This media is not supported in your browser
VIEW IN TELEGRAM
တရုတ်နိုင်ငံတောင်ပိုင်းမှာ ရေကြီးမှုကြောင့် လူ ၇ ဦးသေဆုံးခဲ့ပြီး ဘေဂျင်းမှာ သေဆုံးသူဦးရေ သုံးဆတိုးလာ
#internationalnews #reels #shorts
#internationalnews #reels #shorts
👍6😁2🔥1
ဝန်ကြီးချုပ်ဟောင်းမပါတဲ့ ရွေးကောက်ပွဲအတွက် ပါကစ္စတန်ပါလီမန်ကိုဖျက်သိမ်း
====================
https://youtu.be/V7UPaoXu6s8
====================
https://youtu.be/V7UPaoXu6s8
YouTube
ဝန်ကြီးချုပ်ဟောင်းမပါတဲ့ ရွေးကောက်ပွဲအတွက် ပါကစ္စတန်ပါလီမန်ကိုဖျက်သိမ်း
ဝန်ကြီးချုပ်ဟောင်းမပါတဲ့ ရွေးကောက်ပွဲအတွက် ပါကစ္စတန်ပါလီမန်ကိုဖျက်သိမ်း
#International
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ…

👍8🔥3
This media is not supported in your browser
VIEW IN TELEGRAM
IS တိုက်ခိုက်မှုတွေအတွင်း ပါကစ္စတန်နိုင်ငံသားတွေ ဒါဇင်နဲ့ချီပါဝင်နေတယ်လို့ အာဖဂန်တာလီဘန်တွေပြော
#internationalnews #reels #shorts #IS #Afgan #Taliban #Mizzima

🔥3😁1
ရေဖြူတွင် စစ်ကောင်စီတပ်က ဖမ်းဆီးသွားသော ဒေသခံ ၅ ဦး ပြန်မလွတ်သေး
====================
ကိုရွှေမြိတ်
(မဇ္ဈိမ)။ ။တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် နဘုလယ်ဒေသ ထိန်ကြီးကျေးရွာမှ စစ်ကောင်စီ တပ်က ဖမ်းဆီးသွားသည့် အမျိုးသားငါးဦး ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးကြောင်း ဒေသခံများ ထံမှ သိရသည်။
ဒေသခံ အမျိုးသားငါးဦးဖြစ်သော ဦးကျော်သိန်း၊ ဦးလူမဲ၊ ဦးမော်တင်ထွေး၊ ဦးစုငယ်နှင့် မူးဒူးရွာသားတဦး ကို ပြီးခဲ့သည့် ဩဂုတ်လ ၈ ရက်နေ့ နံနက် ၇ နာရီခန့်က ထိန်ကြီးရွာသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများကပြောသည်။
ရေဖြူမြို့ခံတဦးက “ရေနက်ဆိပ်ကမ်းကစစ်သားတွေ စစ်ကြောင်းထိုးလာတဲ့အချိန်မှာ ရွာထဲမှာတွေ့တဲ့ လူတွေကို ဆွဲခေါ် ဖမ်းသွားတာ” ဟု ပြောသည်။
အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် အင်အား ၅၀ နီးပါးနှင့် စစ်ကားငါးစီးဖြင့် ဝင်ရောက်လာခြင်းဖြစ် ကြောင်း သိရသည်။
လက်ရှိတွင် ရေဖြူမြို့နယ်အတွင်းရှိ ကျေးရွာအချို့ကို စစ်ကြောင်းသုံးကြောင်းခွဲ၍ တောနင်းရှာဖွေမှုများ ပြုလုပ်နေ၍ ထိန်ကြီး၊ လဲရှောင်၊ ပရဒတ်၊ ဘဝါ၊ ထွက်ဝ၊ ခမောင်းချောင်း၊ ဧကနိနှင့် ဝဇွမ်းတော စသည့် ကျေးရွာရှစ်ရွာမှဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
ပုံ - ရေဖြူမြို့နယ်အတွင်းမှ စစ်ဘေးရှောင်အချို့
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စာဖေ
#တနင်္သာရီတိုင်း
#ရေဖြူမြို့နယ်
#နဘုလယ်ဒေသ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

Facebook
#တနင်္သာရီတိုင်း – Explore
explore #တနင်္သာရီတိုင်း at Facebook
👍7🔥2👏1😁1😢1
This media is not supported in your browser
VIEW IN TELEGRAM
ရေလွှမ်းမိုးမှုအတွက် လုံလောက်တဲ့သတိပေးချက်တွေမရခဲ့ကြောင်း တရုတ်ရေဘေးသင့်ဒုက္ခသည်တွေပြော
#internationalnews #reels #shorts #China #Mizzima

👍2🔥2
ပဲခူးမြို့ပေါ် ရပ်ကွက်များတွင် ရေဝင်ရောက်နေ၊ ရေဘေးစခန်း ၁၀ ခုကျော် ဖွင့်လှစ်ထား
👍4🔥2😱1

=====================
ရွှေနွယ်
(မဇ္ဈိမ)။ ။ ပဲခူးတိုင်း၊ ပဲခူးမြို့တွင် မြစ်ရေလျှံ၍ ယနေ့ ဩဂုတ်လ ၁၀ ရက်နေ့ နံနက်ပိုင်းကစပြီး ရန်ကုန်−မန္တလေး အမြန်လမ်းဟောင်း ရေကျော်ကာ မြို့ပေါ် ရပ်ကွက်များသို့ ရေဝင်ရောက်နေကြောင်း ပဲခူးမြို့ဒေသခံများနှင့် ရေဘေးကူညီကယ် ဆယ်ရေး လုပ်ဆောင်နေသူများက မဇ္ဈိမကို ပြောသည်။
ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းပြီးနောက် ပဲခူးမြစ်ရေလျှံမှုကြောင့် မြို့ပေါ်ရပ်ကွက်များ၏ ၇၀ ရာနှုန်းခန့်ကို ရေများဝင်ရောက်လာနေခြင်းဖြစ်ကြောင်း မြို့ခံများက ဆိုသည်။
လက်ရှိ မြို့ပေါ်ရပ်ကွက်များတွင် ရေဘေးသင့် အရေးပေါ် ကူညီကယ်ဆယ်ရေး စခန်း ၁၀ ခုနှင့်အထက် ဖွင့်လှစ်ထားရကြောင်း ကူညီကယ်ဆယ်ရေး လုပ်ဆောင်ပေးနေသူတစ်ဦးက မဇ္ဈိမကို ပြောသည်။
"ရန်ကုန်−မန္တလေးလမ်း (လမ်းဟောင်း) မှာ ရေကျော်တာ ပေါင်လောက် ရောက်နေပြီ။ ဆိုင်ကယ်တွေ သွားခွင့်မပေးတော့ဘူး။ ရွှေသာလျောင်း ဘုရားလမ်းလည်း ရေကျော်နေပြီ။ မြို့ရဲ့ ၇၀ ရာနှုန်းလောက် ရေဝင်နေပါပြီ။ ကျွန်တော်တို့ ကြားတာတော့ ဇောင်းတူဆည်ကနေလည်း ရေလွှတ်လိုက်တာကြောင့် ပါမယ် ထင်ပါတယ်" ဟု ကျွန်းသာယာရပ်ကွက်အတွင်း ရေဘေးသင့်ကူညီကယ်ဆယ်ရေး လုပ်ဆောင်ပေးနေသူတစ်ဦးက ပြောသည်။
ပဲခူးမြို့တွင်းကို ဖြတ်သန်းဖောက်လုပ်ထားသော ရန်ကုန်−မန္တလေးလမ်းဟောင်းတွင် ရေကျော်နေကြောင်းနှင့် ကူညီကယ်ဆယ်ရေးများလည်း ဆက်လက်လုပ် ဆောင်နေဆဲဖြစ်ကာ ရေဘေးရှောင် အိမ်ထောင်စုများ တိုးလာနေဆဲဖြစ်ကြောင်း လည်း ၎င်းက ပြောသည်။
ပဲခူးမြို့ပေါ်တွင် ရပ်ကွက် ၃၄ ခုရှိပြီး ရပ်ကွက်အများစုတွင် မြစ်ရေများ ဝင်ရောက်နေခြင်း ဖြစ်သည်။
ယနေ့နံနက်ပိုင်းအထိ ရရှိထားသော အချက်အလက်များအရ ကျွန်းသာယာ၊ ဖောင်တော်ဦးကွက်သစ်၊ မဇင်း၊ မြို့သစ်၊ အိုးလေးစု၊ ကျွန်းသာယာ၊ ဇိုင်းမြောက်၊ ရွာသစ်၊ ကျောက်ကြီးစုရပ်ကွက်များ အပါအဝင် ရပ်ကွက်နှင့် ကျေးရွာ စုစုပေါင်း ၂၀ ခန့်တွင် ရေဝင်ရောက်နေခြင်းဖြစ်ကြောင်း သိရသည်။
ကျွန်းသာယာရပ်ကွက်တွင် ရေဝင်ရောက်နေမှု အများဆုံးဖြစ်ကြောင်း ဒေသခံများက ပြောသည်။
ယင်းကြောင် ထိုရပ်ကွက်အတွင်းရှိ ရွှေနံ့သာဘုန်းကြီးကျောင်း၊ သီရိဇေယျာ ဘုန်းတော်ကြီး ပညာသင်ကျောင်း၊ ဝင်းနီးဓမ္မာရုံနှင့် မင်္ဂလာဇေယျုံ ကျောင်းတိုက်တို့တွင် ရေဘေးရှောင် စခန်းများဖွင့်လှစ်ထားကြောင်း သိရသည်။
အဆိုပါ ရပ်ကွက်၌ ဖွင့်လှစ်ထားသော ရေဘေးရှောင်စခန်း လေးခုတွင် ဩဂုတ်လ ၁၀ ရက်နေ့ နံနက်ပိုင်းအထိ လာရောက်တိမ်းရှောင်နေသည့် အိမ်ထောင်စု ၆၀၀ ခန့်ရှိနေပြီး ဆက်လက်တိုးလာနေဆဲဖြစ်ကြောင်းလည်း သိရသည်။
“မိုးကလည်း မပျက်ဘူး။ ရေတက်တာက နှစ် ရက်ပဲ ရှိဦးမယ်ဗျ။ တက်တဲ့အရှိန် မြန်တယ်” ဟု ပဲခူးမြို့ ဒေသခံတစ်ဦးက ပြောသည်။
လက်ရှိတွင် ပဲခူးမြို့ပေါ်၌ ရေများဝင်ရောက်နေသော မြေနိမ့်ပိုင်းရပ်ကွက် အချို့၌ လူတစ်ရပ်နီးပါး ရေဝင်ရောက်နေသကဲ့သို့ နေအိမ်များလည်း ရေနစ်မြုပ်နေကြောင်း သိရသည်။
ပဲခူးမြစ်ရေ၏ စိုးရမ်ရေမှတ်သည် ၈၈၀ စင်တီမီတာဖြစ်ပြီး ယနေ့ နံနက် ၆ နာရီ ၃၀ မိနစ်အချိန် တိုင်းတာချက်များအရ မြစ်ရေသည် ၉၃၃ စင်တီမီတာသို့ ရောက်ရှိကာ စိုးရိမ်ရေမှတ်ကျော်လွန်နေကြောင်း မိုးဇလက ထုတ်ပြန်ထားသည်။
စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး
ဓာတ်ပုံ- ပဲခူးမြို့ပေါ်တွင်ရေဝင်ရောက်နေမှုအခြေအနေ (လူမှုကွန်ရက်)
#ပဲခူး
#ရေတက်
#ရေနစ်
#Mizzima

👍8🔥3😱1
This media is not supported in your browser
VIEW IN TELEGRAM
August - 10 [2 Pm] Mizzima News Hour
Mizzima Headline News
#2pmnews #mizzimanewshour #reels #shorts #mizzimadailynews

👍3😁2