ရည်မှန်းချက် အောင်မြင်ရေးအတွက် ကရင်အဖွဲ့များ စည်းလုံးရန်လိုအပ်ကြောင်း KNU ဥက္ကဌပြော
================
YT
(မဇ္ဈိမ)။ ။ ကရင် တစ်မျိုးသားလုံး၏ ရည်မှန်းချက်ပန်းတိုင် ပြီးမြောက်အောင်မြင်စေရန် ကရင်အမျိုးသား အဖွဲ့အစည်းများအနေဖြင့် ၁၉၄၇ ခုနှစ် ကဲ့သို့သော စုစည်းမှုမျိုးဖြင့် KNU၏ ဦးဆောင်မှုအောက်တွင် တစုတစည်းတည်း ပူးပေါင်းကြိုးပမ်း အားထုတ်ကြရန် ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဌ ပဒိုစောကွယ်ထူးဝင်းက ပြောသည်။
ယနေ့ ဩဂုတ်လ ၁၂ ရက်နေ့တွင် ကျရောက်သော (၇၃) ကြိမ်မြောက် ကရင့်အာဇာနည်နေ့ အတွက် ပေးပို့သည့် သဝဏ်လွှာတွင် KNU ဥက္ကဌ ပဒိုစောကွယ်ထူးဝင်းက ထိုကဲ့သို့ ထည့်သွင်းပြောဆိုလိုက်ခြင်းဖြစ်သည်။
" လက်ရှိအခြေအနေတွင် ကရင့်အမျိုးသားရေးအတွက် တိုက်ပွဲဝင်နေပါသည်ဟု ကြွေးကြော်နေကြသည့် ကရင့်အမျိုးသားတော်လှန်ရေး အဖွဲ့အစည်းများနှင့် ကရင့်လက်နက်ကိုင် အစုအဖွဲ့ အားလုံးအနေဖြင့် မိမိတို့၏အစုအဖွဲ့ ရပ်တည်နိုင်ရေး တခုတည်းနှင့် မိမိတို့၏ ကိုယ်ကျိုးကိုသာ ရှာကြံ နေကြသူများ မဖြစ်စေရန် မိမိတို့၏ အမှန်တကယ် လုပ်ရပ်များနှင့် အကျိုးသက်ရောက်မှုများကို ပြန်လည်ဆန်းစစ်ရန် လိုအပ်ပါသည်" ဟု ပဒိုစောကွယ်ထူးဝင်းက ပြောဆိုထားသည်။
ထိုကဲ့သို့ ပေါင်းစည်းကြရာတွင်လည်း မတူညီ ကွဲပြားမှုများ၊ မတူညီသော အတွေးအမြင်များအား ဘေးဖယ်ထားပြီး ကရင့်အမျိုးသားအလံတော်အောက်တွင် ကျရာတာဝန်ကို ထမ်းဆောင်ကြရမည်ဖြစ်ကြောင်း၊ အားနည်းချက်များအား ရှာဖွေဖော်ထုတ်ခြင်းအား ရှောင်၍ အပြန်အလှန်နားလည်မှုဖြင့် ပူးပေါင်းဆောင်ရွက်၍ စစ်ရေးနိုင်ငံရေးလုပ်ငန်းများတွင် အတူတကွဆောင်ရွက်သင့်ကြောင်း ပြောဆိုသည်။
ထို့အပြင် ကရင်တစ်မျိုးသားလုံးအနေဖြင့် ရန်သူနှင့် မိတ်ဆွေ၊ မဟာမိတ်အင်အားစုများအား ကွဲကွဲပြားပြားသိရန် လိုအပ်ပြီး စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ခိုက်နေကြသည့် ဒီမိုကရေစီ အစုအဖွဲ့များ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၊ လူထုအခြေပြု အဖွဲ့အစည်းများနှင့် လက်တွဲလုပ်ဆောင်ရန် လိုအပ်ကြောင်း ဆိုသည်။
ထို့အတူ ကရင့် တော်လှန်ရေးခေါင်းဆောင်များ၊ ရဲဘော်များအနေဖြင့် ပြည်သူလူထု၏ ထောက်ခံအားပေးမှု ဆက်လက်ရရှိနေစေရန် လူထုနှင့် ဆန့်ကျင်သည့် လုပ်ရပ်များကို ရှောင်ရှားသင့်ကြောင်း KNLA ကလည်း ၎င်း၏ ကရင့်အာဇာနည်နေ့အတွက် ပေးပို့သော သဝဏ်လွှာတွင် ထည့်သွင်းပြောကြားထားသည်။
KNU ဥက္ကဌကြီး စောဘဦးကြီး၊ ဗိုလ်ချုပ်စိုင်းကေနှင့် ခေါင်းဆောင်၊ ရဲဘော်အချို့ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ထို့ကော်ကိုးတွင် ရန်သူအား ခုခံတိုက်ခိုက်ရာခဲ့မှ အသတ်ပေးခဲ့ရသည့်နေ့ ၁၉၅၀ခုနှစ်၊ ဩဂုတ်လ ၁၂ ရက်နေ့အား ကရင့်အာဇာနည်နေ့၊ ထိုနေ့တွင် ကျဆုံးခဲ့ရာသည့် သူရဲကောင်းများအား ကရင့်အမျိုးသားအာဇာနည်များအဖြစ် ဂုဏ်ပြုသတ်မှတ်ခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် ကရင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအနေဖြင့် (၁) ကရင်အမျိုးသားအစည်းအရုံး( KNU)၊ (၂) ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)၊ (၃) ကရင်နယ်ခြားစောင့်တပ် (BGF)၊ (၄) ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU၊ KNLA- PC)၊ (၅) ကော်သူးလေတပ်မတော် (KTLA) ဟူ၍ ငါးဖွဲ့ရှိသည်။
စာတည်း။ ။အောင်ကျော်ဖြိုး
ဓါတ်ပုံ- KNU ဥက္ကဌ ပဒိုစောကွယ်ထူးဝင်း
#Mizzima
#KNU
#ကရင်အမျိုးသား အဖွဲ့အစည်းများ
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

👍17❤3😁1🤮1
နိုင်ငံရေးပါတီအဖြစ် ခူမီးအမျိုးသားပါတီလျှောက်ထားမှု စစ်ကောင်စီ UEC လက်ခံ
===============
ကိုခင်မောင်
(မဇ္စျိမ) ။ ။ ပလက်ဝမြို့အခြေစိုက် ခူမီးအမျိုးသားပါတီကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုလိုက်ကြောင်းယမန်နေ့ သြဂုတ်လ ၁၁ ရက်တွင် စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်( UEC)က ကြေညာလိုက်သည်။
ချင်းပြည်နယ်၊ ပလက်ဝမြို့၊ ရိက္ခာရပ်ကွက်၊ အောင်စောင်လမ်း၊ အိမ်အမှတ် (၆)တွင် ပါတီရုံးချုပ် ဖွင့်လှစ်ထားရှိသော ခူမီးအမျိုးသားပါတီကို ၂၀၂၃ ခုနှစ် သြဂုတ်လ ၁၁ ရက်နေ့မှစ၍ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ (၉) နှင့်အညီ မှတ်ပုံတင်ခွင့်ပြုလိုက်သည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။
“ခူမီးအမျိုးသားပါတီရဲ့ မှတ်ပုံတင်အမှတ်မှာ (၃၆) ဖြစ်ပါတယ်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ခူမီးအမျိုးသားပါတီသည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ (၅)အရ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုရန် ပြီးခဲ့သည့် ဇူလိုင်လ ၇ ရက်တွင် လျှောက်ထားခဲ့ခြင်း ဖြစ်သည်။
ချင်းပြည်နယ်တွင် ခူမီးအမျိုးသားပါတီ၊ ချင်းပြည်သူ့ပါတီ၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် ZCD တို့က နိုင်ငံရေး ပါတီမှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ (၃) အရ ပါတီတည်ထောင်ခွင့် လျှောက်ထားသည်ဟု သိရသည်။
စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီ မှတ်ပုံတင်ခွင့် မလျှောက်ထားသော ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ချင်းတိုင်းရင်းသားပါတီ၊ ဇိုတိုင်းရင်းသား ဒေသဖွံ့ဖြိုးတိုးတတ်ရေးပါတီ၊ ခူမီး(ခမီး) အမျိုးသားပါတီ၊ အရှိုချင်းအမျိုးသားပါတီတို့ကို ဖျက်သိမ်းလိုက်ကြောင်း ၂၀၂၃ခုနှစ် မတ်လ ၂၈ရက်တွင် ကြေညာထားပြီးဖြစ်သည်။
ယခု နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုလိုက်သော ခူမီးအမျိုးသားပါတီသည် ယခင် ခူမီး(ခမီး)အမျိုးသားပါတီအား ဖျက်သိမ်းပြီး ၎င်းပါတီရှိ လူကြီးများက ပါတီအမည်သစ်ဖြင့် စစ်ကောင်စီ လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်ထံ ပါတီတည်ထောင်ခွင့် လျှောက်ထားခြင်း ဖြစ်သည်ဟု ဒေသတွင်းမီဒီယာများတွင် ရေးသားခဲ့ကြသော်လည်း မဇ္စျိမ အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး
#ချင်းပြည်နယ်
#ပလက်ဝမြို့နယ်
#ခူမီးအမျိုးသားပါတီ
#ပါတီတည်ထောင်ခွင့်

👍8👎6😁4🥰3🤮1
အာဏာသိမ်းစစ်တပ်က သမင်အင်းကုန်း ကျေးရွာကို လေကြောင်းတိုက်ခိုက်
======================
ရွှေနွယ်
(မဇ္ဈိမ) ။ ။ ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ သမင်အင်းကုန်းကျေးရွာ တိုက်ပွဲတွင် အထိနာခဲ့သော စစ်ကောင်စီတပ်က ယနေ့ဩဂုတ်လ ၁၂ ရက်နေ့ နံနက်ပိုင်းတွင် ကျေးရွာကို လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း မြေပြင်သတင်းရင်းမြစ်များက မဇ္ဈိမကို အတည်ပြုသည်။
နံနက် ၉ နာရီ ၂၀ မိနစ်အချိန်ခန့်တွင် သမင်အင်းကုန်းကျေးရွာကို ဦးတည်ကာ လေယာဉ်နှစ်စီးဖြင့် လာရောက်ပစ်ခတ်ခဲ့ပြီး မွန်းလွဲ ၁ နာရီ ၅၀ မိနစ်အချိန် ခန့်တွင်မူ ဒုတိယအကြိမ်ထပ်မံလာရောက်ကာ ဗုံးကြဲသွားကြောင်း ဆိုသည်။
"မနက်ပိုင်း ၈ နာရီလောက်ကလည်း ကျောက်တံခါးမြို့ သူဌေးကုန်းဘက်ကနေ သမင်အင်းကုန်းဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်နေပါတယ်၊ ရွာမှာတော့ ရွာသားတွေ မရှိသလောက် စစ်ဘေးရှောင်နေကြရပါတယ်" ဟု မြေပြင် သတင်းရင်းမြစ်တစ်ဦးက မဇ္ဈိမကို ပြောသည်။
စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှု အခြေအနေ အသေးစိတ်ကိုမူ မသိရသေးပေ။
ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ သမင်အင်းကုန်းကျေးရွာတွင် ဩဂုတ်လ ၉ ရက်နေ့က စစ်ကောင်စီတပ်၏ အင်အား ၆၀ ခန့်ပါ ခမရ (၅၈၉) စစ်ကြောင်းနှင့် KNLA၊ ရိုးမစစ်ကြောင်း-၂၊ တပ်ခွဲ(၂) ပူးပေါင်းတပ်ဖွဲ့တို့ အချိန် ၉ နာရီခန့် ကြာမြင့်အောင် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့သည်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ ၃၀ ကျော်သေဆုံးပြီး လက်နက်ခဲယမ်း အများအပြားသိမ်းဆည်းရရှိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ဩဂုတ်လ ၁၀ ရက်ညတွင် ထုတ်ပြန်ထားသည်။
ယခု လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခံရသော သမင်အင်းကုန်းကျေးရွာသည် ရန်ကုန်− မန္တလေးလမ်းဟောင်းပေါ်ရှိ ကျောက်တံခါးမြို့၏ အရှေ့ဘက် သုံးမိုင်ခန့် အကွာတွင် တည်ရှိသည်။
ပဲခူးတိုင်းအတွင်း စစ်ရေးအရှိန် တိုးမြှင့်လုပ်ဆောင်လာပြီးနောက် ယခု ၂၀၂၃ ခုနှစ် အတွင်းတွင် တိုက်ပွဲများ ပိုမိုပြင်းထန်လာသကဲ့သို့ စစ်ကောင်စီတပ်၏ နေအိမ်မီးရှို့ဖျက်ဆီးမှုနှင့် လေကြောင်းသုံး တိုက်ခိုက်မှုများပါ ရှိလာနေသည်။
ပြီးခဲ့သည့် ဇူလိုင်လအတွင်းကလည်း ကျောက်တံခါးမြို့နယ်၊ နံဇကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးပြီး စိတ်ကျန်းမာရေး မကောင်းသူအပါအဝင် အရပ်သား အနည်းဆုံး သုံးဦး သတ်ဖြတ်ခံခဲ့ရသည်။
စာတည်း။ ။ နောင်နောင်
ဓာတ်ပုံ- ပုံဟောင်း
#ပဲခူး
#သမင်အင်းကုန်း
#Mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U"

👍11🔥4👎1👏1🤬1
Cele City - Episode 31
===============
🔈 Mizzima +TV မှ နိုင်ငံတကာနောက်ဆုံးရ ဖျော်ဖြေရေးသတင်းများနဲ့အတူ Cele City အစီအစဉ်လေးရောက်ရှိလာပါပြီ.. ဒီအပတ်မှာဆိုရင် 👉 ဒုတိယမြောက်ရင်သွေးလေး ရရှိနေပြီဖြစ်တဲ့ ကိုရီးယား မင်းသား Lee Byunghunနဲ့ မင်သမီး LeeMinjung 👉 ဖိလစ်ပိုင်မင်းသမီးနဲ့အတူတွေ့ရမဲ့ထိုင်းမင်းသား Win Metawin 👉 ဘော်လီဝုဒ် ထိပ်တန်းစရင်းဝင်ဖြစ်လာတဲ့ အိန္ဒိယ တောင်ပိုင်း မင်းသမီး Rashmika Mandanna အပြင် တခြားဖျော်ဖြေရေးနှင့်ဆိုင်တဲ့သတင်းများပါ တင်ဆက်ပေးသွားမှာမို့ အပတ်စဉ် စနေနေ့ Mizzima + TV channel မှာ ညနေ ၄ ခွဲ အချိန်မှာ စောင့်မျှော်ကြည့်ရှုနိုင်ပါပြီ။ Mizzima + TV မှာ မကြည့်လိုက်ရတဲ့ ပရိသတ်တွေကတော့ Mizzima TV App မှာ ပြန်လည် ကြည့်ရှုနိုင်ပါပြီ။
App ဒေါင်းလုတ်ရယူရန် http://onelink.to/jnuwak (Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။
https://youtu.be/qYq6wkdU9xk
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U

👍8😁3
တရုတ်တွင် မုန်တိုင်း ချည်းကပ်လာစဉ် မိုးသည်းထန်မှုကြောင့် သေဆုံးသူ ၇၈ ဦး ရှိ
======================
တရုတ်နိုင်ငံတွင် ရေကြီးရေလွှမ်းမှုများ ပို၍ ဖြစ်ပွားမည်နှင့် နောက်ထပ် မုန်တိုင်းတစ်ခု ချည်းကပ်လာနေသည်ဟု အာဏာပိုင်များက သတိပေးထားချိန် မြောက်ပိုင်းနယ်မြေတစ်လွှား၌ စံချိန်ချိုးအောင် မိုးရွာသွန်းမှုများကြောင့် သောကြာနေ့အထိ သေဆုံးသူ အနည်းဆုံး ၇၈ ဦး ရှိသွားပြီ ဖြစ်သည်။
လွန်ခဲ့သော သီတင်းနှစ်ပတ်က တရုတ်ပြည်မကြီးသို့ ဝင်ရောက်တိုက်ခတ်သည့် ဒေါ့ဆူရီတိုင်ဖုန်းမုန်တိုင်းအပြီး ဟီဘေးပြည်နယ်၌ ရေကြီးမှုများကြောင့် သေဆုံးသူ ၂၉ ဦးအထိ မြင့်တက်ရောက်ရှိကြောင်း နိုင်ငံပိုင်မီဒီယာက သောကြာနေ့တွင် ဖော်ပြသည်။
အဆိုပါ မုန်တိုင်းအပြီး၌ မိုးရွာသွန်းမှုသည် လွန်ခဲ့သော နှစ်ပေါင်း ၁၄၀ က စံချိန်စမှတ်ချိန်မှစကာ အဆိုးဝါးဆုံးပဲ ဖြစ်သည်။
သီတင်းပတ်ကုန်ခန့်တွင် နောက်ထပ် ခန်နန်မုန်တိုင်း ချည်းကပ်လာချိန်၌ ရေကြီးမှုအတွင်း မျောပါသူများကို ကယ်ဆယ်ရေးသမားများက ဆက်လက်ရှာဖွေနေကြသည်။
ယခုကဲ့သို့ မိုးကြီးသည်းထန်စွာ မရွာသွန်းခင်က သီတင်းပတ်များစွာ သမိုင်းတွင် အပူချိန်မြင့်မားခဲ့ခြင်းလည်း ဖြစ်ပြီး ရာသီဥတုပြောင်းလဲမှုကြောင့် ယခုကဲ့သို့သော ဆိုးဝါးပြင်းထန်သည့် ရာသီဥတုဖြစ်စဉ်များ ဖြစ်ပွားရသည်ဟု သိပ္ပံပညာရှင်များက ပြောသည်။
မြို့တော်နှင့် ထိပ်စပ်နေသည့် ဟီဘေးပြည်နယ်ရှိ အချို့သော လမ်းများတွင် ရွံ့နွံများ ဖုံးလွှမ်းနေသည်ကို ဗုဒ္ဓဟူးနေ့က အေအက်ဖ်ပီအဖွဲ့ ရောက်ရှိသွားချိန်၌ မြင်တွေ့ရသည်။
ဒေသခံများမှာ ရေမျောသော ပစ္စည်းပစ္စယများကို လိုက်လံရှာဖွေနေကြသကဲ့သို့ ပျက်စီးသွားသော အိမ်များကိုလည်း သန့်ရှင်းနေကြရသည်။
ပြီးခဲ့သည့် သီတင်းပတ်က ရေကြီးရေလွှမ်းရာ ဒေသများသို့ ရောက်ရှိချိန်၌ ယခုအရပ်၌ ရေကြီးခြင်းသည် ပေကျင်းမြို့တော် ရေလွှမ်းမိုးမှု ထိန်းချုပ်ခြင်းအပေါ်က ဖိစီးမှုများကို လျှော့ချစေနိုင်ကြောင်း၊ မြို့တော်အတွက် ကျုံးသဖွယ် ဖြစ်နေ၍ ဖြစ်ကြောင်း ဟီဘေးပြည်နယ် ပါတီအကြီးအကဲ နီယွဲ့ဖန်က ပြောသည်။
ကြာသပတေးနေ့အထိ ပြည်နယ်အနှံ့ မိုးရွာသွန်းမှုကြောင့် သေဆုံးသူ ၂၉ ဦး ရှိပြီး ယင်းတို့အနက် ခြောက်ဦးမှာ ယခင်က ပျောက်ဆုံးသူများအဖြစ် စာရင်းသွင်းထားခြင်း ဖြစ်ကြောင်း နိုင်ငံပိုင် CCTV ရုပ်သံက သောကြာနေ့တွင် ထုတ်လွှင့်သည်။
လူ ၁၆ ဦး ပျောက်ဆုံးနေသေးဆဲ ဖြစ်ကြောင်း သိရသည်။
ပေကျင်းတွင် ကယ်ဆယ်ရေးသမား နှစ်ဦးအပါအဝင် လူပေါင်း ၃၃ ဦး သေဆုံးသည်ဟု အာဏပိုင်များက ယခုသီတင်းပတ်တွင် ပြောသည်။
အရှေ့မြောက်ပိုင်း ကျိလင်းပြည်နယ်တွင်လည်း ပြီးခဲ့သည့်အပတ် သည်းထန်စွာ မိုးရွာသွန်းမှုများနောက် လူတစ်ဒါဇင်ထက်မနည်း သေဆုံးထားသည်။
အိမ်နီးချင်း လျောင်နင်းပြည်နယ်တွင် ဇူလိုင်နှောင်းပိုင်း မိုးသည်းထန်သည့် ပထမရက်အနည်းငယ်အတွင်း သေဆုံးသူ နှစ်ဦးရှိခဲ့သည်။
ရေကြီးမှုဘေး ရင်ဆိုင်နေရဆဲ အဆိုပါ ပြည်နယ်သို့ နောက်ထပ် ရေဘေးထိန်းချုပ်ရေးအဖွဲ့တစ်ရပ်ကို စေလွှတ်ထားသည်ဟု နိုင်ငံပိုင် ရှင်ဟွာသတင်းက သောကြာနေ့တွင် ပြောသည်။
တိုင်ဖုန်းမုန်တိုင်း ဖွဲ့တည်သော အပူပိုင် လေဖိအားနည်းရပ်ဝန်း ခန်နန်သည် တရုတ်သို့ ချည်းကပ်လျက် ရှိ၍ သီတင်းပတ်ကုန်၌ မိုးသည်းထန်စွာ ထပ်မံ ရွာသွန်းမည်ဟု မျှော်လင့်ရသည်။
မြောက်ပိုင်းဒေသအနှံ့တွင် အရေးပေါ် တပ်လှန့်အဆင့်ကို နှိုးဆော်ထားကြောင်း ရှင်ဟွာသတင်းက ဖော်ပြထားသည်။
(မိုးသဲ ဘာသာပြန်သည်။)

👍7😁2
This media is not supported in your browser
VIEW IN TELEGRAM
👉 ငယ်ငယ်ရွယ်ရွယ်နဲ့ ကြွေလွင့်ခဲ့တဲ့ အမေရိကန်မင်းသား Angus Cloud
Full Video Link - https://youtu.be/qYq6wkdU9xk
#entertainmentnews #celecity #mizzimaplus #internationalnews #reels #shorts

😁3👍2
Cobra စစ်ကြောင်းမှူး ဗိုလ်တာဘော သေဆုံးသည်မှာ အမှန်မဟုတ်
=====================
JC
(မဇ္ဈိမ)။ ။ Cobra column စစ်ကြောင်းမှူး ဗိုလ်တာဘော လက်ပစ်ဗုံးထိမှန် သေဆုံးခဲ့ကြောင်း လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည်။ ယင်းမှာ မှားယွင်းနေသည်။
Saw Kang Zaung အမည်ရှိ ဖေ့စ်ဘုတ်အကောင့်တစ်ခုမှ “R.I.P ပါကိုကြီးရေ ပြောစရာစကားမရှိတော့ပါဘူး။ ပေးဆပ်မှုကြီးလွန်းပါတယ်” ဟု ဗိုလ်တာဘော၏ ဓါတ်ပုံတစ်ပုံဖြင့် တင်ထားသည့် Screenshot သည် ဩဂုတ်လ ၈ ရက်နေ့မှစတင်ကာ လူမှုကွန်ရက်တွင် ပျံ့နှံ့လာခဲ့သည်။ ထို့နောက် Thruth Media တယ်လီဂရမ်ချန်နယ်မှ “စောတာပေါ၊ ငါတို့ကလည်းRIPပါတယ်ကွာ။ ပေးဆပ်မှုကြီးတာကတော့ခွက်ခေါက်မရနိုင်တော့ဘူးပေါ့။ လက်ပစ်ဗုံးနဲ့ပစ်ထည့်ခိုင်းလို့ပစ်လိုက်ရတာနားလည်ပေးပါကွာ” ဟု (မူရင်းအရေးအသားအတိုင်း) ရုပ်သံဖိုင်တစ်ဖိုင်နှင့်အတူ ဩဂုတ်လ ၈ ရက်နေ့တွင် ဖြန့်ဝေခဲ့သည်။ ယင်းအကြောင်းအရာကို တယ်လီဂရမ် ချန်နယ် ၁၃ တွင်ပျံ့နှံ့နေပြီး ကြည့်ရှုသူ ဦးရေ ၃၀,၀၀၀ ကျော်နေပြီဖြစ်သည်။ အလားတူ ဖေ့ဘုတ်လူမှုကွန်ရက် စာမျက်နှာတွင်လည်း ပျံ့နှံ့လျက်ရှိသည်။
မဇ္ဈိမ မှထိုအကြောင်းအရာအား အချက်အလက်စစ်ဆေးခဲ့ရာ Cobra Column မှ စစ်ကြောင်းမှူး ဗိုလ်တာဘော သေဆုံးသည်မှာ အမှန်မဟုတ်ကြောင်း တွေ့ရသည်။
ဗိုလ်တာဘော သေဆုံးကြောင်း မူရင်းဖြန့်ဝေသူဖြစ်သည့် Saw Kang Zaung ဖေ့စ်ဘုတ်အကောင့် နှင့် မူရင်းပို့စ် ရှာဖွေခဲ့ရာ ထိုအကောင့်နှင့် ပို့စ်ကို ရှာမတွေ့ဘဲ ပြန်လည်ဖြန့်ဝေထားကြသည့် Screenshot များသာ တွေ့ရသည်။
ထို့အပြင် Truth Media မှဖော်ပြထားသည့် ဗီဒီယိုဖိုင်သည် Saw Kaw ဖေ့စ်ဘုတ်အကောင့်မှ ဇူလိုင် ၂၄ ရက်နေ့တွင် ဖော်ပြခဲ့သည့် ဗီဒီယိုဖိုင်မှ နောက်ပိုင်း ကိုးစက္ကန့်ကို ဖြတ်ယူထားခြင်းဖြစ်သည်။ မူရင်းဖော်ပြထားသည့် ဗီဒီယိုဖိုင်တွင် ၁မိနစ်နှင့် ၃၁စက္ကန့် ပါရှိပြီး ဗိုလ်တာဘောက ကလေးအရုပ်ကားပေါ်မှ စစ်ရေးညွှန်ကြားနေသည်ကို စနောက်ကာ ရိုက်ကူးထားခြင်းဖြစ်သည်။
လင့် - t.ly/xaI8T
စစ်ကောင်စီတပ်မှ တပ်သားနှစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ထံသို့ ပူးပေါင်းခဲ့၍ Cobar Column စစ်ကြောင်းမှူးဗိုလ်တာဘောက အလင်းဝင်စစ်သားနှစ်ဦးအား ဆုချီးမြှင့်နေသည့် ဓါတ်ပုံဖြင့် ဩဂုတ်လ ၁၀ ရက်နေ့တွင် KNLA ဒူးပလာယာခရိုင်မှ ထုတ်ပြန်လာသည်။ ဗိုလ်တာဘောသေဆုံးကြောင်း သတင်းစတင်ပျံ့နှံ့ခဲ့သည်မှာ ဩဂုတ်လ ၈ ရက်နေ့ဖြစ်သည်။
လင့် - t.ly/4CfAO
အလားတူ ကရင်အမျိုးသားအစည်းအရုံး KNU ၏ တရားဝင်ဖေ့စ်ဘုတ်စာမျက်နှာတွင်လည်း Cobar Column စစ်ကြောင်းမှူးဗိုလ်တာဘောက အလင်းဝင်စစ်သားနှစ်ဦးအား ဆုချီးမြှင့်နေသည့် ဓါတ်ပုံဖြင့် အလင်းဝင်လာသည့် စစ်ကောင်စီတပ်သားနှစ်ဦးအကြောင်း ယမန်နေ့ ဩဂုတ်လ ၁၁ ရက်နေ့တွင် ဖော်ပြထားသည်။
လင့် - t.ly/oZLFp
ထိုဆုချီးမြှင့်နေသည့် ပုံသည် ဩဂုတ်လ ၁၀ ရက်နေ့က ရိုက်ကူးထားသည့် ပုံများဖြစ်ပြီး လက်ရှိအချိန်အထိ ကရင်ပြည်နယ် မြဝတီမြို့အနီး လက်ခတ်တောင်စခန်းတွင် တိုက်ပွဲဝင်နေခြင်းဖြစ်ကြောင်း Corbar Column မှ ရဲဘော်တစ်ဦးက ပြောသည်။
“ခုထိ တူတူ ရှိနေတယ်။ ဗိုလ်ကြီးနဲ့ ခုထိ တူတူ ရှိနေတယ်။ (စစ်ကောင်စီတပ်သားနှစ်ဦး) အလင်းဝင်တာက နှစ်ရက်ရှိပြီ။ ပုံကတော့ ဒီနေ့(ဩဂုတ် ၁၀) မှရိုက်တာ။ လက်ခပ်တောင်ကို ငါတို့ အခုထိ ထိန်းချုပ်ထားတုန်းပဲ” ဟု ဗိုလ်တာဘောနှင့် အတူရှိနေသည့် ရဲဘော်တစ်ဦးက မဇ္ဈိမ ကို ဩဂုတ်လ ၁၀ ရက်နေ့ ညတွင် ပြောသည်။
ထို့ကြောင့် Cobra Column မှ စစ်ကြောင်းမှူးဗိုလ်တာဘောသည် လက်ပစ်ဗုံးကြောင့် သေဆုံးခဲ့သည်ဟု ပျံ့နှံ့နေသည်မှာ အမှန်မဟုတ်ဘဲ သတင်းအမှားသာဖြစ်သည်။
မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် - https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။
စာတည်း။ ။စောဖေ
#Misinformation_Buster
#Fake_News
#ဗိုလ်တာဘော

👍10😁3❤1
ဖြူးမြို့ အောက်ကြာအင်းရွာက လူနေအိမ် ၂၄ လုံးကိုစစ်ကောင်စီတပ်ဖွဲ့ မီးရှို့ဖျက်ဆီး
🤬4🔥3
ဖြူးမြို့ အောက်ကြာအင်းရွာက လူနေအိမ် ၂၄ လုံးကိုစစ်ကောင်စီတပ်ဖွဲ့ မီးရှို့ဖျက်ဆီး
======================
ရွှေနွယ်
(မဇ္ဈိမ) ။ ။ ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ အောက်ကြာအင်းကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့၏ မီးရှို့ဖျက်ဆီးမှုကြောင့် ဒေသခံနေအိမ် ၂၄ လုံး မီးလောင်ဆုံးရှုံးခဲ့ရသည်ဟု အထူးကွန်မန်ဒိုတပ်ရင်း−တောင်ပိုင်းတိုင်း၊ ရိုးမစစ်ကြောင်း (၂) ၏ တာဝန်ရှိသူက မဇ္ဈိမသို့ပြောသည်။
ဖြူးမြို့နယ် ၊ အောက်ကြာအင်းကျေးရွာတွင် ဩဂုတ်လ ၉ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့နှင့် KNLA PDF ပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲပြင်းထန်ခဲ့ကာ စစ်ကောင်စီတပ်ဖွဲ့ဘက်မှ ထိခိုက်သေဆုံးမှုများ ရှိခဲ့ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့က အောက်ကြာအင်းကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ကြခြင်း ဖြစ်သည်ဟု ဆိုသည်။
ဩဂုတ်လ ၉ ရက် နံနက်ပိုင်းတွင် မီးရှို့ဖျက်ဆီးခဲ့သည့်အပြင် ညပိုင်းတွင်ပါ ထပ်မံမီးရှို့ခဲ့သည့်အတွက် တရက်အတွင်း နှစ်ကြိမ်မီးရှို့ခံရကာ နေအိမ် ၂၄ လုံး မီးလောင်ဆုံးရှုံးခဲ့ရခြင်း ဖြစ်သည်။
မီးလောင်ဆုံးရှုံးခဲ့သည့် နေအိမ်များမှာ အောက်ကြာအင်းကျေးရွာမှ ဦးမြသောင်း၊ ကိုကျော်လွင်ဦး၊ ကိုဘိုးတော်၊ ကိုမျိုးလေး၊ ကိုတင်အောင်မိုး၊ ကိုဇော်မြင့်၊ ဦးဇင်းမိုးဝင်း၊ ကိုဇော်ဝမ်း၊ ဦးအေးတင့်၊ ဒေါ်မိလုံး၊ မအုန်းသန်း၊ ဦးအုန်း၊ ဦးကျော်မိုး၊ ဦးဌေး၊ ဦးအေးတိုး၊ ဦးမြင့်ဝင်း၊ ဦးဘဒင်၊ ဦးမြင့်ဦး၊ ဦးကျော်ကြီး၊ ဦးတင်ရွှေ၊ ဦးထူး၊ ဦးကြည်စိုး၊ ကိုဇော်နှင့် ကိုမင်းတို့၏ နေအိမ်များဖြစ်ကြောင်း ရိုးမစစ်ကြောင်း (၂) ၏ တာဝန်ရှိသူထံက သိရသည်။
"အသတ်ခံရတဲ့ အနေအထားတွေကတော့ စီစစ်နေဆဲပါ။ ဒီကိစ္စတွေကို သက်ဆိုင်ရာအဖွဲ့အစည်း အသီးသီးက မကြာခင် ပြောပါလိမ့်မယ်" ဟု အထူးကွန်မန်ဒိုတပ်ရင်း−တောင်ပိုင်းတိုင်း၊ ရိုးမစစ်ကြောင်း (၂) ၏ တာဝန်ရှိသူက မဇ္ဈိမကိုပြောသည်။
ထိုသို့တိုက်ပွဲဖြစ်ပွားခဲ့သည့် ဩဂုတ် ၉ရက်နေ့တွင် အောက်ကြာအင်းကျေးရွာမှ ဒေသခံ ခုနစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့က သတ်ဖြတ်သွားသည်ဟု သတင်းထွက်နေသောလည်း အသေးစိတ်အချက်အလက်များကိုမူ မဇ္ဈိမအနေဖြင့် အတည်မပြုနိုင်သေးပေ။
လက်ရှိတွင် အောက်ကြာအင်းကျေးရွာမှ ဒေသခံများမှာ ကျေးရွာအတွင်း ပြန်လည်ဝင်ရောက်နေထိုင်ခြင်းမရှိသေးဘဲ တိမ်းရှောင်နေကြရဆဲ ဖြစ်သည်။
"စစ်ရေးအရှိန်မြှင့်လာတာနဲ့အမျှ ပဲခူးတိုင်းဟာလည်း ကရင်နီ၊ စစ်ကိုင်းနဲ့ မကွေးတိုင်းလိုပါပဲ လေကြောင်းတိုက်ခိုက်မှုတွေ ရှိလာနိုင်တယ်။ အဓိကကတော့ လူထုပိုင်ဆိုင်တဲ့ အိုးအိမ်စည်းစိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးတာတွေက ရှိလာနိုင်ပါတယ်” ဟု ပဲခူးတိုင်းစစ်ဒေသခွဲ၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ယနေ့တွင်လည်း ကျောက်တံခါးမြို့နယ် သမင်အင်းကုန်းကျေးရွာသို့ စစ်ကောင်စီတပ်ဖွဲ့က လေကြောင်းတိုက်ခိုက်မှုနှစ်ကြိမ် ပြုလုပ်ခဲ့သည်ဟုသိရသည်။
ပဲခူးတိုင်းအတွင်း စစ်ရေးအရှိန် တိုးမြှင့်လုပ်ဆောင်လာပြီးနောက် ယခု ၂၀၂၃ ခုနှစ် အတွင်းတွင် တိုက်ပွဲများ ပိုမိုပြင်းထန်လာသကဲ့သို့ စစ်ကောင်စီတပ်ဖွဲ့၏ နေအိမ်မီးရှို့ဖျက်ဆီးမှုနှင့် လေကြောင်းသုံး တိုက်ခိုက်မှုများပါ ရှိလာနေခြင်း ဖြစ်သည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး
#ပဲခူးတိုင်း
#ဖြူးမြို့နယ်
#စစ်ကောင်စီတပ်
#မီးရှို့ဖျက်ဆီး
ပုံအညွှန်း - အောက်ကြာအင်းရွာက မီးလောင်ဆုံးရှုံးသွားသည့်နေအိမ်အချို့(ဓာတ်ပုံ-CJ)
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

🤬7😁2👍1
ကနီမြို့နယ် ရှမ်းမြောင်းကျေးရွာအနီး တိုက်ပွဲ တွင် ကာကွယ်ရေးတပ်ဖွဲ့ တပ်ခွဲမှူးကျဆုံး
==================
လွှမ်းမိုး
(မဇ္ဈိမ) ။ ။ စစ်ကိုင်းတိုင်း ၊ ကနီမြို့နယ်တောင်ဘက် နှစ်မိုင်ခန့်အကွာရှိ ရှမ်းမြောင်းကျေးရွာအနီးတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ ဩဂုတ်လ ၁၀ရက် နံနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ရာ တိုက်ပွဲအတွင်း ယင်းမာပင်ခရိုင် အမှတ်(၂၁) တပ်ရင်းမှ တပ်ခွဲမှူးတဦး ကျဆုံးခဲ့သည်ဟု သိရသည်။
“သူနဲ့ အတူပါလာတဲ့ ရဲဘော်တွေကို ကာပစ်ပစ်ပေးရင်း လက်နက်ကြီး ကျည်စ မှန်ထားတဲ့အပြင် ဖမ်းဆီး သတ်ဖြတ်ခံခဲ့ရတာ ဖြစ်ပါတယ်” ဟု KLG PDF သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူက ပြောသည်။
ကျဆုံးသွားသူမှာ ယင်းမာပင်ခရိုင် အမှတ်(၂၁) တပ်ရင်းမှ (ကိုယ်ပိုင်နံပါတ် P-130×××××) တပ်ခွဲမှူး ရဲဘော်နိုင်ဝင်း ဖြစ်သည်ဟု ဆိုသည်။
ဩဂုတ်လ ၁၀ ရက် နံနက် ၆ နာရီ အချိန်တွင်ရေလည်ကျွန်းကျေးရွာသို့ ရိက္ခာပို့ ထွက်လာသည့် အင်အား ၆၀ ခန့်ပါ စစ်ကောင်စီတပ်ဖွဲ့ နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့တို့ ရေလည်ကျွန်းကျေးရွာနှင့် ရှမ်းမြောင်း ကျေးရွာအနီးတွင် ထိတွေ့တိုက်ပွဲ ဖြစ်ပွါးခဲ့ခြင်းဖြစ်သည်ဟု KLG PDF သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူ AT က မဇ္ဈိမသို့ပြောသည်။
“ရေလည်ကျွန်းကျေးရွာအနီးမှာ မိုင်းလေးလုံး ၊ ရှမ်းမြောင်းကျေးရွာ အနီးမှာ မိုင်းနှစ်လုံးနဲ့ တိုက်ခိုက်ခဲ့တာပါ ။ လက်နက်ငယ်တွေနဲ့လည်း မိနစ် ၃၀လောက် အပြန်အလှန် ပစ်ခတ်ခဲ့ကြပါတယ်။ စစ်သား ၁၀ယောက်လောက် ပြင်းထန်ဒဏ်ရာ ရတယ်။သေဆုံးမှုလည်း ရှိနိုင်ပါတယ်”ဟု ၎င်းက ပြောသည်။
ထို့အပြင် ဩဂုတ်လ ၁၀ ရက် နံနက်၈ နာရီ အချိန်တွင် ကနီမြို့ပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့ တပ်စွဲနေသည့် နေရာသို့ ဒရုန်းဖြင့်1kg ဗုံးသီး လေးလုံး ကြဲချ တိုက်ခိုက်ခဲ့ပြီး ထိခိုက်မှုအခြေအနေအား မသိရသေးကြောင်း KLG PDF ထံက သိရသည်။
အဆိုပါ တိုက်ခိုက်မှုများကို ULF (မဟာမိတ်တပ်ပေါင်းစု) မှ KLG စစ်ကြောင်း ၊ Comrade စစ်ကြောင်း နှင့် Alpha စစ်ကြောင်းတို့က ပူးပေါင်း၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး
#စစ်ကိုင်းတိုင်း
#ကနီမြို့နယ်
#စစ်ကောင်စီတပ်
#တိုက်ခိုက်မှု
ပုံအညွှန်း-ကျဆုံးသွားသည့် တပ်ခွဲမှူး ရဲဘော်နိုင်ဝင်း၏ စျာပန။(ဓာတ်ပုံ-CJ)

👍10😢8👏2❤1👎1
Media is too big
VIEW IN TELEGRAM
ဝက်သုံးထပ်သားကြော် | Chef Eve's Easy Thai Cooking Show | Ep - 25
Watch more detail- https://youtu.be/Id9dUR0TtZ4
#reels #shorts #ဝက်သား #ChefEve’s

🍌2👍1
မုံရွာတွင် လုယက်ပစ်ခတ်ခံရ၍ သေဆုံးသွားသည့် ကိုယ်ဝန်ဆောင်အမျိုးသမီး၏ ရုပ်အလောင်းဂူသွင်းသင်္ဂြုဟ်
😢8😁1

===================
ဂျူချန်း
(မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ ၊ ထန်းတောရပ်ကွက်က လုယက်ပစ်ခတ်ခံရ၍ သေဆုံးသွားသည့် ကိုယ်ဝန်ဆောင်သည် မအေးငြိမ်းသူနှင့် ကလေးငယ်တို့၏ ရုပ်အလောင်းကို ယနေ့ ဩဂုတ်လ ၁၂ ရက် ညနေပိုင်းတွင် ဂူသွင်းင်္သဂြိုဟ်ပေးခဲ့ကြောင်း လူမှုကူညီရေးအသင်းထံက သိရသည်။
“ကလေးက မီးသင်္ဂြိုဟ်စက်ထဲ ထည့်လို့မရလို့ အုတ်ဂူထဲ တန်းသွင်းလိုက်တာ။ ကလေးရဲ့ အုတ်ဂူကလည်း မိခင်ရဲ့ ဘေးမှာပဲ ထားထားပေးတယ်” ဟု လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမ ကိုပြောသည်။
ဩဂုတ်လ ၁၀ ရက် ညနေပိုင်းအချိန်၌ လူခြောက်ဦးက နေအိမ်အတွင်း ဝင်ရောက်လုယက်ကာ သေနတ်ဖြင့် ပစ်ခတ်သွားသဖြင့် အသက် ၂၅ နှစ်အရွယ် ကိုယ်ဝန်ဆောင်သည် မအေးငြိမ်းသူသည် ဦးခေါင်းထိမှန်ဒဏ်ရာဖြင့် သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။
အဆိုပါ သေဆုံးသွားသူတို့၏ နာရေးအား ယနေ့ မွန်းလွဲ ၁နာရီတွင် မြို့မသုသာန်၌ အလောင်း သင်္ဂြိုဟ်ခြင်း ပြုလုပ်ခဲ့သည်ဟု သိရသည်။
“ဖခင်ဖြစ်သူကတော့ အဖြစ်ဆိုးကြီးဖြစ်လိုက်တော့ ရူးမလိုဖြစ်နေတာပါ။ တအားလည်းခံစားနေရတယ်။ ကျနော်တို့တော့ ပစ်ခတ်ခံရတဲ့နောက်ပိုင်းဖြစ်စဉ်ကို အစအဆုံး မြင်လိုက်ရတော့ ရင်ထဲမှာလည်း မကောင်းဘူး” ဟု လိုက်ပါကူညီဆောင်ရွက်သူတဦးက မဇ္ဈိမကိုပြောသည်။
လုယက်ပစ်ခတ်မှု ကျူးလွန်သူများကို မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့နှင့် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တို့က ညတွင်းချင်း ဖမ်းဆီးရမိခဲ့ပြီး NUG ထံသို့ လွှဲပြောင်းကာ ဥပဒေနှင့်အညီ အရေးယူမည်ဖြစ်ကြောင်း မုံရွာ ပြည်သူ့လုံခြုံရေးအဖွဲ့(ပလဖ) ခေါင်းဆောင်က ပြောသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး
#စစ်ကိုင်းတိုင်း
#မုံရွာမြို့
#ပစ်ခတ်မှု
#လုယက်မှု
#ဈာပန
ဓါတ်ပုံ-လူမှုကွန်ရက်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
===================
ဂျူချန်း
(မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ ၊ ထန်းတောရပ်ကွက်က လုယက်ပစ်ခတ်ခံရ၍ သေဆုံးသွားသည့် ကိုယ်ဝန်ဆောင်သည် မအေးငြိမ်းသူနှင့် ကလေးငယ်တို့၏ ရုပ်အလောင်းကို ယနေ့ ဩဂုတ်လ ၁၂ ရက် ညနေပိုင်းတွင် ဂူသွင်းင်္သဂြိုဟ်ပေးခဲ့ကြောင်း လူမှုကူညီရေးအသင်းထံက သိရသည်။
“ကလေးက မီးသင်္ဂြိုဟ်စက်ထဲ ထည့်လို့မရလို့ အုတ်ဂူထဲ တန်းသွင်းလိုက်တာ။ ကလေးရဲ့ အုတ်ဂူကလည်း မိခင်ရဲ့ ဘေးမှာပဲ ထားထားပေးတယ်” ဟု လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမ ကိုပြောသည်။
ဩဂုတ်လ ၁၀ ရက် ညနေပိုင်းအချိန်၌ လူခြောက်ဦးက နေအိမ်အတွင်း ဝင်ရောက်လုယက်ကာ သေနတ်ဖြင့် ပစ်ခတ်သွားသဖြင့် အသက် ၂၅ နှစ်အရွယ် ကိုယ်ဝန်ဆောင်သည် မအေးငြိမ်းသူသည် ဦးခေါင်းထိမှန်ဒဏ်ရာဖြင့် သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။
အဆိုပါ သေဆုံးသွားသူတို့၏ နာရေးအား ယနေ့ မွန်းလွဲ ၁နာရီတွင် မြို့မသုသာန်၌ အလောင်း သင်္ဂြိုဟ်ခြင်း ပြုလုပ်ခဲ့သည်ဟု သိရသည်။
“ဖခင်ဖြစ်သူကတော့ အဖြစ်ဆိုးကြီးဖြစ်လိုက်တော့ ရူးမလိုဖြစ်နေတာပါ။ တအားလည်းခံစားနေရတယ်။ ကျနော်တို့တော့ ပစ်ခတ်ခံရတဲ့နောက်ပိုင်းဖြစ်စဉ်ကို အစအဆုံး မြင်လိုက်ရတော့ ရင်ထဲမှာလည်း မကောင်းဘူး” ဟု လိုက်ပါကူညီဆောင်ရွက်သူတဦးက မဇ္ဈိမကိုပြောသည်။
လုယက်ပစ်ခတ်မှု ကျူးလွန်သူများကို မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့နှင့် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တို့က ညတွင်းချင်း ဖမ်းဆီးရမိခဲ့ပြီး NUG ထံသို့ လွှဲပြောင်းကာ ဥပဒေနှင့်အညီ အရေးယူမည်ဖြစ်ကြောင်း မုံရွာ ပြည်သူ့လုံခြုံရေးအဖွဲ့(ပလဖ) ခေါင်းဆောင်က ပြောသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး
#စစ်ကိုင်းတိုင်း
#မုံရွာမြို့
#ပစ်ခတ်မှု
#လုယက်မှု
#ဈာပန
ဓါတ်ပုံ-လူမှုကွန်ရက်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7❤4😁1
ဝက်သားပြားမုန့်တီသုပ် နဲ့ ဝက်သုံးထပ်သားကြော် | Chef Eve's Easy Thai Cooking Show | Ep - 26
===================
ဒီတစ်ပတ်မှာတော့ Chef Eve ရဲ့ ဝက်သားပြားမုန့်တီသုပ် နဲ့ ဝက်သုံးထပ်သားကြော် ချက်ပြုတ်ပုံကို တင်ဆက်ပေးမှာပဲ ဖြစ်ပါတယ်။
Easy Thai Cooking Show အစီအစဥ်မှာ ထိုင်း စားဖိုမှူး Chef Eve ကနေ ရိုးရှင်းပြီး ကိုယ်တိုင် အလွယ်တကူ လိုက်လုပ်နိုင်မယ့် ထိုင်းမြောက်ပိုင်း အစားအစာတွေကို ပြင်ဆင်ချက်ပြုတ်ပြသသွားမယ့် အစီစဉ်ပဲဖြစ်ပါတယ်။
ဒီအစီစဉ်ကိုတော့ အပတ်စဉ် စနေနေ့ ညနေ ၆ နာရီမှာ Mizzima + Channel ကနေ ကြည့်ရှုနိုင်ပါပြီ။
တီဗီကနေ မကြည့်ရှုလိုက်ရတဲ့ ပရိသတ်တွေကတော့ Mizzima+Youtube နဲ့ Mizzima Application တို့ကနေ ကြည့်ရှုနိုင်ပါပြီ။
https://www.youtube.com/watch?v=Id9dUR0TtZ4
#EasyThaiCookingShow
#ChefEve
#NorthernThailandFood
#ThaiFood
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
===================
ဒီတစ်ပတ်မှာတော့ Chef Eve ရဲ့ ဝက်သားပြားမုန့်တီသုပ် နဲ့ ဝက်သုံးထပ်သားကြော် ချက်ပြုတ်ပုံကို တင်ဆက်ပေးမှာပဲ ဖြစ်ပါတယ်။
Easy Thai Cooking Show အစီအစဥ်မှာ ထိုင်း စားဖိုမှူး Chef Eve ကနေ ရိုးရှင်းပြီး ကိုယ်တိုင် အလွယ်တကူ လိုက်လုပ်နိုင်မယ့် ထိုင်းမြောက်ပိုင်း အစားအစာတွေကို ပြင်ဆင်ချက်ပြုတ်ပြသသွားမယ့် အစီစဉ်ပဲဖြစ်ပါတယ်။
ဒီအစီစဉ်ကိုတော့ အပတ်စဉ် စနေနေ့ ညနေ ၆ နာရီမှာ Mizzima + Channel ကနေ ကြည့်ရှုနိုင်ပါပြီ။
တီဗီကနေ မကြည့်ရှုလိုက်ရတဲ့ ပရိသတ်တွေကတော့ Mizzima+Youtube နဲ့ Mizzima Application တို့ကနေ ကြည့်ရှုနိုင်ပါပြီ။
https://www.youtube.com/watch?v=Id9dUR0TtZ4
#EasyThaiCookingShow
#ChefEve
#NorthernThailandFood
#ThaiFood
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
ဝက်သားပြားမုန့်တီသုပ် နဲ့ ဝက်သုံးထပ်သားကြော် | Chef Eve's Easy Thai Cooking Show | Ep - 26
ဒီတစ်ပတ်မှာတော့ Chef Eve ရဲ့
ဝက်သားပြားမုန့်တီသုပ် နဲ့ ဝက်သုံးထပ်သားကြော် ချက်ပြုတ်ပုံကို တင်ဆက်ပေးမှာပဲ ဖြစ်ပါတယ်။
Easy Thai Cooking Show အစီအစဥ်မှာ ထိုင်း စားဖိုမှူး Chef Eve ကနေ
ရိုးရှင်းပြီး ကိုယ်တိုင် အလွယ်တကူ လိုက်လုပ်နိုင်မယ့် ထိုင်းမြောက်ပိုင်း အစားအစာတွေကို…

👍6😁1
ဒီးမော့ဆိုတွင် ရာသီဥတု ပြန်လည်ကောင်းမွန်နေ၍ ဒေသခံနှင့် စစ်ရှောင်များ လေကြောင်းရန်ကို ကြောက်ရွံ့
==================
ဂျူချန်း
(မဇ္ဈိမ)။ ။ ကရင်နီပြည်၊ ဒီးမော့ဆိုမြို့ အနောက်ခြမ်းတွင် ရာသီဥတု ပြန်လည်ကောင်းမွန်နေသဖြင့် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ခပ်စိတ်စိတ် ပြန်လည်လုပ်ဆောင်နေသည်။ ထို့ကြောင့် ဒေသခံနှင့် စစ်ရှောင်များအနေဖြင့် လေကြောင်းရန်ကို စိုးရိမ်ေကြာက်ရွံ့နေကြရကြောင်း ဒေသခံသတင်းရင်းမြစ်ထံက သိရသည်။
“တိုက်ပွဲဖြစ်နေတာ ဒီလအစလောက်ကတည်းကပေါ့နော်။ အဲ့တုန်းက မိုးရွာနေတော့ သူတို့ လေယာဉ်သိပ်မသုံးဖြစ်ဘူး။ ဒီတစ်ရက်နှစ်ရက်မှာ နေပွင့်မှ သုံးဖြစ်တာ။ ဒီနေ့လည်း နေပွင့်နေတယ်။ နေပွင့်နေတော့ နည်းနည်းတော့ ကြောက်ရတယ်” ဟု ဒေသခံ သတင်းရင်းမြစ်တစ်ဦးက မဇ္ဈိမ ကိုပြောသည်။
ယနေ့ ဩဂုတ်လ ၁၂ ရက်နေ့ နံနက်စောစော ၀၀နာရီ ၂၅ မိနစ်ခန့်တွင်တစ်ကြိမ်၊ ၀၀နာရီ ၃၆ မိနစ်ခန့်တွင်တစ်ကြိမ် စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်ခဲ့သည်။ တိုက်ပွဲဖြစ်ပွားသည့်နေရာနှင့် ဝေးသည့် ဒီးမောဆိုမြို့အနောက်ခြမ်း၌ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဖုန်းလိုင်းနှင့် အင်တာနက်လိုင်း ခက်ခဲမှုကြောင့် ထိခိုက်မှုအသေးစိတ်ကို မသိရသေးကြောင်း ဆိုသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၁၀ ရက်နေ့ နေ့လယ် ၂နာရီနှင့် ညနေ ၄ နာရီတို့တွင်လည်း ဒီးမော့ဆိုမြို့နယ် သဲတောင်ဘက်တွင် စစ်ကောင်စီက လေကြောင်းသုံးတိုက်ခိုက်ခဲ့ရာ လူထိခိုက်မှုမရှိသော်လည်း အဆောက်အအုံ ထိခိုက်ပျက်ဆီးခဲ့ကြောင်း သတင်းရင်းမြစ်က ပြောသည်။
ဩဂုတ်လ ၂ ရက်နေ့မှ စတင်ကာ ဒီးမော့ဆို-ဖရူဆို လမ်းပိုင်းတွင် စစ်ကောင်စီနှင့် ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်များကြား တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောင်စီဘက်မှ အထိအခိုက်အကျအဆုံးရှိကြောင်း သိရသော်လည်း အသေးစိတ်အချက်အလက်များကို သက်ဆိုင်ရာအဖွဲ့အစည်းများက ထုတ်ပြန်ခြင်း မရှိသေးပေ။
တိုက်ပွဲဖြစ်ပွားနေသည့် ဒီးမော့ဆိုမြို့နှင့် ဖရူဆိုမြို့ကြား ပြည်ထောင်စုလမ်းမကြီး၏ ဒေါညင်းခူ -ထီးပေါ့ဆိုလမ်းပိုင်းကို ပြည်သူများအနေဖြင့် ဖြတ်သန်းသွားလာခြင်း မပြုလုပ်ကြရန် KNDF က ဩဂုတ်လ ၂ ရက်နေ့တွင် အရေးပေါ် သတိပေး ထုတ်ပြန်ထားသည်။
စာတည်း။ ။အောင်ကျော်ဖြိုး
#လေကြောင်းရန်
#ကရင်နီပြည်နယ်
#Mizzima
ဓါတ်ပုံ-KNDF
ပုံစာ- ယခုနှစ်အတွင်း ကရင်နီပြည်တွင် တွေ့ရှိရသည့် လေယာဉ်

👍6😁2🤬1
This media is not supported in your browser
VIEW IN TELEGRAM
Jisoo နှင့် Bo Hyun တို့အချစ်ရေးအပေါ် သူ့ရဲ့အမြင်ကို ပြောပြလာတဲ့ မင်းသား Jung Hae In
Full Video Link - https://youtu.be/qYq6wkdU9xk
#entertainmentnews #celecity #mizzimaplushd #internationalnews #reels #shorts

👍3😁3