စစ်တပ်ကအာဏာသိမ်းပြီးနောက် မြိတ်မြို့တွင် အနုကြမ်းစီးလုယက်မှုများ မကြာခဏဖြစ်ပွားနေ
==================
ကိုရွှေမြိတ်
(မဇ္ဈိမ)။ ။တနင်္သာရီတိုင်း၊ မြိတ်မြို့တွင် ညဖက်၌ နေအိမ်အတွင်းဝင်ရောက်ပြီး အနုကြမ်းစီးလုယက်မှုများ မကြာခဏဖြစ်ပွားနေကြောင်း မြို့ခံများထံမှ သိရသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် ဆိုင်ကယ်ခိုးခံရခြင်း၊ လမ်းသွားရင်း ဖုန်း၊ ဆွဲကြိုး၊ လက်ကိုင်အိတ်လု ယက်ခံရခြင်းများအပြင် နေအိမ်အတွင်းဝင်ရောက်ပြီး ဓားထောက်လုယက်မှုများလည်း ပိုများလာသည်ဟု ဆိုသည်။
ပြီးခဲ့သော ဩဂုတ်လ ၈ ရက်နေ့ ည ၈ နာရီကျော်က မြိတ်မြို့၊ မြိတ်တောင်နယ်မြေ အောင်မင်္ဂလာရပ် ကွက် သုခ(၈)လမ်း၌ လျှပ်စစ်မီးပြတ်နေချိန် နေအိမ်အတွင်းအမျိုးသမီးတဦးတည်းရှိနေစဉ် အမျိုးသား နှစ်ဦးကဓားထောက်လုယက်ခဲ့၍ ရွှေငါးကျပ်သားနှင့် ငွေကျပ် သိန်း ၂၀ ခန့် ပါသွားကြောင်း ဒေသခံများထံ မှသိရသည်။
“အမျိုးသားဖြစ်သူ ကမ်းနားကတက်တူးဆိုင်မှာ အလုပ်သွားလုပ်နေချိန် အိမ်ထဲဝင်လာပြီး ဓားထောက် ပြီး လက်ပြန်ကြိုးတုတ်၊ တကိုယ်လုံးကို တိပ်နဲ့ပတ်ပြီး ရွှေထည်နဲ့ငွေတွေလုသွားတာ”ဟု မြိတ်တောင်နယ် မြေမှ ဒေသခံတဦးက ပြောသည်။
အဆိုပါရပ်ကွက်တွင် ပြီးခဲ့သော ဇူလိုင်လကလည်း ကုန်စိမ်းရောင်းဝယ်သည့်နေအိမ်တအိမ်အား နံနက် ၄ နာရီခန့်၌ အမျိုးသားဖြစ်သူစျေးသွားနေစဉ် အမျိုးသမီးကို ဓားထောက်လုယက်ခဲ့၍ ရွှေငါးကျပ်သားနှင့် ငွေကျပ်ခုနစ်သိန်း လုယက်ခံခဲ့ရသေးသည်။
“စစ်တပ်အုပ်ချုပ်တဲ့ကာလမှာ စစ်တပ်ကိုလည်းကြောက်ရသလို ရပ်ကွက်တိုင်းမှာ လုယက်မှုတွေ မကြာ ခဏဖြစ်နေတော့ စိုးရိမ်နေရတယ်”ဟု မြိတ်တောင်ကျေးရွာနေ ဒေသခံတဦးက ပြောသည်။
ယခုကဲ့သို့လုယက်မှုများ မကြာခဏဖြစ်ပွားနေသော်လည်း ကျူးလွန်သူများကို ဖမ်းဆီးအရေးယူနိုင်မှု မရှိ ကြောင်း ဒေသခံများထံမှ သိရသည်။
စစ်အာဏာသိမ်းပြီးနောက် ကုန်စျေးနှုန်းများ ကြီးမြင့်လာခြင်း၊ အလုပ်အကိုင်ရှားပါးလာခြင်းနှင့် လုံခြုံမှု မရှိခြင်းတို့ကြောင့် ခိုးယူဆိုးလုယက်မှုများ မကြာခဏ ဖြစ်ပွားနေကြောင်း မြိတ်မြို့ခံများကပြောကြား သည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#တနင်္သာရီတိုင်း
#မြိတ်မြို့
#အနုကြမ်းစီးလုယက်မှု
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U”

👍7❤2🔥2😢1
Media is too big
VIEW IN TELEGRAM
စစ်တပ်ပိုင်ထုတ်ကုန်များ ရောင်းအား၇၀ရာခိုင်နှုန်းအထိ ထိုးကျမည့် ဘဏ္ဍာရေးနှင့် စီးပွားရေးတိုက်ပွဲ သပိတ် စတင်
Watch more detail - https://youtu.be/AJheo9NcxL4
#စစ်တပ်ပိုင်ထုတ်ကုန် #သပိတ် #ရောင်းအား #VideoNews #shorts #reels

👍7😁1
ရေကြီးမှုကြောင့် ဒေသအများအပြားရှိ စပါးခင်းဧက သိန်းနှင့်ချီရေနစ်မြှပ် | Business Round Up (10.8.2023)
==================
- တရုတ်ဘဏ်မှ ချေးယူထားသော ဒေါ်လာ သန်း ၄၀၀ ပြန်ဆပ်ရန် သမဝါယမ အသင်းများနှင့် စစ်ကောင်စီ အခက်အခဲဖြစ်နေ
- မြန်မာ့ပုစွန် ပြည်ပတင်ပို့မှု ကျဆင်း
- ကမ္ဘာ့ရွှေဈေးကျပေမယ့် ပြည်တွင်းရွှေဈေး ကျပ် ၃၅သိန်းခွဲကျော်ဖြင့် အမြင့်ပိုင်းမှာသာဆက်ရှိနေ
- ရေကြီးမှုကြောင့် ဒေသအများအပြားရှိ စပါးခင်းဧက သိန်းနှင့်ချီရေနစ်မြှပ်
- မြဝတီလမ်းပိုင်းပျက်စီးနေတဲ့အတွက် အခြားနယ်စပ်ဂိတ်ပေါက်နဲ့ ပင်လယ်ရေကြောင်းကနေ ကုန်သွယ်ဖို့ ထုတ်ပြန်
https://youtu.be/YhFbFR4snvY
#BusinessRoundUp
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

YouTube
ရေကြီးမှုကြောင့် ဒေသအများအပြားရှိ စပါးခင်းဧက သိန်းနှင့်ချီရေနစ်မြှပ် | Business Round Up (10.8.2023)
- တရုတ်ဘဏ်မှ ချေးယူထားသော ဒေါ်လာ သန်း ၄၀၀ ပြန်ဆပ်ရန် သမဝါယမ အသင်းများနှင့် စစ်ကောင်စီ အခက်အခဲဖြစ်နေ
- မြန်မာ့ပုစွန် ပြည်ပတင်ပို့မှု ကျဆင်း
- ကမ္ဘာ့ရွှေဈေးကျပေမယ့် ပြည်တွင်းရွှေဈေး ကျပ် ၃၅သိန်းခွဲကျော်ဖြင့် အမြင့်ပိုင်းမှာသာဆက်ရှိနေ
- ရေကြီးမှုကြောင့် ဒေသအများအပြားရှိ…

👍5🔥2❤1
စစ်ကောင်စီအား ထိရောက်သည့်အရေးယူပိတ်ဆို့မှုများ ပြုလုပ်ရန် စင်္ကာပူအစိုးရကို တောင်းဆိုသည့် ကမ်ပိန်းပြုလုပ်
❤5😁1

===================
မဇ္ဈိမ
စစ်ကောင်စီ၏ ပြည်သူလူထုအပေါ် နည်းမျိုးစုံဖြင့် ကျူးလွန်နေသည့် အကြမ်းဖက်မှုများကို ရပ်တန့်နိုင်ရန် စင်္ကာပူနိုင်ငံအား ငွေကြေးအပါအဝင် လက်နက်နှင့်ဆက်စပ်ပစ္စည်းများကို ကြားခံအဖြစ် အသုံးပြုနေခြင်းများအပေါ် စင်္ကာပူအစိုးရအနေဖြင့် ထိရောက်သည့် ပိတ်ဆို့အရေးယူမှုများ ချမှတ်ပေးရေး တောင်းဆိုသည့် ကမ်ပိန်းပြုလုပ်မည်ဖြစ်ကြောင်း Blood Money Campaign အဖွဲ့ဝင်တစ်ဦးက ပြောသည်။
စင်္ကာပူအစိုးရအား စစ်ကောင်စီအပေါ် ထိရောက်သည့် ပိတ်ဆို့အရေးယူမှုများ ပိုမိုလုပ်ဆောင်ရန် DoMoreSingapore ခေါင်းစဉ်ဖြင့်
(၁) မြန်မာစစ်အုပ်စုအတွက် လက်နက်၊ စစ်ဘက်-အရပ်ဘက်နှစ်မျိုးသုံး ပစ္စည်းများနှင့် နည်းပညာများကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ လွှဲပြောင်းပေးနေခြင်းကို ရပ်တန့်နိုင်ရေး ပိတ်ဆို့အရေးယူမှုများ စတင်ရန်၊
(၂) စစ်အုပ်စုဘဏ်များအပါအဝင် ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုများမှတစ်ဆင့် စင်္ကာပူ၏ ဘဏ္ဍာရေးစနစ်အတွင်း စစ်အုပ်စုဝင်ရောက်ခွင့်ကို ပိတ်ဆို့ရန်၊
(၃) စစ်အုပ်စုအတွက် လက်နက်၊ စစ်ဘက်-အရပ်ဘက်နှစ်မျိုးသုံး ပစ္စည်းများနှင့် နည်းပညာများ ပံ့ပိုးပေးနေသည့် စင်္ကာပူကုမ္ပဏီများကို အများပြည်သူသိရှိစေမည့် ပွင့်လင်းမြင်သာသော စုံစမ်းစစ်ဆေးမှုများကို အရှိန်မြှင့်လုပ်ဆောင်ရန် စသည့်အချက် သုံးချက်ပါ တောင်းဆိုမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
စင်္ကာပူနိုင်ငံသည် စစ်ကောင်စီ၏ ပြည်သူလူထုအပေါ် အကြမ်းဖက်သတ်ဖြတ်နေမှုများကို ဆန့်ကျင်သော်လည်း အကြမ်းဖက်စစ်တပ်အတွက် အထောက်အပံ့ဖြစ်စေမှုများထဲတွင် တရုတ်နှင့် ရုရှား နောက် တတိယမြောက်လိုက်နေသည့် နိုင်ငံလည်းဖြစ်သည်။
Blood Money Campaign ၏ Coordinator တစ်ဦးဖြစ်သည့် ရိုနေဆန်းလွင်က " စင်ကာပူနိုင်ငံက စစ်ကောင်စီအတွက် ရုရှားနဲ့ တရုတ်ပြီးသွားရင် အားထားရဆုံးနိုင်ငံဖြစ်နေတယ်။ စစ်ကောင်စီကို လက်နက်ထောက်ပံ့တဲ့ထဲမှာ တတိယအကြီးဆုံးနိုင်ငံဖြစ်နေတယ်။
ပြီးတော့ စစ်ကောင်စီကို ရပ်တည်နိုင်အောင် လုပ်ပေးနေတဲ့ ခရိုနီတွေရဲ့ အကျိုးစီးပွားတွေကို အကာအကွယ်ပေးထားတဲ့နိုင်ငံလည်း ဖြစ်နေတယ်။ ကျွန်တော်တို့အနေနဲ့ မြန်မာပြည်သူလူထုရဲ့ အားကို အသုံးပြုပြီး စင်ကာပူနိုင်ငံကို ဖိအားပေးဖို့ အခုလို ကမ်ပိန်းကို လုပ်ရတာပါ။ မြန်မာပြည်သူတွေ တစ်ပြိုင်တည်း အသံထုတ်မယ်ဆိုရင် ထိုက်သင့်သလောက် တုံ့ပြန်မှုကို ရမှာပါ။ အမေရိကန်နိုင်ငံ မြန်မာဘဏ်နှစ်ခုကို အရေးယူပိတ်ဆို့တဲ့ အချိန်လည်း ဖြစ်နေတယ်။ အခုက အချိန်ကောင်းဖြစ်ပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့ အားလုံးဝိုင်းတွန်းမယ်ဆိုရင် စစ်ကောင်စီရဲ့ အားတစ်ခု လျော့သွားပါလိမ့်မယ်။" ဟု ဆိုသည်။
စင်္ကာပူအစိုးရအနေဖြင့် ထိရောက်သည့် ပိတ်ဆို့အရေးယူမှုများ ချမှတ်ပါက စစ်တပ်၏ အကြမ်းဖက်မှုများကို သိသိသာသာ လျော့နည်းသွားစေမည်ဖြစ်ပြီး အာဏာရှင်စနစ် အမြန်ဆုံးချုပ်ငြိမ်းနိုင်မည်ဖြစ်သဖြင့် ပြည်သူလူထုအနေဖြင့် ပါဝင်နိုင်ရန် နည်းလမ်းများကို Blood Money - သွေးစွန်းငွေ facebook page တွင် ဝင်ရောက်ကြည့်ရှုနိုင်ပြီး ဖိနှိပ်မှုများကြားမှ ရရာနည်းဖြင့် ပူးပေါင်းပါဝင်ပေးကြရန် Blood Money Campaign အဖွဲ့က တိုက်တွန်းထားသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#BloodMoney
#DoMoreSingapore
#စင်္ကာပူနိုင်ငံ

👍17😁1
This media is not supported in your browser
VIEW IN TELEGRAM
ထိုင်း-မြန်မာကုန်သွယ်ရေးလမ်း ပြတ်တောက်မှုကြောင့် ကုန်စည် စီးဆင်းမှုရပ်တန့်နေပြီး ကုန်ဈေးနှုန်းများလည်း မြင့်တတ်နေ
Watch more detail - https://youtu.be/XAAbGrbgwsg
#Thailand #Myanmar #ကုန်သွယ်ရေးလမ်းပြတ်တောက်မှု #ကုန်စည်စီးဆင်းမှုရပ်တန့် #VideoNews #shorts #reels

👍4🔥3
စစ်တွေမြို့အနီး စက်လှေနစ်မြုပ်မှုမှ ရိုဟင်ဂျာ အမျိုးသမီး ၁၀ ဦးနှင့် အမျိုးသား ၇ ဦး၏ ရုပ်အလောင်းများ ပြန်လည်တွေ့ရှိ
===================
ရောင်နီ
(မဇ္စျိမ)။ ။ရခိုင်ပြည်နယ်၊ စစ်တွေမြို့အနီး ပင်လယ်ပြင်တွင်နစ်မြုပ်ခဲ့သည့် စက်လှေမှ ရိုဟင်ဂျာ အမျိုးသမီး ၁၀ ဦးနှင့် အမျိုးသား ခုနစ်ဦး၏ ရုပ်အလောင်းများကို ပြန်လည်တွေ့ရှိထားကြောင်း ရွှေရောင်မေတ္တာ ဖောင်ဒေးရှင်း လူမှုကူညီကယ်ဆယ်ရေးအသင်းထံမှ သိရသည်။
“မနေ့ကအထိ ၁၇ လောင်းတွေ့ထားတယ်ပေါ့။ စစ်တွေက ပင်လယ်ကမ်းခြေအနီးမှာရှိတဲ့ ကျေးရွာတွေမှာ တွေ့တာပါ။ အားလုံးပေါင်း အမျိုးသမီး ၁၀ ယောက် အမျိုးသား ၇ ယောက် တွေ့ထားပါပြီ။ ကျန်တဲ့ ပျောက်ဆုံးနေသူတွေကိုလည်း ဆက်လက်ရှာဖွေနေပါတယ်” ဟု ရွှေရောင်မေတ္တာဖောင်ဒေးရှင်းမှ အထွေ ထွေအတွင်းရေးမှူး ကိုဗျာလက မဇ္စျိမကို ပြောသည်။
လှိုင်းကြီးမှုကြောင့် နစ်မြုပ်ခဲ့သည်ဟုဆိုသည့် စက်လှေမှ ပျောက်ဆုံးနေသူများအနက် ရိုဟင်ဂျာ အမျိုးသမီး ၁၀ ဦးနှင့် အမျိုးသား ခုနှစ်ဦး၏ ရုပ်အလောင်းများကို ပြန်လည်တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
ယင်းသို့တွေ့ရှိခဲ့သည့် ရုပ်အလောင်းများကို သက်ဆိုင်ရာက စစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေ ကြောင်း သိရသည်။
ပြီးခဲ့သည့် သြဂုတ်လ ၇ ရက်နေ့က မလေးရှားနိုင်ငံသို့သွားရောက်ရန် ရသေ့တောင်မြို့နယ်မှ ထွက်ခွာလာ သည့် ရိုဟင်ဂျာ ၅၀ ဦး ထက်မနည်းလိုက်ပါလာသည့် စက်လှေသည် စစ်တွေမြို့ ဘာဆာရာကျေးရွာ အနီးရှိ ပင်လယ်ပြင်တွင် နစ်မြုပ်ခဲ့ခြင်း ဖြစ်သည်။
စက်လှေနစ်မြုပ်မှုတွင် အမျိုးသားရှစ်ဦး အသက်ရှင်လျက်လွတ်မြောက်လာခဲ့ပြီး ၎င်းတို့ကို စစ်ကောင်စီ တပ်နှင့် ရဲများက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများက ပြောသည်။
စက်လှေတိမ်းမှောက်မှုအတွင်း ပျောက်ဆုံးနေသူများကို ဒေသအခြေစိုက်လူမှုရေးအသင်းများက သြဂုတ် လ ၇ ရက်နေ့မှစတင်ကာ ရှာဖွေမှုများပြုလုပ်ခဲ့ပြီး စစ်တွေမြို့နယ် ဗေဒါရွာ၊ သဲခုံရွာအပါအ၀င် ပင်လယ် ကမ်းစပ်အနီးရှိကျေးရွာများသို့ မျောပါလာသည့် ရုပ်အလောင်းများကို တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း မဇ္စျိမကို ပြောကြားထားသည်။
ပျောက်ဆုံးနေသူများကို လူမှုကူညီကယ်ဆယ်ရေးအသင်းများက ဆက်လက်ရှာဖွေနေသော်လည်း အသက်ရှင်ရန် ရာခိုင်နှုန်း နည်းပါးသွားပြီဖြစ်ကြောင်း ဒေသခံများက မှတ်ချက်ပြုသည်။
ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာများသည် စား၀တ်နေရေးကျပ်တည်းမှုကြောင့် မလေးရှားနိုင်ငံအပါအဝင် အခြားနိုင်ငံများသို့ ရေလမ်းမှတဆင့် စက်လှေများဖြင့် တရားမ၀င် သွားရောက်နေခြင်း ဖြစ်သည်။
ထိုကဲ့သို့ သွားရောက်ရာတွင် ပင်လယ်လှိုင်းဒဏ်ကြောင့် စက်လှေတိမ်းမှောက်ခြင်း၊ လှေပေါ်မှ ပြုတ်ကျ သေဆုံးခြင်းများကြောင့် အသက်သေဆုံးမှုများ မကြာခဏဖြစ်ပွားလေ့ရှိကြောင်း ဒေသအခြေစိုက် လူမှုကူညီရေးအသင်းအဖွဲ့များထံမှ သိရသည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#ရခိုင်ပြည်နယ်
#ရိုဟင်ဂျာ
#စက်လှေနစ်မြုပ်မှု
ပုံစာ - သြဂုတ်လ ၉ ရက်နေ့က စစ်တွေမြို့ ဘာဆာရွာအရှေ့ဘက်သဲသောင်ပြင်တွင် တွေ့ရှိသည့် ရိုဟင်ဂျာရုပ်အလောင်းများကို သယ်ယူနေစဥ်။ (ပုံ - ရွှေရောင် မေတ္တာဖောင်ဒေးရှင်း)

👍6😢3👏1
ထိုင်း-မြန်မာကုန်သွယ်ရေးလမ်းပြတ်တောက်မှုကြောင့်ကုန်စီးဆင်းမှုရပ်တန့်ပြီး ကုန်ဈေးနှုန်းများမြင့်တက်နေ
==================
ထိုင်း-မြန်မာ ကုန်သွယ်ရေးမှာ အရေးပါတဲ့ အာရှလမ်းမကြီးအပါအဝင် ကော့ကရိတ်ကနေ မြဝတီဘက်ကိုသွားနိုင်တဲ့ကားလမ်းတွေအားလုံးလည်း သွားလာမှုပြတ်တောက်နေပါတယ်။
ကရင်ပြည်နယ်ထဲမှာ ပြီးခဲ့တဲ့ သြဂုတ် ၇ ရက်နေ့က မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ကုန်သွယ်ရေး အချက်အချာအကျဆုံးဖြစ်တဲ့ မြဝတီ-ကော့ကရိတ် အာရှလမ်းမ၊ တောနော်ရေတံခွန်အနီးနေရာမှာ ကားလမ်းအောက်ခံ မြေသားမြေပြိုကျမှုကြောင့် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်သွားခဲ့တာပါ။
ဒါ့အပြင် လမ်းဟောင်းလို့ အများသိကြတဲ့ ကော့ကရိတ် - မြဝတီဒေါနတောင် လမ်းဟောင်းပိုင်း မှာတော့ အသုံးမပြုမှုကြာမြင့်နေတာကြောင့် လမ်းတွေရေကျော်ပျက်စီးထားသလို စစ်ကောင်စီ နဲ့ တော်လှန်ရေးအင်အားစုတွေ ခြေကုပ်ယူထားကြတာရှိလို့ လုံခြုံရေးစိုးရိမ်ရတဲ့ အခြေအနေလို့ ပြောပါတယ်။
ထို့ကိုကိုးလမ်းကလည်း မိုးရွာသွန်းမှုတွေကြောင့် လမ်းပိုင်းပျက်စီးမှုတွေ ရှိနေတဲ့အတွက် သွားလာဖို့ အခက်အခဲရှိနေတာပါ။
ဒီလို သဘာဝဘေးကြောင့် ကရင်ဒေသကိုဖြတ်တဲ့ ဘားအံ - ကော့ကရိတ် - မြဝတီ ကိုသွားနိုင်တဲ့ လမ်းကြောင်း ၃ ကြောင်းလုံး သွားလာရေးခက်ခဲနေချိန်မှာပဲ မြဝတီလက်ခတ်တောင်၊ ကော့ကရိတ် ကော့နွဲ ကျေးရွာ၊ ကြောင်လျှာကုန်းကျေးရွာ၊ ခနိမ်းမူ ရပ်ကွက်တွေဘက်မှာစစ်ကောင်စီတပ် နဲ့ ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော်- KNLA ပူးပေါင်းတပ်တွေကြား တိုက်ပွဲဆက်ဖြစ်နေတယ်လို့ ဒေသတွင်းသတင်းတွေကဖော်ပြနေပါတယ်။
နယ်စပ်ကုန်သည်တစ်ဦးကတော့ ထိုင်း-မြန်မာ ကုန်သွယ်ရေးလမ်းပိုင်းတွေမှာ သွားလာဖို့ ခက်ခဲလာတဲ့အတွက် ကုန်စည်စီးဆင်းမှု လုံးဝရပ်တန့်သွားပြီးနောက် ကုန်ဈေးနှုန်းတွေ ချက်ချင်းဆိုသလို ခုန်တက်လာတယ်လို့ ပြောပါတယ်။
လက်ရှိမှာတော့ မြဝတီမှာလည်းရေကြီးရေလျှံဖြစ်နေလို့ ရေဘေးကယ်ဆယ်ရေးစခန်း ၆ ခုထက်မနည်းဖွင့်ထားရပြီး အခုလို လမ်းပျက်တာနဲ့ ရေကြီးတာတွေကြောင့် ထိုင်းကုန်စည်တွေကို အဓိကထားသုံးနေရသလို မြန်မာကုန်စည်တချို့ကတော့ အသွားအလာခက်ခဲတာနဲ့ လမ်းပိုင်းအလိုက် တပ်အသီးသီးက အခွန်ကောက်လို့ ကုန်ဈေးနှုန်း မြင့်တက်လာတယ်လို့ ပြောကြပါတယ်။
ထိုင်းကုန်ပစ္စည်းတွေဟာ လမ်းကြောင်းပြင်ဆင်မှု ပြီးစီးတဲ့အခြေအနေပေါ် မူတည်ကာ ကုန်ပစ္စည်း ဝင်ရောက်မှုတွေ ကြန့်ကြာနိုင်သလို ကုန်ပစ္စည်းဝင်ရောက်မှု ကြန့်ကြာပါက ဒေသတွင်းထိုင်းကုန် ပစ္စည်းပြတ်လပ်မှုတွေအထိ ရှိလာနိုင်တယ်လို့ နယ်စပ်ကုန်သွယ်ရေး ကျွမ်းကျင်သူတွေက သုံးသပ်ထားပါတယ်။
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် ၊ မြဝတီ-ကော့ကရိတ် အာရှလမ်းပိုင်း တောနော်ရေတံခွန် အနီးမှာ ဩဂုတ် ၇ ရက်က လမ်းသားပြိုကျခဲ့တဲ့ နေရာမှာ ယာယီ ဘေလီတံတားထိုးဖို့ စီစဉ်ဆောင်ရွေက်နေတယ်လို့ စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ဖြေကြားထားပါတယ်။
လက်ရှိမှာတော့ တံတားထိုးပြီးပြီ ဆိုတာဟာ မဟုတ်ဘဲ အချိန်တစ်ပတ် ၊ နှစ်ပတ်ခန့် ကြာနိုင်တယ်လို့ ဖြေကြားထားပါတယ်။
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာရှိတဲ့ သွင်းကုန် ကုမ္ပဏီတစ်ဦး ကတော့ အာရှလမ်းမကြီးမှာ ကားသွားလို့ မရသေးတဲ့အတွက် သူတို့အနေနဲ့ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တာချီလိတ် ဘက်နေ ကုန်စည်တွေ လှည့်သွင်းဖို့ စဉ်းစားထားကြောင်း ပြောပါတယ်။
ကရင်ပြည်နယ်၊ မြဝတီမြို့ တဖက်ကမ်း မဲဆောက်မြို့ကနေ ထိုင်းအထက်ပိုင်း မဲဆိုင်မြို့ကို ကုန်စည်တွေ တဆင့်သယ်ပြီး ရှမ်းအရှေ့ပိုင်းကနေ ရန်ကုန်ကို ပြန်သယ်ရတဲ့အတွက် ကုန်ကျစရိတ်တွေ များလာလိမ့်မယ်လို့လည်း သူက ပြောပါတယ်။
ထိုင်းနိုင်ငံဟာ မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးကနေ မြန်မာနိုင်ငံကို စားသောက်ကုန်၊ အထည် အလိပ်၊ အလှကုန်၊ စက်ယန္တရားအပါအဝင် ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းတွေကို အဓိကတင်သွင်းနေတာဖြစ်ပြီး မြန်မာနိုင်ငံကလည်း ထိုင်းနိုင်ငံထဲကို ပြောင်း၊ ဆန်ကွဲနဲ့ ရေထွက်ကုန်တွေကို အဓိ က တင်ပို့ရောင်းချနေတာ ဖြစ်ပါတယ်။
ထိုင်း- မြန်မာနှစ်နိုင်ငံဟာ ပြီးခဲ့တဲ့ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း နှစ်နိုင်ငံကုန်သွယ်ရေးမှ အမေရိကန်ဒေါ်လာ သန်းပေါင်း ၆၀၀၀ နီးပါး ကုန်သွယ်နိုင်ခဲ့တယ်လို့ စစ်ကောင်စီရဲ့ ကုန်သွယ်မှုဦးစီးဌာ နရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
https://youtu.be/XAAbGrbgwsg
#Political News
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U

ကရင်ပြည်နယ်ထဲမှာ ပြီးခဲ့တဲ့ သြဂုတ် ၇ ရက်နေ့က မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ကုန်သွယ်ရေး အချက်အချာအကျဆုံးဖြစ်တဲ့…

👍13😁2❤1
သြဂုတ်လ ၁၀ ရက်နေ့ ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
====================
https://youtu.be/PlpSCJ8iKtE
====================
https://youtu.be/PlpSCJ8iKtE
YouTube
သြဂုတ်လ ၁၀ ရက်နေ့ ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
သြဂုတ်လ ၁၀ ရက်နေ့ ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို…

🔥1
စစ်အာဏာရှင်ဆန့်ကျင်ရေး ရွာပေါင်းစုံသပိတ် ချီတက်ဆန္ဒပြ
==================
ပါခွီး
(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာများ စုပေါင်း၍ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲကို ဩဂုတ်လ ၁၀ ရက် ယနေ့တွင် ချီတက်ခဲ့ကြသည်။
လူထုသပိတ်စစ်ကြောင်းသည် “လူထုအရေးတော်ပုံမှသည် တော်လှန်ရေးအောင်ပွဲ ဆီသို့” ဟူသည့် စာတန်းကိုင်စွဲပြီး စစ်အာဏာရှင်ဆန့်ကျင်သည့် ကြွေးကြော်သံများ ဟစ်ကြွေးချီတက်ခဲ့ခြင်း ဖြစ်သည်။
သပိတ်စစ်ကြောင်းသည် ကျဆုံးခဲ့သောအာဇာနည်အပေါင်းကို ဦးညွှတ်အလေးပြုခဲ့ကြပြီး သွေးမော်ကွန်းတေးသီချင်းကို သံပြိုင်သီဆိုကာ ကြွေးကြော်သံများဖြင့် ဆန္ဒပြပွဲကို ရပ်နားခဲ့ကြသည်။
ယင်းမာပင်နှင့် ဆားလင်းကြီးကျေးရွာပေါင်းစုံစစ်ကြောင်းသည် ၂၀၂၁ ခုနှစ် မတ်လ ၉ ရက်မှ စတင်ကာ စစ်အာဏာရှင်ကိုဆန့်ကျင်ဆန္ဒပြခဲ့ခြင်းဟုသိရသည်။
စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)
#ဆန္ဒပြ
#ယင်းမာပင်
#ဆားလင်းကြီး
#သပိတ်
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍8❤4😁1
ရုရှားက ဩဂုတ် ၁ ရက်မှစပြီး မြန်မာနိုင်ငံသားများအတွက် အီလက်ထရောနစ် ဗီဇာများ ခွင့်ပြုပေးဟု ဆို
=====================
ရုရှားသည် ဩဂုတ်လ ၁ ရက်မှစပြီး မြန်မာနိုင်ငံသားများကို အီလက်ထရောနစ် ပြည်ဝင်ခွင့်ဗီဇာများဖြင့် ရုရှားနိုင်ငံသို့ လာရောက်ခွင့်ပြုပေးထားကြောင်း Asia News သတင်းတစ်ပုဒ်အရ သိရသည်။
ထို့ပြင် မြန်မာစစ်ကောင်စီသည် ရုရှား တောင်ပိုင်းမြို့ နိုဗိုစီဘာ့စ်ခ်နှင့် ဒုတိယအကြီးဆုံးမြို့ စိန့် ပီတာစဘတ်တို့တွင် ကောင်စစ်ဝန်ရုံးများ ဖွင့်ရန် စီစဉ်နေကြောင်း ဩဂုတ် ၈ ရက်နေ့ သတင်းတွင် ဖော်ပြသည်။
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
=====================
ရုရှားသည် ဩဂုတ်လ ၁ ရက်မှစပြီး မြန်မာနိုင်ငံသားများကို အီလက်ထရောနစ် ပြည်ဝင်ခွင့်ဗီဇာများဖြင့် ရုရှားနိုင်ငံသို့ လာရောက်ခွင့်ပြုပေးထားကြောင်း Asia News သတင်းတစ်ပုဒ်အရ သိရသည်။
ထို့ပြင် မြန်မာစစ်ကောင်စီသည် ရုရှား တောင်ပိုင်းမြို့ နိုဗိုစီဘာ့စ်ခ်နှင့် ဒုတိယအကြီးဆုံးမြို့ စိန့် ပီတာစဘတ်တို့တွင် ကောင်စစ်ဝန်ရုံးများ ဖွင့်ရန် စီစဉ်နေကြောင်း ဩဂုတ် ၈ ရက်နေ့ သတင်းတွင် ဖော်ပြသည်။
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤4👍4👏1💩1
စစ်တွေတွင် စက်လှေ တိမ်းမှောက်မှုကြောင့် လူ ၁၇ ဦး သေဆုံး
=====================
ရခိုင်ပြည်နယ်မှ ထွက်လာသော ရိုဟင်ဂျာဒုက္ခသည်များကို တင်ဆောင်ထားသည့် စက်လှေတစ်စင်းသည် ယခုသီတင်းပတ်အတွင်း ပင်လယ်ပြင်၌ တိမ်းမှောက်ရာမှ လူ ၁၇ ဦး အနည်းဆုံး သေဆုံးကြောင်း ကယ်ဆယ်ရေးသမားများက ဩဂုတ် ၉ ရက်တွင် ပြောသည်။
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
=====================
ရခိုင်ပြည်နယ်မှ ထွက်လာသော ရိုဟင်ဂျာဒုက္ခသည်များကို တင်ဆောင်ထားသည့် စက်လှေတစ်စင်းသည် ယခုသီတင်းပတ်အတွင်း ပင်လယ်ပြင်၌ တိမ်းမှောက်ရာမှ လူ ၁၇ ဦး အနည်းဆုံး သေဆုံးကြောင်း ကယ်ဆယ်ရေးသမားများက ဩဂုတ် ၉ ရက်တွင် ပြောသည်။
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍4😢3🔥1😁1
ငါန်းဇွန်မြို့နယ်အတွင်း အင်အားဖြည့်တင်းလာသည့် စစ်ကောင်စီတပ် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံရ
==================
ပါခွီး
(မဇ္စျိမ)။ ။ မန္တလေးတိုင်း ၊ ငါန်းဇွန်မြို့နယ် ၊ ရေလည်သောင် အနောက် ပျူရွာတွင် အင်အားဖြည့်တင်းလာသည့်တပ်ကို ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား တစ်ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိသွားကြောင်း မြင်းမူလင်းယုန်နက်ပြောက်ကျားတပ်ဖွဲ့ (Black Eagle Defence Force )က ဩဂုတ်လ ၁၀ရက် ယနေ့တွင် ထုတ်ပြန်သည်။
အင်အား ၄၀ ဝန်းကျင်ခန့်ပါသော အင်အားဖြည့်တင်းလာသည့် စစ်ကောင်စီတပ်သားများကို ဩဂုတ်လ ၉ရက် နေ့လယ် ၁နာရီအချိန်တွင် ဒရုန်းဖြင့် ဗုံးသီး လေးလုံးကြဲချခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။
“ကျနော် ဗုံးချတိုက်တဲ့အတွက် အိပ်ပျော်နေတဲ့ စစ်ကောင်စီတပ်သား တစ်ယောက် ပွဲချင်းပြီးသေပါတယ် ၊ ဒဏ်ရာရတာ ၂၀လောက်ရှိပြီး အဲဒီအထဲက ဒဏ်ရာပြင်းထန်တဲ့ သူတွေလည်းပါတယ်” ဟု Black Eagle Defence Force တာဝန်ခံ ဗိုလ်စံရှား က မဇ္စျိမကိုပြောသည်။
အဆိုပါတိုက်ခိုက်မှုကို Black Eagle Defence Force နှင့်အတူ Black Eagle Drone Force , T.G.R Women Drone Force , T.G.R People’s Defense Force , ကျောက်ဆည်ခရိုင်တပ်ရင်း(၂) ၊ ငါန်းဇွန် မြို့နယ် (ပကဖ) နှင့် ငါန်းဇွန်မီးနဂါး မဟာမိတ်များမှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဆက်လက်ပြီး စစ်ကောင်စီနှင့် သက်ဆိုင်သောအရာမှန်သမျှ ဖြိုချဖျက်ဆီးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာချက်တွင် အသိပေးထားသည်။
ဇူလိုင်လ ၂၇ရက်နေ့ကလည်း အင်အား ၅၀ခန့်ဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို Black Eagle Defence Force က လက္ကာကျေးရွာ မြောက်ဖက်တွင် ဒရုန်းဖြင့် ဗုံးသီးနှစ်လုံးချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ငါးဦးသေဆုံးခဲ့ပြီး ဒဏ်ရာရသူများ သယ်ဆောင်လာသည့်ကားကို မိုင်းဆွဲထပ်မံတိုက်ခိုက်၍ သုံးဦးသေဆုံးခဲ့ကြောင်းသိရှိရသည်။
စာတည်း - သန့်ဇော်(သန်လျင်)
https://youtu.be/SP9_NlUS_wM
#mizzima
#BlackEagleDefenceForce
#ငါန်းဇွန်မြို့နယ်
#ရေလည်သောင်
#ဒရုန်း

ပါခွီး(မဇ္စျိမ)။ ။ မန္တလေးတိုင်း ၊ ငါန်းဇွန်မြို့နယ် ၊ ရေလည်သောင် အနောက် ပျူရွာတွင် အင်အားဖြည့်တင်းလာသည့်တပ်ကို ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား တစ်ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိသွားကြောင်း မြင်းမူလင်းယုန်နက်ပြောက်ကျားတပ်ဖွဲ့ (Black Eagle…
🔥5👍3❤1👏1🥱1
ရေစကြိုတွင် ၂ ရက်ဆက်တိုက်ပွဲ အတွင်း စစ်ကောင်စီဘက်မှ ၂ ဦးထက်မနည်းသေဆုံးဟုဆို
===================
MTO
(မဇ္ဈိမ)။ ။မကွေးတိုင်း၊ရေစကြိုမြို့နယ်တွင် ဩဂုတ်လ ၈ ရက်နှင့် ၉ ရက်က ဖြစ်ပွားခဲ့သည့် နှစ်ရက်ဆက် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ ဝင်နှစ်ဦးထက် မနည်းသေဆုံးနိုင်ကြောင်း ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ရေစကြိုပကဖ)က သတင်းထုတ်ပြန်သည်။
ဩဂုတ်လ ၈ ရက်နေ့ နေ့လယ်ပိုင်းတွင် ရေစကြိုမြို့ ခလရ ၂၅၆ မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည်အောင်မိုးလမ်းခွဲအနီးသို့ ကင်းပုန်းဝပ်ရန်လာစဉ် စောင့်ကြိုပစ်ခတ်ရာ နှစ်ဦးသေဆုံးသွားကြောင်း ရေစကြိုပကဖမှ တာဝန်ရှိသူတဦးက ပြောသည်။
“ ခုနစ်ယောက်လောက်ရှိတယ်။ အောင်မိုးလမ်းခွဲမှာ ကင်းပုန်းလာဝပ်တာမှာ ကျတော်တို့ ရဲဘော်တွေက အသင့်စောင့်ဆိုင်းနေတာဖြစ်လို့ လက်ဦးမှုရယူပစ်ခတ်နိုင်ခဲ့တယ်” ဟု ၎င်းကပြောသည်။
ထိုနေရာတွင် ၁၅မိနစ်ခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ ဝင်များ ပြန်လည်ဆုတ်ခွာသွားသည်ဟုဆိုသည်။
ဩဂုတ်လ ၉ ရက်နေ့ တွင်လည်း ရေစကြိုမြို့နယ် မြေဖြူကျေးရွာအနီးတွင်ရောက်ရှိနေသည့် အင်အား ၆၀ခန့် ပါ စစ်ကောင်စီစစ်ကြောင်းကို စောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်း ရေစကြိုပကဖက ထုတ်ပြန်သည်။ ရုတ်တရက်တိုက်ခိုက်ခံရမှုကြောင့်စစ်ကောင်စီတပ်ဖွဲ့ ဝင်များသည် ထိုနေရာမှ ပြန်လည်ဆုတ်ခွာပြီး ကျေးရွာအနီးတွင် ပုန်းအောင်းနေခဲ့ကြောင်း၊ နေ့လည် ၂ နာရီတွင် ပြန်လည်စစ်ကြောင်းထိုးလာသည့်အတွက် ဒုတိယအကြိမ် တိုက်ပွဲထပ်မံဖြစ်ပွားခဲ့သည်ဟု သိရသည်။
“ နှစ်ကြိမ်စလုံးကျတော်တို့ လက်ဦးမှုရယူတိုက်ခိုက်နိုင်ခဲ့တဲ့ အတွက် ကျတော်တို့ဘက်မှာ အထိအခိုက် မရှိခဲ့ဘူ။ စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာရတာမျိုးရှိနိုင်ပေမယ့် အသေးစိတ်တော့မသိရသေးဘူး “ ဟု ဩဂုတ်လ ၉ရက်က တိုက်ပွဲဖြစ်စဉ်ကို ရေစကြိုပကဖက ရှင်းပြသည်။
ရေစကြိုမြို့နယ်တွင်ပြီးခဲ့သည့် ဩဂုတ်လ ၂ ရက်နေ့ကလည်း စစ်ကောင်စီတပ်ဖွဲ့ ဝင်များ လိုက်ပါလာသည့် ကားကို ပြည်သူ့ ကာကွယ်ရေးရဲဘော်များက မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။ ထိုတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်ငါးဦး ဒဏ်ရာရရှိသွားကြောင်း ရေစကြိုပကဖကသတင်းထုတ်ပြန်ထားသည်။
စာတည်း - မောင်ကြီး
#mizzima
#ရေစကြိုမြို့နယ်
#နှစ်ရက်ဆက်တိုက်ခိုက်မှု
#ရေစကြိုပကဖ

👍12😁2❤1👏1