Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ရန်ကုန်မြို့လယ်တွင် "၈၈၈၈ အရေးတော်ပုံ" ထီးအနီရောင် လှုပ်ရှားမှုပြုလုပ်
👍14❤9🔥1😁1
ရန်ကုန်မြို့လယ်တွင် "၈၈၈၈ အရေးတော်ပုံ" ထီးအနီရောင် လှုပ်ရှားမှုပြုလုပ်
================

ဂန္ဒမာ

(မဇ္ဈိမ)။  ။ ၃၅ နှစ်မြောက် "၈၈၈၈" အရေးတော်ပုံ အထိမ်းအမှတ်အနေဖြင့် ရန်ကုန်မြို့လယ်တွင် ရန်ကုန်လူထုသပိတ်က ထီးအနီရောင် လှုပ်ရှားမှု ပြုလုပ်ကြကြောင်း သိရသည်။

အဆိုပါလှုပ်ရှားမှုတွင်” '၈' ဂဏန်းနှင့် 'တော်လှန်မီးတောက်တွေ လောင်ကျွမ်းနေတုန်းဘဲ' "စာတန်းပါ ထီးများဖြင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်ကြခြင်း ဖြစ်သည်။

" ရှစ်လေးလုံး အရေးတော်ပုံကြီးသည် လူထုလူတန်းစားတစ်ရပ်လုံး ဆန့်ကျင်တော်လှန်ခဲ့ကြခြင်းဖြစ်သလို ယခု ၂၀၂၁ နွေဦးတော်လှန်ရေးသည်လည်း စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ် ရှင်းလင်းရမည့် လူထုလူတန်းစားတစ်ရပ်လုံး၏ အဆုံးသတ်တိုက်ပွဲဖြစ်သည်" ဟုလည်း လှုပ်ရှားမှုနှင့်ပတ်သက်၍ ရန်ကုန်လူထုသပိတ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထီးအနီရောင် လှုပ်ရှားမှုအား နေရာဒေသမရွေးတွင်နေထိုင်ကြသော တောင်ပေါ်မြေပြန့် သွေးချင်းအားလုံး ပူးပေါင်းပါဝင်နိုင်ကြောင်း ဖိတ်ခေါ်ထားပြီး မှတ်တမ်းဓာတ်ပုံများကိုလည်း ရန်ကုန်လူထုသပိတ်၏ လူမှုကွန်ရက်စာမျက်နှာ သို့မဟုတ် သတင်းမီဒီယာဌာနများသို့ ပေးပို့ကာ ပါဝင်နိုင်ကြောင်းလည်း ဆိုသည်။

ယမန်နှစ်ကလည်း ရန်ကုန်မြို့ရှိ အထင်ကရ နေရာများတွင် "၈၈၈၈" ထီးသပိတ် ပြုလုပ်ခဲ့ဖူးပြီး ရန်ကုန်လူထုသပိတ်က ပြုလုပ်သော ထီးသပိတ်ကို ကမ္ဘာနိုင်ငံတစ်ဝန်းမှ ပူးပေါင်းပါဝင်ခဲ့ကြသည်။

စာတည်း။   ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။ သန့်ဇော်(သန်လျင်)

#ရန်ကုန်မြို့
#ထီးသပိတ်
#၈၈၈၈

ပုံအညွှန်း-"၈၈၈၈" အရေးတော်ပုံ ထီးအနီရောင်လှုပ်ရှားမှု။(ဓာတ်ပုံ-Yangon People’s Strike)

--------------------- 
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍18❤6😁3
စစ်ကောင်စီ ပြုသမျှ နုနေရတဲ့ Non – CDM တွေ
===============

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စစ်ကောင်စီက တရားမဝင် အာဏာသိမ်းပြီးတဲ့ နောက်ပိုင်း စစ်ကောင်စီကို ဆန့်ကျင်တဲ့ ပြည်သူတွေကြားမှာ အကြမ်းမဖက် အာဏာဖီဆန်ရေး (CDM) ဆိုတဲ့ စကားလုံး စတင် တွင်ကျယ် ခဲ့ပြီး ဆန္ဒထုတ်ဖော်ပွဲတွေမှာ လက်သုံးချောင်းထောင် ဆန္ဒပြခဲ့တာ အများအသိ ဖြစ်ပါတယ်။

လက်သုံးချောင်းထောင်ပြီး စစ်ကောင်စီရဲ့ အာဏာကို ဖီဆန် ဆန့်ကျင်တဲ့သူတွေထဲမှာ ပထမဆုံး ထင်ထင်ရှားရှား ရှိသူကတော့ အားလုံး သိကြတဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းပဲ ဖြစ်ပါတယ်။
စစ်ကောင်စီ အာဏာသိမ်းပြီးတဲ့နောက်မှာ သံအမတ်ကြီး ဦးကျော်မိုးထွန်း လက်သုံးချောင်း မထောင်ခင် ကတည်းက ရှေ့နေတွေ၊ ဆရာဝန်တွေ၊ သူနာပြုတွေ၊ ပညာရေးဝန်ထမ်းတွေ၊ မီးရထား ဝန်ထမ်းတွေ အပါအဝင် ဌာနပေါင်းစုံက အရာထမ်းနဲ့ ဝန်ထမ်းတွေဟာ အကြမ်းမဖက်အာဏာဖီဆန်ပြီး CDM လုပ်ခဲ့ကြပါတယ်။

https://youtu.be/gKBq1dCIh6U

#Newsfeature
#Mizzima
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍16😁3😢1
အနုမြူသတ္တိကြွရေတွေပြန်သန့်စင်မှုအစီအစဉ်ကြောင့် ကုန်သွယ်ရေးထိခိုက် | VOA On Mizzima
==================

ဂျပန်နိုင်ငံ Fukushima မြို့က အနုမြူသတ္တိကြွဓာတ်သင့်ခဲ့တဲ့ရေတွေကို ပြန်သန့်စင်ပြီး သဘာဝရေစီးထဲ ပြန်သွင်းမယ့်အစီအစဉ်အပေါ် စိုးရိမ်တဲ့ တရုတ်အစိုးရက ဂျပန်ပင်လယ်စာတွေ တရုတ်နိုင်ငံထဲ တင်သွင်းမှုကို အထူးတင်းကြပ်နေပါတယ်။ ပင်လယ်စာအချိန်မီမသွင်းနိုင်လို့ ဘေကျင်းမြို့တော်က ဂျပန်စားသောက်ဆိုင်တွေ အခက်ကြုံနေတဲ့အပြင် ဂျပန်အစားအစာတွေကို လူမှုကွန်ယက်မှာ သပိတ်မှောက်မှုနဲ့လည်း ကြုံနေရတာပါ။ ရိုက်တာသတင်းဆောင်းပါးတပုဒ်ကို မအိသန့်စင် တင်ဆက်ထားပါတယ်။

https://youtu.be/XOv-mjYgr_o

#မဇ္ဈိမအတွက်ဗွီအိုအေ
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7😁2🔥1
​​High Society
==========

ဒီတစ်ခေါက်မှာတော့ High Society ဆိုတဲ့ ကိုရီးယားဇာတ်ကားကို တင်ဆက်ပေးလိုက်ပါတယ်..ဂျန်ထယ်ဂျွန်းဆိုသူကတော့ တက္ကသိုလ်ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်နေသူပါ၊၊ဇနီးဖြစ်သူကတော့ ပြခန်းမှာဒုဒါရိုက်တာအဖြစ်တာဝန်ယူထားတဲ့သူ၊...

တစ်ရက်မှာတော့ ဂျန်ထယ်ဂျွန်းတစ်ယောက် နိုင်ငံရေးလောကထဲဝင်ဖို့အခွင့်အရေးပေါ်လာပါတယ်...ဇနီးဖြစ်သူဟာလည်း ပြခန်းမှာဒါရိုက်တာရာထူးတိုးဖို့အားလုံး အဆင်သင့်ဖြစ်နေတဲ့အချိန်..
သူတို့ဟာ အသုံးချခံသက်သက်ပဲဆိုတာ သိလိုက်ရတဲ့အခါ....

လောကမှာ ငွေဆိုတာအရေးပါတဲ့အရာပါပဲ...လူလတ်တန်းစားဖြစ်တဲ့ ထိုဇနီးမောင်နှံနှစ်ယောက်ဟာဒီကျော်ကြားမှု အောင်မြင်မှုဒဏ်ကို မခံနိုင်ကြပေမဲ့နောက်ဆုံးမှာ အရှုပ်ဇာတ်လမ်းတွေကိုဘယ်လိုဖော်ထုတ်ကြမှာလဲ???

စိတ်ဝင်တစားကြည့်ရှုရမယ့် ဇာတ်ကားကောင်းပဲဖြစ်ပါတယ်..
ဒီဇာတ်ကားလေးကို Mizzima + Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။

Mizzima+ Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့ Mizzima TV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင်

App ဒေါင်းလော့လုပ်ရန် - http://onelink.to/jnuwak

#New ပြသမည့်ရက်။ ။ ၈.၈.၂၀၂၃
ပြသမည့် အချိန် ။ ။ မနက် (၁၀:၀၀)နာရီ
ပြန်လည်ပြသမည့်အချိန်။ ။ ည (၁၀:၃၀) နာရီ

(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U”
👍8🔥1😁1
​​ဘုတလင်မြိို့မီးသတ်ဌာနဦးစီးမှူးနှင့် ဝန်ထမ်းများအပါအဝင် ၁၈ဦးကို ပကဖ ဖမ်းဆီးထိန်းသိမ်း
=======================

ရွှေနွယ်
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့မှ မီးသတ်ဦးစီးဌာနရုံးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယမန်နေ့ ဩဂုတ်လ ၇ ရက်နေ့ ညနေ ၃နာရီခန့်တွင် ဝင်ရောက်ပြီး Non CDM ဝန်ထမ်းများနှင့်မိသားစုဝင်များအပါအဝင် စုစုပေါင်း၁၈ ဦးကို ထိန်းသိမ်းလိုက်သည်။

ထိုဖြစ်စဉ်တွင် မီးသတ်ဦးစီးမှူး၊လက်ထောက်ဦးစီး၊ဝန်ထမ်းအချို့နှင့်မိသားစုဝင်အချို့အပါအဝင် ၁၈ဦး ထိန်းသိမ်းခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးကပြောသည်။

"လူ့အခွင့်အရေးနဲ့အညီထိန်းသိမ်းထားပါတယ်။ လက်ရှိမှာ အားလုံးဘေးကင်းရာမှာရှိနေပါတယ်"ဟု အဆိုပါပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်က ယနေ့ ပြောသည်။

မီးသတ်ဌာန Non CDM ဝန်ထမ်းများအား ဖမ်းဆီးခဲ့သည့် ယခုအစီအစဉ်ကို ဘုတလင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့်ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့အချို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ မီးသတ်ကားနှစ်စီးကိုလည်း ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ယူဆောင်လာခဲ့သည်။ ဖမ်းဆီးထားသူများအား ယခုအခါ လုံခြုံသည့်နေရာတွင်ထားရှိပြီး မိသားစုဝင်များနှင့်လည်း ဖုန်းဆက်သွယ်ခွင့်ပြုထားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ကပြောသည်။

အဆိုပါ Non CDM ဝန်ထမ်းများကို ပကဖက ဖမ်းဆီး‌ခေါ်ဆောင်သွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မီးသတ်ရုံးသို့ ရောက်လာခဲ့ပြီး အနီးအနားမှပြည်သူအချို့ကိုဖမ်းဆီးသွားသည်ဟု သိရသည်။ စစ်ကောင်စီက ဖမ်းဆီးသွားသူအရေအတွက်နှင့် အသေးစိတ်အခြေအနေကို မသိရသေးပေ။ ဘုတလင်မြို့ မီးသတ်ဦးစီးဌာနရုံးတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက်ို ယခင်ကလည်း ဒေသတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့များက နှစ် ကြိမ်တိုက်ခိုက်ခဲ့ဖူးသည်။

ဘုတလင်မြို့နယ်သည် ဒီပဲယင်း၊ကနီ၊ရွှေဘို၊ ဝက်လက်မြို့တို့နှင့် နယ်နိမိတ်ခြင်းထိစပ်နေသည်။ အဆိုပါဒေသများတွင် စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုးဝင်ရောက်မှု၊ မီးရှို့ဖျက်ဆီးမှုနှင့် ဖမ်းဆီးသတ်ဖြတ်မှုများ မကြာခဏကြုံတွေ့နေရပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့်လည်း စစ်ရေးတင်းမာနေသည်။ပြီးခဲ့သည့် ဇူလိုင်လ ၂၈ ရက်နေ့ကလည်း ဘုတလင်မြို့နယ် ညောင်ကန်ကျေးရွာရှိ မြို့နယ်ကျောင်းသားများသမဂ္ဂအဖွဲ့ချုပ်ရုံးကို စစ်ကောင်စီတပ်က စီးနင်းတိုက်ခိုက်ခဲ့ပြီး ဗကသဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌအပါအဝင်ရှစ်ဦးကို သတ်ဖြတ်သွားခဲ့သည်။

စာတည်း - မောင်ကြီး

#mizzima
#ဘုတလင်မြို့
#မီးသတ်ဦးစီးဌာန
#ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

Photo - ဘုတလင်မြို့၊မီးသတ်ဦးစီးဌာနရုံး(ပုံဟောင်း)
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍17❤4👏3🔥2😢2
သြဂုတ်လ ၈ ရက်နေ့ မနက်ပိုင်း ၁၁ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
======================

https://youtu.be/gmPX_XWNVAA

-----------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍15🔥2
This media is not supported in your browser
VIEW IN TELEGRAM
Aug - 8 [ 12 Pm ] Mizzima News Hour

Mizzima Headline News

#12pmnews #mizzimanewshour #reels #shorts
👍2🍌1🖕1
အာဆီယံနိုင်ငံများရဲ့စစ်ရေးလေ့ကျင့်ရေးအစည်းအဝေးကို နိုင်ငံပေါင်း (၁၁) နိုင်ငံတတ်ရောက်ခဲ့
======================

ဝေဖန်မှုတွေမြင့်တတ်နေတဲ့ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပတဲ့ အာဆီယံနိုင်ငံများနဲ့ ဆွေးနွေးဖက်နိုင်ငံများရဲ့ အကြမ်းဖက်မှု တန်ပြန်တိုက်ခိုက်ရေး စားပွဲတင်လေ့ကျင့်ခန်းအစည်းအဝေးကို ရုရှား၊ တရုတ် နဲ့ အိန္ဒိယနိုင်ငံတို့အပါအဝင် နိုင်ငံပေါင်း ၁၁ နိုင်ငံ ပူးပေါင်းပါဝင်ခဲ့ကြောင်းသိရပါတယ်။

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပတဲ့ အဆိုပါစစ်ရေး လေ့ကျင့်ခန်းကို အာဆီယံအဖွဲ့ဝင်နိုင်ငံ အများစုတက်ရောက်ခဲ့ပေမယ့် စင်ကာပူနိုင်ငံပါဝင်ခဲ့ခြင်း မရှိကြောင်း သိရပါတယ်။

အဆိုပါအကြမ်းဖက်မှုတန်ပြန်တိုက်ခိုက်ရေး ပူးတွဲလေ့ကျင့်ခန်းအစီအစဉ်ကို မြန်မာ၊ ရုရှား၊ တရုတ်၊ အိန္ဒိယ၊ ကမ္ဘောဒီးယား၊ ဘရူးနိုင်း၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ ထိုင်း၊ ဖိလစ်ပိုင်နိုင်ငံတို့က စစ်ဘက်ဆိုင်ရာတာဝန်ရှိသူများတက်ရောက်ခဲ့ကြောင်း သိရပါတယ်။

ဒါ့အပြင် အမေရိကန်၊ ဂျပန်၊ သြစတြေးလျ၊ နယူးဇီလန်နိုင်ငံတို့ အပါအဝင် အာဆီယံအဖွဲ့ရဲ့ဆွေးနွေးမှု မိတ်ဖက် နိုင်ငံအချို့ ပူးပေါင်းတက်ရောက်ခဲ့ခြင်းမရှိကြောင်း သိရပါတယ်။

အဆိုပါစားပွဲတင် လေ့ကျင့်ခန်း tabletop exercise ကို မြန်မာနိုင်ငံ နေပြည်တော်မှာ သြဂုတ် ၂ ရက်ကနေ ၄ ရက်အထိ ကျင်းပခဲ့တာဖြစ်ကြောင်း သိရပါတယ်။

ရုရှားနိုင်ငံဟာ လာမယ့်လမှာ အာဆီယံနိုင်ငံများနဲ့ ဆွေးနွေးဖက်နိုင်ငံများရဲ့ အကြမ်းဖက်မှုတန်ပြန်တိုက်ခိုက်ရေးလေ့ကျင့်ခန်းကို အိမ်ရှင်အဖြစ် ထပ်မံကျင်းပမှာဖြစ်ကြောင်း သိရပါတယ်။

ရုရှားနိုင်ငံမှာ ကျင်းပမယ့် လေ့ကျင့်ခန်းအတွင်း မြေပြင်စစ်ရေးလေ့ကျင့်ခန်းအစီအစဉ်များကို အဓိကထား လုပ်ဆောင်သွားဖွယ်ရှိနေကြောင်း သိရပါတယ်။

ADMM ဆိုတာ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့ ကာကွယ်ရေးဝန်ကြီးတွေနဲ့ ဖွဲ့စည်းထားတဲ့ အာဆီယံ ကာကွယ်ရေးကဏ္ဍအတွင်း အမြင့်ဆုံး အဖွဲ့အစည်းဖြစ်ပြီး၊ ADMM-Plus ကတော့ မိတ်ဖက် နိုင်ငံတွေဖြစ်တဲ့ သြစတြေးလျ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ တောင်ကိုရီးယား၊ နယူးဇီလန်၊ ရုရှားနဲ့ အမေရိကန်နိုင်ငံတို့က ကာကွယ်ရေးဝန်ကြီးတွေ ပါဝင်ပါတယ်။

ADMM ရဲ့ အဓိကရည်ရွယ်ချက်ကတော့ အာဆီယံရဲ့ မဏ္ဍိုင်သုံးရပ်ထဲက တစ်ခုဖြစ်တဲ့ “အာဆီယံ လုံခြုံရေး အသိုက်အဝန်း “ ကို အကောင်အထည် ဖော်ဖို့ ဖြစ်ပါတယ်။

ADMM ရဲ့ ကျွမ်းကျင်ပညာရှင် အလုပ်အဖွဲ့ ၇ ဖွဲ့ရဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေးမှာ လက်ရှိပူးတွဲဥက္ကဋ္ဌ တွေက အကြမ်းဖက် မြန်မာစစ်တပ်နဲ့ ရုရှားနိုင်ငံက တာဝန်ယူထားတာဖြစ်ပါတယ်။

စစ်ရေးအဆင့်မှာ အာဆီယံကာကွယ်ရေး ဦးစီးချုပ်တွေ၊ တပ်မှူးတွေ၊ လေတပ်အကြီးအကဲတွေ၊ ရေတပ်အကြီးအကဲတွေ၊ စစ်တပ်ထောက်လှမ်းရေး အကြီးအကဲတွေ ပါဝင်တဲ့ အစည်းအဝေးတွေ စီစဉ်ကျင်းပပါတယ်။

အာဆီယံရဲ့ အခြားအစည်းအဝေးတွေမှာ စစ်ကောင်စီ ကိုယ်စားပြုမှုတွေကို ချန်လှပ်ထားပေမယ့်လည်း ADMM ကတော့ အကြမ်းဖက် မြန်မာစစ်ကောင်စီအပေါ် တရားဝင်မှုနဲ့ ပံ့ပိုးမှုတွေ အစဉ်တစိုက် ပေးအပ်နေတာ ဖြစ်တယ်လို့ Justice For Myanmar က ဆိုပါတယ်။

ADMM အစည်းအဝေးတွင် စစ်အုပ်စုကို ပါဝင်တက်ရောက်ခွင့်ပြုခြင်းဟာ အာဆီယံအနေဖြင့် စစ်အုပ်စုကို ပံ့ပိုးကူညီမှုနှင့် တရားဝင်မှု ပေးနေခြင်းသာ ဖြစ်ပြီး၊ ဒါဟာ စစ်အုပ်စုရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေထဲမှာ ကြံရာပါအဖြစ် ရောက်ရှိသွားမှာဖြစ်သလို၊ နိုင်ငံတစ်ဝှမ်း အကြမ်းဖက် တိုက်ခိုက်မှု ကျူးလွန်နေတဲ့ စစ်အုပ်စုကို ပိုမိုရဲတင်းစွာဖြင့် ကျူးလွန်နိုင်စေဖို့ အားပေးအားမြှောက် ပြုရာလည်း ရောက်လိမ့်မယ် လို့ အိတ်ဖွင့်ပေးစာထဲမှာ သတိပေးထားပါတယ်။

ADMM အလုပ်အဖွဲ့ဟာ စစ်အုပ်စုရဲ့ ဝါဒဖြန့်ချိရေး ရည်ရွယ်ချက်တွေအတွက် အသုံးချခံ ဖြစ်နေပြီး၊ စစ်အုပ်စုဟာ တရားဝင် အမျိုးသားညီညွတ်ရေး အစိုးရ (NUG)၊ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ (PDFs) နဲ့ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းတွေကို တိုက်ခိုက်ဖို့အတွက် ဒေသတွင်း အကူအညီရယူဖို့ ADMM အလုပ်အဖွဲ့ကို အသုံးချနေတယ်လို့ JFM က ဆိုထားပါတယ်။

https://youtu.be/zsxPfpcj_9I

#politicalnews
#newsfeature
#mizzima
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
❤7👍5😁3👏1🤬1
သြဂုတ်လ (၈)ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်
====================

01:02− ဘုတလင်မြိို့မီးသတ်ဌာနရုံးက ဦးစီးမှူးအပါအဝင် ၁၈ဦးကို မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးထိန်းသိမ်းတဲ့သတင်း

02:13− စစ်ကောင်စီကလက်ခံကျင်းပတဲ့ အာဆီယံနိုင်ငံများရဲ့စစ်ရေးလေ့ကျင့်ရေး အစည်းအဝေးကို နိုင်ငံပေါင်း၁၁ နိုင်ငံတတ်ရောက်ကြတဲ့သတင်း

05:14− မကြာမီမှာ ထိုးစစ်ကာလရောက်ရှိလာတော့မယ်လို့ NUG ကာကွယ်ရေး ဒုတိယအတွင်းဝန်ပြောတဲ့သတင်းနဲ့

06:38− ဒီကနေ့ရဲ့ ရန်ကုန်မြို့က ၈၈၈၈ လူထုလှုပ်ရှားမှုသတင်းတွေ အပါအဝင် တခြား အရေးကြီးသတင်းတွေ စိတ်ဝင်စားဖွယ်သတင်းတွေ နဲ့ ဒီကနေ့အတွက် ငွေလဲနှုန်းနဲ့ကုန်စျေးနှုန်း တွေကိုလည်း တင်ဆက်ပေးသွားမှာပါ။

https://youtu.be/jrnt41hpDQM

Photo - CJ
#12pmnews
#Mizzimanewshour
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍6🍌2
ရှမ်း၊ ကချင်၊ ကရင်ပြည်နယ်အပါအဝင် နိုင်ငံတစ်ဝန်း တိုက်ပွဲပြင်းထန်နေ
=====================

ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်းနဲ့ တနင်္သာရီတိုင်းတို့မှာ စစ်ကောင်စီတပ်က လက်တလော ထိုးစစ်ဆင်နေမှုတွေပြုလုပ်လာတာကြောင့် နိုင်ငံတစ်ဝန်း တိုက်ပွဲများပြင်းထန်နေပါတယ်။

စစ်ကောင်စီတပ်တွေ အပြင်းအထန် စစ်ကြောင်းဆင်တိုက်ခိုက်နေတဲ့ ရှမ်း-ကယားဒေသ ဒီးမော့ဆိုနဲ့ဖယ်ခုံမှာ ရက်ရှည်တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ သိရပြီး တိုက်ပွဲတွေအတွင်းမှာ လက်နက်ကြီးနဲ့ လေကြောင်းအသုံးပြုကာ ဦးတည်ရာမရှိ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ရွာသူရွာသားတွေ ဘေးလွတ်ရာ ဒေသတွေဆီ တိမ်းရှောင်နေကြရပါတယ်။လက်နက်ကိုင်တော်လှန်ရေးအားကောင်းတဲ့ဒေသတွေမှာ စစ်ကောင်စီတပ်တွေက အပြင်းအထန် စစ်ကြောင်းဆင် တိုက်ခိုက်နေတာလည်းဖြစ်ပါတယ်။

ဒါကြောင့် ရှမ်း-ကယားဒေသ နေရာအနှံ့မှာ ကရင်နီပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တွေအကြား ခုချိန်ထိ ကြိုကြားကြိုကြား နှစ်ဖက်ပစ်ခတ်မှုတွေ ဆက်လက် ဖြစ်ပွားနေတာပါ။

အလားတူ ရှမ်း-ကယားနယ်စပ်က ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် စက်တော်ရာကျေးရွာ ခေါင်းအိကျေးရွာဘက်မှာလည်း နှစ်ဖက် ပစ်ခတ်သံတွေ နေ့စဉ်နဲ့အမျှ ကြားနေရတဲ့အကြောင်း အနီးအနားမှာ တိမ်းရှောင်နေတဲ့ ရွာခံအမျိုးသမီးတဦးက ပြောပါတယ်။

ဒါ့အပြင် ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ်၊ ဟိုင်းဆန်အုပ်စု၊ ခိုင်းဖက်နမ်ကျေးရွာအနီးမှာ ဩဂုတ် ၆ ရက် မနက် ၆ နာရီကစလို့ စစ်ကောင်စီတပ်နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) တို့အကြား တိုက်ပွဲပြင်းထန်နေပါတယ်။

အင်အား ၇၀ ကျော်ပါတဲ့ စစ်ကောင်စီတပ်ဟာ ဩဂုတ် ၄ ရက်နေ့နဲ့ ၅ ရက်နေ့တွေမှာ ခိုင်းဖက်နမ်ကျေးရွာအနီး တပ်စွဲထားတဲ့ SSPP တပ်စခန်းကို လက်နက်ကြီး၊ လက်နက်ငယ်တွေ အဆက်မပြတ်ပစ်ခတ်ခဲ့ပြီး သြဂုတ်လ ၆ ရက်နေ့ မနက်မှာ ထိုးစစ်ဆင်လာတာဖြစ်ပါတယ်။

ယခုအချိန်ထိ ၎င်းဒေသအတွင်းတွင် နှစ်ဖက် စစ်ရေးတင်းမာလျက်ရှိပြီး တိုက်ပွဲထပ်ဖြစ်နိုင်ချေရှိကြောင်းလည်း SSPP က ထုတ်ပြန်ထားပါတယ်။

အလားတူ စစ်ကိုင်းတိုင်း၊ ကလေးဝမြို့နယ်မှာ သြဂုတ် ၆ ရက် နေ့လယ်ပိုင်းမှာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းနဲ့ တနင်္သာရီတိုင်းတွေအတွင်းမှာလည်း စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံတပ်တွေအကြား တိုက်ပွဲတွေပြင်းထန်နေပါတယ်။

ကချင်ပြည်နယ်မှာလည်း စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့အကြား ဇွန်လကတည်းက တိုက်ပွဲတွေပြင်းထန်နေပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာလည်း ပြီးခဲ့တဲ့ ရက်ပိုင်းက စစ်ကောင်စီတပ်နဲ့ တအာင်း အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

ခုထိလည်း နှစ်ဖက်တပ်တွေအကြား စစ်ရေးတင်းမာနေတယ်လို့ ဆိုပါတယ်။

နိုင်ငံတစ်ဝန်းမှာ တည်ငြိမ်မှုမရှိသေးတာကြောင့် အရေးပေါ်ကာလ နောက်ထပ် ခြောက်လ သက်တမ်းတိုးကြောင်း စစ်ကောင်စီက ဇူလိုင်လ ၃၁ ရက်မှာကြေညာခဲ့ပြီးနောက် နိုင်ငံတစ်ဝန်းမှာ စစ်မျက်နှာအမြောက်အများဖွင့်ပြီး ထိုးစစ်ဆင်နေတာလည်းဖြစ်ပါတယ်။

https://youtu.be/zLuAN4NT93s

#politicalnews
#newsfeature
#mizzima
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍12👏2🔥1🥰1
မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးမြေပြိူမှုများဖြစ်ပေါ်နေ
===================

ကရင်ပြည်နယ်အတွင်း မိုးဆက်တိုက်သည်းထန်စွာရွာသွန်းပြီးတောင်ကျချောင်းရေ အရှိန်ပြင်းတာကြောင့် ဩဂုတ်လ(၇)ရက်နေ့က မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးမှာ မြေပြိုကျခဲ့ပြီး လမ်းပန်းဆက်သွယ်ရေးပြတ်တောက်ခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။

ပြတ်တောက်သွားတဲ့ လမ်း အရှည်က ပေ ၁၀၀ ကျော် နဲ့ လမ်းအကျယ်ကတော့ ပေ ၅၀ကျော်ရှိဝန်းကျင်ရှိမယ်လို့ အနီးကပ်ကြည့်ခဲ့တဲ့ ကုန်တင်ယာဉ်မောင်းအချို့က ခန့်မှန်းပြောကြားပါတယ်။

မိုးဇလရဲ့ ထုတ်ပြန်ထားချက်အရ ကရင်ပြည်နယ်တွင် ဒေသအလိုက်မိုးကြီးခဲ့ပြီး ၊ ကော့ကရိတ်မြို့နဲ့ မြဝတီမြို့တွင် မိုးရေချိန်(၅)လက်မကျော်ရှိကာ နောက်ရက်များမှာလည်း ကရင်ပြည်နယ်တွင် နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ ဖော်ပြထားပါတယ်။

ယင်းသို့ ကားလမ်းအောက်ခံမြေသားပြိုကျမှုကြောင့် လမ်းပန်းဆက်သွယ်ရေးပြတ်တောက်နေပြီး ခရီးသွားလာလို့မရတော့သလို အဆိုပါအနီးနားတစ်ဝိုက်မှာ တောင်မြေထပ်မံပြိုကျဖွယ်လည်းရှိနေကြောင်း သတိပေးမှုများ ရှိနေပါတယ်။

ကရင်ပြည်နယ်တွင် မိုးသည်းထွန်စွာရွာသွန်းခဲ့ပြီး မြစ်ရေကြီးမှုကြောင့် မြဝတီ၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ ဖာပွန်၊ ဖားအံ၊ လှိုင်းဘွဲမြို့နယ်တွင် ရေကြီးရေလျှံမှုနဲ့ မြေပြိုမှုဘေးကို ကြုံတွေ့ခဲ့ရပြီး လူဦးရေသောင်းဂဏန်းခန့် ကယ်ဆယ်ရေးစခန်းတွေမှာ ခိုလှုံနေရတယ်လို့သိရပါတယ်။

မြန်မာနိုင်ငံတောင်ပိုင်း ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တွေမှာ ပြီးခဲ့တဲ့ ဩဂုတ်လဆန်းပိုင်း ကစလို့ မိုး အဆက် မပြတ် ရွာသွန်းမှုကြောင့် သောင်ရင်း၊ သံလွင်၊ ဘီးလင်း မြစ်ရေတွေဟာ ဩဂုတ်လ ၂ ရက်နေ့ကနေ ဒီနေ့အထိ စိုးရိမ်ရေမှတ်အထက်ကို ရောက်ရှိနေဆဲဖြစ်ပါတယ်။

လက်ရှိမှာ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တွေမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေတဲ့ အတွက် လူပေါင်း တစ်သောင်းနှစ်ထောင် နီးပါး ရေဘေးနဲ့ ကြုံတွေ့နေကြရတယ်လို့ စစ်ကောင်စီ ပြောခွင့်ရသူတွေက ပြောပါတယ်။

မြဝတီမြို့မှာ လက်ရှိ မိုးဆက်ရွာနေပြီး ရေကြီးရေလျှံမှုဆက်ဖြစ်နေတဲ့အတွက် စားသောက်ရေးအပြင် နေထိုင်ရေးအခက်အခဲတွေလည်းရှိနေတယ်လို့ ဆိုပါတယ်။
မွန်ပြည်နယ် ဘီးလင်းမြို့နယ်ထဲမှာတော့ ရေကြီးရေလျှံမှုကြောင့် နေအိမ် ရေနစ်မြုပ်တာတွေ ရှိခဲ့ပြီး အခုတော့ ရေကျစပြုနေပြီလို့ မြို့ပေါ်မှာ ကူညီကယ်ဆယ်ရေး လုပ်နေတဲ့ အဖွဲ့တွေကပြောပါတယ်။

လက်ရှိမှာတော့ သောင်ရင်းမြစ်ရေဟာ စိုးရိမ်ရေမှတ်အထက် ၂ ဒဿမ ၇ ပေ၊ သံလွင်မြစ်ရေက စိုးရိမ်ရေမှတ်အထက် ၂ ဒဿမ ၄ ပေ၊ ဘီးလင်းမြစ်ရေက စိုးရိမ်ရေမှတ် အထက် ၁ စင်တီမီတာကို ရောက်ရှိနေဆဲဖြစ်တယ်လို့ စစ်ကောင်စီလက်အောက်ခံ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒေသအချို့ရေဘေးကြုံနေစဉ် လာမည့်ရက်အနည်းငယ်အတွင်း ရခိုင်နဲ့ချင်းပြည်နယ်မှာလည်း မိုးကြီးနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန(MOHADM)က သတိပေးချက် ထုတ်ပြန်ထားပါတယ်။

လတ်တလောမှာ ရခိုင်ပြည်နယ် မင်းပြားမြို့မှာ လေးမြို့မြစ်ရေလျှံပြီး ရေကြီးနစ်မြုပ်မှုကြုံတွေ့နေရပါတယ်။

မြောက်ဦးမြို့နယ်၊တိမ်ညိုစစ်ရှောင်စခန်းမှာလည်း ရေပြည့်နေလို့ ကလေးတွေ သွားရလာရ အဆင်မပြေဖြစ်နေတယ်လို့ ဆိုကြပါတယ်။

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ရှိ ကုလားတန်မြစ်ရေသည် နောက် ၂ ရက်အတွင်း စိုးရိမ်ရေမှတ်သို့ရောက်ရှိနိုင်တဲ့အတွက် မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြရန် မိုးဇလက ထုတ်ပြန်ထားပါတယ်။

ရခိုင်မှာ စစ်ဘေးရှောင်တစ်သိန်းနီးပါးရှိနေပြီး ပြီးခဲ့တဲ့ မိုခါမုန်တိုင်းကြောင့်လည်း အဲဒီစစ်ရှောင်တွေရဲ့ နေအိမ်တွေ အများစု ပျက်စီးခဲ့ကြရကာ နေရေး၊‌ စားရေး အခက်အခဲတွေနဲ့ ကြုံနေကြရပါတယ်

https://youtu.be/MhGvlzpTbnQ

#politicalnews
#newsfeature
#mizzima
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍8🔥3😢1