Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​တောကြီးမြွေပွေးအဖွဲ့ ဈေးလာဝယ်သည့် စကျင်ကျေးရွာ၌ စစ်ကောင်စီတပ် လာရောက်တပ်စွဲ
=======================

007
(မဇ္ဈိမ)။ ။ ရွှေဘိုခရိုင်တပ်ရင်း-၁၇ တောကြီးမြွေပွေးအဖွဲ့ လာရောက်ဈေးဝယ်ခဲ့သော မတ္တရာမြို့နယ် စကျင်ကျေးရွာကို စစ်ကောင်စီတပ်က ယနေ့ ဩဂုတ်လ ၇ ရက်နေ့တွင် အထိုင်ချတပ်စွဲလိုက်ကြောင်း ဒေသခံများထံမှ သိရသည်။

သြဂုတ်လ ၅ ရက်နေ့ ညနေပိုင်းက အိမ်ခြေ ၅,၀၀၀ ကျော်ရှိသော စကျင်ကျေးရွာသို့ ရွှေဘိုခရိုင်တပ်ရင်း-၁၇ တောကြီးမြွေပွေးအဖွဲ့က ဈေးဝယ်လာရောက်ခဲ့သည်။

ဈေးဝယ်လာသည့် ဗီဒီယိုကလစ်တစ်ခုကို ၎င်းအဖွဲ့က လူမှုကွန်ရက်ပေါ်တင်ခဲ့ရာ စစ်ကောင်စီထောက်ခံ သူများ၏တယ်လီဂရမ်ချန်နယ်များ၌ဖော်ပြခဲ့ပြီးနောက် စစ်ကောင်စီတပ်က စကျင်ကျေးရွာကို ဝင်ရောက် စီးနင်းခဲ့ခြင်းဖြစ်သည်။

“မနေ့ကမနက်လင်းအားကြီးအချိန်မှာ ရွာကိုဝင်စီးပြီး၊ အခြေအနေကြည့်တယ်ထင်တယ်။ ဒီမနက်တော့ ရွာမြောက်ပိုင်းက ဘုရားကြီးဆိပ်မှာစခန်းချလိုက်ပြီ၊ တပ်စွဲလိုက်တဲ့သဘောပေါ့။
ရွာနီးချုပ်စပ်ကပြေး နိုင်သမျှလူတွေ အကုန်ထွက်ပြေးနေကြပြီ၊ စကျင်ရွာကတော့ ပိတ်မိနေတယ်”ဟု မတ္တရာဒေသခံတဦး ကပြောသည်။

ကျေးရွာအတွင်းတပ်စွဲလိုက်သော စစ်ကောင်စီတပ်နှင့်အတူ ပျူစောထီးများလည်းပါဝင်ပြီး စုစုပေါင်း အင်အား ၅၀ ခန့်ရှိနိုင်ကြောင်းလည်း ဒေသခံများကဆိုသည်။

စကျင်ဒေသတွင် တိုက်ပွဲမဖြစ်ဘဲ လေကြောင်းမှဗုံးကြဲခံရမည်ကို စိုးရိမ်နေကြသူများလည်းရှိပြီး ဒေသခံ ၁,၀၀၀ ကျော်မှာ ယမန်နေ့ကတည်းက ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်သွားကြောင်း သိရသည်။

“စစ်ကားခုနစ်စီးမှာ နှစ်စီးသုံးစီးလောက်က ပြန်ထွက်သွားကြပြီ။ စစ်ကားတွေဝင်လာတုန်းက ပြေးနိုင်တဲ့ လူတွေပဲလွတ်တယ်၊ အခြေအနေစောင့်ကြည့်သူတွေ အကုန်ပိတ်မိနေတယ်”ဟု မန္တလေးမြို့ဘက်သို့ စစ်ဘေးရှောင်လာသူတဦးကပြောသည်။
ယခုနောက်ဆုံးရရှိသတင်းများအရ ဈေးဝယ်ထွက်ခဲ့သည့် တောကြီးမြွေပွေးအဖွဲ့မှ တပ်ဖွဲ့ဝင်သုံးဦးကို စစ်ကောင်စီတပ်က ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

ယင်းနှင့်ပတ်သက်၍ တောကြီးမြွေပွေးအဖွဲ့ထံ ဆက်သွယ်မေးမြန်းထားသော်လည်း အဆက်အသွယ် မရ သေးပေ။
ပြီးခဲ့သည့်ဇွန်လကလည်း စစ်ကိုင်းမြို့နယ် ဆားတောင်မြို့ပေါ်ဈေးသို့ မြင်းခြံ Zero ပြောက်ကျားတပ်ဖွဲ့ လာရောက်ဈေးဝယ်ခဲ့သည်ကို အကြောင်းပြုပြီး စစ်ကောင်စီတပ်က ဆားတောင်မြို့အနီးမှကျေးရွာများ အား စီးနင်းဝင်ရောက်ကာ အိမ်ခြေ ၁,၀၀၀ ကျော်ကို မီးရှို့ဖျက်ဆီးပြီး ပြည်သူငါးဦးထက်မနည်းကို သတ် ဖြတ်သွားခဲ့သည်။

Photo CJ/Myanmar Military
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#မတ္တရာမြို့နယ်
#စကျင်ကျေးရွာ
#တောကြီးမြွေပွေးအဖွဲ့
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍10😁3🔥2😱2
​​လွိုင်ကော်-မိုးဗြဲလမ်းမကြီးတွင် စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းအဖွဲ့တို့ တိုက်ပွဲပြန်ဖြစ်
========================

001
(မဇ္စျိမ)။ ။ ကရင်နီပြည်နယ်၊ လွိုင်ကော်- မိုးဗြဲလမ်းမကြီးတွင် စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းအဖွဲ့ တို့ ဩဂုတ်လ ၆ ရက်နေ့က တိုက်ပွဲပြန်ဖြစ်ခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ရင်း(၂)မှ ထုတ်ပြန်သည်။

လွိုင်ကော်-မိုးဗြဲလမ်းမကြီးတလျှောက်ရှိ ကျေးရွာအချို့တွင် ဩဂုတ်လ ၄ ရက်နေ့မှစပြီး စစ်ကောင်စီတပ် မှ စစ်ရေးလှုပ်ရှားနေကြောင်းနှင့် တိုက်ပွဲပိုမိုပြင်းထန်လာနိုင်ကြောင်း ဆိုသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များ လက်ရှိတပ်စွဲထားရာနေရာများအနီးတွင် ပြည်သူများအနေဖြင့် စစ်ရေး သတိပြု ပြီးရှောင်ရှားသွားလာကြရန် ကရင်နီပူးပေါင်းအဖွဲ့ဘက်မှ အသိပေးသည်။

တိုက်ပွဲအခြေအနေနှင့်ပတ်သက်၍ အသေးစိတ်မေးမြန်းနိုင်ရန် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် ဗဟိုသတင်းနှင့် ပြန်ကြားရေးဌာနတာဝန်ရှိသူများထံ ဖုန်းဖြင့်ဆက်သွယ်ခဲ့သော်လည်း ဖုန်းလိုင်းအခက် အခဲကြောင့် ဆက်သွယ်၍ မရခဲ့ပေ။
ကရင်နီပြည်နယ်သို့ အဓိက ဝင်၊ ထွက်နိုင်သည့်လမ်းမကြီးဖြစ်သည့် လွိုင်ကော်-မိုးဗြဲ လမ်းတလျှောက် တွင် ဇူလိုင်လအတွင်းကလည်း စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးခြင်း၊ စစ်ယာဉ်တန်းများဖြင့် အင်အား ဖြည့်ဝင်ရောက်ခြင်းတို့ပြုလုပ်ခဲ့သည့်အတွက် ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားခဲ့ဖူးသည်။

စစ်ကောင်စီဘက်မှ အင်အားဖြည့်တင်းသည့် အခြေအနေများကြောင့် ကရင်နီပူးပေါင်းအဖွဲ့များဘက်မှ လွိုင်ကော်-မိုးဗြဲလမ်းမကြီးနှင့် လွိုင်ကော်-ဆီဆိုင် လမ်းမကြီးတလျှောက် ဖြတ်သန်းသွားလာခွင့်ကို ဇူလိုင် လ ၁၈ ရက်က စတင်တားမြစ်ခဲ့ပြီး ဇူလိုင်လ ၂၈ ရက်နေ့တွင် ပြန်လည်ခွင့်ပြုခဲ့သည်။

“လက်ရှိ မိုးဗြဲလမ်းကတော့ ပြည်သူလူထု အသွားအလာတော့ရှိပါတယ်။ Express ကားကြီးမျိုး အသွား အလာရှိတယ်။ နောက် ကားငယ်လည်းရှိပါတယ်။ စစ်ရေးကတော့တင်းမာနေတယ်။ သူတို့ စစ်ကြောင်း ထိုးလာတာနဲ့ ကျွန်တော်တို့က ပစ်ဖို့တော့ အဆင်သင့်ပဲ” ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောသည်။

လွိုင်ကော်-မိုးဗြဲလမ်းမကြီးပေါ်တွင် ဇူလိုင်လနောက်ဆုံးပတ်အတွင်း ဖြစ်ပွားခဲ့သည့်တိုက်ပွဲ၌ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရမိခဲ့ကြောင်း KNDF မှ ဇူလိုင်လ ၃၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။စောဖေ

#ကရင်နီ
#လွိုင်ကော်
#မိုးဗြဲ
#စစ်ရေးတင်းမာ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍11👏3🔥1
Media is too big
VIEW IN TELEGRAM
Aug - 7 [ 7 Pm ] The Mizzima Primetime

Mizzima Headline News

#7pmnews #themizzimaprimetime #reels #shorts
👍5🖕2🍌1
ချင်းတွင်းမြစ်အတွင်း စစ်ကောင်စီရေယာဉ်တန်းကို ကာကွယ်ရေးပူးပေါင်းအဖွဲ့တိုက်ခိုက်
======================

MTO (မဇ္ဈိမ)။ ။ချင်းတွင်းမြစ်အတိုင်း ဆန်တက်လာသည့် စစ်‌ကောင်စီရေယာဉ် သုံးစီးကို ဆားလင်းကြီးမြို့နယ်မြစ်ကမ်းဘေးမှနေ၍ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့သည်။

စစ်လက်နက်ပစ္စည်းများနှင့် စားနပ်ရိက္ခာများ တင်ဆောင်သည့် စစ်‌ကောင်စီရေယာဉ် သုံးစီးကို ဩဂုတ်လ ၅ ရက်နေ့ နေ့လယ်တွင် လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဟု BDF-Yinmarbin အဖွဲ့မှ တာဝန်ရှိသူတဦးက ပြောသည်။

" သူတို့(စစ်ကောင်စီ) ဘက်မှာ ထိခိုက်မှုတွေရှိတယ်။ အတိအကျတော့ မသိရဘူး” ဟု ၎င်းကပြောသည်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ ပြန်လည်ပစ်ခတ်သော်လည်း ဒေသကာကွယ်ရေးတပ်ဖွဲ့ ဝင်များဘက်တွင် ထိခိုက်မှုမရှိဟု BDF-Yinmarbin အဖွဲ့ က တာဝန်ရှိသူက ဆိုသည်။အဆိုပါ စစ်ရေယာဉ်များကို BDF-Yinmarbin အပြင် Chindwin Fighter Group နှင့်မဟာမိတ် အဖွဲ့များကလည်း မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီရေယာဉ်တန်းသည် ချင်းတွင်းမြစ်အတိုင်း အထက်သို့ဆန်တက်ပါက ကနီ၊မင်းကင်းနှင့် ကလေးဝမြို့များသို့ ရောက်မည်ဖြစ်သည်။ ထို့ကြောင့် ဒေသခံပြည်သူများ သတိပြုကြရန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သတိပေးထားသည်။

လတ်တလောတွင် စစ်ကိုင်းတိုင်းအတွင်း ဆာလင်းကြီးမြို့အပြင် ယင်းမာပင်မြို့နယ်တွင်လည်း စစ်ကောင်စီရေယာဉ်အုပ်စုရှိနေသည်။

စာတည်း - မောင်ကြီး

https://youtu.be/XfiaPxOVPS8

#mizzima
#ဆားလင်းကြီးမြို့နယ်
#ချင်းတွင်းမြစ်ကမ်းဘေး
#BDF-Yinmarbin
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍6😁6👏2❤1👎1
လောင်းလုံးမြို့နယ်တွင် စစ်တပ်ထုတ်ကုန်များ ဝယ်ယူ၊ ရောင်းချခြင်းမပြုလုပ်ရန် အသိပေးတိုက်တွန်း
==================

ကိုရွှေမြိတ်
(မဇ္ဈိမ)။ ။တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် စစ်တပ်ထုတ်ကုန်များ ဝယ်ယူသုံးစွဲ၊ ရောင်းချခြင်းမပြုကြရန် ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ(DDMSC)မှ လှုပ်ရှား မှုပြုလုပ်ခဲ့ကြောင်း သိရသည်။

ယနေ့ ဩဂုတ်လ ၇ ရက်တွင် စစ်တပ်ထုတ်ကုန်များဖြစ်သော အရက်၊ ဘီယာ၊ အချိုရည်၊ စီးကရက်များကို ဝယ်ယူသုံးစွဲခြင်း၊ ရောင်းချခြင်းနှင့် သယ်ယူပို့ဆောင်ခြင်း မပြုလုပ်ကြရန် အသိပေးတိုက်တွန်းခဲ့ခြင်းဖြစ် သည်။

အဆိုပါလှုပ်ရှားမှုကို လောင်းလုံးမြို့အတွင်းရှိ စျေးဆိုင်များအပြင် လမ်းပိုင်းအချို့မှ ခရီးသည်တင်ယာဉ် များသို့ သွားရောက်ကာ အသိတိုက်တွန်းခဲ့ကြကြောင်း ဆိုသည်။

ထို့ပြင် ကုန်တင်၊ ကုန်ချကားများ သုံးဘီးဆိုင်ကယ်များကိုလည်း စစ်တပ်ထုတ်ကုန်များအား သယ်ယူပို့ ဆောင်ခြင်းမလုပ်ကြဘဲ သပိတ်မှောက်ဆန့်ကျင်ကြရန် အသိပေးခဲ့ကြကြောင်းလည်း သိရသည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။စောဖေ

#လောင်းလုံး
#စစ်တပ်ထုတ်ကုန်
#ရောင်ချ
#သယ်ယူပို့ဆောင်'

Website Link - http://www.mizzimaburmese.com/article/131773
👍12❤2🔥1😁1
သြဂုတ်လ (၇) ရက်နေ့၊ ည ၇ နာရီ၊ The Mizzima Primetime မဇ္စျိမ ပင်မသတင်းအစီအစဥ်
========================

- ထိုင်း-မြန်မာ ကုန်သွယ်နေတဲ့ အာရှကားလမ်းပိုင်း ပြိုကျမှု ဖြစ်ပွားတဲ့သတင်း

- ဖားကန့်ရှိ ကသိုင်းတောင် စစ်စခန်းကို KIA၊ PDF ပူးပေါင်းတပ်ဖွဲ့ သိမ်းပိုက်တဲ့သတင်း

- လဲချားမြို့နယ်က တပ်စခန်း ၁၀ ခု ဆုတ်ခွာပေးဖို့ငြင်းဆန်ပြီးနောက် စစ်ကောင်စီတပ်နဲ့ SSPP တို့ တိုက်ပွဲဖြစ်နေတဲ့သတင်း

- မြန်မာ့အရေးကို မဖြေရှင်းနိုင်ရင် အာဆီယံအဖွဲ့ထဲ မဝင်ရောက်ဘူးလို့ တီမောဝန်ကြီးချုပ်ပြောကြားလိုက်တဲ့သတင်း

- ဂျီ-၂၀ ထိပ်သီးအစည်းအဝေးမတိုင်မီ နယူးဒေလီမှာ လမ်းဘေးခွေးတွေကို ရှင်းလင်းနေတဲ့သတင်းနဲ့

- စစ်ကောင်စီလက်ထက် တရုတ်နှင့် တရားမဝင်ကုန်သွယ်မှု အမေရိကန်ဒေါ်လာ ၁၇ ဘီလီယံနီးပါးရှိခဲ့တဲ့သတင်းတွေအပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးပါမယ်။

https://www.youtube.com/live/asLKl_kj4Cc?feature=share

#7pmnews
#themizzimaprimetime
#MizzimaTV
----------------------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍9😁2🍌1
​​Lage Raho Munna Bhai (2006)
================

မင်းသားကြီး ဆန်ဂျေးဒတ် ပါဝင်သရုပ်ဆောင်ထားပြီး ဘောလိဝုဒ် ဟာသ ဟိန္ဒီရုပ်ရှင်သည် အမျိုးသားရုပ်ရှင် ဆုပေါင်း ၁၇ ဆု ရရှိခဲ့သည့် ဇာတ်ကားလေးပါ။

လူမိုက်ခေါင်းဆောင်မူလီသည် ရေဒီယို တင်ဆက်သူကောင်မလေး ဂျန်ဗီ ကို "မင်္ဂလာနံနက်ခင်းပါ မိုဘိုင်း" ဆိုသည့်ရေဒီယိုအစီအစဥ်ကို အမြဲနားထောင်ရင်း ချစ်မြတ်နိုးနေခဲ့ပြီး သူ့အိပ်မက်သည်ကောင်မလေးကို လက်ထပ်ရန်ဖြစ်လာခဲ့ပါသည်။

မမျှော်လင့်သောအကြောင်းကြောင်းများကြောင့် မူလီ ဂျန်ဗီအား သမိုင်းပါမောက္ခဟုလိမ်ညာခဲ့ရာ ဂျန်ဗီကသူ့၏မိသားစုများနှင့်သူငယ်ချင်းများအား သမိုင်းအကြောင်းဟောပြောရန် မူလီအား ဖိတ်ခေါ်ခဲ့သည်။

ပညာတွေအရမ်းမတက်ပေမယ့် စိတ်ထားကောင်းတဲ့ မူလီဘယ်လိုဒီပြသာနကို ဖြေရှင်းနိုင်မလဲ? ဂျန်ဗီကရော မူလီကို သူထင်သလို ပါမောက္ခ မဟုတ်ပဲ သူ့ကိုလိမ်ညာနေတာတွေသိသွားရင် ဆက်ပြီးလက်ခံနိုင်မလားဆိုတာ ကြည့်ရှုခံစားကြရမှာဖြစ်ပါတယ်။
ဒီဇာတ်ကားလေးကို Mizzima + Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။

Mizzima+ Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင်

App ဒေါင်းလော့လုပ်ရန် - http://onelink.to/jnuwak

#New ပြသမည့်ရက်။ ။ ၇.၈.၂၀၂၃
ပြသမည့် အချိန် ။ ။ ည (၈:၀၀)နာရီ
ပြန်လည်ပြသမည့်ရက်။ ။ ၈.၈.၂၀၂၃
အချိန်။ ။ နေ့လည် (၂:၀၀) နာရီ

(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍4🔥1🤔1
​​ရေအောက်၌ ၄ မိုင်ကျော်မောင်းနှင်ပြီး ကမ္ဘာ့စံချိန်တင်ခဲ့သည့် လျှပ်စစ်ကား
==================

#MizzimaTV
#hightech&gadget
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍5❤1🔥1
​​သက်ရှိများနေထိုင်နိုင်သည့် ဂြိုဟ်ပေါင်းသောင်းချီ ရှာဖွေပေးနိုင်မည့် ပလေတိုမစ်ရှင်
===================

#MizzimaTV
#hightech&gadget
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍5❤1🔥1
စမ်းချောင်းမှ သပိတ်ထွက်လေ့ရှိသောနေရာများအား လုံခြုံရေးတင်းကြပ်ရန် စစ်ကောင်စီညွှန်ကြား
😁9🔥2👍1
စမ်းချောင်းမှ သပိတ်ထွက်လေ့ရှိသောနေရာများအား လုံခြုံရေးတင်းကြပ်ရန် စစ်ကောင်စီညွှန်ကြား
=====================

ဂန္ဒမာ
(မဇ္ဈိမ)။ ။ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်အတွင်း တော်လှန်ရေးရဲဘော်များ သပိတ်ထွက်လေ့ရှိသည့် နေရာများကို လုံခြုံရေးတင်းကြပ်ရန် စစ်ကောင်စီမှ ညွှန်ကြားထားကြောင်း သိရသည်။

“ ၈၈၈၈ နဲ့ပတ်သက်ပြီး လုံခြုံရေးတင်းကြပ်တာပါ။ နီးကပ်လာတာနဲ့အမျှ ရှောင်တခင်စစ်ဆေးဖို့ကိုလည်း အမိန့်ပေးထားတာ‌တွေရှိတယ်။ စစ်ကောင်စီဘက်ကနေ အဲဒီညွှန်ကြားချက်ထွက်လာတာကတော့ မနေ့ ကပါ” ဟု စမ်းချောင်းပင်မသပိတ်စစ်ကြောင်းဥက္ကဋ္ဌက မဇ္ဈိမကို ပြောသည်။

ဩဂုတ်လ ၈ ရက်နေ့တွင် ၈၈၈၈ နှင့်ပတ်သက်၍ တော်လှန်ရေးရဲဘော်များ၏ ဆန္ဒပြမှုများ၊ စာတန်း ချိတ်ဆွဲချိတ်မှုများ လုပ်ဆောင်လာနိုင်သည့်အတွက်ကြောင့်ဟုဆိုကာ စမ်းချောင်းမြိုနယ်ရှိ ရပ်ကွက် ၁၈ ခုမှ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများကို စစ်ကောင်စီတပ်မှ အစည်းအဝေးခေါ်ယူ၍ မြို့နယ်တွင်းရှိ ထူးခြားမှုများအားစောင့်ကြည့်သတင်းပေးပို့ရန် ညွှန်ကြားထားခြင်းဖြစ်ကြောင်း သိရ သည်။

စစ်ကောင်စီတပ်က စမ်းချောင်းမြို့နယ်တွင် စောင့်ကြည့်ရန်ညွှန်ကြားထားသောနေရာများမှာ ပဒုမ္မာလမ်း (စမ်းချောင်းမြောက်)၊ ရှင်စောပုရပ်ကွက်၊ မြေနီကုန်းတံတားအောက်၊ ကျွန်းတောတောင်ရပ်ကွက်၊ မြေနီ ကုန်းတောင်ရပ်ကွက်၊ မြေနီကုန်းမြောက်ရပ်ကွက်၊ ဗားဂရာလမ်း၊ ဗိုလ်မိုးလမ်း၊ မြေနီကုန်းကားမှတ်တိုင် (မြေနီကုန်းမြောက် + မြေနီကုန်းတောင်)၊ ရှမ်းလမ်းမီးပွိင့်၊ လင်းလွန်းတောင်ရပ်ကွက်၊ စမ်းချောင်းမြောက် ရပ်ကွက်၊ စမ်းချောင်းတောင်ရပ်ကွက်၊ သီရိခေမာရပ်ကွက်၊ မီးရထားလူကူးတံတားများ၊ လင်းလွန်းတောင် ရပ်ကွက်၊ သံတံတားရပ်ကွက်၊ ဝေဠုဝန်တောင်ရပ်ကွက် (ဗဟိုလမ်း)၊ ပြည်လမ်းရှိကားမှတ်တိုင်များ၊ မုန့် လုပ်ဆောင်းကုန်းတောင်ရပ်ကွက်၊ ကျွန်းတောမြောက်ရပ်ကွက်တို့ဖြစ်ကြောင်း စမ်းချောင်းပင်မသပိတ် စစ်ကြောင်း၏ သတင်းရင်းမြစ်မှတဆင့်သိရသည်။

ယခုတပတ်အတွင်း စမ်းချောင်းမြို့နယ်အပါအဝင် အခြားမြို့နယ်များတွင်လည်း လုံခြုံရေးတိုးမြှင့်စောင့် ကြည့်နေမှုများရှိပြီး လမ်းမများပေါ်တွက်လည်း ရှောင်တခင်စစ်ဆေးခြင်းနှင့် ဧည့်စာရင်းစစ်ဆေးခြင်း များရှိနိုင်သောကြောင့် အသွားအလာဂရုစိုက်ရန်လိုအပ်ကြောင်း စမ်းချောင်းပင်မသပိတ်စစ်ကြောင်းက အသိပေးထားသည်။

ယမန်နှစ်က ကျရောက်ခဲ့သည့် ၃၄ နှစ်မြောက် ၈၈၈၈ လူထုအရေးတော်ပုံ နှစ်ပတ်လည်နေ့ကလည်း ရန်ကုန်မြို့၌ စစ်ကောင်စီတပ်မှ တင်းကြပ်စွာလုံခြုံရေးချခဲ့ကာ စစ်ဆေးမှုများပြုလုပ်ခဲ့သည်။
ထိုကဲ့သို့ ရန်ကုန်မြို့အနှံ့ လုံခြုံရေးတင်းကြပ်စွာချထားသည့်ကြားမှ ၈၈၈၈ အရေးတော်ပုံ ၃၄ နှစ်မြောက် အထိမ်းအမှတ်အနေဖြင့် ရန်ကုန်မြို့၏ အထင်ကရနေရာများဖြစ်သည့် ဆူးလေလူကူးကုန်းတံတား၊ ဗိုလ်ချုပ်ဈေး၊ အင်းလျားကန်ပေါင်နှင့် လှည်းတန်းနေရာအနှံ့အပြားတွင် '၈' ဂဏန်း ရေးဆွဲထားသော ထီးများဖြင့် ထီးသပိတ်လှုပ်ရှားမှုကို ရန်ကုန်လူထုသပိတ်က ပြုလုပ်နိုင်ခဲ့သည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#ရန်ကုန်မြို့
#စမ်းချောင်းမြို့နယ်
#၈၈၈၈အရေးတော်ပုံ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😁12👍3❤1