ဖလမ်းမြို့ရှိ စစ်ကောင်စီ၏ လက်နက်သိုလှောင်ရုံတိုက်ခိုက်ခံရကာ ၆ ဦး သေဆုံး၊ လက်နက်များကို ကာကွယ်ရေးတပ် သိမ်းဆည်း
======================
ကိုခင်မောင်
(မဇ္စျိမ)။ ။ချင်းပြည်နယ်၊ ဖလမ်းမြို့အ ခြေစိုက် စစ်ကောင်စီ၏ ခလရ (၂၆၈) တပ်ရင်း လက်နက်သိုလှောင်ရုံကို ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များက ၀င်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက်ဦးသေဆုံးပြီး လက်နက်များ သိမ်းဆည်းရမိကြောင်း CDF-KKG ထံက သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ချင်းအမျိုးသားတပ်မတော် (CNA) နှင့် CDF-KKG တို့ကပူးပေါင်း၍ ယနေ့သြဂုတ်လ ၁၂ရက် နံနက်အစောပိုင်း ၂နာရီခန့်မှစတင်ကာ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ နံနက် ၃နာရီခွဲအထိ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆိုသည်။
“ပစ်ခတ်မှုအချိန်ကတော့ နှစ်နာရီ သုံးနာရီအတွင်းလောက်ပဲကြာတယ်။မနက်က ရဲဘော်တွေ ၁၂နာရီလောက်ကနေ စပြီးချီတက်တယ်၊သူတို့ရဲ့ လက်နက်ဂိုဒေါင်ကိုတော့ နှစ်နာရီဝန်းကျင်မှာရောက်တယ်၊ပစ်ခတ်မှုစဖြစ်တယ် လေးနာရီလောက်ကျတော့ ကျွန်တော်တို့ဆုတ်ခွါခဲ့တယ်။နောက်ဆုတ်တဲ့အချိန်မှာ ကျွန်တော်တို့ CDF-KKG မှ ဒုတပ်ရင်းမှူး ကျသွားပါတယ်။လက်နက်တွေသိမ်းဆည်းရရှိခဲ့တယ်၊ စကစ(စစ်ကောင်စီတပ်ဖွဲ့) ဘက်ကလည်း ထိခိုက်မှုများပါတယ်” ဟု CDF-KKGမှ တာဝန်ရှိသူက မဇ္စျိမသို့ပြောသည်။
အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဘက်မှ ခြောက်ဦး သေဆုံးကာ ရှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ထံမှ MA 3 လေး လက်၊ ၆၀မမ သုံးလက်၊ စက်သေနက် နှစ်လက်၊ RPG လောင်ချာ နှစ်ခုနှင့် ပွိုင့် ၅ စက်သေနတ် ကျည်များကို သိမ်းဆည်းရရှိကြောင်း သိရသည်။
တိုက်ပွဲဖြစ်ပွားပြီးနောက် နံနက် ၈နာရီခန့်တွင် ခလရ (၂၆၈)မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များက လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ ဆွန်တလာရွာရှိ ဒေသခံ သုံးဦး လက်နက်ကြီးစ ထိမှန်၍ မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ပြီး၊ နံနက် ၁၁နာရီ အချိန်ခန့်တွင်လည်း ဖလမ်းမြို့နယ်၊ ရမ်ထလိုရွာအား တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသခံ ခုနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထို့အပြင် အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ရမ်ထလိုရွာတွင် လူနေအိမ် နှစ်လုံးနှင့် ရမ်ထလိုနှစ်ခြင်းဘုရားကျောင်း ပျက်စီးသွားခဲ့သည်ဟု သိရသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး
#ချင်းပြည်နယ်
#ဖလမ်းမြို့
#စစ်ကောင်စီတပ်
#လက်နက်သိုလှောင်ရုံ
#တိုက်ခိုက်မှု
ပုံအညွှန်း။ ။ ဖလမ်းမြို့ ခလရ ( ၂၆၈) တပ်ရင်းတိုက်ခိုက်မှုတွင် သိမ်းဆည်းရရှိထားသော လက်နက်များ
ဓာတ်ပုံ- The Chin Journal
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍15👏8😁3
တရုတ်တွင် အကြီးတန်း သိပ္ပံပညာရှင်များ ထူးဆန်းစွာ သေဆုံးမှုအပေါ် သံသယများ တိုးလာနေ
===============
အစိုးရများသည် အရေးယူမှုများ တင်းတင်းကျပ်ကျပ် ပြုလုပ်ရန်နှင့် နိုင်ငံခြားသားများ အထူးသဖြင့် မိတ်ဖက်မဟုတ်သော နိုင်ငံများမှ သူများကို ကန့်သတ်မှုများ ပြုလုပ်ရန် အကြောင်းရှာသည့်အနေဖြင့် ၎င်းတို့၏ ထင်ရှားသည့် နိုင်ငံသားများ ထူးဆန်းစွာ သေဆုံးမှုများအပေါ် အသုံးချအမြတ်ထုတ်ခြင်းမှာ အရိုးစွဲနေသည့် အလေ့အထ တစ်ခုဖြစ်သည်။
တရုတ်နိုင်ငံတွင်လည်း အလားတူအခြေအနေမျိုး ပေါ်ပေါက်လျက်ရှိသည်။ နာမည်ကြီး သိပ္ပံပညာရှင် ၂ ဦး ကားမတော်တဆမှုများတွင် သေဆုံးသွားခဲ့ပြီး အကြောင်းအရင်း တူနေသဖြင့် လုပ်ကြံခံရမှုဖြစ်နိုင်ကြောင်း တရုတ်အာဏာပိုင်များက ယူဆလျက်ရှိသည်။
နိုင်ငံတော်အဆင့် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်လျက်ရှိသော ပုဂ္ဂိုလ်များဖြစ်ပြီး နာမည်ကျော် သိပ္ပံပညာရှင် ၂ ဦးဖြစ်သည့် ဖန်းယန်ဟဲနှင့် ကျန်းဒါဘင်းတို့ သံသယဖြစ်ဖွယ် ထူးဆန်းစွာ သေဆုံးမှုကို စုံစမ်းစစ်ဆေးရန် တရုတ်အစိုးရက အမိန့်ပေးခဲ့သည်။ အဆိုပါ သိပ္ပံပညာရှင်များသည် တရုတ်နိုင်ငံရှိ အရေးကြီး အဆင့်မြင့်နည်းပညာ သုတေသနနှင့် ဖွံ့ဖြိုးရေး စီမံကိန်းများတွင် ပါဝင်ခဲ့ကြသည်။
ဖန်းယန်ဟဲသည် နိုင်ငံတော်ကာကွယ်ရေးနည်းပညာတက္ကသိုလ်ရှိ စနစ်ပိုင်းဆိုင်ရာ အင်ဂျင်နီယာကျောင်းမှ ပါမောက္ခဖြစ်ပြီး စက်ပစ္စည်းများကို အမြင့်ဆုံး စွမ်းဆောင်ရည်ရရှိစေရန် လေ့ကျင့်သင်ကြားမှု၊ ဉာဏ်ရည်မြင့်ဂိမ်း၊ ဉာဏ်ရည်မြင့် အစီအစဉ်ရေးဆွဲမှု၊ စစ်ပွဲသဏ္ဍာန်ဖန်တီးထားသည့်ဂိမ်းနည်းပညာ စသည့်နယ်ပယ်များတွင် အရေးပါသော အောင်မြင်မှုများ ရရှိခဲ့သည်။

👍12😁4🥰1
လက်ခတ်တောင်စခန်းသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သား၂ဦး တော်လှန်ရေးတပ်ဖွဲ့ထံ လာရောက်ပူးပေါင်း
👍21😁3

=====================
သွင်ထူးဈာန်(ကော်သူးလေ)။ ။ ကရင်ပြည်နယ်၊ မြဝတီမြို့အနီးရှိ လက်ခတ်တောင်စခန်းကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းမှ တပ်ဖွဲ့ဝင်နှစ်ဦး တော်လှန်ရေးတပ်ဖွဲ့ထံ ဩဂုတ်လ ၈ရက်တွင် လက်နက်နှင့်အတူ လာရောက်ပူးပေါင်းခဲ့ကြောင်း ကော်ဘရာစစ်ကြောင်းထံမှ သိရသည်။
တော်လှန်ရေးတပ်ဖွဲ့ထံ လာရောက်ပူးပေါင်းသူများသည် တပ်မ(၄၄)လက်အောက်ခံ ခမရ(၁၁၈)မှ အသက် ၃၆နှစ်အရွယ် ဒုတပ်ကြပ်ဇော်မျိုးခိုင် နှင့် အသက်၂၃နှစ်အရွယ် တပ်သား အောင်မျိုးဇော် တို့ဖြစ်ကြောင်း သိရသည်။
“သူတို့မလာရဲဘူးလေ မလာရဲတာကို အတင်းလာခိုင်း။ အသက်မသေချင်တော့ ဒီအတိုင်းဘဲ လာပြီးတော့ ကျနော်တို့နဲ့ ပူးပေါင်းတာပေါ့
မတော်မတရား ဖိနှိပ်တာတွေလည်းရှိမယ်ထင်တယ်။ မလာရဲတဲ့ဟာကို အာဏာနဲ့ခိုင်းပြီးတော့ “မင်းသွား မသွားရဲလို့မရဘူး”ဆိုတဲ့ဟာ အမိန့်အာဏာနဲ့ခိုင်းတော့ ဒီရဲဘော်တွေ ထွက်ပြေးတာပေါ့”ဟု ကော်ဘရာစစ်ကြောင်း၏ စစ်ကြောင်းမှူး ဗိုလ်စောကော်က ပြောသည်။
လာရောက်ပူးပေါင်းသူများတွင် ၆၀မမကွန်မန်ဒိုစိန်ပြောင်း တလက်၊ ၆၀မမ ကျည် ငါးလုံး ၊ MA2 တလက်၊ ကျည်ဘောက် ငါးခုနှင့် MA2ကျည် ၁၅၀တောင့်တို့ ပါလာကြောင်း သိရသည်။
အဆိုပါ လာရောက်ပူးပေါင်းသူများကို ကော်ဘရာစစ်ကြောင်းမှူး ဗိုလ်ဒါဘောက ထိုင်းဘတ်ငွေ ၅၀၀၀၀ ဆု ချီးမြှင့်ခဲ့ကြောင်း သိရသည်။
“သူတို့က လက်ခတ်တောင်ကို ဦးတည်ပြီးတော့ ထိုးနေတာဘဲ ထိုးလို့မရတဲ့ အနေထားမှာက ရှိသမျှလက်နက်ကြီးလက်နက်ငယ်နဲ့ အဲ့ဒီလက်ခတ်တောင်ကို ဦးတည်ပြီးတော့ပစ်တယ် ပစ်ပြီးတော့ တက်မလာရဲဘူး အခုထက်ထိပဲ”ဟု ကော်ဘရာစစ်ကြောင်း၏ စစ်ကြောင်းမှူး ဗိုလ်စောကော်က ပြောသည်။
လက်ခတ်တောင်စခန်းကုန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဖြစ်သည့် ကော်ဘရာစစ်ကြောင်းနှင့် ကျားသစ်နက်စစ်ကြောင်းတို့က ဇူလိုင်လ၂၁ရက်တွင် တိုက်ခိုက်သိမ်းယူနိုင်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ လက်လွှတ်လိုက်ရသည့် လက်ခတ်တောင်စခန်းကုန်းကို ပြည်လည်ရယူရန်အတွက် စစ်ကောင်စီ၏ တပ်မ(၄၄)လက်အောက်ခံ တပ်ရင်းများက ဇူလိုင်၂၄ရက်နေ့မှ စတင်ကာ စစ်ကြောင်းထိုးနေသော်လည်း ထိခိုက်ကျဆုံးမှု များနေကြောင်း သိရသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး
#ကရင်ပြည်နယ်
#မြဝတီမြို့
#စစ်ကောင်စီတပ်
#အလင်းဝင်
ပုံအညွှန်း-အလင်းဝင်လာသည့် စစ်ကောင်စီတပ်သား နှစ်ဦး။(ဓာတ်ပုံ-ကော်ဘရာစစ်ကြောင်း)

👍23😁2
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ် သြဂုတ်လ ၁၂ ရက်ထုတ်လွှင့်မှုများ
==================
https://youtu.be/rBWS9rCHzKE
#PVTV
#MizzimaTV

YouTube
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ် သြဂုတ်လ ၁၂ ရက်ထုတ်လွှင့်မှုများ
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ် သြဂုတ်လ ၁၂ ရက်ထုတ်လွှင့်မှုများ
#PVTV
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို…

👍12🔥2😁1
Kim Ji-young: Born 1982(2019)
==============
“တစ်စုံတစ်ယောက်ရဲ့ ဇနီးတစ်စုံတစ်ယောက်ရဲ့မိခင်တစ်ခါတလေတော့လည်း ဒီလိုဖြစ်တည်မှုကိုသဘောကျပေမဲ့တစ်ခါတလေတော့လည်း ထောင်ချောက်မိနေသလိုခံစားရတယ်တစ်နေရာရာမှာများ ထွက်ပေါက်ရှိမလားလို့ လိုက်ရှာပေမဲ့ရှာလို့မတွေ့ဘူးလေကြာတော့ နဂိုတည်းက ထွက်ပေါက်မရှိခဲ့တာလားလို့တွေးမိပြီးဒေါသထွက်မိပါတယ်”
ကျွန်တော်တို့ပတ်ဝန်းကျင်မှာ လုပ်ငန်းခွင်မှာ သူငယ်ချင်းကြားမှာမိသားစုဝင်ကြားမှာ ကျား/မခွဲခြားဆက်ဆံခံရမှုတွေ ရှိနေဆဲပါပဲအမျိုးသမီးဆိုတဲ့ဖြစ်တည်မှုဟာ အိိမ်ထောင်မှုထိန်းသိမ်းဖို့ကလေးမွေးဖို့ ကလေးထိန်းဖို့အတွက်လို့ သတ်မှတ်ထားကြတဲ့
လူ့အဖွဲ့အစည်းတစ်ရပ်ကလည်း ယခုချိန်ထိရှိနေတုန်းပါဒီဇာတ်ကားဟာ ၁၉၈၂ ခုနှစ်မှာမွေးဖွားခဲ့တဲ့ဂင်ဂျီယောင်းဆိုတဲ့ အမျိုးသမီးအကြောင်းရိုက်ကူးထားတာပါပညာသင်ရမယ့်အရွယ်မှာ ပညာသင်ခဲ့ပြီးအလုပ်လုပ်ရမယ့်အချိန်မှာ အလုပ်လုပ်ရင်းအိမ်ထောင်ပြုချိန်မှာ အိမ်ထောင်ပြုကလေးယူချိန်မှာ ကလေးယူခဲ့တဲ့ သာမန်အမျိုးသမီးတစ်ဦးပါပဲသို့ပေမဲ့ အမျိုးသမီးဆိုတဲ့ဖြစ်တည်မှုကို ကလေးမွေးဖို့လောက်ပဲသတ်မှတ်ထားကြတဲ့ လူ့အဖွဲ့အစည်းမှာ နေရတာကြောင့်ဂင်ဂျီယောင်းရဲ့ ကမ္ဘာဟာ တဖြည်းဖြည်းနဲ့ကျဉ်းမြောင်းလာခဲ့ပါတော့တယ်ဒီရုပ်ရှင်ဟာ ကျွန်တော်ပြောခဲ့သလိုပဲ ဂင်ဂျီယောင်းဆိုတဲ့သာမန်အမျိုးသမီးအကြောင်း ရိုက်ကူးထားတဲ့ Drama ဇာတ်ကားပါ
သို့ပေမဲ့ ဆုပေါင်း ၁၂ ဆုတိတိရရှိထားပြီးတော့ Rating ကောင်းကောင်းရထားတဲ့ ဇာတ်ကားပဲဖြစ်ပါတယ်
ဒါကြောင့် စောင့်မျှော်ကြည့်ရှုပေးကြပါဦးခင်ဗျာ....
ဒီဇာတ်ကားလေးကို Mizzima + Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။
Mizzima+ Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့ Mizzima TV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင်
App ဒေါင်းလော့လုပ်ရန် - http://onelink.to/jnuwak
#New ပြသမည့်ရက်။ ။ ၁၃.၈.၂၀၂၃
ပြသမည့် အချိန် ။ ။ မနက် (၁၀:၀၀)နာရီ
ပြန်လည်ပြသမည့်အချိန်။ ။ ည (၁၀:၃၀) နာရီ
(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U”

👍6❤2😁2
အာရပ်ကလပ်ချန်ပီယံဖလားဗိုလ်လုပွဲ ပွဲပြီးရလဒ်
=================
အယ်လ်-ဟီလာ ၁-၂ အယ်လ်-နာဆာ
မစ်ချယ်လ် ၅၁' | ရော်နယ်လ်ဒို ၇၄'၊ ၉၈'
နှစ်ဖက်အသင်းဟာ ပုံမှန်ပွဲချိန် ၉၀ မိနစ်မှာ ၁-၁ ဂိုးစီသရေကျပြီး အချိန်ပိုမှာ အယ်လ်-နာဆာက ၂-၁ ဂိုးဖြင့် အနိုင်ရသွားတာဖြစ်ပါတယ်။ အယ်လ်-နာဆာအသင်းဟာ အသင်းသမိုင်းတစ်လျှောက် အာရပ်ကလပ်ချန်ပီယံဖလားဆုကို ပထမဆုံးအကြိမ်ရယူနိုင်ခဲ့တာပါ။
အခုပြိုင်ပွဲရဲ့ ဂိုးသွင်းအများဆုံးကစားသမားဆုကို အယ်လ်-နာဆာတိုက်စစ်မှူး ရော်နယ်လ်ဒိုက ၆ ဂိုးနဲ့ ရရှိပါတယ်။
Photos: AlNassr FC
#ArabClubChampionsCup
#AlNassr
#AlHilal
#Mizzima

👍5
သြဂုတ်လ( ၁၃ )ရက်၊ တနင်္ဂနွေနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
===================
ဒီကနေ့ မနက် နားဆင်ရမယ့် အစီစဉ်တွေကတော့ ...
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသားပိုင် ဝမ်ပေါင်ကုမ္ပဏီက စစ်ကောင်စီတပ်နဲ့ပူးပေါင်းပြီး စစ်ရာဇဝတ်မှုတွေကို အားပေးအားမြှောက်လုပ်နေတာကြောင့် ပူးပေါင်းလုပ်ဆောင်နေတာတွေရပ်တန့်ဖို့ ဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကသတိပေးစာ ထုတ်လိုက်တဲ့သတင်းနဲ့အတူ ကာကွယ်ရေးတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားတဲ့ ဘုတလင်မြို့နယ် မီးသတ်ဦးစီးမှူးနဲ့ ၀န်ထမ်းတွေကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေအရ အရေးယူသွားမယ်လို့ ဘုတလင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Btl-PDF က ပြောဆိုလိုက်တဲ့သတင်း အပါအဝင် တခြား စိတ်ဝင်စားဖွယ် ပြည်တွင်းသတင်းတွေနဲ့ နောက်ဆုံးရ နိုင်ငံတကာသတင်းတွေကို နားဆင်ကြရမှာပါ။
သတင်းတွေအပြီးမှာတော့ အပတ်စဉ်တင်ဆက်ပေးနေတဲ့ သံစဉ့်အိမ်အစီအစဉ်ကို နားဆင်ရမှာ ဖြစ်ပါတယ်။
https://youtu.be/arKDsDLC6V8
#Morningradio
#mizzimaradio
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသားပိုင် ဝမ်ပေါင်ကုမ္ပဏီက စစ်ကောင်စီတပ်နဲ့ပူးပေါင်းပြီး စစ်ရာဇဝတ်မှုတွေကို အားပေးအားမြှောက်လုပ်နေတာကြောင့် ပူး…

👍9😁2