Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
Media is too big
VIEW IN TELEGRAM
အာဖဂန်နစ္စတန်မှာ အမေရိကန်ရဲ့ကြိုးပမ်းအားထုတ်မှု လုံးဝမအောင်မြင်ကြောင်း တရုတ်အပြစ်တင်

#InternationalNews #reels #shorts #American #China #Mizzima #Afganistan
👏5
ယင်းမာပင်မြို့နယ် စည်သူသစ်ကွင်းရှိ စစ်ကောင်စီတပ်ကို ၁၀၇ မမဖြင့် ပစ်ခတ်တိုက်ခိုက်
====================

လွှမ်းမိုး (မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း ၊ ယင်းမာပင်မြို့နယ် ၊ မြောက်ခြမ်းရှိ ၊ စည်သူ သစ်ကွင်းတွင် သစ်ထုတ်နေသည့် အင်အား ၁၀၀ ခန့်ပါ စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက ၁၀၇ မမ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ULF(မဟာမိတ် တပ်ပေါင်းစု) Comrade စစ်ကြောင်းထံမှ သိရသည်။

အဆိုပါ တိုက်ခိုက်မှုသည် ဩဂုတ်လ ၁၃ ရက် ညနေ ၄ နာရီ အချိန်တွင် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား သေဆုံးမှုရှိနိုင်ကြောင်း ULF သတင်းနှင့်ပြန်ကြားရေးက ဆိုသည်။

“ ၁၀၇ မမ ရှော့တိုက်ဒုန်း ကို အသုံးပြုတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ရန်သူ့ တပ်သားများရှိရာ နေရာကို တိတိကျကျ ပစ်ခတ်နိုင်ခဲ့တဲ့အတွက် စစ်သား သေဆုံးမှုရှိနိုင်ပါပေမဲ့ အသေးစိတ် အတည်မပြုနိုင် “ ဟု ၎င်း ကဆိုသည်။

ထိုတိုက်ခိုက်မှုကို ပြည်ထောင်စုလွတ်မြောက်ရေး တပ်ပေါင်းစု (ULF) မှ Comrade စစ်ကြောင်း ၊ KLG စစ်ကြောင်း နှင့် Alpha စစ်ကြောင်းတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

၎င်း သစ်ကွင်းနေရာ၌ ဩဂုတ်လ ၆ ရက်နေ့ တွင် စစ်ကောင်စီတပ် နှင့် ဒေသကာကွယ်ရေး တပ်ဖွဲ့တို့ ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၁၅ ဦးသေဆုံးကာ ဒေသကာကွယ်ရေး ရဲဘော် သုံးဦး ကျဆုံးခဲ့ကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

https://youtu.be/22RzFDeVRAg

#mizzima
#Comrade
#စစ်ကြောင်း
#KLG
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍10😁3❤2👏1
NUG က တရားရုံး ၂၈ ရုံးဖွင့်လှစ်ပြီး စစ်ဘက်ဆိုင်ရာပြစ်မှုတွေပါ စစ်ဆေးဆောင်ရွက်နေ (ရုပ်၊သံ)
=======================

KMN
(မဇ္ဈိမ) ။ ။အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ဇူလိုင်လကုန်အထိ ထိန်းချုပ်နယ်မြေတွေမှာ တရားရုံး ၂၈ ရုံးဖွင့်လှစ်ပြီး စစ်ဘက်ဆိုင်ရာပြစ်မှုတွေကိုပါ စစ်တရားရုံးဖွဲ့စည်းပြီး စစ်ဆေးဆောင်ရွက်နေတယ်လို့ NUG တရားရေးဝန်ကြီးဌာန သတင်းအချက်အလက်နဲ့ နည်းပညာဌာန ညွှန်ကြားရေးမှူးကပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ တရားရေးဝန်ကြီးဌာနက ၂၀၂၃ ခုနှစ် ဇူလိုင်လကုန်အထိ တရားမမှု ၄၂ မှု၊ ရာဇဝတ်မှု ၁၉၄ မှုကို စစ်ဆေးခဲ့ပြီး တရားမမှု ၁၂၃ မှု ရာဇဝတ်မှု ၁၇၂ မှုကိုတော့ စစ်ဆေးဆဲဖြစ်တယ်လို့ သိရပါတယ်။

စစ်ဆေးခဲ့တဲ့ ရာဇဝတ်မူ ၁၉၄ မှုထဲက အမြင့်ဆုံးပြစ်ဒဏ်အဖြစ် အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၁၅ နှစ် အထိ ချမှတ်ခဲ့ပါတယ်။ အကျဉ်းသားတွေကိုတော့ အချုပ်ထောင်/အကျဉ်းထောင်ရှိရာ မြို့နယ်တွေမှာထိန်းသိမ်း ထားပြီး အချုပ်ထောင်/အကျဉ်းထောင် မရှိသေးတဲ့မြို့နယ်တွေမှာတော့ သက်ဆိုင်ရာ ပအဖ/ပကဖ အဖွဲ့တွေရဲ့ အချုပ်ထောင်တွေမှာ ထိန်းသိမ်းထားတယ်လို့ NUG တရားရေးဝန်ကြီးဌာနကပြောပါတယ်။

တင်ဆက်၊တည်းဖြတ် - KMN

https://youtu.be/2xJkm-U6KIs

#Mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍14😁4❤2
This media is not supported in your browser
VIEW IN TELEGRAM
စစ်ရေးအရအရေးယူမှုကို ထောက်ခံတဲ့ အိုင်ဗရီကို့စ်နိုင်ငံကို နိုင်ဂျာအာဏာသိမ်းအဖွဲ့က သံတမန်ဆက်ဆံရေးဖြတ်တောက်

#InternationalNews #reels #shorts #Mizzima
👍7🔥2
​​မြန်မာစက်ရုံများရှိ အလုပ်သမား အခွင့်အရေးချိုးဖောက်မှုကိစ္စများကို H&M စုံစမ်းစစ်ဆေး
=========================

ကမ္ဘာ့ဒုတိယအကြီးဆုံး ဖက်ရှင်အဝတ်အစား ကုမ္ပဏီကြီးဖြစ်သည့် H&M က ယင်း၏ အပ်ထည်အော်ဒါများကို လက်ခံချုပ်လုပ်သည့် မြန်မာနိုင်ငံရှိ အထည်ချုပ်စက်ရုံများ၌ အလုပ်သမားများ အခွင့်အရေးချိုးဖောက်ခံရမှု၊ မတရားဖိနှိပ်ခံရမှု ဖြစ်စဉ် ၂၀ နှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးလျက် ရှိသည်ဟု ရိုက်တာကို ပြောသည်။ ဤမတိုင်မီ သီတင်းပတ်များအကြာကလည်း အဓိကပြိုင်ဘက် Zara အဝတ်အစားအမှတ်တံဆိပ် ပိုင်ရှင် Inditex က မြန်မာနိုင်ငံမှ အထည်ဝယ်ယူမှုကို ရပ်ဆိုင်းတော့မည် ဖြစ်ကြောင်း ပြောခဲ့သည်။

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍14🔥3
This media is not supported in your browser
VIEW IN TELEGRAM
အပူပိုင်းမုန်တိုင်းဒဏ်ခံနိုင်မယ့်နေရာတွေမှာ ခိုလှုံနေထိုင်ကြဖို့ ဒေသခံ ၁၈၀,၀၀၀ ကျော်ကို ဂျပန်တိုက်တွန်း

#InternationalNews #reels #shorts #Mizzima #Japan
👍6🔥2
​​ကမ္ဘာ့စီးပွားရေးတွင် အကျိုးအမြတ်များစွာရရှိရန် အိန္ဒိယ မျှော်မှန်းထား
==========================

အိန္ဒိယသည် ကမ္ဘာပေါ်တွင် ဖြည်းဖြည်းမှန်မှန်မှသည် ခပ်မြန်မြန်၊ ခပ်မြန်မြန်မှသည် အမြန်ဆုံး စီးပွားရေး တိုးတက်လျက်ရှိသည်။ ၎င်းသည် စီးပွားရေး အင်အားကြီးနိုင်ငံများအနက် စီးပွားရေးတိုးတက်မှု အမြန်ဆုံး ဖြစ်လာသည်။ စားသုံးသူအခြေပြု စီးပွားရေးတွင် ဂျီဒီပီ ရာခိုင်နှုန်းအရ ၅၆ ဒသမ ၉ ရာခိုင်နှုန်းရှိသည်။ အခြား ထူးခြားချက်များမှာ ၂၀၂၃-၂၀၂၄ ခုနှစ်တွင် ပြည်ပတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၁၀၀ ဘီလီယံ ရရှိရန်၊ ၂၀၂၆-၂၀၂၇ ခုနှစ်တွင် ဒေါ်လာ ၅ ထရီလီယံ ပမာဏရှိ စီးပွားရေး ရရှိရန်၊ ၂၀၂၉-၂၀၃၀ ခုနှစ်တွင် ကမ္ဘာ့ တတိယ စီးပွားရေးအင်အားအကြီးဆုံး ဖြစ်လာရန်၊ ၂၀၃၀ ပြည့်နှစ်တွင် ပို့ကုန် ကုန်သွယ်ရေးနှင့် ဝန်ဆောင်မှု ပို့ကုန်တို့မှ ဒေါ်လာ ၁ ထရီလီယံစီ ရရှိရန် မျှော်မှန်းထားသည်။

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👏3
​​ထိုင်းနယ်စပ်ရှိ စစ်ကောင်စီတပ်၏ ရိက္ခာဂိုဒေါင် စီးနင်းခံရ
=====================

ဂျူချန်း
(မဇ္ဈိမ) ။ ။ ထိုင်း-ကရင်နီနယ်စပ်ရှိ စစ်ကောင်စီတပ်၏ ရိက္ခာသိုလှောင်သည့် ဂိုဒေါင်တခုအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ဩဂုတ်လ ၁၃ ရက်၊ ညနေပိုင်းတွင် စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ငါးဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း ကရင်နီတပ်မတော် (KA) တပ်ရင်း (၂) မှ ထုတ်ပြန်သည်။

သိမ်းဆည်းရမိသည့် လက်နက်များမှာ MA1 သေနတ် လေးလက်၊ လက်ပစ်ဗုံး ၁၂ လုံး၊ ၆၀ မမ ဗုံးသီး ၁၁ လုံး၊ MA magazine ၃၁ ခု၊ ဆက်သွယ်ရေးစက်ကြီး တလုံး၊ ဖုန်း ငါးလုံးအပါအဝင် ကျည်ဆန်၊ လက်နက်ခဲယမ်းနှင့် စစ်အသုံးအဆောင်များပါဝင်ကြောင်းရေးသားထားပြီး ဓာတ်ပုံနှင့်တကွ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီတပ်၏ရိက္ခာဂိုဒေါင်အား စီးနင်းတိုက်ခိုက်ခြင်းနှင့်ပတ်သက်၍ ကရင်နီတပ်မတော် တပ်ရင်း (၂) သို့ မဇ္ဈိမမှ တယ်လီဖုန်းဖြင့် ဆယ်ကြိမ်ထက်မနည်းဆက်သွယ်ခဲ့သော်လည်း ဖုန်းလိုင်းအခက်အခဲကြောင့် ဆက်သွယ်၍မရခဲ့ပေ။

ဝင်ရောက်တိုက်ခိုက်မှု၌ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုအတွင်း တော်လှန်ရေးရဲဘော် နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီ၏ ရိက္ခာဂိုဒေါင်ကို မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း ကရင်နီတပ်မတော် စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်မှ ကန္တာရဝတီတိုင်းမ်သတင်းဌာနသို့ အတည်ပြုပြောကြားထားသည်။

စစ်ကောင်စီတပ်ဘက်မှလည်း ဩဂုတ်လ ၁၄ ရက်၊ နံနက် ၃ နာရီခန့်တွင် KA တပ်စခန်းကုန်းနေရာသို့ လေယာဉ်ဖြင့် နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း KA တပ်ရင်း(၂) မှ ထုတ်ပြန်သည်။

ကရင်နီပြည်နယ် နေရာအနှံ့အပြားတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေး ပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေပြီး မြေပြင်တိုက်ပွဲတွင် ကျည်ပြန်ဖြည့်ရန် လိုအပ်သောကြောင့် ပြည်သူများအနေဖြင့် နီးစပ်သည့်တော်လှန်ရေးအဖွဲ့အစည်းများထံသို့ အားဖြည့်ကူညီပေးကြရန် တိုက်တွန်းထားသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၁၂ ရက်နေ့တွင်လည်း ဖရူဆိုမြို့နယ်၊ ထီးသော်ကူးကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းအား တော်လှန်ရေးပူးပေါင်းတပ်များမှ သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မင်းအောင်လှိုင်မှ စစ်မှုထမ်းကောင်းတံဆိပ် ချီးမြှင့်ထားသည့် ဒုတပ်ကြပ်တဦးအပါဝင် စစ်ကောင်စီတပ်သား အများအပြား ထိခိုက်သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းအမြောက်အမြားကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူထံမှ သိရသည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

#ကရင်နီ
#ရိက္ခာဂိုထောင်
#ထိုင်းနယ်စပ်

ဓါတ်ပုံ- KA (B2) ဩဂုတ် ၁၃ ရက်နေ့ ထိုင်း-ကရင်နီနယ်စပ်တွင် စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရမိသည့် လက်နက်များ။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤12👍3😁3👏2
ဆားလင်းကြီးမြို့နယ် ရွှေကုန်းထိပ်အနီးတွင် စစ်ကောင်စီတပ် ဖလက်ရေယာဉ်များ တိုက်ခိုက်ခံရ
======================

လွှမ်းမိုး (မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း ၊ ဆားလင်းကြီး မြို့နယ် ၊ ရွှေကုန်းထိပ်အနီး ချင်းတွင်းမြစ်ကြောင်းတွင် ရေစကြို ဘက်မှ ဆန်တတ်လာသည့် စစ်ကောင်စီတပ် ဖလက်ရေယာဉ်များကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Hero Fighter (Salingyi) တပ်ဖွဲ့ ထံမှ သိရသည်။

အဆိုပါ တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သားများ ထိခိုက်မှုရှိနိုင်ကြောင်း Hero Fighter တပ်ဖွဲ့မှ ဗိုလ်သူရိန်က ပြောသည်။

“ စစ်ကောင်စီတပ် ရေယာဉ် အုပ်စုကို ရှေ့ထွက်ပြောင်းတိုက်တွေ အသုံးပြု တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ် ။ စစ်ကောင်စီတပ် အမြန်ရေယာဉ်တွေ ထိမှန်ခဲ့ပြီး စစ်သားထိခိုက်မှုရှိနိုင်ပေမဲ့ အသေးစိတ် မသိရသေးဘူး “ ဟု ၎င်းက ဆိုသည်။

ထိုတိုက်ခိုက်မှုကို Hero Fighter (Salingyi) ၊ Chindwin Dynamite (Salingyi) နှင့်တောင်ပံနီ ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်းသိရသည်။

ထို့အပြင် ၎င်း ဖလက်ခွံ လေးစီး နှင့် စစ်သင်္ဘောတစီး ပါဝင်သည့် စစ်ကောင်စီတပ် ရေယာဉ်အုပ်စုကို ဆားလင်းကြီး မြို့နယ် ညောင်ပင်ကြီး ကျေးရွာ အနီးတွင် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မြန်မာ တော်ဝင်နဂါး တပ်တော် (MRDA) ထံမှလည်း သိရသည်။

“ကျနော်တို့ဘက်က ၄၀ မမ ၊ ၆၀ မမ တွေ နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်တယ်။ ပွိုင့် 5 သေနတ်တွေ တပ်ဆင်ထားတဲ့ စစ်သင်္ဘောပေါ်ကနေ လက်နက်ကြီးတွေ နဲ့ ပြန်လည် ပစ်ခတ်တာတွေ လုပ်ခဲ့တယ်” ဟု MRDA သတင်းနှင့်ပြန်ကြားရေး က ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို မြန်မာ့တော်ဝင်နဂါးတပ်တော် (MRDA) ၊ ဒေါင်းရာဇာ ပြောက်ကျားတပ်ဖွဲ့ ၊ SGF တို့ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ကြောင်း သိရပါသည်။

၎င်း ဖလက်ရေယာဉ်များသည် မုံရွာမြို့ အလုံမင်းဒေါင့်ဆိပ်ကမ်းသို့ ရောက်ရှိနေပြီး ၊ ယင်းစစ်သင်္ဘောများရန်ကြောင့် တဖက်ကမ်းရှိ ကျေးရွာ ငါးရွာမှ ဒေသခံပြည်သူ ၈,၀၀၀ ကျော် စစ်ရှောင်နေရကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

https://youtu.be/DraeRUmWa8I

#mizzima
#ဖလက်ရေယာဉ်
#မုံရွာမြို့
#MRDA
#ဆားလင်းကြီးမြို့နယ်
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
❤15👍7👏2😁2
This media is not supported in your browser
VIEW IN TELEGRAM
နိုင်ဂျာအကျပ်အတည်းအတွက် အနောက်အာဖရိကစစ်ဘက်အကြီးအကဲတွေ တွေ့ဆုံဆွေးနွေးဖို့ရှိ

#InternationalNews #reels #shorts #Afica #Mizzima
👍5😁3
​​ထိုင်းနိုင်ငံတွင် ဝန်ကြီးချုပ်သစ်အား လာမည့် သီတင်းပတ်၌ ရွေးကောက်မည် 
=========================

ရွေးကောက်ပွဲအနိုင်ရ ရှေ့သို့ချီပါတီမှ ခေါင်းဆောင် ဖိထာ လင်ဂျာရွန်ရတ်ကို ဝန်ကြီးချုပ်အဖြစ် အရွေးခံမှုမှ နှစ်ကြိမ်တိုင် ပိတ်ဆို့သည့် လွှတ်တော်၏ ဆုံးဖြတ်ချက်နှင့် ပတ်သက်ပြီး ရှေ့သို့ချီပါတီက တရားဝင်လျှောက်လွှာ တင်သွင်းမှုကို ဖွဲ့စည်းပုံခုံရုံးက ပယ်ချလိုက်ပြီးနောက် ယခု လွှတ်တော်နှစ်ရပ် စည်းဝေးမည့် ကြေညာချက် ထွက်ပေါ်လာခြင်းပဲ ဖြစ်သည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍11🔥4
​​ထိုင်းတွင် ကားမတော်တဆမှုကြောင့် မြန်မာ ၁ ဦး သေဆုံး၊ ၅ ဦး ဒဏ်ရာရ
==========================

ထိုင်းနိုင်ငံ ကန်ချာနဘူရီပြည်နယ် မူအန်းခရိုင်တွင် ဩဂုတ် ၁၆ ရက် မနက်အစောပိုင်းက ပစ်ကပ်ထရပ်ကားတစီးက သစ်တင်ကုန်ကားတစီးကို နောက်မှ ဝင်တိုက်မိမှုကြောင့် ပစ်ကပ်ကားပေါ်ပါ အမျိုးသမီးတဦး သေဆုံးပြီး အခြားမြန်မာနိုင်ငံသား ငါးဦး ထိခိုက်ဒဏ်ရာများ ရခဲ့သည်ဟု သိရသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤7😢4👍1
သြဂုတ်လ (၁၆) ရက်နေ့၊ ည ၇ နာရီ၊ The Mizzima Primetime မဇ္စျိမ ပင်မသတင်းအစီအစဥ်
==============

-ပေါ့လျော့မှု အနည်းငယ်ကြောင့် ပြည်သူတွေဒုက္ခ ပိုဖြစ်သွားမှာကို အထူးသတိပြုကြဖို့ NUGယာယီသမ္မတသတိပေးလိုက်တဲ့သတင်း

-သာယာဝတီထောင်မှာ နိုင်ငံရေးကျဉ်းသား ၅ ယောက် ရိုက်နှက် တိုက်ပိတ်ခံရတဲ့အကြောင်း 

-အာဏာသိမ်းပြီးနောက်ပိုင်း အရပ်သားသေဆုံးမှု ၄ ထောင်နီးပါးရှိလာတဲ့သတင်း

-NUG က တရားရုံး ၂၈ ရုံးဖွင့်လှစ်ထားပြီး စစ်ဘက်ဆိုင်ရာ ပြစ်မှုတွေပါ စစ်ဆေး ဆောင်ရွက်နေတဲ့အကြောင်း

-ယမားတံတားအနီးမှာ ဒေသခံပြည်သူ ၇ ဦးကို စစ်ကောင်စီတပ်က သေနတ်နဲ့ ပစ်သတ်လိုက်တဲ့သတင်း

-အပူပိုင်းမုန်တိုင်းဒဏ်ခံနိုင်မယ့်နေရာတွေမှာ ခိုလှုံနေထိုင်ကြဖို့ ဒေသခံ ၁ သိန်း ၈ သောင်းကျော်ကို ဂျပန်တိုက်တွန်းလိုက်တဲ့ သတင်းတွေအပါအဝင် တခြားအရေးကြီးတဲ့ သတင်းတွေနဲ့ စိတ်ဝင်စားဖွယ်ရာ သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။

https://www.youtube.com/live/ecYNaJIX9RM?feature=share

#7pmnews
#themizzimaprimetime
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. 
https://bit.ly/2VhJ12U
👍9😁2❤1
​​၂၀၂၃ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပွဲတက်ရောက်ကြည့်ရှုမှုနဲ့ လက်မှတ် စံချိန်မှတ်တမ်း ဆက်လက်တိုးတက်
================

မာတီဒက်စ်တို့ရဲ့ ပွဲတွေဟာ လက်မှတ်စောင်ရေဝယ်ယူမှုအများဆုံးဖြစ်လာတာနဲ့အမျှ သြစတြေးလျအသင်းဟာ အမျိုးသမီးကမ္ဘာ့ဖလားဆီမီးဖိုင်နယ်ကို ရောက်ရှိလာခဲ့ပြီး တိုးချဲ့ထားတဲ့ ၃၁ အသင်းပုံစံဟာ ပြိုင်ပွဲမှာ ပရိသတ် ဝင်ရောက်ကြည့်ရှုမှုအတွက် စံဈိန်မှတ်တမ်းတွေ ရေးထိုးနိုင်အောင် ကူညီပေးခဲ့ပြီဖြစ်ပါတယ်။

သြစတြေးလျနဲ့ နယူးဇီလန်တို့က ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ဒီပြိုင်ပွဲအတွက် လက်မှတ်စောင်ရေပေါင်း ၁.၇၇ သန်း ရောင်းချခဲ့ရပြီ်း ပွဲ ၆၀ အတွက် ပရိသတ်ပေါင်း ၁,၇၃၄,၀၂၈ ဦး ဝင်ရောက်ကြည့်ရှုခဲ့ကြောင်း နိုင်ငံတကာဘောလုံးအဖွဲ့ချုပ် (FIFA) က အင်္ဂါနေ့မှာ ပြောပါတယ်။

၂၀၂၃ အမျိုးသမီးကမ္ဘာ့ဖလားအတွက် စံချိန်တင် ပွဲတက်ရောက်ကြည့်ရှုမှုဟာ ၂၀၀၀ ပြည့်အိုလံပစ်ပြိုင်ပွဲအတွက် တည်ဆောက်ထားတဲ့ ဆစ်ဒနီရဲ့ Stadium Australia မှာ ပရိသတ်ဝင်ဆံမှု ကန့်သတ်ထားတဲ့အနေအထားအောက်မှာတောင် ပွဲစဉ်သုံးပွဲအတွက် ၇၅,၇၈၄ ဦးဖြစ်ပါတယ်။

အားကစားကွင်း ၁၀ ခုရှိ ပွဲစဉ်တွေအတွက် ပျမ်းမျှ ပရိသတ်မှာ ၂၈,၉၀၀ ရှိပြီး ၂၀၁၉ ပြင်သစ် အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲရှိ ပွဲစဉ်တွေရဲ့ ပျမ်းမျှ ၇,၀၀၀ အထက်မှာရှိပြီး အရင်အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲ ၈ ခုမှာ သမိုင်းဝင် ပျမ်းမျှ ၄,၀၀၀ ကျော်အထက်မှာရှိကြောင်း ဖီဖာက ပြောပါတယ်။

၂၀၂၃ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ယှဉ်ပြိုင်မှုကို ၂၄ သင်းကနေ ၃၂ သင်းအထိ တိုးချဲ့ခဲ့တာပါ။

သြစတြေးလျအသင်းဟာ ပြီးခဲ့တဲ့ စနေနေ့က ဘရစ္စဘိန်းတွင် ပြင်သစ်ကို ပင်နယ်တီအဆုံးအဖြတ် ၇-၆ ဂိုးနဲ့ အနိုင်ရကာ ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ပါတယ်။

တတိယနေရာလုပွဲကို သြဂုတ် ၁၉ ရက်၊ ဗိုလ်လုပွဲကို သြဂုတ် ၂၀ ရက်တို့မှာ ယှဉ်ပြိုင်ကစားသွားကြမှာဖြစ်ပါတယ်။
👍3🔥3
နွေဦးခေါ်သံ
=========

မဇ္ဈိမနဲ့ The Call ခေါ်သံ အွန်လိုင်းမဂ္ဂဇင်းတို့ ပူးပေါင်းတင်ဆက်တဲ့ “နွေဦးခေါ်သံ” အနုပညာကဏ္ဍလာပါပြီ။ ဒီအစီအစဉ်က The Call ခေါ်သံ အွန်လိုင်းမဂ္ဂဇင်းမှာ ဖော်ပြခဲ့တဲ့ ကဗျာ၊ ဆောင်းပါး စတဲ့ အနုပညာလက်ရာများကို The Call ဝိုင်းတော်သူ ဝိုင်းတော်သားတွေ ခံစား ရွတ်ဆို တင်ဆက်ထားတာ နားဆင်ကြရအောင်ပါရှင်။

ဒီတစ်ပတ်မှာတော့ 

- ဆောင်းပါးရှင်”မောင်မိုးအေး"ရဲ့ “နွေဦးဇာတ်” ဆိုတဲ့ အက်ဆေး

- ဆောင်းပါးရှင်”မောင်နှင်းအေး” ရဲ့ "အဆင်ပြေလောက်တဲ့လက်ခံသူဟာ မင်းမဟုတ်ခဲ့ရင်” ဆိုတဲ့ စကားပြေကဗျာ

- ကဗျာဆရာ “သဝေ” ရဲ့ “ကောင်းကင်ပေါ်ခတ်နှိပ်ထားတဲ့ ကြယ်များ” ဆိုတဲ့ ကဗျာ တွေကိုနားဆင်ကြရမှာပါ။

https://youtu.be/MpZS0voyqGI

#နွေဦးခေါ်သံ
#mizzima 
#thecall 
-----------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤7🔥2🥰1😁1
ပုဂံကို မပြန်ပါနဲ့ဆို | မရွှေမိုး(ကိုရီးယား)“လေးညှို့သံ” − အပိုင်း (၆၆)
=============

"အရှင်မင်းကြီး စားတော်အုပ်ကိုစားရင်လဲ အဆိပ်သင့်ပြီးသေရတော့မယ်၊ မစားရင်လဲ ဓါးလှံ လက်နက်တွေနဲ့ အသတ်ခံရတော့မယ်”
... ဆိုပြီး မရွှေမိုး ရေးသားထားတဲ့ ဆောင်းပါးကို စာရေးသူ မရွှေမိုး(ကိုရီးယား)က ဖတ်ပြပေးသွားမှာဖြစ်ပါတယ်။

ဒီအစီစဉ်ကိုတော့ အပတ်စဉ် ဗုဒ္ဓဟူးနေ့ ညနေ ၆နာရီခွဲတိုင်းမှာ Mizzima TV ကနေ စောင့်မျှော်ကြည့်ရှုနိုင်ပါပြီ။

https://youtu.be/IxIAPjM_nm8

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍13🍌3❤1
​​ယခုလအတွင်း ဗီးနက်စ်ဂြိုဟ်နှင့် အနီးဆုံးကပ်ပြီး ပျံသန်းသွားမည့် Parker Solar Probe အာကာသယာဉ်
================

#MizzimaTV
#hightech&gadget
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤5👍1🔥1
​​အပင်အခြေပြု ပြည်ကြီးငါးဟင်းလျာအား 3D ပုံနှိပ်နည်းပညာဖြင့် တီထွင်
======================

#MizzimaTV
#hightech&gadget
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤3👍1🔥1