Mizzima
✔
47.6K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ဖရူဆိုတိုက်ပွဲအတွင်း ကျဆုံးသွားသည့် KNDF ရဲဘော်ဝင်း‌မောင်၏ စျာပန
😢9🔥3👍1👎1😁1
ဖရူဆိုတိုက်ပွဲအတွင်း ကျဆုံးသွားသည့် KNDF ရဲဘော်ဝင်း‌မောင်၏ စျာပန
===================

ကိုဇာနည်
(မဇ္စျိမ)။ ။ကရင်နီပြည်၊ ဖရူဆိုမြို့နယ်၊ကဒါလားရွာတွင် ပြီးခဲ့သည့် သြဂုတ်လ ၉ ရက်နေ့က စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့တိုက်ပွဲ အပြင်းအထန်ဖြစ်ခဲ့ပြီး ကရင်နီအမျိုးသားများကာကွယ်ရေးတပ်၊ တပ်ရင်းအမှတ်(၄)၊ KNDF B-04 မှ ရဲဘော်၀င်းမောင်ကျဆုံးခဲ့သည်။

ရဲဘော်၀င်းမောင်(ခ)ဆီမိုးနယ်သည် စစ်ကောင်စီတပ်ကိုခုခံတိုက်ခိုက်ရင်းမြင့်မြတ်စွာကျဆုံးသွားသည်ဟု KNDF B-04 က ယမန်နေ့ ဩဂုတ်လ ၁၃ရက်က ထုတ်ပြန်ထားသည်။
ရဲဘော်၀င်း‌မောင်(ခ)ဆီမိုးနယ်၏ကျဆုံးမှုအတွက် ကျန်ရစ်သူ မိသားစုနှင့်အတူထပ်တူ၀မ်းနည်းရပြီး အာဇာနည် သူရဲကောင်းအဖြစ် မှတ်တမ်းတင် အလေးပြုပါသည်ဟု KNDF B-04 က ထုတ်ပြန်သည်။

" ကြယ်တပွင့် ကြွေလွင့်ခြင်း "ဟု KNDF B-04 ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရဲဘော် ဝင်းမောင် (ခ)ဆီမိုးနယ်သည် KNDF B-04 တွင်၂၀၂၁၊ဇွန်လ(၂၇)ရက်နေ့မှစ၍တာ၀န်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ ၎င်း၏ စျာပနအခမ်းအနားကရင်နီပြည်နယ်တနေရာတွင် ယခုရက်ပိုင်း ပြုလုပ်ခဲ့သည်။

ကဒါလားရွာတိုက်ပွဲတွင် စစ်ကောင်စီဘက်မှထိခိုက်မှုကို KNDF B-04က ယနေ့ ဩဂုတ်လ ၁၄ရက်အထိ သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။ ကဒါလားရွာတွင် တိုက်ပွဲဖြစ်သည့်နေ့က လွိုင်ကော်မြို့ပတ်လမ်း ၊နမ့်ကွန်ရေစီးကွေ့ တလျှောက်တွင်လည်း စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့တို့တိုက်ပွဲဖြစ်ခဲ့သည်။ ထိုတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်သုံးဦးထက်မနည်းသေဆုံးခဲ့ပြီး ခုနစ်ဦးဒဏ်ရာရသွားကာ စစ်ကားတစီးကို ဖျက်ဆီးနိုင်ခဲ့သည်ဟု KNDF က သတင်းထုတ်ပြန်ထားသည်။

စာတည်း - မောင်ကြီး

#mizzima
#ဖရူဆိုမြို့နယ်
#ကရင်နီပူးပေါင်းတပ်ဖွဲ့တိုက်ပွဲ
#KNDF B-04
#ရဲဘော်၀င်းမောင်

Photo - KNDF B-04

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢13❤3👍2🥰1😁1
​​မြန်မာနိုင်ငံရှိ လက်နက်ကိုင်ဆန့်ကျင်တော်လှန်မှုကို အနောက်အုပ်စု ထောက်လှမ်းရေး အေဂျင်စီများက လောင်စာဖြည့်ပေးနေသလား
=======================

မြန်မာစစ်တပ်၏ ဗိုလ်ချုပ်ကြီးများသည် ၎င်းတို့ကို ပြည်ပ ထောက်လှမ်းရေး အေဂျင်စီများက ထိုးနှက်လျက် ရှိသည် ဆိုပြီး ဆယ်စုနှစ်များကြာ အခိုင်အမာ ယုံကြည်ခဲ့ကြသည်။ စစ်တပ်အုပ်ချုပ်မှုကို တိုက်စားလျော့ပါးစေရန်၊ ပြည်တွင်း မတည်မငြိမ်မှုတို့ကို အားပေးအားမြှောက်ပြုရန်နှင့် ပြည်သူထုအကြား ဇဝေဇဝါ ဖြစ်စေရေး သွေးထိုးရန် ထို ပြည်ပ ထောက်လှမ်းရေးအေဂျင်စီများသည် နိုင်ငံအတွင်းနှင့် နိုင်ငံ၏ နယ်စပ်များအနှံ့တွင် လျှို့ဝှက်လှုပ်ရှားကြသည်ဟု မြန်မာစစ်ဗိုလ်ချုပ်ကြီးများက ထင်မြင်ယူဆသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍11😁5👏1🤔1
ဘုတလင်မြို့နယ် သခွတ္တနယ်ကျေးရွာတွင် နေအိမ် ၄၀ ကျော်ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး
🤬12❤1😁1😢1
ဘုတလင်မြို့နယ် သခွတ္တနယ်ကျေးရွာတွင် နေအိမ် ၄၀ ကျော်ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး
==================

လွှမ်းမိုး
(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်အနောက်ခြမ်းတွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ် က ဩဂုတ်လ ၁၂ ရက်နေ့ ညနေ ၄ နာရီတွင် သခွတ္တနယ်ကျေးရွာမှ နေအိမ် ၄၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ ကြောင်း ဒေသခံများထံမှ သိရသည်။

သခွတ္တနယ်ကျေးရွာသို့ စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာစဉ် ထွက်ပြေးတိမ်းရှောင်ခဲ့ရသော ရွာသူရွာ သားများမှာလည်း လက်ရှိအချိန်ထိ အိမ်မပြန်ရဲကြသေးကြောင်း မီးလောင်အိမ်ခြေစာရင်း ပြုစုနေသည့် ဒေသခံတဦးက မဇ္ဈိမကို ပြောသည်။

“အခုမှ ရှင်းလင်းရေးတွေ လုပ်နေကြရတာ ဖြစ်ပါတယ်။ တချို့ဒေသခံတွေဆို ရွာတောင် ပြန်မကပ်ဝံ့ကြ သေးပါဘူး။ သိရသလောက် မီးရှို့ခံရတဲ့ အိမ်ခြေ ၄၀ ကျော်နဲ့ ဆိုင်ခန်း ၁၁ ခန်းရှိမယ်” ဟု အဆိုပါ ဒေသခံ က မဇ္ဈိမကို ပြောသည်။

ထို့အပြင် ၎င်းစစ်ကောင်စီစစ်ကြောင်းသည် ဩဂုတ်လ ၁၁ ရက်နေ့ နံနက် ၈ နာရီက သစ်ခဲကျေးရွာကို စစ် ကြောင်းသုံးကြောင်းခွဲပြီး သေနတ်များပစ်ဖောက်ဝင်ရောက်ကာ နေအိမ်နှစ်လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း လည်း ဒေသခံများက ပြောသည်။

လက်ရှိတွင် အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် ဘုတလင်မြို့နယ် ညောင်ကန်ကျေးရွာသို့ ရောက်ရှိ နေသည့်အတွက် မောင်းထောင်၊ လည်တီ၊ ချောင်းဆုံ၊ လက်ယက်တွင်း၊ ရွာသာ၊ ဂွေးပင် စသည့် ကျေးရွာ များမှ လူဦးရေ ၁၀,၀၀၀ ကျော် စစ်ရှောင်နေကြရကြောင်း သိရသည်။

ဓာတ်ပုံ- မီးရှို့ခံရပြီးနောက် သခွတ္တနယ်ကျေးရွာ မြင်ကွင်း (CJ)
စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။စောဖေ

#ဘုတလင်
#တခွတ္တနယ်ကျေးရွာ
#Mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬5👍4😢2❤1😁1
​​မုံရွာမြို့၊ တောပုရွာမှ ပျူစောထီးများက လက်နက်ကြီးနှင့်ပစ်၍ အရပ်သား ၂ဦး သေဆုံး
====================

ပါခွီး
မဇ္စျိမ ။ ။ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောပုကျေးရွာမှ ပျူစောထီးများက လက်နက်ကြီးနှင့်ပစ်ခတ်ရာ ကြာပိုင်ကျေးရွာအတွင်းကျရောက်ပေါက်ကွဲပြီး ဒေသခံနှစ်ဦးသေဆုံးသွားကြောင်း သိရသည်။
တောပုကျေးရွာမှ ပျူစောထီးများသည် ဩဂုတ်လ ၁၃ရက် ညနေ ၆နာရီ ၃၀မိနစ်ခန့်တွင် ကြာပိုင်ကျေးရွာသို့ ၆၀မမ ဖြင့်ငါးချက်ပစ်ခတ်ခဲ့ခြင်းဟု သိရသည်။

"တောပုနဲ့ ကြာပိုင်က ရွာချင်းဆက်နေတာဗျ။ စောစောပိုင်းက သေနတ်သံတွေ ကြားလိုက်ရသေးတယ်။ပြီးတော့ ရွာဖက်ကို လက်နက်ကြီးနဲ့ပစ်တော့တာပဲ” ဟု ဒေသခံတဦးက မဇ္စျိမ ကိုပြောသည်။

ပစ်ခတ်မှုကြောင့် အသက်(၄၅)နှစ်အရွယ် အမျိုးသားနှင့် အသက်(၃၂) နှစ်အရွယ်အမျိုးသမီးသေဆုံးပြီး အမျိုးသမီးနှစ်ဦး၊ အမျိုးသားနှစ်ဦး ဒဏ်ရာရခဲ့ကြောင်းသိရသည်။ထို့အပြင် နွားနှစ်ကောင်သေဆုံးပြီး နှစ်ကောင်ဒဏ်ရာရခဲ့သည်။

သေဆုံးသွားခဲ့သူများကို ယမန်နေ့ညပိုင်းတွင် သင်္ဂြိုလ်ခဲ့ကြသည်။
တောပုကျေးရွာမှ ဒေသခံများကို စစ်ကောင်စီတပ်က စစ်သင်တန်းပေးပြီး လက်နက်တပ်ဆင်ပေးထားသောကြောင့် ပျုစောထီးအမာခံကျေးရွာအဖြစ် ဒေသတွင်း လူသိများသည်။ ထိုရွာမှပျူစောထီးများသည် ရွာအတွင်း အခိုင်အမာတပ်စွဲထားပြီး စစ်ကောင်စီစစ်ကြောင်းများတွင်လိုက်ပါခြင်းနှင့် လမ်းမများပေါ်စစ်ဆေးရေးလုပ်ရာတွင်ပါဝင်လေ့ရှိ‌ကြောင်းသိရသည်။

ကြာပိုင်ရွာအတွင်း ကျရောက်ပေါက်ကွဲသည့် လက်နက်ကြီးကျည်
စာတည်း - မောင်ကြီး

#mizzima
#မုံရွာမြို့နယ်
#တောပုကျေးရွာ
#ပျူစောထီး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢7🤬4👍3😁2❤1
ဝက်လက်မြို့နယ်တွင် စစ်ကောင်စီတပ်က တိုက်ပွဲမရှိဘဲ လက်နက်ကြီးဖြင့်ပစ်ခတ်သည့်အပြင် လေကြောင်းမှပါ တိုက်ခိုက်
😢4👍3🔥1👏1
ဝက်လက်မြို့နယ်တွင် စစ်ကောင်စီတပ်က တိုက်ပွဲမရှိဘဲ လက်နက်ကြီးဖြင့်ပစ်ခတ်သည့်အပြင် လေကြောင်းမှပါ တိုက်ခိုက်
===================

KMN
(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက် ကြီးဖြင့်ပစ်ခတ်သည့်အပြင် လေကြောင်းမှပါတိုက်ခိုက်မှုများကြောင့် ဒေသခံများထိခိုက်သေဆုံးခဲ့ရ ကြောင်း သိရသည်။

သြဂုတ်လ ၁၃ ရက်နေ့ ညနေ ၆ နာရီ ၄၅ မိနစ်ခန့်တွင် ဝက်လက်မြို့နယ်၊ ပေါက်ကန်ကျေးရွာကို စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာနှစ်စီးက လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံတဦးကပြော သည်။

“တိုက်ပွဲမရှိဘဲ ဂျက်ဖိုက်တာနှစ်စီးနဲ့ လေကြောင်းပစ်ခတ်မှု ပြုလုပ်ခဲ့တာပါ။ လူလေးဦးနဲ့ တိရိစ္ဆာန်တွေ ထိခိုက်ခဲ့တယ်လို့ သတင်းရတယ်” ဟု ဝက်လက်မြို့နယ်အခြေစိုက် Wetlet Informational Network တာဝန်ရှိသူက ဆိုသည်။

စစ်ကောင်စီတပ်၏ ဂျက်ဖိုက်တာနှစ်စီးမှပစ်ခတ်မှုကြောင့် ပေါက်ကန်ကျေးရွာစာသင်ကျောင်းနှင့် နေအိမ် အချို့ ဗုံးစထိမှန်ခဲ့ကြောင်းသိရပြီး အသေးစိတ်ကို မဇ္ဈိမကစုံစမ်းနေဆဲဖြစ်သည်။
ထို့ပြင် စစ်ကောင်စီတပ်သည် သြဂုတ်လ ၁၃ ရက်နေ့ ည ၈ နာရီ ၄၅ မိနစ်ခန့်က ရွှေဘိုမြို့နယ်အရှေ့ခြမ်း တောင်လှတောင်ပေါ်မှနေ၍ ဝက်လက်မြို့နယ်အတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်းလည်း သိရ သည်။

လက်နက်ကြီးကျည်သည် ဝက်လက်မြို့နယ်အရှေ့ခြမ်း ထုံးဘိုကုန်းရွာသို့ ကျရောက်ကာ အသက် ၁၀ နှစ် အရွယ်မိန်းကလေးတဦးနှင့် အသက် ၆၀ ခန့်အရွယ် အမျိုးသမီးတဦးတို့ကိုထိမှန်ခဲ့ပြီး ဝက်နှင့် နွားအချို့ လည်း သေဆုံးမှုရှိခဲ့ကြောင်းဆိုသည်။

စစ်ကောင်စီတပ်များသည် ဝက်လက်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေပြီး ပယ်သူကြီးကျေးရွာတွင် စိတ် ဝေဒနာသည် အမျိုးသားတဦးနှင့် မသန်စွမ်း အမျိုးသားတဦးကို သြဂုတ်လ ၁၂ ရက်နေ့က သတ်ဖြတ်ခဲ့ ကြောင်း ရွှေဘိုခရိုင်တပ်ရင်း (၁၈)မှ တပ်ရင်းမှူး ဗိုလ်စွန်ရဲက ၎င်း၏လူမူကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

Photo - Wetlet Informational Network (သြဂုတ်လ ၁၂ ရက်နေ့၊ လေကြောင်းတိုက်ခိုက်မှုကြောင့် ပေါက်ကန်ရွာတွင်းမှ ထိခိုက်မှုများ။)

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။စောဖေ

#ပေါက်ကန်ရွာ
#ရွှေဘိုခရိုင်
#ဝက်လက်မြို့နယ်
#လေကြောင်း
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬10🔥2❤1😁1😢1
This media is not supported in your browser
VIEW IN TELEGRAM
ကော်ဘရာ စစ်ကြောင်းမှူး ဗိုလ်တာဘော သေဆုံးခဲ့တဲ့ သတင်းတု ပျံ့နှံ့ခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန် - t.ly/ucUQx

#Misinformation_Buster #reels #shorts #Cobra #Fake_News
👍10😁3
​​ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ရှေးဟောင်းမြို့ရိုးဖြိုဖျက်ခံရမှုအပေါ် ပြင်းထန်စွာရှုတ်ချကြောင်း SSPP ထုတ်ပြန်
=====================

001
(မဇ္စျိမ)။ ။ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ ဆယ်လန့်ရှိ ရှမ်းဧကရာဇ်မင်းကြီး စဝ်ဆေခန်ဖ လက်ထက်က သမိုင်းဝင်ရှေးဟောင်းမြို့ရိုးကို ဩဂုတ်လ ၇ ရက်နေ့တွင် ဖြိုဖျက်ခံလိုက်ရသည့်အပေါ် ပြင်းပြင်းထန်ထန် ဆန့်ကျင်ရှုတ်ချကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)မှ ဩဂုတ်လ ၁၃ ရက် နေ့ ကထုတ်ပြန်သည်။

အဆိုပါ သမိုင်းဝင်ရှေးဟောင်းမြို့ရိုးကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)တပ်ဖွဲ့ ဝင်များက မြေထိုးစက်ဖြင့် ဖြိုဖျက်ခဲ့ခြင်းဖြစ်ကြောင်း SSPP က ပြောသည်။

သမိုင်းဝင် ရှေးဟောင်းအမွေအနှစ်များအား ဖျက်လိုဖျက်ဆီး သဘောဆောင်သည့် လုပ်ဆောင်ချက်သည် လက်ခံနိုင်စရာမရှိသည့် ကျူးလွန်မှုဖြစ်သည့်အတွက် မည်သည့်ပုဂ္ဂိုလ်၊ မည်သည့်အဖွဲ့အစည်းက ပြုလုပ် သည်ဖြစ်စေ လက်ခံမည်မဟုတ်ကြောင်း SSPP က ထုတ်ပြန်ထားသည်။

ထို့ကြောင့် ယင်းလုပ်ရပ်အပေါ် ကျေနပ်ကျေအေးမှုရှိစေရန် သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်၊ အဖွဲ့အစည်း များအနေဖြင့် ရှင်းလင်းပေးရန်တောင်းဆိုကြောင်း SSPP က ဆိုသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်သို့ ဆက်သွယ်မေးမြန်းခဲ့ ရာ နှစ်ဖက်ညှိနှိုင်းဖြေရှင်းသွားရမည်ဖြစ်ကြောင်း TNLA ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး တာအိုက် ကျော်က မဇ္ဈိမကို ပြောသည်။

လက်ရှိတွင် အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ပြည်ထောင်စုသားချင်း စုစည်းညီညွတ်ရေး အရေးတကြီး လုပ်ဆောင်ရန်လိုအပ်နေသည့်အချိန်တွင် အချင်းချင်းသွေးကွဲစေမှုမျိုး မလိုလားအပ်သည့် အပြုအမူများ မလုပ်မိစေရန် အထူးသတိထားရမည်ဖြစ်ကြောင်း SSPP ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဓာတ်ပုံ- ဖြိုဖျက်ခံရပြီးနောက် ရှေးဟောင်းမြို့ရိုး မြင်ကွင်း (sspp)
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ

#ရှမ်းပြည်နယ်
#မူဆယ်မြို့နယ်
#TNLA
#SSPP
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍12🔥2😢2👏1
​​မဒေါက်တွင် စစ်ကောင်စီတပ်က ကားပေါ်သို့လက်နက်ကြီးတင်ဆောင်ကာ အကြောင်းမဲ့ လိုက်လံပစ်ခတ်
==================

ရွှေနွယ်
(မဇ္ဈိမ)။ ။ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ မဒေါက်မြို့တွင် စစ်ကောင်စီတပ်က ကားပေါ်သို့ လက်နက် ကြီးတင်ဆောင်ကာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့လိုက်လံပစ်ခတ်နေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များ၏ပြောဆိုချက်အရ သိရသည်။

ယနေ့ ဩဂုတ်လ ၁၄ ရက် မွန်းလွဲ ၃ နာရီ ၄၅ မိနစ်ခန့်တွင် မဒေါက်မြို့၏ အနောက်ဘက်အထွက် သုဿန် အရှေ့မှနေ၍ ချောင်းကျိုးနှင့် လေးအိမ်စုကျေးရွာများဘက်သို့ ၆၀ မမ ဟုယူဆရသည့် လက်နက်ကြီးဖြင့် နှစ်ချက်ပစ်ခတ်သွားကြောင်း အထူးကွန်မန်ဒိုတပ်ရင်း−တောင်ပိုင်းတိုင်း ရိုးမစစ်ကြောင်း(၂)၏ တာဝန်ရှိ သူက မဇ္ဈိမကိုပြောသည်။

ထိုသို့ပစ်ခတ်ပြီးနောက်တွင် ကားဖြင့် ရွှေကျင်ဘက်သို့ ပြန်လည်ထွက်ခွာသွားသည်ဟု ဆိုသည်။
“အခုနောက်ပိုင်း အဲဒီလိုပဲ လုပ်နေကြတယ်။ ကားနဲ့ပတ်ပြီးတော့ ဟိုဘက်ကပစ်လိုက် ဒီဘက်ကပတ် ပစ် လိုက်နဲ့ အဲဒီလိုလုပ်နေကြတယ်။ တိုက်ပွဲဖြစ်မနေဘူး အဲဒီလိုပဲ ကားနဲ့ပတ်ပစ်နေတာ” ဟု ရိုးမစစ်ကြောင်း (၂)၏ တာဝန်ရှိသူက မဇ္ဈိမကိုပြောသည်။

အဆိုပါ ပစ်ခတ်မှုကြောင့် အင်းကပ်ပလိပ် စာသင်ကျောင်းပေါ်သို့ လက်နက်ကြီးကျည် ကျရောက်ပေါက် ကွဲကာ ဆရာမတဦးနှင့် ကျောင်းသားနှစ်ဦးဒဏ်ရာရရှိထားကြောင် ကနဦးသိရှိရသည်။
မဇ္ဈိမနေဖြင့် ဒဏ်ရာရရှိသူများ၏ နောက်ဆက်တွဲအခြေအနေနှင့် အသေးစိတ် အချက်အလက်များကို ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။

ပဲခူးတိုင်းအရှေ့ခြမ်းမြို့နယ်များတွင် စစ်ကောင်စီတပ်နှင့် ဒေသတွင်းရှိ KNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့တို့ ကြား တိုက်ပွဲများပြင်းထန်လာပြီးနောက် စစ်ကောင်စီတပ်က ယခုကဲ့သို့ လက်နက်ကြီးဖြင့်အကြောင်းမဲ့ ပစ်ခတ်ခြင်း၊ ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်း၊ လေကြောင်းမှ တိုက်ခိုက်ခြင်းနှင့် အရပ်သားများအား ဖမ်းဆီးသတ်ဖြတ်ခြင်းများကို လုပ်ဆောင်လာကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံမှသိရသည်။

ဇူလိုင်လအတွင်းက စစ်ကောင်စီတပ်ဖွဲ့၏ ဖမ်းဆီးနှိပ်စက်ခံရသည့် ဒေသခံ ၂၄ ဦးရှိပြီး ၎င်းတို့ စစ်ကြောင်း ထိုးလာစဉ် နေအိမ်များအားမီးရှို့ဖျက်ဆီးခြင်းနှင့် ဒေသခံများပိုင်ဆိုင်သည့် ပစ္စည်းများကို ယူဆောင်ခြင်း များလည်း ပြုလုပ်ခဲ့ကြောင်း ဩဂုတ်လ ၁၁ ရက်နေ့က KNU မှ ထုတ်ပြန်ထားသည်။

ထို့ပြင် ဇူလိုင်လအတွင်း စစ်ကောင်စီတပ်က ပြည်သူများကို ပစ်မှတ်ထား၍ လက်နက်ကြီးဖြင့် ပစ်ခတ်မှု အကြိမ် ၃၀၀ နီးပါးရှိခဲ့ပြီး တပ်မဟာ(၃)နယ်မြေ ညောင်လေးပင်ခရိုင်တွင် ကျောင်းသားနှစ်ဦးအပါအဝင် ဒေသခံ ၁၂ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်းနှင့် စစ်ကောင်စီတပ်၏ ဖမ်းဆီးသတ်ဖြတ်မှုကြောင့် ဒေသခံငါး ဦးသေဆုံးခဲ့ကြောင်းလည်း KNU ၏ ထုတ်ပြန်ချက်အရ သိရသည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#ပဲခူးတိုင်းအရှေးခြမ်း
#မဒေါက်မြို့
#လက်နက်ကြီး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬7❤3👍3😢2🔥1