Mizzima
✔
47.6K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ရန်ကုန်တွင် “ဖက်ဆစ်ဝင်ငွေဖြတ်တောက် ပြည်သူ့ဘဏ္ဍာတည်ဆောက်”ခေါင်းစဥ်ဖြင့် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်
👍14😁2
​​ရန်ကုန်တွင် “ဖက်ဆစ်ဝင်ငွေဖြတ်တောက် ပြည်သူ့ဘဏ္ဍာတည်ဆောက်”ခေါင်းစဥ်ဖြင့် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်
========================

ရောင်နီ
(မဇ္စျိမ)။ ။စစ်ကောင်စီ၏ လုံခြုံရေးတင်းကျပ်ထားသည့် ရန်ကုန်မြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုကို တော်လှန်လူငယ်များက ယနေ့ သြဂုတ်လ ၁၈ ရက်နေ့တွင် ပြုလုပ်ကြသည်။

ရန်ကုန်မြို့ရှိ လူစည်ကားရာနေရာများတွင် Mayangone Democratic Front (MDF) နှင့် Kyimyindaing Networks (KMD18) တို့မှ တော်လှန်လူငယ်များ ပူးပေါင်းပြီး “ဖက်ဆစ်ဝင်ငွေဖြတ်တောက် ပြည်သူ့ဘဏ္ဍာတည်ဆောက်" စာတန်းပါ ဘန်နာများကိုချိတ်ဆွဲကာ လှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။

“ တော်လှန်ရေးတွင် အစားထိုး မရနိုင်သည့် အသက်ကို အရင်းတည်ကာ ပါဝင်တိုက်ပွဲဝင်နေကြသူ PDF, EROs စစ်သည်တော် သူရဲကောင်းပေါင်း များစွာ ရှိနေပြီး ပြည်သူများအနေဖြင့် လက်နက်ကိုင်တိုက်ပွဲမ၀င်နိုင်သည့်တိုင် အကြမ်းဖက်စစ်တပ်ထံ တိုက်ပွဲ၀င်ရဲဘော်များကို ပစ်ခတ်မည့် လက်နက်ဖိုး၊ ကျည်ဆန်ဖိုး၊ လေယာဉ်ဆီဖိုးတွေ မပေးမိကြရန် လိုကြောင်း” တော်လှန်လူငယ်များက ပြောသည်။

ယင်းအပြင် အကြမ်းဖက်စစ်တပ်၏ ဝင်ငွေရေသောက်မြစ်အားလုံးကို လူထုအားဖြင့် ဖြတ်တောက်ရိုက်ချိုးပစ်မယ့် “ဘဏ္ဍာရေးနဲ့ စီးပွားရေးတိုက်ပွဲ” စစ်မျက်နှာစာကြီးကို အမြင့်မားဆုံး ဖော်ဆောင် ဆင်နွှဲကြဖို့ အချိန်ရောက်လာပြီ ဟုလည်း ဆိုသည်။

ထို့ကြောင့် အကြမ်းဖက်စစ်တပ်ပိုင်သည့် စီးပွားရေးလုပ်ငန်းများ ကုန်စည်နှင့် ဝန်ဆောင်မှုများကို ပြည်သူလူထုက ပြတ်ပြတ်သားသား ဆန့်ကျင်၊ သပိတ်မှောက်ကြရမှာ ဖြစ်ပြီး ဖက်ဆစ်တပ်၏ ဝင်ငွေရင်းမြစ်အားလုံးကို တခုချင်းစီအလိုက် တဆင့်ပြီးတဆင့် လူထုအားနဲ့ လှဲဖြို၊ ဖြတ်တောက်ကြရန်လည်း တော်လှန်လူငယ်များက ပြည်သူလူထုကို တိုက်တွန်းထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#MDF
#KMD18
#ရန်ကုန်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍11❤2😁2
သြဂုတ်လ (၁၈)ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
========================

00:59 - နိုင်ငံတချို့က ဒေါ်လာကို လက်နက်သဖွယ် အသုံးချနေတယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် ပြောတဲ့သတင်း

04:05 - မြင်းမူနှင့် ချောင်းဦးမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ တပ်စွဲထားသည့် နေရာများကို ကာကွယ်တပ်ဖွဲ့ တိုက်ခိုက်တဲ့သတင်း

05:56 - ဂျပန်နဲ့တောင်ကိုရီးယားခေါင်းဆောင်တွေကို ဖိတ်ကြားပြီး ဆက်ဆံရေးခေတ်သစ် ခိုင်မြဲဖို့ ဘိုင်ဒင်ကြိုးပမ်း တဲ့သတင်း

11:36 - လက်ရှိတော်လှန်ရေး အောင်မြင်ခြင်းသို့ရောက်ရှိမှာ ယုံကြည်ပေမယ့် ရန်သူကို လျှော့ပေါ့တွက်ချက်တာမလုပ်ဖို့ ကရင်နီ စစ်ဦးစီးချုပ် ပြောကြားတဲ့သတင်းတွေ အပါအဝင် အခြားစိတ်ဝင်စားဖွယ် သတင်းတွေကိုလည်း တင်ဆက်ပေးသွားမှာပါ။

https://youtu.be/VVTJyr82D_8

#2pmnews
#Mizzimanewshour
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍14🔥1🌭1
ရန်ကုန်−မန္တလေးရထားလမ်းတွင် စစ်ကောင်စီလက်နက်ခဲယမ်းထောက်ပို့ရထား မိုင်းဆွဲတိုက်ခိုက်ခံရ
👍7🔥1👏1🤔1🤮1
ရန်ကုန်−မန္တလေးရထားလမ်းတွင် စစ်ကောင်စီလက်နက်ခဲယမ်းထောက်ပို့ရထား မိုင်းဆွဲတိုက်ခိုက်ခံရ
======================

ရွှေနွယ်
(မဇ္ဈိမ)။ ။ရန်ကုန်−မန္တလေးမီးရထားလမ်း၊ ကညွှတ်ကွင်းလမ်းပိုင်းတွင် စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းထောက်ပို့ရထားကို ကာကွယ်ရေးတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း အမှတ် (၂) စစ်ဒေသခွဲ၏ ဒုတိယစစ်ဒေသခွဲမှူး ရဲဘော်တင်ဦးက မဇ္ဈိမကိုပြောသည်။

စစ်ကောင်စီတပ် လက်နက်ခဲယမ်းထောက်ပို့ရထားကို ကျောက်တံခါးမြို့နယ် တောကျွဲအင်းမြို့နှင့် ဖြူးမြို့နယ်၊ကညွတ်ကွင်းမြို့ကြားတွင် ယနေ့ ဩဂုတ်လ ၁၈ ရက်နေ့ နံနက် ၉ နာရီအချိန်ခန့်က မိုင်းဆွဲတိုက်ခိုက်ခြင်းဟု သိရသည်။

တိုက်ခိုက်မှုအတွင်း လက်နက်ခဲယမ်းအများအပြားကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှရရှိထားသည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း အသေးစိတ်အတည်ပြုနေဆဲဟု ရဲဘော်တင်ဦးက ပြောသည်။

ရဲဘော်တင်ဦးက "စစ်ကောင်စီရဲ့ လက်နက်ခဲယမ်းထောက်ပို့ရထားကို သတင်းအရ ဆောင်ရွက်တာပါ။ ကျန်တာတော့ မြေပြင်မှာ စိစစ်ဆဲပါ" ဟု ပြောကြားသည်။

စစ်ကောင်စီ၏ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်များတွင်လည်း ကုန်တွဲများပျက်စီးကြောင်းနှင့် မီးရထားလမ်းပျက်စီးမှုရှိကြောင်း ထုတ်ပြန်ထားသည်ကိုတွေ့ရသည်။ယခု မိုင်းဆွဲတိုက်ခိုက်မှုအားကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLAနှင့်PDF ပူးပေါင်းတပ်ဖွဲ့က ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စာတည်း - မောင်ကြီး

#mizzima
#ရန်ကုန်−မန္တလေးရထားလမ်း
#လက်နက်ခဲယမ်းထောက်ပို့ရထား
#မိုင်းဆွဲတိုက်ခိုက်
#KNLA၊PDF

Photo - မိုင်းဆွဲတိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ် လက်နက်ခဲယမ်းထောက်ပို့ရထား

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍20❤2🔥1👏1🥴1
​​သီအို ဝဲလ်ကော့ - အာဆင်နယ်၊ အဲဗာတန်နဲ့ ဆောက်သမ်တန်တောင်ပံကစားသမားဟောင်း ပရော်ဖက်ရှင်နယ် ဘောလုံးလောကကနေ အနားယူ

သီအိုဝဲလ်ကော့ဟာ အသက် ၃၄ နှစ်အရွယ်မှာ သူ့ရဲ့ ပရော်ဖက်ရှင်နယ် ဘောလုံးလောကကနေ အနားယူတာကို ကြေညာလိုက်ပြီဖြစ်ပါတယ်။
အာဆင်နယ်၊ အဲဗာတန်နဲ့ ဆောက်သမ်တန်တောင်ပံကစားသမားဟောင်းက ဆုံးဖြတ်ချက်ဟာ "ကြောက်ရွံ့စရာကောင်းပေမယ့် အသစ်အဆန်းတွေကို ကြိုးစားကြည့်ချင်တယ်လို့ ဂယ်ရီနဗီးလ်ကို The Overlap ပေါ့တ်ကာစ်မှာ ပြောပါတယ်။

ဝဲလ်ကော့တ်ဟာ ၂၃ နှစ်ကြာ ကစားသမားဘဝမှာ ပရီးမီးယားလိဂ်ပွဲ ၃၉၇ ပွဲကစားပြီးနောက်မှာတော့ အခုလို ကစားသမားဘဝကနေ အနားယူသွားခဲ့တာဖြစ်ပါတယ်။

#Walcott
#Mizzima

Photo: Walcott/Twitter
👍11🔥1
​​စစ်ကောင်စီတပ်၏ လက်နက်ကြီးရမ်းသန်းပစ်ခတ်မှုကြောင့် ၁၂ နှစ်အရွယ်မိန်းကလေးငယ် ပေါင်ကို ကျည်စထိမှန်
===================

ရွှေနွယ်
(မဇ္ဈိမ)။ ။ ပဲခူးတိုင်း ၊ ကျောက်တံခါးမြို့နယ်တွင် စစ်ကောင်စီတပ်မှ ရမ်းသန်းပစ်ခတ်နေသော လက်နက်ကြီးကြောင့် ယမန်နေ့ ဩဂုတ်လ ၁၇ ရက်နေ့က ၁၂ နှစ်အရွယ် မိန်းကလေးငယ်တဦး(လုံခြုံရေးအရ အမည်မဖော်ပြလို)၏ ပေါင်ကို လက်နက်ကြီးစ ထိမှန်ကာ ပြင်းထန်ဒဏ်ရာရသွားသည်ဟု ကျောက်တံခါးမြို့နယ် မြေပြင်သတင်းရင်းမြစ်မှ မဇ္ဈိမကိုပြောသည်။

ကျောက်တံခါးမြို့နယ် အောင်မြင်မြို့( တောကျွဲအင်းမြို့) သစ်သျှာဆိပ်ကျေးရွာတွင် နေထိုင်သူ အသက် ၁၂ နှစ်အရွယ်မိန်းကလေးငယ်သည် ၎င်း၏နေအိမ်၌ပင် နေထိုင်နေစဉ် တောကျွဲအင်းအခြေစိုက် စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်မှုကြောင့် နေအိမ်ပေါ်သို့ လက်နက်ကြီးကျရောက်ပေါက်ကွဲကာ ထိခိုက်ဒဏ်ရာရရှိခြင်း ဖြစ်သည်။

“ပေါင်ချိုင့်ကိုထိသွားတယ်။ ကျောက်တံခါးဆေးရုံကိုပို့ထားရတယ်။ တောကျွဲအင်းက ပြည်သူတွေက ရွာတွေထဲမှာ နေနေကြဆဲပါရှင့်။ အခြားထိခိုက်မှုတွေကတော့ အတည်ပြုနေဆဲပါ” ဟု ကျောက်တံခါးမြို့နယ် မြေပြင်သတင်းရင်းမြစ် အမျိုးသမီးတဦးက မဇ္ဈိမကိုပြောသည်။

အလားတူ ယမန်နေ့ ညပိုင်းကလည်း စစ်ကောင်စီတပ်မှ ရမ်းသန်းပစ်ခတ်သော လက်နက်ကြီးကျည်သည် ကျောက်တံခါးမြို့နယ် ဖျံတလင်းကျေးရွာအုပ်စုအတွင်း ကျရောက်ပေါက်ကွဲ၍ ပြည်သူနှစ်ဦး(အမည်မသိရှိရသေး) ထိခိုက်ဒဏ်ရာရရှိကာ ကျောက်တံခါးဆေးရုံသို့ပို့ဆောင်ထားရကြောင်းလည်း သိရှိရသည်။

ယနေ့ နံနက်ပိုင်း ၉ နာရီအချိန်ခန့်တွင်လည်း မြို့ပေါ် ဟိန္ဒူဘုရားကျောင်းတွင် အထိုင်ချထားသော စစ်ကောင်စီတပ်မှ တောင်ခင်ကျေးရွာဘက်သို့ လက်နက်ကြီးဖြင့်ရမ်းသန်းပစ်ခတ်နေသည်ဟု မြေပြင်သတင်းရင်းမြစ်မှဆိုသည်။

စစ်ကောင်စီတပ်သည် စစ်ရေးတင်းမာနေသည့် ကျောက်တံခါးမြို့နယ်တွင်း မြေပြင်စစ်ကြောင်းထိုးရန် တိုးမပေါက်သောကြောင့် နေရာအနှံ့မှ လက်နက်ကြီးဖြင့် နေ့စဉ်ရမ်းသန်းပစ်ခတ်နေခြင်းဖြစ်သည်ဟု ကျောက်တံခါးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှလည်း သိရသည်။

“ရွာထဲဝင်လာတာနဲ့ ထိတဲ့အကောင်အရေအတွက်က များလာတော့ ရွာတွေထဲမဝင်ဘဲ အဝေးကနေ လှမ်းပစ်နေတာပါ” ဟု ကျောက်တံခါးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးမှလည်း ပြောသည်။
ကျောက်တံခါးမြို့နယ်တွင်း စစ်ကောင်စီတပ်နှင့် ဒေသတွင်းကာကွယ်ရေးတပ်ဖွဲ့များကြား စစ်ရေးတင်းမာလျက်ရှိကာ ပြီးခဲ့သည့် ဇူလိုင်လနှင့် ယခု ဩဂုတ်လဆန်းပိုင်းတွင် ဖြစ်ပွားသောတိုက်ပွဲများ၌ စစ်ကောင်စီတပ်သားသေဆုံးမှုအရေအတွက် များစွာရှိကြောင်းနှင့် လက်နက်ခဲယမ်းအမြောက်အမြားသိမ်းဆည်းရရှိကြောင်းကို အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

လက်ရှိတွင် တိုက်ပွဲပြင်းထန်ခဲ့သော ကျောက်တံခါးမြို့နယ်အရှေ့ဘက်ကျေးရွာများသို့ စစ်ကောင်စီတပ်မှ မြေပြင်ထိုးစစ်မဖောက်နိုင်ကြောင်းလည်း ကာကွယ်ရေးတပ်ဖွဲ့များ၏ပြောဆိုချက်အရ သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ကျောက်တံခါးမြို့နယ်
#လက်နက်ကြီး
#မိန်းကလေးငယ်
#women
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬4👍3😢3😁2
အညာဒေသက လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေအကြား ပဋိပက္ခတွေ လျော့နည်းလာဖို့ တော်လှန်ရေးရဲဘော် တွေကို အတွေးအခေါ်လက်နက်တပ်ဆင်ပေးဖို့လိုအပ်နေတယ် (ရုပ်သံ၊သတင်း)
===================

MTO
(မဇ္ဈိမ)။ ။မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်တပ်ကို လက်နက်ကိုင်တော်လှန်ကြတဲ့ဒေသတွေထဲမှာ အညာလို့ ခေါ် ဝေါ် ကြတဲ့ စစ်ကိုင်းနဲ့ မကွေးဟာလည်း အားကောင်းတဲ့ဒေသတွေထဲတစ်ခုဖြစ်ပြီး အညာဒေသတခွင် ဟာ တော်လှန်ရေးတပ်ဖွဲ့ တွေ အမြောက်အမြား နဲ့ အာဏာရှင်ကို တွန်းလှန်နေကြတာဖြစ်ပါတယ်။

ဒီလိုတော်လှန်ရေးတပ်ဖွဲ့ တွေ များပြားအားကောင်းလာတာနဲ့ အမျှ တော်လှန်ရေးအဖွဲ့တွေအချင်းချင်း ကြားမှာ ပွတ်တိုက်မှုတွေဖြစ်လာတာတွေကိုလည်း ခပ်စိတ်စိတ်တွေ့လာနေရပါတယ်။

ဒီလိုတော် လှန်ရေးတပ်ဖွဲ့တွေအကြား ပဋိပက္ခတွေ နေရတာဟာ စစ်ကောင်စီတပ်ကို ခုခံဖို့ သေနတ်တွေတပ်ဆင် ပေးထားပေမယ့်အတွေးအခေါ် လက်နက်မတပ်ဆင်ပေးနိုင်တဲ့အတွက် အခုလို ပဋိပက္ခတွေ များပြားလာ နေတာဖြစ်တယ်လို့ အာဏာရှင်တော်လှန်ရေး ပြည်သူ့တပ်မတော် (DRPA) အဖွဲ့ ခေါင်းဆောင်ကိုလင်းနွေက မဇ္ဇျိမကို ပြောပါတယ်။

သတင်း - MTO
တည်းဖြတ်၊ တင်ဆက် - MTO
စာတည်း - အောင်ကျော်ဖြိုး

https://youtu.be/f-zTLVAqPCY

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍13❤2😁2
This media is not supported in your browser
VIEW IN TELEGRAM
ဩစတြေးလျကနေအိမ်တစ်ခုကို စီးနင်းရှာဖွေမှုအတွင်း နျူကလီးယားပစ္စည်းများတွေ့ရှိ

#mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts #Internationalnews #Austria #Mizzima
👍1🔥1