Mizzima
✔
47.5K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
လက်သုံးချောင်းထောင်ပြီး အရဟံ တရား ကျောက်မဲဆရာတော် မိန့်ကြား
====================

KMN (မဇ္ဈိမ)။ ။ နိုင်ငံတော်သံဃာ့ မဟာနာယကအဖွဲ့ ဒုဥက္ကဋ္ဌဖြစ်သည့် အဂ္ဂမဟာပဏ္ဍိတ ကျောက်မဲဆရာတော် ဒေါက်တာဘဒ္ဒန္တ စန္ဒနသာရ၏ လက်သုံးချောင်းထောင်ကာ အရဟံ တရား၏ အဓိပ္ပါယ်များအား မိန့်ကြားခဲ့သည့် ဗီဒီယိုဖိုင်မှာ လူမူကွန်ရက်သုံးစွဲသူများကြားတွင် ပြန်လည်မျှဝေနေကြသည်ကိုတွေ့ရသည်။

ထိုတရားတော်ကို သြဂုတ်လ ၁ ရက်တွင် ပြုလုပ်ခဲ့သည့် စစ်ကောင်စီခေါင်းဆောင်၏ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်တွင် တည်ထားသော မာရဝိဇယဗုဒ္ဓရုပ်ပွားတော်
အနေကဇာတင်ပွဲ မတိုင်မီ ဇူလိုင်လ ၃၀ ရက်က ဟောကြားခဲ့ခြင်းဖြစ်သည်။

ဇူလိုင်လ ၃၀ ရက်နေ့တွင် ရန်ကုန်တိုင်း၊မရမ်းကုန်းမြို့နယ်၊ အရဟံဖောင်ဒေးရှင်း၏ ကျောင်းထိုင်ဆရာတော်များ ၊ ဓမ္မာစရိယဘွဲ့ရဆရာတော်များဆိုင်ရာ ဘက်စုံသာသနာပြုဒီပလိုမာသင်တန်း ဖွင့်ပွဲအခမ်းအနားနှင့် ဓမ္မစာပေသင်တန်း သင်တန်းဆင်းလက်မှတ် ပေးအပ်ချီးမြှင့်ပွဲ အခမ်းအနားတွင် ထိုအရဟံတရားတော်ကို ဆရာတော်က မိန့်ကြားခဲ့ခြင်းဖြစ်သည်။

အရံဟံစကားလုံးများ၏ အဓိပ္ပါယ်များအတိုင်း မြတ်စွာဘုရားသည် မကောင်းမှုလုပ်သည့် ဆိတ်ကွယ်ရာအရပ်မရှိကြောင်း၊ မကောင်းသည့် ကိလေသာ တရားများမရှိကြောင်း၊ပူဇော်အထူးကို ခံယူတော်မှုထိုက်သည့် ပုဂ္ဂိုလ်ဖြစ်ကြောင်း စသည်ဖြင့် ကျောက်မဲဆရာတော်က လက်သုံးချောင်းထောင်ပြီး ဟောကြားတော်မှုသည်။

မာရဝိဇယဗုဒ္ဓရုပ်ပွားတော် အနေကဇာတင်ပွဲတွင်လည်း ကျောက်မဲဆရာတော်က စစ်ကောင်စီခေါင်းဆောင်နှင့် အခမ်းအနားတက်ရောက်လာသည့် စစ်ကောင်စီအရာရှိများအား ဗုဒ္ဓတရားတော်၏ လိုက်နာစရာ အချက် သုံးချက်ဟုဆိုကာ မကောင်းသော အလုပ်ကို မလုပ်ရန်၊ ကောင်းသော အလုပ်ကိုလုပ်ရန်၊ စိတ်ကို ဖြူစင်အောင်ထားပြီး စိတ်ကောင်းရှိရန် မိန့်ကြားခဲ့သည်။

ထိုမိန့်ကြားချက်တွင်လည်း လက်သုံးချောင်းထောင်ကာ အချက်သုံးချက်ဖြင့် မိန့်ကြားခဲ့ခြင်းဖြစ်ပြီး လူမူကွန်ရက်တွင် ယနေ့တိုင် ပျံနှံနေသည်။

ကျောက်မဲဆရာတော်၏ မကောင်းမှု မလုပ်ရန် ဟောပြောချက်တရား အပြီး နောက်တရက် ဩဂုတ်လ ၂ ရက်နေ့တွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ကြီးဦးကိုကိုအပါအဝင် ထိပ်ပိုင်းအရာရှိ ရှစ်ဦးကို တာဝန်မှထုတ်ပယ်လိုက်ကြောင်း စစ်ကောင်စီက ကြေညာခဲ့သည်။

အလားတူ သြဂုတ် ၅ ရက်နေ့ တွင် ထုတ်ခဲ့သည့် စစ်ကောင်စီ သတင်းစာများတွင် နေပြည်တော် မာရဝိဇယဗုဒ္ဓရုပ်ပွားတော် အနေကဇာတင်ပွဲ အတွက် ကျေးဇူးတင်လွှာကို ဖော်ပြခဲ့ပြီး လက်သုံးချောင်းထောင် ကာတရားဟောမိန့်ကြားခဲ့သည့် ကျောက်မဲဆရာတော် ဒေါက်တာဘဒ္ဒန္တ စန္ဒနသာရ ၏ အမည်ကို စစ်ကောင်စီက ချန်ရစ်ထားသည်ကိုတွေ့ရသည်။

ကျေးဇူးတင်လွှာတွင် နိုင်ငံတော်သံဃာ့ မဟာနာယကအဖွဲ့ ဒုဥက္ကဋ္ဌဖြစ်သည့် အဂ္ဂမဟာပဏ္ဍိတ ကျောက်မဲဆရာတော် ဒေါက်တာဘဒ္ဒန္တ စန္ဒနသာရ အမည်ကို ဖော်ပြခြင်းမရှိဘဲ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိဆရာတော်ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရ အမှူးပြုသည့် သြဝါဒစရိယ ဆရာတော်ကြီးများဟု သာဖော်ပြထားသည်ကို တွေ့ရသည်။

ကျောက်မဲဆရာတော် ဒေါက်တာဘဒ္ဒန္တစန္ဒနသာရသည် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌဖြစ်ပြီး ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်အတွင်းက ရုရှားနိုင်ငံ ၊ မော်စကိုမြို့ ကာလူဂါပြည်နယ်တွင် တည်ထားသည့် ရွှေစည်းခုံစေတီ(ပုံတူ)အား စိန်ဖူးတော်နှင့် ငှက်မြတ်နားတော် တင်လှူခြင်းအခမ်းအနားတွင် စစ်ကောင်စီခေါင်းဆောင်နှင့်အတူ ပါဝင်တက်ရောက်ခဲ့ဖူးသည်။

https://youtu.be/chawBkMApsg

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#ကျောက်မဲဆရာတော်
#လက်သုံးချောင်းထောင်
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍33😁3❤1
​​ဒိုက်ဦးထောင်တွင် နိုင်ငံရေးအကျဉ်းသား ၈ ဦး ရိုက်နှက်တိုက်ပိတ်ခံရပြီး ထောင်ဝင်စာပို့ခွင့် တလပိတ်ခံရ
====================

001
(မဇ္စျိမ)။ ။ ပဲခူးတိုင်း၊ ဒိုက်ဦးထောင်(ကျိုက်စကော)တွင် နိုင်ငံရေးအကျဉ်းသားရှစ်ဦးကို စစ်ကောင်စီ လက်အောက်ခံ ထောင်ဝန်ထမ်းများက ဇူလိုင်လ ၂၅ ရက်မှစပြီး သြဂုတ်လ ၆ ရက်နေ့အထိ ရိုက်နှက် တိုက်ပိတ်ထားကာ ထောင်ဝင်စာပို့ခွင့် တလပိတ်ထားကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်း သား များကွန်ရက်ထံမှ သိရ သည်။

ဇူလိုင် ၂၅ ရက်နေ့က ထောင်ဝန်ထမ်းများက အဆောင်များအတွင်းသို့ ဝင်ရောက်စစ်ဆေးစဉ် နိုင်ငံရေး အကျဉ်းသား ကိုဖြိုးအောင်အား ထောင်ပုံစံထိုင်မှု မှားယွင်းသည်ဟုဆိုကာ ရိုက်နှက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့နောက် အဆိုပါကိစ္စအားဝင်ရောက်ပြောဆိုသည့် အခြားနိုင်ငံရေးအကျဉ်းသားခုနစ်ဦးပါ ရိုက်နှက် တိုက်ပိတ်ခံခဲ့ရခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် တာဝန်ရှိသူ ကိုသိုက်ထွန်းဦးကပြောသည်။

“ပထမဦးဆုံးခေါ်ခံရတဲ့ ကိုဖြိုးအောင်ကတော့ တော်တော်လေးကိုမှ ရိုက်နှက်ခံရတယ်လို့ ပြောတယ်ဗျ။ ကျန်တဲ့သူတွေပါအရိုက်ခံရတော့ အခုက ပြန်ပြီး တင်ပြဖို့ ခဲယဉ်းသွားတာပေါ့။ တယောက် အပိတ်ခံရတာ ကို တင်ပြတဲ့သူတွေကိုပါ ထပ်ရိုက်ပြီးပိတ်တာဆိုတော့ ကျန်တဲ့သူတွေက ဘာမှမလုပ်ရဲတော့ဘူးဖြစ်သွား တာ”ဟု ကိုသိုက်ထွန်းဦးကပြောသည်။

တိုက်ပိတ်ခံထားရသူရှစ်ဦးအနက်မှ ကိုဖြိုးအောင်၊ ကိုအောင်ပိုင်နှင့် ကိုအောင်ပိုင်သူတို့သုံးဦးမှာ ထောင် ဒဏ်တသက် ချမှတ်ခံထားရသူများဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကွန်ရက်ကပြောသည်။

ကျိုက်စကောထောင်တွင် ပြီးခဲ့သည့် ဇွန်လ၂၇ ရက်နေ့ကလည်း စစ်ကောင်စီက နိုင်ငံရေးအကျဉ်းသား ၃၇ ဦးကို ထောင်ပြောင်းမည်ဟုဆိုကာခေါ်ထုတ်ပြီးနောက် ပစ်ခတ်သတ်ဖြတ်ခံရသူ ၁၀ ဦးထက်မနည်းရှိ ကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူများကပြောသည်။
အာဏာသိမ်းပြီးနောက် စစ်ကောင်စီက နိုင်ငံရေးအကျဥ်းသားများကို အကျဥ်းထောင်တွင်း ရိုက်နှက်တိုက် ပိတ်ခြင်းအပြင် ထောင်ပြင်ပစစ်ကြောရေးများသို့ခေါ်ထုတ်ကာ ရိုက်နှက်စစ်ဆေးခြင်းများ ပြုလုပ်လျက်ရှိ သည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၉ ရက် အာဇာနည်နေ့ကလည်း ပဲခူးတိုင်း၊ သာယာဝတီထောင်တွင် နိုင်ငံရေး အကျဉ်းသူ ၁၅ ဦးနှင့် နိုင်ငံရေးအကျဉ်းသား ၁၆ ဦး စုစုပေါင်း ၃၁ ဦးကို စစ်ကောင်စီက ရိုက်နှက်တိုက် ပိတ်ထားကာ ရိုက်နှက်ခံရမှုကြောင့် လေးဦးမှာ ထောင်တွင်းဆေးရုံတွင်ကုသနေရကြောင်း သိရသည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
ပုံအညွှန်း- ဒိုက်ဦးအကျဥ်းထောင်မြေပုံ ( ဓာတ်ပုံ- Google Map)

#ဒိုက်ဦးမြို့နယ်
#ကျိုက်စကောထောင်
#နိုင်ငံရေးအကျဉ်းသား
#ရိုက်နှက်တိုက်ပိတ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢14👍7🤬6😁2
​​အိန္ဒိယ၊ မဏိပူရ်ပြည်နယ်တွင် အကြမ်းဖက်မှုတို့ ထပ်မံပေါ်ပေါက်ပြီး လူ ၃ ဦးသေဆုံး၊ လူနေအိမ်များ မီးရှို့ခံရ
=====================

အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်တွင် လူမျိုးစုရေး အကြမ်းဖက်မှုတို့ ထပ်မံပေါ်ပေါက်ခဲ့ပြီး လူသုံးဦး သေဆုံးကာ နေအိမ်များ မီးရှို့ခံခဲ့ရကြောင်း ရဲဌာန တာဝန်ရှိသူများက ဩဂုတ် ၄ ရက် ညပိုင်းက ပြောသည်။

အစွန်အဖျားကျသော အရှေ့မြောက်ပြည်နယ်တွင် အကြမ်းဖက်မှုနှင့် သတ်ဖြတ်မှုများက ပြတ်တောင်းပြတ်တောင်း ဆိုသလို ဆက်လက် ပေါ်ပေါက်နေသည်။

ဩဂုတ် ၃ ရက် ညပိုင်းက အကြမ်းဖက်မှုတို့ကြောင့် သေဆုံးရသူ သုံးဦးသည် ပြည်နယ်၏ ဘစ်ရှ်နူပူရ်ခရိုင်ရှိ မေထေး(ကသည်း) လူများစု၏ လူမျိုးစုဝင်များဖြစ်ကြကြောင်း ရဲဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိအချိန်အထိ ကူးကီး မျိုးနွယ်စုအတွက် သီးသန့်ဖယ်ပေးထားသော ပညာရေးနှင့် အစိုးရအလုပ်အကိုင်များဆိုင်ရာ ခွဲတမ်းများနှင့် အထူး စီးပွားရေးအခွင့်အရေးများကို လူများစု ကသည်းလူမျိုးစုကို ပေးအပ်ရန် စဉ်းစားရေး တရားရုံးတစ်ခုက ပြည်နယ်အစိုးရကို ညွှန်ကြားပြီးနောက် မေလ ၃ ရက်တွင် မဏိပူရ်ပြည်နယ်တွင် လများကြာ ပဋိပက္ခ အကြမ်းဖက်မှုတို့ စတင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ယခု ထပ်မံပေါ်ပေါက်သည့် သေဆုံးမှုများနှင့်ပတ်သက်ပြီး လောလောဆယ် မှတ်ချက်ပေးစရာ မရှိဟု ကူကီး အရပ်ဖက်လူမှုအစုအဖွဲ့တစ်ခုမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။
မြန်မာနှင့် နယ်စပ်ချင်း ထိစပ်နေပြီး လူ ၃ ဒသမ ၂ သန်း နေထိုင်သည့် မဏိပူရ်ပြည်နယ်တွင် အကြမ်းဖက်မှုတို့ စတင်ပေါ်ပေါက်ပြီးနောက် လူ ၁၈၀ ကျော် သေဆုံးပြီး လူထောင်ချီ ၎င်းတို့၏ နေအိမ်များကို စွန့်ခွာထွက်ပြေးခဲ့ကြရသည်။
👍8🔥5
​​ဈေးကွက်အတွင်း ကလေးအားဆေး၊ နို့မှုန့်၊ အားဖြည့်အာဟာရမှုန့်နှင့် ကလေးအသုံးဆောင်များပြတ်လပ် နေ
====================

(မဇ္ဈိမ)။ ။ယခုရက်ပိုင်းအတွင်း လူသုံးကုန်ပစ္စည်းများရောင်းချပေးနေသည့် City Mark ၊ City Mall ၊ Super Market များနှင့် ဆေးဆိုင်များတွင် ကလေးအားဆေးများ၊ နို့မှုန့်များ၊ အားဖြည့်အာဟာရမှုန့်များနှင့် ကလေးငယ်အသုံးဆောင်များ ပစ္စည်းပြတ်လပ်နေကြောင်း သိရသည်။

ယခုကဲ့သို့ ပစ္စည်းများပြတ်တောက်နေခြင်းမှာ ရက်သတ္တသုံးပတ်ခန့်ရှိနေပြီဖြစ်ပြီး တင်သွင်းရောင်းချနေ သည့်ကုမ္ပဏီများထံဆက်သွယ်သော်လည်း လာရောက်ပို့ဆောင်ခြင်းမရှိကြောင်း အရောင်းဆိုင်များက ပြောသည်။

“သုံးပတ်လောက်ရှိပြီ ပစ္စည်းတွေပြတ်နေတာ။ ကလေး အသက်နှစ်နှစ်အရွယ်ကနေ စသောက်လို့ရတဲ့ ပရီရှုးဝါး(PediaSure)တခါသောက်ဘူးတွေဆိုရင် လုံးဝဈေးကွက်ထဲမှာမရှိဘူး၊ မိုင်လိုဘူးသေးတွေလည်း မရှိဘူး။ နို့မှုန့်ဆိုရင် ဒူးမတ်စ်နို့မှုန့်က ပစ္စည်းကိုမရှိတော့တာ။ ကုမ္ပဏီကိုဖုန်းဆက်ရင် မနက်ဖြန်ကားပေါ် တင်ပေးလိုက်မယ်။ တပတ်အတွင်းလာပို့ပါမယ်ပြောနေတာ အခုဆိုရင် သုံးပတ်နီးပါးရှိပြီ” ဟု ကလေး အသုံးဆောင်များရောင်းချနေသည့် အမျိုးသမီးတဦးကပြောသည်။

ယခုကဲ့သို့ ဈေးကွက်တွင် ပစ္စည်းများပြတ်တောက်နေရခြင်းနှင့်ပတ်သက်ပြီး သက်ဆိုင်ရာကုမ္ပဏီများထံ စုံစမ်းမေးမြန်းခဲ့ရာ ကုန်ကြမ်းပစ္စည်းနှင့် သယ်ယူပို့ဆောင်စရိတ်များမြင့်မားမှုကြောင့် စျေးနှုန်းအပြောင်း အလဲဖြစ်သွားရခြင်းဖြစ်ကြောင်း စာဖြင့်အကြောင်းပြန်ကြားသည်။

“ဒီလို ဈေးကွက်ထဲမှာပစ္စည်းပြတ်တာက အကြောင်းအရာတွေ အများကြီးရှိတယ်။ သွင်းလို့မရတဲ့ အခက် အခဲ အရင်ကလို မလွယ်တော့ဘူး။ နို့မှုန့်တွေ၊ ကလေးအားဆေးတွေ၊ ဆေးတွေဆိုရင် တခါသွင်းရင်တခါ သွင်းကုန်လိုင်စင်လုပ်ရတယ်။ နောက်တချက်က ငွေကျပ် ၂၀,၀၀၀ တန်ထွက်လိုက်တဲ့အခါမှာ ဈေးကွက် မငြိမ်တော့ဘူး။ ဒေါ်လာဈေးတွေကလည်းတက်သွားတယ်။ ဒီတော့ ကုန်သည်က ဈေးတက်ပြီးဆက် ရောင်းရမလား၊ ငွေဈေးငြိမ်အောင်စောင့်ပြီး ဂိုထောင်ထဲမှာပစ္စည်းတွေ သိမ်းထားပြီး နည်းနည်းချင်း ထုတ် ရောင်းနေတာလား ဒါလည်းဖြစ်နိုင်တယ်။ ဘာကြောင့်လည်းဆိုတော့ သူတို့ကလည်း လက်ထဲရှိတာတွေ ဈေးကွက်ထဲထည့်လိုက်ရင် သူတို့ပြန်ဝယ်တဲ့အခါ မကိုက်တော့ဘူး ရှုံးပြီလေ”ဟု သွင်းကုန်ထုတ်ကုန်လုပ် ငန်းနှင့်နီးစပ်သူတဦးကဆိုသည်။

ပြီးခဲ့သော ဇူလိုင်လ ၂၃ ရက်နေ့က ကျပ် ၂၀,၀၀၀ တန်ငွေစက္ကူသစ်များထုတ်ဝေမည်ဖြစ်ကြောင်း စစ် ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က ကြေညာပြီးနောက်တွင် ဈေးကွက်အတွင်း နိုင်ငံခြားငွေလဲနှုန်းများ မြင့်တက်သွားခဲ့သလို ပြည်ပမှတင်သွင်းနေသော လူသုံးကုန်ပစ္စည်းများမှာ ဈေးတက်သွားသည့်အပြင် ကုန်ပစ္စည်းပြတ်တောက်မှုများပါ ဖြစ်ပေါ်နေခြင်းဖြစ်သည်။

ကုန်ဈေးနှုန်းများ ဈေးအဆမတန်ကြီးမြင့်ခြင်းကိုထိန်းချုပ်နိုင်ရန်အတွက် စစ်ကောင်စီက ပြည်ထောင်စု ကုန်ဈေးနှုန်းတည်ငြိမ်ရေး ကော်မတီကို ဇူလိုင်လ ၂၇ ရက်နေ့ကဖွဲ့စည်းလိုက်ပြီး ဥက္ကဋ္ဌအဖြစ် စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဦးအောင်နိုင်ဦးကို ခန့်အပ်တာဝန်ပေးထားသည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#ကုန်ဈေးနှုန်း
#ကုန်ပစ္စည်းပြတ်တောက်
#ကျပ်၂၀,၀၀၀တန်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🔥5👍3🤬3
​​ချင်းပြည်နယ်ဝန်ကြီးချုပ်ရာထူး ပြောင်းလဲဖွယ်ရှိ
================

(မဇ္ဈိမ)။ ။ နေပြည်တော်တွင် တိုင်ကြားခံထားရသည့် ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွန်းထန် ရာထူးကို စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရာထူးမှထုတ်ပစ်ဖွယ်ရှိကြောင်း ချင်းပြည်နယ်အစိုးရနှင့် နီးစပ်သည့် သတင်းရင်းမြစ်တခုက ပြောသည်။

‘’ချင်းပြည်နယ် အစိုးရအဖွဲ့ထဲမှာ ဒီရက်ပိုင်း ရာထူးအပြောင်းအလဲတွေ ရှိနေတယ်။ အရင်ကတော့ ဝန်ကြီးအဖွဲ့ထဲက နှစ်ယောက်၊ သုံးယောက် အသံထွက်နေတာကနေ အခုတော့ ဝန်ကြီးချုပ်ကို နေပြည်တော်မှာတိုင်ထားကြတယ်ဆိုပြီး အသံပိုထွက်လာတယ်။ အဓိကတော့ ဘတ်ဂျက်ခွဲဝေမှုတွေမှာ မညီမျှမှုတွေ ရှိနေတယ်။နောက်ပြီးတင်ဒါတွေကို တီးတိန်မြို့နယ် တစ်ခုထဲ ကို ချပေးပြီး အဲဒီတင်ဒါတွေကို သူ့တူတစ်ယောက်ကပဲ ကုမ္ပဏီ သုံးခုလောက် ခွဲထောင်ပြီး တင်ဒါတွေ အားလုံးရနေတော့ လုပ်ငန်းရှင် တချို့က နေပြည်တော်တိုင်ကြတယ် ’’ဟု သတင်းရင်းမြစ်က မဇ္ဈိမကိုပြောသည်။

မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြုချက် ရယူနိုင်ခြင်းမရှိပါ။
ပြည်နယ်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အဓိက ဆောင်ရွက်ရန် ခွဲတမ်းရန်ပုံငွေ ကျပ် ၁၀ ဘီလီယံ ချင်းပြည်နယ်က ရရှိခဲ့သည်။ ထိုဘတ်ဂျက်ကို ချင်းပြည်နယ် ပြည်နယ်အသီးသီးအတွက် ခွဲဝေရာတွင် မညီမျှကြောင်း သိရသည်။

‘’ဘတ်ဂျက်တွေကို ခွဲဝေတဲ့အခါမှာ နယ်မြေမအေးချမ်းတဲ့ မင်းတပ်၊ ထန်တလန် မြို့တွေဆိုရင် ဘာမှ ဖွံ့ဖြိုးရေးလုပ်ငန်း လုပ်လို့မရဘူး။ အဲဒီဘတ်ဂျက်တွေ အားလုံးကို သူက သူ့ရဲ့ဇာတိ တီးတိန်မြို့နယ်ထဲကို အားလုံးထည့်တယ်။ တကယ်ဆိုရင် အခုက ပလက်ဝမြို့နယ်ဆိုလည်း ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်လို့ရနေတာပဲလေ။ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေတောင် လုပ်နေတာ။ အဲဒါကိုသူက တီးတိန်ကိုပဲ အားလုံး ဘတ်ဂျက်ချပေးတော့ အစိုးရအဖွဲ့ထဲမှာလည်း အမြင်မကြည်တာတွေ ဖြစ်ကြတာပေါ့’’ဟုလည်း အစိုးရဝန်ထမ်းတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ် စိတ်ပါရဂူ ဒုတိယ ဗိုလ်မှူးကြီး ဒေါက်တာ ဝုန်ဆွန်းထန်သည် ချင်းပြည်နယ်ဝန်ကြီးချုပ်အဖြစ် ၂၀၂၂ ခုနှစ် သြဂုတ်လ ၁၉ ရက်တွင် ခန့်အပ်ခံထားရခြင်းဖြစ်သည်။

ဒေါက်တာဝုန်ဆွန်းထန်သည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ကိုယ်စားပြုကာ တီးတိန်မြို့နယ် မဲဆန္ဒနယ်တွင် ဝင်ရောက်ရွေးချယ်ခံခဲ့သော်လည်း ရှုံးနိမ့်ခဲ့သည်။

မင်းအောင်လှိုင်က ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်က အမျိုးသားနေ့ အထိမ်းအမှတ်အနေဖြင့် ဂုဏ်ထူးဆောင်ဘွဲ့များ ပေးအပ်သည့်အထဲတွင် ချင်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွန်းထန်လည်း ပါဝင်ခဲ့ပြီး သီရိပျံချီဘွဲ့ ပေးအပ်ခဲ့သည်။

စစ်ကောင်စီက ပြီးခဲ့သည့် သြဂုတ်လ ၃ ရက်ကလည်း လစ်လပ်သွားသည့် ဝန်ကြီးနေရာများတွင် အစားထို့ခန့်အပ်မှုများနှင့် ပြည်ထောင်စုဝန်ကြီးများ အပြောင်းအရွှေ့ဖြစ်ခဲ့သည်။

စာတည်း။ ။အောင်ကျော်ဖြိုး
ပုံအညွှန်း- ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်

#Mizzima
#ဒေါက်တာ ဝုန်ဆွန်းထန်
#ချင်းပြည်နယ်ဝန်ကြီးချုပ်
#ရာထူးပြောင်းလဲ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍13😁4🔥1
လားရှိုးမြို့ Lashio Sunny Hotel တွင် ဗုံးပေါက်ကွဲမှုဖြစ်ပြီး လုံခြုံရေး၀န်ထမ်း ဒဏ်ရာရ
👏6🔥2
လားရှိုးမြို့ Lashio Sunny Hotel တွင် ဗုံးပေါက်ကွဲမှုဖြစ်ပြီး လုံခြုံရေး၀န်ထမ်း ဒဏ်ရာရ
=========================

007
(မဇ္စျိမ)။ ။ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့၊ အမှတ်(၆)ရပ်ကွက် နယ်မြေ(၁)ရှိ Lashio Sunny Hotel တွင် ယနေ့ သြဂုတ်လ ၆ ရက် နံနက် ၁၁ နာရီခန့်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း နယ်မြေခံရဲတပ်ဖွဲ့ နှင့်နီးစပ်သည့်အသိုင်းအဝိုင်းမှ သိရသည်။

“မြေအောက်ထပ် ဆိုင်ကယ်ရပ်နားတဲ့နေရာမှာ ဗုံးပေါက်တယ်၊ Control Boom(ချိန်ကိုက်ဗုံး)လို့ပြောတာ ပဲ။ လုံခြုံရေး၀န်ထမ်းတယောက် ဗုံးစနည်းနည်းထိတယ်” ဟု ဒေသခံတဦးက ပြောသည်။
ပေါက်ကွဲမှုဖြစ်စဉ်အတွင်း ဟိုတယ်၏ လုံခြုံရေး၀န်ထမ်း မစိုးရိမ်ရဒဏ်ရာရရှိကာ ဆိုင်ကယ်ရှစ်စီးခန့် ပျက်စီးခဲ့ကြောင်း သိရသည်။
“‌ဆိုင်ကယ်စတန်းမှာရပ်ထားတဲ့ ဆိုင်ကယ်တစီးကနေ ထပေါက်တာ။ အဝေးထိန်းခလုပ်တပ်ထားတဲ့ဗုံးနဲ့ ဖောက်ခွဲတာ” ဟု ဟိုတယ်နှင့်နီးစပ်သူတဦးကပြောသည်။

အဆိုပါပေါက်ကွဲမှုအား မည်သည့်အဖွဲ့အစည်းကလုပ်ဆောင်ခြင်းဖြစ်ကြောင်း ထုတ်ပြန်လာခြင်း မရှိသေး ပေ။

ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့တွင် ပြီးခဲ့သည့် ဇူလိုင်လ ၁၅ ရက်နေ့ နံနက်ပိုင်းကလည်း မြို့မစျေး အတွင်းရှိ ဇွဲထက်ရွှေဆိုင်ရှေ့တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ဆိုင်၀န်ထမ်း ၁၂ ဦး ဒဏ်ရာရရှိခဲ့သည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ

#ရှမ်းပြည်နယ်
#လားရှိုးမြို့
#ပေါက်ကွဲမှု

ပုံအညွှန်း-ပေါက်ကွဲမှုဖြစ်သည့်နေရာက မီးခိုးများကိုတွေ့ရစဉ်။(ဓာတ်ပုံ-CJ)
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍5👏3🔥1🤮1
သေဒဏ်ချမှတ်ခံရသည့် ဒဂုံတက္ကသိုလ်ကျောင်းသား ၇ ဦးကို ထောင်ဒဏ်တစ်သက်ပြောင်းဟုဆို
=======================

မိုးသောက်
(မဇ္ဈိမ)။ ။ သေဒဏ်ချမှတ်ခံထားရတဲ့ ဒဂုံတက္ကသိုလ်ကျောင်းသား ခုနစ်ဦးကို သေဒဏ်ကနေ ထောင်ဒဏ်တစ်သက်ကို ပြောင်းရွှေ့လိုက်တယ်လို့ ၎င်းတို့နဲ့နီးစပ်သူတွေဆီကနေ သိရပါတယ်။

သေဒဏ်ချမှတ်ခြင်းခံထားရတဲ့ ဒဂုံတက္ကသိုလ်ကျောင်းသားတွေဖြစ်တဲ့ ကိုခန့်ဇင်ဝင်း၊ ကိုသူရမောင်မောင်၊ ကိုဇော်လင်းနိုင်၊ ကိုသီဟထက်ဇော်၊ ကိုဟိန်းထက်၊ကိုသက်ပိုင်ဦးနဲ့ ကိုခန့်လင်းမောင်မောင်တို့ကို သေဒဏ်ကနေ ထောင်တစ်သက်ကို ပြောင်းလိုက် တာဖြစ်တယ်လို့ သိရပါတယ်။

သူတို့ဟာ ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ် နိုဝင်ဘာလကုန်ပိုင်းက စစ်ကောင်စီရဲ့ သေဒဏ်ချမှတ်တဲ့အထဲမှာ ပါဝင်တဲ့သူတွေ ဖြစ်ပါတယ်။
စစ်ကောင်စီက ဩဂုတ်လ ၁ ရက်နေ့မှာ သေဒဏ်ချမှတ်ခံထားရသူတွေထဲက လျှော့ပေါ့သင့်တဲ့သူတွေကို ထောင်ဒဏ် တစ်သက်ကို ပြောင်းလဲကျခံစေဖို့ ထုတ်ပြန်လာပေမယ့် လူဦးရေဘယ်လောက်ကို အခုလိုပြောင်းလဲပေးမယ်ဆိုတာကိုတော့ ထည့်သွင်းဖော်ပြထားတာ မတွေ့ရပါဘူး။

အာဏာသိမ်းပြီးတဲ့နောက် စစ်ကောင်စီက ဒီမိုကရေစီအရေး လှုပ်ရှားသူဦးရေ ၇,၀၀၀ကျော်ကို ဖမ်းဆီးထားပြီး အဲဒီထဲမှာ သေဒဏ်ချမှတ်ခံထားရသူ ၁၅၈ဦးရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားပါတယ်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

https://youtu.be/XdNVJbG-HeY

#ကျောင်းသားသမဂ္ဂ
#ဒဂုံတက္ကသိုလ်ကျောင်းသား
#သေဒဏ်
#တရားစီရင်ရေး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍10❤3😁3🔥1👏1
​​သရက်ချောင်းမြို့ ရငဲရွာ စစ်ရှောင် ဒေသခံ အချို့ နေအိမ်သို့ အဝတ်အစား ပြန်ယူစဥ် စစ်ကောင်စီတပ်က ရိုက်နှက်ဖမ်းဆီး
======================

ကိုရွှေမြိတ်
(မဇ္ဈိမ) ။ ။ စစ်ရှောင်နေရသည့် ရငဲရွာသား အချို့ နေအိမ်သို့ ပြန်ကာ အဝတ်အစား နှင့် အသုံးအဆောင်ပစ္စည်းယူစဉ် စစ်ကောင်စီတပ်က ရိုက်နှက်ကာ ဖမ်းဆီးထားကြောင်း ဒေသခံထံက သိရသည်။
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ရငဲရွာတွင် ဩဂုတ်လ ၅ ရက်နေ့ မွန်းလွှဲပိုင်းက အမျိုးသား သုံးဦးနှင့် အမျိုးသမီး နှစ်ဦး စုစုပေါင်း ငါးဦးကို ကင်းလှည့်နေသည့် စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံစစ်ရှောင်များကဆိုသည်။

ရငဲရွာ ဒေသခံ စစ်ရှောင်တစ်ဦးက " မိုးတွင်းကာလဆိုတော့ အဝတ်အစားတွေ မရှိလို့ အိမ်ပြန် သွားယူ ကြတာပါ။ စစ်သားတွေက တွေ့ရှိ ဖမ်းဆီးပြီး ဒူးထောက်ခိုင်းထားတယ်။ ရိုက်နှက်ပြီးတော့ အမျိုးသမီးတွေကိုတော့ ပြန်လွတ်လိုက်တယ်"ဟု ပြောသည်။
လက်ရှိတွင် အမျိုးသမီးနှစ်ဦးကို ပြန်လွှတ်ခဲ့ပြီး အမျိုးသားသုံးဦးကိုဖမ်းဆီးထားကြောင်း သိရသည်။ ၎င်းတို့ စီးနင်းလိုက်ပါလာသည့် ဆိုင်ကယ်များကို ကားနှင့် သယ်ဆောင်သွားကြောင်း၊ ထိုအမျိုးသားသုံးဦးအား သရက်ချောင်း အခြေစိုက် ခမရ-( ၄၀၃) တပ်ရင်းသို့ ဖမ်းဆီးသွားကြောင်း ဒေသခံများထံက သိရသည်။

သရက်ချောင်းမြို့၊ ရငဲရွာရှိ မြွေတောင်ပေါ်တွင် စစ်ကောင်စီ တပ်သားများ တပ်စွဲ ထားသည်မှာ နှစ်လကျော် ရှိနေရှိပြီ ဖြစ်သည်။ ရငဲရွာ ဒေသခံများ နေအိမ်သို့ ခေတ္တ ပြန်လာစဥ် စစ်ကောင်စီက ဖမ်းဆီး ပစ်သတ်မှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#ရငဲရွာ
#ဖမ်းဆီးခံရ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9🤬6😢3🔥1😁1
​​ဘင်္ဂလားဒေ့ရှ်တွင် သွေးလွန်တုပ်ကွေး ဖြစ်ပွားမှု စံချိန်တင် မြင့်မားမှုနှင့် လုံးပန်းနေရ
====================

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှု စံချိန်တင် မြင့်မားခြင်းနှင့် လုံးပန်းနေရပြီး ဆေးရုံများတွင် လူနာများအတွက် နေရာပေးနိုင်ရေး အပြင်းအထန် ကြိုးပမ်းနေရသည်။ လူနေသိပ်သည်းသော အဆိုပါနိုင်ငံတွင် သွေးလွန်တုပ်ကွေးရောဂါသည် အလျင်အမြန် ပျံ့နှံ့နေသည်။

၂၀၂၃ ခုနှစ် လက်ရှိအချိန်အထိ သွေးလွန်တုပ်ကွေးကြောင့် လူ ၂၉၃ ဦးထက်မနည်း သေဆုံးပြီး လူပေါင်း ၆၁,၅၀၀ နီးပါး ကူးစက်ခံခဲ့ရကြောင်း တရားဝင် ကိန်းဂဏန်းများအရ သိရသည်။ ယင်းသည် ၂၀၀၀ ပြည့်နှစ်က နိုင်ငံတွင် သွေးလွန်တုပ်ကွေး အကူးအစက်မြန် ဖြစ်ပွားကြောင်း ပထမဆုံး မှတ်တမ်းတင်ခဲ့ပြီးနောက် ယခုနှစ်သည် လူသေဆုံးမှုအများဆုံး နှစ် ဖြစ်လာခဲ့သည်။

အထူးသဖြင့် ဒါကာမြို့ရှိ ဆေးရုံများ အပါအဝင် ယင်းနိုင်ငံရှိ ဆေးရုံများသည် အဖျားကြီးခြင်း၊ အဆစ်များ နာကျင်ခြင်းနှင့် အော့အန်ခြင်းတို့ ခံစားနေရသည့် များပြားလှသော လူနာများကို လက်ခံနေရာပေးနိုင်ရန် အပြင်းအထန် ကြိုးပမ်းနေရကြောင်း ကျန်းမာရေးတာဝန်ရှိသူများက ပြောသည်။

သွေးလွန်တုပ်ကွေးနှင့်ပတ်သက်ပြီး အသိပညာပေးခြင်းမှ စပြီး မိုးကာလနောက်ပိုင်း ခြင်ပိုးလောက်လန်းများကို နှိမ်နင်းရေး အားထုတ်မှုများအထိ အပါအဝင် ခြင်ကြောင့် ဖြစ်သော ရောဂါများ ကူးစက်မှုကို ထိန်းချုပ်ရေး အစီအစဉ်များကို အစိုးရအနေဖြင့် လုပ်ဆောင်ထားကြောင်း ကျန်းမာရေးဝန်ကြီး ဇာဟစ် မယ်လီကွီးက ပြောသည်။

“ကျွန်တော်တို့ ဒီကို ရောက်တော့ လူနာအတွက် ကုတင်တော့ မပေးနိုင်တော့ဘူးလို့ ဒီက ဆရာဝန်တွေနဲ့ သူနာပြုတွေက ပြောပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဒီမှာ တက်မယ်ဆိုရင်တော့ ကုသပေးမယ်လို့ ပြောတယ်။ တခြားရွေးစရာလည်း မရှိတော့ ဒီဆေးရုံက ကြမ်းပြင်ပေါ်မှာပဲ ကျွန်တော်အမေနဲ့ အမနေဖို့ စီစဉ်ခဲ့ရတယ်” ဟု ဒါကာမြို့ရှိ အစိုးရဆေးရုံတစ်ခု၌ မိသားစုဝင်များကို စောင့်ရှောက်ပေးနေသည့် ရှာရီဖူလ် အစ္စလမ်က ပြောသည်။

ဇွန်လမှ စက်တင်ဘာလအထိ မုတ်သုံရာသီကာလအတွင်း တောင်အာရှတွင် ဖြစ်လေ့ရှိသည့် ထို သွေးလွန်တုပ်ကွေးရောဂါကို အထူးတလည် ကုသသည့် ဆေးဝါး သို့မဟုတ် ထိရောက်သော ကာကွယ်ဆေး မရှိပေ။ ယင်းရောဂါပိုးကို သယ်ဆောင်ကူးစက်ပျံ့နှံ့စေသည့် အေးဒီးစ် ခြင်သည် ရေသေ၊ ရေပုပ်များတွင် ပေါက်ဖွားရှင်သန်သည်။

ဩဂုတ်လမှ စက်တင်ဘာလအထိ သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုများကို ထပ်မံမြင်တွေ့ရဖွယ် ရှိကြောင်း ကျွမ်းကျင်သူများက ပြောသည်။ ယခုနှစ်တွင် သေဆုံးသူဦးရေသည် ယမန်နှစ်က စံချိန်ဖြစ်သည့် ၂၈၁ ဦးထက် ပိုများနေပြီ ဖြစ်သည်။ ယမန်နှစ်က ယင်းနိုင်ငံတွင် လူပေါင်း ၆၂,၄၂၃ ဦး သွေးလွန်တုပ်ကွေးရောဂါ ကူးစက်ဖြစ်ပွားခဲ့သည်။
👍8🔥2👏2
​​ဂျမူး-ကက်ရှ်မီးယားတွင် ၄ နှစ် ကြာပြီးနောက် အခြေအနေသစ်များ ပုံမှန် ဖြစ်လာ
=======================

‌ဟောလီးဝုဒ် ရုပ်ရှင်များ ကို ပြသသည့် INOX ပြဇာတ်ရုံကို ဂျမူး နှင့် ကက်ရှ်မီးယား ပြည်ထောင်စုနယ်မြေ မြို့တော် တွင် ဖွင့်လှစ်ထားပြီး ခရိုင်ရုံး စိုက်ရာ ဒေသရှိ ပြဇာတ်ရုံ အသစ် တစ်ခုတွင် ရုပ်ရှင်များ စတင်ပြသနေပြီ ဟု အဆိုပါ ပြည်နယ် အကြီး အကဲ က ပြောလာလျှင် အံ့အားသင့်ဖွယ် ဖြစ်လိမ့်မည်။

ပြည်ထောင်စုနယ်မြေ မြို့တော်တွင် ညဉ့်နက်သည် ထိ စျေးဆိုင်များ ဖွင့်လှစ်ထားပြီး ညသန်းခေါင်အချိန်အထိ လူစည်ကား နေမည် ဆိုလျှင်၊ မြို့ရွာများတွင် လမ်းဘေး အကြမ်းဖက်မှုများ ကင်းစင်သွားသည် ဆိုလျှင်၊ သာမန်ပြည်သူများ လွတ်လပ်စွာ သွားလာနေထိုင်ကြပြီး လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ရနေကြသည် ဆိုလျှင် အဆိုပါ ဖြစ်ရပ်များသည် ပုံမှန်အတိုင်း သာ လည်ပတ်နေပြီး ဂျမူး နှင့် ကက်ရှ်မီးယား ပြည်ထောင်စုနယ်မြေ၏ ကြီးကျယ်အောင်မြင်မှု ကို ဖော်ပြနေခြင်းဖြစ်သည်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဥပဒေ ပုဒ်မ ၃၇၀ ကို ဖျက်သိမ်းပြီးနောက် ၄ နှစ် အတွင်း ဂျမူး နှင့် ကက်ရှ်မီးယား ဒေသ တွင် အိန္ဒိယ အခြားပြည်နယ် သို့မဟုတ် ပြည်ထောင်စုနယ်မြေများ အတိုင်း ပုံမှန် လည်ပတ်နေသည် မှာ အစိုးရအဖွဲ့ ၏ အံ့မခန်းအောင်မြင်မှု တစ်ရပ်ဖြစ်သည်။
👍9🔥3
​​တူမီးထီ အပတ်စဉ် (၁၅) မှ ရရှိလာသော ရန်ပုံငွေများကို ချင်းကာကွယ်ရေးတပ်ဖွဲ့ထံ ပေးအပ်
========================

ပါခွီး
(မဇ္စျိမ) ။ ။ ချင်းပြည်နယ်တော်လှန်ရေးတွင် ဘဏ္ဍာငွေအားဖြည့်ရန် ဖွင့်လှစ်ထားသည့် တူမီးထီ အပတ်စဉ် (၁၅) မှ ရန်ပုံငွေများကို ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) သို့ ပေးပို့ခဲ့ကြောင်း ဩဂုတ်လ ၃ရက်နေ့တွင် ထုတ်ပြန်သည်။

အပတ်စဉ် (၁၅) တွင် ထီအစောင်ရေ ၁၇၆စောင်ရောင်းရပြီး ဒေါ်လာ ၈၈၀ ရရှိကာ ဆုကြေးငွေ ဒေါ်လာ ၂၅၀နှင့် အေးဂျင့်အတွက် ဒေါ်လာ ၃၀ အသုံးပြုခဲ့သဖြင့် လက်ကျန် ဒေါ်လာ ၆၀၀ နှင့်ညီမျှသော ကျပ် ၁,၈၀၀,၀၀၀ ကို ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

“ဒီတော်လှန်ရေးမှာ ထောက်ပို့ကဏ္ဍက အလွန်းအရေးပါပါတယ် ။ ထောက်ပို့ဟာ တော်လှန်ရေးခန္ဓာရဲ့ အစိတ်အပိုင်းလို့ ပြောလို့ရတယ်။ သူတို့အင်အားကောင်းလေ တော်လှန်ရေးနိုင်‌ဖို့များလေပဲ” ဟု CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်း ကျွန်ငိုင်း က မဇ္စျိမ ကိုပြောသည်။

ထိုရန်ပုံငွေများကို အဓိကအားဖြင့် လက်နက်ခဲယမ်း ဖြည့်တင်းရန်အတွက် အသုံးပြုသွားမည်ဖြစ်ကြောင်းဆိုသည်။
တူမီးထီက ရန်ပုံငွေများသည် ချင်းတော်လှန်ရေးအင်အားစု အသီးသီး ထံသို့ စီးဆင်းနေ၍ ပြည်သူများအနေဖြင့် တူမီးထီထိုးပြီး ချင်းတော်လှန်ရေးအင်အားစုများကို အားဖြည့်နိုင်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

တူမီးထီအပတ်စဉ်(၁၄) မှ ရရှိသော ရန်ပုံငွေများကို ချင်းကာကွယ်ရေးတပ်ဖွဲ့ (ပလက်ဝ) CDF – Petletwa သို့ ပေးပို့ခဲ့ပြီး အပတ်စဉ် (၁၆) မှ ရရှိလာမည့် ရန်ပုံငွေများကို ချင်းကာကွယ်ရေးတပ်ဖွဲ့ (မရာ) CDF – Mara သို့ ပေးပို့သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

ရန်ပုံငွေများကို ချင်းတော်လှန်ရေးတပ်ဖွဲ့များသာမက စစ်ဘေးရှောင် (IDPs) များ၊ ဒဏ်ရာရရှိခဲ့သည့် ရဲဘော်များ ၊ ချင်းပြည်နယ်အတွင်း ပညာရေး ၊ ကျန်းမာရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နေသူများထံ ပေးပို့ဖြန့်ဝေခဲ့ကြောင်း သိရသည်။

တူမီးအပတ်စဉ် (၁၆) အတွက် ထီလက်မှတ်တစ်စောင်လျှင် အမေရိကန် ငါးဒေါ်လာဖြင့် ရောင်းချလျက်ရှိပြီး ဆုကြေးငွေ ကန်ဒေါ်လာ ၄၀၀မှစတင်၍ ရောင်းချရမှုအပေါ် မူတည်ပြီး ဆုငွေတိုးမြှင့်သွားဖြစ်ကာ ဩဂုတ်လ ၃၁ရက်နေ့တွင် ကံထူးရှင်ရွေးချယ် သွားမည်ဖြစ်ကြောင်းသိရှိရသည်။

စာတည်း။ ။ အောင်ကျော်ဖြိုး
ပုံအညွှန်း-CNDF ရဲဘော်များ(ဓာတ်ပုံ-CNDF)

#Mizzima
#တူမီးထီ
#ရန်ပုံငွေ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍26😁2
Media is too big
VIEW IN TELEGRAM
အကောင်းမြင်စိတ် | ကျန်းမာသုတ လူမှုဘ၀

Watch more detail - https://youtu.be/nEYGrFmPJ2k

#ကျန်းမာသုတလူမှုဘဝ #အကောင်းမြင်စိတ် #reels #shorts
👍7🤮1🥴1
​​KNU တပ်မဟာ(၆)နယ်မြေတွင် ဇူလိုင်လအတွင်း တိုက်ပွဲ ၆၆ ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ ၉၅ ဦး သေဆုံး
===================

YT
(မဇ္ဈိမ)။ ။ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၆) ထိန်းချုပ်နယ်မြေဖြစ်သည့် ကရင်ပြည်နယ်၊ ဒူးပလာယာခရိုင်တွင် ဇူလိုင်လအတွင်း စစ်ကောင်စီတပ်နှင့် တိုက်ပွဲ ၆၆ ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီ တပ်မှ ၉၅ ဦး သေဆုံးခဲ့ကြောင်း KNU ဗဟိုမှ ဩဂုတ်လ ၅ ရက်နေ့တွင် ထုတ်ပြန်သည်။

၂၀၂၃ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှစ၍ ဇူလိုင်လ ၃၁ ရက်နေ့အတွင်း KNU တပ်မဟာ(၆)နယ်မြေတွင် ဖြစ်ပွားခဲ့သောတိုက်ပွဲအကြိမ်ရေ ၆၆ ကြိမ်သည် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့(KNDO)၊ PDF ပူးပေါင်းစစ်ကြောင်းများနှင့် စစ်ကောင်စီတပ်၊ ၎င်း၏ လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် (BGF)တို့အကြား ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“တိုက်ပွဲကတော့ နေ့တိုင်းနီးပါး ဖြစ်နေတာပဲ။ အဖြစ်များတဲ့နေရာရယ်လို့ မဟုတ်ဘူး နေရာတိုင်းကိုဖြစ် နေတာ။ ပြီးခဲ့တဲ့လကဆို မြဝတီ လက်ခတ်တောင်က စခန်းသိမ်းတိုက်ပွဲတွေများတယ်” ဟု တပ်မဟာ (၆) မှ ရဲဘော်တဦးက မဇ္ဈိမကိုပြောသည်။

အဆိုပါ တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ ဗိုလ်ကြီးတဦး၊ တပ်ခွဲမှူးနှစ်ဦးအပါအဝင် ၉၅ ဦး သေဆုံး ခဲ့ပြီး ဗိုလ်မှူးတဦး၊ ဗိုလ်ကြီးငါးဦး၊ တပ်ခွဲမှူးတဦး အပါအဝင် ၈၉ ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး တပ်မဟာ (၆) KNLA ၊ KNDO ၊ PDF ပူးပေါင်းစစ်ကြောင်းဘက်တွင်လည်း ရဲဘော်သုံးဦးကျဆုံးခဲ့ပြီး ၂၆ ဦး ထိခိုက်ဒဏ် ရာရခဲ့ကြောင်း KNU က ဆိုသည်။

“ဒူးပလာယာခရိုင်အတွင်းရှိ အပြစ်မဲ့ပြည်သူလူထုမှာ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်မှ လက် နက်ကြီးများဖြင့်ပစ်ခတ်ခြင်း၊ ကျေးရွာများအကြား မြေမြှုပ်မိုင်းများလိုက်လံထောင်းထားခြင်းနှင့် မိုးကြီး ရေလျှံခြင်းကြောင့် စိုးရိမ်ထိတ်လန့်စွာဖြင့် အသက်ရှင်နေထိုင်နေကြရသည်” ဟု KNU ၏ ထုတ်ပြန်ချက် ၌ ဖော်ပြထားသည်။

ဇူလိုင်လအတွင်း တိုက်ပွဲဖြစ်ပွားမှု၊ စစ်ကောင်စီတပ်၏ Mi 35 ရဟတ်ယာဉ်ဖြင့် လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုတို့ကြောင့် တပ်မဟာ(၆)နယ်မြေတွင် လေးဦးသေဆုံး၍ ကလေးငယ် နှစ်ဦးအပါအဝင် ၁၀ ဦး ထိခိုက်ဒဏ်ရာရခဲ့ကာ ထိခိုက်ပျက်စီးမှုများခဲ့ကြောင်း သိရသည်။

လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် ထိခိုက်သေဆုံးမှုများအပြင် ဘာသာရေး အဆောက်အအုံတခု၊ နေအိမ် ၁၄ လုံး၊ ကားနှစ်စီး၊ ဆိုင်ကယ်တစီးနှင့် နွား ၁၇ ကောင် လက်နက်ကြီး ကျည်ထိမှန် ပျက်စီးခဲ့ရကြောင်း ဖော်ပြထားသည်။
ဇူလိုင်လအတွင်း KNU တပ်မဟာ (၆) နယ်မြေတွင် လမ်းများနှင့် ကျေးရွာများအနီး မြေမြှုပ်မိုင်းထောင် မှုကြောင့် အဆိုပါ မိုင်းများနင်းမိ၍ အမျိုးသမီးသုံးဦး ထိခိုက်ဒဏ် ရာရခဲ့ကြောင်းလည်း သိရသည်။

KNU ၏ နယ်မြေသက်မှတ်ချက်အရ တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်တွင် ကရင်ပြည်နယ် မြဝတီ မြို့နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကော့ကရိတ်မြို့နယ်၊ ဘုရားသုံးဆူမြို့၊ ကျုံဒိုးမြို့နှင့် မွန်ပြည်နယ် ကျိုက်မရောမြို့နယ်၊ ရေးမြို့နယ်၊ သံဖြူဇရပ်မြို့နယ်တို့ ပါဝင်သည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
ဓါတ်ပုံ( KNU) ပုံအညွှန်း- စစ်ရေးပြနေသော KNLA ရဲဘော်များ

#KNU
#တပ်မဟာ(၆)နယ်မြေ
#ကရင်ပြည်နယ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍14😁4👏3❤1
​​ကသာ ၊ရွှေကူ ဧရာဝတီမြစ်ကမ်းဘေး ကျေးရွာ အချို့ စစ်ကောင်စီ သင်္ဘောများကြောင့် တိမ်းရှောင်နေရ
===================

KMN
(မဇ္ဈိမ) ။ ။စစ်ကိုင်းတိုင်း အထက်ပိုင်း ကသာမြို့နယ်နှင့် ကချင်ပြည်နယ် ရွှေကူမြို့အကြား ဧရာဝတီမြစ် ကြောင်းတွင် စစ်ကောင်စီသင်္ဘောများရောက်ရှိနေပြီး ရမ်းသန်းပစ်ခတ်နေသည့်အတွက် မြစ်ဘေးကျေးရွာခံ အချို့ တိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီသင်္ဘောများသည် ယမန်နေ့ ဩဂုတ်လ ၅ ရက် ညက ကသာမြို့၊ သဖန်းကိုင်းရွာ သုဿန်အနီးတွင်ရပ်နားထားကြပြီး ၎င်းသင်္ဘောများမှ မြစ်ကမ်းတစ်လျှောက် ကျေးရွာများကို ရမ်းသန်းပစ်ခတ်ခဲ့ကြောင်းသိရသည်။

ထို့အပြင် သင်္ဘောများအတွက် လုံခြုံရေးယူထားသည့် ကုန်းကြောင်းမှ စစ်ကောင်စီတပ်များ ကပါ ကျေးရွာများအတွင်း ဝင်ရောက် စစ်ကြောင်းထိုးနေခြင်းကြောင့် ကသာမြို့နယ်အတွင်း ရှိ အင်းဒရန့်၊ ဘန့်ဘွေကုန်း၊ ပုလွေရွှေ၊ ဒန်းအော့၊ သစ်ဖြူကုန်းနှင့် ကျောက်ထုံးကြီး စသည့် ကျေးရွာဒေသခံများ တိမ်းရှောင်နေရသည်။

ဧရာဝတီမြစ်ကမ်းဘေးတွင် လုံခြုံရေးယူကာ စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်များသည် ပြီးခဲ့သည့် ဇူလိုင်လ ၂၇ ရက်နေ့တွင် ကသာမြို့နယ်၊ ဆင်ကုန်းကျေးရွာ နေအိမ်အချို့ကို မီးရှို့ခဲ့ပြီး ဇူလိုင်လ ၂၈ ရက်နေ့တွင် အင်းဒရန့်ကျေးရွာ၊ ပုလွေရွှေကျေးရွာ ဒေသခံ ငါးဦးထက်မနည်းကို သတ်ဖြတ်ခဲ့ကြောင်း ဒေသတွင်း သတင်းတွေ အရသိရသည်။

"ခုထိဘယ်သူမှ မပြန်ရဲကြဘူး ကျန်ခဲ့တဲ့ ပစ္စည်းတွေ စစ်ကြောင်းတွေ မရှိချိန် ရသလောက်ယူနေကြရတာ" ဟု အင်းဒရန့်ကျေးရွာ အနီးတွင်နေထိုင်သူက ပြောသည်။

ယနေ့ နေ့လယ်ပိုင်းတွင် စစ်ကောင်စီသင်္ဘောများသည် ကသာမြို့နယ် ၊ သဖန်းကုန်း ဆိပ်ကမ်းမှ ထွက်ခွာသွားပြီး ညနေပိုင်းတွင် ကျောက်ထုံးကြီးရွာသို့ ရောက်ရှိကာ ရွှေကူမြို့နယ် ဘက်သို့ ဆက်လက်သွားလာနေကြောင်းသိရသည်။

"စစ်သင်္ဘောတွေက လာရင် လက်နက်ကြီးနဲ့အရင်လှမ်းပစ်တာ။ ရွှေကူလေး သချိုင်းကုန်းဘက်ကို ပစ်နေကြပါ။ ကမ်းနား တလျှောက်က ရွာတွေ အကုန် သတိထားပြီးနေနေကြတာပေါ့" ဟု ရွှေကူမြို့နယ် ဒေသခံတစ်ဦးကပြောကြားသည်။

စစ်သင်္ဘော သုံးစီးပါဝင်သည့် သင်္ဘောကိုးစီးတန်းသည် မန္တလေးမြို့ ဂေါ်ဝန်ဆိပ်ကမ်းမှ ဇူလိုင် ၂၆ ရက်မှစတင်ထွက်ခွာလာပြီး ကချင်ပြည်နယ် ၊ဗန်းမော်မြို့သို့ ဧရာဝတီမြစ် ဆန်တက်သွားလာနေခြင်းဖြစ်သည်။

စစ်ကောင်စီ သင်္ဘော ကိုးစီး တန်းသည် ဧရာဝတီမြစ်ရိုးတစ်လျှောက် ကျေးရွာများအား လက်နက်များဖြင့် ရမ်းသန်းပစ်ခတ်ခဲ့ပြီး ဇူလိုင်လ ၂၆ ရက်နေ့တွင် မတ္တရာမြို့နယ် စိန်ပန်းကုန်းရွာ အနီး နေထိုင်သည့် အသက် ၄ဝ အရွယ်အမျိုးသမီးနှင့်သူ၏ကလေးငယ်တို့ ကျည်ထိမှန်ခဲ့ကြောင်း Wetlet Informational Network က သတင်းထုတ်ပြန်ခဲ့သည်။

စာတည်း။ ။အောင်ကျော်ဖြိုး
( ပုံအညွှန်း -ဇူလိုင် ၂၆ ရက်မှာတွေ့ရ သည့် ဧရာဝတီမြစ်တွင်းဆက်တက်နေသည့် စစ်သင်္ဘောများ(ဓာတ်ပုံ - Wetlet Informational Network )

#Mizzima
#သ‌င်္ဘော ကိုးစီးတန်း
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢8👍5🔥3🤬2😁1
အကောင်းမြင်စိတ် | ကျန်းမာသုတ လူမှုဘ၀ Episode - 27
==================

ဒီတပတ်ရဲ့ ''ကျန်းမာသုတ လူမှုဘ၀'' အစီအစဉ်မှာ အကောင်းမြင်စိတ်နဲ့ ပတ်သက်ပြီး တင်ဆက်ပေးချင်ပါတယ်။

မိုးမရွာလောက်ပါဘူးဆိုပြီး ထီး မဆောင်သွားတာ၊ သေရင်ထားခဲ့ရတာပဲ ဘာလို့ကြိုးစားနေမလဲဆိုတဲ့ အတွေးအခေါ်တွေက မှန်ကန်ရဲ့လား။

အကောင်းမြင်တတ်တဲ့အကျင့်ကို ဘယ်လိုပျိုးထောင်လို့ရမလဲ။ အကောင်းမြင်စိတ်က စိတ်ကျန်းမာရေးအပေါ် ဘယ်လိုသက်ရောက်လဲ။

အကောင်းမြင်တတ်စေဖို့ လက်တွေ့ကျင့်သုံးရမယ့်နည်းလမ်းတွေကို ဒေါက်တာ ဖြိုးသီဟက ဆွေးနွေးပေးထားပါတယ်။

https://www.youtube.com/watch?v=nEYGrFmPJ2k

#ဒေါက်တာဖြိုးသီဟ
#mizzima
#ကျန်းမာသုတလူမှုဘဝ
#PositiveAttitude
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9🔥1🤮1🌭1
ဩဂုတ်လ (၆) ရက်၊ တနင်္ဂနွေနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
====================

ဒီကနေ့အစီအစဥ်မှာ ...

မလေးရှားမှာ တရားမဝင်နေထိုင်သူ မြန်မာနိုင်ငံသား ၄၀၀ ကျော်ဖမ်းဆီးခံရတဲ့သတင်းနဲ့အတူ

ဒိုက်ဦးထောင်မှာ နိုင်ငံရေးအကျဉ်းသား ၈ ဦး ရိုက်နှက်တိုက်ပိတ်ခံရပြီး ထောင်ဝင်စာပို့ခွင့် တလပိတ်ခံထားရတဲ့သတင်းအပါအဝင်

နောက်ဆုံးရ ပြည်တွင်းသတင်းတွေ၊ တပတ်အတွင်း စီးပွားရေးနဲ့ နိုင်ငံတကာသတင်းတွေကို နားဆင်ကြရပါမယ်။

အဲဒီနောက်မှာတော့ အပတ်စဉ်ကဏ္ဏတွေအနေနဲ့ “အာဏာရူးလို့ ၆လ သက်တမ်းထပ်တိုးတာပါ” ဆိုတဲ့ Vox Pop အစီအစဉ်နဲ့အတူ “နိုင်ငံရေးတွေမပြောချင်ဘူးကိုတုတ်ကြီးရယ်” အစီအစဉ်ကိုလည်း ထုတ်လွှင့်သွားမှာပါ။

နောက်ဆုံးမှာတော့ တိုင်းရင်းသားတွေရဲ့အသံကို စုစည်းတင်ဆက်ပေးနေတဲ့ BNI ရေဒီယိုအစီအစဉ်ကိုလည်း ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။

https://youtu.be/aOfH4WR_F54

#Mizzimaradio
#Eveningradio
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍8🔥1😁1