စုံခိုင်မာ၍ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို လက်တွေ့ကျင့်သုံးသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင် စုတည်ဆောက်ရေး (System Change) ဖြစ်ပြီး အသွင်သဏ္ဍာန်သာပြောင်း၍ အနှစ်သာရပြောင်းလဲခြင်း မရှိသော အာဏာရှင်စနစ်ကို ဆက်လက်ရှင်သန်စေမည့် အုပ်ချုပ်သူအပြောင်းအလဲ (Regime Change) လုံးဝမဟုတ်ဟု NUCC နှင့် NUG က အာမခံထားသည်။
အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ(NUCC)နှင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)တို့ ပူးတွဲ ထုတ်ပြန်သော “နွေဦးတော်လှန်ရေး၌ အတူတကွလက်တွဲ တိုက်ပွဲဝင်နေကြသော တော်လှန်ရေးအဖွဲ့ အစည်းများ၏ ဘုံရပ်တည်ချက်သဘောထား ပူးတွဲထုတ်ပြန်ချက်” ၌ အာဏာရှင်စနစ်ဟူသမျှ ချုပ်ငြိမ်း ရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးအတွက် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် (Federal Democracy Charter) အစိတ်အပိုင်း(၁)ပါ ပြည်ထောင်စုမျှော်ရည်ချက်နှင့် စံတန်ဖိုး၊ လမ်းညွှန် အခြေခံမူများ၊ အခြေခံမူဝါဒများနှင့် နိုင်ငံရေးလမ်းပြမြေပုံတို့ကို အခြေခံထားသည်ဟု ဖော်ပြထားသည်။
ရည်မှန်းချက်ကိုရောက်ရှိရန် လက်ရှိ တရားမဝင်စစ်အာဏာသိမ်းယူထားမှုကို အပြီးတိုင် ဖယ်ရှားရမည့် အပြင် စစ်အာဏာသိမ်းသည့်အလေ့အထနှင့် စစ်တပ်၏ နိုင်ငံရေးတွင်ပါဝင်ပတ်သက်နေမှုကို ထာဝရ အဆုံးသတ်ချုပ်ငြိမ်းစေရမည်ဟု အခိုင်အမာလက်ခံယုံကြည်ကြောင်း၊ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတွင် အရပ်သားပြည်သူ့အစိုးရ၏စီမံခန့်ခွဲမှုကို ခြွင်းချက်မရှိလိုက်နာ၍ ပြည်ပရန်ကာကွယ် ရေးတာဝန်ကိုသာထမ်းရွက်သော တိုင်းရင်းသားလူမျိုးပေါင်းစုံပါဝင်သည့် “ဖက်ဒရယ်ပြည်ထောင်စု တပ်မတော်” တည်ထောင်သွားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
တရားမဝင် စစ်အာဏာသိမ်းမှုကြောင့်ဖြစ်ပေါ်လာသော ပဋိပက္ခများအတွင်းသာမက လူထုလူတန်းစား အလွှာအသီးသီးအပါအဝင် တိုင်းရင်းသားလူမျိုးပေါင်းစုံအပေါ် ခေတ်အဆက်ဆက်ကျူးလွန်ခဲ့သည့် လူ့ အခွင့်အရေး ချိုးဖောက်မှုများ၊ စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ၊ လူမျိုးသုဉ်းသတ်ဖြတ်မှုများ စသည်တို့နှင့်စပ်လျဉ်း၍ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု (Transitional Justice) လုပ်ငန်းစဉ်များကို မဖြစ်မနေ ဦးစားပေးချမှတ် အကောင်အထည်ဖော်မည်ဟု NUCC နှင့် NUG က ဆိုသည်။
“ဒီဟာကဆိုရင် အင်မတန်မှထူးခြားတဲ့ ပူးတွဲထုတ်ပြန်ချက်ပေါ့နော်။ ကျနော်တို့ရဲ့ နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီးတော့ ဘုံရပ်တည်ချက် ဘာရှိနေလလဲဆိုတာကို တိတိကျကျနဲ့ NUG နဲ့ NUCC နှစ်ခုက ပူးတွဲ ပြီး ကြေညာတာဖြစ်တယ်။ NUCC ဆိုရင်လည်း အားလုံးပါဝင်တဲ့ လမ်းကြောင်းတခု အတိုင်ပင်ခံကောင်စီ။ NUG ကလည်း မြန်မာကပြည်သူလူထုရဲ့ တရားဝင်အစိုးရ။ ဒီနှစ်ခုကတွဲပြီးတော့ နွေဦးတော်လှန်ရေးနဲ့ ပတ်သက်တဲ့ ဘုံသဘောတူညီချက်ကိုထုတ်ပြန်တာက ကျနော်တို့အတွက် အင်မတန်မှထူးခြားတဲ့ အပေါင်းလက္ခဏာဆောင်တဲ့ တိုးတက်မှုဖြစ်ပါတယ်” ဟု NUG သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော က ပြောသည်။
ရည်မှန်းချက်နှင့် ရပ်တည်ချက်ကို လမ်းလွဲစေမည့် မည်သည့်နိုင်ငံရေးအခင်းအကျင်းမျိုးကိုမဆို ပြတ်ပြတ် သားသား ငြင်းပယ်ကြောင်း၊ ခေတ်ပြောင်း၊ စနစ်ပြောင်းတော်လှန်ရေးကြီးကို မဆုတ်မနစ် ကြံ့ကြံ့ခံ တွန်း လှန်ဆင်နွှဲလျက်ရှိသော တိုင်းရင်းသားများနှင့် အတူတကွလက်တွဲ၍ အန္တိမရည်မှန်းချက်ပန်းတိုင်ရောက် သည်အထိ သာတူညီမျှမှုကို ကိုယ်စားပြုသည့် စုပေါင်းခေါင်းဆောင်မှုနှင့် စုပေါင်းတာဝန်ယူမှုဖြင့် နောက် မဆုတ်စတမ်း၊ မတွေဝေစတမ်း ဆက်လက်ချီတက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ကတိသစ္စာ ပြုအပ် သည်ဟု NUCC နှင့် NUG က ထုတ်ပြန်သည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#NUCC
#NUG
#နွေဦးတော်လှန်ရေး

👍18🤣4👏2👎1
ချင်းတွင်းမြစ်ကြောင်းအတွင်းမှ စစ်ကောင်စီတပ်ဖွဲ့သင်္ဘော တိုက်ခိုက်ခံရ
=====================
ပါခွီး၊ လွှမ်းမိုး
(မဇ္စျိမ)။ ။စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ပေါင်းဝကျေးရွာအနီးတွင် ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်ကောင်စီတပ်ဖွဲ့သင်္ဘောကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ ကြောင်း Chindwin Fighter Group က ယမန်နေ့က ထုတ်ပြန်သည်။
“ကျနော်တို့ နှစ်နေရာကနေစောင့်ပြီး တိုက်ခဲ့တာပါ စခ (စစ်ကောင်စီတပ်ဖွဲ့ဝင် ) ခုနစ်ယောက်သေတယ် လို့ ပြန်သိရပါတယ်” ဟု Chindwin Fighter Group တာဝန်ခံ ကိုငှက်ခါးက မဇ္စျိမကို ပြောသည်။
ရိက္ခာများတင်ဆောင်လာသည့် ဖလက်ခွန်သုံးစီးကို ပေါင်းဝကျေးရွာအနီးတွင် ပစ်ခတ်တိုက်ခိုက်မှု ပြုလုပ် ခဲ့ပြီး လုံခြုံရေးယူပေးသည့် သင်္ဘောနှစ်စီးကိုလည်း ရွှေကုန်းရွာအနီးတွင် ရှေ့ထွက်ပြောင်းတိုက် ၁၀ လုံး ဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
အဆိုပါတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဘက်မှသေဆုံးမှုရှိသည်ဟု သတင်းပေးပို့လာသည့် ဒေသခံ ၏ပြောစကားကို ကာကွယ်ရေးတပ်ဖွဲ့ဝင်က ကိုးကားပြောဆိုထားသော်လည်း မဇ္စျိမအနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။
ရေယာဉ်ပေါ်မှ ပစ်ခတ်သည့် လက်နက်ကြီးကျည်များကြောင့် ဒေသခံများ၏ နေအိမ်များထိခိုက်ပျက်စီး မှုရှိသည်ဟုလည်း ဆိုသည်။
ယခုတိုက်ခိုက်မှုကို မုံရွာခရိုင် တပ်ရင်း(၁၀) တပ်ခွဲ(၂) Chindwin Fighter Group မှ ဦးဆောင်၍ Framers Revolution Force(3) မုံရွာခရိုင် တပ်ရင်း(၁၀)၊ မုံရွာခရိုင် တပ်ရင်း (၉) တပ်ခွဲ(၃)တို့ ပူးပေါင်းတိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ရေယာဉ်များကို ယမန်နေ့ ဩဂုတ်လ ၅ ရက် နံနက် ၁၂ နာရီခွဲက ဆားလင်းကြီးမြို့နယ် ချင်းတွင်း မြစ်ကြောင်းအတွင်း နောက်ထပ် တနေရာ၌စောင့်ကြို၍ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ ကြောင်း Hero Fighter( Salingyi) တပ်ဖွဲ့မှ တာဝန်ရှိသူ ဗိုလ်သူရိန်ကလည်း မဇ္ဈိမကို ပြောသည်။
“မြစ်ကြောင်းတလျှောက် ပစ်ခတ်တိုက်ခိုက်တာ ပွိုင့်တခုနဲ့တခုမတူကြပါဘူး။ တိုက်ခိုက်တဲ့နေရာမှာ ဖလက်ခွံတစီး မီးခိုးတွေ အူထွက်သွားတယ်” ဟု ၎င်းကဆိုသည်။
ရေယာဉ်များ နတ်ကျွန်းရွာ၊ နတ်ဆက်ရွာအနီးဖြတ်သွားချိန်တွင် ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။
ထိုတိုက်ခိုက်မှုကို Hero Fighter(Salingyi) ၊ Chindwin Dynamite (Salingyi)၊ Fighter 9 Force (Salingyi)၊ တောင်ပံနီပြောက်ကျားတပ်ဖွဲ့နှင့် ဒေသတွင်းမဟာမိတ်များ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ပြီး ဒေသ ကာကွယ်ရေး တပ်ဖွဲ့များဘက်မှ ရဲဘော်တဦးကျည်ရှပ်ထိ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ
#ချင်းတွင်းမြစ်
#ရေယာဉ်
#ဆားလင်းကြီးမြို့နယ်
ပုံအညွှန်း- ကာကွယ်ရေးတပ်ဖွဲ့ကပစ်ခတ်တိုက်ခိုက်လိုက်သည့်ရေယာဉ်နေရာ။(ဓာတ်ပုံ-Chindwin Fighter Group)

👍12❤6🔥1👏1😁1
ဇူလိုင်လအတွင်း အမျိုးသမီး ၂၁ ဦးသတ်ဖြတ်ခံရပြီး ၁၉ ဦးဖမ်းဆီးခံရ
=====================
001
(မဇ္စျိမ)။ ။ ယခု ၂၀၂၃ နှစ် ဇူလိုင်လအတွင်း နိုင်ငံတဝန်း စစ်ကောင်စီကြောင့် အမျိုးသမီး ၂၁ ဦးသတ်ဖြတ်ခံရပြီး ၁၉ ဦးဖမ်းဆီးထိန်းသိမ်းခံခဲ့ရကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂ( BWU ) က ယမန်နေ့ ဩဂုတ်လ ၅ ရက်နေ့တွင် ထုတ်ပြန်သည်။
အဆိုပါ အမျိုးသမီး အများစုမှာ စစ်ကောင်စီတပ်က အရပ်သားပြည်သူနေအိမ်များသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် သေဆုံးရခြင်းဖြစ်ပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခံရမှု၊ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုနှင့် အရှင်လတ်လတ်မီးရှို့ခံရမှုတို့ဖြင့်လည်း သေဆုံးရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အာဏာသိမ်းပြီးနောက် စစ်ကောင်စီစစ်ကြောင်း ထိုးဝင်ရောက်မှုရှိသည့် မန္တလေးတိုင်းအတွင်းရှိ ကျေးရွာတခုတွင် နေထိုင်ခဲ့သည့် အမျိုးသမီးတစ်ဦးက အဆိုပါကာလအတွင်း ၎င်းအနေဖြင့် စိတ်မလုံခြုံမှုကို ခံစားခဲ့ရကြောင်း ဆိုသည်။
“ရွာမှာဆိုရင်တော့ စိတ်မလုံခြုံလို့ကောင်းကောင်းမအိပ်ခဲ့ရတာတွေ မိန်းကလေးဆိုတော့ စော်ကားသတ်ဖြတ်မှာတွေ တွေးပူနေရတာပေါ့။ အခုကတော့ ရွာမှာ ငြိမ်လိုက် မငြိမ်လိုက်ပါပဲ။ ဓားပြတိုက်တာတွေလည်းရှိတယ်”ဟု ပြောသည်။
ယခုနှစ် ဇူလိုင်လအတွင်း ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်၊ မကွေးတိုင်း ၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်းနှင့် မွန်ပြည်နယ်တို့မှ အမျိုးသမီး ၁၉ ဦးဖမ်းဆီးခံခဲ့ရကြောင်း BWUကဆိုသည်။
အမျိုးသမီးဖမ်းဆီးခံရမှုမှာ ပဲခူးတိုင်းတွင် အများဆုံးဖြစ်ပွားခဲ့ပြီး ဖမ်းဆီးခံရသူအများစုမှာ မည်သည့် စွဲချက်ဖြင့် ဖမ်းဆီးခံရသည်ကို အတည်ပြုနိုင်ခြင်းမရှိဘဲ အချို့မှာ စစ်ကောင်စီလက်အောက်ခံစစ်သားနှင့် ရဲများအား ဘက်ပြောင်းရန် ပို့စ်ရေးသားခြင်း၊ တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် ဆက်နွယ်သည်ဟု စွပ်စွဲခံရခြင်းနှင့် စစ်ကောင်စီ၏ ရုံးများအနီးပေါက်ကွဲသည့် ဗုံးများနှင့်ဆက်စပ်သည်ဟုဆိုကာ ဖမ်းဆီးခံရခြင်းများ တွေ့ရှိရကြောင်း BWUက ထုတ်ပြန်ထားသည်။
အာဏာသိမ်းကာလ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့အထိ အမျိုးသမီး ဖမ်းဆီးထိန်းသိမ်းခံရသူ ဦးရေ ၃,၆၀၀ ကျော်ရှိပြီး ပြစ်ဒဏ်ချမှတ်ခံရသူ ၈၃၅ ဦးရှိကာ သေဆုံးသူ ၅၉၀ ဦးရှိကြောင်း သိရသည်။
စာအညွှန်း - စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှ စစ်ဘေးရှောင်အမျိုးသမီးတချို့အား ဇူလိုင်လအတွင်းကတွေ့ရစဥ် ( ဓာတ်ပုံ- ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး)

🤬12👍7😁2😢1
“ဖက်ဆစ်ဝင်ငွေဖြတ်တောက် ပြည်သူ့ဘဏ္ဍာတည်ဆောက်” ကျေးရွာပေါင်းစုံသပိတ် ချီတက်ဆန္ဒပြ
❤14👍2😁2

====================
ပါခွီး
(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာများစုပေါင်း၍ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲကို ယနေ့ ဩဂုတ်လ ၆ ရက်တွင်ပြုလုပ်ကြသည်ဟု သိရသည်။
လူထုသပိတ်စစ်ကြောင်းသည် “ဖက်ဆစ်ဝင်ငွေဖြတ်တောက် ပြည်သူ့ဘဏ္ဍာ တည်ဆောက်” စာတမ်း ကိုင်ဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးကြွေးကြော်သံများဖြင့် ချီတက်ကြခြင်း ဖြစ်သည်။
“အခုချိန်ကစပြီး ဘဏ္ဍာရေးနဲ့ စီးပွားရေးတိုက်ပွဲအလံကို အမြင့်မားဆုံးလွှင့်ထူကြဖို့နဲ့ ဖက်ဆစ်တပ်ရဲ့ ဝင်ငွေစီးပွားမှန်သမျှ ပြည်သူ့အားနဲ့ဖြတ်တောက်ရိုက်ချိုးကြပါစို့” ဟု ဆန္ဒပြပွဲဦးဆောင်သူတဦးက ပြော သည်။
စစ်ကောင်စီ၏ ပြည်တွင်းပြည်ပ ဝင်ငွေရလမ်းများ အားလုံးကို ဖြတ်တောက်နိုင်ရန် (ဖက်ဆစ်ဝင်ငွေဖြတ် တောက်) NUG အစိုးရနှင့်တကွ တော်လှန်ရေးအင်အားစုများ ဘဏ္ဍာရေးရန်ပုံငွေစနစ်များ ခိုင်မာအား ကောင်းရန် တည်ဆောက် (ပြည်သူ့ဘဏ္ဍာ တည်ဆောက်) ကြရမည်ဖြစ်ကြောင်း ဆိုသည်။
ယင်းမာပင်မြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်းသည် ၂၀၂၁ ခုနှစ် မတ်လ ၉ ရက်မှ စတင်ကာ စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြခဲ့ကြခြင်းဖြစ်ပြီး ယနေ့တွင် ၈၆၇ ရက် မြောက်အဖြစ် ချီတက်ခဲ့ကြခြင်းဖြစ်သည်ဟု သိရသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ
#စစ်ကိုင်းတိုင်း
#ယင်းမာပင်မြို့နယ်
#ဆားလင်းကြီးမြို့နယ်
#ကျေးရွာပေါင်းစုံသပိတ်

👍11❤6😁3
မဇ္ဈိမမီဒီယာ (၂၅)နှစ်ပြည့် အမှတ်တရ
================
မင်္ဂလာပါလို့ မဇ္ဈိမ မိသားစုမှ နှုတ်ခွန်းဆက်သလိုက်ပါရစေ။
၂၀၂၃ ခုနှစ် သြဂုတ်လ (၈) ရက်နေ့တွင် ပြည်သူများအတွက် သတင်းတင်ဆက်ပေးလာခဲ့သည်မှာ ၂၅ နှစ်ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။စတင်ထုတ်လွှင့်တဲ့ ၁၉၉၈ ခုနှစ်မှ ယနေ့တိုင် အခိုင်အမာအားပေးခဲ့ကြတဲ့ ပရိသတ်များအား မဇ္ဈိမမိသားစုမှအထူးအလေးအနက် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားပါရစေ။
၂၀၂၃ ခုနှစ် တစ်နှစ်တာအတွင်း မြန်မာနိုင်ငံ အတွင်းရှိ ဒေသ အသီးသီးမှာ သတင်းပြတ်လပ်မှု မရှိစေရန် မဇ္ဈိမရေဒီယို အစီအစဥ်ကို နေ့စဥ်အောင်မြင်စွာ ထုတ်လွှင့်ပေးနိုင်ခဲ့ပြီး၊ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများအတွက်လည်း ဗမာဘာသာစကား အပြင် အခြား တိုင်းရင်းသားဘာသာစကားများအတွက် တိုင်းရင်းသားရေဒီယိုနဲ့ တိုင်းရင်းသား ရုပ်သံအစီအစဥ်များကို ထုတ်လွှင့်ပေးနိုင်ခဲ့ပါတယ်။
ဆက်လက်ပြီးမလျော့သော လုံလဝီရိယဖြင့်ပြည်သူများနဲ့ရပ်တည်၍ မှန်ကန်သောသတင်းများကိုတင်ဆက်ပေးနေမယ့် လွတ်လပ်သောမီဒီယာအဖြစ် ဆက်လက်ကြိုးစားသွားပါမယ်လို့ ကတိပြုရင်း ...
အထူးကျေးဇူးတင်စွာဖြင့်
မဇ္ဈိမ မိသားစု
https://youtu.be/jziVorKlAJk

၂၀၂၃ ခုနှစ် သြဂုတ်လ (၈) ရက်နေ့တွင် ပြည်သူများအတွက် သတင်းတင်ဆက်ပေးလာခဲ့သည်မှာ ၂၅ နှစ်ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။စတင်ထုတ်လွှင့်တဲ့ ၁၉၉၈ ခုနှစ်မှ ယနေ့တိုင် အခိုင်အမာအားပေးခဲ့ကြတဲ့ ပရိသတ်များအား မဇ္ဈိမမိသာ…

👍12😁2❤1🤮1