Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၁၄ ဩဂုတ် ၂၀၂၃) 
====================

နိုင်ငံတစ်ဝန်း ပြည်သူ့ကာကွယ်ရေးတပ်များ နှင့် တိုင်းရင်းသားတော်လှန်ရေးတပ်များ၏ တိုက်ခိုက်မှုကြောင့် သေဆုံးမှု များပြားနေသည့် စစ်ကောင်စီတပ်သည် Non-CDM ဝန်ထမ်းများကို စစ်တပ်အရန်အင်အားအဖြစ် ဖွဲ့စည်းရန် လုပ်ဆောင်နေသည်ကို ကြည့်ပါက အင်အားယုတ်လျော့လာသည့် စစ်တပ်သည် နည်းလမ်းမျိုးစုံ ထုတ်သုံးနေသည်ကို တွေ့ရသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6🔥1😁1🤬1
​​Shiddat
=========

ဒီဇာတ်ကားလေးကတော့ အချစ်ကိုဖော်ညွှန်းတဲ့နေရာမှာ ဂန္ထဝင်မြောက်လွန်းတဲ့ ဇာတ်ကားတစ်ကားလို့ ဆိုရမှာဖြစ်ပါတယ်။
ကိုယ့်ကိုအပျော်သဘောနဲ့သာချစ်ပြီး ထားသွားခဲ့တဲ့ကောင်မလေးဆီကို ကတိအတိုင်း အခက်အခဲဒုက္ခပေါင်းများစွာ၊ မိုင်ပေါင်းများစွာ ကျော်ဖြတ်ပြီး အရောက်သွားတဲ့ ကောင်လေးတစ်ယောက်ရဲ့ အချစ်နဲ့ စိတ်ဆန္ဒပြင်းပြမှုကို ဖော်ကျူးထားပါတယ်။

အခန်းတိုင်းမှာ သုံးထားတဲ့ စကားလုံးတွေ အယူအဆတွေကလည်း ရင်ထဲရောက်စေမှာ အသေအချာပါပဲ။

ဇာတ်လမ်းကတော့ ဂျက်ကီဆိုတဲ့ကောင်လေးဟာ ကာတီကာဆိုတဲ့ ကောင်မလေးကို စွဲစွဲလမ်းလမ်း ချစ်မိသွားခဲ့တယ်။ လန်ဒန်မှာ မိဘသဘောတူထားတဲ့သူနဲ့ သုံးလကြာရင် လက်ထပ်ရတော့မဲ့ ကာတီကာကတော့ ဂျက်ကီကို အ‌ပျော်သဘောသာ သတ်မှတ်ထားတာပါ။
ဒါပေမဲ့ သုံးလကြာရင် လန်ဒန်မှာ ကျင်းပမဲ့ မင်္ဂလာပွဲကို ဂျက်ကီလိုက်လာနိုင်ရင် မင်္ဂလာပွဲကိုဖျက်သိမ်းပေးဖို့ စဉ်းစားမယ်လို့ ကာတီကာက ပြောလိုက်မိတဲ့အခါမှာတော့...

ဂျက်ကီတစ်ယောက် သုံးလအတွင်း အိန္ဒိယကနေ လန်ဒန်ကို အရောက်သွားနိုင်ဖို့ တရားဝင်ရော၊ တရားမဝင် နည်းလမ်းမျိုးစုံနဲ့ရော ကြိုးစားပါတော့တယ်။ သူ့ရဲ့ကြိုးပမ်းမှုတွေ အရာထင်အောင်မြင်မလား၊ ရှုံးနိမ့်သွားမှာလားဆိုတာကိုတော့ ဆက်လက်ကြည့်ရှုပေးပါဦးနော်။

Mizzima+ Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင်

App ဒေါင်းလော့လုပ်ရန် - http://onelink.to/jnuwak

#New ပြသမည့်ရက်။ ။၁၄.၈.၂၀၂၃
ပြသမည့် အချိန် ။ ။ ည (၈:၀၀)နာရီ
ပြန်လည်ပြသမည့်ရက်။ ။ ၁၅.၈.၂၀၂၃
အချိန်။ ။ နေ့လည် (၂:၀၀) နာရီ

(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U"
👍6🔥1🥰1
​​တွင်းနက်များနှင့် နျူထရွန်ကြယ်များကို လေ့လာသွားမည့် အိတ်စ်ရေးနာနိုဂြိုဟ်တုအသစ်
=====================

#MizzimaTV
#hightech&gadget
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤4🔥1
​​ဇရာကြောင့် အမြင်အာရုံဆုံးရှုံးမှုကို ကုသပေးနိုင်သည့် အာရ်ပီအီးဆဲလ်များ
==================

#MizzimaTV
#hightech&gadget
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤4👍3🔥2
ရွှေဘိုတွင် စစ်ကောင်စီတပ်စစ်ကြောင်း ဒရုန်းဖြင့် တိုက်ခိုက်ခံရ
=====================

ရောင်နီ (မဇ္စျိမ)။ ။စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် ဒဏ်ရာရတပ်သားနှစ်ဦးပါ၀င်သည့် စစ်ကောင်စီစစ်ကြောင်း ကို ဒရုန်းဖြင့်တိုက်ခိုက်ရာ အထိအခိုက်ရှိခဲ့ကြောင်း ရွှေဘို LPDF တပ်ဖွဲ့တာဝန်ခံ ဗိုလ်ဂျပန်ကြီးက မဇ္ဈိမ ကို ပြောသည်။

သြဂုတ်လ ၁၁ ရက်နေ့ကဖြစ်ပွားခဲ့သော ကူးတို့ဆိပ်ကျေးရွာတိုက်ပွဲတွင် ဒဏ်ရာရရှိသွားသည့် စစ်ကောင် စီတပ်ဖွဲ့ဝင်နှစ်ဦးပါ စစ်ကြောင်းသည် သြဂုတ်လ ၁၂ ရက်နေ့က ပျူစောထီးများနှင့်ပူးပေါင်းကာ မင်းဘေး ကျေးရွာချောင်းကို ဖြတ်ကူးရန်ပြင်ဆင်နေစဥ် ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခံခဲ့ရခြင်း ဖြစ်သည်။

“အရင်ရက်တုန်းက ကူးတို့ဆိပ်ပျူရွာကို ကာကွယ်ရေးတပ်ဖွဲ့တွေ ၀င်တိုက်တာရှိတယ်၊ တနေကုန်ပစ်ကြ တာ။ အဲဒီတိုက်ပွဲမှာ စစ်ကူလာပြီး ဒဏ်ရာရတဲ့ စစ်ကောင်စီတပ်သားတွေကို ပျူစောထီးတွေက ပြန်လိုက် ပို့တဲ့အချိန် ဒရုန်းနဲ့ ၆၀ မမ ဗုံးသီးနှစ်လုံးချပြီး တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်” ဟု တပ်ဖွဲ့တာ၀န်ခံ ဗိုလ်ဂျပန် ကြီးက မဇ္စျိမကို ပြောသည်။

စစ်ကောင်စီတပ်နှင့် ပျူစောထီးများသည် ညောင်ကိုင်း၊ တည်သီးတောကျေးရွာသို့သွားရောက်ရန် ကာကွယ်ရေးတပ်ဖွဲ့များ ဖြတ်တောက်ထားသည့် မင်းဘေးချောင်းတံတားအောက်မှ လှေပေါ်သို့အတက် တွင် တိုက်ခိုက်ခံရခြင်း ဖြစ်သည်။

ထိုတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့၀င်များ ထိခိုက်မှုရှိနိုင်သော်လည်း အသေးစိတ်ကို မသိရသေး ကြောင်း ကာကွယ်ရေးတပ်ဖွဲ့က ဆိုသည်။

ယင်းတရက်တည်းမှာပင် ဇီးဖြူကုန်းကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ထံ ရိက္ခာလာပို့သည့် စစ်ကောင်စီစစ်ကြောင်းကိုလည်း ကာကွယ်ရေးတပ်ဖွဲ့များက ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“ ဇီးဖြူကုန်းကစစ်ကောင်စီတပ်ကို ထောက်ပို့လာတဲ့စစ်ကြောင်း အထုပ်အပိုးတွေချနေတဲ့အချိန် ဗုံးသီး နှစ်လုံး ကြဲချခဲ့တာပါ၊ သူတို့ လူအုပ်ထဲ အတိအကျ ပေါက်ကွဲသွားပါတယ်၊ သုံးကောင်သေပြီး နှစ်ကောင် ဒဏ်ရာရပါတယ်” ဗိုလ်ဂျပန်ကြီးက ပြောသည်။

အဆိုပါတိုက်ခိုက်မှုများကို ဗိုလ်ဂျပန်ကြီး ပြည်သူ့ကာကွယ်ရေးတပ် - ဗိုလ်ဂျပန်ကြီး-ရွှေဘို LPDF အဖွဲ့ အပါအ၀င် ကာကွယ်ရေးတပ်ဖွဲ့ကိုးဖွဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ ကြောင်း သတင်းထုတ်ပြန်ထားသည်။

လက်ရှိတွင်လည်း ကာကွယ်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှုများ ဆက်တိုက်ခံနေရသည့် စစ်ကောင်စီတပ် က ရွှေဘိုမြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကြောင်းထိုးရန်ပြင်ဆင်နေကြောင်း ဒေသတွင်း သတင်း ရင်းမြစ်များက ပြောသည်။

စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။စောဖေ

https://youtu.be/QsW_FPgleXY

#ရွှေဘို
#ဒရုန်း
#Mizzima
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍12❤2😁2
​​မက္ကဆီကိုမြို့လယ်၌ နှစ်ပေါင်း ၁၅၀၀ ကြာ ပျောက်ဆုံးနေသည့် တဲတီဟွာကန်ကျေးရွာအား တွေ့ရှိ
=====================

#MizzimaTV
#hightech&gadget
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍3❤1🔥1
​​လက်စွပ်ကွင်းနက်ဗျူလာကို အနုစိတ်ရိုက်ကူးပေးခဲ့သည့် ဂျိမ်းစ်ဝက်ဘ်တယ်လီစကုပ်
=====================

#MizzimaTV
#hightech&gadget
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤2🔥1
This media is not supported in your browser
VIEW IN TELEGRAM
Aug - 14 [ 7 Pm ] The Mizzima Primetime

Mizzima Headline News

#7pmnews #themizzimaprimetime #reels #shorts
👍3🍌2
​​နေမာအပြောင်းအရွှေ့သတင်း - အယ်လ်-ဟီလာအသင်းဟာ ဘရာဇီးတိုက်စစ်ကစားသမားအတွက် ပဲရစ်စိန့်ဂျာမိန်းနဲ့ သဘောတူညီမှုရ
====================

ပီအက်စ်ဂျီအသင်းဟာ ဘရာဇီးလ်တိုက်စစ်ကစားသမား နေမာကို ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်-ဟီလာဆီ ယူရိုသန်း ၉၀ (ပေါင် ၇၇.၆ သန်း) အပြင် add-ons ကြေးဖြင့် ရောင်းချဖို့ သဘောတူညီမှုရရှိခဲ့ပြီဖြစ်ပါတယ်။

အသက်၃၁ နှစ်အရွယ် ကစားသမားရဲ့ အပြောင်းရွှေ့မှာ ဆေးဘက်ဆိုင်ရာနဲ့ လိုအပ်တဲ့ စာရွက်စာတမ်းအားလုံး ပြီးမြောက်တဲ့အပေါ် မူတည်ပါတယ်။

ပီအက်စ်ဂျီအသင်းကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ယူရို ၂၂၂ သန်းဖြင့် ၂၀၁၇ မှာ ရောက်ရှိခဲ့တဲ့ နေမာဟာ စနေနေ့က လော်ရီယန့်နဲ့ လီဂူ-၁ ပွဲစဉ်မှာ အသင်းလူစာရင်းကနေ ချန်ရစ်ခံခဲ့ရပါတယ်။
သူသည် ရာသီသစ်အတွက် နည်းပြ အင်းနရစ်ရဲ့ အစီအစဉ်တွေရဲ့ အစိတ်အပိုင်းမှာ မပါဝင်ခဲ့ပါဘူး။

Ref; BBC

#neymar
#AlHilal
#PSG
#mizzima
😁4👍2
ဒေါက်တာမီမီဝင်းဘတ်- "စစ်ကောင်စီဟာ ရာဇဝတ်ဂိုဏ်းပဲ"
=================

အာဆီယံအခြေခံမူတွေကိုပြည့်မီအောင်လုပ်ပါမယ်ဟု မြန်မာ အာဏာသိမ်းစစ်ခေါင်းဆောင်က ပြောဆိုမှုအပေါ် "ရယ်စရာ" ဟု မြန်မာအရေးအကဲခတ် အမေရိကန် အငြိမ်းစား ဗိုလ်မှူးကြီး ဒေါက်တာမီမီဝင်းဘတ်က မဇ္ဈိမနှင့် Exclusive Interview တွင် ထဲ့သွင်းပြောဆိုသည်။

https://youtu.be/a2BZswSyvEg

#ဒေါက်တာမီမီဝင်းဘတ်
#အာဆီယံ
#မင်းအောင်လှိုင်
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍16😁2❤1
ဩဂုတ်လ (၁၄) ရက် ၊ ည ၇ နာရီ The Mizzima Primetime မဇ္စျိမပင်မသတင်းအစီအစဥ်
====================

- စစ်ကောင်စီနဲ့ နီးစပ်တဲ့ ရွှေဗျိုင်းဖြူစက်သုံးဆီကုမ္ပဏီ ဖျက်သိမ်းလိုက် တဲ့သတင်း

- ဖားကန့် မြေစာပုံပြိုကျမှု ၃၄ ဦးထက်မနည်း ပျောက်ဆုံးနေတဲ့သတင်း

- တိုင်းနှင့်ပြည်နယ် ၅ ခု ထပ်မံ မိုးကြီးနိုင်တဲ့သတင်း

- မြဝတီ-ကော့ကရိတ် လမ်းဟောင်းကို အတက် ၁ ရက်၊ အဆင်း ၁ ရက် အသွားအလာပြုလုပ်ဖို့ သတ်မှတ်တဲ့ သတင်း

- အာဆီယံပါလီမန်များညီလာခံ AIPA အဖွဲ့ မြန်မာနိုင်ငံကိုသွားဖို့ ပြင်ဆင်နေတဲ့သတင်းနဲ့

- ဟာဝိုင်အီမှာ သေဆုံးသူ ၉၃ ဦးထိမြင့်တက်လာတဲ့ မီးလောင်ကျွမ်းမှုအတွက် တရားဝင်သတိပေးချက်တွေ မရရှိခဲ့ကြောင်း ဒေသခံတွေပြောတဲ့သတင်းတွေအပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးပါမယ်။

https://www.youtube.com/live/6EaOipyQ3Dg?feature=share

#7pmnews
#themizzimaprimetime
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍6😁3🔥2👎1
​​ရှမ်းပြည်နယ်တောင်ပိုင်းတွင် လိုအပ်ပါက ပြည်သူ့စစ်ဖွဲ့ရန် Non CDM ဝန်ထမ်းစာရင်း ပြုစုတင်ပြရန် စစ်ကောင်စီညွှန်ကြား
=====================

ဂျူချန်း
(မဇ္ဈိမ)။ ။ရှမ်းပြည်နယ်တောင်ပိုင်း၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း လိုအပ်ပါက ပြည်သူ့စစ် ဖွဲ့စည်းရန် စစ်ကောင်စီ လက်အောက်ခံဝန်ထမ်းများစာရင်းကို ဩဂုတ်လ ၁၇ ရက်နေ့ နောက်ဆုံးထား ပြုစုတင်ပြရန် ညွှန်ကြားထားကြောင်း သိရသည်။

တောင်ကြီးခရိုင်၊ ကလောခရိုင်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့ တွင်ရှိသည့် Non CDM ဝန်ထမ်းစာရင်းပြုစုရန် ညွှန်ကြားထားသည့်စာ ပေါက်ကြားလာခြင်းဖြစ်သည်။

“အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း ပြည့်သူ့စစ်မဟာဗျူဟာဖော်ဆောင်ရန်အတွက် တပ်မတော် ၏ အရန်အင်အားများ ပြည်သူ့စစ်တပ်ရင်းအသွင်ဖွဲ့စည်းခြင်း၊ အင်အား အခြေအနေပေါ်မူတည်၍ တာဝန် ခွဲဝေပေးခြင်းနှင့် အရေးကြုံလာပါက အရန်အင်အားများဖြင့် ဖွဲ့စည်းတာဝန်ပေးအပ်မည့် အစီချက် ရေးဆွဲ တင်ပြရမည် ” ဟု ယင်းပေါက်ကြားလာသည့်စာအတွင်း ရေးသားထားသည်။

အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းရှိ ရဲတပ်ဖွဲ့ဝင်များမှအပ ခရိုင်ရုံးနှင့် မြို့နယ်အလိုက် ဝန်ထမ်း စာရင်းများအားပြုစုပေးရန် ရှမ်းပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိန်ဝင်း၏ လက်မှတ်ဖြင့် ဌာနဆိုင်ရာရုံးများသို့ ယခုလဆန်းပိုင်းတွင် ပေးပို့ထားခြင်း ဖြစ်သည်။

စစ်ကောင်စီသည် နိုင်ငံတဝှမ်း စစ်မျက်နှာဖွင့်ထားရသဖြင့် ရှမ်းပြည်နယ်တောင်ပိုင်းရှိ ဒေသများအား ထိန်းချုပ်နိုင်ရန် အင်အားမလုံလောက်မှုကြောင့် ယခုကဲ့သို့ပြည်သူ့စစ်ဖွဲ့ရန်အတွက် Non CDM ဝန်ထမ်း စာရင်းများ ကောက်ယူခြင်းဖြစ်ကြောင်း ရွာငံမှ ဒေသခံ သတင်းရင်းမြစ်တဦးက ပြောသည်။

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယ၊ ရွာငံတွင် စစ်အာဏာသိမ်းစကာလ၌ ဝန်ထမ်းအများစု CDM လုပ်ကြသော်လည်း အချို့သည်အကြောင်းအမျိုးမျိုးကြောင့် စစ်ကောင်စီလက်အောက်တွင် အလုပ်ပြန် လုပ်နေကြသည်။

ယခုကဲ့သို့ ပြည်သူ့စစ်လုပ်ရန် စာရင်းကောက်ယူခြင်းနှင့်ပတ်သက်၍ Non CDM ဝန်ထမ်းများလည်း မကျေနပ်ကြကြောင်း ဒေသခံကရှင်းပြသည်။

“ဘာလို့ဆို သူတို့လည်းအစကတည်းက စစ်ကောင်စီကိုမကြိုက်ကြတာ အမှန်ပဲပေါ့နော်။ မတတ်သာလို့ သာ Non CDM ပြန်ဖြစ်သွားကြတာ ” ဟု ရွာငံမှ သတင်းရင်းမြစ်က ပြောသည်။

ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး (DPLF) မှ တာဝန်ရှိသူတဦးကလည်း စစ်ကောင်စီလက်အောက်တွင် အလုပ်လုပ်နေကြသည့် Non CDM ဝန်ထမ်းများအနေဖြင့် ပြည်သူဘက် (သို့မဟုတ်) စစ်ကောင်စီဘက်၌ ရပ်တည်ရန် တရားဝင်ရွေးချယ် ဆုံးဖြတ်ရမည့်အချိန်ရောက်ရှိပြီဟု သတိပေးသည်။

“ဒီအချိန်မှာ ထွက်စာတင်တာ CDM လုပ်တာတွေမီပါသေးတယ်။ NON CDM တွေအနေနဲ့ ပြည်သူ့ဖက် ကရပ်တည်မလား စကစအလိုကျ ရှေ့ဆက်တာ၀န်ထမ်းမလားဆိုတာ တရား၀င်တိတိပပ ဆုံးဖြတ်ရမယ့် အချိန်ဆိုတာ Non CDM တွေ ကောင်းကောင်းသိပါလိမ့်မယ် ” ဟု DPLF မှ တာဝန်ရှိသူတဦးက မဇ္ဈိမကို ပြောသည်။
အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေများဖြစ်သည့် တောင်ကြီး၊ ကလော၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများတွင် လတ်တလော၌ စစ်ကောင်စီနှင့် တော်လှန်ရေး အင်အားစု များကြား တိုက်ပွဲပြင်းထန်ခြင်းမရှိပေ။

သို့သော် ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး (DPLF) ဖွဲ့စည်းထားကြောင်း ဇူလိုင်လ ၂၉ ရက်က ကြေညာ ပြီးနောက်ပိုင်းတွင် စစ်ကောင်စီမှ လုံခြုံရေးတိုးမြှင့်ကာ ရွာငံ၊ ပင်းတယနယ်ဘက်တွင် အိမ်မီးရှို့ခြင်း ဒေသခံများအား ဖမ်းဆီးခြင်းများ ပြုလုပ်လာကြောင်းသိရသည်။

ဓါတ်ပုံ- ရှမ်းတောင်ရှိ ဝန်ထမ်းများ စာရင်းပြုစုရန် ညွှန်ကြားစာ
စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။စောဖေ

#ဓနု
#ရှမ်းပြည်တောင်ပိုင်း
#ပြည်သူ့စစ်
#Non_CDM
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍11🔥3👏3❤1
မဇ္ဈိမ ၂၅ နှစ်ပြည့် အထိမ်းအမှတ် “မီဒီယာလောက စိန်ခေါ်မှု၊ အခက်အခဲ” Talk Show
=======================

Mizzima သတင်းဌာန တည်ထောင်ခြင်း ၂၅ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် “မီဒီယာလောက စိန်ခေါ်မှု၊ အခက်အခဲ” တွေအကြောင်းကို မဇ္ဈိမ သတင်းထောက်တွေက ဆွေးနွေးထားပါတယ်။

https://youtu.be/zF-d9STzNRw

#Mizzima25
#မီဒီယာ
#Talk
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍6👎1🍌1
KNU ရဲ့ နိုင်ငံရေး စစ်ရေးအရွှေ့ဟာ စစ်ကောင်စီကို ဘယ်လောက်ခြိမ်းခြောက်နိုင်သလဲ (Editorial Talk)
====================

ဒီတစ်ပတ်မှာတော့ “KNU ရဲ့ နိုင်ငံရေး စစ်ရေးအရွှေ့ဟာ စစ်ကောင်စီကို ဘယ်လောက်ခြိမ်းခြောက်နိုင်သလဲ”ဆိုတာနဲ့ပတ်သက်ပြီး သတင်းခန်းစီးမံခန့်ခွဲမှု အယ်ဒီတာ ဦးစိန်ဝင်းနဲ့ မဇ္ဈိမ သတင်းထောက် ဂျူချန်းတို့က ဆွေးနွေးထားပါတယ်။

https://youtu.be/tg8qFvCiu2I

#Editorialtalk
#Mizzima
#KNU
#စစ်ကောင်စီ
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍4❤1😁1🍌1
ဩဂုတ်လ (၁၄) ရက်၊ တနင်္လာနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
===================

ဒီကနေ့ညမှာတော့ .............

အာဆီယံပါလီမန်များညီလာခံ AIPA အဖွဲ့ မြန်မာနိုင်ငံကိုသွားဖို့ ပြင်ဆင်နေတယ်ဆိုတဲ့

သတင်းအပါအဝင် ရှမ်းပြည်မြောက်ပိုင်းမှာရှိတဲ့ ရှေးဟောင်းမြို့ရိုးဖြိုဖျက်ခံရမှုအပေါ် ပြင်းပြင်းထန်ထန် ရှုတ်ချတယ်လို့ SSPP ထုတ်ပြန်လိုက်တယ် ဆိုတဲ့ အကြောင်းတွေပါဝင်တဲ့ နောက်ဆုံးရပြည်တွင်း၊ စီးပွားရေးသတင်းတွေကိုနားဆင်ရမှာဖြစ်ပြီး နိုင်ငံတကာသတင်းတွေဘက်မှာတော့ အိန္ဒိယပါလီမန်မှာ မိုဒီအစိုးရကို အယုံအကြည်မရှိကြောင်းအဆိုတင်သွင်းမှုရှံးနိမ့်သွားတယ်ဆိုတဲ့ သတင်းတွေကိုကြားကြရမှာပါ။

အဲဒါပြီးရင်တော့ အားကစားသတင်းတွေ၊ သတင်းသုသပ်ချက်၊ ဒီကနေ့ရဲ့ရွှေဈေးငွေဈေးတွေအပါအဝင် ကုန်‌‌ဈေးနှုန်းတွေကိုလည်း နားဆင်ရဖို့ရှိပါတယ်။

အဲ့ဒီနောက်မှာတော့ အပတ်စဉ်ကဏ္ဍအဖြစ် “Mizzima Editorial Tlak” အစီအစဉ်ကို နားဆင်ကြရမှာပါ။

https://youtu.be/0TvwHCj7MNY

#eveningradio
#mizzimaradio
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍6🔥1😁1
လက်ခတ်တောင်စခန်းကို ပြန်လည်ရရှိရန် အပြင်းအထန်ကြိုးပမ်းနေသော စစ်ကောင်စီတပ် တောင်ခြေ အနားပင်မရောက်နိုင်ဘဲ သေဆုံးထိခိုက်မှု များပြားနေ
👍20❤1😁1🥱1
လက်ခတ်တောင်စခန်းကို ပြန်လည်ရရှိရန် အပြင်းအထန်ကြိုးပမ်းနေသော စစ်ကောင်စီတပ် တောင်ခြေ အနားပင်မရောက်နိုင်ဘဲ သေဆုံးထိခိုက်မှု များပြားနေ
=====================

သွင်ထူးဈာန်
ကော်သူးလေ(မဇ္စျိမ)။ ။ကရင်ပြည်နယ်၊ မြဝတီမြို့အနီးရှိ လက်ခတ်တောင်စခန်းကုန်းကို ပြန်လည်ရရှိ ရန် စစ်ကောင်စီတပ်မှ အပြင်းအထန်ထိုးစစ်ဆင်နေသော်လည်း တောင်ခြေအနားပင် မရောက်နိုင်ဘဲ သေဆုံးထိခိုက်မှုများနေကြောင်း ကော်ဘရာစစ်ကြောင်းက မဇ္စျိမကိုပြောသည်။

စစ်ကောင်စီတပ်သည် ဇူလိုင်လ ၂၄ ရက်နေ့မှစတင်ကာ ဩဂုတ်လ ၁၃ ရက်နေ့အထိ အင်အား အများ အပြားဖြင့် ၁၀ ကြိမ်ထက်မနည်း စစ်ကြောင်းထိုးနေခြင်း ဖြစ်သည်။

ယခုထိတွေ့တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ဗိုလ်ကြီးနှစ်ဦးအပါအဝင် ၁၇ ဦး သေဆုံးခဲ့ပြီး ၃၄ ဦး ထိခိုက် ဒဏ်ရာရရှိသွားကြောင်း ကော်ဘရာစစ်ကြောင်းထံမှ သိရသည်။

တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှလည်း Drone တစီးပျက်စီးကာ ရှစ်ဦးဒဏ်ရာရပြီး တဦးကျဆုံးခဲ့ကြောင်း ကော်ဘရာစစ်ကြောင်းက ပြောသည်။

“ဒီ လက်ခတ်တောင်စခန်းကုန်းကို စကစဘက်ကပြန်ရဖို့ အရင်းအနှီးကြီးမယ်။ ဒီနေရာက ဗျူဟာအရ အရမ်းသာတယ်၊ အပေါ်စီးကနေ အကုန်လုံးကို မြင်ရတယ်၊ ဒီစခန်းကုန်းကို သူတို့ပြန်ရမယ်ဆိုရင်တောင် သူတို့အတော်သေပြီးမှ ပြန်ရလိမ့်မယ်၊ စစ်သုံးစရိတ်အများကြီးသုံးရလိမ့်မယ်”ဟု CDM ဗိုလ်ကြီးတဦးက ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းကလည်း လက်ခတ်တောင်စခန်းကုန်းကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် စစ်ကြောင်းမှ ဒုတပ်ကြပ် တဦးနှင့် တပ်သားတဦး လက်နက်ခဲယမ်းများနှင့်အတူ တော်လှန်ရေးတပ်ဖွဲ့ထံ လာရောက်ပူးပေါင်းခဲ့သည်။
ယင်းကဲ့သို့ တိုက်ပွဲများပြင်းထန်နေချိန်၌ လူမှုကွန်ရက်အချို့တွင် ကော်ဘရာစစ်ဆင်ရေးမှူး ဗိုလ်ဒါဘော သေဆုံးသည်ဆိုသည့် သတင်းအတုကိုလည်း စစ်ကောင်စီထောက်ခံသူများက ဖြန့်ဝေခဲ့သည်။

“သူတို့က လက်ခတ်တောင်ကို တက်သိမ်းရမှာဖြစ်တယ်။ သူတို့ရဲဘော်က ဗိုလ်ဒါဘော်ဆိုရင် သေအောင် ကြောက်တဲ့ အနေထားမှာ ရှိတယ်။ အဲဒီတော့ စကစရဲ့ ဗိုလ်မှူး အရာရှိ စစ်ဆင်ရေးကွပ်ကဲမယ့်သူတွေက သူတို့ရဲဘော်တွေကို ဗိုလ်ဒါဘောမရှိဘူးဆိုတဲ့ အကြောင်းတွေကို ကောလဟာလပြောပြီးတော့ တက်ခိုင်း တာ။ စိတ်ဓာတ်စစ်ဆင်ရေးအနေနဲ့ ကောလာဟလ သတင်းဖြန့်နေတာ”ဟု ကော်ဘရာစစ်ကြောင်း (၁) မှ စစ်ကြောင်းမှူး ဗိုလ်စောကိုက ပြောသည်။

အဆိုပါ လက်ခတ်တောင်တိုက်ပွဲတွင် ၄၀ မမ ရှစ်လုံး၊ M16 A2 နှစ်လက်၊ M16 ကျည်ဘောက် ၁၀ ခု၊ ကာဘိုင်ကျည် ၁၈၈ တောင့်၊ ကာဘိုင်ကျည်ဘောက် ခြောက်ခု၊ NATO ကျည် ၉၃ တောင့်၊ ခြေနင်းမိုင်း တလုံး၊ စကစ ၅.၅၆ ကျည် ၁၃၀ တောင့်၊ ၅.၅၆ ကျည် ၆၈၈ တောင့်၊ AK ကျည် ခုနစ်တောင့်ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ သိမ်းဆည်းရရှိခဲ့သည်။

ဇူလိုင်လ ၂၁ ရက်နေ့က စစ်ကောင်စီတပ်နှင့် ကရင်နယ်ခြားစောင့်တပ်(BGF)တို့ ပူးတွဲ အထိုင်ချထားသည့် လက်ခတ်တောင်စခန်းကုန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဖြစ်သည့် ကော်ဘရာစစ်ကြောင်း(၁)၊ ကျားသစ်နက်စစ်ကြောင်း၊ federal wingsတို့မှ တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်း ဖြစ်သည်။

စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။စောဖေ

#လက်ခတ်တောင်
#စစ်ကြောင်းထိုး
#mizzima

ဓာတ်ပုံ- ပူးပေါင်းလာသော စစ်ကောင်စီ တပ်သားနှင့် သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများကို တွေ့ရစဉ်

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍20👏6😁3❤1
​​ကျောက်ပန်းတောင်းတွင် ကြံ့ခိုင်ရေးပါတီ စည်းရုံးရေးမှူး ပစ်ခတ်ခံရ
===================

007
(မဇ္စျိမ) ။ ။ မန္တတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်၊ တံခွန်တိုင်ကျေးရွာမှ ကြံ့ခိုင်ရေးပါတီ စည်းရုံးရေးမှူး ဦးသိန်းမြင့်သည် ဩဂုတ်လ ၁၃ ရက်နေ့ နံနက် ၁၁ နာရီခန့်က သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ ရသည်။

၎င်းသည် မိန်းမဖြစ်သူနှင့် လယ်တောမှ နွားလှည်းဖြင့် နေအိမ်သို့ပြန်လာစဉ် အိမ်အပြန်လမ်းမှာ သေနတ်ပစ်ခတ် ခံလိုက်ရခြင်းဖြစ်ပြီး အသက်မသေဆုံးကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသော ကြံ့ခိုင်ရေးပါတီဝင် တစ်ဦးက မဇ္ဈိမကို ပြောသည်။

“ဦးသိန်းမြင့်နဲ့ သူ့မိန်းမနဲ့ နှမ်းနှုတ်ပြီး အိမ်ပြန်အလာမှာ နောက်ကနေ ဆိုင်ကယ်နဲ့ လိုက်လာတဲ့ တစ်ကိုယ်တော် သေနတ်သမားက ပစ်သွားတာ၊ မသေပါဘူး၊ သေလောက်တဲ့ ဒဏ်ရာမဟုတ်ပါဘူး” ဟု လုံခြုံရေးအရအမည်မဖော်လိုသည့် ကြံ့ခိုင်ရေးပါတီ၀င်တစ်ဦးက ပြောသည်။

ပစ်ခတ်ခံရမှုကြောင့် အသက် ၆၄ နှစ်အရွယ် ဦးသိန်းမြင့်၏ ယာဘက်လက်မောင်းရင်းနောက်ဘက် ကျည်ဖောက်၀င်ဒဏ်ရာ တစ်ချက်ရရှိသွားသည်။

ဒဏ်ရာမပြင်းထန်ဟုဆိုသော်လည်း လက်ပံပျားတိုက်နယ်ဆေးရုံမှတဆင့် မိတ္ထီလာမြို့နယ် ပြည်သူ့ဆေးရုံသို့ ပြောင်းရွှေ့ ကုသနေရကြောင်း ၎င်းနှင့် နီးစပ်သူများက ပြောသည်။

“ဦးသိန်းမြင့်က အုပ်ချုပ်ရေးမှာလည်း ပါတယ်၊ ဒီမှာတော့ ရွာခွဲတာ၀န်ခံလို့ ခေါ်တာပေါ့နော်၊ ရွေးကောက်ပွဲကာလတုန်းကတော့ ကြံ့ခိုင်ရေးပါတီ ရပ်/ကျေးစည်းရုံးရေးမှူးပေါ့၊ အခုထိလည်း ကြံ့ခိုင်ရေးပါပဲ” ဟု ဒေသခံတစ်ဦးက ပြောသည်။

၎င်းအား မည်သူတို့က ပစ်ခတ်ခဲ့သည်ကို မသိရပေ။
ထို့ပြင် ယမန်နေ့ သြဂုတ်လ ၁၃ ရက်နေ့က မန္တလေးတိုင်း မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ် သားကျင်းကျေးရွာတွင်လည်း ကြံ့ခိုင်ရေးပါတီ၀င်တစ်ဦး သေနတ်ဖြင့် ငါးချက်ပစ်ခတ်ခံရပြီး သေဆုံးသွားသည်။

စစ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ယနေ့အထိ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် ၂,၄၀၀ ကျော် သတ်ဖြတ်ခံထားရကြောင်း ပါတီဗဟိုနှင့် နီးစပ်သူများက ပြောသည်။

စာတည်း။ ။ နောင်နောင်

#ကြံ့ခိုင်ရေး
#ပစ်ခတ်ခံရ
#Mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍17❤1👏1😁1