Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ဘုတလင်မြို့နယ် သခွတ္တနယ်ကျေးရွာတွင် နေအိမ် ၄၀ ကျော်ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး
🤬12❤1😁1😢1
ဘုတလင်မြို့နယ် သခွတ္တနယ်ကျေးရွာတွင် နေအိမ် ၄၀ ကျော်ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး
==================

လွှမ်းမိုး
(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်အနောက်ခြမ်းတွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ် က ဩဂုတ်လ ၁၂ ရက်နေ့ ညနေ ၄ နာရီတွင် သခွတ္တနယ်ကျေးရွာမှ နေအိမ် ၄၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ ကြောင်း ဒေသခံများထံမှ သိရသည်။

သခွတ္တနယ်ကျေးရွာသို့ စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာစဉ် ထွက်ပြေးတိမ်းရှောင်ခဲ့ရသော ရွာသူရွာ သားများမှာလည်း လက်ရှိအချိန်ထိ အိမ်မပြန်ရဲကြသေးကြောင်း မီးလောင်အိမ်ခြေစာရင်း ပြုစုနေသည့် ဒေသခံတဦးက မဇ္ဈိမကို ပြောသည်။

“အခုမှ ရှင်းလင်းရေးတွေ လုပ်နေကြရတာ ဖြစ်ပါတယ်။ တချို့ဒေသခံတွေဆို ရွာတောင် ပြန်မကပ်ဝံ့ကြ သေးပါဘူး။ သိရသလောက် မီးရှို့ခံရတဲ့ အိမ်ခြေ ၄၀ ကျော်နဲ့ ဆိုင်ခန်း ၁၁ ခန်းရှိမယ်” ဟု အဆိုပါ ဒေသခံ က မဇ္ဈိမကို ပြောသည်။

ထို့အပြင် ၎င်းစစ်ကောင်စီစစ်ကြောင်းသည် ဩဂုတ်လ ၁၁ ရက်နေ့ နံနက် ၈ နာရီက သစ်ခဲကျေးရွာကို စစ် ကြောင်းသုံးကြောင်းခွဲပြီး သေနတ်များပစ်ဖောက်ဝင်ရောက်ကာ နေအိမ်နှစ်လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း လည်း ဒေသခံများက ပြောသည်။

လက်ရှိတွင် အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် ဘုတလင်မြို့နယ် ညောင်ကန်ကျေးရွာသို့ ရောက်ရှိ နေသည့်အတွက် မောင်းထောင်၊ လည်တီ၊ ချောင်းဆုံ၊ လက်ယက်တွင်း၊ ရွာသာ၊ ဂွေးပင် စသည့် ကျေးရွာ များမှ လူဦးရေ ၁၀,၀၀၀ ကျော် စစ်ရှောင်နေကြရကြောင်း သိရသည်။

ဓာတ်ပုံ- မီးရှို့ခံရပြီးနောက် သခွတ္တနယ်ကျေးရွာ မြင်ကွင်း (CJ)
စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။စောဖေ

#ဘုတလင်
#တခွတ္တနယ်ကျေးရွာ
#Mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬5👍4😢2❤1😁1
​​မုံရွာမြို့၊ တောပုရွာမှ ပျူစောထီးများက လက်နက်ကြီးနှင့်ပစ်၍ အရပ်သား ၂ဦး သေဆုံး
====================

ပါခွီး
မဇ္စျိမ ။ ။ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောပုကျေးရွာမှ ပျူစောထီးများက လက်နက်ကြီးနှင့်ပစ်ခတ်ရာ ကြာပိုင်ကျေးရွာအတွင်းကျရောက်ပေါက်ကွဲပြီး ဒေသခံနှစ်ဦးသေဆုံးသွားကြောင်း သိရသည်။
တောပုကျေးရွာမှ ပျူစောထီးများသည် ဩဂုတ်လ ၁၃ရက် ညနေ ၆နာရီ ၃၀မိနစ်ခန့်တွင် ကြာပိုင်ကျေးရွာသို့ ၆၀မမ ဖြင့်ငါးချက်ပစ်ခတ်ခဲ့ခြင်းဟု သိရသည်။

"တောပုနဲ့ ကြာပိုင်က ရွာချင်းဆက်နေတာဗျ။ စောစောပိုင်းက သေနတ်သံတွေ ကြားလိုက်ရသေးတယ်။ပြီးတော့ ရွာဖက်ကို လက်နက်ကြီးနဲ့ပစ်တော့တာပဲ” ဟု ဒေသခံတဦးက မဇ္စျိမ ကိုပြောသည်။

ပစ်ခတ်မှုကြောင့် အသက်(၄၅)နှစ်အရွယ် အမျိုးသားနှင့် အသက်(၃၂) နှစ်အရွယ်အမျိုးသမီးသေဆုံးပြီး အမျိုးသမီးနှစ်ဦး၊ အမျိုးသားနှစ်ဦး ဒဏ်ရာရခဲ့ကြောင်းသိရသည်။ထို့အပြင် နွားနှစ်ကောင်သေဆုံးပြီး နှစ်ကောင်ဒဏ်ရာရခဲ့သည်။

သေဆုံးသွားခဲ့သူများကို ယမန်နေ့ညပိုင်းတွင် သင်္ဂြိုလ်ခဲ့ကြသည်။
တောပုကျေးရွာမှ ဒေသခံများကို စစ်ကောင်စီတပ်က စစ်သင်တန်းပေးပြီး လက်နက်တပ်ဆင်ပေးထားသောကြောင့် ပျုစောထီးအမာခံကျေးရွာအဖြစ် ဒေသတွင်း လူသိများသည်။ ထိုရွာမှပျူစောထီးများသည် ရွာအတွင်း အခိုင်အမာတပ်စွဲထားပြီး စစ်ကောင်စီစစ်ကြောင်းများတွင်လိုက်ပါခြင်းနှင့် လမ်းမများပေါ်စစ်ဆေးရေးလုပ်ရာတွင်ပါဝင်လေ့ရှိ‌ကြောင်းသိရသည်။

ကြာပိုင်ရွာအတွင်း ကျရောက်ပေါက်ကွဲသည့် လက်နက်ကြီးကျည်
စာတည်း - မောင်ကြီး

#mizzima
#မုံရွာမြို့နယ်
#တောပုကျေးရွာ
#ပျူစောထီး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢7🤬4👍3😁2❤1
ဝက်လက်မြို့နယ်တွင် စစ်ကောင်စီတပ်က တိုက်ပွဲမရှိဘဲ လက်နက်ကြီးဖြင့်ပစ်ခတ်သည့်အပြင် လေကြောင်းမှပါ တိုက်ခိုက်
😢4👍3🔥1👏1
ဝက်လက်မြို့နယ်တွင် စစ်ကောင်စီတပ်က တိုက်ပွဲမရှိဘဲ လက်နက်ကြီးဖြင့်ပစ်ခတ်သည့်အပြင် လေကြောင်းမှပါ တိုက်ခိုက်
===================

KMN
(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက် ကြီးဖြင့်ပစ်ခတ်သည့်အပြင် လေကြောင်းမှပါတိုက်ခိုက်မှုများကြောင့် ဒေသခံများထိခိုက်သေဆုံးခဲ့ရ ကြောင်း သိရသည်။

သြဂုတ်လ ၁၃ ရက်နေ့ ညနေ ၆ နာရီ ၄၅ မိနစ်ခန့်တွင် ဝက်လက်မြို့နယ်၊ ပေါက်ကန်ကျေးရွာကို စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာနှစ်စီးက လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံတဦးကပြော သည်။

“တိုက်ပွဲမရှိဘဲ ဂျက်ဖိုက်တာနှစ်စီးနဲ့ လေကြောင်းပစ်ခတ်မှု ပြုလုပ်ခဲ့တာပါ။ လူလေးဦးနဲ့ တိရိစ္ဆာန်တွေ ထိခိုက်ခဲ့တယ်လို့ သတင်းရတယ်” ဟု ဝက်လက်မြို့နယ်အခြေစိုက် Wetlet Informational Network တာဝန်ရှိသူက ဆိုသည်။

စစ်ကောင်စီတပ်၏ ဂျက်ဖိုက်တာနှစ်စီးမှပစ်ခတ်မှုကြောင့် ပေါက်ကန်ကျေးရွာစာသင်ကျောင်းနှင့် နေအိမ် အချို့ ဗုံးစထိမှန်ခဲ့ကြောင်းသိရပြီး အသေးစိတ်ကို မဇ္ဈိမကစုံစမ်းနေဆဲဖြစ်သည်။
ထို့ပြင် စစ်ကောင်စီတပ်သည် သြဂုတ်လ ၁၃ ရက်နေ့ ည ၈ နာရီ ၄၅ မိနစ်ခန့်က ရွှေဘိုမြို့နယ်အရှေ့ခြမ်း တောင်လှတောင်ပေါ်မှနေ၍ ဝက်လက်မြို့နယ်အတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်းလည်း သိရ သည်။

လက်နက်ကြီးကျည်သည် ဝက်လက်မြို့နယ်အရှေ့ခြမ်း ထုံးဘိုကုန်းရွာသို့ ကျရောက်ကာ အသက် ၁၀ နှစ် အရွယ်မိန်းကလေးတဦးနှင့် အသက် ၆၀ ခန့်အရွယ် အမျိုးသမီးတဦးတို့ကိုထိမှန်ခဲ့ပြီး ဝက်နှင့် နွားအချို့ လည်း သေဆုံးမှုရှိခဲ့ကြောင်းဆိုသည်။

စစ်ကောင်စီတပ်များသည် ဝက်လက်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေပြီး ပယ်သူကြီးကျေးရွာတွင် စိတ် ဝေဒနာသည် အမျိုးသားတဦးနှင့် မသန်စွမ်း အမျိုးသားတဦးကို သြဂုတ်လ ၁၂ ရက်နေ့က သတ်ဖြတ်ခဲ့ ကြောင်း ရွှေဘိုခရိုင်တပ်ရင်း (၁၈)မှ တပ်ရင်းမှူး ဗိုလ်စွန်ရဲက ၎င်း၏လူမူကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

Photo - Wetlet Informational Network (သြဂုတ်လ ၁၂ ရက်နေ့၊ လေကြောင်းတိုက်ခိုက်မှုကြောင့် ပေါက်ကန်ရွာတွင်းမှ ထိခိုက်မှုများ။)

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။စောဖေ

#ပေါက်ကန်ရွာ
#ရွှေဘိုခရိုင်
#ဝက်လက်မြို့နယ်
#လေကြောင်း
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬10🔥2❤1😁1😢1
This media is not supported in your browser
VIEW IN TELEGRAM
ကော်ဘရာ စစ်ကြောင်းမှူး ဗိုလ်တာဘော သေဆုံးခဲ့တဲ့ သတင်းတု ပျံ့နှံ့ခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန် - t.ly/ucUQx

#Misinformation_Buster #reels #shorts #Cobra #Fake_News
👍10😁3
​​ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ရှေးဟောင်းမြို့ရိုးဖြိုဖျက်ခံရမှုအပေါ် ပြင်းထန်စွာရှုတ်ချကြောင်း SSPP ထုတ်ပြန်
=====================

001
(မဇ္စျိမ)။ ။ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ ဆယ်လန့်ရှိ ရှမ်းဧကရာဇ်မင်းကြီး စဝ်ဆေခန်ဖ လက်ထက်က သမိုင်းဝင်ရှေးဟောင်းမြို့ရိုးကို ဩဂုတ်လ ၇ ရက်နေ့တွင် ဖြိုဖျက်ခံလိုက်ရသည့်အပေါ် ပြင်းပြင်းထန်ထန် ဆန့်ကျင်ရှုတ်ချကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)မှ ဩဂုတ်လ ၁၃ ရက် နေ့ ကထုတ်ပြန်သည်။

အဆိုပါ သမိုင်းဝင်ရှေးဟောင်းမြို့ရိုးကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)တပ်ဖွဲ့ ဝင်များက မြေထိုးစက်ဖြင့် ဖြိုဖျက်ခဲ့ခြင်းဖြစ်ကြောင်း SSPP က ပြောသည်။

သမိုင်းဝင် ရှေးဟောင်းအမွေအနှစ်များအား ဖျက်လိုဖျက်ဆီး သဘောဆောင်သည့် လုပ်ဆောင်ချက်သည် လက်ခံနိုင်စရာမရှိသည့် ကျူးလွန်မှုဖြစ်သည့်အတွက် မည်သည့်ပုဂ္ဂိုလ်၊ မည်သည့်အဖွဲ့အစည်းက ပြုလုပ် သည်ဖြစ်စေ လက်ခံမည်မဟုတ်ကြောင်း SSPP က ထုတ်ပြန်ထားသည်။

ထို့ကြောင့် ယင်းလုပ်ရပ်အပေါ် ကျေနပ်ကျေအေးမှုရှိစေရန် သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်၊ အဖွဲ့အစည်း များအနေဖြင့် ရှင်းလင်းပေးရန်တောင်းဆိုကြောင်း SSPP က ဆိုသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်သို့ ဆက်သွယ်မေးမြန်းခဲ့ ရာ နှစ်ဖက်ညှိနှိုင်းဖြေရှင်းသွားရမည်ဖြစ်ကြောင်း TNLA ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး တာအိုက် ကျော်က မဇ္ဈိမကို ပြောသည်။

လက်ရှိတွင် အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ပြည်ထောင်စုသားချင်း စုစည်းညီညွတ်ရေး အရေးတကြီး လုပ်ဆောင်ရန်လိုအပ်နေသည့်အချိန်တွင် အချင်းချင်းသွေးကွဲစေမှုမျိုး မလိုလားအပ်သည့် အပြုအမူများ မလုပ်မိစေရန် အထူးသတိထားရမည်ဖြစ်ကြောင်း SSPP ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဓာတ်ပုံ- ဖြိုဖျက်ခံရပြီးနောက် ရှေးဟောင်းမြို့ရိုး မြင်ကွင်း (sspp)
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ

#ရှမ်းပြည်နယ်
#မူဆယ်မြို့နယ်
#TNLA
#SSPP
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍12🔥2😢2👏1
​​မဒေါက်တွင် စစ်ကောင်စီတပ်က ကားပေါ်သို့လက်နက်ကြီးတင်ဆောင်ကာ အကြောင်းမဲ့ လိုက်လံပစ်ခတ်
==================

ရွှေနွယ်
(မဇ္ဈိမ)။ ။ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ မဒေါက်မြို့တွင် စစ်ကောင်စီတပ်က ကားပေါ်သို့ လက်နက် ကြီးတင်ဆောင်ကာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့လိုက်လံပစ်ခတ်နေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များ၏ပြောဆိုချက်အရ သိရသည်။

ယနေ့ ဩဂုတ်လ ၁၄ ရက် မွန်းလွဲ ၃ နာရီ ၄၅ မိနစ်ခန့်တွင် မဒေါက်မြို့၏ အနောက်ဘက်အထွက် သုဿန် အရှေ့မှနေ၍ ချောင်းကျိုးနှင့် လေးအိမ်စုကျေးရွာများဘက်သို့ ၆၀ မမ ဟုယူဆရသည့် လက်နက်ကြီးဖြင့် နှစ်ချက်ပစ်ခတ်သွားကြောင်း အထူးကွန်မန်ဒိုတပ်ရင်း−တောင်ပိုင်းတိုင်း ရိုးမစစ်ကြောင်း(၂)၏ တာဝန်ရှိ သူက မဇ္ဈိမကိုပြောသည်။

ထိုသို့ပစ်ခတ်ပြီးနောက်တွင် ကားဖြင့် ရွှေကျင်ဘက်သို့ ပြန်လည်ထွက်ခွာသွားသည်ဟု ဆိုသည်။
“အခုနောက်ပိုင်း အဲဒီလိုပဲ လုပ်နေကြတယ်။ ကားနဲ့ပတ်ပြီးတော့ ဟိုဘက်ကပစ်လိုက် ဒီဘက်ကပတ် ပစ် လိုက်နဲ့ အဲဒီလိုလုပ်နေကြတယ်။ တိုက်ပွဲဖြစ်မနေဘူး အဲဒီလိုပဲ ကားနဲ့ပတ်ပစ်နေတာ” ဟု ရိုးမစစ်ကြောင်း (၂)၏ တာဝန်ရှိသူက မဇ္ဈိမကိုပြောသည်။

အဆိုပါ ပစ်ခတ်မှုကြောင့် အင်းကပ်ပလိပ် စာသင်ကျောင်းပေါ်သို့ လက်နက်ကြီးကျည် ကျရောက်ပေါက် ကွဲကာ ဆရာမတဦးနှင့် ကျောင်းသားနှစ်ဦးဒဏ်ရာရရှိထားကြောင် ကနဦးသိရှိရသည်။
မဇ္ဈိမနေဖြင့် ဒဏ်ရာရရှိသူများ၏ နောက်ဆက်တွဲအခြေအနေနှင့် အသေးစိတ် အချက်အလက်များကို ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။

ပဲခူးတိုင်းအရှေ့ခြမ်းမြို့နယ်များတွင် စစ်ကောင်စီတပ်နှင့် ဒေသတွင်းရှိ KNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့တို့ ကြား တိုက်ပွဲများပြင်းထန်လာပြီးနောက် စစ်ကောင်စီတပ်က ယခုကဲ့သို့ လက်နက်ကြီးဖြင့်အကြောင်းမဲ့ ပစ်ခတ်ခြင်း၊ ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်း၊ လေကြောင်းမှ တိုက်ခိုက်ခြင်းနှင့် အရပ်သားများအား ဖမ်းဆီးသတ်ဖြတ်ခြင်းများကို လုပ်ဆောင်လာကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံမှသိရသည်။

ဇူလိုင်လအတွင်းက စစ်ကောင်စီတပ်ဖွဲ့၏ ဖမ်းဆီးနှိပ်စက်ခံရသည့် ဒေသခံ ၂၄ ဦးရှိပြီး ၎င်းတို့ စစ်ကြောင်း ထိုးလာစဉ် နေအိမ်များအားမီးရှို့ဖျက်ဆီးခြင်းနှင့် ဒေသခံများပိုင်ဆိုင်သည့် ပစ္စည်းများကို ယူဆောင်ခြင်း များလည်း ပြုလုပ်ခဲ့ကြောင်း ဩဂုတ်လ ၁၁ ရက်နေ့က KNU မှ ထုတ်ပြန်ထားသည်။

ထို့ပြင် ဇူလိုင်လအတွင်း စစ်ကောင်စီတပ်က ပြည်သူများကို ပစ်မှတ်ထား၍ လက်နက်ကြီးဖြင့် ပစ်ခတ်မှု အကြိမ် ၃၀၀ နီးပါးရှိခဲ့ပြီး တပ်မဟာ(၃)နယ်မြေ ညောင်လေးပင်ခရိုင်တွင် ကျောင်းသားနှစ်ဦးအပါအဝင် ဒေသခံ ၁၂ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်းနှင့် စစ်ကောင်စီတပ်၏ ဖမ်းဆီးသတ်ဖြတ်မှုကြောင့် ဒေသခံငါး ဦးသေဆုံးခဲ့ကြောင်းလည်း KNU ၏ ထုတ်ပြန်ချက်အရ သိရသည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#ပဲခူးတိုင်းအရှေးခြမ်း
#မဒေါက်မြို့
#လက်နက်ကြီး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬7❤3👍3😢2🔥1
​​နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၁၄ ဩဂုတ် ၂၀၂၃) 
====================

နိုင်ငံတစ်ဝန်း ပြည်သူ့ကာကွယ်ရေးတပ်များ နှင့် တိုင်းရင်းသားတော်လှန်ရေးတပ်များ၏ တိုက်ခိုက်မှုကြောင့် သေဆုံးမှု များပြားနေသည့် စစ်ကောင်စီတပ်သည် Non-CDM ဝန်ထမ်းများကို စစ်တပ်အရန်အင်အားအဖြစ် ဖွဲ့စည်းရန် လုပ်ဆောင်နေသည်ကို ကြည့်ပါက အင်အားယုတ်လျော့လာသည့် စစ်တပ်သည် နည်းလမ်းမျိုးစုံ ထုတ်သုံးနေသည်ကို တွေ့ရသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6🔥1😁1🤬1
​​Shiddat
=========

ဒီဇာတ်ကားလေးကတော့ အချစ်ကိုဖော်ညွှန်းတဲ့နေရာမှာ ဂန္ထဝင်မြောက်လွန်းတဲ့ ဇာတ်ကားတစ်ကားလို့ ဆိုရမှာဖြစ်ပါတယ်။
ကိုယ့်ကိုအပျော်သဘောနဲ့သာချစ်ပြီး ထားသွားခဲ့တဲ့ကောင်မလေးဆီကို ကတိအတိုင်း အခက်အခဲဒုက္ခပေါင်းများစွာ၊ မိုင်ပေါင်းများစွာ ကျော်ဖြတ်ပြီး အရောက်သွားတဲ့ ကောင်လေးတစ်ယောက်ရဲ့ အချစ်နဲ့ စိတ်ဆန္ဒပြင်းပြမှုကို ဖော်ကျူးထားပါတယ်။

အခန်းတိုင်းမှာ သုံးထားတဲ့ စကားလုံးတွေ အယူအဆတွေကလည်း ရင်ထဲရောက်စေမှာ အသေအချာပါပဲ။

ဇာတ်လမ်းကတော့ ဂျက်ကီဆိုတဲ့ကောင်လေးဟာ ကာတီကာဆိုတဲ့ ကောင်မလေးကို စွဲစွဲလမ်းလမ်း ချစ်မိသွားခဲ့တယ်။ လန်ဒန်မှာ မိဘသဘောတူထားတဲ့သူနဲ့ သုံးလကြာရင် လက်ထပ်ရတော့မဲ့ ကာတီကာကတော့ ဂျက်ကီကို အ‌ပျော်သဘောသာ သတ်မှတ်ထားတာပါ။
ဒါပေမဲ့ သုံးလကြာရင် လန်ဒန်မှာ ကျင်းပမဲ့ မင်္ဂလာပွဲကို ဂျက်ကီလိုက်လာနိုင်ရင် မင်္ဂလာပွဲကိုဖျက်သိမ်းပေးဖို့ စဉ်းစားမယ်လို့ ကာတီကာက ပြောလိုက်မိတဲ့အခါမှာတော့...

ဂျက်ကီတစ်ယောက် သုံးလအတွင်း အိန္ဒိယကနေ လန်ဒန်ကို အရောက်သွားနိုင်ဖို့ တရားဝင်ရော၊ တရားမဝင် နည်းလမ်းမျိုးစုံနဲ့ရော ကြိုးစားပါတော့တယ်။ သူ့ရဲ့ကြိုးပမ်းမှုတွေ အရာထင်အောင်မြင်မလား၊ ရှုံးနိမ့်သွားမှာလားဆိုတာကိုတော့ ဆက်လက်ကြည့်ရှုပေးပါဦးနော်။

Mizzima+ Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင်

App ဒေါင်းလော့လုပ်ရန် - http://onelink.to/jnuwak

#New ပြသမည့်ရက်။ ။၁၄.၈.၂၀၂၃
ပြသမည့် အချိန် ။ ။ ည (၈:၀၀)နာရီ
ပြန်လည်ပြသမည့်ရက်။ ။ ၁၅.၈.၂၀၂၃
အချိန်။ ။ နေ့လည် (၂:၀၀) နာရီ

(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U"
👍6🔥1🥰1
​​တွင်းနက်များနှင့် နျူထရွန်ကြယ်များကို လေ့လာသွားမည့် အိတ်စ်ရေးနာနိုဂြိုဟ်တုအသစ်
=====================

#MizzimaTV
#hightech&gadget
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤4🔥1
​​ဇရာကြောင့် အမြင်အာရုံဆုံးရှုံးမှုကို ကုသပေးနိုင်သည့် အာရ်ပီအီးဆဲလ်များ
==================

#MizzimaTV
#hightech&gadget
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤4👍3🔥2
ရွှေဘိုတွင် စစ်ကောင်စီတပ်စစ်ကြောင်း ဒရုန်းဖြင့် တိုက်ခိုက်ခံရ
=====================

ရောင်နီ (မဇ္စျိမ)။ ။စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် ဒဏ်ရာရတပ်သားနှစ်ဦးပါ၀င်သည့် စစ်ကောင်စီစစ်ကြောင်း ကို ဒရုန်းဖြင့်တိုက်ခိုက်ရာ အထိအခိုက်ရှိခဲ့ကြောင်း ရွှေဘို LPDF တပ်ဖွဲ့တာဝန်ခံ ဗိုလ်ဂျပန်ကြီးက မဇ္ဈိမ ကို ပြောသည်။

သြဂုတ်လ ၁၁ ရက်နေ့ကဖြစ်ပွားခဲ့သော ကူးတို့ဆိပ်ကျေးရွာတိုက်ပွဲတွင် ဒဏ်ရာရရှိသွားသည့် စစ်ကောင် စီတပ်ဖွဲ့ဝင်နှစ်ဦးပါ စစ်ကြောင်းသည် သြဂုတ်လ ၁၂ ရက်နေ့က ပျူစောထီးများနှင့်ပူးပေါင်းကာ မင်းဘေး ကျေးရွာချောင်းကို ဖြတ်ကူးရန်ပြင်ဆင်နေစဥ် ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခံခဲ့ရခြင်း ဖြစ်သည်။

“အရင်ရက်တုန်းက ကူးတို့ဆိပ်ပျူရွာကို ကာကွယ်ရေးတပ်ဖွဲ့တွေ ၀င်တိုက်တာရှိတယ်၊ တနေကုန်ပစ်ကြ တာ။ အဲဒီတိုက်ပွဲမှာ စစ်ကူလာပြီး ဒဏ်ရာရတဲ့ စစ်ကောင်စီတပ်သားတွေကို ပျူစောထီးတွေက ပြန်လိုက် ပို့တဲ့အချိန် ဒရုန်းနဲ့ ၆၀ မမ ဗုံးသီးနှစ်လုံးချပြီး တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်” ဟု တပ်ဖွဲ့တာ၀န်ခံ ဗိုလ်ဂျပန် ကြီးက မဇ္စျိမကို ပြောသည်။

စစ်ကောင်စီတပ်နှင့် ပျူစောထီးများသည် ညောင်ကိုင်း၊ တည်သီးတောကျေးရွာသို့သွားရောက်ရန် ကာကွယ်ရေးတပ်ဖွဲ့များ ဖြတ်တောက်ထားသည့် မင်းဘေးချောင်းတံတားအောက်မှ လှေပေါ်သို့အတက် တွင် တိုက်ခိုက်ခံရခြင်း ဖြစ်သည်။

ထိုတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့၀င်များ ထိခိုက်မှုရှိနိုင်သော်လည်း အသေးစိတ်ကို မသိရသေး ကြောင်း ကာကွယ်ရေးတပ်ဖွဲ့က ဆိုသည်။

ယင်းတရက်တည်းမှာပင် ဇီးဖြူကုန်းကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ထံ ရိက္ခာလာပို့သည့် စစ်ကောင်စီစစ်ကြောင်းကိုလည်း ကာကွယ်ရေးတပ်ဖွဲ့များက ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“ ဇီးဖြူကုန်းကစစ်ကောင်စီတပ်ကို ထောက်ပို့လာတဲ့စစ်ကြောင်း အထုပ်အပိုးတွေချနေတဲ့အချိန် ဗုံးသီး နှစ်လုံး ကြဲချခဲ့တာပါ၊ သူတို့ လူအုပ်ထဲ အတိအကျ ပေါက်ကွဲသွားပါတယ်၊ သုံးကောင်သေပြီး နှစ်ကောင် ဒဏ်ရာရပါတယ်” ဗိုလ်ဂျပန်ကြီးက ပြောသည်။

အဆိုပါတိုက်ခိုက်မှုများကို ဗိုလ်ဂျပန်ကြီး ပြည်သူ့ကာကွယ်ရေးတပ် - ဗိုလ်ဂျပန်ကြီး-ရွှေဘို LPDF အဖွဲ့ အပါအ၀င် ကာကွယ်ရေးတပ်ဖွဲ့ကိုးဖွဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ ကြောင်း သတင်းထုတ်ပြန်ထားသည်။

လက်ရှိတွင်လည်း ကာကွယ်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှုများ ဆက်တိုက်ခံနေရသည့် စစ်ကောင်စီတပ် က ရွှေဘိုမြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကြောင်းထိုးရန်ပြင်ဆင်နေကြောင်း ဒေသတွင်း သတင်း ရင်းမြစ်များက ပြောသည်။

စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။စောဖေ

https://youtu.be/QsW_FPgleXY

#ရွှေဘို
#ဒရုန်း
#Mizzima
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍12❤2😁2
​​မက္ကဆီကိုမြို့လယ်၌ နှစ်ပေါင်း ၁၅၀၀ ကြာ ပျောက်ဆုံးနေသည့် တဲတီဟွာကန်ကျေးရွာအား တွေ့ရှိ
=====================

#MizzimaTV
#hightech&gadget
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍3❤1🔥1
​​လက်စွပ်ကွင်းနက်ဗျူလာကို အနုစိတ်ရိုက်ကူးပေးခဲ့သည့် ဂျိမ်းစ်ဝက်ဘ်တယ်လီစကုပ်
=====================

#MizzimaTV
#hightech&gadget
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤2🔥1
This media is not supported in your browser
VIEW IN TELEGRAM
Aug - 14 [ 7 Pm ] The Mizzima Primetime

Mizzima Headline News

#7pmnews #themizzimaprimetime #reels #shorts
👍3🍌2