ဒိုက်ဦးတွင် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့က ဒေသခံ ၆ ဦးကိုဖမ်းဆီးပြီး ၅ ဦးပြန်လွှတ်ပေး
🔥3

===================
YT
(မဇ္ဈိမ) ။ ။ ပဲခူးတိုင်း ၊ ဒိုက်ဦးမြို့နယ်အတွင်းရှိ ကျေးရွာနှစ်ရွာမှ ဒေသခံခြောက်ဦးအား စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားကာ ငါးဦးသာ ပြန်လွှတ်ပေးသေးကြောင်း ဒေသခံများထံက သိရသည်။
"ဝါးဂါမဏိရွာက အမျိုးသမီးနှစ်ယောက်နဲ့ ဆင်ဇလုပ်ရွာက အမျိုးသား လေးယောက်ပါ။ ငါးဦးကတော့ ပြန်လွတ်လာပါပြီ။ ဆင်ဇလုပ်က ဦးဌေးဆိုသူကိုတော့ ဖမ်းခေါ်သွားပါတယ်။ ဦးဌေးက ဆေးဆရာပါ။ သူ့ကိုစခေါ်တော့ လက်ပြန်ကြိုးတုပ်ပြီး ဖမ်းခေါ်သွားခဲ့တာပါ" ဟု ဒေသတွင်း သတင်းရင်းမြစ်တဦးက မဇ္ဈိမကိုပြောသည်။
ဩဂုတ်လ ၁၂ ရက် ညပိုင်းတွင် ကာကွယ်ရေးတပ်ဖွဲ့က ဝါးဂါမဏိကျေးရွာရှိ မိုင်တဲတာဝါတိုင်အား မိုင်းဆင်ဖောက်ခွဲခြင်းနှင့် ဩဂုတ်လ ၁၃ ရက် နံနက်ပိုင်းတွင် မိုင်းခွဲခံရသည့် တာဝါတိုင်အား လာရောက်စစ်ဆေးသည့် စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခြင်းတို့ ပြုလုပ်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့က ဒေသခံများကို ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု ဒေသခံထံမှ သိရသည်။
မိုင်းဆွဲတိုက်ခိုက်သည့် စစ်ဆင်ရေးများကို Soul Takers- Yangon Underground Force နှင့် 9 Stars UG ပူးပေါင်းအဖွဲ့တို့က ပြုလုပ်ခြင်းဖြစ်သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်ထံမှ သိရသည်။
ဩဂုတ်လ ၁၃ ရက်တွင် ဝါးဂါမဏိကျေးရွာမှ ဒေါ်မြင့်၊ ဒေါ်စန်းခိုင်၊ ဆင်ဇလုပ်ကျေးရွာမှ ဦးဌေးအပါအဝင် အသက် ၅၀ ဝန်းကျင်အရွယ်ရှိ အမျိုးသား လေးဦးအား ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ပြီး ယမန်နေ့ ဩဂုတ်လ ၁၄ ရက်တွင် ဦးဌေးမှ လွဲ၍ ကျန်ငါးဦးအား ပြန်လွှတ်ပေးခဲ့ကာ ဦးဌေးအား ယနေ့အထိ ဖမ်းဆီးထားဆဲဖြစ်ကြောင်း သိရသည်။
စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ကြီးပစ်ခတ်သံကြောင့် ဝါးဂါမဏိကျေးရွာက အဖွားအိုတဦး သွေးလန့်၍ သေဆုံးမှုရှိခဲ့ကြောင်း ဒေသခံတဦးထံက သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၂၃ ရက်ကလည်း ဒိုက်ဦးမြို့နယ်၊ ဘုရားကြီးကွင်းကျေးရွာအုပ်စု၊ ပျဉ်ပုံကြီးရွာအနီးရှိ စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း ခလရ(၃၀) ကို ပဲခူးခရိုင် PDF တပ်ရင်း (၃၇၀၁)၊ တပ်ခွဲ (၅)၊ Daik-U Defense Force တို့က ရှော့တိုက်ဒုံး နှစ်လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ သုံးဦးထိခိုက်ဒဏ်ရာရသည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သေးသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)
#ပဲခူးတိုင်း
#ဒိုက်ဦးမြို့နယ်
#စစ်ကောင်စီတပ်
#ဖမ်းဆီးမှု
ပုံအညွှန်း-မိုင်းထောင် ဖောက်ခွဲခံခဲ့ရသည့် ဒိုက်ဦးမြို့နယ် ဝါးဂါမဏိကျေးရွာရှိ မိုင်တဲတာဝါတိုင်။(ဓါတ်ပုံ-လူမှုကွန်ယက်)
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍10❤1🔥1👏1
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ် သြဂုတ်လ ၁၅ ရက်ထုတ်လွှင့်မှုများ
===================
https://youtu.be/uJ4PiVbdnq4
#PVTV
#MizzimaTV

YouTube
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ် သြဂုတ်လ ၁၅ ရက်ထုတ်လွှင့်မှုများ
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ် သြဂုတ်လ ၁၅ ရက်ထုတ်လွှင့်မှုများ
#PVTV
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို…

❤7👍6😁1😭1
မြိတ် ဆန္ဒပြမှုကို အကြမ်းဖက်နှိမ်နင်းသူ စစ်အရာရှိ ရာထူးဖယ်ရှားခံရ
===================
ကိုရွှေမြိတ်
(မဇ္ဈိမ) ။ ။စစ်အာဏာသိမ်းပြီးနောက် ဆန္ဒပြပြည်သူများကို အကြမ်းဖက်နှိမ်နင်းခြင်းနှင့် စစ်ကြောနှိပ်စက်မှုလုပ်ဆောင်ရာတွင် ဦးဆောင်ပါဝင်ခဲ့သူ မြိတ်မြို့မှ စစ်တပ်အရာရှိတဦးသည် တပ်တွင်းရာထူးဖယ်ရှားမှုတွင်ပါသွားကြောင်း စစ်ကောင်စီတပ်နှင့်နီးစပ်သော သတင်းရင်းမြစ်များအရသိရသည်။
ဒုတိယဗိုလ်မှူးကြီးမျိုးမင်းထွန်းကို မြိတ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁) ရာထူးမှဖယ်ရှားပြီး မူလစစ်ဘက်ရာထူးဖြစ်သော အမှတ် (၁၂) တိုက်ပွဲဝင် စည်းရုံးရေး သင်တန်းကျောင်း၏ ကျောင်းအုပ်ကြီးအဖြစ် ပြန်လည်ခန့်အပ်မှုဖြစ်သည်။
၎င်းရခဲ့သော ခရိုင် စီ/မံအဖွဲ့ဝင် (၁) နေရာကို မြိတ်အခြေစိုက် အမှတ် (၉၅၄) ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်ရင်းမှ ဒုတိယ ဗိုလ်မှူးကြီး ဖြိုးနိုင်ဌေးကို ခန့်အပ်ထားသည်။
ဒုဗိုလ်မှူးကြီး မျိုးမင်းထွန်း သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါလ အတွင်း မြို့ပေါ် ရပ်ကွက် တခုတွင် ဆန္ဒပြ ပြည်သူများကို သေနတ်ဖြင့်ပစ်ခတ်နိုမ်နင်းရန် အမိန့်ပေးခဲ့သည်ကို မဇ္ဈိမက ရရှိထားသော မှတ်တမ်းဓာတ်ပုံတွင် တွေ့ရသည်။
ဒီဗီဘီသတင်းထောက် ကိုအောင်ကျော်ကို ဖမ်းဆီးပြီး မြိတ်လေတပ်စခန်းအရောက်တွင် ဒုဗိုလ်မှူးကြီးမျိုးမင်းထွန်းဦးဆောင်သောအဖွဲ့က လာရောက်ခေါ်ယူပြီးနောက် စစ်ဆေးနှိပ်စက်မှုပြုခဲ့ကြသည်။
" ကျွန်တော့်ကို ဖမ်းဆီးတဲ့ အချိန်တုန်းကလည်း လေတပ်ကွင်းကနေပြီးတော့.. ရွှေဒူးမှာ ရှိတဲ့ တပ်ထဲကို ကျွန်တော်ကို ခေါ်သွားတယ်၊ တစ်ညလုံးပဲ သူကိုယ်တိုင် ကျွန်တော်ကို နိပ်စက်တာပေါ့လေ။ နိပ်စက်ငြင်းပန်းမှုတွေ လုပ်ခဲ့ပြီးတော့ နောက်ပြီး သူကိုယ်တိုင်ကလည်း သတင်းထောက်တွေကို တော်တော်လေးကို အမုန်းတရားထားတာမျိုးရှိတယ်" ဟု ကိုအောင်ကျော်က မဇ္ဈိမသို့ပြောသည်။
စစ်ကောင်စီတပ်က ၂၀၂၁ ခုနှစ် မတ်လ ၁ ရက်နေ့ညတွင် ကိုအောင်ကျော်ကို နေအိမ်တွင် လာရောက်ဖမ်းဆီးပြီးနောက် လေကြောင်းရန်ကာကွယ်ရေးတပ်ထဲတွင် ဒုဗိုလ်မှူးကြီး မျိုးမင်းထွန်းကိုယ်တိုင် တညလုံးနှိပ်စက်မှုပြုခဲ့ပြီး မတ်လ ၂ ရက်နေ့တွင် မြိတ်အကျဉ်းထောင်သို့ပို့ခဲ့သည်။ ထောင်ထဲတွင် ရက်ပေါင်း ၂၃၁ ရက်နေခဲ့ရပြီးနောက် ပြန်လည်လွတ်မြောက်လာခဲ့သည်။
ခရိုင် စီ/မံ အဖွဲ့ဝင် (၁) ရာထူးကို ရရှိပြီးနောက် KTV နှင့် အရက် ဘီယာဆိုင်များဖွင့်လှစ်ရာတွင် လာဘ်ငွေယူခဲ့သူဖြစ်သည်ဟု အမည်မဖော်သူ လုပ်ငန်းရှင်တဦးက ပြောသည်။
သူသည် စစ်တပ်က အာဏာ မသိမ်းခင် ကတည်းက မြိတ်မြို့ပေါ်က စားသောက် ဆိုင်များနှင့် KTV ဆိုင်များတွင် မူးယစ်ရမ်းကားပြီး ငွေမရှင်းဘဲနေသူတဦးဟု နာမည်ဆိုးဖြင့်ကျော်ကြားသည်။
ဇူလိုင်လကုန်ပိုင်းက ကမ်းရိုးတန်းတိုင်း စစ်ဌာနချုပ်မှ ဒုတိုင်းမှူး ဗိုလ်မှူးချုပ် သစ်လွင်ထူး၊ စစ်ဆင်ရေး ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ်က ကွပ်ကဲမှု ဌာနချုပ်မှူး ဗိုလ်မှူးချုပ် ဝင်းကျော်သူ၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းလင်းတို့ကို အဂတိ လိုက်စားမှုဖြင့် နေပြည်တော်သို့ ခေါ်ယူ စစ်ဆေးပြီး နောက် ရာထူးမှ ဖယ်ရှာကာ နယ်လုံ ဝန်ကြီး၏ နေအိမ်နှင့် ပိုင်ဆိုင်မှု အချိုကိုပါ ချိတ်ပိတ် သိမ်းဆည်းခဲ့သည်။
ထို့နောက် ၎င်းရာထူးများတွင် အစားထိုးမှုလုပ်ခဲ့ရာ ကြာအင်းဆိပ်ကြီး စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး အောင်မျိုးထွန်းအား ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ် ဒုတိုင်းမှူး၊ စစ်တက္ကသိုလ်မှ နည်းပြ အရာရှိချုပ် ဗိုလ်မှူးကြီး မင်းမင်းလတ်အား တနင်္သာရီတိုင်း အစိုးရ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး ဇေယျာလင်းအား အမှတ် (၂၀) စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်မှူး အဖြစ် ပြောင်းလဲ ခန့်အပ်ခဲ့သည်။
ဓာတ်ပုံ- စစ်အာဏာသိမ်းပြီးနောက် မြိတ်မြို့တွင်ဆန္ဒပြပြည်သူများကို သေနတ်ဖြင့်ပစ်ခတ်နှိမ်နင်းရန် အမိန့်ပေးခဲ့သူ ဒုဗိုလ်မှူးကြီး မျိူးမင်းထွန်း

👍36❤5🤮2👎1😁1
ဩဂုတ်လ (၁၅) ရက် ဗုဒ္ဓဟူးနေ့ မနက်ပိုင်း မဇ္ဈိမ ရေဒီယိုအစီအစဉ်
==================
ဒီကနေ့ မနက်နားဆင်ရမယ့် သတင်းတွေကတော့
PDF များက အကြမ်းဖက်လူသတ် မုဒိမ်းမှုများပြုလုပ်နေတယ်လို့ စစ်ကောင်စီတပ်က ဒေသခံတွေကို အစည်းအဝေးခေါပြီး မဟုတ်မမှန်ပြောဆိုတဲ့အကြောင်းနဲ့အတူ အငတ်ဘေးနဲ့ ကြုံရနိုင်တာကြောင့် နယ်မြေရှင်းလင်းပေးဖို့စစ်ကောင်စီဆီကိုပျူစောထီး ဆရာတော် တပါးက တောင်းဆိုလိုက်တယ်ဆိုတဲ့ နောက်ဆုံးရ ပြည်တွင်းသတင်းတွေ၊စီးပွားရေးသတင်းတွေကို ကြားကြရမှာပါ။
နိုင်ငံတကာဘက်မှာတော့
အိုဒက်ဆာမြို့ကိုပစ်မှတ်ထားတဲ့ ရုရှားရဲ့ဒုံးကျည်တွေနဲ့ ဒရုန်းတွေကို ပစ်ချခဲ့ရကြောင်း ယူကရိန်းပြောလိုက်တယ်ဆိုတဲ့
နောက်ဆုံးရနိုင်ငံတကာသတင်းတွေကို နားဆင်ကြရပါမယ်။
သတင်းတွေအပြီးမှာတော့ အပတ်စဉ်ကဏ္ဍအနေနဲ့ “မရွှေမိုးရဲ့လေးညှို့သံ” ဆောင်းပါးအစီအစဉ်ကို နားဆင်ရမှာပါ။
https://youtu.be/_REeTXuWB4w
#Morningradio
#Mizzimaradio

PDF များက အကြမ်းဖက်လူသတ် မုဒိမ်းမှုများပြုလုပ်နေတယ်လို့ စစ်ကောင်စီတပ်က ဒေသခံတွေကို အစည်းအဝေးခေါပြီး မဟုတ်မမှန်ပြောဆိုတဲ့အကြောင်းနဲ့အတူ အငတ်ဘေးနဲ့ ကြုံရနိုင်တာကြောင့် နယ်မြေရှင်းလင်းပေးဖို့စစ်ကောင်စီဆီကိုပျူစောထီး ဆရာတော်…

👍12😁4
မဇ္ဈိမအတွက် ဗွီအိုအေ သတင်းလွှာ၊ သြဂုတ်လ ၁၆ ရက်၊ ၂၀၂၃ | VOA On Mizzima
--------------------------------------
ဟာဝိုင်အီကျွန်းစု မီးလောင်မှု မြန်မာအများစု ဘေးကင်း၊ နွေရာသီအပူလိုင်းဒဏ်ကြောင့် အီရတ် စီးပွားရေး ခက်ခဲ၊ ဒီလို စိတ်ဝင်စားစရာ နိုင်ငံတကာသတင်းဆောင်းပါးတွေနဲ့ နောက်ဆုံးရ ငွေကြေးဈေးကွက် သတင်းတွေကို ၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၁၆ ရက်၊ မဇ္ဈိမအတွက် ဗွီအိုအေ အစီအစဉ်မှာ ကြည့်ရှုနိုင်ပါတယ်။
https://youtu.be/0Q8Jq7ocGvk
#မဇ္ဈိမအတွက်ဗွီအိုအေ
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
--------------------------------------
ဟာဝိုင်အီကျွန်းစု မီးလောင်မှု မြန်မာအများစု ဘေးကင်း၊ နွေရာသီအပူလိုင်းဒဏ်ကြောင့် အီရတ် စီးပွားရေး ခက်ခဲ၊ ဒီလို စိတ်ဝင်စားစရာ နိုင်ငံတကာသတင်းဆောင်းပါးတွေနဲ့ နောက်ဆုံးရ ငွေကြေးဈေးကွက် သတင်းတွေကို ၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၁၆ ရက်၊ မဇ္ဈိမအတွက် ဗွီအိုအေ အစီအစဉ်မှာ ကြည့်ရှုနိုင်ပါတယ်။
https://youtu.be/0Q8Jq7ocGvk
#မဇ္ဈိမအတွက်ဗွီအိုအေ
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
YouTube
မဇ္ဈိမအတွက် ဗွီအိုအေ သတင်းလွှာ၊ သြဂုတ်လ ၁၆ ရက်၊ ၂၀၂၃ | VOA On Mizzima
ဟာဝိုင်အီကျွန်းစု မီးလောင်မှု မြန်မာအများစု ဘေးကင်း၊ နွေရာသီအပူလိုင်းဒဏ်ကြောင့် အီရတ် စီးပွားရေး ခက်ခဲ၊ ဒီလို စိတ်ဝင်စားစရာ နိုင်ငံတကာသတင်းဆောင်းပါးတွေနဲ့ နောက်ဆုံးရ ငွေကြေးဈေးကွက် သတင်းတွေကို ၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၁၆ ရက်၊ မဇ္ဈိမအတွက် ဗွီအိုအေ အစီအစဉ်မှာ …
👍5🔥2😁1
ဟာဝိုင်အီကျွန်းစု မီးလောင်မှု မြန်မာအများစု ဘေးကင်း | VOA On Mizzima
===============
ဟာဝိုင်အီကျွန်းစုက လဟိုင်နာမြို့မှာ နေထိုင်သူ မြန်မာအားလုံး ဘေးရန်ကင်းကြတယ်လို့ လဟိုင်နာမှာ အလုပ်လုပ်ကိုင်တဲ့ ကိုဂျွန်လဖိုင်က ပြောပါတယ်။ အမေရိကန်ပြည်ထာင်စု သမိုင်းမှာ အဆိုးရွားဆုံး သဘာဝ မီးဘေးအန္တရယ်အဖြစ် သတ်မှတ်လာရနိုင်တဲ့ မော်ဝီကျွန်းက မီးမုန်တိုင်းကြောင့် လူတွေရာနဲ့ချီ သေဆုံးခဲ့ပြီး ထောင်နဲ့ချီလည်း အဆက်အသွယ်ပြတ်တောက်နေပါတယ်။ မော်ဝီကျွန်းမှာ နေထိုင်သူ ကိုဂျွန်လဖိုင်ကို ကိုအောင်အောင်က ဆက်သွယ်မေးမြန်းတင်ပြထားပါတယ်။ ဆက်သွယ်ရေးတိုင်တွေ မီးလောင်ပျက်စီးပြီး လိုင်းမကောင်းတာကြောင့် ပုံကြည်လင်မှုမရှိတာကို ကြိုတင်တောင်းပန်အပ်ပါတယ်။
https://youtu.be/_er20_itI-o
#မဇ္ဈိမအတွက်ဗွီအိုအေ
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
===============
ဟာဝိုင်အီကျွန်းစုက လဟိုင်နာမြို့မှာ နေထိုင်သူ မြန်မာအားလုံး ဘေးရန်ကင်းကြတယ်လို့ လဟိုင်နာမှာ အလုပ်လုပ်ကိုင်တဲ့ ကိုဂျွန်လဖိုင်က ပြောပါတယ်။ အမေရိကန်ပြည်ထာင်စု သမိုင်းမှာ အဆိုးရွားဆုံး သဘာဝ မီးဘေးအန္တရယ်အဖြစ် သတ်မှတ်လာရနိုင်တဲ့ မော်ဝီကျွန်းက မီးမုန်တိုင်းကြောင့် လူတွေရာနဲ့ချီ သေဆုံးခဲ့ပြီး ထောင်နဲ့ချီလည်း အဆက်အသွယ်ပြတ်တောက်နေပါတယ်။ မော်ဝီကျွန်းမှာ နေထိုင်သူ ကိုဂျွန်လဖိုင်ကို ကိုအောင်အောင်က ဆက်သွယ်မေးမြန်းတင်ပြထားပါတယ်။ ဆက်သွယ်ရေးတိုင်တွေ မီးလောင်ပျက်စီးပြီး လိုင်းမကောင်းတာကြောင့် ပုံကြည်လင်မှုမရှိတာကို ကြိုတင်တောင်းပန်အပ်ပါတယ်။
https://youtu.be/_er20_itI-o
#မဇ္ဈိမအတွက်ဗွီအိုအေ
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
YouTube
ဟာဝိုင်အီကျွန်းစု မီးလောင်မှု မြန်မာအများစု ဘေးကင်း | VOA On Mizzima
ဟာဝိုင်အီကျွန်းစုက လဟိုင်နာမြို့မှာ နေထိုင်သူ မြန်မာအားလုံး ဘေးရန်ကင်းကြတယ်လို့ လဟိုင်နာမှာ အလုပ်လုပ်ကိုင်တဲ့ ကိုဂျွန်လဖိုင်က ပြောပါတယ်။ အမေရိကန်ပြည်ထာင်စု သမိုင်းမှာ အဆိုးရွားဆုံး သဘာဝ မီးဘေးအန္တရယ်အဖြစ် သတ်မှတ်လာရနိုင်တဲ့ မော်ဝီကျွန်းက မီးမုန်တိုင်းကြောင့်…
👍11😁3
စစ်ကောင်စီအသစ်ဖွဲ့လိုက်တဲ့ ကုန်ဈေးနှုန်းတည်ငြိမ်ရေးကောင်စီ ဘယ်လဲ ဘာလဲ (ဆောင်းပါး)
=================
အာဏာရူးတစ်သိုက်ကတော့ တစ်နေ့တစ်မျိုးမရိုးရအောင် ပျက်လုံးအသစ်တွေကို
တန်းစီထုတ်ပြန်နေပါတယ်။ အာဏာသိမ်းသက်တမ်း နောက်ထပ် ၆ လထပ်တိုးပြီး မကြာခင်မှာပဲ စစ်ကောင်စီအဖွဲ့ဝင်တွေကိုပြောင်းလဲတာ၊ ဝန်ကြီးတွေကို ဖြုတ်နုတ်ထုတ်တပ်တွေတာအပြင်ကု န်ဈေးနှုန်းတွေ အဆမတန်မြင့်တက်နေမှုကိုထိန်းချုပ်ဖို့ ဆိုပြီး ပြည်ထောင်စု
ကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီကိုပါ ဖွဲ့စည်းခဲ့တာတွေ့ရပါတယ်။
https://youtu.be/xtFcF0E66ao
#politics
#Newsfeature
#Mizzima
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
=================
အာဏာရူးတစ်သိုက်ကတော့ တစ်နေ့တစ်မျိုးမရိုးရအောင် ပျက်လုံးအသစ်တွေကို
တန်းစီထုတ်ပြန်နေပါတယ်။ အာဏာသိမ်းသက်တမ်း နောက်ထပ် ၆ လထပ်တိုးပြီး မကြာခင်မှာပဲ စစ်ကောင်စီအဖွဲ့ဝင်တွေကိုပြောင်းလဲတာ၊ ဝန်ကြီးတွေကို ဖြုတ်နုတ်ထုတ်တပ်တွေတာအပြင်ကု န်ဈေးနှုန်းတွေ အဆမတန်မြင့်တက်နေမှုကိုထိန်းချုပ်ဖို့ ဆိုပြီး ပြည်ထောင်စု
ကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီကိုပါ ဖွဲ့စည်းခဲ့တာတွေ့ရပါတယ်။
https://youtu.be/xtFcF0E66ao
#politics
#Newsfeature
#Mizzima
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
YouTube
စစ်ကောင်စီအသစ်ဖွဲ့လိုက်တဲ့ ကုန်ဈေးနှုန်းတည်ငြိမ်ရေးကောင်စီ ဘယ်လဲ ဘာလဲ
အာဏာရူးတစ်သိုက်ကတော့ တစ်နေ့တစ်မျိုးမရိုးရအောင် ပျက်လုံးအသစ်တွေကို
တန်းစီထုတ်ပြန်နေပါတယ်။ အာဏာသိမ်းသက်တမ်း နောက်ထပ် ၆ လထပ်တိုးပြီး မကြာခင်မှာပဲ စစ်ကောင်စီအဖွဲ့ဝင်တွေကိုပြောင်းလဲတာ၊ ဝန်ကြီးတွေကို ဖြုတ်နုတ်ထုတ်တပ်တွေတာအပြင် ကုန်ဈေးနှုန်းတွေ အဆမတန်မြင့်တက်နေ…

😁6😱3👍1🔥1
ဖျူထိုင်းပါတီအား ထောက်ခံရန် ရှေ့သို့ချီပါတီ ငြင်းဆန်
====================
ထိုင်းနိုင်ငံတွင် လာမည့်အစိုးရ ဖွဲ့စည်းနိုင်ရေးအတွက် ညွန့်ပေါင်းမဟာမိတ်ဟောင်း ဖျူထိုင်းပါတီ၏ ကြိုးပမ်းမှုကို ထောက်ခံရန် ရွေးကောက်ပွဲအနိုင်ရ ရှေ့သို့ချီပါတီက ငြင်းဆန်ပြီး ရွေးကောက်ပွဲရလဒ်ကို ပုံပျက်စေခြင်းအဖြစ် ပြောဆိုသည်။
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။https://bit.ly/2VhJ12U

👍6😁3

👍8🔥2😁1
16.8.2023 (Wednesday) တွင် ထုတ်လွှင့်တင်ဆက်ပြသမည့် အစီအစဉ်
===================
✅Highlight ✅
👉နှောင်ကြိုးဖွဲ့ ကလဲ့စား (ညနေ - ၇ နာရီ)
👉India Movie - Bhoothnath Returns (ည- ၈ နာရီ)
👉Korea Movie -Iris the movie 2 (ည- ၁၀ နာရီခွဲ)
➡️Mizzima+ channel တွင် ပြသနေ့သည့် အချိန်မှာပဲ Mizzima App တွင်လည်း Live Stream တိုက်ရိုက်ကြည့်ရှုနိုင်ပါသည်။
#mizzimatv

👍7🔥2😁1
နွေရာသီအပူလိုင်းဒဏ်ကြောင့် အီရတ် စီးပွားရေး ခက်ခဲ | VOA On Mizzima
=======================
အီရတ်နိုင်ငံမှာ အပူချိန်က ၄၅ ဒီဂရီအထက်မှာ ပုံမှန် ရှိနေတာကြောင့် ခြစ်ခြစ်တောက်ပူတဲ့ နွေရာသီ အပူလိုင်းကြား ဘဂ္ဂဒက်မြို့ခံတွေ စီးပွားရှာဖို့ ခက်နေပါတယ်။ အီရတ်နိုင်ငံတောင်ပိုင်းမှာ အပူချိန်က ၅၀ ဒီဂရီ စင်တီဂရိတ်ဝန်းကျင်မှာ ပုံမှန်လို ရှိနေတာကြောင့် ပေါင်မုန့်ဖုတ်တဲ့ မီးဖိုနားမှာ အလုပ်လုပ်တဲ့သူတွေ အခက်ကြုံနေပါတယ်။ အေပီသတင်းဆောင်းပါးတပုဒ်ကို မအိသန့်စင် တင်ဆက်ထားပါတယ်။
https://youtu.be/SMhUSmj1VTA
#မဇ္ဈိမအတွက်ဗွီအိုအေ
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

အီရတ်နိုင်ငံမှာ အပူချိန်က ၄၅ ဒီဂရီအထက်မှာ ပုံမှန် ရှိနေတာကြောင့် ခြစ်ခြစ်တောက်ပူတဲ့ နွေရာသီ အပူလိုင်းကြား ဘဂ္ဂဒက်မြို့ခံတွေ စီးပွားရှာဖို့ ခက်နေပါတယ်။ အီရတ်နိုင်ငံတောင်ပိုင်းမှာ အပူချိန်က ၅၀ ဒီဂရီ စင်တီဂရိတ်ဝန်းကျင်မှာ ပုံမှန်လို ရှိနေတာကြောင့် ပေါင်မုန့်ဖုတ်တဲ့…
👍4🔥2👏1
သြဂုတ်လ ၁၆ ရက်နေ့ မနက်ပိုင်း ၁၁ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
=====================
https://youtu.be/v1YFP69QjoE
=====================
https://youtu.be/v1YFP69QjoE
YouTube
သြဂုတ်လ ၁၆ ရက်နေ့ မနက်ပိုင်း ၁၁ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
သြဂုတ်လ ၁၆ ရက်နေ့ မနက်ပိုင်း ၁၁ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင…

👍6🔥3
ကျောက်တံခါးတွင် လူနေကျေးရွာများကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်နေ
=====================
ရွှေနွယ်
(မဇ္ဈိမ)။ ။ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားများနေထိုင်ရာကျေးရွာများကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများပြုလုပ်နေသည်ဟု ဒေသတွင်းသတင်းရင်းမြစ်များထံမှသိရသည်။
ယမန်နေ့ ဩဂုတ်လ ၁၅ ရက်နေ့လယ်တွင် ကျောက်တံခါးမြို့နယ်၊ နံဇကျေးရွာနှင့် တလိုင်းခင်ကျေးရွာကို စစ်ကောင်စီက Mi 35 တိုက်ခိုက်ရေးရဟတ်ယာဉ်သုံးစီးဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းဟု သိရသည်။
" နံဇရွာကအိမ်တွေကို မီးရှို့ထားပြီးသားကို အခုထပ်ပြီး လေကြောင်းနဲ့ပါဗုံးကြဲဖျက်ဆီးနေတာပါ” ဟု ကျောက်တံခါးမြို့နယ် မြေပြင်သတင်းရင်းမြစ်က ပြောသည်။
ယမန်နေ့က လေကြောင်းတိုက်ခိုက်မှုမှာ မွန်းလွဲ ၂နာရီခွဲမှ ၃ နာရီ ၂၃ မိနစ်အထိ ကြာခဲ့ပြီး ယင်းနောက်ပိုင်းတွင် ဒရုန်းဖြင့် ထပ်မံ ဗုံးကြဲချသွားသည်ဟု ဒေသခံများကပြောသည်။
အိမ်ခြေ ၂၀၀ ခန့်ရှိသော နံဇကျေးရွာတွင် ဩဂုတ်လ ၁၄ ရက်နေ့အထိ အိမ် ၁၁၉ လုံးကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် ယခုအခါ လေကြောင်းမှ ထပ်မံဗုံးကြဲချပြီး ကျန်အိမ်များကိုဖျက်ဆီးနေခြင်းဟု သတင်းရင်းမြစ်ကဆိုသည်။
စစ်ကောင်စီသည် ကျောက်တံခါးမြို့နယ်အတွင်း၌ လေကြောင်းတိုက်ခိုက်မှုအပြင် လက်နက်ကြီးပစ်ခတ်မှုများကိုလည်း နေ့စဉ်ပြုလုပ်နေကြောင်း သိရသည်။ ဩဂုတ်လ ၁၄ ရက်နေ့ ညပိုင်းက စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဖျံတလင်းကျေးရွာမှ ပြည်သူနှစ်ဦးထိခိုက်ဒဏ်ရာရခဲ့သည်။
ကျောက်တံခါးမြို့နယ်အတွင်း ပြီးခဲ့သည့် ဇူလိုင်လ နှင့် ယခု ဩဂုတ်လအတွင်း စစ်ကောင်စီတပ်နှင့် ဒေသတွင်းမဟာမိတ်ပူးပေါင်းတပ်များကြား ရင်ဆိုင်တိုက်ပွဲများ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်တွင် အထိအခိုက်အကျအဆုံးများခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။အဆိုပါ တိုက်ပွဲများနှင့်ပတ်သက်၍ စစ်ကောင်စီဘက်မှ သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။
လက်ရှိတွင် ကျောက်တံခါးမြို့နယ်အတွင်း စစ်ရေးတင်းမာနေခြင်းနှင့် စစ်ကောင်စီတပ်၏ ပစ်ခတ်မှုများကြောင့် နံဇကျေးရွာအုပ်စု၊ သမင်အင်းကုန်းကျေးရွာအုပ်စု၊ တောင်ခင်ကျေးရွာအုပ်စု၊ ကညင်ကျိုးကျေးရွာအုပ်စု၊ ဗောဓိကွင်းကျေးရွာအုပ်စုတို့မှ ပျမ်းမျှ ဒေသခံပြည်သူ ၁၀,၀၀၀ ခန့်သည် စစ်ဘေးရှောင်နေကြရကြောင်း ကျောက်တံခါးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှသိရသည်။
စာတည်း - မောင်ကြီး
#mizzima
#ကျောက်တံခါးမြို့နယ်
#စစ်ကောင်စီ
#လေကြောင်းတိုက်ခိုက်မှု
ပုံအညွှန်း - နံဇရွာကို စစ်ကောင်စီက ပြီးခဲ့သည့် ဇူလိုင်လအတွင်း မီးရှို့ဖျက်ဆီးခဲ့စဉ်

🤬9❤2🔥2👍1😁1
စီးပွားရေးအညွှန်းကိန်းတွေ စိတ်ပျက်ဖွယ်ဖြစ်နေချိန် လူငယ်တွေရဲ့အလုပ်အကိုင်အချက်အလက်များ ထုတ်ပြန်မှုကို တရုတ်ရပ်တန့်ထား
========================
https://youtu.be/Qy1jxMr2ah4
#InternationalNews

စီးပွားရေးအညွှန်းကိန်းတွေစိတ်ပျက်ဖွယ်ဖြစ်နေချိန်လူငယ်တွေရဲ့အလုပ်အကိုင်ထုတ်ပြန်မှုကို တရုတ်ရပ်တန့်ထား
စီးပွားရေးအညွှန်းကိန်းတွေ စိတ်ပျက်ဖွယ်ဖြစ်နေချိန် လူငယ်တွေရဲ့အလုပ်အကိုင်အချက်အလက်များ ထုတ်ပြန်မှုကို တရုတ်ရပ်တန့်ထား
#InternationalNews
#Mizzima
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့…

🔥3😁2
ဂျပန်နိုင်ငံက အင်းဆက်ပိုးမွှား ဟင်းလျာများ | VOA On Mizzima
====================
ဂျပန်နိုင်ငံ တိုကျိုမြို့တော်မှာ အင်းဆက်ပိုးမွှားတွေကို မှာယူစားသုံးလို့ ရတဲ့ ကော်ဖီ ကဖေးဆိုင်တခုရှိပါတယ်။ ဒီဆိုင်လေးက အင်းဆက်ပိုးမွှားတွေကို ပုံမှန် နေ့တိုင်း စားနေကျ ဟင်းတွေလိုမျိုး စားသုံးနိုင်အောင် ရည်ရွယ်ထားတာပါ။ ရိုက်တာသတင်းဆောင်းပါးကို အခြေခံပြီး အလိမ္မာ တင်ဆက်ထားပါတယ်။
https://youtu.be/nSzX5sPSofw
#မဇ္ဈိမအတွက်ဗွီအိုအေ
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
====================
ဂျပန်နိုင်ငံ တိုကျိုမြို့တော်မှာ အင်းဆက်ပိုးမွှားတွေကို မှာယူစားသုံးလို့ ရတဲ့ ကော်ဖီ ကဖေးဆိုင်တခုရှိပါတယ်။ ဒီဆိုင်လေးက အင်းဆက်ပိုးမွှားတွေကို ပုံမှန် နေ့တိုင်း စားနေကျ ဟင်းတွေလိုမျိုး စားသုံးနိုင်အောင် ရည်ရွယ်ထားတာပါ။ ရိုက်တာသတင်းဆောင်းပါးကို အခြေခံပြီး အလိမ္မာ တင်ဆက်ထားပါတယ်။
https://youtu.be/nSzX5sPSofw
#မဇ္ဈိမအတွက်ဗွီအိုအေ
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
YouTube
ဂျပန်နိုင်ငံက အင်းဆက်ပိုးမွှား ဟင်းလျာများ | VOA On Mizzima
ဂျပန်နိုင်ငံ တိုကျိုမြို့တော်မှာ အင်းဆက်ပိုးမွှားတွေကို မှာယူစားသုံးလို့ ရတဲ့ ကော်ဖီ ကဖေးဆိုင်တခုရှိပါတယ်။ ဒီဆိုင်လေးက အင်းဆက်ပိုးမွှားတွေကို ပုံမှန် နေ့တိုင်း စားနေကျ ဟင်းတွေလိုမျိုး စားသုံးနိုင်အောင် ရည်ရွယ်ထားတာပါ။ ရိုက်တာသတင်းဆောင်းပါးကို အခြေခံပြီး…
😁3🔥2
ရိုဟင်ဂျာ ၁၅၀ နီးပါး မွန်ပြည်နယ်တွင် ဖမ်းဆီးခံရ
=========================
နိုင်ငံမှ ထွက်ပြေးရန် ကြိုးပမ်းသည်ဟု ယူဆရသည့် ရိုဟင်ဂျာ ၁၅၀ ဦးနီးပါးကို မြန်မာစစ်ကောင်စီ အာဏာပိုင်တို့က ဖမ်းဆီးခဲ့ကြောင်း တာဝန်ရှိသူတဦးက ဩဂုတ် ၁၅ ရက်တွင် အေအက်ဖ်ပီကို ပြောသည်။
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
=========================
နိုင်ငံမှ ထွက်ပြေးရန် ကြိုးပမ်းသည်ဟု ယူဆရသည့် ရိုဟင်ဂျာ ၁၅၀ ဦးနီးပါးကို မြန်မာစစ်ကောင်စီ အာဏာပိုင်တို့က ဖမ်းဆီးခဲ့ကြောင်း တာဝန်ရှိသူတဦးက ဩဂုတ် ၁၅ ရက်တွင် အေအက်ဖ်ပီကို ပြောသည်။
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🔥5👍3👏1
အာဏာသိမ်းပြီးနောက်ပိုင်း အရပ်သားသေဆုံးမှု ၃၉၀၀ ကျော်လာ
======================
(မဇ္ဈိမ) ။။ အာဏာသိမ်းပြီးနောက် ယခုဩဂုတ်လ လလယ် အထိ အရပ်သားသေဆုံးမှု ၃၉၂၇ ဦးခဲ့ပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ထားပါတယ်။
၂၀၂၁ခုနှစ်ဖေဖော်ဝါရီလကနေ့ကစပြီး ဒီမိုကရေစီရေးလှုပ်ရှားသူတွေနဲ့ အရပ်သားပြည်သူများတွေအပေါ် တရားလက်လွတ်သတ်ဖြတ်မှုတွေနဲ့ပတ်သက်ပြီး အချက်အလက်တွေကောက်ထားတာဖြစ်တယ်လို့ AAPP ရဲ့ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကိုပြောပါတယ်။
ဒီစာရင်းတွေထဲမှာ ဒလန်ဆိုပြီးသတ်ဖြတ်ခံရသူတွေမပါဝင်ပေမယ့် သူတို့ရဲ့စာရင်းတွေကို သီးခြားပြုစုထားတယ်လို့သိရပါတယ်။
တည်းဖြတ်၊ တင်ဆက် ။ ။ မိုးသောက်
စာတည်း ။ ။ Alden
https://youtu.be/Ccd90-axuNw
#အရပ်သားသေဆုံးမှု
#AAPP
#အာဏာသိမ်း

၂၀၂၁ခုနှစ်ဖေဖော်ဝါရီလကနေ့ကစပြီး ဒီမိုကရေစီရေးလှုပ်ရှားသူတွေနဲ့ အရပ်သားပြည်သူများတွေအပေါ်…

❤4🔥3😢2👍1