ပဲခူးရိုးမအတွင်း သစ်ခိုးထုတ်မှုများ ပြင်းထန်စွာအရေးယူမည်ဟု ပဲခူးစစ်ဒေသခွဲ သတိပေး
======================
ရွှေနွယ်
(မဇ္ဈိမ)။ ။သာယာဝတီခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ စစ်ဆင်ရေးနယ်မြေတွင်ပါဝင်သော ပဲခူးရိုးမ အတွင်း မော်တော်ယာဉ်များတက်ခွင့် ပိတ်ပင်လိုက်ပြီး သစ်ခိုးထုတ်မှုများကိုလည်း ပြင်းပြင်းထန်ထန် အရေးယူမည်ဟု ပဲခူးစစ်ဒေသခွဲက သတိပေးချက်ထုတ်ပြန်သည်။
ပဲခူးရိုးမအတွင်း သစ်ခိုးထုတ်မှုများကို ထိန်းချုပ်ရန်ကြိုးစားခြင်းနှင့်ပတ်သက်သော အဆိုပါထုတ်ပြန်ချက် ကို ယနေ့ဩဂုတ်လ ၇ ရက်တွင် အသိပေးကြေညာခြင်းဖြစ်သည်။
ပြည်သူပိုင် သစ်တောသယံဇာတများအား ကာကွယ်ထိန်းသိမ်းရန်နှင့် တရားမဝင် သစ်ခိုးထုတ်မှုများအား ဖြတ်တောက်ရန်အတွက် ယင်းကဲ့သို့ဆောင်ရွက်ခြင်းဟု သာယာဝတီခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ရင်း (၃၈၀၂)၏ တာဝန်ရှိသူက မဇ္ဈိမကိုပြောသည်။
“ရည်ရွယ်ချက်က အဓိက သုံးချက်ရှိတယ်။ ဒီသစ်ကားတွေနဲ့ စစ်ကောင်စီတပ်သားတွေကို သယ်ပို့ပေးနေ တာတွေရှိတယ်၊ မူးယစ်ဆေးဝါးသယ်နေတာတွေရှိတယ်။နောက်တခုက ဒီလမ်းကြောင်းဟာ စစ်ကောင်စီ ကို တလတလ သိန်းထောင်နဲ့ချီရှာပေးနေတဲ့ လမ်းကြောင်းဖြစ်တယ်။ နောက်ဆုံးတချက်ကတော့ ပြည်သူ ပိုင်သယံဇာတတွေဖြစ်တဲ့အတွက် ကျွန်တော်တို့မှာ ထိန်းသိမ်းစောင့်ရှောက်ပေးရမယ့် တာဝန်ရှိတယ်" ဟု ၎င်းက ပြောသည်။
သာယာဝတီခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ရင်း(၃၈၀၂) ၏ စစ်ဆင်ရေးနယ်မြေတွင် လက်ပံတန်း၊ မင်းလှ နှင့် အုတ်ဖိုမြို့နယ်ပိုင် ပဲခူးရိုးမ ဧရိယာပါဝင်သည်။ ထိုဒေသတခုလုံးကို မော်တော်ယာဉ်များတက်ခွင့် အား ဩဂုတ်လ ၆ ရက်နေ့မှစ၍ ပိတ်ပင်လိုက်ခြင်းဖြစ်သည်။ လိုအပ်သည့် အရေးယူမှုများကို ပြင်းပြင်း ထန်ထန် ဆောင်ရွက်သွားတော့မည်ဖြစ်ကြောင်းလည်း ကြေညာထားသည်။
ထိုတားမြစ်ချက်သည် ကားများဖြင့် နေ့စဉ် သစ်သယ်ထုတ်နေသူများကိုသာ အဓိကရည်ရွယ်ခြင်းဖြစ်ပြီး ပဲခူးရိုးမအမှီပြုလုပ်ကိုင်စားသောက်နေသော ပြည်သူများကိုထိခိုက်စေမည်မဟုတ်ဟု ပဲခူး စစ်ဒေသခွဲက ဆိုထားသည်။
“ကျွန်တော်တို့အဓိကရည်ရွယ်တာက နိုင်ငံခြားတင်ဖို့များစွာထုတ်နေသူတွေကိုပါ။ သစ်အစိုတွေ၊ ကောင်း ပေ့ ဆိုတဲ့အပင်တွေကို နေ့စဉ်ခုတ်ယူနေတာပါ” ဟု တပ်ရင်းတာဝန်ရှိသူမှ ဆိုသည်။
ပဲခူးရိုးမအတွင်း ရိုးမဖြတ်ကျော်လမ်း(စိန်ကန့်လန့်−မြို့ချောင်းလမ်း)တလျှောက်တွင် သစ်သယ်သည့်ကား များ နေ့စဉ်အစီးရေရာနှင့်ချီ၍ဖြတ်သန်းနေပြီး ကျောက်တံခါးမြို့နယ်နှင့် မင်းလှမြို့နယ်ဘက်ခြမ်းမှ လည်း ကားများဖြင့်မှ နေ့စဉ် သစ်ခုတ်သယ်ထုတ်နေမှုများရှိသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဆိုသည်။
ပဲခူးရိုးမအတွင်း သစ်ခိုးထုတ်သူများကို စစ်ကောင်စီဂိတ်များက ငွေကြေးယူ၍ ခွင့်ပြုထားသည်ဟု သိရ သည်။ စစ်ကောင်စီနှင့်ပေါင်း၍ သစ်ခိုးထုတ်နေသူများကို အရေးယူမည်ဟု ပဲခူးစစ်ဒေသခွဲက ပြီးခဲ့သည့် ဇူလိုင်လအတွင်း ကြေညာခဲ့သေးသည်။
ဇူလိုင်လ ၁၉ ရက်တွင် မင်းလှမြို့နယ် စိန်ကန့်လန့်−မြို့ချောင်းလမ်း ခါချဉ်တောင်အနီးတွင် စစ်ကောင်စီ တပ်နှင့်ပူးပေါင်း၍ သစ်နှင့်မီးသွေးများ ခိုးထုတ်လာသောကားအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တား ဆီးပစ်ခတ်ခဲ့ရာ လူနှစ်ဦးသေဆုံးခဲ့သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)အစိုးရလက်ထက်တွင် ပဲခူးရိုးမအတွင်းမှ သစ်ထုတ်လုပ်မှုကို ၂၀၁၇−၂၀၁၈ ဘဏ္ဍာနှစ်မှ ၂၀၂၇ ခုနှစ်အထိ ၁၀ နှစ်ရပ်ဆိုင်းခဲ့သည်။ သို့သော် စစ်တပ်က အာဏာ သိမ်းပြီးနောက် ပဲခူးရိုးမအတွင်း သစ်ခိုးထုတ်မှုများ ဆိုးရွားနေကြောင်း ဒေသခံများကပြောသည်။
စာတည်း - မောင်ကြီး
စာမူတည်းဖြတ်။ ။စောဖေ
#mizzima
#ပဲခူးရိုးမ
#သစ်ခိုးထုတ်မှုများ
#ပဲခူးစစ်ဒေသခွဲ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍14😁2🔥1
This media is not supported in your browser
VIEW IN TELEGRAM
ဒီတပတ်ရဲ့ သတင်းတုတွေ့ရှိချက်တွေကို ဂျူချန်းက တင်ဆက်ထားပါတယ်။
#Misinformation_Buster #Fake_News #reels #shorts #weekly_package
အပြည့်အစုံ ကြည့်ရန် - https://youtu.be/hezMBzGOthk

👍3🍌2
သြဂုတ်လ ၇ ရက်နေ့ ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
================
https://youtu.be/zgvPGuI-UEA
================
https://youtu.be/zgvPGuI-UEA
YouTube
သြဂုတ်လ ၇ ရက်နေ့ ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
သြဂုတ်လ ၇ ရက်နေ့ ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို…

👍9🔥2
ရခိုင်ပြည်နယ် မင်းပြားမြို့နယ်တွင် ရေကြီးရေလျှံမှုဖြစ်၊ လူသေဆုံးမှုရှိ
==================
KMN
(မဇ္ဈိမ)။ ။ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်တွင် ယခုရက်ပိုင်းအတွင်း မိုးအဆက် မပြတ်ရွာသန်းမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်နေပြီး လူသေဆုံးမှုရှိကြောင်း ဒေသခံများက ပြောသည်။
မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် လေးမြို့မြစ်ရေသည် မင်းပြားမြို့၏ စိုးရိမ်ရေမှတ်သို့ သြဂုတ်လ ၄ ရက်ဝန်းကျင်တွင်ရောက်ရှိခဲ့ပြီး အမက-ဈေးဟောင်းရှေ့ ကျောင်းအနီးသို့ ရေဝင်ရောက်ခဲ့ကြောင်း သိရ သည်။
“မင်းပြားမြို့ပေါ်ကိုတော့ ရေမဝင်ရောက်သေးဘူးလို့ ပြောလို့ရတယ်။ မြောက်ဘက်ရွာတွေဘက်တော့ ရေကြီးနေတာ သုံးရက်ရှိပြီ။ လေးမြို့မြစ်ရေကတော့တိုးနေပါတယ်” ဟု မင်းပြားမြို့ခံတဦးက မဇ္ဈိမကို ပြောသည်။
ဩဂုတ် ၆ ရက်နေ့ ညနေပိုင်းက မင်းပြားမြို့နယ်၊ ပြင်ယောင်းကျေးရွာမှ မိသားစုဝင်သုံးဦး သာစည်ကျေး ရွာမှပြန်လာစဉ် လမ်းခုလတ်၌ ရေစီးနှင့်မျှောပါပြီး နှစ်ဦးရေနစ်သေဆုံးသွားကြောင်း ရခိုင်သတင်းဌာန များကဖော်ပြသည်။
မင်းပြားမြို့နယ်တွင် လေးမြို့မြစ်ရေမြင့်တက်နေပြီး မိုးရွာသွန်းခြင်းနှင့် တောင်ကျရေများကြောင့် မင်းဖူး၊ ကုလားမတောင်၊ ရွှေကျင်၊ ပြင်ယောင်း၊ မင်းဇီ စသည့်ကျေးရွာ ၂၀ ကျော်ရှိ မြေနိမ့်ပိုင်းရပ်ကွက်များတွင် ရေငါးပေခန့်အထိ မြင့်တက်နေကြောင်းသိရသည်။
ရခိုင်ပြည်နယ်တွင် မင်းပြားမြို့နယ်အပြင် ကျောက်တော်၊ မြောက်ဦး၊ ဘူးသီးတောင်၊ မောင်တောမြို့နယ် များတွင်လည်း ရေကြီးရေလျှံမှုများဖြစ်ပေါ်နေကြောင်း သိရသည်။
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့တွင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း မိုးရေချိန် ၃.၉၁ လက်မ၊ ကျောက်တော် မြို့တွင် ၃.၅၄ လက်မ မိုးရွာသွန်းခဲ့ပြီး ဩဂုတ်လ ၈ ရက်နေ့ နံနက်ပိုင်းအထိ ဒေသအလိုက် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း စစ်ကောင်စီ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှကြေညာထားသည်။
Photo - CJ / မင်းပြားကြော်ငြာသင်ပုန်းကြီး
မင်းပြားမြို့နယ်တွင် ရေကြီးမှုများဖြစ်ပေါ်နေသည်ကို သြဂုတ်လ ၇ ရက်နေ့မှာတွေ့ရစဉ်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#Mizzima
#ရခိုင်ပြည်နယ်
#မင်းပြားမြို့နယ်
#ရေကြီးရေလျှံမှု

Paypal
Donate to Mizzima Media Supporters Australia Incorporated
Help support Mizzima Media Supporters Australia Incorporated by donating or sharing with your friends.
🔥3😢3👍1
ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် ကြံ့ခိုင်ရေးရုံး၌ ဗုံးပေါက်ကွဲမှုဖြစ်ပွား
================
ဂန္ဒမာ
(မဇ္ဈိမ)။ ။ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် တပင်ရွှေထီးလမ်းနှင့် ကျန်စစ်သားလမ်းထောင့်ရှိ ကြံ့ခိုင်ရေးရုံး၌ ဩဂုတ်လ ၆ ရက်နေ့ညပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
“မနေ့ည ၉ နာရီဝန်းကျင်လောက်က အဲဒီရုံးမှာ ဗုံးပေါက်တယ်ကြားတယ်။ အပျက်အစီးတော့ မကြားမိ ဘူး။ အဲဒီရုံးက အရင်ကလည်းဗုံးပေါက်ဖူးတယ်။ အခုက အသံဗုံးလို့လည်း ပြောနေကြတယ်။ မီးမလာတဲ့ အချိန်ဖြစ်တာဆိုတော့ ဘာမှတော့မမြင်လိုက်ဘူး” ဟု ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်မှ ဒေသခံကပြော သည်။
ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင် ၁၀ ဦးခန့် ရောက်ရှိလာကြောင်း မြေပြင်ကင်းထောက်များထံမှ သိရသည်။
ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် ကြံ့ခိုင်ရေးရုံးအား ပြီးခဲ့သော ဇွန်လ ၅ ရက်နေ့ ည ၇ နာရီ ၅ မိနစ်က Brave Eagles (UG) အဖွဲ့မှ အဝေးထိန်းမိုင်းဖြင့် တိုက်ခိုက်ခဲ့သေးသည်။
ဩဂုတ်လ ၆ ရက်နေ့ညကဖြစ်ပွားခဲ့သော တိုက်ခိုက်မှုအား မည်သည့်လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းက တိုက်ခိုက် သည်ဖြစ်ကြောင်း ကြေညာခြင်းမရှိသေးပေ။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်
#ကြံ့ခိုင်ရေးရုံး
#ဗုံးပေါက်ကွဲမှု
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
================
ဂန္ဒမာ
(မဇ္ဈိမ)။ ။ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် တပင်ရွှေထီးလမ်းနှင့် ကျန်စစ်သားလမ်းထောင့်ရှိ ကြံ့ခိုင်ရေးရုံး၌ ဩဂုတ်လ ၆ ရက်နေ့ညပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
“မနေ့ည ၉ နာရီဝန်းကျင်လောက်က အဲဒီရုံးမှာ ဗုံးပေါက်တယ်ကြားတယ်။ အပျက်အစီးတော့ မကြားမိ ဘူး။ အဲဒီရုံးက အရင်ကလည်းဗုံးပေါက်ဖူးတယ်။ အခုက အသံဗုံးလို့လည်း ပြောနေကြတယ်။ မီးမလာတဲ့ အချိန်ဖြစ်တာဆိုတော့ ဘာမှတော့မမြင်လိုက်ဘူး” ဟု ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်မှ ဒေသခံကပြော သည်။
ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင် ၁၀ ဦးခန့် ရောက်ရှိလာကြောင်း မြေပြင်ကင်းထောက်များထံမှ သိရသည်။
ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် ကြံ့ခိုင်ရေးရုံးအား ပြီးခဲ့သော ဇွန်လ ၅ ရက်နေ့ ည ၇ နာရီ ၅ မိနစ်က Brave Eagles (UG) အဖွဲ့မှ အဝေးထိန်းမိုင်းဖြင့် တိုက်ခိုက်ခဲ့သေးသည်။
ဩဂုတ်လ ၆ ရက်နေ့ညကဖြစ်ပွားခဲ့သော တိုက်ခိုက်မှုအား မည်သည့်လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းက တိုက်ခိုက် သည်ဖြစ်ကြောင်း ကြေညာခြင်းမရှိသေးပေ။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်
#ကြံ့ခိုင်ရေးရုံး
#ဗုံးပေါက်ကွဲမှု
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍19🔥1👏1🍌1
This media is not supported in your browser
VIEW IN TELEGRAM
CDF တပ်ဖွဲ့ဝင် ၂၀၀ လက်နက်ချပြီး အိန္ဒိယနိုင်ငံကို နိုင်ငံရေးခိုလှုံခွင့် တောင်းတဲ့သတင်း လူမှုကွန်ရက်မှာ ပျံ့နေပါတယ်
#Misinformation_Buster #Fake_News #Shorts #Reels #CDF #အလင်းဝင် #လက်နက်ချ #နိုင်ငံရေးခိုလှုံခွင့် #အိန္ဒိယ
သတင်းအပြည့်အစုံဖတ်ရန် - t.ly/BzzdV

😁6👍2🍌2👎1
တောင်ကျရေကြောင့် အာရှလမ်းမကြီးနေရာအချို့ မြေပြို၊ မိုးကြီးမည့်သတိပေးချက် ဆက်ရှိနေ
😢5🔥3👍1

===================
မဇ္ဈိမ။ ။ကရင်ပြည်နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းပြီးနောက် မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်ရေး ၏အဓိက လမ်းပိုင်းဖြစ်သည့် အာရှလမ်းမကြီးနေရာအချို့၌ တောင်ကျရေဆင်းပြီး မြေပြိုကာ လမ်းပန်း ဆက်သွယ်ရေးနှင့် ကုန်စည်စီးဆင်းမှု ပြတ်တောက်နေသည်။
ယနေ့ ဩဂုတ်လ ၇ရက် နံနက်အစောပိုင်းကမြဝတီ-ကော့ကရိတ်ဆက်သွယ်ထားသည့် အာရှလမ်းမကြီး တောနောရေတံခွန်အနီးတွင် လမ်းအလျားလိုက်အတိုင်း ပေ ၁၀၀ ခန့်အထိ မြေပြိုကျသွားကြောင်း ယင်းနေရာသို့ရောက်ရှိနေသည့် ခရီးသွားပြည်သူတဦးကပြောသည်။
“တောနောရေတံခွန်မရောက်ခင်ကွေ့မှာ လမ်းက ပြိုကျသွားတာ။ အကျယ်ဆုံးနေရာက ပေ ၁၀၀ ကျော် တယ်။ အကျဉ်းဆုံးနေရာတောင် ပေ ၆၀ ခန့်ရှိတယ်။ အနက်က ပေ ၃၀ မကဘူး။ အခြေအနေတော်တော် ဆိုးတယ်” ဟု ၎င်းကပြောသည်။
လမ်းကိုပြင်ဆင်ရန် မြေသယ်ကားများ၊ မြေတူးကားများ ရောက်ရှိနေသော်လည်း မိုးသည်းထန်စွာရွာသွန်း နေ၍ ပြင်ဆင်၍မရကြောင်း ဒေသခံများကပြောသည်။
လက်ရှိတွင် အာရှလမ်းမကြီး၊ တောနောရေတံခွန်အနီး၌ လမ်းပြတ်တောက်သည်အထိ မြေပြိုနေသလို ယင်းနေရာနှင့် မလှမ်းမကမ်းတွင် မြေပြိုပြီး လမ်းပိတ်နေသည်ဟု သိရသည်။
ကရင်ပြည်နယ်တွင် ဩဂုတ်လဆန်းကတည်းက မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ယနေ့ ဩဂုတ်လ ၇ ရက် အထိ မိုးဆက်ရွာနေသည်ဟု သိရသည်။
“မိုးက တရက်မှ မပြတ်တာ။ အခုဆိုရင် လမ်းထဲမှာ စီးနေတဲ့ရေက ရွှံ့ရေတွေဖြစ်နေပြီ" ဟု ကော့ကရိတ် မြို့ခံတဦးကပြောသည်။
ယခုအခါ ကရင်ပြည်နယ်အတွင်း၌ သံလွင်မြစ်နှင့် သောင်ရင်းမြစ် စိုးရိမ်ရေမှတ်အထက်၌ မြင့်တက်နေပြီး ဘားအံ၊ ကော့ကရိတ်၊ လှိုင်းဘွဲ့၊ မြဝတီမြို့တို့တွင် ဒေသခံများ ရေကြီးနစ်မြုပ်မှုနှင့် ရင်ဆိုင်နေရသည်။
ဘားအံမြို့တွင် သံလွင်မြစ်ရေ မြင့်တက်မှုကြောင့် အမှတ် (၅) ရပ်ကွက်၊ အမှတ် (၂) ရပ်ကွက် ၊အမှတ် (၁) ရပ်ကွက်အပါအဝင် ရပ်ကွက်ငါးခုထက်မနည်း ရေကြီးနစ်မြုပ်နေပြီး ကယ်ဆယ်ရေးစခန်း ၁၄ ခုဖွင့်ထား ရသည်ဟု ဒေသခံလူမှုကူညီရေးအဖွဲ့များကပြောသည်။
ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်သော မြဝတီမြို့တွင်လည်း သောင်းရင်းမြစ်ရေမြင့်တက်နေ၍ အမှတ် (၅) ရပ် ကွက်နှင့်အမှတ်(၁)ရပ်ကွက်တို့တွင် ရေဘေးကြုံတွေ့နေပြီးဒေသခံအချို့ကို ဘုန်းကြီးကျောင်းများတွင် ရွှေ့ပြောင်းထားရကြောင်း သိရသည်။
လတ်တလောရာသီဥတုအခြေအနေအရ ကမ်းရိုးတန်းနှင့် ကုန်းတွင်းဒေသအချို့တွင် မိုးဆက်လက်ပိုနေ နိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး၀န်ကြီးဌာန (MOHADM)က ယနေ့ သတင်းထုတ်ပြန်ထားသည်။
အထူးသဖြင့် ရခိုင်ပြည်နယ်တွင် ယခုရက်ပိုင်း မိုးသည်းထန်နိုင်သည်ဟု MOHADM က သတိပေးထား သည်။
စစ်ကောင်စီလက်အောက်ခံ မိုးဇလဌာနကလည်း ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်၊ နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ယခုရက်ပိုင်း မိုးကြီးနိုင်ကြောင်း သတိပေးချက်ထုတ်ပြန်ထားသည်။ ထို့ပြင် ကရင်ပြည်နယ်အတွင်း သံလွင်မြစ်နှင့် သောင်ရင်းမြစ်သည် စိုးရိမ်ရေမှတ်အထက်၌ နှစ်ပေခန့်မြင့်တက်နေကြောင်း ယနေ့ မွန်းလွဲပိုင်းတွင် သတိပေးချက်ထုတ်ပြန် ထားသည်။
ဓာတ်ပုံ- မြေပြိုကျမှု ဖြစ်ပွားခဲ့သော အာရှလမ်းပိုင်း မြင်ကွင်း (CJ)
စာတည်း - မောင်ကြီး
စာမူတည်းဖြတ်။ ။စောဖေ
#mizzima
#မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်ရေး
#အာရှလမ်းမကြီး
#တောင်ကျရေ
#မြေပြို

👍11🔥2😁1😢1
This media is not supported in your browser
VIEW IN TELEGRAM
KNU တပ်မဟာ (၁) က PDF ၁၄ ဦး စစ်ကောင်စီထံကို လက်နက်နဲ့တကွ လက်နက်ချ အလင်းဝင်သွားတယ် ဆိုတဲ့ သတင်းတု ပျံ့နှံ့နေပါတယ်။
#Misinformation_Buster #Fake_News #Shorts #Reels #အလင်းဝင် #KNU #KRF #PDF #လက်နက်ချ #KNU #propaganda
သတင်းအပြည့်အစုံဖတ်ရန် - t.ly/NED2Y

😁6🍌1
တောကြီးမြွေပွေးအဖွဲ့ ဈေးလာဝယ်သည့် စကျင်ကျေးရွာ၌ စစ်ကောင်စီတပ် လာရောက်တပ်စွဲ
=======================
007
(မဇ္ဈိမ)။ ။ ရွှေဘိုခရိုင်တပ်ရင်း-၁၇ တောကြီးမြွေပွေးအဖွဲ့ လာရောက်ဈေးဝယ်ခဲ့သော မတ္တရာမြို့နယ် စကျင်ကျေးရွာကို စစ်ကောင်စီတပ်က ယနေ့ ဩဂုတ်လ ၇ ရက်နေ့တွင် အထိုင်ချတပ်စွဲလိုက်ကြောင်း ဒေသခံများထံမှ သိရသည်။
သြဂုတ်လ ၅ ရက်နေ့ ညနေပိုင်းက အိမ်ခြေ ၅,၀၀၀ ကျော်ရှိသော စကျင်ကျေးရွာသို့ ရွှေဘိုခရိုင်တပ်ရင်း-၁၇ တောကြီးမြွေပွေးအဖွဲ့က ဈေးဝယ်လာရောက်ခဲ့သည်။
ဈေးဝယ်လာသည့် ဗီဒီယိုကလစ်တစ်ခုကို ၎င်းအဖွဲ့က လူမှုကွန်ရက်ပေါ်တင်ခဲ့ရာ စစ်ကောင်စီထောက်ခံ သူများ၏တယ်လီဂရမ်ချန်နယ်များ၌ဖော်ပြခဲ့ပြီးနောက် စစ်ကောင်စီတပ်က စကျင်ကျေးရွာကို ဝင်ရောက် စီးနင်းခဲ့ခြင်းဖြစ်သည်။
“မနေ့ကမနက်လင်းအားကြီးအချိန်မှာ ရွာကိုဝင်စီးပြီး၊ အခြေအနေကြည့်တယ်ထင်တယ်။ ဒီမနက်တော့ ရွာမြောက်ပိုင်းက ဘုရားကြီးဆိပ်မှာစခန်းချလိုက်ပြီ၊ တပ်စွဲလိုက်တဲ့သဘောပေါ့။
ရွာနီးချုပ်စပ်ကပြေး နိုင်သမျှလူတွေ အကုန်ထွက်ပြေးနေကြပြီ၊ စကျင်ရွာကတော့ ပိတ်မိနေတယ်”ဟု မတ္တရာဒေသခံတဦး ကပြောသည်။
ကျေးရွာအတွင်းတပ်စွဲလိုက်သော စစ်ကောင်စီတပ်နှင့်အတူ ပျူစောထီးများလည်းပါဝင်ပြီး စုစုပေါင်း အင်အား ၅၀ ခန့်ရှိနိုင်ကြောင်းလည်း ဒေသခံများကဆိုသည်။
စကျင်ဒေသတွင် တိုက်ပွဲမဖြစ်ဘဲ လေကြောင်းမှဗုံးကြဲခံရမည်ကို စိုးရိမ်နေကြသူများလည်းရှိပြီး ဒေသခံ ၁,၀၀၀ ကျော်မှာ ယမန်နေ့ကတည်းက ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်သွားကြောင်း သိရသည်။
“စစ်ကားခုနစ်စီးမှာ နှစ်စီးသုံးစီးလောက်က ပြန်ထွက်သွားကြပြီ။ စစ်ကားတွေဝင်လာတုန်းက ပြေးနိုင်တဲ့ လူတွေပဲလွတ်တယ်၊ အခြေအနေစောင့်ကြည့်သူတွေ အကုန်ပိတ်မိနေတယ်”ဟု မန္တလေးမြို့ဘက်သို့ စစ်ဘေးရှောင်လာသူတဦးကပြောသည်။
ယခုနောက်ဆုံးရရှိသတင်းများအရ ဈေးဝယ်ထွက်ခဲ့သည့် တောကြီးမြွေပွေးအဖွဲ့မှ တပ်ဖွဲ့ဝင်သုံးဦးကို စစ်ကောင်စီတပ်က ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရသည်။
ယင်းနှင့်ပတ်သက်၍ တောကြီးမြွေပွေးအဖွဲ့ထံ ဆက်သွယ်မေးမြန်းထားသော်လည်း အဆက်အသွယ် မရ သေးပေ။
ပြီးခဲ့သည့်ဇွန်လကလည်း စစ်ကိုင်းမြို့နယ် ဆားတောင်မြို့ပေါ်ဈေးသို့ မြင်းခြံ Zero ပြောက်ကျားတပ်ဖွဲ့ လာရောက်ဈေးဝယ်ခဲ့သည်ကို အကြောင်းပြုပြီး စစ်ကောင်စီတပ်က ဆားတောင်မြို့အနီးမှကျေးရွာများ အား စီးနင်းဝင်ရောက်ကာ အိမ်ခြေ ၁,၀၀၀ ကျော်ကို မီးရှို့ဖျက်ဆီးပြီး ပြည်သူငါးဦးထက်မနည်းကို သတ် ဖြတ်သွားခဲ့သည်။
Photo CJ/Myanmar Military
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#မတ္တရာမြို့နယ်
#စကျင်ကျေးရွာ
#တောကြီးမြွေပွေးအဖွဲ့

👍10😁3🔥2😱2
လွိုင်ကော်-မိုးဗြဲလမ်းမကြီးတွင် စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းအဖွဲ့တို့ တိုက်ပွဲပြန်ဖြစ်
========================
001
(မဇ္စျိမ)။ ။ ကရင်နီပြည်နယ်၊ လွိုင်ကော်- မိုးဗြဲလမ်းမကြီးတွင် စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းအဖွဲ့ တို့ ဩဂုတ်လ ၆ ရက်နေ့က တိုက်ပွဲပြန်ဖြစ်ခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ရင်း(၂)မှ ထုတ်ပြန်သည်။
လွိုင်ကော်-မိုးဗြဲလမ်းမကြီးတလျှောက်ရှိ ကျေးရွာအချို့တွင် ဩဂုတ်လ ၄ ရက်နေ့မှစပြီး စစ်ကောင်စီတပ် မှ စစ်ရေးလှုပ်ရှားနေကြောင်းနှင့် တိုက်ပွဲပိုမိုပြင်းထန်လာနိုင်ကြောင်း ဆိုသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များ လက်ရှိတပ်စွဲထားရာနေရာများအနီးတွင် ပြည်သူများအနေဖြင့် စစ်ရေး သတိပြု ပြီးရှောင်ရှားသွားလာကြရန် ကရင်နီပူးပေါင်းအဖွဲ့ဘက်မှ အသိပေးသည်။
တိုက်ပွဲအခြေအနေနှင့်ပတ်သက်၍ အသေးစိတ်မေးမြန်းနိုင်ရန် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် ဗဟိုသတင်းနှင့် ပြန်ကြားရေးဌာနတာဝန်ရှိသူများထံ ဖုန်းဖြင့်ဆက်သွယ်ခဲ့သော်လည်း ဖုန်းလိုင်းအခက် အခဲကြောင့် ဆက်သွယ်၍ မရခဲ့ပေ။
ကရင်နီပြည်နယ်သို့ အဓိက ဝင်၊ ထွက်နိုင်သည့်လမ်းမကြီးဖြစ်သည့် လွိုင်ကော်-မိုးဗြဲ လမ်းတလျှောက် တွင် ဇူလိုင်လအတွင်းကလည်း စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးခြင်း၊ စစ်ယာဉ်တန်းများဖြင့် အင်အား ဖြည့်ဝင်ရောက်ခြင်းတို့ပြုလုပ်ခဲ့သည့်အတွက် ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားခဲ့ဖူးသည်။
စစ်ကောင်စီဘက်မှ အင်အားဖြည့်တင်းသည့် အခြေအနေများကြောင့် ကရင်နီပူးပေါင်းအဖွဲ့များဘက်မှ လွိုင်ကော်-မိုးဗြဲလမ်းမကြီးနှင့် လွိုင်ကော်-ဆီဆိုင် လမ်းမကြီးတလျှောက် ဖြတ်သန်းသွားလာခွင့်ကို ဇူလိုင် လ ၁၈ ရက်က စတင်တားမြစ်ခဲ့ပြီး ဇူလိုင်လ ၂၈ ရက်နေ့တွင် ပြန်လည်ခွင့်ပြုခဲ့သည်။
“လက်ရှိ မိုးဗြဲလမ်းကတော့ ပြည်သူလူထု အသွားအလာတော့ရှိပါတယ်။ Express ကားကြီးမျိုး အသွား အလာရှိတယ်။ နောက် ကားငယ်လည်းရှိပါတယ်။ စစ်ရေးကတော့တင်းမာနေတယ်။ သူတို့ စစ်ကြောင်း ထိုးလာတာနဲ့ ကျွန်တော်တို့က ပစ်ဖို့တော့ အဆင်သင့်ပဲ” ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောသည်။
လွိုင်ကော်-မိုးဗြဲလမ်းမကြီးပေါ်တွင် ဇူလိုင်လနောက်ဆုံးပတ်အတွင်း ဖြစ်ပွားခဲ့သည့်တိုက်ပွဲ၌ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရမိခဲ့ကြောင်း KNDF မှ ဇူလိုင်လ ၃၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။စောဖေ
#ကရင်နီ
#လွိုင်ကော်
#မိုးဗြဲ
#စစ်ရေးတင်းမာ

👍11👏3🔥1
Media is too big
VIEW IN TELEGRAM
Aug - 7 [ 7 Pm ] The Mizzima Primetime
Mizzima Headline News
#7pmnews #themizzimaprimetime #reels #shorts

👍5🖕2🍌1
ချင်းတွင်းမြစ်အတွင်း စစ်ကောင်စီရေယာဉ်တန်းကို ကာကွယ်ရေးပူးပေါင်းအဖွဲ့တိုက်ခိုက်
======================
MTO (မဇ္ဈိမ)။ ။ချင်းတွင်းမြစ်အတိုင်း ဆန်တက်လာသည့် စစ်ကောင်စီရေယာဉ် သုံးစီးကို ဆားလင်းကြီးမြို့နယ်မြစ်ကမ်းဘေးမှနေ၍ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့သည်။
စစ်လက်နက်ပစ္စည်းများနှင့် စားနပ်ရိက္ခာများ တင်ဆောင်သည့် စစ်ကောင်စီရေယာဉ် သုံးစီးကို ဩဂုတ်လ ၅ ရက်နေ့ နေ့လယ်တွင် လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဟု BDF-Yinmarbin အဖွဲ့မှ တာဝန်ရှိသူတဦးက ပြောသည်။
" သူတို့(စစ်ကောင်စီ) ဘက်မှာ ထိခိုက်မှုတွေရှိတယ်။ အတိအကျတော့ မသိရဘူး” ဟု ၎င်းကပြောသည်။
တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ ပြန်လည်ပစ်ခတ်သော်လည်း ဒေသကာကွယ်ရေးတပ်ဖွဲ့ ဝင်များဘက်တွင် ထိခိုက်မှုမရှိဟု BDF-Yinmarbin အဖွဲ့ က တာဝန်ရှိသူက ဆိုသည်။အဆိုပါ စစ်ရေယာဉ်များကို BDF-Yinmarbin အပြင် Chindwin Fighter Group နှင့်မဟာမိတ် အဖွဲ့များကလည်း မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီရေယာဉ်တန်းသည် ချင်းတွင်းမြစ်အတိုင်း အထက်သို့ဆန်တက်ပါက ကနီ၊မင်းကင်းနှင့် ကလေးဝမြို့များသို့ ရောက်မည်ဖြစ်သည်။ ထို့ကြောင့် ဒေသခံပြည်သူများ သတိပြုကြရန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သတိပေးထားသည်။
လတ်တလောတွင် စစ်ကိုင်းတိုင်းအတွင်း ဆာလင်းကြီးမြို့အပြင် ယင်းမာပင်မြို့နယ်တွင်လည်း စစ်ကောင်စီရေယာဉ်အုပ်စုရှိနေသည်။
စာတည်း - မောင်ကြီး
https://youtu.be/XfiaPxOVPS8
#mizzima
#ဆားလင်းကြီးမြို့နယ်
#ချင်းတွင်းမြစ်ကမ်းဘေး
#BDF-Yinmarbin
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

စစ်လက်နက်ပစ္စည်းများနှင့် စားနပ်ရိက္ခာများ တင်ဆောင်သည့် စစ်ကောင်စီရေယာဉ် သုံးစီးကို…

👍6😁6👏2❤1👎1