ပလက်ဝမြို့နယ်တွင် မြစ်ရေကြီး၊မြေပြိုမှုကြောင့် အဆောက်အအုံများ ပြိုကျပျက်စီး
==================
ကိုခင်မောင်
(မဇ္စျိမ) ။ ။ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကုလားတန်မြစ်ရေကြီးခြင်းနှင့် မြေပြိုမှုများ ဖြစ်ပေါ်ပြီး အဆောက်အအုံ ၁၇လုံးထက်မနည်း ပြိုကျပျက်စီးသွားကြောင်း ပလက်ဝခရစ်ယာန် လူမှုကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး ကော်မတီထံက သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၂၇ ရက်မှ သြဂုတ်လ ၇ ရက်အထိ တစ်ပတ်ကျော်ကြာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြစ်ရေကြီးပြီး မြေပြိုမှုများဖြစ်ပွားခဲ့ရာ နေအိမ်ပြိုကျခြင်း၊ မြေထိန်းနံရံပြိုကျခြင်း နှင့် နေအိမ်များရေမြုပ်ခြင်း၊ ရေတိုက်စားခြင်းများ ကြုံတွေ့ခဲ့ရသည်ဟု ဆိုသည်။
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပီအီးစီ ဘော်ဒါဆောင် ၊ ဧဝံဂေလိမက်သဒစ် ဘော်ဒါဆောင် အဆောက်အအုံနှင့် လူနေအိမ်ငါးလုံး ပြိုကျပျက်စီးသည့်အပြင် လူနေအိမ် ၁၁လုံး၏ မြေထိန်းနံရံများ ပြိုကျပျက်စီးခဲ့သည်ဟု ပလက်ဝခရစ်ယာန် လူမှုကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး ကော်မတီ၏ မှတ်တမ်းများအရ သိရသည်။
“မြေပြိုမှုကြောင့် အိမ်တိုင်တွေပျက်စီးတာ၊ မြေထိန်းနံရံတွေ ပြိုကျတာတွေလည်းရှိတယ်။ အခုကတော့ နေအိမ်ပျက်စီးနေတဲ့ ပြည်သူတွေက အသိမိတ်ဆွေတွေအိမ်မှာ နေကြပါတယ်။ မြစ်ကမ်းနားမှာရှိတဲ့ အိမ်တွေက ရေမြုပ်နေတာကြောင့် ရေဘေးလွတ်တဲ့နေရာမှာ ပြောင်းရွှေ့နေကြတယ်။ မြစ်ကမ်းနားနဲ့ အရမ်းနီးတော့ တချို့က အိမ်ခေါင်မိုးအထိ မြုပ်တာရှိတယ်” ဟု ပလက်ဝမြို့နေ ဒေသခံတစ်ဦးက မဇ္စျိမသို့ ပြောသည်။
မြေပြိုမှုကြောင့် ပလက်ဝမြို့ရှိ ပီအီးစီ ဘော်ဒါဆောင် နှစ်ထပ်ကျောင်းဆောင်လည်း ပျက်စီးသွားပြီး ဘော်ဒါကျောင်းဆောင် မပြိုကျခင်မြေသားအက်ကွဲမှု စတင်ဖြစ်ပွားသည့်အချိန်တွင် ကြိုတင်ပြောင်းရွှေ့နိုင်ခဲ့သည့်အတွက် လူထိခိုက်မှုမရှိကြောင်း ၎င်းဒေသခံထံက သိရသည်။
အဆိုပါမိုးရေကြီးမှုကြောင့် ကုလားတန်မြစ်ရေသည် ပေ ၄၀ ကျော်ခန့် မြင့်တက်လာပြီး ယနေ့ သြဂုတ်လ ၁၁ရက်အထိ ကျောက်တော်-ပလက်ဝ ဆက်သွယ်ထားသော ရေလမ်းကြောင်းမှ စက်လှေများ ရပ်နားထားဆဲဖြစ်ကြောင်း သိရသည်။
ထိုသို့ ပျက်စီးသွားသော နေအိမ်များနှင့် မြေထိန်းနံရံများ ပြန်လည်ပြုပြင် ထိန်းသိမ်းနိုင်ရန်အတွက် အခက်အခဲများ ကြုံတွေ့နေကြရပြီး ကူညီထောက်ပံ့မှုများ ပေးကြပါရန်လည်း ပလက်ဝခရစ်ယာန် လူမှု ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး ကော်မတီက တောင်းဆိုထားသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး
#ချင်းပြည်နယ်
#ပလက်ဝမြို့နယ်
#မိုးလေဝသ
ပုံအညွှန်း။ ။ ပလက်ဝမြို့တွင် ရေကြီးမြေပြို၍ ထိခိုက်ပျက်စီးသွားသောနေအိမ်များ။(ဓာတ်ပုံ-CJ)
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

😢7👍4🔥1
လွိုင်ကော်မြို့နယ်တွင် စစ်ကောင်စီယာဉ်တန်းတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုရှိ
====================
001
(မဇ္စျိမ) ။ ။ ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ် ၊နန်းကွပ်ကျေးရွာဘက်သို့ ဖြတ်သန်းလာသည့် စစ်ကောင်စီတပ်ဖွဲ့ ယာဉ်တန်းအား တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးသေဆုံးမှုရှိပြီး ခုနှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDFတပ်ရင်း (၁၄) က ယမန်နေ့ဩဂုတ်လ ၁၀ ရက်တွင် သတင်းထုတ်ပြန်သည်။
အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ ယာဉ်တန်းကို ကရင်နီတပ်မတော် KA၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDFဗျူဟာအမှတ် (၂)တို့ က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်သုံးကားတစ်စီးကို ဖျက်ဆီးနိုင်ခဲ့ကာ ပူးပေါင်းအဖွဲ့ဘက်မှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း KNDF က ထုတ်ပြန်ထားသည်။
လွိုင်ကော်မြို့ပတ်လမ်း၊ နန်းကွပ်ရေစီးကွေ့တလျှောက်တွင် စစ်ကောင်စီတပ်ဖွဲ့က စစ်ကြောင်းထိုးခြင်း၊ ယာဉ်တန်းများဖြင့် အင်အားဖြည့်တင်း ဝင်ရောက်ခြင်းတို့ကြောင့် ကရင်နီပူးပေါင်းတပ်ဖွဲ့များနှင့် အနီးကပ် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း KNDF က ဆိုသည်။
စစ်ကောင်စီတပ်ဖွဲ့က လွိုင်ကော်မြို့အတွင်းသို့ အင်အားဖြည့်တင်းခြင်းများ ပြုလုပ်နေသည့်အတွက် နှစ်ဖက်ထိတွေ့တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနိုင်သဖြင့် ပြည်သူများအနေဖြင့် သတိရှိစွာနေထိုင်သွားလာကြရန်လည်း အသိပေးထားသည်။
လွိုင်ကော်မြို့ စစ်ရေးအခြေအနေများနှင့် ပတ်သက်ပြီး အသေးစိတ်မေးမြန်းနိုင်ရန် KNDF ဗဟို သတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ရှိသူများထံ ဆက်သွယ်ခဲ့သော်လည်း ဖုန်းလိုင်းအခက်အခဲကြောင့် ဆက်သွယ်၍ မရခဲ့ပေ။
ပြီးခဲ့သည့် ဇူလိုင်လ တတိယပတ်အတွင်းကလည်း လွိုင်ကော်မြို့နယ်သို့ ဝင်လာသည့် စစ်ကောင်စီ၏ ထောက်ပို့ယာဉ်တန်းကို ကရင်နီပူးပေါင်းအဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ကားသုံးစီး ပျက်စီးမှုရှိခဲ့ကြောင်းလည်း သိရသည်။
ကရင်နီပြည်နယ်တွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၃ ခုနှစ် ဇူလိုင်လ အထိ တိုက်ပွဲပေါင်း ၇၆၀ ကျော် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီယာဉ် အစီးရေ ၆၀ ကျော် ပျက်စီးမှုရှိခဲ့ကြောင်း တိုးတက်သောကရင်နီပြည်သူ့အင်အားစု PKPFက ဩဂုတ်လ ၁ ရက်နေ့က ထုတ်ပြန်ထားသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး
#ကရင်နီပြည်နယ်
#လွိုင်ကော်မြို့နယ်
#စစ်ကောင်စီတပ်
#တိုက်ခိုက်မှု
ပုံအညွှန်း - KNDF

👍14😁2❤1👏1
သြဂုတ်လ ၁၁ ရက်နေ့ ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
====================
https://youtu.be/8fcMqXRbodI

YouTube
သြဂုတ်လ ၁၁ ရက်နေ့ ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
သြဂုတ်လ ၁၁ ရက်နေ့ ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို…

👍4🔥2
စစ်ကောင်စီစစ်ကြောင်းကြောင့် ရွှေကူမြို့နယ်် ဧရာဝတီမြစ်ကမ်းဘေး ကျေးရွာဒေသခံများ ဘေးလွတ်ရာတိမ်းရှောင်နေရ
====================
KMN
(မဇ္ဈိမ) ။ ။ ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တွင် ဩဂုတ်လ ၈ ရက်မှစတင်ကာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေပြီး ဧရာဝတီမြစ် မြစ်ကမ်းဘေးရှိ ကျေးရွာလေးရွာခန့်မှ ဒေသခံ ၂,၀၀၀ခန့်သည် ဘေးလွတ်ရာတွင် တိမ်းရှောင်နေကြရသည်။
ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်သင်္ဘောကိုးစီးသည် ရွှေကူမြို့နယ်တနေရာတွင် တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီက မြေပြင်မှ စစ်ကြောင်းထိုးနေခြင်းဟု ဒေသခံများကပြောသည်။
စစ်သင်္ဘောသုံးစီးပါဝင်သည့် သင်္ဘောကိုးစီးအုပ်စုသည် မန္တလေးမြို့ ဂေါ်ဝန်ဆိပ်ကမ်းမှ ဇူလိုင် ၂၆ ရက်မှစတင်ထွက်ခွာလာပြီး ဩဂုတ် ၇ ရက်နေ့ ရွှေကူမြို့နယ်သို့ ဝင်ရောက်ချိန်တွင် ကာကွယ်ရေးတပ်များမှ ပစ်ခတ်ခဲ့ရာသင်္ဘောတစီး ထိခိုက်ခဲ့ကြောင်း သိရသည်။ ထိုသင်္ဘောကို ရွှေကူမြို့ဆိပ်ကမ်းတွင် ပြန်လည်ပြုပြင်နေစဉ် ခြေလျင်စစ်ကြောင်းက ဧရာဝတီမြစ်ကမ်းဘေးရှိ ဆင်တပ်၊ရေလဲ၊မိုးစစ်၊သင်္ဘောအင်းစသည့် ကျေးရွာများကို စစ်ကြောင်းထိုးသည်ဟု ဒေသခံများကပြောသည်။
"အဲဘက်ရွာကလူတွေ မြို့ပေါ်မှာ တိန်းရှောင်တာလည်းရှိတယ်။ စစ်ဘေးလွတ်ရာနေရာတွေပြေးနေကြတာလည်းရှိတယ်"ဟုမြို့ခံတဦးကပြောသည်။
လက်တလောစစ်ဘေးရှောင်နေရသူဦးရေသည် ၂,၀၀၀ ခန့် ရှိကြောင်းသိရသည်။စစ်သင်္ဘောများတွင် စစ်ကောင်စီတပ်သား ၃၀၀ ခန့်ပါနိုင်ပြီး မြစ်ကမ်းဘေးတလျှောက် ကျေးရွာနေသူများ ဘေးလွတ်ရာ ရှောင်ရှားကြရန် ဒေသအခြေစိုက်မြို့လှ K-PDF က သတိပေးထားသည်။
ရွှေကူမြို့နယ်တွင် စစ်သင်္ဘောများဖြင့်လိုက်ပါလာသည့် စစ်ကောင်စီတပ်သားများအပြင် တပ်မ (၈၈) လက်အောက်ခံ ခလရ (၁၀)တပ်ရင်းနှင့် ခမရ(၄၁၅) တပ်ရင်းကလည်း စစ်ကြောင်းထိုးခြင်း၊ ဒေသခံများအားဖမ်းဆီးခြင်း ၊ နေအိမ်များအား မီးရှို့ခြင်းများ ပြုလုပ်နေကြောင်း သိရသည်။
ယနေ့ ဩဂုတ်လ ၁၁ ရက်နေ့ မနက်ပိုင်းတွင်လည်း ရွှေကူမြို့နယ်နှင့် စင်းခန်းမြို့နယ်ကြား ဧရာ၀တီဒုတိယမြစ်ကျဉ်းနှင့်နီးကပ်သည့် ဇင်းဘုံရွာအနီးတွင် စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားနေကြောင်းသိရသည်။ရွှေကူမြို့ဆိပ်ကမ်းတွင်ရပ်နားထားသည့် သင်္ဘောများ ဗန်းမော်မြို့သို့ ဆန်မတက်မီ လမ်းကြောင်းရှင်းခြင်းဖြစ်နိုင်ကြောင်း ဒေသခံများက သုံးသပ်သည်။
စစ်ကောင်စီသည် ပြီးခဲ့သည့် ဧပြီလအတွင်းကလည်း ရွှေကူမြို့နယ် စီသာကျေးရွာအုပ်စုရှိ ကျေးရွာ ၁၂ ရွာကို ၁၉ ရက်ကြာ စစ်ကြောင်းထိုးခဲ့သောကြောင့် ဒေသခံပြည်သူအများစုသည် စစ်ဘေးရှောင်နေရဆဲဖြစ်သည်။ ယခုအခါ ရွှေကူမြို့တွင် ဧရာဝတီမြစ်ရေသည် စိုးရိမ်ရေမှတ်အနီးသို့ ရောက်ရှိနေသည်။ ဒေသခံများ ရေဘေးသတိပြုနေထိုင်ကြရန် စစ်ကောင်စီလက်အောက်ခံ မိုးဇလဌာနက သတိပေးထားချိန်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက မြေပြင်မှစစ်ကြောင်းထိုးနေခြင်းဖြစ်သည်။
စာတည်း - မောင်ကြီး
#mizzima
#ကချင်ပြည်နယ်
#ရွှေကူမြို့
#စစ်ကောင်စီစစ်ကြောင်းထိုး
ပုံအညွှန်း -ရွှေကူမြို့သို့ ရောက်ရှိနေသည့် စစ်ကောင်စီသင်္ဘောတစီးအား တွေ့ရစဉ်

👍7😁2😢2
လူကုန်ကူးခံရမည် စိုး၍ မြန်မာနှင့် ကမ္ဘောဒီးယားကို တရုတ်ဧည့်သည်များ ရှောင်ဖယ်လာ
======================
တရုတ်နိုင်ငံနှင့် ခိုင်မာသော သံတမန်ဆက်ဆံရေး ရှိထားသည့် အရှေ့တောင်အာရှ နှစ်နိုင်ငံဖြစ်သော မြန်မာနှင့် ကမ္ဘောဒီးယားတို့သည် ကပ်ဘေးနောက်ပိုင်း၌ ခရီးသွားလုပ်ငန်း ပြန်လည်အသက်ဝင်ရေးအတွက် ကြိုးပမ်းမှုအဖြစ် တရုတ်ဧည့်သည်များကို ဦးတည်ချက်ထားသော သီးခြားလုပ်ငန်းစဉ်များကို ဖော်ဆောင်လာကြသည်။ သို့ရာတွင် ရာဇဝတ်မှုနှင့် ဘေးအန္တရာယ်တို့အားဖြင့် နာမည်ကျဆင်းနေခြင်းကြောင့် တရုတ်ဧည့်သည်များ ပြန်လည်ရရှိရေးသည် ခက်ခဲသော လမ်းကြောင်းအဖြစ် ရှိနေနိုင်သည်။

👍6🔥4😁1
နိုင်ငံခြားငွေလဲနှုန်းဂယက်ကြောင့် စက်သုံးဆီဈေး ရုတ်တရက်ခုန်တက် | Business Roundup (11.8.2023)
===================
- အခေါက်ရွှေတစ်ကျပ်သား ၃၇ သိန်းကျော်သွားပြီး ထိုင်းဘတ်ဈေး တဟုန်ထိုးမြင့်တက်လာ
- နိုင်ငံခြားငွေလဲနှုန်းဂယက်ကြောင့် စက်သုံးဆီဈေး ရုတ်တရက်ခုန်တက်
- စစ်အုပ်စုကို ထိရောက်သည့် အရေးယူပိတ်ဆို့မှုများချမှတ်ရေး စင်ကာပူအစိုးရကိုတောင်းဆိုသည့် ကမ်ပိန်း ပြုလုပ်
- စားအုန်းဆီဈေးနှုန်း စံချိန်တင်မြင့်တက်လာပြီး ဆိုင်အချို့ အရောင်းရပ်ထားရ
- အိန္ဒိယနိုင်ငံထုတ် ချောင်းဆိုးပျောက်ဆေးများ အဆိပ်သင့်စေကြောင်း WHO ထုတ်ပြန်
https://youtu.be/_dssZbZotE8
#BusinessRoundUp
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

အိန္ဒိယနိုင်ငံထုတ် ချောင်းဆိုးပျောက်ဆေးများ အဆိပ်သင့်စေကြောင်း WHO ထုတ်ပြန် | Business Roundup (11.8.2023)
- အခေါက်ရွှေတစ်ကျပ်သား ၃၇ သိန်းကျော်သွားပြီး ထိုင်းဘတ်ဈေး တဟုန်ထိုးမြင့်တက်လာ
- နိုင်ငံခြားငွေလဲနှုန်းဂယက်ကြောင့် စက်သုံးဆီဈေး ရုတ်တရက်ခုန်တက်
- စစ်အုပ်စုကို…

👍14🔥2
စစ်ကိုင်းမြို့မှ စစ်ဘေးရှောင်စခန်း လေကြောင်းတိုက်ခိုက်ခံရမှု ကလေးငယ်အပါအဝင် ၃ဦးသေဆုံး
====================
(မဇ္ဈိမ) ။ ။စစ်ကိုင်းမြို့နယ်၊တလိုင်းရွာမှ စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ အသက် ရှစ်လအရွယ် ကလေးငယ်အပါအဝင် သုံးဦးသေဆုံးခဲ့ပြီး ၁၅ဦးထက်မနည်းဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများကပြောသည်။
တလိုင်းကျေးရွာရှိ ကန်ဦးကျောင်း စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီက ယနေ့ ဩဂုတ် ၁၁ ရက်၊နံနက် ၄နာရီ ၁၅မိနစ်ခန့် တွင် ဂျက်ဖိုက်တာဖြင့် ပစ်ခတ်ခြင်းဖြစ်သည်။
" ပစ်တာ ၁၀ မိနစ်လောက်ကြာတယ်။ဝရုန်းသုန်းကား ထွက်ပြေးရတာပဲ။ရွာထဲတော့ ပြန်မဝင်ရဲသေးဘူး။ကျွန်တော်တို့ရွာဘက်မှာက တိုက်ပွဲတွေ ဘာတွေဖြစ်တာမရှိဘဲ အတိုက်ခံရတာပါ”ဟု တလိုင်းရွာသားတဦးကပြောသည်။
ထိုတိုက်ခိုက်မှုကြောင့် ကလေးငယ်တဦးနှင့်မိခင်ဖြစ်သူ၊ အသက် ၆၀ကျော်အမျိုးသမီးတဦး သေဆုံးပြီး ၁၅ဦးခန့် ဒဏ်ရာရကာ သုံးဦးသည် ဒဏ်ရာပြင်းထန်ကြောင်း စစ်ဘေးရှောင်များကို ကူညီပေးနေသည့် ကိုနွေဦးမောင်ကပြောသည်။
ကန်ဦးကျောင်းစစ်ဘေးရှောင်စခန်းကို တိုက်ခိုက်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့က တလိုင်းကျေးရွာအတွင် ဝင်ရောက်ပြီး ဒေသခံအချို့ကို ဖမ်းဆီးပြီး နေအိမ်များလည်း ဖျက်ဆီးသွားကြောင်းသိရသည်။
စစ်ကောင်စီတပ်ဖွဲ့သည် တလိုင်းကျေးရွာအပါအဝင် စစ်ကိုင်းမြို့နယ်မြောက်ခြမ်းတွင် ပြီးခဲ့သည့် နှစ်လခန့်မှစ၍ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေခြင်းကြောင့်ဒေသခံ အများအပြား ထွက်ပြေးတိမ်းရှောင်နေရသည်။
စာတည်း - မောင်ကြီး
#mizzima
#စစ်ကိုင်း
#တလိုင်းရွာစစ်ဘေးရှောင်စခန်း
#လေကြောင်းမှတိုက်ခိုက်
ပုံအညွှန်း - တလိုင်းရွာမှ စစ်ဘေးရှောင်များ (ပုံဟောင်း)
ဓာတ်ပုံ - Ko Pyay
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
====================
(မဇ္ဈိမ) ။ ။စစ်ကိုင်းမြို့နယ်၊တလိုင်းရွာမှ စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ အသက် ရှစ်လအရွယ် ကလေးငယ်အပါအဝင် သုံးဦးသေဆုံးခဲ့ပြီး ၁၅ဦးထက်မနည်းဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများကပြောသည်။
တလိုင်းကျေးရွာရှိ ကန်ဦးကျောင်း စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီက ယနေ့ ဩဂုတ် ၁၁ ရက်၊နံနက် ၄နာရီ ၁၅မိနစ်ခန့် တွင် ဂျက်ဖိုက်တာဖြင့် ပစ်ခတ်ခြင်းဖြစ်သည်။
" ပစ်တာ ၁၀ မိနစ်လောက်ကြာတယ်။ဝရုန်းသုန်းကား ထွက်ပြေးရတာပဲ။ရွာထဲတော့ ပြန်မဝင်ရဲသေးဘူး။ကျွန်တော်တို့ရွာဘက်မှာက တိုက်ပွဲတွေ ဘာတွေဖြစ်တာမရှိဘဲ အတိုက်ခံရတာပါ”ဟု တလိုင်းရွာသားတဦးကပြောသည်။
ထိုတိုက်ခိုက်မှုကြောင့် ကလေးငယ်တဦးနှင့်မိခင်ဖြစ်သူ၊ အသက် ၆၀ကျော်အမျိုးသမီးတဦး သေဆုံးပြီး ၁၅ဦးခန့် ဒဏ်ရာရကာ သုံးဦးသည် ဒဏ်ရာပြင်းထန်ကြောင်း စစ်ဘေးရှောင်များကို ကူညီပေးနေသည့် ကိုနွေဦးမောင်ကပြောသည်။
ကန်ဦးကျောင်းစစ်ဘေးရှောင်စခန်းကို တိုက်ခိုက်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့က တလိုင်းကျေးရွာအတွင် ဝင်ရောက်ပြီး ဒေသခံအချို့ကို ဖမ်းဆီးပြီး နေအိမ်များလည်း ဖျက်ဆီးသွားကြောင်းသိရသည်။
စစ်ကောင်စီတပ်ဖွဲ့သည် တလိုင်းကျေးရွာအပါအဝင် စစ်ကိုင်းမြို့နယ်မြောက်ခြမ်းတွင် ပြီးခဲ့သည့် နှစ်လခန့်မှစ၍ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေခြင်းကြောင့်ဒေသခံ အများအပြား ထွက်ပြေးတိမ်းရှောင်နေရသည်။
စာတည်း - မောင်ကြီး
#mizzima
#စစ်ကိုင်း
#တလိုင်းရွာစစ်ဘေးရှောင်စခန်း
#လေကြောင်းမှတိုက်ခိုက်
ပုံအညွှန်း - တလိုင်းရွာမှ စစ်ဘေးရှောင်များ (ပုံဟောင်း)
ဓာတ်ပုံ - Ko Pyay
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬9👍6😢4😁2
Media is too big
VIEW IN TELEGRAM
Aug - 11 [ 7 Pm ] The Mizzima Primetime
Mizzima Headline News
#7pmnews #themizzimaprimetime #reels #shorts

👍3😁3
ဩဂုတ်လ (၁၁) ရက်၊ သောကြာနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
=========================
ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ...
NCA ပျက်ပြယ်သွားပြီလို့ KNU ပြောတဲ့သတင်းနဲ့အတူ
လက်နက်ကိုင်ပြီး ပြည်သူအပေါ် နိုင်ထက်စီးနင်းပြုတဲ့ PDF တွေကို ဖယ်ရှားမယ်လို့ NUG ကာကွယ်ရေးဝန်ကြီး သတိပေးတဲ့သတင်းအပါအဝင်
နောက်ဆုံးရ ပြည်တွင်းသတင်းတွေ၊ အားကစားသတင်းတွေ၊ စီးပွားရေးနဲ့ နိုင်ငံတကာသတင်းတွေကို နားဆင်ကြရပါမယ်။
သတင်းတွေအပြီးမှာတော့ ဒီကနေ့အတွက် ရွှေစျေးငွေစျေးနဲ့ ကုန်စျေးနှုန်းတွေကို တင်ဆက်သွားမှာပါ။
အဲ့ဒီနောက်မှာတော့ သတင်းသုံးသပ်ချက်နဲ့အတူ အပတ်စဉ်ကဏ္ဏအစီအစဉ်တစ်ခုဖြစ်တဲ့ “Insight Myanmar” အစီအစဉ်ကို နားဆင်ရပါမယ်။
နောက်ဆုံးမှာတော့ တိုင်းရင်းသားတွေရဲ့အသံကို စုစည်းတင်ဆက်ပေးနေတဲ့ BNI ရေဒီယိုအစီအစဉ်ကိုလည်း ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။
https://youtu.be/8isWLtC9WvI
#Eveningradio
#Mizzimaradio
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
=========================
ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ...
NCA ပျက်ပြယ်သွားပြီလို့ KNU ပြောတဲ့သတင်းနဲ့အတူ
လက်နက်ကိုင်ပြီး ပြည်သူအပေါ် နိုင်ထက်စီးနင်းပြုတဲ့ PDF တွေကို ဖယ်ရှားမယ်လို့ NUG ကာကွယ်ရေးဝန်ကြီး သတိပေးတဲ့သတင်းအပါအဝင်
နောက်ဆုံးရ ပြည်တွင်းသတင်းတွေ၊ အားကစားသတင်းတွေ၊ စီးပွားရေးနဲ့ နိုင်ငံတကာသတင်းတွေကို နားဆင်ကြရပါမယ်။
သတင်းတွေအပြီးမှာတော့ ဒီကနေ့အတွက် ရွှေစျေးငွေစျေးနဲ့ ကုန်စျေးနှုန်းတွေကို တင်ဆက်သွားမှာပါ။
အဲ့ဒီနောက်မှာတော့ သတင်းသုံးသပ်ချက်နဲ့အတူ အပတ်စဉ်ကဏ္ဏအစီအစဉ်တစ်ခုဖြစ်တဲ့ “Insight Myanmar” အစီအစဉ်ကို နားဆင်ရပါမယ်။
နောက်ဆုံးမှာတော့ တိုင်းရင်းသားတွေရဲ့အသံကို စုစည်းတင်ဆက်ပေးနေတဲ့ BNI ရေဒီယိုအစီအစဉ်ကိုလည်း ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။
https://youtu.be/8isWLtC9WvI
#Eveningradio
#Mizzimaradio
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
ဩဂုတ်လ (၁၁) ရက်၊ သောကြာနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ...
NCA ပျက်ပြယ်သွားပြီလို့ KNU ပြောတဲ့သတင်းနဲ့အတူ
လက်နက်ကိုင်ပြီး ပြည်သူအပေါ် နိုင်ထက်စီးနင်းပြုတဲ့ PDF တွေကို ဖယ်ရှားမယ်လို့ NUG ကာကွယ်ရေးဝန်ကြီး သတိပေးတဲ့သတင်းအပါအဝင်
နောက်ဆုံးရ ပြည်တွင်းသတင်းတွေ၊ အားကစားသတင်းတွေ၊…

👍9😁3
ဩဂုတ်လ (၁၁)ရက် ၊ ည ၇ နာရီ The Mizzima Primetime မဇ္စျိမပင်မသတင်းအစီအစဥ်
=======================
- လက်နက်ကိုင်ပြီး ပြည်သူအပေါ် နိုင်ထက်စီးနင်းပြုတဲ့ PDF တွေကို ဖယ်ရှားမယ်လို့ NUG ကာကွယ်ရေးဝန်ကြီး သတိပေးတဲ့သတင်း
- ကျောက်တံခါးတိုက်ပွဲမှာ သေဆုံးတဲ့ စစ်ကောင်စီရုပ်အလောင်းတွေ ၂ရက်ကြာတဲ့ အထိ ကောက်ယူနိုင်ခြင်းမရှိသေးတဲ့ သတင်း
- စစ်ကောင်စီ ကျဉ်းထဲကျပ်ထဲ အခက်တွေ့နေပြီး ကျဆုံးတော့မယ်လို့ KIO ပြောတဲ့သတင်း
- စစ်တွေမြို့အနီး စက်လှေနစ်မြုပ်မှုကြောင့် ပျောက်ဆုံးနေသည့် ရိုဟင်ဂျာ ၃၃ ဦးကို ဆက်လက်ရှာဖွေနေတဲ့ သတင်း
- စစ်အုပ်စုကို ထိရောက်သည့် အရေးယူပိတ်ဆို့မှုများချမှတ်ရေး စင်ကာပူအစိုးရကိုတောင်းဆိုသည့် ကမ်ပိန်း ပြုလုပ်တဲ့ သတင်းနဲ့
- ရုရှားမှာဂိုဒေါင်တစ်ခုပေါက်ကွဲမှုကြောင့် လူတစ်ဦးသေဆုံးပြီး ဒါဇင်နဲ့ချီဒဏ်ရာရတဲ့ သတင်းတွေအပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးပါမယ်။
https://www.youtube.com/live/nE8v6eHOwtY?feature=share
#7pmnews
#themizzimaprimetime
#MizzimaTV
----------------------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
=======================
- လက်နက်ကိုင်ပြီး ပြည်သူအပေါ် နိုင်ထက်စီးနင်းပြုတဲ့ PDF တွေကို ဖယ်ရှားမယ်လို့ NUG ကာကွယ်ရေးဝန်ကြီး သတိပေးတဲ့သတင်း
- ကျောက်တံခါးတိုက်ပွဲမှာ သေဆုံးတဲ့ စစ်ကောင်စီရုပ်အလောင်းတွေ ၂ရက်ကြာတဲ့ အထိ ကောက်ယူနိုင်ခြင်းမရှိသေးတဲ့ သတင်း
- စစ်ကောင်စီ ကျဉ်းထဲကျပ်ထဲ အခက်တွေ့နေပြီး ကျဆုံးတော့မယ်လို့ KIO ပြောတဲ့သတင်း
- စစ်တွေမြို့အနီး စက်လှေနစ်မြုပ်မှုကြောင့် ပျောက်ဆုံးနေသည့် ရိုဟင်ဂျာ ၃၃ ဦးကို ဆက်လက်ရှာဖွေနေတဲ့ သတင်း
- စစ်အုပ်စုကို ထိရောက်သည့် အရေးယူပိတ်ဆို့မှုများချမှတ်ရေး စင်ကာပူအစိုးရကိုတောင်းဆိုသည့် ကမ်ပိန်း ပြုလုပ်တဲ့ သတင်းနဲ့
- ရုရှားမှာဂိုဒေါင်တစ်ခုပေါက်ကွဲမှုကြောင့် လူတစ်ဦးသေဆုံးပြီး ဒါဇင်နဲ့ချီဒဏ်ရာရတဲ့ သတင်းတွေအပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးပါမယ်။
https://www.youtube.com/live/nE8v6eHOwtY?feature=share
#7pmnews
#themizzimaprimetime
#MizzimaTV
----------------------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
ဩဂုတ်လ (၁၁)ရက် ၊ ည ၇ နာရီ The Mizzima Primetime မဇ္စျိမပင်မသတင်းအစီအစဥ်
ဩဂုတ်လ (၁၁)ရက် ၊ ည ၇ နာရီ The Mizzima Primetime မဇ္စျိမပင်မသတင်းအစီအစဥ်
=================
- လက်နက်ကိုင်ပြီး ပြည်သူအပေါ် နိုင်ထက်စီးနင်းပြုတဲ့ PDF တွေကို ဖယ်ရှားမယ်လို့ NUG ကာကွယ်ရေးဝန်ကြီး သတိပေးတဲ့သတင်း
- ကျောက်တံခါးတိုက်ပွဲမှာ သေဆုံးတဲ့ စစ်ကောင်စီရုပ်အလောင်းတွေ…

👍17😁3
ငါန်းဇွန်မြို့နယ်အတွင်း ရိက္ခာခဲယမ်းသယ်လာသည့် စစ်ကောင်စီတပ်ဖွဲ့ ဗုံးသီးချတိုက်ခိုက်ခံရ
=======================
ပါခွီး
(မဇ္စျိမ) ။ ။ မန္တလေးတိုင်း ၊ ငါန်းဇွန်မြို့နယ် အတွင်း၌ ရိက္ခာခဲယမ်းသယ်လာသည့် စစ်ကောင်စီတပ်ဖွဲ့အား ယမန်နေ့ ဩဂုတ်လ ၁၀ရက် ညနေ ၃နာရီအချိန်တွင် တိုက်ခိုက်ခဲ့ကြောင်း မြင်းမူလင်းယုန်နက် ကာကွယ်ရေးအဖွဲ့က ယမန်နေ့ က ထုတ်ပြန်သည်။
ငါန်းဇွန်မြို့နယ် ၊ ကန်သာယာကျေးရွာတွင် တပ်စွဲထားသည့် အင်အား ၅၀ခန့်ရှိသော စစ်ကောင်စီတပ်ဖွဲ့နှင့် ပျူစောထီးအဖွဲ့ဝင်များ ရိက္ခာနှင့် ခဲယမ်းများ တင်ဆောင်၍ ရေလည်သောင်ရွာဖက်သို့ ထွက်ခွာလာစဉ် ရွာအနောက်ဖက်အရောက်၌ ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
“စခ(စစ်ကောင်စီတပ်ဖွဲ့ဝင်)နဲ့ ပျူတွေ ထိခိုက်သေဆုံးနိုင်တယ် ၊ သူတို့သယ်လာတဲ့ ပစ္စည်းတွေကို ထော်လာဂျီပေါ်က ချပြီး အမိုးအုပ်ပြီး လူတွေတင်သွားတယ် ၊ ပျူရွာဖြစ်နေတဲ့အတွက် အရေအတွက်တော့ မသိရသေးဘူး” ဟု မြင်းမူလင်းယုန်နက် ကာကွယ်ရေး တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်စံရှားက မဇ္စျိမကို ပြောသည်။
ကာကွယ်ရေးတပ်ဖွဲ့မှ ချခဲ့သော ဗုံးသီးသုံးလုံးသည် ရိက္ခာနှင့်ခဲယမ်းများ တင်ဆောင်လာသော ထော်လာဂျီအနီးသို့ ကျရောက်ပေါက်ကွဲခဲ့သဖြင့် ကားအနီးမှ ဝန်းရံချီတက်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးများ ထိခိုက်သေဆုံးမှု များနိုင်ကြောင်း ဆိုသည်။
အဆိုပါတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဖက်မှလည်း ကာကွယ်ရေးတပ်ဖွဲ့များ ဖက်သို့ အဆက်မပြတ် ပြန်လည်ပစ်ခဲ့သော်လည်း ကာကွယ်ရေးမဟာမိတ်များဘက်မှ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာလာနိုင်ကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှုကို မြင်းမူလင်းယုန်နက် ကာကွယ်ရေးတပ်ဖွဲ့ (Black Eagle Defence Force )၊ Black Eagle Drone Force ၊T.G.R Women Drone Force – Myaung ၊ ကျောက်ဆည်ခရိုင်တပ်ရင်း (၂) ၊ ငါန်းဇွန်မြို့နယ် ပကဖ နှင့် ငါန်းဇွန် မီးနဂါး မဟာမိတ်တပ်ဖွဲ့များက ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်တွင် ဖော်ပြထားသည်။
လက်ရှိတွင် အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းသည် ရေလည်သောင်အနောက်ပျူရွာ ဘုန်းကြီးကျောင်းတွင် တပ်စွဲထားကြောင်း သိရသည်။
ဩဂုတ်လ ၉ရက် မွန်းလွဲ ၁နာရီအချိန်ကလည်း ရေလည်သောင် အနောက်ပျူရွာရှိ ပျူစောထီးမိသားစုဝင်များကို လာရောက်ခေါ်ယူသည့် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးသီးလေးလုံးချ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ဗိုလ်အဆင့်ရှိသူတစ်ဦး အပါအဝင်လေးဦးသေဆုံးပြီး ဒဏ်ရာရရှိသူ အများပြားရှိကြောင်း ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး
#မန္တလေးတိုင်း
#ငါန်းဇွန်မြို့နယ်

👍21👏8😁3
ကလေးမြို့တွင် စစ်ကောင်စီပစ်ခတ်မှုကြောင့် အရပ်သား ၁ဦးသေဆုံး၊ ၁ဦး ဒဏ်ရာရ
======================
ပါခွီး
(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် ဆိုင်ကယ်စီးလာသည့် ဒေသခံနှစ်ဦးကို စစ်ဆေးရေးဂိတ်မှ စစ်ကောင်စီတပ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ တဦးသေဆုံးပြီး တဦးဒဏ် ရာရရှိသွားကြောင်း သိရသည်။
ထိုဖြစ်စဉ်သည် ယမန်နေ့ ဩဂုတ်လ ၁၀ရက် နံနက် ၁၁နာရီခန့်တွင် ကလေးမြို့၊တောင်ဖီလာရပ်ကွက်၌ ဖြစ်ပွားခဲ့သည်။
“သူတို့က ပန်းရံလုပ်တဲ့သူတွေလို့သိရတယ်။ ထမင်းစားပြန်လာတဲ့အချိန် စစ်ဆေးရေးနေတာတွေတွေ့လို့ ပြန်လှည့်မောင်းတာမှာ ပစ်ခတ်ခံရတာ” ဟု ဒေသခံတဦးက ပြောသည်။
အဆိုပါပစ်ခတ်မှုကြောင့် ကလေးမြို့နယ်၊မွှန်ထာရွာသစ်နေ အသက်၂၈နှစ်အရွယ် အမျိုးသားတဦး သေဆုံးပြီး အဖော်ဖြစ်သူမှာ လက်တွင်ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။၎င်းတို့နှစ်ဦးသည် တောင်ဖီလာရပ်ကွက်မှ ဝန်ထမ်းအိမ်ယာအနီး ဆောက်လုပ်ရေးလုပ်ငန်းခွင်တခုတွင် ပန်းရံလုပ်ပြီး ထမင်းစားရန်ပြန် လာချိန်၌ ပစ်ခတ်ခံခဲ့ရခြင်းဖြစ်သည်။ သေဆုံးသူကိုမိသားစုဝင်များက ယနေ့ သင်္ဂြိုလ်လိုက်ကြောင်း သိရသည်။
ဩဂုတ်လ ၃ရက်နေ့က တောင်ဖီလာရပ်ကွက် အထက (၂) စာသင်ကျောင်းအနီးတွင် မိုင်းခွဲတိုက်ခိုက်ခံခဲ့ရသည့် စစ်ကောင်စီတပ်ဖွဲ့က ရမ်းသမ်းပစ်ခတ်သဖြင့် ဒေသခံအမျိုးသားတဦး ပေါင်တွင် ကျည်ဆံထိမှန်ဒဏ်ရာရခဲ့ကြောင်းသိရသည်။ ယနေ့ နံနက်ပိုင်းတွင် ကလေးမြို့၊စက္ကန့်ရွာအနီး၌ စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။ အသေးစိတ်အခြေအနေကို မသိရသေးပေ။
စာတည်း - မောင်ကြီး
#mizzima
#ကလေးမြို့
#စစ်ဆေးရေးဂိတ်
#စစ်ကောင်စီတပ်ဖွဲ့

👍14😢2❤1😁1
ပြည်တွင်းမှာ နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၁ ဒဿမ ၆ သန်းနီးပါးရှိနေ
=====================
လင်းသူရိန်
(မဇ္ဈိမ)။ ။ပဋိပက္ခနှင့် မလုံခြုံမှုတွေကြောင့် ပြည်တွင်းမှာ နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ ၁ ဒသမ ၆ သန်းနီးပါးရှိနေတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး(UNOCHA-Myanmar)ကဩဂုတ်လ ၁၀ရက်နေ့မှာထုတ်ပြန်ပါတယ်။
စစ်အာဏာသိမ်းပြီးတဲ့ အချိန်ကစလို့ ၂၀၂၃ခုနှစ် ဇူလိုင်လကုန်အထိ နေရပ်စွန့်ခွါထွက်ပြေးနေရသူဟာ သန်းနဲ့ ချီရှိလာတယ် လို့ ထုတ်ပြန်လာတာပါ။ပြည်တွင်းမှာ နေရပ်စွန့်ခွါမှုတွေများလာတာက စစ်ကောင်စီရဲ့ တိုက်ခိုက်မှုတွေကြောင့်လို့ စစ်ပွဲနဲ့ ပဋိပက္ခဖြစ်ပွားရာဒေသတွေကို အကူအညီတွေပေးနေတဲ့ Burma Support အဖွဲ့က ဒါရိုက်တာ မယွန်းမီက မဇ္ဈိမကိုပြောပါတယ်။
လတ်တလော ဆက်လက်ဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေနဲ့ ဆိုးဝါးသည့်ရာသီဥတုအခြေအနေတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူများ စဉ်ဆက်မပြတ်ရှိနေတယ်လို့ UNOCHAကဆိုကပါတယ်။ အထူးသဖြင့်တော့ နိုင်ငံအနောက်မြောက်ပိုင်း၊ အရှေ့တောင်ဘက်၊ ကချင်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်တွေအပါအဝင် နိုင်ငံတဝှမ်းမှာ လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များ မြင့်တက်နေတယ်လို့အစီရင်ခံစာမှာဖော်ပြပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၃ ရက်နေ့ကစတင်ကာ ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်အတွင်းသို့ စစ်ကောင်စီတပ်တွေ ဝင်ရောက်လာမှုတွေကြောင့် ဒေသခံပြည်သူ ငါးရာခန့် နေရပ်စွန့်ခွာ တိမ်းရှောင်ခဲ့ကြရတဲ့အပြင် စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်အတွင်းမှာလည်း ဇူလိုင်လကုန်ပိုင်းက စတင်ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် ပြည်သူ ကိုးထောင်ကျော် နေရပ်စွန့်ခွာတိမ်းရှောင်ခဲ့ကြရပြီးတော့ အိုးအိမ်တွေလည်း ပျက်စီး ဆုံးရှုံးခဲ့ရ တယ်လို့လည်းဆိုပါတယ်။
စစ်ရှောင်နေရတဲ့နေရာတွေမှာ နေရာထိုင်ခင်းအမိုးအကာ စားနပ်ရိက္ခာလိုအပ်ချက်တွေနဲ့ တစ်ကိုယ်ရည်သန့်ရှင်းမှုစတဲ့ အခြေခံလိုအပ်ချက်တွေလည်းအရေးကြီးလိုအပ်နေပါတယ်လို့သိရပါတယ်။
https://youtu.be/_NdmyXW1Fso
#စစ်ရှောင်
#စားနပ်ရိက္ခာ
#လုံခြုံရေး

လင်းသူရိန် (မဇ္ဈိမ)။ ။ပဋိပက္ခနှင့် မလုံခြုံမှုတွေကြောင့် ပြည်တွင်းမှာ နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ ၁ ဒသမ ၆ သန်းနီးပါးရှိနေတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး(UNOCHA-Myanmar)ကဩဂုတ်လ ၁၀ရက်နေ့မှာထုတ်ပြန်ပါတယ်။
စစ်အာဏာသိမ်းပြီးတဲ့ အချိန်ကစလို့…
စစ်အာဏာသိမ်းပြီးတဲ့ အချိန်ကစလို့…
😢6👍3🔥3🤯3
"စွန့်လွှတ်စွန့်စား ပြည့်ရင်သွေးများ"
================
"စွန့်လွှတ်စွန့်စား ပြည့်ရင်သွေးများ" အစီအစဥ်ကို အပတ်စဥ် သောကြာနေ့၊ ညနေ ၅ နာရီတိုင်းတွင် PVTV နှင့် ကာကွယ်ရေးဝန်ကြီးဌာန၏ လူမှုကွန်ရက် စာမျက်နှာများအပြင် လွတ်လပ်သော သတင်းမီဒီယာများတွင်လည်း စောင့်မျှော်နားဆင်နိုင်ပါပြီ။
ယခုအပတ် "စွန့်လွှတ်စွန့်စား ပြည့်ရင်သွေးများ" အစီအစဥ် - Episode 8 မှာ နားဆင်ရမှာကတော့ ခက်ခဲကြမ်းတမ်းမှု၊ ဆင်းရဲပင်ပန်းမှုတို့ကြားမှ ပြည်သူလုထု လွတ်မြောက်ရေးအတွက် ရဲဝံ့သော စွမ်းရည်သတ္တိအပြည့်ဖြင့် ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်နေသော အထူးစစ်ဆင်ရေးတပ်ဖွဲ့ (S.O.F) ရဲ့တာဝန်ခံ ကိုအောင်စံရှား အကြောင်းကို နားဆင်ရမှာ ဖြစ်ပါတယ်။
အနီရောင်နောက်ခံပေါ်မှာ
အဖြူရောင်ကြယ်တပွင့်ပါတဲ့
PDF အလံတော်ကို အမြင့်ဆုံး လွှင့်ထူလိုက်တယ်။
ပြည်သူအတွက် ငါတို့ ရဲရင့်ဖို့အသင့်
ရန်သူတွေ ကြောက်ဒူးတုန်ကြဟေ့။
ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ။
https://youtu.be/7VmQC2tWvpM
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
================
"စွန့်လွှတ်စွန့်စား ပြည့်ရင်သွေးများ" အစီအစဥ်ကို အပတ်စဥ် သောကြာနေ့၊ ညနေ ၅ နာရီတိုင်းတွင် PVTV နှင့် ကာကွယ်ရေးဝန်ကြီးဌာန၏ လူမှုကွန်ရက် စာမျက်နှာများအပြင် လွတ်လပ်သော သတင်းမီဒီယာများတွင်လည်း စောင့်မျှော်နားဆင်နိုင်ပါပြီ။
ယခုအပတ် "စွန့်လွှတ်စွန့်စား ပြည့်ရင်သွေးများ" အစီအစဥ် - Episode 8 မှာ နားဆင်ရမှာကတော့ ခက်ခဲကြမ်းတမ်းမှု၊ ဆင်းရဲပင်ပန်းမှုတို့ကြားမှ ပြည်သူလုထု လွတ်မြောက်ရေးအတွက် ရဲဝံ့သော စွမ်းရည်သတ္တိအပြည့်ဖြင့် ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်နေသော အထူးစစ်ဆင်ရေးတပ်ဖွဲ့ (S.O.F) ရဲ့တာဝန်ခံ ကိုအောင်စံရှား အကြောင်းကို နားဆင်ရမှာ ဖြစ်ပါတယ်။
အနီရောင်နောက်ခံပေါ်မှာ
အဖြူရောင်ကြယ်တပွင့်ပါတဲ့
PDF အလံတော်ကို အမြင့်ဆုံး လွှင့်ထူလိုက်တယ်။
ပြည်သူအတွက် ငါတို့ ရဲရင့်ဖို့အသင့်
ရန်သူတွေ ကြောက်ဒူးတုန်ကြဟေ့။
ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ။
https://youtu.be/7VmQC2tWvpM
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
YouTube
"စွန့်လွှတ်စွန့်စား ပြည့်ရင်သွေးများ"
"စွန့်လွှတ်စွန့်စား ပြည့်ရင်သွေးများ" အစီအစဥ်ကို အပတ်စဥ် သောကြာနေ့၊ ညနေ ၅ နာရီတိုင်းတွင် PVTV နှင့် ကာကွယ်ရေးဝန်ကြီးဌာန၏ လူမှုကွန်ရက် စာမျက်နှာများအပြင် လွတ်လပ်သော သတင်းမီဒီယာများတွင်လည်း စောင့်မျှော်နားဆင်နိုင်ပါပြီ။
ယခုအပတ် "စွန့်လွှတ်စွန့်စား ပြည့်ရင်သွေးများ"…

❤6👍3😁3
မန္တလေးတွင် ယူနီဖောင်းအပြည့်ဝတ် စစ်ကောင်စီတပ်သားများက လူမြင်ကွင်း၌ လူဖမ်းပြသည့် ရုပ်သံ လုပ်ကြံရိုက်ကူးဖြန့်ဝေခြင်းဟု မြို့ခံများ ဝေဖန်
😁15👍1🤯1