စမ်းချောင်းမှ သပိတ်ထွက်လေ့ရှိသောနေရာများအား လုံခြုံရေးတင်းကြပ်ရန် စစ်ကောင်စီညွှန်ကြား
😁9🔥2👍1

=====================
ဂန္ဒမာ
(မဇ္ဈိမ)။ ။ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်အတွင်း တော်လှန်ရေးရဲဘော်များ သပိတ်ထွက်လေ့ရှိသည့် နေရာများကို လုံခြုံရေးတင်းကြပ်ရန် စစ်ကောင်စီမှ ညွှန်ကြားထားကြောင်း သိရသည်။
“ ၈၈၈၈ နဲ့ပတ်သက်ပြီး လုံခြုံရေးတင်းကြပ်တာပါ။ နီးကပ်လာတာနဲ့အမျှ ရှောင်တခင်စစ်ဆေးဖို့ကိုလည်း အမိန့်ပေးထားတာတွေရှိတယ်။ စစ်ကောင်စီဘက်ကနေ အဲဒီညွှန်ကြားချက်ထွက်လာတာကတော့ မနေ့ ကပါ” ဟု စမ်းချောင်းပင်မသပိတ်စစ်ကြောင်းဥက္ကဋ္ဌက မဇ္ဈိမကို ပြောသည်။
ဩဂုတ်လ ၈ ရက်နေ့တွင် ၈၈၈၈ နှင့်ပတ်သက်၍ တော်လှန်ရေးရဲဘော်များ၏ ဆန္ဒပြမှုများ၊ စာတန်း ချိတ်ဆွဲချိတ်မှုများ လုပ်ဆောင်လာနိုင်သည့်အတွက်ကြောင့်ဟုဆိုကာ စမ်းချောင်းမြိုနယ်ရှိ ရပ်ကွက် ၁၈ ခုမှ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများကို စစ်ကောင်စီတပ်မှ အစည်းအဝေးခေါ်ယူ၍ မြို့နယ်တွင်းရှိ ထူးခြားမှုများအားစောင့်ကြည့်သတင်းပေးပို့ရန် ညွှန်ကြားထားခြင်းဖြစ်ကြောင်း သိရ သည်။
စစ်ကောင်စီတပ်က စမ်းချောင်းမြို့နယ်တွင် စောင့်ကြည့်ရန်ညွှန်ကြားထားသောနေရာများမှာ ပဒုမ္မာလမ်း (စမ်းချောင်းမြောက်)၊ ရှင်စောပုရပ်ကွက်၊ မြေနီကုန်းတံတားအောက်၊ ကျွန်းတောတောင်ရပ်ကွက်၊ မြေနီ ကုန်းတောင်ရပ်ကွက်၊ မြေနီကုန်းမြောက်ရပ်ကွက်၊ ဗားဂရာလမ်း၊ ဗိုလ်မိုးလမ်း၊ မြေနီကုန်းကားမှတ်တိုင် (မြေနီကုန်းမြောက် + မြေနီကုန်းတောင်)၊ ရှမ်းလမ်းမီးပွိင့်၊ လင်းလွန်းတောင်ရပ်ကွက်၊ စမ်းချောင်းမြောက် ရပ်ကွက်၊ စမ်းချောင်းတောင်ရပ်ကွက်၊ သီရိခေမာရပ်ကွက်၊ မီးရထားလူကူးတံတားများ၊ လင်းလွန်းတောင် ရပ်ကွက်၊ သံတံတားရပ်ကွက်၊ ဝေဠုဝန်တောင်ရပ်ကွက် (ဗဟိုလမ်း)၊ ပြည်လမ်းရှိကားမှတ်တိုင်များ၊ မုန့် လုပ်ဆောင်းကုန်းတောင်ရပ်ကွက်၊ ကျွန်းတောမြောက်ရပ်ကွက်တို့ဖြစ်ကြောင်း စမ်းချောင်းပင်မသပိတ် စစ်ကြောင်း၏ သတင်းရင်းမြစ်မှတဆင့်သိရသည်။
ယခုတပတ်အတွင်း စမ်းချောင်းမြို့နယ်အပါအဝင် အခြားမြို့နယ်များတွင်လည်း လုံခြုံရေးတိုးမြှင့်စောင့် ကြည့်နေမှုများရှိပြီး လမ်းမများပေါ်တွက်လည်း ရှောင်တခင်စစ်ဆေးခြင်းနှင့် ဧည့်စာရင်းစစ်ဆေးခြင်း များရှိနိုင်သောကြောင့် အသွားအလာဂရုစိုက်ရန်လိုအပ်ကြောင်း စမ်းချောင်းပင်မသပိတ်စစ်ကြောင်းက အသိပေးထားသည်။
ယမန်နှစ်က ကျရောက်ခဲ့သည့် ၃၄ နှစ်မြောက် ၈၈၈၈ လူထုအရေးတော်ပုံ နှစ်ပတ်လည်နေ့ကလည်း ရန်ကုန်မြို့၌ စစ်ကောင်စီတပ်မှ တင်းကြပ်စွာလုံခြုံရေးချခဲ့ကာ စစ်ဆေးမှုများပြုလုပ်ခဲ့သည်။
ထိုကဲ့သို့ ရန်ကုန်မြို့အနှံ့ လုံခြုံရေးတင်းကြပ်စွာချထားသည့်ကြားမှ ၈၈၈၈ အရေးတော်ပုံ ၃၄ နှစ်မြောက် အထိမ်းအမှတ်အနေဖြင့် ရန်ကုန်မြို့၏ အထင်ကရနေရာများဖြစ်သည့် ဆူးလေလူကူးကုန်းတံတား၊ ဗိုလ်ချုပ်ဈေး၊ အင်းလျားကန်ပေါင်နှင့် လှည်းတန်းနေရာအနှံ့အပြားတွင် '၈' ဂဏန်း ရေးဆွဲထားသော ထီးများဖြင့် ထီးသပိတ်လှုပ်ရှားမှုကို ရန်ကုန်လူထုသပိတ်က ပြုလုပ်နိုင်ခဲ့သည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#ရန်ကုန်မြို့
#စမ်းချောင်းမြို့နယ်
#၈၈၈၈အရေးတော်ပုံ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

😁12👍3❤1
အလိုအလျောက်လကမ္ဘာစူးစမ်းလေ့လာမှုကို စတင်သွားမည့် နာဆာမှ စူးစမ်းလေ့လာရေးယာဉ်ငယ်များ
===================
#MizzimaTV
#hightech&gadget
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
===================
#MizzimaTV
#hightech&gadget
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👏5❤1🔥1
သက်တမ်းအရင့်ဆုံး ဂျယ်လီငါးမျိုးစိတ်အား ရှာဖွေတွေ့ရှိ
==================
#MizzimaTV
#hightech&gadget
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
==================
#MizzimaTV
#hightech&gadget
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤2🔥1
တဖြည်းဖြည်းချင်း ပျောက်ကွယ်လာနေသည့် ကမ္ဘာ့သက်တမ်းအရင့်ဆုံးနှင့် အကြီးဆုံး ချိုင့်ကြီးများ
====================
#MizzimaTV
#hightech&gadget
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
====================
#MizzimaTV
#hightech&gadget
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍4🔥2❤1
Myanmar junta chief rapped for minimal Suu Kyi sentence cut
===================
https://youtu.be/yf8nNNvl2ec
===================
https://youtu.be/yf8nNNvl2ec
YouTube
Myanmar junta chief rapped for minimal Suu Kyi sentence cut
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
Subscribe now and join the Mizzima TV family…

👍1😁1
"လူအပြောင်းအလဲဲ လုပ်ပေမယ့် စစ်ကောင်စီအတွက် ထူးခြားတဲ့ရလာဒ် ရှိလာမှာ မဟုတ်ဘူး" (Editorial Talk)
===================
ဒီတစ်ပတ်မှာတော့ “ကာကွယ်ရေးနဲ့ ပြည်ထဲရေးဝန်ကြီးတွေအပြင် ထိပ်ပိုင်းအရာရှိ အများအပြားကို အပြောင်းအလဲလုပ်လိုက်တဲ့ စစ်ကောင်စီဟာ ဘယ်လောက်ထိ အလုပ်ဖြစ်မလဲ” ဆိုတဲ့အကြောင်း သတင်းခန်း စီမံခန့်ခွဲမှု အယ်ဒီတာနဲ့ ဦးစိန်ဝင်းတို့က ဆွေးနွေးထားပါတယ်။
https://youtu.be/ZE2nJ8zktbo
#Editorialtalk
#Mizzima
#စစ်ကောင်စီလူအပြောင်းအလဲ
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

#Mizzima…
#Editorialtalk
#Mizzima…
👍10😁4
လက်လွှတ်လိုက်ရသည့် လက်ခတ်တောင်စခန်းကုန်းကို စစ်ကောင်စီတပ် အပြင်းအထန် ထိုးစစ်ဆင်နေ
==================
သွင်ထူးဈာန်
ကော်သူးလေ(မဇ္ဈိမ)။ ။ကရင်ပြည်နယ် မြဝတီမြို့အနီးရှိ လက်ခတ်တောင်စခန်းကုန်းကို စစ်ကောင်စီ တပ်၏ တပ်မ (၄၄) လက်အောက်ခံတပ်များနှင့် ကရင်နယ်ခြားစောင့်တပ်(BGF)တို့ပူးပေါင်းပြီး ယနေ့ သြဂုတ်လ ၇ ရက်နေ့ နံနက် ၇ နာရီဝန်းကျင်တွင် အင်အားအများအပြားဖြင့် စစ်ကြောင်းထိုး တိုက်ခိုက် နေကြောင်း ကော်ဘရာစစ်ကြောင်းထံမှ သိရသည်။
လက်ခတ်တောင်စခန်းကုန်းအနီးရှိ တုံးတံတား၊ လတ်ခတ်တောင်တောင်ခြေ၊ ကျောက်လုံးကြီးနှင့် အမိုး ကုန်း(စိုက်ခင်း)နေရာတို့ကို စစ်ကောင်စီတပ်မှ ထိုးစစ်ဆင်နေခြင်း ဖြစ်သည်။
“မနက်ကတည်းက သူတို့(စစ်ကောင်စီ)က စစ်ကြောင်းထိုးတယ်၊ နေရာလေးနေရာကိုပါ၊ တနေရာကို အင်အား ၅၀ လောက်ရှိမယ်၊ အတိအကျတော့မသိသေးဘူး၊ အင်အားကတော့များတယ်၊ အခုထိတိုက် နေတုန်းပဲ။ ပြန်ဆုတ် သွားတာတွေရှိတယ်”ဟု ကော်ဘရာစစ်ကြောင်း (ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့) က ပြောသည်။
မြေပြင်ထိုးစစ်ဆင်နေစဉ် စစ်ကောင်စီတပ်၏ ခမရ(၂၇၅)၊ ခလရ(၃၅၅)၊ ကြက်ကင်ကုန်းစခန်း(အမြောက် ကုန်း)နှင့် မေတ္တာလင်းမြိုင်စခန်းကုန်းတို့မှလည်း ၆၀ မမ၊ ၈၁ မမ နှင့် ၁၂၀ မမ လက်နက်ကြီး များဖြင့် ပစ်ကူပေးပြီး တပ်မ (၄၄) လက်အောက်ခံတပ်ရင်းများမှ ထိုးစစ်ဆင်နေခြင်း ဖြစ်သည်။
ယနေ့တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ အထိအခိုက်အကျအဆုံးအချို့ရှိခဲ့ကြောင်းသိရပြီး အသေးစိတ်ကို မသိရသေးပေ။
ပြီးခဲ့သည့်ရက်ပိုင်းကလည်း တော်လှန်ရေးပူးပေါင်းတပ်မှထောင်ထားသည့်မိုင်းနင်းမိကာ စစ်ကောင်စီ တပ်မှအရာအရှိအပါအဝင် သုံးဦးသေဆုံးကာ နှစ်ဦးထိခိုက်ဒဏ်ရာရရှိသွားကြောင်း တပ်တွင်းသတင်းရင်း မြစ်များထံမှ သိရသည်။
“ ဒီနေ့ နံနက်ပိုင်းမှာ မေတ္တာလင်းမြိုင်ကျေးရွာ(BGF)က လမ်းဆုံမှာ စစ်ကောင်စီတပ်က အင်အား ၂၅၀ လောက်ရှိမယ်ရောက်နေတယ်။ လက်ခတ်တောင်တိုက်ပွဲဖြစ်နေတာက တခြားအဖွဲ့၊ အခုက နောက်ထပ် အင်အားတွေရောက်နေတာ တခြားဖက်က ဝင်တိုက်မယ့် သဘောရှိတယ်” ဟု မြေပြင်သတင်းရင်းမြစ် တဦးက ပြောသည်။
လက်ခတ်တောင်စခန်းကုန်းသည် မြဝတီမြို့ခံစစ်စည်းသဖွယ် ဗျူဟာမြောက်အရေးပါပြီး ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့များဖြစ်သည့် ကော်ဘရာစစ်ကြောင်းနှင့် ကျားသစ်နက်စစ်ကြောင်းတို့မှ ဇူလိုင်လ ၂၁ ရက် နေ့တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။
ဓာတ်ပုံ- လက်ခတ်တောင်စခန်းကုန်းရှိ စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်သည့် နေရာကို ညွှန်ပြနေပုံ
စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။စောဖေ
#လက်ခတ်တောင်
#Mizzima
#စစ်ကောင်စီထိုးစစ်ဆင်

👏7😁4👍2
ဩဂုတ်လ (၇) ရက်၊ တနင်္လာနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
======================
မြန်မာ့အရေးကို မဖြေရှင်းနိုင်ရင် အာဆီယံအဖွဲ့ထဲ မဝင်ဘူးလို့ အရှေ့တီမောဝန်ကြီးချုပ်က ပြောလိုက်တဲ့ သတင်းအပါအဝင် နိုင်ငံရေးလမ်းစဉ်တွေချမှတ်နိုင်ဖို့ ပြည်တွင်းပြည်ပအင်အားစုတွေစုပေါင်းပြီး ချင်းအမျိုးသားကောင်စီ (မင်းတပ်)ကို ဖွဲ့စည်းလိုက်တယ်ဆိုတဲ့ ပြည်တွင်းသတင်းတွေကိုနားဆင်ရမှာဖြစ်ပြီး နိုင်ငံတကာဘက်မှာတော့
မနီလာပင်လယ်အော်မှာ တရုတ်ရဲ့မြေယာပြန်လည်ဖော်ထုတ်တာတွေအတွက် စိုးရိမ်တယ်လို့ အမေရိကန်ပြောလိုက်တဲ့ သတင်းအပါအဝင် ထိပ်တန်းသတင်းတွေကို ပြောပြပါမယ်။ဒါ့အပြင် စီးပွားရေးသတင်းတွေနဲ့အားကစားကဏ္ဍကိုလည်းနားဆင်ရမှာပါ။
သတင်းတွေအပြီးမှာတော့ ဒီနေ့အတွက် သတင်းသုံးသပ်ချက် နဲ့ ကုန်ဈေးနှုန်းတွေကိုလည်း နားဆင်ရဖို့ရှိပါတယ်။
အဲဒါပြီးရင်တော့ အပတ်စဉ် ကဏ္ဍအဖြစ် “Mizzima Editorial Talk” အစီအစဉ်ကို နားဆင်ရမှာဖြစ်ပြီးတော့ တိုင်းရင်းသားတွေရဲ့အသံနဲ့အမြင်တွေကို စုစည်းတင်ဆက်ပေးနေတဲ့ BNI ရေဒီယိုအစီအစဉ်တွေကိုလည်း ထုတ်လွှင့်သွားဖို့ရှိပါတယ်။
https://youtu.be/mvAJOPeztuY
#eveningradio
#mizzimaradio
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
======================
မြန်မာ့အရေးကို မဖြေရှင်းနိုင်ရင် အာဆီယံအဖွဲ့ထဲ မဝင်ဘူးလို့ အရှေ့တီမောဝန်ကြီးချုပ်က ပြောလိုက်တဲ့ သတင်းအပါအဝင် နိုင်ငံရေးလမ်းစဉ်တွေချမှတ်နိုင်ဖို့ ပြည်တွင်းပြည်ပအင်အားစုတွေစုပေါင်းပြီး ချင်းအမျိုးသားကောင်စီ (မင်းတပ်)ကို ဖွဲ့စည်းလိုက်တယ်ဆိုတဲ့ ပြည်တွင်းသတင်းတွေကိုနားဆင်ရမှာဖြစ်ပြီး နိုင်ငံတကာဘက်မှာတော့
မနီလာပင်လယ်အော်မှာ တရုတ်ရဲ့မြေယာပြန်လည်ဖော်ထုတ်တာတွေအတွက် စိုးရိမ်တယ်လို့ အမေရိကန်ပြောလိုက်တဲ့ သတင်းအပါအဝင် ထိပ်တန်းသတင်းတွေကို ပြောပြပါမယ်။ဒါ့အပြင် စီးပွားရေးသတင်းတွေနဲ့အားကစားကဏ္ဍကိုလည်းနားဆင်ရမှာပါ။
သတင်းတွေအပြီးမှာတော့ ဒီနေ့အတွက် သတင်းသုံးသပ်ချက် နဲ့ ကုန်ဈေးနှုန်းတွေကိုလည်း နားဆင်ရဖို့ရှိပါတယ်။
အဲဒါပြီးရင်တော့ အပတ်စဉ် ကဏ္ဍအဖြစ် “Mizzima Editorial Talk” အစီအစဉ်ကို နားဆင်ရမှာဖြစ်ပြီးတော့ တိုင်းရင်းသားတွေရဲ့အသံနဲ့အမြင်တွေကို စုစည်းတင်ဆက်ပေးနေတဲ့ BNI ရေဒီယိုအစီအစဉ်တွေကိုလည်း ထုတ်လွှင့်သွားဖို့ရှိပါတယ်။
https://youtu.be/mvAJOPeztuY
#eveningradio
#mizzimaradio
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
ဩဂုတ်လ (၇) ရက်၊ တနင်္လာနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
မြန်မာ့အရေးကို မဖြေရှင်းနိုင်ရင် အာဆီယံအဖွဲ့ထဲ မဝင်ဘူးလို့ အရှေ့တီမောဝန်ကြီးချုပ်က ပြောလိုက်တဲ့ သတင်းအပါအဝင် နိုင်ငံရေးလမ်းစဉ်တွေချမှတ်နိုင်ဖို့ ပြည်တွင်းပြည်ပအင်အားစုတွေစုပေါင်းပြီး ချင်းအမျိုးသားကောင်စီ (မင်းတပ်)ကို ဖွဲ့စည်းလိုက်တယ်ဆိုတဲ့ ပြည်တွင်းသတင်…
👍9😁3❤1
ထားဝယ်ခရိုင် ကျောင်းသားသမဂ္ဂတည်ထောင်သူတဦးဖြစ်သည့် မနေသက်သက်နွေး ကွယ်လွန်
😢17👍2😁2🔥1
ထားဝယ်ခရိုင် ကျောင်းသားသမဂ္ဂတည်ထောင်သူတဦးဖြစ်သည့် မနေသက်သက်နွေး ကွယ်လွန်
===================
ကိုရွှေမြိတ်
(မဇ္ဈိမ)။ ။ထားဝယ်ခရိုင်ကျောင်းသားသမဂ္ဂတည်ထောင်သူများအနက် တဦးအပါဝင်ဖြစ်သည့် မနေသက် သက်နွေး(ခ)ဘေးဘေးသည် ယနေ့ ဩဂုတ်လ ၇ ရက် နံနက်ပိုင်းက ကွန်လွန်ခဲ့ကြောင်း သတင်းရရှိသည်။
မြိတ်မြို့ရှိ ၎င်း၏ နေအိမ်လှေကားပေါ်မှ မတော်တဆပြုတ်ကျရာမှ ဦးခေါင်းတွင်ထိခိုက်ဒဏ်ရာရပြီး ကွယ်လွန်ခဲ့ခြင်းဖြစ်ကြောင်း မိသားစုနှင့်နီးစပ်သူများထံမှ သိရသည်။
မြိတ်မြို့တွင်နေထိုင်သည့် အသက် ၃၂ နှစ် အရွယ် မနေသက်သက်နွေး (ခ) ဘေးဘေးသည် ဦးခေါင်းတွင် ထိခိုက်ဒဏ်ရာရရှိခဲ့၍ ဆေးရုံသို့ပို့ဆောင်စဉ် ကွယ်လွန်သွားခဲ့ခြင်းဖြစ်ကြောင်း မိသားစုနှင့် နီးစပ်သူများ ကပြောသည်။
“ ဒီနေ့ပဲဆုံးသွားတာပါ။ အခု သူရဲ့နာရေးကို မြိတ်မြို့က တပ်ပြင်ရပ်က ခရူပင်ကျောင်းမှာ ပြုလုပ်ထား တယ်” ဟု နီးစပ်သူက ပြောသည်။
ကွယ်လွန်သူ မနေသက်သက်နွေးသည် ၂၀၁၂ ခုနှစ်က ထားဝယ်ခရိုင်ကျောင်းသားသမဂ္ဂဖွဲ့စည်းရန် ဆောင်ရွက်စဉ် အဓိကဦးဆောင်သူများအနက် ပါဝင်ခဲ့သူတဦးဖြစ်ကြောင်း လုပ်ဖော်ကိုင်ဖက် ကျောင်းသားဟောင်းများထံမှ သိရသည်။
မနေသက်သက်နွေးသည် ထားဝယ်တက္ကသိုလ်၊ ထားဝယ်နည်းပညာ (တက္ကသိုလ်)နှင့် ထားဝယ်ကွန်ပျူ တာ(တက္ကသိုလ်)စသည့် ကျောင်းသုံးကျောင်းကိုပေါင်းပြီး ကျောင်းသားသမဂ္ဂဖြစ်ပေါ်စေရန် ဦးဆောင်ခဲ့ သူ ဟုဆိုသည်။ ၎င်းနှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို ဆက်လက်ဖော်ပြနိုင်ရန် မဇ္ဈိမမှ စုံစမ်းနေဆဲဖြစ်သည်။
စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။စောဖေ
#ထားဝယ်ခရိုင်
#ကျောင်းသားသမဂ္ဂ
#မနေသက်သက်နွေး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
===================
ကိုရွှေမြိတ်
(မဇ္ဈိမ)။ ။ထားဝယ်ခရိုင်ကျောင်းသားသမဂ္ဂတည်ထောင်သူများအနက် တဦးအပါဝင်ဖြစ်သည့် မနေသက် သက်နွေး(ခ)ဘေးဘေးသည် ယနေ့ ဩဂုတ်လ ၇ ရက် နံနက်ပိုင်းက ကွန်လွန်ခဲ့ကြောင်း သတင်းရရှိသည်။
မြိတ်မြို့ရှိ ၎င်း၏ နေအိမ်လှေကားပေါ်မှ မတော်တဆပြုတ်ကျရာမှ ဦးခေါင်းတွင်ထိခိုက်ဒဏ်ရာရပြီး ကွယ်လွန်ခဲ့ခြင်းဖြစ်ကြောင်း မိသားစုနှင့်နီးစပ်သူများထံမှ သိရသည်။
မြိတ်မြို့တွင်နေထိုင်သည့် အသက် ၃၂ နှစ် အရွယ် မနေသက်သက်နွေး (ခ) ဘေးဘေးသည် ဦးခေါင်းတွင် ထိခိုက်ဒဏ်ရာရရှိခဲ့၍ ဆေးရုံသို့ပို့ဆောင်စဉ် ကွယ်လွန်သွားခဲ့ခြင်းဖြစ်ကြောင်း မိသားစုနှင့် နီးစပ်သူများ ကပြောသည်။
“ ဒီနေ့ပဲဆုံးသွားတာပါ။ အခု သူရဲ့နာရေးကို မြိတ်မြို့က တပ်ပြင်ရပ်က ခရူပင်ကျောင်းမှာ ပြုလုပ်ထား တယ်” ဟု နီးစပ်သူက ပြောသည်။
ကွယ်လွန်သူ မနေသက်သက်နွေးသည် ၂၀၁၂ ခုနှစ်က ထားဝယ်ခရိုင်ကျောင်းသားသမဂ္ဂဖွဲ့စည်းရန် ဆောင်ရွက်စဉ် အဓိကဦးဆောင်သူများအနက် ပါဝင်ခဲ့သူတဦးဖြစ်ကြောင်း လုပ်ဖော်ကိုင်ဖက် ကျောင်းသားဟောင်းများထံမှ သိရသည်။
မနေသက်သက်နွေးသည် ထားဝယ်တက္ကသိုလ်၊ ထားဝယ်နည်းပညာ (တက္ကသိုလ်)နှင့် ထားဝယ်ကွန်ပျူ တာ(တက္ကသိုလ်)စသည့် ကျောင်းသုံးကျောင်းကိုပေါင်းပြီး ကျောင်းသားသမဂ္ဂဖြစ်ပေါ်စေရန် ဦးဆောင်ခဲ့ သူ ဟုဆိုသည်။ ၎င်းနှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို ဆက်လက်ဖော်ပြနိုင်ရန် မဇ္ဈိမမှ စုံစမ်းနေဆဲဖြစ်သည်။
စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။စောဖေ
#ထားဝယ်ခရိုင်
#ကျောင်းသားသမဂ္ဂ
#မနေသက်သက်နွေး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢14👍4😁2🔥1
Kingmaker
=-=============
ကိုရီးယားနိုင်ငံ တောင်မြောက်ကွဲပြီးတဲ့ 1900 ခုနှစ်များမှာ တောင်ကိုရီးယားနိုင်ငံကို အာဏာရှင်စနစ်နဲ့ အုပ်ချုပ်ခဲ့ကြပါတယ်.. လုံခြုံရေးတင်းကျပ်မှ မြောက်ကိုရီးယားရန်ကို ကာကွယ်နိုင်မယ်ဆိုပြီးတော့ အရန်စစ်တပ်အများအပြားနဲ့အုပ်ချုပ်ခဲ့တဲ့ ကာလဆိုပါတော့
တရားမျှတသော ရွေးကောက်ပွဲကျင်းပတယ်ဆိုသော်ငြားလည်း အာဏာရထားတဲ့ ရီပဗ္ဗလစ်ကန်ပါတီသာဆက်တိုက်မဲနိုင်ပြီးအတိုက်အခံပါတီမှန်သမျှကို ပထုတ်ခဲ့ကတယ်..
အဲဒီလိုခေတ်ကာလမျိုးမှာ ဒီမိုကရေစီစနစ်ကျင့်သုံးချင်တဲ့နိုင်ငံရေးသမားလူငယ်လေး တွေ အလျှိုလျှိုပေါ်ထွက်လာပါတယ်..
ဒီထဲကမှ ကိုယ်စားလှယ်လောင်းတစ်ယောက်ကိုယုံကြည်ခဲ့တဲ့ ဆောချန်းဒယ်ဆိုတဲ့ မြောက်ပိုင်းလူငယ်လေးတစ်ယောက်ရှိခဲ့တယ်..
အပြစ်မရှိတဲ့ အရပ်သားတွေကို ကွန်မြူနစ်အသွင်ဖန်တီးပြီး သတ်ဖြတ်စေခဲ့လို့ ဖခင်ဖြစ်သူသေဆုံးမှုကို ကိုယ်တိုင်မြင်တွေ့ခဲ့ရတဲ့ ဒီလူငယ်လေးဟာသူယုံကြည်တဲ့မူဝါဒနဲ့ ရွေးကောက်ခံဖို့ပြင်ဆင်နေတဲ့ကိုယ်စားလှယ်လောင်းကို မီးကုန်ယမ်းကုန် ထောက်ပံ့ပေးခဲ့ပါတယ်..
ဝမ်းနည်းစရာကောင်းတဲ့အချက်က ဒီလူငယ်လေးကိုဘယ်သူကမှ မသိခဲ့ကြဘဲ လုပ်ပေးခဲ့သမျှတွေကိုလည်းဘယ်သူမှ မမြင်ခဲ့ကြတာပါပဲ အရိပ်လို့ နာမည်အတပ်ခံထားရတဲ့ လူငယ်လေးဟာအစွမ်းကုန်ကြိုးစားပြီး ထောက်ပံ့ခဲ့သော်ငြားသူယုံကြည်ရတဲ့သူရဲ့ ပထုတ်ခြင်းကိုခံလိုက်ရတဲ့အခါ....
နိုင်ငံရေးလောကရဲ့ ရှုပ်ထွေးပွေလီမှုများနဲ့အတူလူ့သဘော သဘာဝကိုပါ ကြည့်ရှုခံစားနိုင်မယ့်ကိုရီးယားနိုင်ငံရေးသမိုင်းဇာတ်လမ်းပဲ ဖြစ်ပါတယ် စောင့်မျှော်ကြည့်ရှုပေးကြပါဦး
ဒီဇာတ်ကားလေးကို Mizzima + Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။
Mizzima+ Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့ Mizzima TV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင်
App ဒေါင်းလော့လုပ်ရန် -
http://onelink.to/jnuwak
#New
ပြသမည့်ရက်။ ။ ၇.၈.၂၀၂၃
ပြသမည့် အချိန် ။ ။ မနက် (၁၀:၀၀)နာရီ
ပြန်လည်ပြသမည့်အချိန်။ ။ ည (၁၀:၃၀) နာရီ
(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။
https://bit.ly/2VhJ12U”

👍5😁2😢2
လက်ခတ်တောင်စခန်းကို မလိုအပ်သဖြင့် စွန့်ပစ်မှသာ စစ်ကောင်စီ ပြန်ရမည်ဟု NUG ကာကွယ်ရေး ဒုအတွင်းဝန် ပြော
👍12👏6😁4
လက်ခတ်တောင်စခန်းကို မလိုအပ်သဖြင့် စွန့်ပစ်မှသာ စစ်ကောင်စီ ပြန်ရမည်ဟု NUG ကာကွယ်ရေး ဒုအတွင်းဝန် ပြော
===================
လက်ခတ်တောင်စခန်းကို မလိုအပ်သဖြင့် စွန့်ပစ်မှသာ စစ်ကောင်စီ ပြန်ရမည်ဟု NUG ကာကွယ်ရေး ဒုအတွင်းဝန် ဦးမောင်မောင်ဆွေက ပြောသည်။
စစ်ကောင်စီ၏ အရေးပါသည့် စခန်းတစ်ခုဖြစ်သည့် လက်ခတ် တောင် စခန်းအား မဟာမိတ် ပူးပေါင်းအဖွဲ့များက ဇူလိုင် ၂၀ ရက်တွင် စတင်တိုက်ခိုက်ခဲ့ပြီး ၂၁ ရက်တွင် သိမ်းပိုက်နိုင်ခဲ့သည်။
စခန်းကို ပြန်လည်ရရှိရန် စစ်ကောင်စီက အင်အားသုံးထိုးစစ်ဆင် နေသော်လည်း ၁၅ ရက်ကျော်ကြာသည်အထိ ပြန်မသိမ်းနိုင်သည့်အပြင် တောင်ခြေနားတောင်မကပ်နိုင်သေးဟု ဦးမောင်မောင်ဆွေက ပြောသည်။
" ကျွန်တော်တို့ သိမ်းပိုက်နိုင်ပြီးတော့ အစောင့်အနည်းငယ်နဲ့ ချထားတဲ့ အဲ့ဒီစခန်းကို စစ်ကောင်စီရဲ့ လက်အောက်ခံ တပ်ရင်း တပ်ဖွဲ့တွေက အများကြီး အုံလိုက်ကျင်းလိုက်နဲ့ ဝိုင်းပြီးတော့ အခု တိုက်ခိုက်နေပါတယ်။ လက်နက်ကြီးတွေ လေကြောင်းပစ်ကူတွေနဲ့ တိုက်ခိုက်နေပေမယ့်လည်း ၁၅ ရက် ဒီနေ့နဲ့ဆို ၁၆ ရက်တာ ကာလကို ရောက်နေပြီ။ တောင်ခြေကိုတောင် ကပ်နိုင်ခြင်း မရှိသေးပါဘူး။ ဒါက ဘာကိုပြနေလဲဆိုတဲ့အခါကျတော့ လက်ခတ် တောင်မှ မဟုတ်ပါဘူး။
တနိုင်ငံလုံးမှာ စိတ်ဓာတ်ရေးရာအရ အောက်ဆုံးမှာ ရောက်နေတဲ့ တိုက်လိုခိုက်လိုစိတ်မရှိဘဲနဲ့ ပြေးပေါက်ကိုသာ ရှာနေတဲ့ စစ်ကောင်စီတပ်သားတွေရဲ့ အခြေအနေကို ဒီတိုက်ပွဲက မီးမောင်းထိုးပြနေပါတယ်။ ဒီစခန်းအနေနဲ့လည်း ကျွန်တော်တို့ ပြည်သူ့ကာကွယ်ရေး တပ်မတော်သားတွေ မဟာမိတ် တော်လှန်ရေး အင်အားစု တွေက မလိုအပ်တော့လို့ စွန့်မှပဲ သူတို့ပြန်ပြီးတော့ ထိန်းသိမ်းနိုင်မယ့် သဘောရှိပါတယ်" ဟု ဦးမောင်မောင်ဆွေက ပြောသည်။
ယင်းစခန်းကုန်းမှ စစ်ကောင်စီတပ်သားများ ဆုတ်ခွာ ထွက်ပြေးချိန်တွင် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက လက်နက်ခဲယမ်းများ သိမ်းပိုက်နိုင်ခဲ့သည်။
ပုံစာ- လက်ခတ်တောင်စခန်းကုန်းမှ ရရှိသည့် ပစ္စည်းများနှင့် မဟာမိတ်ပူးပေါင်းအဖွဲ့များကို တွေ့ရစဉ်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
===================
လက်ခတ်တောင်စခန်းကို မလိုအပ်သဖြင့် စွန့်ပစ်မှသာ စစ်ကောင်စီ ပြန်ရမည်ဟု NUG ကာကွယ်ရေး ဒုအတွင်းဝန် ဦးမောင်မောင်ဆွေက ပြောသည်။
စစ်ကောင်စီ၏ အရေးပါသည့် စခန်းတစ်ခုဖြစ်သည့် လက်ခတ် တောင် စခန်းအား မဟာမိတ် ပူးပေါင်းအဖွဲ့များက ဇူလိုင် ၂၀ ရက်တွင် စတင်တိုက်ခိုက်ခဲ့ပြီး ၂၁ ရက်တွင် သိမ်းပိုက်နိုင်ခဲ့သည်။
စခန်းကို ပြန်လည်ရရှိရန် စစ်ကောင်စီက အင်အားသုံးထိုးစစ်ဆင် နေသော်လည်း ၁၅ ရက်ကျော်ကြာသည်အထိ ပြန်မသိမ်းနိုင်သည့်အပြင် တောင်ခြေနားတောင်မကပ်နိုင်သေးဟု ဦးမောင်မောင်ဆွေက ပြောသည်။
" ကျွန်တော်တို့ သိမ်းပိုက်နိုင်ပြီးတော့ အစောင့်အနည်းငယ်နဲ့ ချထားတဲ့ အဲ့ဒီစခန်းကို စစ်ကောင်စီရဲ့ လက်အောက်ခံ တပ်ရင်း တပ်ဖွဲ့တွေက အများကြီး အုံလိုက်ကျင်းလိုက်နဲ့ ဝိုင်းပြီးတော့ အခု တိုက်ခိုက်နေပါတယ်။ လက်နက်ကြီးတွေ လေကြောင်းပစ်ကူတွေနဲ့ တိုက်ခိုက်နေပေမယ့်လည်း ၁၅ ရက် ဒီနေ့နဲ့ဆို ၁၆ ရက်တာ ကာလကို ရောက်နေပြီ။ တောင်ခြေကိုတောင် ကပ်နိုင်ခြင်း မရှိသေးပါဘူး။ ဒါက ဘာကိုပြနေလဲဆိုတဲ့အခါကျတော့ လက်ခတ် တောင်မှ မဟုတ်ပါဘူး။
တနိုင်ငံလုံးမှာ စိတ်ဓာတ်ရေးရာအရ အောက်ဆုံးမှာ ရောက်နေတဲ့ တိုက်လိုခိုက်လိုစိတ်မရှိဘဲနဲ့ ပြေးပေါက်ကိုသာ ရှာနေတဲ့ စစ်ကောင်စီတပ်သားတွေရဲ့ အခြေအနေကို ဒီတိုက်ပွဲက မီးမောင်းထိုးပြနေပါတယ်။ ဒီစခန်းအနေနဲ့လည်း ကျွန်တော်တို့ ပြည်သူ့ကာကွယ်ရေး တပ်မတော်သားတွေ မဟာမိတ် တော်လှန်ရေး အင်အားစု တွေက မလိုအပ်တော့လို့ စွန့်မှပဲ သူတို့ပြန်ပြီးတော့ ထိန်းသိမ်းနိုင်မယ့် သဘောရှိပါတယ်" ဟု ဦးမောင်မောင်ဆွေက ပြောသည်။
ယင်းစခန်းကုန်းမှ စစ်ကောင်စီတပ်သားများ ဆုတ်ခွာ ထွက်ပြေးချိန်တွင် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက လက်နက်ခဲယမ်းများ သိမ်းပိုက်နိုင်ခဲ့သည်။
ပုံစာ- လက်ခတ်တောင်စခန်းကုန်းမှ ရရှိသည့် ပစ္စည်းများနှင့် မဟာမိတ်ပူးပေါင်းအဖွဲ့များကို တွေ့ရစဉ်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👏13👍8😁4
ကမ္ဘောဒီးယားဘုရင်က ဟွန်ဆန်၏ သားကို ဝန်ကြီးချုပ်သစ်အဖြစ် ခန့်အပ်
=====================
ဇူလိုင်လ ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရပြီးနောက် ရက်ပိုင်းအကြာတွင် ကမ္ဘာ့သက်တမ်းအကြာဆုံး ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဟွန်ဆန်က ၎င်းအနေဖြင့် ဝန်ကြီးချုပ်ရာထူးမှ ဆင်းတော့မည် ဖြစ်ကြောင်းနှင့် အကြီးဆုံးသားဖြစ်သူထံ ရာထူးအာဏာလွှဲပေးမည် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
=====================
ဇူလိုင်လ ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရပြီးနောက် ရက်ပိုင်းအကြာတွင် ကမ္ဘာ့သက်တမ်းအကြာဆုံး ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဟွန်ဆန်က ၎င်းအနေဖြင့် ဝန်ကြီးချုပ်ရာထူးမှ ဆင်းတော့မည် ဖြစ်ကြောင်းနှင့် အကြီးဆုံးသားဖြစ်သူထံ ရာထူးအာဏာလွှဲပေးမည် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤣8👍4😁1
စကစအဖွဲ့ဝင်များနှင့် သတ္ထုတွင်းလုပ်ငန်းကို ဆွစ်ဇာလန်က ဒဏ်ခတ်အရေးယူ | Business Round Up (7.8.2023)
====================
- စစ်ကောင်စီလက်ထက် တရုတ်နှင့် တရားမဝင်ကုန်သွယ်မှု အမေရိကန်ဒေါ်လာ ၁၇ ဘီလီယံနီးပါးရှိခဲ့
- စစ်ကောင်စီအဖွဲ့ဝင်တွေများနှင့် သတ္ထုတွင်းလုပ်ငန်းကို ဆွစ်ဇာလန်နိုင်ငံက ဒဏ်ခတ်အရေးယူ
- ပေါ်ဆန်းတစ်အိတ် အနည်းဆုံး ၉၄,၀၀၀ ကျပ်ဖြင့် ရောင်းပေးမည်ဟု ဆန်စပါးအသင်းချုပ်ပြော
- ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ (GDP)ဒေါ်လာ ၁ဒဿမ ၅၇၇ ထရီလျံ ရှိလာမယ်လို့ ခန့်မှန်း
https://youtu.be/d_66Wq-tvh8
#BusinessRoundUp
#mizzimatv

- ပေါ်ဆန်းတစ်အိတ် အနည်းဆုံး ် ၉၄,၀၀၀ ကျပ်ဖြင့် ရောင်းပေးမည်ဟု ဆန်စပါးအသင်းချုပ်ပြော…

👍10👏3😁2🔥1