Mizzima
✔
47.6K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
"ချစ်သော ရိုစီ" | ဘာလိုလို့လဲ ဇာတ်လမ်းတို
================

တစ်သက်လုံး မခွဲဘဲ လက်တွဲခဲ့ကြတဲ့
အမျိုးသမီးချင်း လက်တွဲဖော် နှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်း

တစ်သက်လုံး အတူ ရုန်းကန် ကျော်ဖြတ်လာခဲ့ရာက
တစ်ယောက် ကွယ်လွန်သွားချိန်မှာ
ကျန်ခဲ့တဲ့ တစ်ယောက်အတွက် တစ်သက်လုံးရှာဖွေခဲ့တဲ့ ပိုင်ဆိုင်မှုတွေ
ဘာဖြစ်သွားခဲ့ပါသလဲ။
လိင်တူချင်း လက်ထပ်ခွင့် လိုအပ်ပါသလား။

ဘာလိုလို့လဲ ဇာတ်လမ်းတွဲက
နောက်ထပ် ဇာတ်လမ်းတိုတပုဒ်ပါ။

သတင်းနှင့်မီဒီယာကွန်ရက် (NMG) က လူငယ် အနုပညာရှင်တွေနဲ့ လက်တွဲ ထုတ်လုပ်တဲ့ အစီအစဉ် အပတ်စဉ် စနေနေ့ ညနေ ၆ နာရီမှာ Mizzima ရဲ့ ရုပ်သံတီဗွီမှာကြည့်ရှုနိုင်ပါတယ်။

https://youtu.be/ge8omusibeo
🔥1
​​Sardar Udham (2021)
===============

ဗြိတိသျှနယ်ချဲ့လက်အောက်မှာ အိန္ဒိယနိုင်ငံသားတွေ ဖိနှိပ်ချုပ်ခြယ်ခံနေရတဲ့ ၁၉၁၉ ခုနှစ်မှာ ထိတ်လန့်ကြောက်ရွံ့စရာကောင်းတဲ့ လူအစုလိုက်အပြုံလိုက် အသတ်ခံရမှုဖြစ်ခဲ့ပါတယ်။

ပန်ဂျပ်ပြည်နယ်၊ အမ်ရစ်ဆာမြို့မှာဖြစ်ခဲ့တဲ့ ဂျယ်လီယန်ဝါလာဘတ်က ဒီဖြစ်ရပ်ဆိုးမှာ ငြိမ်းချမ်းစွာ စုဝေးဆန္ဒပြနေတဲ့ပရိသတ်ထဲကို ဗြိတိသျှတွေက ပစ်ခတ်လို့ လူ ၄၀၀ နီးပါး သေဆုံးခဲ့ပြီး လူထောင်ချီ ဒဏ်ရာရခဲ့ပါတယ်။

ဒီဖြစ်ရပ်မှာ သတိလုံးဝမပေးဘဲ လူထုကို ပစ်ခတ်ဖို့အမိန့်ပေးခဲ့သူက ဗိုလ်ချုပ်ဒိုင်ယာဖြစ်ပြီး ဒီလိုလုပ်ဖို့ သူ့ကိုညွှန်ကြားခဲ့သူက ပန်ဂျပ်ပြည်နယ် လက်ထောက်ဘုရင်ခံ အိုဒေါ်ယာပါ။

ဒီအဖြစ်ဆိုးကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရပြီး ချစ်ရသူတွေကို ဆုံးရှုံးခဲ့ရတဲ့ လူငယ်လေး အူဒမ်ဆင်းဟာ ဒီကိစ္စမှာ တာဝန်အရှိဆုံးဖြစ်တဲ့ အိုဒေါ်ယာကိုလုပ်ကြံသတ်ဖြတ်ခြင်းနဲ့ လက်စားချေဖို့ အင်္ဂလန်အထိ လိုက်သွားပါတော့တယ်။

အိုဒေါ်ယာကိုလုပ်ကြံဖို့အတွက် အူဒမ်ဆင်း နှစ်တွေဘယ်လောက်ကြာအောင် စောင့်ခဲ့ရသလဲ၊ ဘယ်လိုအခက်အခဲတွေ တွေ့ခဲ့ရလဲ၊ ဗြိတိသျှ ထောက်လှမ်းရေးတွေ မရိပ်မိအောင် ရှောင်ရှားရင်း ဒီလုပ်ကြံမှုကို ဘယ်လိုစီစဉ်ခဲ့လဲ စတာတွေကို စိတ်လှုပ်ရှားဖွယ် ခံစားကြည့်ရှုရမှာပါ။

၁၉၁၉ ခုနှစ် ပန်ဂျပ်ပြည်နယ်မှာ အမှန်တကယ် ဖြစ်ခဲ့တဲ့ဖြစ်ရပ်မှန်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ ဒီဇာတ်ကားက သဲထိတ်ရင်ဖို ရသကိုရော၊ ဒရမ်မာ ရသကိုပါ ပေးစွမ်းနိုင်မှာဖြစ်လို့ ကြည့်ရှုရကျိုးနပ်မယ့် ဇာတ်လမ်းကောင်းတစ်ခုပါ။

Mizzima+ Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင်

App ဒေါင်းလော့လုပ်ရန် - http://onelink.to/jnuwak

#New ပြသမည့်ရက်။ ။၁၂.၈.၂၀၂၃
ပြသမည့် အချိန် ။ ။ ည (၈:၀၀)နာရီ
ပြန်လည်ပြသမည့်ရက်။ ။ ၁၃.၈.၂၀၂၃
အချိန်။ ။ နေ့လည် (၂:၀၀) နာရီ

(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U"
👍2🔥1
​​ကလေးမြို့နယ် မြို့လှကျေးရွာတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၂ဦးသေ၊ လက်နက်သိမ်းဆည်းရရှိ
===============

ကိုခင်မောင်
(မဇ္စျိမ)။ ။ မြို့လှကျေးရွာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ နှစ်ဦးသေဆုံးပြီး လက်နက်ခဲယမ်းများသိမ်းဆည်းရရှိထားကြောင်း Chinland Defense Force - Kalay Kabaw Gangaw (CDF- KKG)က ယနေ့ သြဂုတ် ၁၂ရက်တွင် သတင်းထုတ်ပြန်သည်။

ယမန်နေ့ သြဂုတ်လ ၁၁ ရက်တွင် စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ မြို့လှကျေးရွာတွင် CDF - KKG , CNDF - TZ , Kalay PDF တပ်ရင်း( ၆ )တို့ပါဝင်သော ပူပေါင်းတပ်များနှင့် စစ်ကောင်စီတပ် တို့အကြား မိနစ် ၃၀ခန့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

“ထိတွေ့တိုက်ပွဲ အပြီး စကစ တပ်သား အလောင်း နှစ်လောင်းကို မျက်မြင်တွေ့ရှိခဲ့ရပါတယ်။ သေနတ်တလက်နဲ့ တခြားဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းနိုင်ခဲ့ပါတယ်” ဟု ရှေ့တန်းတိုက်ပွဲတွင် ပါဝင်သောရဲဘော်က ပြောသည်။

စစ်ကောင်စီတပ်သားများ၏ AK သေနတ် တလက်၊ ကျည်ဘောက် နှစ်ခု ၊ ကျည်ဆန်အနည်းငယ် ၊ Equipment တစ်ခု ၊ ဖုန်းနှစ်လုံးတို့ကို လက်ရ သိမ်းဆည်းနိုင်ခဲ့ကြောင်း CDF- KKG ၏ထုတ်ပြန်ချက်တွင် ဓာတ်ပုံနှင့်အတူဖော်ပြသည်။

အဆိုပါတိုက်ပွဲ အထိနာခဲ့သည့် စစ်ကောင်စီတပ်များသည် ယနေ့ သြဂုတ်လ ၁၂ရက်နေ့ နံနက် ၁၁နာရီခန့်တွင် ကလေးမြို့နယ်၊ စက္ကန့်ရွာသို့ ဝင်ရောက်ကာ နေအိမ်များအား မီးတင်ရှို့နေကြောင်း ဒေသခံများထံက သိရသည်။

အိမ်ခြေ ၈၀၀ ခန့်ရှိသော စက္ကန့်ကျေးရွာတွင် မီးလောင်ဆုံးရှုံးမှုအခြေအနေ မသိရသေးကြောင်း ၊ ကျေးရွာရှိ ဒေသခံများသည်လည်း စစ်ဘေးတိမ်းရှောင်နေကြကြောင်း အဆိုပါဒေသခံက ပြောသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၁၁ ရက်ကလည်း စစ်ကောင်စီတပ် ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်များသည် စက္ကန့်ကျေးရွာရှိ Independent Presbyterian Church Myanmar ခရစ်ယာန်ဘုရားကျောင်းအား ထိမှန်၍ ဘုရားကျောင်း ပျက်စီးခဲ့ရကြောင်း ဒေသခံပြည်သူများထံက သိရှိရသည်။

စာတည်း။ ။ အောင်ကျော်ဖြိုး

#Mizzima
#မြို့လှကျေးရွာတိုက်ပွဲ
#လက်နက်သိမ်းဆည်းရရှိ

ပုံအညွှန်း။ ။ CDF-KKG မှ သိမ်းဆည်းရရှိထားသော AK သေနတ် (ဓာတ်ပုံ-
CDF- KKG)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8😁2❤1👏1
​​ပဲရစ်စိန့်ဂျာမိန်းဟာ ဘာစီလိုနာမှ ပြင်သစ်တိုက်စစ်မှူး ဒမ်ဘီလီကို ပေါင် ၄၃.၅ သန်း (ယူရို ၅၀.၄ သန်း) ဖြင့် ခေါ်ယူစာချုပ်လိုက်ပြီဖြစ်ပါတယ်။

အသက် ၂၆ နှစ်ရှိ ဒမ်ဘီလီဟာ ၂၀၁၇ မှာ ဒေါ့မွန်အသင်းကနေ ပေါင် ၁၃၅ သန်းဖြင့် ဘာစီလိုနာဆီ ပြောင်းရွှေ့လာခဲ့ပြီး ၁၈၅ ပွဲကစားပြီး ဂိုး ၄၀ သွင်းယူကာ အသင်းနဲ့အတူ လာလီဂါဖလား ၃ ကြိမ် ရရှိခဲ့ပါတယ်။

သူဟာ လီဂူးဝမ်းချန်ပီယံအသင်းနဲ့ (၅) နှစ်စာချုပ် ချုပ်ဆိုလိုက်ပြီဖြစ်ပါတယ်။

Photo: PSG/Twitter

#Mizzima
#ဒမ်ဘီလီ
#PSG
#dembele
#barcelona
👍3🔥2
သြဂုတ်လ( ၁၂ )ရက်၊ စနေနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
===========================

ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ...

ငြိမ်းချမ်းရေး အခြေအနေသုံးသပ်ဖို့အတွက် မြန်မာနိုင်ငံကို အာဆီယံလွှတ်တော်ရေးရာ မူဝါဒကော်မတီ( AIPA )က လာဖို့ စီစဉ်နေတယ်လို့ အင်ဒိုနီးရှားလွှတ်တော်လွှတ်တော်ရေးရာ ပူးပေါင်းဆောင်ရွက်ရေးဌာန (BKSAP) ရဲ့ဥက္ကဋ္ဌ ဖာဒီဇွန်က ပြောဆိုလိုက်တဲ့သတင်းနဲ့အတူ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့၊မိုင်းယော်တိုက်နယ်၊ နမ့်လောင်းကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ နှစ်ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားခဲ့တဲ့ သတင်း အပါအဝင် နောက်ဆုံးရ ပြည်တွင်းသတင်းတွေနဲ့ တပတ်အတွင်း နိုင်ငံတကာသတင်း တွေကို နားဆင်ကြရပါမယ်။

သတင်းတွေအပြီးမှာတော့ အပတ်စဉ်တင်ဆက်ပေးနေတဲ့ သံစဉ့်အိမ်အစီအစဉ်ကို နားဆင်ရမှာ ဖြစ်ပါတယ်။

https://youtu.be/6vH0Nu5bkAw

#Mizzimaradio
#Eveningradio
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U"
👍5❤1😁1🍌1
This media is not supported in your browser
VIEW IN TELEGRAM
တောင်ကိုရီးယားက ထိပ်တန်းအိုင်ဒေါတွေကို ကျော်ပြီး Most Handsome Chinese Idols 2023 မှာ နံပါတ်တစ်မဲအများဆုံးရခဲ့တဲ့ တရုတ်မင်းသား Xiao Zhan

Full Video Link - https://youtu.be/qYq6wkdU9xk

#entertainmentnews #celecity #mizzimaplushd #internationalnews #reels #shorts
👍9🔥1
Weekend News Roundup | August 12, 2023
================

ဒီအစီအစဥ်မှာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း Mizzima က ထုတ်လွှင့်ခဲ့တဲ့ သတင်းတွေထဲက စိတ်၀င်စားဖွယ်နဲ့ အရေးကြီးသတင်းတွေကို ရွေးချယ်ပြီး ပြန်လည် ထုတ်လွှင့်ပေးသွားမှာပါ။

- EAO နဲ့ PDF တွေကြောင့် ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ နိုင်ငံတည်ဆောက်ရာမှာ အနှောင့်အယှက်ဖြစ်နေဟု စစ်ခေါင်းဆောင်စွပ်စွဲ တဲ့သတင်း

- NCA အပစ်ရပ်စာချုပ်ကို လိုက်နာစရာ လိုက်နာစရာအကြောင်းမရှိဘူးလို့ KNU ပြောတဲ့သတင်း

- ဝန်ကြီးချုပ်ဟောင်းသက်ဆင်က ထိုင်းနိုင်ငံသို့ပြန်မယ့်ရက်ကို ဆိုင်းငံ့ထား တဲ့သတင်း

- အိန္ဒိယအတိုက်အခံခေါင်းဆောင်ရာဟုလ်ဂန္ဒီ လွှတ်တော်သို့ ပြန်လည်ရောက်ရှိတဲ့သတင်း

- အရန်ဆန်ထုတ်ရောင်းပေမယ့် ဆန်ဈေးအတက်ကြမ်းနေတဲ့သတင်း

- စင်ကာပူဘဏ် UOB က မြန်မာနှင့် ဆက်နွယ်မှုဖြတ်တောက်ရန် တင်းကျပ်သည့် အစီအမံများ ချမှတ် တဲ့ သတင်း

https://youtu.be/p2VSkdqymgk

-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍8😁2❤1
​​အရပ်သားများအသုံးပြုသည့်လမ်းတွင် စစ်ကောင်စီက နင်းမိုင်းများ ထောင်ထား
===================

(မဇ္ဈိမ) ။ ။ အရပ်သားများအသုံးပြုသည့်လမ်းတွင် စစ်ကောင်စီက နင်းမိုင်းများ ထောင်ထားခဲ့သည်ဟု NUG ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ ဩဂုတ် ၁၂ရက်တွင် သတင်းထုတ်ပြန်သည်။
သြဂုတ်လ ၁၀ ရက် နံနက် ၇ နာရီ ၄၉ မိနစ်အချိန်ခန့်တွင် စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ် ၊ နတ်ရေကန်အနားမှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၅ ဦးခန့်က Jumper ကားတစီးဖြင့် လာရောက်ခဲ့ပြီး အရပ်သားပြည်သူများ သွားလာရာနေရာဖြစ်သည့် ငါးယှန်ကျေးရွာအနီးတွင် နင်းမိုင်းများ လာရောက်ထောင်ထား ခဲ့သည်ဟု NUG ကဆိုသည်။

NUG က ထုတ်ပြန်သည့် ဓာတ်ပုံအရ နင်းမိုင်း ကိုးလုံးရှိသည်ကို တွေ့ရသည်။

စစ်ကောင်စီတပ်ဖွဲ့က ထောင်ထားခဲ့သည့် နင်းမိုင်းများကို PDF တပ်ဖွဲ့ဝင်များက အများပြည်သူ မထိခိုက်စေရန် ပြန်လည်ဖြုတ်သိမ်း ခဲ့ရသည်ဟု ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
ထောင်ထားခဲ့သည့် နင်းမိုင်းများမှာ M-14 အမျိုးအစားများဖြစ်ပြီး ကိုယ်ထည်မှစ၍ အစိတ်အပိုင်းများကို ပလတ်စတစ်ဖြင့် ပြုလုပ်ထားခြင်းဖြစ်သည့်အတွက် သတ္ထုပါဝင်မှု နည်းပါးခြင်းကြောင့် အလွယ်တကူရှာဖွေရန် ခက်ခဲသည်ဟု NUG က ဆိုသည်။

အဆိုပါ နင်းမိုင်းများသည် နင်းမိသည့်နေရာမှ အထက်ကို ၁၀ လက်မခန့်အထိ အသေးစားပေါက်ကွဲမှု ဖြစ်ပေါ်စေပြီး မိုင်းနင်းမိသူ၏ ကိုယ်ခန္ဓာအစိတ်အပိုင်းများကို ဆုံးရှုံးစေကာ ကိုယ်လက်အင်္ဂါ မသန်စွမ်းဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် ထုတ်လုပ်ထားသည့် နင်းမိုင်းအမျိုးအစားဖြစ်ကြောင်း၊ ပြည်သူများ မိုင်းအန္တရာယ် ကင်းဝေးစေရေး အထူးသတိထားကြရန် အသိပေးအပ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ စစ်ရုံးချုပ်က ထုတ်ပြန်သည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

#စစ်ကိုင်းတိုင်း
#NUG
#နင်းမိုင်း
#စစ်ကောင်စီ

ပုံအညွှန်း-ဖြုတ်ယူသိမ်းဆည်းခဲ့သည့် စစ်ကောင်စီတပ်ထုတ် M-14 နင်းမိုင်းများ။(ဓာတ်ပုံ-MOD MUG)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬14👍9😁4😱1
ဒလ-တွံတေး ကားလမ်း စိမ်းလန်းမြေပေါ်ရှိ အိမ်များကို ဖယ်ရှားခိုင်း၊ ခြံစည်းရိုး ဘလောက် တုံးများခတ်
🤬7👍4❤1👎1
ဒလ-တွံတေး ကားလမ်း စိမ်းလန်းမြေပေါ်ရှိ အိမ်များကို ဖယ်ရှားခိုင်း၊ ခြံစည်းရိုး ဘလောက် တုံးများခတ်
==================

(မဇ္ဈိမ) ။ ။ ရန်ကုန်တိုင်း၊ ဒလမြို့နယ်၊ ကျန်စစ်သားရပ်ကွက်နှင့် မှော်စက်ရပ်ကွက် အတွင်း ဒလ-တွံတေး ကားလမ်းတလျှောက်ရှိ စိမ်းလန်းမြေသည် ပိုင်ရှင်ရှိသည်ဆိုကာ ယင်းမြေပေါ်ရှိ အိမ်များကို ဖယ်ခိုင်းနေပြီး ခြံစည်းရိုးဘလောက်တုံးများဖြင့် အုတ်တံတိုင်းခတ်နေကြောင်း နေထိုင်သူများက ပြောသည်။

လက်ရှိတွင် ထိုမြေကို ဦးစိုးမြင့်ဆိုသူနှင့် ၎င်း၏သမီး ဒေါက်တာခင်ခင်စိုးဆိုသူတို့က ပိုင်ဆိုင်ကြောင်း ဂရန်အထောက်အထားပြကာ ထိုကဲ့သို့ ခြံစည်းရိုးခတ်နေကြခြင်းဖြစ်ကြောင်း သိရသည်။

‘’ကျွန်တော်တို့က ကျူးကျော်မြေမဟုတ်ဘူး။ တရား၀င် နေထိုင်ကြတာ။ယခင်ရန်ကုန်တိုင်းမှူး ဗိုလ်ချူပ်ခင်‌မောင်သန်းလက်ထက်မှာ စိုက်ပျိူးနေထိုင်ခွင့်ပေးထားတာဖြစ်တယ်။ အခုတော့ မင်းမဲ့စရိုက်ဆန်ဆန် အိမ်တွေ၊ ခြံတွေထဲကို အတင်းဝင်လာပြီး ဘလောက်တုံးတွေနဲ့ ခြံစည်းရိုးခတ်တယ်။ အိမ်ပေါက်ဝတွေကိုလည်း ပိတ်ခတ်တယ်။ ဈေးရောင်းတဲ့ဆိုင်တွေကိုလည်း ပိတ်ခတ်တယ်။ဘယ်သူမှလည်းမပြောရဲကြဘူး။ ဘာကြောင့်လည်းဆိုတော့ လှိုင်သာယာနဲ့ ဒလက လူမိုက်တွေကိုပေါင်းပြီးတော့ ငှားလာခဲ့ကြတာ။ အလုပ်သမားတွေက ခြံစည်းရိုးခတ်ရင် လူမိုက်တွေက ဘေးကနေစောင့်ပေးကြတယ်’’ဟု စိမ်းလန်းမြေတွင် နေထိုင်သူက ဆိုသည်။

စိမ်းလန်းမြေသည် စုစုပေါင်း ၁၃ ဧက ကျော်ရှိပြီး လက်ရှိနေထိုင်သူများသည် ယင်းမြေပေါ်တွင် ၂၄ကြာ နေထိုင်ခဲ့ကြကြောင်း နေထိုင်သူများထံက သိရသည်။

ထို့ပြင် သြဂုတ်လ ၁၁ ရက်စတင်ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ထိုမြေပေါ်နေထိုင်သူများ၏ ဧည့်စာရင်းစာအုပ်များကို သိမ်းယူပြီး ထောက်ခံစာများလည်း မပေးတော့ကြောင်း စိမ်းလန်းမြေတွင်နေထိုင်သူက ဆိုသည်။

‘’ကျွန်မတို့ က စိမ်းလန်းမြေပေါ်မှာနေလာတာကြာပြီ။ ၂၀၁၅ ခုနှစ်မှာ အိုးအိမ်ကိုသွားပြီး ဂရန်သွားလျှောက်တော့ အိုးအိမ်က သူတို့လုပ်ခွင့်မရှိလို့ ချပေးလို့မရဘူးဆိုပြီး ပြောတယ်။ အခု ရန်ကုန်-ဒလတံတား ထိုးပြီးတော့မှ မြေဈေးတွေတက်လာတော့ ဒီဘက်ကမြေတွေကို စိတ်ဝင်စားတဲ့သူ များလာကြတယ်။ အခုဒီမြေကွက်တွေက သူတို့ဟာလို့ ပြောလာတဲ့သူတွေက ဂရန်တွေ ယူလာပြတယ်။ အတုလား အစစ်လားတော့မသိဘူး။ ၂၀၂၂ ခုနှစ် ရက်စွဲတွေ ဖြစ်နေတယ်။ အခုပိုင်ရှင်ဆိုပြီး ခြံစည်းရိုးလိုက်ခတ်နေတဲ့ ဒေါက်တာခင်ခင်စိုးဆိုရင် သူတစ်ယောက်ထဲနာမည်နဲ့ ၃.၅ ဧကပါမစ်တောင် ထွက်ထားတယ် ‘’ ဟုလည်း စိမ်းလန်းမြေပေါ်နေထိုင်သူက တဦးက ပြောသည်။

ရန်ကုန်တိုင်းမှူးဗိုလ်ချူပ် ခင်မောင်သန်းလက်ထက်က ၁၉၉၉ ခုနှစ်တွင် ဒလ နာရီစင်နားကစကာ ဒလ-တွံတေး ကားလမ်း ဝဲ ယာ ဘက် မိုင် ၃၀ ကို မြေယာစိုက်ပျိုးရေး စီမံကိန်း လုပ်ရန် စိမ်းလန်းမြေဟု သတ်မှတ်ပေးခဲ့ခြင်းဖြစ်သည်ဟု ဒေသခံထံက သိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#စိမ်းလန်းမြေ

ပုံအညွှန်း- ဘလောက်တုံးများဖြင့် ခြံခတ်စဉ်(ဓာတ်ပုံ-CJ)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8❤3🤬3🥰1🤯1
​​နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၁၂ ဩဂုတ် ၂၀၂၃) 
=======================

စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်သည် ရောက်သည့်နေရာတိုင်းတွင် လေလုံးထွား ပြောနေသော်လည်း တကယ်လက်တွေ့တွင်ဈေးများမြေကွက်များကို စိတ်ထင်တိုင်းရောင်းစား နေသည်ကိုတွေ့ရသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6😁1
ဇူလိုင်လအတွင်း KNU တပ်မဟာ (၃)နယ်မြေတွင် ဒေသခံ ၅ ဦး နှိပ်စက်သတ်ဖြတ်ခံရ
🤬2🔥1
ဇူလိုင်လအတွင်း KNU တပ်မဟာ (၃)နယ်မြေတွင် ဒေသခံ ၅ ဦး နှိပ်စက်သတ်ဖြတ်ခံရ
=======================

YT
(မဇ္ဈိမ) ။ ။ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ တပ်မဟာ(၃)နယ်မြေတွင် ပြီးခဲ့သည့် ဇူလိုင်လအတွင်း စစ်ကောင်စီတပ်ဖွဲ့၏ သတ်ဖြတ်ခြင်းခံရသည့် ဒေသခံငါးဦးရှိကြောင်း KNU ဗဟိုက ယမန်နေ့ ဩဂုတ်လ ၁၁ ရက်တွင်ထုတ်ပြန်သည်။

ဇူလိုင်လ တလတာအတွင်း တပ်မဟာ (၃) နယ်မြေ၌ ဖြစ်ပွားခဲ့သော တိုက်ပွဲအနှစ်ချုပ်စာရင်း၊ စစ်ကောင်စီတပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုအခြေအနေ ထုတ်ပြန်ချက်တွင် KNU က ဖော်ပြထားခြင်း ဖြစ်သည်။

စစ်ကောင်စီတပ်ဖွဲ့၏ သတ်ဖြတ်ခြင်းခံရသူ ငါးဦးအနက် နှစ်ဦးသည် ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်ပြီး ကျန်သုံးဦးမှာ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခံခဲ့ရခြင်း ဖြစ်သည်။

ထို့အပြင် ဇူလိုင်လအတွင်း စစ်ကောင်စီတပ်ဖွဲ့၏ ဖမ်းဆီးနှိပ်စက်ခံခဲ့ရသည့် ဒေသခံ ၂၄ ဦးရှိပြီး စစ်ကောင်စီတပ်က ၎င်းတို့ စစ်ကြောင်းထိုး ဝင်ရောက်သော ဒေသများတွင် နေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း၊ ဒေသခံများ ပိုင်ဆိုင်သည့် ပစ္စည်းများကို ယူဆောင်ခြင်းများလည်း ပြုလုပ်ကြောင်း KNU က ဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့သည် ဇူလိုင်လအတွင်း ပြည်သူလူထုကို ပစ်မှတ်ထား၍ လက်နက်ကြီး အလုံး ၃၀၀ နီးပါး ပစ်ခတ်ခဲ့ပြီး အဆိုပါ လက်နက်ကြီးပစ်ခတ်မှု၊ သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် တပ်မဟာ (၃) နယ်မြေတွင် ဆယ်ကျော်သက်အရွယ် ကျောင်းသားနှစ်ဦးအပါအဝင် ဒေသခံ ၁၂ ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး နေအိမ် ၁၇ လုံး ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့သည် ဒေသခံများ သွားလာရာ လမ်းနေရာသုံးခုကိုလည်း ဘက်ဟိုးများဖြင့် ဖျက်ဆီးမှုပြုများ လုပ်ခဲ့သေးကြောင်း သိရသည်။

KNU က ၎င်းတို့၏ ထုတ်ပြန်ချက်တွင် စစ်ကောင်စီတပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများအပြင် ဇူလိုင်လအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO)၊ PDF ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်ဖွဲ့များအကြား ဖြစ်ပွားခဲ့သော တိုက်ပွဲအနှစ်ချုပ်စာရင်းကိုလည်း ထည့်သွင်းဖော်ပြထားသည်။

"နေ့တိုင်း ဖြစ်နေတာပါပဲ။ ပြီးခဲ့တဲ့လက ညောင်လေးပင်နဲ့ ကျောက်တံခါးမှာတော့ တော်တော်များတယ်။ အယောက် ၄၀ လောက်သေတာဆိုတော့။ ကျောက်ကြီးနဲ့ ရွှေကျင်မှာလည်း တိုက်ပွဲဖြစ်တာတွေရှိပါတယ်" ဟု တပ်မဟာ (၃) KNLA သတင်းရင်းမြစ်က မဇ္ဈိမကိုပြောသည်။

ဇူလိုင်လ ၁ ရက်မှ ၃၁ ရက်အတွင်း တပ်မဟာ (၃) KNLA၊ KNDO၊ PDF ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်ဖွဲ့များအကြား တိုက်ပွဲပေါင်း ၉၆ ကြိမ်ဖြစ်ပွားခဲ့ပြီး အဆိုပါတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့က လေကြောင်းတိုက်ခိုက်မှုနှင့် ဒရုန်းဖြင့် တိုက်ခိုက်မှုကို ထည့်သွင်းအသုံးပြုခဲ့သော်လည်း စစ်ကောင်စီဘက်တွင် ဗိုလ်မှူးတစ်ဦး၊ ဗိုလ်တစ်ဦး၊ တပ်ခွဲမှူးတစ်ဦးအပါအဝင် ၁၆၆ ဦး သေဆုံးခဲ့ကြောင်း ဖော်ပြထားသည်။

ထို့အပြင် ဒု-တပ်ရင်းမှူး တစ်ဦးအပါအဝင် ၁၄၃ ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး တပ်မဟာ (၃) KNLA၊ KNDO ပူးပေါင်းတပ်ဖွဲ့ဘက်တွင်လည်း ရဲဘော်နှစ်ဦးကျဆုံး၍ နှစ်ဦးထိခိုက်ဒဏ်ရာရခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ထံမှ လက်နက် ၁၁ လက်အပါအဝင် လက်နက်ကြီး၊ သေနတ်ကျည်များ၊ ကျည်ဘောက်များနှင့် အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ထို့အပြင် ဇူလိုင်လ၌ ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း ဒေသခံသုံးဦး ထိခိုက်ဒဏ်ရာရခဲ့ကာ မိုင်းနင်းမိ၍လည်း ဒေသခံလေးဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဖော်ပြထားသည်။

ဇူလိုင်လအတွင်း KNLA ပူးပေါင်းတပ်ဖွဲ့က စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ရိက္ခာ သယ်ယူပို့ဆောင်ရေးအတွက် အဓိက အသုံးပြုသည့် တံတားများအား နှစ်ကြိမ် ဖျက်ဆီးခဲ့ကြောင်း ဆိုထားသည်။
လက်ရှိတွင် KNU နယ်မြေများ၌ စစ်ရေးပဋိပက္ခများနှင့် စစ်ကောင်စီတပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် စစ်ဘေးရှောင်နေရသည့် ဒေသခံအရေအတွက်သည် ဦးရေ ၆၀၀,၀၀၀ ကျော်ရှိနေပြီဖြစ်ကြောင်း သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

#ပဲခူးတိုင်း
#KNU
#စစ်ကောင်စီတပ်
ဓါတ်ပုံ (KNU) ပုံအညွှန်း- ပုံ(၁) တပ်မဟာ (၃) နယ်မြေတွင် ဇူလိုင်လအတွင်း စစ်တပ်​၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒဏ်ရာရခဲ့သည့် ကလေးငယ်တစ်ဦး၊ ပုံ (၂)၊ ပုံ (၃)- စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့သည့် နေအိမ်အချို့

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍13🔥2😁1
ဖလမ်းမြို့ရှိ စစ်ကောင်စီ၏ လက်နက်သိုလှောင်ရုံတိုက်ခိုက်ခံရကာ ၆ ဦး သေဆုံး၊ လက်နက်များကို ကာကွယ်ရေးတပ် သိမ်းဆည်း
👍15❤7😁3👏2