ဥရောပထိပ်တန်းလိဂ်ပွဲစဉ်များရဲ့ စနေနေ့နဲ့ တနင်္ဂနွေနေ့ အစောပိုင်းရလဒ်များ
====================
ပရီးမီးယားလိဂ်ပွဲစဉ်(၁)
ဘန်လေ ဝ-၃ မန်စီးတီး
အာဆင်နယ် ၂-၁ နော်တင်ဟမ်
ဘုန်းမောက် ၁-၁ ဝက်စ်ဟမ်း
ရှက်ဖီးယူနိုက်တက် ဝ-၁ ပဲလေ့စ်
ဘရိုက်တန် ၄-၁ လူတန်
အဲဗာတန် ဝ-၁ ဖူလ်ဟမ်
နယူးကာဆယ် ၅-၁ အက်စတွန်ဗီလာ
လာလီဂါပွဲစဉ်(၁)
အယ်မယ်ရီယာ ဝ-၂ ဗယ်လက်ကာနို
ဆီဗာလာ ၁-၂ ဗလင်စီယာ
ဆိုစီဒက် ၁-၁ ဟီရိုနာ
လက်စ်ပါမားစ် ၁-၁ ဗယ်လက်ကာနို
ဘီလ်ဘာအို ဝ-၂ ရီးယဲလ်မက်ဒရစ်
လီဂူ-၁ (၁)
နိုက်စ် ၁-၁လိုင်လီ
မာဆေးလ် ၂-၁ Reims
ပီအက်စ်ဂျီ ဝ-၀ လော်ရီယန့်
Photos: EPL/Real Madrid/PSG/Twitter
#Mizzima
====================
ပရီးမီးယားလိဂ်ပွဲစဉ်(၁)
ဘန်လေ ဝ-၃ မန်စီးတီး
အာဆင်နယ် ၂-၁ နော်တင်ဟမ်
ဘုန်းမောက် ၁-၁ ဝက်စ်ဟမ်း
ရှက်ဖီးယူနိုက်တက် ဝ-၁ ပဲလေ့စ်
ဘရိုက်တန် ၄-၁ လူတန်
အဲဗာတန် ဝ-၁ ဖူလ်ဟမ်
နယူးကာဆယ် ၅-၁ အက်စတွန်ဗီလာ
လာလီဂါပွဲစဉ်(၁)
အယ်မယ်ရီယာ ဝ-၂ ဗယ်လက်ကာနို
ဆီဗာလာ ၁-၂ ဗလင်စီယာ
ဆိုစီဒက် ၁-၁ ဟီရိုနာ
လက်စ်ပါမားစ် ၁-၁ ဗယ်လက်ကာနို
ဘီလ်ဘာအို ဝ-၂ ရီးယဲလ်မက်ဒရစ်
လီဂူ-၁ (၁)
နိုက်စ် ၁-၁လိုင်လီ
မာဆေးလ် ၂-၁ Reims
ပီအက်စ်ဂျီ ဝ-၀ လော်ရီယန့်
Photos: EPL/Real Madrid/PSG/Twitter
#Mizzima
👍15😁1
ဩဂုတ် ၁၃ ရက်နေ့ ရုပ်သံသတင်းအစီအစဉ်
==================
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဩဂုတ် ၁၃ ရက်နေ့မှာ ရန်ကုန်ခေတ်သစ်သတင်းဌာရဲ့ This Week ရုပ်သံအစီအစဉ်ကို ထုတ်လွှင့် သွားမှာဖြစ်ပါတယ်။ဒီအစီအစဉ်မှာ တစ်ပတ်အတွင်း မြန်မာနိုင်ငံမှာ ဖြစ်ပေါ်ခဲ့တဲ့ သတင်းတွေထဲကမှ ထူးခြားတဲ့ သတင်းတွေကို ရွေးချယ်ကောက်နုတ်သုံးသပ် တင်ဆက်ပေး ထားတာလည်း ဖြစ်ပါတယ်။
https://youtu.be/0Pmqt5qT9xs
#ရန်ကုန်ခေတ်သစ်
#thisweek
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

YouTube
ဩဂုတ် ၁၃ ရက်နေ့ ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဩဂုတ် ၁၃ ရက်နေ့မှာ ရန်ကုန်ခေတ်သစ်သတင်းဌာရဲ့ This Week ရုပ်သံအစီအစဉ်ကို ထုတ်လွှင့် သွားမှာဖြစ်ပါတယ်။ဒီအစီအစဉ်မှာ တစ်ပတ်အတွင်း မြန်မာနိုင်ငံမှာ ဖြစ်ပေါ်ခဲ့တဲ့ သတင်းတွေထဲကမှ ထူးခြားတဲ့ သတင်းတွေကို ရွေးချယ်ကောက်နုတ်သုံးသပ် တင်ဆက်ပေး…

👍13😁1🍌1
13.8.2023 (Sunday) တွင် ထုတ်လွှင့်တင်ဆက်ပြသမည့် အစီအစဉ်
====================
Highlight
ကျန်းမာသုတ လူမှုဘဝ( ညနေ- ၆ နာရီ)
နှောင်ကြိုးဖွဲ့ ကလဲ့စား (ညနေ - ၇ နာရီ)
Korea Movie - Raaghu (ည - ၁၀ နာရီခွဲ)
Mizzima+ channel တွင် ပြသနေ့သည့် အချိန်မှာပဲ Mizzima App တွင်လည်း Live Stream တိုက်ရိုက်ကြည့်ရှုနိုင်ပါသည်။
#mizzimatv
#dailyschedule

👍6🔥3
South Asia Today အစီအစဉ်
======================
ဒီတပတ် South Asia Today အစီအစဉ်မှာတင်ဆက်မဲ့အကြောင်းအရာတွေကတော့
-နီပေါအနုပညာရှင်များမှ ၈ရာစုနှစ် ဗုဒ္ဓဘာသာသုတ္တန်ကျမ်းများကို ရွှေဖြင့်ပြန်လည်ဆေးခြယ်
-ကက်ရှမီးယားရဲ့ သမိုင်းဝင်ဂန်တဂါအဆောက်အအုံကို၇၇ နှစ်မြောက် လွတ်လပ်ရေးနေ့မတိုင်မီပြန်လည်ပြင်ဆင်
-ပါကစ္စတန် ထိန်းချုပ်နယ်မြေကက်ရှမီးယားတွင်ညံ့ဖျင်းသော အခြေခံစနစ်များကိုဆန္ဒပြုမှုများဖြစ်ပေါ်
-အာဂျင်တီးနားဒေသခံများဟာ မိမိတို့ရဲ့ ပိုင်နက်ထဲမှာလီသီယံမိုင်းတူးခြင်းကို ဆန္ဒပြဖို့ဘွယ်နိုစ်အိုင်းရပ်စ်သို့ ရောက်ရှိ
အာရှတစ်ခွင်က ထူးခြားတဲ့အကြောင်းအရာများကို သိရှိနိုင်မဲ့Asia Watch ကဏ္ဍတွေကို တင်ဆက်သွားမှာပါ။
https://youtu.be/qp4qpA_3rVA
#southasiatoday
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
======================
ဒီတပတ် South Asia Today အစီအစဉ်မှာတင်ဆက်မဲ့အကြောင်းအရာတွေကတော့
-နီပေါအနုပညာရှင်များမှ ၈ရာစုနှစ် ဗုဒ္ဓဘာသာသုတ္တန်ကျမ်းများကို ရွှေဖြင့်ပြန်လည်ဆေးခြယ်
-ကက်ရှမီးယားရဲ့ သမိုင်းဝင်ဂန်တဂါအဆောက်အအုံကို၇၇ နှစ်မြောက် လွတ်လပ်ရေးနေ့မတိုင်မီပြန်လည်ပြင်ဆင်
-ပါကစ္စတန် ထိန်းချုပ်နယ်မြေကက်ရှမီးယားတွင်ညံ့ဖျင်းသော အခြေခံစနစ်များကိုဆန္ဒပြုမှုများဖြစ်ပေါ်
-အာဂျင်တီးနားဒေသခံများဟာ မိမိတို့ရဲ့ ပိုင်နက်ထဲမှာလီသီယံမိုင်းတူးခြင်းကို ဆန္ဒပြဖို့ဘွယ်နိုစ်အိုင်းရပ်စ်သို့ ရောက်ရှိ
အာရှတစ်ခွင်က ထူးခြားတဲ့အကြောင်းအရာများကို သိရှိနိုင်မဲ့Asia Watch ကဏ္ဍတွေကို တင်ဆက်သွားမှာပါ။
https://youtu.be/qp4qpA_3rVA
#southasiatoday
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
ဒီတပတ် South Asia Today အစီအစဉ်မှာတင်ဆက်မဲ့အကြောင်းအရာတွေကတော့
-နီပေါအနုပညာရှင်များမှ ၈ရာစုနှစ် ဗုဒ္ဓဘာသာသုတ္တန်ကျမ်းများကို ရွှေဖြင့်ပြန်လည်ဆေးခြယ်
-ကက်ရှမီးယားရဲ့ သမိုင်းဝင်ဂန်တဂါအဆောက်အအုံကို၇၇ နှစ်မြောက် လွတ်လပ်ရေးနေ့မတိုင်မီပြန်လည်ပြင်ဆင်
-ပါကစ္စတန် ထိန်းချုပ်နယ်မြေကက်ရှမီးယားတွင်ညံ့ဖျင်းသော အခြေခံစနစ်များကိ…

👍12🤮1
Raaghu (2023)
===========
Raaghu ဆိုတဲ့ ဒီဇာတ်ကားလေးကတော့ ထူးခြားတဲ့ ဇာတ်ကားတစ်ခုပါ။ ဘာလို့လဲဆိုရင် ဒီဇာတ်ကားတစ်ကားလုံးမှာ သရုပ်ဆောင်မင်းသား Vijay Raghavendra တစ်ယောက်တည်းသာ ပါဝင်ပြီး ကျန်တဲ့ သရုပ်ဆောင်တွေကတော့အသံနဲ့ပဲ ပါဝင်သရုပ်ဆောင်ထားတာပါ။
ဒီကားထဲမှာ ရာဂူးက ဆေးကုမ္ပဏီတစ်ခုက ဆေးဝါးတွေကို မှာယူသူအိမ်အရောက် လိုက်လံ ပို့ဆောင်ပေးရတဲ့ delivery man တစ်ဦးပါ။ နိုင်ငံထဲမှာ ကိုဗစ်ရောဂါကြောင့် lockdown အမိန့်မချခင်တနေ့မှာတော့ ရာဂူးဟာ သူ့ချစ်သူ ဂျန်နီနဲ့တွေ့ဖို့ ချိန်းထားခဲ့ပါတယ်။
ချိန်းထားတဲ့အချိန်ကျော်သွားပေမဲ့ ဂျန်နီရောက်မလာခဲ့ပဲ ရာဂူးဟာလည်း ချိန်းထားတဲ့ ဘားမှာမေ့လဲသွားပြီး သတိရတော့ အိမ်ပြန်ရောက်နေခဲ့တယ်။
ဂျန်နီရဲ့ဖုန်းကိုဆက်ကြည့်တော့ ဂျန်နီမဟုတ်တဲ့ သူစိမ်းတစ်ယောက်က ဖုန်းကိုင်ပြီး သူ့ရဲ့တရားမဝင်အလုပ်တွေကို လုပ်ပေးဖို့ ရာဂူးကို ခြိမ်းခြောက်ပါတော့တယ်။ ဂျန်နီ့ကို ဖမ်းထားတဲ့ သူစိမ်းရဲ့ သရုပ်မှန်က ဘာလဲ။
ရာဂူးမှာရော ဘယ်လို လျို့ဝှက်ချက်တွေ ရှိနေလဲ။ ဂျန်နီ့ကို ပြန်တွေ့ရဖို့ ဘယ်လို စွန့်စားခန်းတွေ လုပ်ရမလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရမဲ့ သည်းထိတ်ရင်ဖို ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။
Mizzima+ Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင်
App ဒေါင်းလော့လုပ်ရန် - http://onelink.to/jnuwak
#New ပြသမည့်ရက်။ ။ 13.8.2023
ပြသမည့် အချိန် ။ ။ ည (၈:၀၀)နာရီ
ပြန်လည်ပြသမည့်ရက်။ ။ 14.8.2023
အချိန်။ ။ နေ့လည် (၂:၀၀) နာရီ
(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U"

👍6🔥2
ချင်းတွင်းမြစ်ကြောင်း ရွှေကုန်းထိပ်အနီးတွင် စစ်ကောင်စီတပ်ဖွဲ့အမြန်ရေယာဉ် တိုက်ခိုက်ခံရ
=========================
လွှမ်းမိုး
(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း ၊ ဆားလင်းကြီးမြို့နယ်၊ ရွှေကုန်းထိပ်ကျေးရွာအနီးတွင် စစ်ကောင်စီတပ်ဖွဲ့ လိုက်ပါလာသည့် အမြန်ရေယာဉ်ကို ကာကွယ်ရေးတပ်ဖွဲ့များက ဩဂုတ်လ ၁၂ ရက် နံနက် ၁၀ နာရီခွဲ အချိန်တွင် တိုက်ခိုက်လိုက်ကြောင်း Hero Fighter တပ်ဖွဲ့ထံမှ သိရသည်။
“စစ်ကောင်စီတပ် အမြန်ယာဉ်ကို ရှေ့ထွက်ပြောင်းတိုက်တွေနဲ့ ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ အမြန်ယာဉ်က သံခွံမဟုတ်ဘဲ သစ်သားနဲ့ လုပ်ထားတာကြောင့် အထိအခိုက် တော်တော်လေးများနိုင်ပါတယ်” ဟု Hero Fighter တပ်ဖွဲ့မှ ဗိုလ်သူရိန်က မဇ္ဈိမကို ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ အင်အား ၂၀ ခန့်သည် ယင်းအမြန်ယာဉ်ဖြင့် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)မှ ဆားလင်းကြီးမြို့ပေါ်သို့ စစ်လက်နက်ပစ္စည်းများထောက်ပို့ရန် ထွက်လာခြင်းဖြစ်ကြောင်း Hero Fighter တပ်ဖွဲ့ထံမှ သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို Hero Fighter(Salingyi)၊ Chindwin Dynamite (Salingyi) ၊ တောင်ပံနီ ပြောက်ကျားတပ်ဖွဲ့ နှင့် ဒေသတွင်းမဟာမိတ်များက ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဒေသကာကွယ်ရေး တပ်ဖွဲ့များဘက်မှ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
ဩဂုတ်လ ၅ ရက်နေ့ကလည်း ဖလက်ခွံ သုံးစီး၊ သင်္ဘောနှစ်စီးဖြင့် လိုက်ပါလာသည့် စစ်ကောင်စီတပ်ဖွဲ့ကို နတ်ကျွန်း၊ နတ်ဆက်အနီးတွင် ရှေ့ထွက်ပြောင်းတိုက်များဖြင့် တိုက်ခိုက်ခဲ့ကြောင်း Hero Fighter တပ်ဖွဲ့ ထံမှ သိရသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ
#စစ်ကိုင်းတိုင်း
#ဆားလင်းကြီးမြို့နယ်
#ရေယာဉ်
#တိုက်ခိုက်မှု
ပုံအညွှန်း-ရေယာဉ်ကိုပစ်ခတ်တိုက်ခိုက်သည့် ကာကွယ်ရေးတပ်ဖွဲ့ဝင်များ။(ဓာတ်ပုံ-Hero fighter-Salingyi)
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍16😁3❤2
မတ္တရာတွင် လူမှုရေးအသင်းဥက္ကဋ္ဌ ပစ်သတ်ခံရ
=================
007
(မဇ္စျိမ)။ ။မန္တလေးတိုင်း မတ္တရာမြို့နယ် ၊ လမိုင်းကျေးရွာအုပ်စု ၊ ကျောက်တံတားကျေးရွာတွင် ယမန်နေ့ သြဂုတ် ၁၂ ရက် နံနက်ပိုင်း ၇ နာရီ ဝန်းကျင်က လူမှုကူညီရေးအသင်း ဥက္ကဋ္ဌဖြစ်သူ သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရကြောင်း သိရသည်။
သေဆုံးသူမှာ ကျောက်တံတားကျေးရွာ၊ ရွှေတံတား လူမှုကူညီရေးအသင်း ဥက္ကဋ္ဌဦးမြင့် (အသက် ၆၆ နှစ်) ဆိုသူဖြစ်ပြီး ၎င်းတစ်ဦးတည်း အသင်းရုံးရှေ့ထိုင်နေစဉ် ဆိုင်ကယ်နှစ်စီးဖြင့်ရောက်လာသော သေနတ်သမားလေးဦးက ပစ်ခတ် ထွက်ပြေးသွားခြင်းဖြစ်ကြောင်း မတ္တရာမြို့နယ်ရဲတပ်ဖွဲ့နှင့်နီးစပ်သည့်အသိုက်အ၀န်းထံက သိရသည်။
“ ကျေးရွာလူမှုကူညီရေးအသင်းဥက္ကဋ္ဌပါ။ ဘာကြောင့်သတ်သွားတယ်။ ဘယ်သူကသတ်သွားတယ်ဆိုတာတော့ မပြောတတ်ဘူး” ဟု မတ္တရာမြို့ခံတစ်ဦးက ပြောသည်။
ပစ်ခတ်ခံရမှုကြောင့် ဦးမြင့်တွင် ဦးခေါင်းထိပ်ကျည်ဖောက်၀င်ဒဏ်ရာ တချက်၊ ယာချိုစောင်းကျည်ဖောက်၀င် တချက်၊ နောက်စေ့ကျည် ဖောက်၀င်ဒဏ်ရာ နှစ်ချက်၊ ဝဲဘက်လည်ပင်းကျည်ဖောက်၀င်ဒဏ်ရာ တချက်၊ ယာဘက်လည်ပင်းကျည်ဖောက်၀င်ဒဏ်ရာ တချက် စုစုပေါင်း ဒဏ်ရာ ခြောက်ချက်ဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးသွားခြင်းဖြစ်သည်။
“ လက်ဖက်ရည်သောက်ရင်း ရုံးရှေ့မှာထိုင်နေတုန်း ဆိုင်ကယ်နှစ်စီးနဲ့ လူလေးယောက်ရောက်လာပြီး ပစ်သတ်သွားတာ။ ခေါင်းနဲ့ လည်ပင်းမှာ ဒဏ်ရာခြောက်ချက်နဲ့သေတယ်” ဟု နီးစပ်သူတစ်ဦးကပြောသည်။
မည်သည့်အဖွဲ့အစည်းက ပစ်သတ်သွားကြောင်းမသိရသော်လည်း PDF လက်ချက်ဖြစ်ကြောင်း စစ်ကောင်စီတပ်ထောက်ခံသည့် သတင်းများက ဖော်ပြကြသည်။ လက်ရှိတွင် မတ္တရာမြို့နယ်ရဲတပ်ဖွဲ့က အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။
မတ္တရာမြို့နယ်တွင် ပြီးခဲ့သည့် သြဂုတ်လ ၉ ရက်ကလည်း မော်နီကုန်းကျေးရွာရှိ ဘုန်းကြီးကျောင်းကို အမည်မသိလူတစ်စုက ဓားပြ၀င်တိုက်ပြီး ကျောင်းထိုင်ဘုန်းကြီးကို သတ်ဖြတ်သွားခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သေးသည်။
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#မတ္တရာမြို့နယ်
#လူမူကူညီရေးအသင်း
ပုံအညွှန်း- မတ္တရာမြို့အဝင်ဆိုင်းဘုတ်အားတွေ့ရစဥ်

🤬9👍4❤2
ယင်းမာပင်မြို့နယ် စည်သူ-သံဘို သစ်ကွင်းအနီးတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၅ ဦးခန့်သေဆုံး
===================
လွှမ်းမိုး
(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း ၊ ယင်းမာပင်မြို့နယ်မြောက်ခြမ်းရှိ စည်သူ- သံဘို သစ်ကွင်းအနီးတွင် စစ်ကောင်စီတပ် နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့ တို့ ဩဂုတ်လ ၆ ရက် နံနက် ၇ နာရီကစတင်ဖြစ်ပွားသည့် တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၅ ဦးခန့် သေဆုံးခဲ့ကြောင်း ULFတာဝန်ရှိသူထံက သိရသည်။
အဆိုပါ တိုက်ပွဲတွင် ဒေသကာကွယ်ရေး တပ်ဖွဲ့များဘက်မှ ရဲဘော်နှစ်ဦးကျဆုံးပြီး တဦးပျောက်ဆုံးကာ ၁၀ ဦးခန့် ပြင်းထန်ဒဏ်ရာရခဲ့ကြောင်း ပြည်ထောင်စုလွတ်မြောက်ရေး တပ်ပေါင်းစု (ULF) ပြန်ကြားရေးတာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။
“ တိုက်ပွဲက နံနက် ၇ နာရီလောက်ကနေ ညနေ ၅ နာရီလောက်ထိ ပြင်းပြင်းထန်ထန်ကို ဖြစ်ခဲ့တာပါ။ ရန်သူနဲ့ မီတာ ၁၀၀ အတွင်းမှာ ထိပ်တိုက် ပစ်ခတ်ခဲ့ရတာ ဖြစ်တဲ့အတွက် နှစ်ဖက်အထိအခိုက် အသေဆုံး များခဲ့တာ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။
အင်အား ၃၀၀ ခန့်ဖြင့် ကုန်းကြောင်း နှင့် ရေကြာင်းမှ ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေး တပ်ဖွဲ့များက ခုခံတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ တိုက်ပွဲကာလအတွင်း
စစ်ကောင်စီတပ်က အင်အား ထပ်မံ ဖြည့်တင်းပြီး လက်နက်ကြီး ပစ်ကူများ အဆက်မပြတ် ပြုလုပ်ခဲ့ကြောင်း ULF သတင်းနှင့်ပြန်ကြားရေးက ပြောသည်။
“ တိုက်ပွဲဖြစ်ပွားရာ နေရာကို အင်အား ၃၀ ခန့်ပါတဲ့ စစ်ကြောင်း တကြောင်း ထပ်ပြီး အင်အားဖြည့်ခဲ့တယ်။ ကျောက်ဆစ်ပုံ အမြောက်တပ်ကနေ ထောက်လှမ်းရေး ဒရုန်းတွေ အသုံးပြု ထောက်လှမ်းပြီး ဟောင်ဝစ်ဇာ၊ 120မမ တွေနဲ့ ဆက်တိုက်ပစ်ကူ ပေးတာတွေ လုပ်ခဲ့တယ်” ဟု ULF သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူက ဆိုသည်။
ယင်းတိုက်ပွဲကို ပြည်ထောင်စုလွတ်မြောက်ရေး တပ်ပေါင်းစု (ULF)မှ KLG စစ်ကြောင်း ၊ Comrade စစ်ကြောင်း နှင့် Alpha စစ်ကြောင်း တို့ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရပါသည်။
“ သေဆုံးစစ်သား နှင့် ဒဏ်ရာ ရတဲ့သူတွေ ကို လူနာတင်ယာဉ် သုံးစီး နဲ့ အရေးပေါ် ခေါ်သွားကြတာ သိရတယ်။ ကျနော်တို့ဘက်က ရဲဘော် နှစ်ဦးကျပြီး ထိခိုက်ဒဏ်ရာ ရရှိသူတွေထဲမှာ ကျည်ဖောက်သွားတဲ့သူတွေ ၊ ခြေထောက်ဖြတ်ဖို့အထိ ဒဏ်ရာရသူတွေ ရှိပါတယ်။ အရေးပေါ် လူနာအတွက် ပတ်တီး မလုံလောက်လို့ အမျိုးသမီး လစဉ်သုံးတဲ့ ကပ်ခွာတွေကို အသုံးပြုခဲ့ရတယ်” ဟု ၎င်းက ဆိုသည်။
အဆိုပါ သစ်ကွင်းမှ ပြည်သူပိုင်သစ်များက စစ်ကောင်စီတပ်က အင်အားသုံးကာခိုးထုတ်နေခြင်း ဖြစ်ကြောင်း ULF သတင်းနှင့်ပြန်ကြားရေးက ရှင်းပြသည်။ ထိုကဲ့သို့ စစ်ကောင်စီတပ်က သစ်များသယ်ယူနေခြင်းကြောင့် သစ်ကွင်းများနှင့် နီးစပ်သည့် ကျောက်မှော် ၊ ပန်းတိမ်ပြင် ၊ စည်သူ ၊ သံဘို နှင့် စုန်းချောင်း ကျေးရွာများမှ ဒေသခံ ၈,၀၀၀ ကျော် စစ်ရှောင်နေရကြောင်း သိရပါသည်။
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#စည်သူ-သံဘို သစ်ကွင်း
#ယင်းမာပင်မြို့နယ်မြောက်ခြမ်း.

👍18❤4😁3
အမေရိကန်သို့သွားမည့် တရုတ်ရှေ့နေတစ်ဦး ထိုင်းနယ်စပ်တွင် ဖမ်းဆီးထိန်းသိမ်းခံရ
======================
တရုတ်လူ့အခွင့်အရေးရှေ့နေ လူဆီဝေသည် အမေရိကန်နိုင်ငံသို့ သွားရောက်ရာခရီးစဉ်အတွင်း လာအိုနိုင်ငံရှိ ထိုင်းနယ်စပ်တွင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီးနောက် ၎င်းအား တရုတ်နိုင်ငံသို့ ပြန်လည်ပို့ဆောင်ခြင်းနှင့် ထောင်ကျရန် သေချာသလောက်ရှိသည့် အခြေအနေများမှ တားဆီးရန် ကြိုးပမ်းမှုများ တိုးမြှင့် လုပ်ဆောင်လျက်ရှိကြောင်း Washington Post သတင်းတွင် ဩဂုတ် ၅ ရက်က ဖော်ပြထားသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
======================
တရုတ်လူ့အခွင့်အရေးရှေ့နေ လူဆီဝေသည် အမေရိကန်နိုင်ငံသို့ သွားရောက်ရာခရီးစဉ်အတွင်း လာအိုနိုင်ငံရှိ ထိုင်းနယ်စပ်တွင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီးနောက် ၎င်းအား တရုတ်နိုင်ငံသို့ ပြန်လည်ပို့ဆောင်ခြင်းနှင့် ထောင်ကျရန် သေချာသလောက်ရှိသည့် အခြေအနေများမှ တားဆီးရန် ကြိုးပမ်းမှုများ တိုးမြှင့် လုပ်ဆောင်လျက်ရှိကြောင်း Washington Post သတင်းတွင် ဩဂုတ် ၅ ရက်က ဖော်ပြထားသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7🔥4🤔1
ဖားကန့်မှာ ကေအိုင်အေနဲ့ SNA တို့စစ်ရေးတင်းမာ
================
ကချင်လေး
(မဇ္ဈိမ)။ ။ ကချင်ပြည်နယ် ၊ဖားကန့်မြို့နယ်ရှိ စစ်ကောင်စီ လက်အောက်ခံ ရှမ်းနီအမျိုးသားတပ်မတော် (SNA )၏ တပ်စခန်းနှစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် SNA နဲ့ KIA တို့ကြား စစ်ရေးပြန်လည်တင်းမာနေကြောင်း သိရသည်။
KIA နှင့် SNA တို့ သည် စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်အတွင်း သြဂုတ်လ ၁၁ ရက်နှင့် ၁၂ ရက်က တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ပြီး ဟုမ္မလင်းမြို့နယ်နှင့် ဥရုချောင်းသာခြားထားသည့် ဆယ်ဇင်းကျေးရွာတွင် အထိုင်ချထားသည့် စစ်ကောင်စီ ခလရ (၁၁၆)က တိုက်ပွဲဖြစ်ပွားသည့် နေရာများသို့ လက်နက်ကြီးဖြင့် ပစ်ကူနေသည်။
“တိုက်ပွဲက ပြောမယ်ဆိုရင် စစ်ကိုင်းတိုင်းထဲမှာ ဖြစ်တယ်လို့ ပြောရမယ်။ ဆယ်ဇင်းကြိုးတံတားရဲ့ ဟိုဘက်မှာဖြစ်နေတာလေ။ နန့်ကသာအတွင်းဘက် ကျတယ်။ အခုတော့ ခဏငြိမ်နေကြတယ်။" ဟု ဆယ်ဇင်းဒေသခံ သတင်းရင်းမြစ်က ပြောသည်။
တိုက်ပွဲအခြေအနေကို ပိုမိုသိရှိနိုင်ရန် SNA တပ်၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းအောင်မိန်းထံ မဇ္ဓျိမက ဖုန်းဖြင့်ဆက်သွယ်နေခဲ့သော်လည်း ဖုန်းပိတ်ထား၍ အဆက်အသွယ်မရရှိသေးပါ။
"ပန်ရှီးဘက်မှာရှိတဲ့ SNA တပ်တွေ က KIA တပ်ရင်း (၂၆) တပ်ဖွဲ့တွေ လှုပ်ရှားနေတဲ့ နေရာဘက်ကို ချဉ်းကပ်လာကြလို့ တိုက်ပွဲဖြစ်ကြတာပါ။ တပ်ရင်း (၂၆ ) အဖွဲ့က ဒီဘက်မှာ တိုက်ပွဲလုပ်ရင် SNA ဘက်က လှုပ်ရှားလာတက်လို့ KIA ဘက်က အသင့်အနေအထားနဲ့ စောင့်ကြိုတိုက်ခိုက်တဲ့ သဘောပါ။ ဒီမှာတော့ နှစ်ဖက်ထိခိုက်မှုကျဆုံးတာရှိပါတယ်။ SNA ဘက်က တော့ ထိခိုက်ကျဆုံးတာများတယ်လို့ပြောနေကြတာပဲ။ ဘယ်နှစ်ယောက် ဆိုတာကိုတော့ အတိအကျ မသိရသေးဘူး”ဟု KIA ရှေ့တန်းထောက်လှန်းရေး သတင်းရင်းမြစ်က ဆိုသည်။
ပြီးခဲ့သည့် သြဂုတ်လ ၇ ရက်က KIA ဦးဆောင်သည့် PDF ပူးပေါင်းအဖွဲ့သည် ဖားကန့် - တာမခန် - ဆယ်ဇင်း သွားလမ်းမပေါ်ရှိ ကသိုဏ်းတောင် စစ်ကောင်စီတပ်စခန်းကို စတင်တိုက်ခိုက်ပြီး တနာရီအကြာတွင် ဖားကန့်မြို့ နယ် နဲ့ စစ်ကိုင်းကြားရှိ ဆယ်ဇင်းကျေးရွာကြီး၏ ကြိုးတံတားထိပ်အနီးရှိ SNA တပ်စခန်းကို ရုတ်ချည်းထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ ထိုတိုက်ပွဲတွင် ဆယ်ဇင်းကျေးရွာရှိ အိမ်များနှင့် ရွှေမှော်များကို SNAနှင့် စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့သည်။
ထို့နောက် သြဂုတ် ၁၀ ရက်တွင် ပန်ရှီရွာနှင့် နန့်ကသားရွာကြားရှိ SNA တပ်စခန်း(ဒေသအခေါ် ပန်ရှီတပ်စခန်း)ကို ထပ်မံသိမ်းပိုက်ခဲ့သည်။ ပန်ရှီတပ်စခန်းသည် ဗျူဟာမြောက် တပ်စခန်းဖြစ်သည့်အတွက် စစ်ကောင်စီတပ်နှင့် SNA ပူးပေါင်းတပ်တို့ တန်ပြန်စစ်ကြောင်း စစ်ရေးလှုပ်ရှားနေရာမှ တိုက်ပွဲများ ထပ်မံဖြစ်ပွားနေခြင်းဖြစ်သည်။
ထို့ပြင် ရေပေါ်မီးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းနှင့် SNA တို့က စစ်အင်အားဖြည့်တင်းရန် လူသူအင်အားများစုဆောင်းနေ၍ စစ်ရေးပိုမိုတင်းမာလာမည်ကို စိုးရိမ်ကြောင်း ဒေသခံက ဆိုသည်။ SNA၏ တပ်ဖွဲ့ဝင်ဟောင်းများ နှင့် စစ်သင်တန်းဆင်းလူငယ်များကို SNA က အတင်းအဓမ္မ ပြန်လည်ခေါ်ယူနေကြောင်း ဒေသခံအချို့က ပြောဆိုသော်လည်း မဇ္ဈိမက အတည်ပြုနိုင်ခြင်းမရှိသေးပေ။
ကချင်ပြည်နယ်တွင် ၂၀၂၂ ခုနှစ် သြဂုတ်လနောက်ပိုင်းမှ ၂၀၂၃ ခုနှစ် သြဂုတ်လ ပထမ ပတ်အထိ KIA နှင့် SNA တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှု မရှိခဲ့ကြောင်း ဒေသခံက ပြောသည်။
ကေအိုင်အေဗဟိုကော်မတီ ဥက္ကဌကြီး ဗိုလ် ချုပ်ကြီး အင်ဘန်လရဲ့ "ဒီနှစ် (၂၀၂၃ ခုနှစ်)အတွင်းမှာ နိုင်ငံရေးအရွှေ့ကို ဖော်ဆောင်သွားမှာဖြစ်တယ်" လို့ ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၅) ရက်နေ့က ကချင်တော်လှန်ရေး မိန့်ခွန်းကနေတဆင့် လူထုကိုသတင်းစကားပါးပြီးနောက်၊ ကေအိုင်အိုရဲ့ လက်နက်ကိုင်တပ်ဖွဲ့ ကေအိုင်အေတပ်မဟာ ဌာနချုပ်များရဲ့ စစ်ရေးနည်းဗျုဟာအရ အရေးပါလှတဲ့ တပ်စခန်းများ တိုက်ခိုက်သိမ်းပိုက်နေသည်။
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#SNA တပ်စခန်း

👍26❤2😁2😢1
ကလေးမြို့နယ်တွင် ဆေးခန်းလာပြသည့် သားအမိကို စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်
=======================
ပါခွီး
(မဇ္စျိမ)။ ။စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်းက ဆေးခန်းလာပြသည့် သားအမိကို ဖမ်းဆီးသတ်ဖြတ်ပြီး မီးရှို့ခဲ့ကြောင်း ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။
ကလေးမြို့နယ် စက္ကန့်ကျေးရွာအဝင်ကျောက်ခွဲစက်အနီး၌ သတ်ဖြတ်မီးရှို့ထားသည့် အလောင်းနှစ် လောင်းကို ဩဂုတ်လ ၁၂ ရက်နေ့ ညနေပိုင်းက ကာကွယ်ရေးတပ်ဖွဲ့မှ တွေ့ရှိခဲ့ခြင်းဖြစ်သည်။
“သေသွားတဲ့သူတွေက သားအမိလို့ သိရတယ်။ ကလေးမြို့ကိုအလာမှာ စစ်ကြောင်းနဲ့တွေ့ပြီး ဖမ်းဆီး အသတ်ခံရတာ” ဟု ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောသည်။
သေဆုံးသွားသူနှစ်ဦးမှာ ကလေးမြို့နယ် ကျွန်းချောင်းကျေးရွာမှ အသက် ၅၀ အရွယ် ဒေါ်ဟွေးလန်နှင့် အသက် ၃၀ အရွယ် ကိုစမူအဲလ်တို့ဖြစ်ကြောင်း သိရသည်။
၎င်းတို့ သားအမိသည် ကလေးမြို့သို့ ဆေးခန်းပြရန်လာရောက်စဉ် စစ်ကောင်စီစစ်ကြောင်းနှင့်တွေ့ပြီး ဖမ်းဆီးသတ်ဖြတ်ခံရခြင်းဖြစ်ကြောင်း ဆိုသည်။
မီးရှို့ခံထားသည့် သားအမိအလောင်းနှင့်အတူ ၎င်းတို့စီးလာသော ဆိုင်ကယ်ကိုလည်း မီးရှို့ထားသည်ကို တွေ့ရကြောင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်က ပြောဆိုသည်။
ဩဂုတ်လ ၁၂ ရက်နေ့က ကလေးမြို့နယ် မြို့လှကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးကာ သေနတ်တလက်နှင့် စစ်အသုံးဆောင်ပစ္စည်းအချို့ သိမ်းဆည်းရမိကြောင်း တော်လှန် ရေးတပ်ဖွဲ့များမှ သတင်းထုတ်ပြန်ထားသည်။
အထိနာခဲ့သော အဆိုပါစစ်ကြောင်းသည် ကလေးမြို့နယ် စက္ကန့်ကျေးရွာသို့ ဝင်ရောက်ကာ လူနေအိမ်များ မီးရှို့သဖြင့် ဒေသခံများ နေရပ်စွန့်ခွာတိမ်းရှောင်နေရကြောင်းလည်း သိရသည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#စစ်ကိုင်းတိုင်း
#ကလေးမြို့နယ်
#စစ်ကောင်စီစစ်ကြောင်း
#ဖမ်းဆီးသတ်ဖြတ်

🤬16😢3😁2👍1
တောင်ငူ- လွိုင်ကော်လမ်းတွင် စစ်ကောင်စီယာဉ်တန်းများ ၃ ကြိမ် တိုက်ခိုက်ခံရ
======================
YT
(မဇ္ဈိမ)။ ။ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုလ်မြို့နယ်ခွဲ၊ တောင်ငူ- လွိုင်ကော် ကားလမ်းမပေါ်တွင် စစ်ကောင်စီယာဉ်တန်းများအား တပ်မဟာ (၂) ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ PDF ပူးပေါင်းတပ်ဖွဲ့များက တစ်ရက်အတွင်း သုံးကြိမ်တိုက်ခိုက်ခဲ့ကြောင်း တပ်မဟာ (၂) တပ်ရင်း (၅) က ယမန်နေ့ ဩဂုတ်လ ၁၂ ရက်နေ့က သတင်းထုတ်ပြန်သည်။
" အဝေးကနေပဲ တွေ့ရတာဆိုတော့လေ ယာဉ်တန်းတွေက သက်သက်စီဖြစ်မယ်။ လိပ်သိုကို တက်သွားတဲ့ကားတန်းက သက်သက်၊ လိပ်သိုကနေ တောင်ငူဘက်ကို ဆင်းလာတာက သက်သက်။ ကားတစ်စီးက ကားသမားကို မှန်ပြီး ထားခဲ့တယ်။ ကျန်တဲ့ဒဏ်ရာရတာတွေကိုတော့ အတိအကျမသိရသေးဘူး" ဟု တပ်မဟာ (၂) KNLA တပ်ရင်း (၅)မှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကိုပြောသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၁၁ ရက် နေ့လယ်ပိုင်းတွင် ပဲခူးတိုင်း၊ တောင်ငူမြို့နယ်မှ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုလ်မြို့နယ်ခွဲရှိ စစ်ကောင်စီတပ်စခန်းထံ အင်အားဖြည့်ရန် လာသည့် ယာဥ်ကိုးစီးပါ စစ်ကောင်စီယာဉ်တန်းအား လေးအိမ်စုကျေးရွာနှင့် ညောင်ကုလားထိုင်ကျေးရွာအကြားတွင် တပ်မဟာ (၂) KNLA တပ်ရင်း (၅) ပူးပေါင်းတပ်ဖွဲ့က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်ထိတွေ့မှု ခဏတာ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သားများဘက်က ထိခိုက်ဒဏ်ရာရသူများအား လူနာတင်ယာဉ်ဖြင့် လာရောက်သယ်ဆောင်သွားကြောင်း၊ စစ်ကောင်စီယာဉ်တန်းသည်လည်း လိပ်သိုလ်မြို့နယ်ခွဲဘက်သို့ ဆက်လက်မောင်းနှင်သွားကြောင်း တပ်မဟာ (၂) KNLA တပ်ရင်း (၅)က ဆိုသည်။
ထို့အတူ ဩဂုတ်လ ၁၁ ရက်နေ့၊ ညနေပိုင်းတွင်လည်း လိပ်သိုလ်မြို့နယ်မှ တောင်ငူမြို့နယ်ဘက်သို့ ဆင်းလာသည့် စစ်ကောင်စီယာဉ်တန်းအား တောင်ငူ- လွိုင်ကော် ကားလမ်း တစ်နေရာတွင် တပ်မဟာ (၂) KNLA တပ်ရင်း (၅)က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပစ်ခတ်ခံရမှုကြောင့် စစ်ကောင်စီယာဉ်တန်းမှ ကားတစ်စီး၏ ကားမောင်းသူအား ထိမှန်ကာ အဆိုပါကားသည် သစ်ပင်တစ်ပင်အား ဝင်တိုက်မှုဖြစ်ခဲ့ပြီး ထိုကားအား စစ်ကောင်စီက လာရောက်သယ်ယူခြင်းမရှိသေးကြောင်း သိရသည်။
အဆိုပါ စစ်ကောင်စီယာဉ်တန်းသည် ကားရှစ်စီးဖြင့် တောင်ငူမြို့နယ်ဘက်သို့ ဆက်လက်ဆင်းလာစဉ် ထုံးဘိုကြီးကျေးရွာအကျော်၊ ထိုးဝါးချောင်းကျေးရွာ၊ တယ်လီနောတာဝါတိုင်အနီး၌ တပ်မဟာ (၂) KNLA တပ်ရင်း (၅) ပူးပေါင်းတပ်ဖွဲ့က ထပ်မံ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ဩဂုတ်လ ၁၁ ရက်နေ့တွင် ပြုလုပ်ခဲ့သော စစ်ကောင်စီယာဉ်တန်းများအား သုံးကြိမ်တိုင် ပစ်ခတ်တိုက်ခိုက်မှုတွင် တပ်မဟာ (၂) KNLA တပ်ရင်း (၅) ပူးပေါင်းတပ်ဖွဲ့ဘက်၌ တစ်စုံတစ်ရာ ထိခိုက်မှုမရှိခဲ့သော်လည်း စစ်ကောင်စီယာဉ်တန်းဘက်၌ ဖြစ်ပွားခဲ့သော အပျက်အစီး၊ အထိအခိုက်များအား စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။
ပဲခူးတိုင်းနှင့် ကရင်ပြည်နယ် အစပ်၊ တောင်ငူမြို့နယ်၊ သံတောင်ကြီးမြို့နယ်တို့သည် ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ နယ်မြေသက်မှတ်ချက်အရ တပ်မဟာ (၂) အုပ်ချုပ်နယ်မြေအတွင်း တည်ရှိပြီး စစ်ကောင်စီတပ်စခန်းများ၊ တပ်ရင်းများ၊ စစ်ကောင်စီယာဉ်တန်းများအား တပ်မဟရာ (၂) KNLA ပူးပေါင်းတပ်ဖွဲ့များက မကြာခဏ သွားရောက်တိုက်ခိုက်လေ့ရှိကြောင်းသိရသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၉ ရက် နေ့လယ်ပိုင်းကလည်း ရှမ်း- ကရင်- ကရင်နီ နယ်စပ်ရှိ ယာဒိုဒေသတွင် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်နှင့်KNLA ပူးပေါင်းတပ်ဖွဲ့အကြား ၄၅ မိနစ်ကြာ တိုက်ပွဲဖြစ်ပွားမှု ရှိခဲ့ပြီး အထိအခိုက် အတိအကျအား စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#စစ်ကောင်စီယာဥ်တန်း

👍19👏3😁3❤2🥰1
နေ့စဥ်ရက်ဆက် စစ်အာဏာရှင်ဆန့်ကျင်နေသည့် ရွာပေါင်းစုံသပိတ်
===================
ပါခွီး
(မဇ္စျိမ)။ ။ စစ်ကိုင်းတိုင်း ၊ ယင်းမာပင်မြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာများမှ ဒေသခံများ စုပေါင်း၍ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲကို ယနေ့ ဩဂုတ်လ ၁၃ရက်တွင် ဆက်လက်ချီတက်ဆန္ဒပြကြပြသည်။
လူထုသပိတ်စစ်ကြောင်းသည် “လူထုအရေးတော်ပုံမှသည် တော်လှန်ရေးအောင်ပွဲ ဆီသို့” ဟူသည့် စာတမ်းကို ကိုင်စွဲပြီး စစ်အာဏာရှင်ဆန့်ကျင်သည့် ကြွေးကြော်သံများ ဟစ်ကြွေးချီတက်ခဲ့ခြင်း ဖြစ်သည်။
ဆက်လက်၍ ကျဆုံးခဲ့သော အာဇာနည်အပေါင်းကို ဦးညွှတ်အလေးပြုခဲ့ ကြပြီး သွေးမော်ကွန်းတေးသီချင်းကိုသံပြိုင်သီဆိုကာ ကြွေးကြော်သံများဖြင့် ဆန္ဒပြပွဲ ကို ရုပ်သိမ်းခဲ့ကြသည်။
ယနေ့ဆန္ဒပြပွဲသည် ရွာပေါင်းစုံသပိတ်၏ စစ်အာဏာရှင်ဆန့်ကျင်ရေး ၈၇၄ ရက်မြောက်ဖြစ်ကြောင်းသိရသည်။
ယင်းမာပင်နှင့် ဆားလင်းကြီးကျေးရွာပေါင်းစုံစစ်ကြောင်းသည် ၂၀၂၁ခုနှစ် မတ်လ ၉ရက်မှ စတင်ကာ စစ်အာဏာရှင် ကိုဆန့်ကျင်ဆန္ဒပြခဲ့ခြင်းဖြစ်သည်။
ပုံအညွှန်း- သပိတ်စစ်ကြောင်းမှ ဒေသခံများ (ဓာတ်ပုံ- CJ)
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#ယင်းမာပင်
#ဆားလင်းကြီး
http://www.mizzimaburmese.com/article/132020

❤16👍9😁2🕊1
နွားထိုးကြီးတွင် ကျေးရွာအုပ်ချုပ်ရေးမှူး အပါအ၀င် ၄ ဦး ပစ်သတ်ခံရ၊ နယ်မြေရှင်းလင်းရေးရောက်လာသည့် စစ်ကောင်စီ မိုင်းဆွဲခံရပြီး ရဲ ၄ ဦး ဒဏ်ရာရ
=======================
007
(မဇ္စျိမ)။ ။ နွားထိုးကြီးမြို့နယ် မင်းရွာ စာသင်ကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်၊ အနီးကျေးရွာများမှ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ၎င်းတို့၏ မိသားစုဝင်များ အတူရှိစဥ် ဆိုင်ကယ်လေးစီးဖြင့် ရောက်ရှိလာသည့် လူရှစ်ဦးက လာရောက်ပစ်ခတ်၍ လေးဦးသေဆုံးသွားကြောင်း သိရသည်။
သြဂုတ်လ ၁၁ ရက် ည ၉ နာရီခွဲခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သေဆုံးသွားသူများမှာ ကြောင်နံကျေးရွာ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအုန်းဖေ(အသက် ၆၃ နှစ်) ၊ ၎င်း၏ဇနီးဖြစ်သူဒေါ်မိုး (အသက် ၆၇ နှစ်)၊ ဦးရဲမြင့်(အသက် ၆၇ နှစ်)တွင်၊ ဒေါ်အေးခိုင်(အသက် ၅၄ နှစ်)တို့ ဖြစ်ကြောင်း မြင်းခြံခရိုင်ရဲတပ်ဖွဲ့နှင့် နီးစပ်သည့်အသိုက်အ၀န်းထံက သိရသည်။
“အဲဒီနေ့ညက အုပ်ကြီးနဲ့ သူ့ဆွေမျိုးသားချင်းတွေရော၊ တခြားပျူစောထီးတွေရော စာသင်ကျောင်းထဲမှာ ရှိနေတာ သတင်းရသွားတယ်ထင်တာပဲ။ အဲဒါကို ၀င်ပစ်သွားတာပါ။ ကြောင်နံရွာကအုပ်ကြီးလင်မယားနဲ့ အဲဒီရွာသားနှစ်ယောက် ပွဲချင်းပြီးသေတယ်။ အဲဒီစာသင်ကျောင်းက စကစတပ်စွဲထားတဲ့ကျောင်းပါ” ဟုဒေသခံကပြောသည်။
ဦးအုန်းဖေတွင် ဝမ်းဗိုက်ဖောက်၀င် ဒဏ်ရာနှစ်ချက် အပါအ၀င် စုစုပေါင်းဒဏ်ရာ ငါးချက်၊ ဒေါ်မိုးတွင် လည်ပင်းပွင့်ထွက်ဒဏ်ရာ တချက်အပါအ၀င် စုစုပေါင်း ဒဏ်ရာ လေးချက်၊ ဦးရဲမြင့်တွင် ဦးခေါင်းကြေမွ/ပွင့်ထွက်ဒဏ်ရာ တချက် နှင့် ဒေါ်အေးခိုင်တွင် ဦးခေါင်းနောက်စေ့ ဖောက်၀င်ဒဏ်ရာ တချက်အပါအ၀င် စုစုပေါင်းဒဏ်ရာ လေးချက် အသီးသီးရရှိကာ သေဆုံးသွားကြခြင်းဖြစ်သည်။
ပစ်ခတ်မှုအပြီး နောက်ရက် သြဂုတ်လ ၁၂ ရက် နံနက်ပိုင်းတွင် မိတ္ထီလာတပ်နယ် စစ်ကောင်စီတပ်ဖွဲ့က နယ်မြေရှင်းလင်းရေး၀င်ရောက်ပြုလုပ်ခဲ့ပြီး အခင်းဖြစ်နေရာမှ အပြန် နွားထိုးကြီးမြို့၏အနောက်ဘက် တမိုင်ခွဲခန့်တွင် စစ်ကောင်စီတပ်ဖွဲ့၀င်များစီးလာသော အဖြူရောင် Double Cub ကား မိုင်းဆွဲခံရပြီး ရဲတပ်ဖွဲ့၀င်လေးဦးဒဏ်ရာရကြောင်းသိရသည်။ ဒဏ်ရာရသူများမှ တဦးသည် စိုးရိမ်ရသည့်အခြေအနေဖြစ်ကြောင်းလည်း သိရသည်။
“လုံခြုံရေးအဖွဲ့တွေအပြန်မှာ မိုင်းဆွဲခံံရတယ်။ ရဲလေးယောက်မိုင်းစမှန်ပြီး တစ်ယောက်က စိုးရိမ်စရာအခြေအနေပါ” ဟု နီးစပ်သူတစ်ဦးက ပြောသည်။
မည်သည့်အဖွဲ့အစည်းက လုပ်ဆောင်သွားသည်ကို မသိရသေးသော်လည်း PDF လက်ချက်ဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံ သတင်းများတွင် ဖော်ပြကြသည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဒေသတွင်း စစ်ရေးတင်းမာလာချိန်မှစ၍ စစ်ကောင်စီက မင်းရွာစာသင်ကျောင်းတွင် အင်အားသုံးဆယ်ခန့်ဖြင့် တပ်စွဲထားပြီး ပြီးခဲ့သည့်ဧပြီလ ၄ ရက်နေ့ကလည်း တစ်ကြိမ်တိုက်ခိုက်ခံရဖူးသည်။
အဆိုပါတိုက်ခိုက်ခံရမှုတွင် စစ်ကောင်စီဘက်က ငါးဦးသေဆုံးခဲ့ပြီး တိုက်ခိုက်မှုကိုဒေသအခြေစိုက်ပြည်သူ့ကာကွယ်ရေး ပြောက်ကျားတပ်ဖွဲ့လေးဖွဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#နွားထိုးကြီး
#အုပ်ချုပ်ရေးမှူး သတ်ခံရ

👍25👏5❤2🔥2🤯2