Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
တနင်္သာရီမြို့တွင် ရေကြီးရေလျှံမှုကြောင့် လူ ၂၀၀ ကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်း
🔥3😢1
တနင်္သာရီမြို့တွင် ရေကြီးရေလျှံမှုကြောင့် လူ ၂၀၀ ကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်း
=====================

ကိုရွှေမြိတ်
(မဇ္ဈိမ)။ ။တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်တွင် မိုးသည်ထန်စွာရွာသွန်းမှုကြောင့် မြေနိမ့်ပိုင်း ရပ်ကွက်အချို့တွင် ရေကြီးရေလျှံမှုဖြစ်ပြီး လူ ၂၀၀ ကျော်ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရကြောင်း သိရ သည်။

တနင်္သာရီမြို့တွင် ဩဂုတ်လ ၁ ရက်နေ့ကစတင်ရွာသွန်းခဲ့သည့်မိုးကြောင့် တနင်္သာရီမြစ်ရေသည် မြို့၏ စိုးရိမ်ရေအမှတ် ၁၇ ပေထက်ကျော်လွန်ပြီး ၁၈ ပေ ငါးလက်မ အထိရောက်ရှိခဲ့ကာ အိမ်ထောင်စု ၄၆ စုမှ လူဦးရေ ၂၃၁ ဦး ရေဘေးရှောင်နေရခြင်းဖြစ်သည်။

“ဒီနေ့တော့ တပေလောက်ပြန်ကျသွားပေမယ့် မိုးကဆက်ရွာနေသေးလို့ ရေဘေးသင့်ပြည်သူတွေ နေအိမ် ကို မပြန်နိုင်သေးဘူး ” ဟု တနင်္သာရီမြို့ခံတဦးက ပြောသည်။

တနင်္သာရီမြစ်ရေသည် ဩဂုတ်လ ၇ ရက်၊ ညနေ ၆ နာရီ အချိန် တိုင်းထွာချက်အရ မြို့၏ စိုးရိမ်ရေအမှတ် ၁၇ ပေထက် ကျော်လွန်၍ ၁၈ ပေ၊ ငါးလက်မအထိ ရောက်ရှိခဲ့သည်။

ထိုသို့မြစ်ရေမြင့်တက်မှုကြောင့် ဩဂုတ်လ ၇ ရက်နေ့ ညနေ ၄ နာရီက မြေအနိမ့်ပိုင်းနေရာများတွင် နေ ထိုင်သည့် ဆင်ခြေဖုန်းကျေးရွာအုပ်စု၊ ဘန်းသဲကျေးရွာမှ အိမ်ထောင်စု ၂၂ စုမှ အမျိုးသား ၅၈ ဦး၊ အမျိုး သမီး ၅၈ ဦး စုစုပေါင်းပေါင်း ၁၁၆ ဦးသည် ဘန်းသဲဘုန်းတော်ကြီးကျောင်းသို့ ပြောင်းရွှေ့ခဲ့ရသည်။

ထို့အတူ ကျောက်တလုံးကျေးရွာအုပ်စု မြေမအုံကျေးရွာမှ အိမ်ထောင်စု ၁၈ စုရှိ၊ အမျိုးသား ၄၆ ဦး၊ အမျိုး သမီး ၄၅ ဦး စုစုပေါင်း ၉၁ ဦးတို့သည် ဆိုင်ကလုန်း Shelter သို့လည်းကောင်း ရွှေ့ပြောင်းခဲ့ကြသည်။

ယနေ့ဩဂုတ် ၈ ရက်နေ့အထိ အိမ်ထောင်စု ၄၆ စုမှ အမျိုးသား ၁၁၆ ဦး၊ အမျိုးသမီး ၁၁၅ ဦး စုစုပေါင်း ၂၃၁ ဦး သည် ယာယီကယ်ဆယ်ရေးစခန်းများနှင့် နီးစပ်ရာဆွေမျိုးအိမ်များသို့ ပြောင်းရွှေ့နေထိုင်လျက်ရှိ ကြောင်း ဒေသခံများထံမှ သိရသည်။

“ဒီမြို့မှာ နှစ်စဉ်ရေကြီးတာ ပုံမှန်ဖြစ်နေကြဆိုတော့ သိပ်ပြီး ဆိုးဆိုးဝါးဝါးတော့ဖြစ်တာမျိုး မရှိသေးဘူး ” ဟု ဒေသခံတဦးကလည်းပြောသည်။

တနင်္သာရီမြို့နယ်၏ စိုးရိမ်ရေအမှတ်မှာ ၁၇ ပေ ဖြစ်ပြီး၊ အန္တရာယ်ရေ အမှတ်မှာ ၂၄ ပေ ဖြစ်ကြောင်း သိရသည်။

ဩဂုတ်လ ၇ ရက်နေ့က စိုးရိမ်ရေအမှတ်ထက်ကျော်လွန်ခဲ့၍ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာ ရုံးအချို့မှ ဝန်ထမ်းများကိုလည်းပြောင်းရွှေ့ထားရကြောင်း ဒေသခံများထံမှ သိရသည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။စောဖေ

#တနင်္သာရီမြစ်
#စိုးရိမ်ရေအမှတ်
#မိုးရွာသွန်း
#ရေဘေး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🔥3😢2
သြဂုတ်လ (၈)ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
=====================

00:59− ဟင်္သာတခရိုင်အတွင်း တောတွင်းဝင်ပေါက် ထွက်ပေါက်တွေကို စစ်ကောင်စီတပ်ဖွဲ့ ပိတ်ဆို့ထားတဲ့သတင်း

02:30− ရန်ကုန်တိုင်း မြို့နယ်အများစုမှာ ဧည့်စာရင်းတိုင်လျင် ဓာတ်ပုံအပြင် ကိုယ်ရေးအချက်အလက်ပါ ဖြည့်စွတ်နေရတဲ့သတင်း

04:12− ချင်းပြည်နယ် ပြည်သူ့ရဲတပ်ဖွဲ့ မှုခင်းကျဆင်းရေး ပညာပေးဟောပြောပွဲပြုလုပ်တဲ့သတင်းနဲ့

05:49− နိုင်ငံအနှံ့ မိုးများနိုင်ပြီး ရခိုင်နဲ့ချင်းပြည်နယ်တို့မှာ ရေဘေးနဲ့ မြေပြိုခြင်းကို ပြင်ဆင်ထားဖို့အတွက် NUG သတိပေးတဲ့သတင်းအပါအဝင် တခြား အရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်း တွေကို တင်ဆက်ပေးသွားမှာပါ။

https://youtu.be/z-mQR3Q5iZM

Photo - CJ
#4pmnews
#Mizzimanewshour
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍5🤮1🍌1
​​ဝမ်ပေါင်နှင့် ယမ်စီကုမ္ပဏီတို့အား စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်နေမှု ရပ်တန့်ရန် သပိတ်အင်အား စုများ တောင်းဆို
===================

KMN
(မဇ္ဈိမ)။ ။မြန်မာဝမ်ပေါင် ကုမ္ပဏီနှင့် ယမ်စီကုမ္ပဏီတို့ကို စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်နေမှု ချက် ချင်းရပ်တန့်ရန် ဒေသခံသပိတ်အင်အားစု ၁၇ ခုက ဩဂုတ်လ ၇ ရက် နေ့ ညပိုင်းက ထုတ်ပြန်တောင်းဆို လိုက်သည်။

စစ်ကောင်စီတပ်များသည် ယင်းကုမ္ပဏီများ၏ စီမံကိန်းဧရိယာများအတွင်းစခန်းချကာ ကုမ္ပဏီမှကား များကိုအသုံးပြုပြီး အနီးအနားရှိကျေးရွာများအားစစ်ကြောင်းထိုး၍ ညအချိန်များတွင် ကုမ္ပဏီဝင်းအတွင်း မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများ ပြုလုပ်နေကြောင်း သိရသည်။

“ကုမ္ပဏီဝင်းထဲကနေ ညောင်ပင်ကြီး-ဆားလင်းကြီးလမ်းပေါ် သွားလာနေတဲ့သူတွေကို ပစ်ခတ်တာတွေ ရှိတယ်။ ဝမ်ပေါင်ခြံစည်းရိုးဘေးတလျှောက်မှာလည်း စစ်ကြောင်းထိုးပြီး ပြည်သူတဦးကို အကြောင်းမဲ့ ပစ်သတ်ခဲ့တာရှိတယ်"ဟု ဒေသခံ သပိတ်အင်အားစုဝင်တဦးကပြောသည်။

ထို့ပြင် အဆိုပါစစ်ကောင်စီတပ်များသည် လယ်ယာမြေပေါ်စိုက်ထားသည့် မီးတိုင်များအနီးတွင် နင်းမိုင်း များထောင်ခြင်း၊ ကျေးရွာများအား မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်နေကြောင်း သိရသည်။
ယင်းအပြင် ဝမ်ပေါင်ကုမ္ပဏီအတွက် လိုအပ်သည့် ကုန်ပစ္စည်းများ၊ စားနပ်ရိက္ခာများလာပို့စဉ်တွင်လည်း ပုသိမ်း-မုံရွာလမ်းဘေးတလျှောက်ရှိကျေးရွာများအား စစ်ကြောင်းထိုးကာ နေအိမ်အတွင်းမှ ပစ္စည်းများ အား လုယက်ခိုးယူခြင်းများပြုလုပ်နေသည်ဟု ဒေသခံသပိတ်အင်အားစုများ၏ ထုတ်ပြန်ချက်တွင်ဖော် ပြထားသည်။

ဝမ်ပေါင်ကုမ္ပဏီနှင့် ယမ်စီကုမ္ပဏီတို့သည် စီမံကိန်းအတွင်းရှိကျေးရွာများအား ဖွံဖြိုးတိုးတက်အောင်ပြု လုပ်ရမည့်တာဝန်ရှိသော်လည်း စစ်ကောင်စီကိုအားပေးကူညီကာ ကျေးရွာများအား မီးရှို့ဖျက်ဆီးခြင်း၊ ပြည်သူများအားသတ်ဖြတ်ခြင်းများအပြင် အကြမ်းဖက်မှုနည်းမျိုးစုံကို ပြုလုပ်နေကြောင်း ဒေသခံသပိတ် အင်အားစုများက ပြောသည်။

ထို့ကြောင့် ဝမ်ပေါင်ကုမ္ပဏီနှင့် ယမ်စီကုမ္ပဏီအနေဖြင့် စစ်ကောင်စီကို ထောက်ပံ့မှုများအား ချက်ချင်းရပ် တန့်ရန် မုံရွာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ၊ လက်ပံတောင်းတောင် ပင်မသပိတ်စစ်ကြောင်း၊ ယင်း မာပင်-ဆားလင်းကြီး ကျေးရွာပေါင်းစုံလူထုသပိတ်ဦးဆောင်ကော်မတီ၊ ချင်းတွင်းမြစ်ဘေး တလျှောက် ကျေးရွာများသပိတ်စစ်ကြောင်း၊ အညာပစ်တိုင်းထောင်လေးများ စသည့် ဒေသခံသပိတ်အင်အားစု ၁၇ ခုက တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

တရုတ်၀မ်ပေါင်ကုမ္ပဏီသည် စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ကို မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်နှင့်ဖက်စပ်လုပ်ကိုင်နေသော တရုတ်ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီဖြစ် သည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ

#သပိတ်အင်အားစု
#ဝမ်ပေါင်ကုမ္ပဏီ
#ယမ်စီကုမ္ပဏီ
#စစ်ကောင်စီ

ပုံအညွှန်- ၂၀၂၃ ခုနှစ်၊မတ်လတွင် တွေ့ရသည့် လက်ပံတောင်းတောင်ကြေးနီစီမံကိန်းမြင်ကွင်း။ (ဓာတ်ပုံ -ဝမ်ပေါင်ကုမ္မဏီ)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8👏4😁1🥱1
This media is not supported in your browser
VIEW IN TELEGRAM
အိန္ဒိယအတိုက်အခံခေါင်းဆောင်ရာဟုလ်ဂန္ဒီ လွှတ်တော်သို့ ပြန်လည်ရောက်ရှိ

#InternationalNews #reels #shorts #India #Mizzima
👍4👏2😁1
တနင်္သာရီမြို့တွင် ၈၈၈၈ အရေးတော်ပုံ အထိမ်းအမှတ် အခမ်းအနားပြုလုပ်
====================

ကိုရွှေမြိတ်
(မဇ္ဈိမ)။ ။တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်ရှိ ကျေးရွာတရွာ၌ ယနေ့ ဩဂုတ်လ ၈ ရက်တွင် ကျရောက်သော ၈၈၈၈ အရေးတော်ပုံ အထိမ်းအမှတ် အခမ်းအနားပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ၈၈၈၈ အရေးတော်ပုံ အထိမ်းအမှတ်အခမ်းအနားကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ဒေသခံများ ပူးပေါင်းပြုလုပ်ကြခြင်း ဖြစ်သည်။

#တနင်္သာရီတိုင်း
#မြိတ်ခရိုင်
#အရေးတော်ပုံ

ပုံအညွှန်- ၈၈၈၈ အထိမ်းအမှတ် ပြုလုပ်သူများ(ဓာတ်ပုံ-ကာကွယ်ရေးတပ်ဖွဲ့)

Website Link - http://www.mizzimaburmese.com/article/131815

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤13👍3🔥1😁1
​​ဒေါ်အောင်ဆန်းစုကြည်၏ အထူးအယူခံအမှုများကြားနာမည့် ရုံးချိန်းကို တရားလွှတ်တော်ချုပ် ရွှေ့ဆိုင်း
=================

001
(မဇ္စျိမ)။ ။နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အထူးအယူခံအမှုခြောက်မှုအား ယနေ့ ဩဂုတ်လ ၈ ရက်နေ့တွင်ကြားနာရန် မူလကစီစဉ်ထားသော်လည်းမကြားနာဖြစ်တော့ပဲ ရွှေ့ဆိုင်းလိုက် ကြောင်း တရားရုံးနှင့်နီးစပ်သည့် အသိုင်းအဝိုင်းမှ သိရသည်။

အဆိုပါအမှုများမှာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကိစ္စနှင့်ပတ်သက်ပြီး အဂတိဖြင့်စွပ်စွဲထားသည့် အမှုလေး မှုနှင့် စီးပွားရေးလုပ်ငန်းရှင်ဦးမောင်ဝိတ်ထံမှ တံစိုးလက်ဆောင်ရယူသည်ဟုဆိုကာ အဂတိဖြင့်စွပ်စွဲထား သည့် အမှုနှစ်မှုတို့ဖြစ်ကြောင်း တရားရုံးနှင့် နီးစပ်သူတစ်ဦးက မဇ္ဈိမကို ပြောသည်။

ဩဂုတ်လ ၈ ရက်နေ့တွင် ကြားနာရန်ချိန်းဆိုထားသည့် ရာဇဝတ်ဆိုင်ရာအမှုများနှင့် တရားမဆိုင်ရာ အမှု များကိုရွှေ့ဆိုင်းလိုက်ပြီး ပြန်လည်ကြားနာမည့်ရုံးချိန်းများကို ထုတ်ပြန်အသိပေးသွားမည်ဟု စစ်ကောင်စီ လက်အောက်ခံ တရားလွှတ်တော်ချုပ်က ထုတ်ပြန်ထားသည်။

ဒေါ်အောင်ဆန်းစုကြည်၏ အမှုခြောက်မှုအား အထူးအယူခံ ဝင်ခွင့်ပြုရန် သင့်၊ မသင့်အပေါ် လျှောက်လဲ ချက်ပေးရန် ချိန်းဆိုထားခြင်းဖြစ်သော်လည်း အမှုများရွှေ့ဆိုင်းလိုက်သည့်အပေါ် တရားလွှတ်တော်ချုပ် က အကြောင်းပြချက်ပေးထားခြင်း မရှိပေ။
ကြားနာရန် ရွှေ့ဆိုင်းခံလိုက်ရသည့် အမှုအချို့တွင် NLD အစိုးရလက်ထက် နေပြည်တော် မြို့တော်ဝန် ဒေါက်တာမျိုးအောင်နှင့် ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦးတို့လည်း ပူးတွဲပါဝင်နေသည်။
စစ်ကောင်စီဘက်က စွပ်စွဲချက်များနှင့် ပတ်သက်ပြီး ကျူးလွန်ခြင်းမရှိသည့် အတွက် “အပြစ်မရှိ”ကြောင်း စွပ်စွဲခံရသူများက ယခင်အမှုစစ်ဆေးစဉ်က တရားခွင်အတွင်း ထွက်ဆိုခဲ့ကြကြောင်း သိရသည်။

လက်ရှိတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အမှုပေါင်း ၁၉ မှုဖြင့် ထောင် ဒဏ်နှစ် ၃၀ကျော် ချမှတ်ခံခဲ့ရကာ ပြီးခဲ့သည့် ဩဂုတ်လ ၁ ရက်နေ့တွင် စစ်ကောင်စီက ပြစ်ဒဏ်စေ့ခါနီး အမှုငါးမှုအတွက် ထောင်ဒဏ်အချို့ကို လျော့ပေါ့ပေးခဲ့သည့်အတွက် လက်ရှိတွင် ထောင်ဒဏ် ၂၇ နှစ် ကျန်ရှိနေသည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ၎င်းအား အမိန့်ချမှတ်ခဲ့သည့်အမှုများအားလုံးကို ပြည်ထောင်စု တရား လွှတ်တော်ချုပ်အထိအယူခံတက်ပြီး အဆိုပါ အယူခံပယ်ချခံရပါက အထူးအယူခံ စသည်ဖြင့် အဆင့်ဆင့် ဆက်တက်နေခြင်းဖြစ်ကြောင်း သိရသည်။

စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။စောဖေ

#ဒေါ်အောင်ဆန်းစုကြည်
#Mizzima
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤5🤬4😁2👍1🤮1
ကသိုဏ်းတောင်တိုက်ပွဲတွင် စစ်ကောင်စီတပ်သားအားလုံးနီးပါးသေဆုံး တပ်စိတ်မှူးနဲ့ မိသားစုကို ဖမ်းဆီးရမိ
👍4👏4😁1🥴1
ကသိုဏ်းတောင်တိုက်ပွဲတွင် စစ်ကောင်စီတပ်သားအားလုံးနီးပါးသေဆုံး တပ်စိတ်မှူးနဲ့ မိသားစုကို ဖမ်းဆီးရမိ
=================

ကချင်လေး
(မဇ္ဈိမ)။ ။ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် PDF ပူးပေါင်းတပ်ဖွဲ့တို့ သွားရောက်တိုက်ခိုက် သိမ်းပိုက်ထားသည့် ဖားကန့် ကသိုဏ်းတောင်စစ်တပ်စခန်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်က တပ်ရင်း တစ်ရင်းလုံးနီးပါး သေဆုံးခဲ့ပြီး တပ်စိတ်မှူးအပါအဝင် သူ၏မိသားစုဝင်များကို ဖမ်းဆီးမိ၍ လက်နက်ခဲယမ်းများစွာကိုလည်း သိမ်းဆည်းနိုင်ခဲ့ကြောင်း ကေအိုင်အေဗဟိုထံမှ စုံစမ်းသိရှိရသည်။

ဖားကန့်မြို့နယ် နမ့်‌မော်ကျေးရွာအနားမှာ အထိုင်ချတပ်စွဲထားသည့် စစ်ကောင်စီစစ်တပ်ကုန်းနဲ့ ကသိုဏ်းတောင် စစ်တပ်စခန်းနှစ်ခုကို ကေအိုင်အေဦးဆောင်သည့် KPDF ပူးပေါင်းတပ်ဖွဲ့တို့က ယမန်နေ့ ဩဂုတ်လ ၇ ရက် မနက် ၅ နာရီခန့်တွင် သွားရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ထိုသို့တိုက်ခိုက်ခဲ့ရာတွင် သိမ်းပိုက်ရရှိသည့် ကသိုဏ်းတောင်တပ်စခန်း၌ အထိုင်ချထားသော စစ်တပ်တပ်ရင်းတစ်ရင်းလုံးနီးပါး (ကနဦးမြေပြင် အချက်အလက်အရ အယောက် ၈၀ ဦးခန့်သေ) သေဆုံးခဲ့ရပြီး လက်နက်ခဲယမ်းများစွာကို သိမ်းဆည်းရမိကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်တွေက ယခုလိုဆိုသည်။

“ကသိုဏ်းတောင်ကိုတော့ သိမ်းလိုက်တယ်။ နမ့်မော်တပ်စခန်းကတော့ ကသိုဏ်းတောင်ဘက်ကို စစ်ကူလာမှာစိုးလို့ တားထားတဲ့သဘောပါပဲ။ အဓိကတော့ ကသိုဏ်းတောင်ကိုတိုက်ပြီး သိမ်းပိုက်ဖို့ပါပဲ။ ကသိုဏ်းတောင်ကို ၈ နာရီလောက်မှာ သိမ်းလိုက်နိုင်ပြီး စခန်းကိုလည်း အားလုံးမီးရှိုဖျက်ဆီးလိုက်ထားပြီ ”ဟု ပြောသည်။
နမ့်မှော်ကျေးရွာအနားက တပ်စခန်းသည် ဆိုင်းတောင်ရွာအထွက်မှာရှိပြီး၊ ကသိုဏ်းတောင်တပ်စခန်းနဲ့ တစ်မိုင်သာသာဝေးသည့် တပ်စခန်းတစ်ခုလည်း ဖြစ်သည်။

မနက် ၆ နာရီလောက်တွင် ဆယ်ဇင်းကြိုးတံတားအနီးမှာ အထိုင်ချထားသည့် SNA တပ်စခန်းတစ်ခုကို KIA တပ်မဟာ( ၉ )လက်အောက်ခံတပ်ရင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့သေးသည်။

အဖမ်းခံထားရသည့် ကသိုဏ်းတောင်တပ်စိတ်မှူးနဲ့ မိသားစုကို ကေအိုင်အေက ထိန်းသိမ်းထားသလို၊ ထိခိုက်ဒဏ်ရာရရှိထားသည့် တပ်စိပ်မှူးကိုလည်း ဆေးကုသမှုပေးထားကာ မကြာမီ မိသားစုဝင်များကို ပြန်လွှတ်ပေးနိုင်ဖို့ ပြင်ဆင်ထားသည်ဟုလည်း ကနဦးစုံစမ်းသိရှိရသည်။

ဖားကန့်မြို့နယ် ကသိုဏ်းတောင် စစ်တပ်စခန်းကုန်းနှင့် ဆယ်ဇင်းကျေးရွာရှိ စစ်တပ်စခန်းကို KIA ဘက်က တစ်ရက်တည်း တိုက်ခိုက်သိမ်းပိုက်လိုက်သည့်အတွက် စစ်တပ်ဘက်က လေကြောင်းနဲ့ထပ်ပြီး တိုက်ခိုက်လာနိုင်ကြောင်း ပြည်သူတွေအနေနဲ့ သတိထားနေဖို့ကိုလည်း KIO ဗဟို သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ဒေသအခြေစိုက် ကချင်သတင်းမီဒီယာများကို ယခုလိုဆိုထားသည်။

“သူတို့ဘက်က စခန်းတွေလက်လွှတ်လိုက်ရတော့ ပြန်ကလဲ့စားချေလာနိုင်တယ်၊ လေကြောင်းတွေ ထပ်သုံးလာနိုင်တယ်၊ ဒါကြောင့် ပြည်သူတွေသထိထားနေကြဖို့ကိုလည်း ပြောချင်တယ်”ဟု ပြောသည်။

ယမန်နေ့မနက်က ရုတ်ချည်းဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကျဆုံးမှုများတဲ့အတွက် တိုက်ပွဲများဆက်လက်ဖြစ်ပွားလာနိုင်တာကြောင့် နမ့်မော်အနီးပတ်ဝန်းကျင်မှာနေထိုင်ကြသည့် အရပ်သားပြည်သူ ၄၀၀ ကျော် ဘေးလွတ်ရာကို ထွက်ပြေးတိမ်း ရှောင်လာနေရေကြာင်း မှော်ရှန်ကျေးရွာဒေသခံတွေက အခိုင်အမာပြောသည်။

နှစ်ဖက်စစ်ရေး ဆက်လက်တင်းမာလာနေဆဲ ဖြစ်နေသောကြောင့် နမ့်မှော်ပြည်သူတွေက မဖြစ်မနေ စစ်ဘေးလွတ်ရာသို့ ရွေ့ပြောင်းလာခဲ့ရခြင်းဖြစ် ကြောင်း မှော်ရှန်ဒေသခံသတင်းရင်းမြစ်က ပြောသည်။
“စိမ်မြသုခကျောင်းမှာ ၂၀ လောက် ရောက်ပြီး၊ မှော်ရှန်ကျောင်းမှာတော့ ၄၀၀ နီးပါး ရောက်ခဲ့ကြတယ်”ဟု ဆိုသည်။

၂၀၂၂ ခုနှစ် နိုဝင်ဘာလမှာဖြစ်ပွားခဲ့သည့် ဆယ်ဇင်းတိုက်ပွဲမှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ အကျအဆုံးများပြီးနောက် ရွာလုံးကျွတ် ဒေသခံများ၏ လူနေအိမ်များကို စစ်တပ်နှင့် SNA တို့က မီးရှို့ဖျက်ဆီးခဲ့ရာ အရပ်သားပြည်သူထောင်ချီ စစ်ဘေးရှောင်ခဲ့ကြရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#စစ်ဘေးရှောင်
#KIA
#PDF
#SNA

Photo - ထိခိုက်ဒဏ်ရာရရှိထားတဲ့ စကစတပ်စိပ်မှုးကိုဆေးကုသပေးနေတဲ့ပုံနဲ့ သူရဲ့မိသားစုကို ကေအိုင်ကဖမ်းဆီးရမိပုံ ( စစ်ရှောင်လာတဲ့ နမ့်မှော်ရွာသားများပုံ )

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍14❤2👏2😁2
This media is not supported in your browser
VIEW IN TELEGRAM
ထိုင်းရွေးကောက်ပွဲမှာ ဒုတိယမဲအများဆုံးရခဲ့တဲ့ဖြူထိုင်းပါတီက အစိုးရရဲ့ညွန့်ပေါင်းပါတီတစ်ခုနဲ့ မဟာမိတ်ဖွဲ့လိုက်ကြောင်းကြေညာ

#InternationalNews #reels #shorts
👍7🤬2😁1