စစ်ကောင်စီတည်တဲ့ ဘုရားကို အခကြေးငွေနဲ့ ဖူးမြော်ရတော့မယ်
========================
မိုးသောက် (မဇ္ဈိမ) ။ ။ ကမ္ဘာပေါ်က ရုပ်ပွားတော်တွေထဲ ဉာဏ်တော်အမြင့်ဆုံးလို့ စစ်ကောင်စီက ကြွေးကြော်ထားတဲ့ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ် က မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို လာမယ့် ဩဂုတ်လ ၂၀ရက်နေ့ကစပြီးတော့ ပြည်သူတွေက ငွေကြေးပေးဆောင်ပြီးဖူးမြော်ရတော့မှာပါ။
ရင်ခွင်ပိုက်အရွယ်ကလေးငယ်တွေကလွဲပြီးတော့ မြန်မာတစ်ဦးကို မြန်မာငွေကျပ် ၁,၀၀၀ နဲ့ နိုင်ငံခြားသားတစ်ဦးကို ၁၀ ဒေါ်လာ သတ်မှတ်ကောက်ခံသွားမှာဖြစ်ပြီး အခြားရိုက်ကူးရေးလုပ်ဆောင်မှုတွေ၊ ကားရပ်နားခတွေအတွက်လည်း ကောက််ခံမှာဖြစ်တယ်လို့ စစ်ကောင်စီက ကြေညာထားတာပါ။
စစ်ကောင်စီ၏ဘုရားကိုသွားရောက်ဖူးမျှော်ခဲ့တဲ့ဆရာတော် ၊ နိုင်ငံတကာငြိမ်းချမ်းရေးသံဃကွန်ရက်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဇင်းဂျောင်းဂျောင်းကတော့ စစ်ကောင်စီက နောက်ပိုင်းမှာလူမလာတော့မှာကို ကြိုတွက်ထားတဲ့ အတွက် ဒီလိုလုပ်တာဖြစ်နိုင်တယ်လို့မိန့်ကြားပါတယ်။
တင်ဆက်/တည်းဖြတ်- မိုးသောက်
စာတည်း-အောင်ကျော်ဖြိုး
https://youtu.be/quQzmhNsYew
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

YouTube
စစ်ကောင်စီတည်တဲ့ ဘုရားကို အခကြေးငွေနဲ့ ဖူးမြော်ရတော့မယ်
မိုးသောက် (မဇ္ဈိမ) ။ ။ ကမ္ဘာပေါ်က ရုပ်ပွားတော်တွေထဲ ဉာဏ်တော်အမြင့်ဆုံးလို့ စစ်ကောင်စီက ကြွေးကြော်ထားတဲ့ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ် က မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို လာမယ့် ဩဂုတ်လ ၂၀ရက်နေ့ကစပြီးတော့ ပြည်သူတွေက ငွေကြေးပေးဆောင်ပြီးဖူးမြော်ရတော့မှာပါ။…
😁10👍4🙏2👎1
ဩဂုတ်လ (၁၈) ရက်၊ ည ၇ နာရီ The Mizzima Prime Time မဇ္စျိမ ပင်မသတင်းအစီအစဥ်
=======================
- နိုင်ငံတချို့က ဒေါ်လာကို လက်နက်သဖွယ် အသုံးချနေတယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် တဲ့သတင်း
-ပင်လယ်ဘူးတွင် ကိုယ်၀န်ဆောင်အမျိုးသမီးအပါအရပ်သား ၄ ဦးကို စစ်ကောင်စီ သတ်ဖြတ်သွားဟုဆိုတဲ့သတင်း
-ဘာသာရေးအရစော်ကားမှုနဲ့ပတ်သက်တဲ့ လူအုပ်တိုက်ခိုက်မှုအပြီး ပါကစ္စတန်ရဲတပ်ဖွဲ့က ခရစ်ယာန်နယ်မြေတွေကို စောင့်ကြပ်တဲ့သတင်း
-ရွှေ၊ ဒေါ်လာနဲ့ဘတ်ဈေးများ ဆက်တိုက်မြင့်တတ်လာနေ တဲ့သတင်း
-ညနေ ၅ နာရီအထိ ရရှိထားတဲ့ငွေလဲနှုန်း၊ ရွှေစျေး၊ စက်သုံးဆီစျေး နဲ့ စားအုန်းဆီစျေးတွေအပါအဝင် အခြားစိတ်ဝင်စားဖွယ် သတင်းတွေနဲ့ အရေးကြီး သတင်းတွေကို တင်ဆက်ပေးသွားမှာပါ ။
https://www.youtube.com/live/W75h_LuiUnw?feature=share
#7pmnews
#themizzimaprimetime
#MizzimaTV
----------------------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
=======================
- နိုင်ငံတချို့က ဒေါ်လာကို လက်နက်သဖွယ် အသုံးချနေတယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် တဲ့သတင်း
-ပင်လယ်ဘူးတွင် ကိုယ်၀န်ဆောင်အမျိုးသမီးအပါအရပ်သား ၄ ဦးကို စစ်ကောင်စီ သတ်ဖြတ်သွားဟုဆိုတဲ့သတင်း
-ဘာသာရေးအရစော်ကားမှုနဲ့ပတ်သက်တဲ့ လူအုပ်တိုက်ခိုက်မှုအပြီး ပါကစ္စတန်ရဲတပ်ဖွဲ့က ခရစ်ယာန်နယ်မြေတွေကို စောင့်ကြပ်တဲ့သတင်း
-ရွှေ၊ ဒေါ်လာနဲ့ဘတ်ဈေးများ ဆက်တိုက်မြင့်တတ်လာနေ တဲ့သတင်း
-ညနေ ၅ နာရီအထိ ရရှိထားတဲ့ငွေလဲနှုန်း၊ ရွှေစျေး၊ စက်သုံးဆီစျေး နဲ့ စားအုန်းဆီစျေးတွေအပါအဝင် အခြားစိတ်ဝင်စားဖွယ် သတင်းတွေနဲ့ အရေးကြီး သတင်းတွေကို တင်ဆက်ပေးသွားမှာပါ ။
https://www.youtube.com/live/W75h_LuiUnw?feature=share
#7pmnews
#themizzimaprimetime
#MizzimaTV
----------------------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
ဩဂုတ်လ (၁၈) ရက်၊ ည ၇ နာရီ The Mizzima Prime Time မဇ္စျိမ ပင်မသတင်းအစီအစဥ်
သြဂုတ်လ (၁၈) ရက်နေ့၊ ည ၇ နာရီ၊ The Mizzima Primetime မဇ္စျိမ ပင်မသတင်းအစီအစဥ်
================================================
- နိုင်ငံတချို့က ဒေါ်လာကို လက်နက်သဖွယ် အသုံးချနေတယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် တဲ့သတင်း
-ပင်လယ်ဘူးတွင် ကိုယ်၀န်ဆောင်အမျိုးသမီးအပါအရပ်သား…

👍10🍌1
ဩဂုတ်လ (၁၈) ရက်၊ သောကြာနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
====================
ဒီကနေ့ည နားဆင်ရမှာတွေကတော့ ...
ရန်ကုန်−မန္တလေးရထားလမ်းမှာ စစ်ကောင်စီလက်နက်ခဲယမ်းထောက်ပို့ရထား မိုင်းဆွဲတိုက်ခိုက်ခံရတဲ့သတင်းနဲ့အတူ
နိုင်ငံတချို့က ဒေါ်လာကို လက်နက်သဖွယ် အသုံးချနေတယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် ပြောတဲ့သတင်းအပါအဝင်
နောက်ဆုံးရ ပြည်တွင်းသတင်းတွေ၊ အားကစားသတင်းတွေ၊ စီးပွားရေးနဲ့ နိုင်ငံတကာသတင်းတွေကို နားဆင်ကြရပါမယ်။
သတင်းတွေအပြီးမှာတော့ ဒီကနေ့အတွက် ရွှေစျေးငွေစျေးနဲ့ ကုန်စျေးနှုန်းတွေကို တင်ဆက်ဖို့ရှိသလို အဲ့ဒီနောက်မှာတော့ သတင်းသုံးသပ်ချက်အစီအစဉ်နဲ့အတူ
အပတ်စဉ်ကဏ္ဏတစ်ခုဖြစ်တဲ့ “Insight Myanmar” အစီအစဉ်ကိုလည်း နားဆင်ရပါမယ်။
နောက်ဆုံးမှာတော့ တိုင်းရင်းသားတွေရဲ့အသံကို စုစည်းတင်ဆက်ပေးနေတဲ့ BNI ရေဒီယိုအစီအစဉ်ကိုလည်း ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။
https://youtu.be/Z0x2ldbZl0g
#Eveningradio
#mizzimaradio
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
====================
ဒီကနေ့ည နားဆင်ရမှာတွေကတော့ ...
ရန်ကုန်−မန္တလေးရထားလမ်းမှာ စစ်ကောင်စီလက်နက်ခဲယမ်းထောက်ပို့ရထား မိုင်းဆွဲတိုက်ခိုက်ခံရတဲ့သတင်းနဲ့အတူ
နိုင်ငံတချို့က ဒေါ်လာကို လက်နက်သဖွယ် အသုံးချနေတယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် ပြောတဲ့သတင်းအပါအဝင်
နောက်ဆုံးရ ပြည်တွင်းသတင်းတွေ၊ အားကစားသတင်းတွေ၊ စီးပွားရေးနဲ့ နိုင်ငံတကာသတင်းတွေကို နားဆင်ကြရပါမယ်။
သတင်းတွေအပြီးမှာတော့ ဒီကနေ့အတွက် ရွှေစျေးငွေစျေးနဲ့ ကုန်စျေးနှုန်းတွေကို တင်ဆက်ဖို့ရှိသလို အဲ့ဒီနောက်မှာတော့ သတင်းသုံးသပ်ချက်အစီအစဉ်နဲ့အတူ
အပတ်စဉ်ကဏ္ဏတစ်ခုဖြစ်တဲ့ “Insight Myanmar” အစီအစဉ်ကိုလည်း နားဆင်ရပါမယ်။
နောက်ဆုံးမှာတော့ တိုင်းရင်းသားတွေရဲ့အသံကို စုစည်းတင်ဆက်ပေးနေတဲ့ BNI ရေဒီယိုအစီအစဉ်ကိုလည်း ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။
https://youtu.be/Z0x2ldbZl0g
#Eveningradio
#mizzimaradio
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
ဩဂုတ်လ (၁၈) ရက်၊ သောကြာနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
ဒီကနေ့ည နားဆင်ရမှာတွေကတော့ ...
ရန်ကုန်−မန္တလေးရထားလမ်းမှာ စစ်ကောင်စီလက်နက်ခဲယမ်းထောက်ပို့ရထား မိုင်းဆွဲတိုက်ခိုက်ခံရတဲ့သတင်းနဲ့အတူ
နိုင်ငံတချို့က ဒေါ်လာကို လက်နက်သဖွယ် အသုံးချနေတယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် ပြောတဲ့သတင်းအပါအဝင်
နောက်ဆုံးရ ပြည်တွင်းသတင်းတွေ၊…

👍5😁3
This media is not supported in your browser
VIEW IN TELEGRAM
Aug - 18 [ 7 Pm ] The Mizzima Primetime
Mizzima Headline News
#7pmnews #themizzimaprimetime #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts

👎1🌭1🖕1
နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၁၈ ဩဂုတ် ၂၀၂၃)
========================
စစ်ကောင်စီက အမှတ်တရ ထုတ်ဝေမည်ဟုပြောထားသည့် ကျပ်နှစ်သောင်းတန် ငွေစက္ကူအသစ်များကို ဝန်ထမ်းလစာများတွင် စတင်အသုံးပြုမည် ဖြစ်သည့်အတွက် စစ်ကောင်စီသည် အပြောနှင့်လက်တွေ့ တခြားစီ တကယ်မလုပ်နိုင်သည်ကို တွေ့ရသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍6🔥4😁2
တရားလက်လွတ်ကျူးလွန်နေမှုများကို နိုင်ငံတကာအနေဖြင့် ပြင်းပြင်း ထန်ထန် တုံ့ပြန်တားမြစ်ပေးရန် AAPP တောင်းဆို
===================
001
(မဇ္စျိမ) ။ ။ စစ်ကောင်စီက အကျဉ်းသားများအပေါ် ဥပဒေမဲ့ တရားလက်လွတ်ကျူးလွန်နေသည့် ရာဇဝတ်မှုများကို နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ပြင်းပြင်းထန်ထန် တုံ့ပြန်တားမြစ်ပြီး ဘက်ပေါင်းစုံမှ နည်းလမ်းပေါင်းစုံဖြင့် အမြန်ဆုံး ဖိအားပေးအရေးယူဆောင်ရွက်ကြရန် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ယနေ့ ဩဂုတ်လ ၁၈ ရက်နေ့တွင် ထုတ်ပြန်သည်။
လက်ရှိတွင် နိုင်ငံရေးအကျဉ်းသားများအနေဖြင့် အကျဉ်းကျနေစဉ်အတွင်း အသက်ရှင်ရပ်တည်နိုင်ရန်အတွက် အခွင့်အလမ်းအလွန်နည်းပါးလာကြောင်း AAPP က ဆိုသည်။
ယခုလပိုင်းအတွင်း နိုင်ငံရေးအကျဉ်းသားများအနေဖြင့် အကျဉ်းထောင်ထဲမှ လူမသိ သူမသိအပြင်သို့ခေါ်ထုတ်၍ စစ်ကြောရေးပြုလုပ်ရာတွင် လူမဆန်စွာညှဥ်းပန်းနှိပ်စက်ခြင်း၊ အသက်အန္တရာယ်ထိခိုက်သည်အထိ ကျူးလွန်ခြင်းနှင့် ရည်ရွယ်ချက်ရှိရှိ သတ်ပစ်ခြင်းကို ဆက်တိုက်ဆိုသလို ရင်ဆိုင်ကြုံတွေ့နေရကြောင်းလည်း ဖော်ပြသည်။
စစ်ကောင်စီအနေဖြင့် ယခုနှစ် မတ်လနှင့် ဩဂုတ်လတို့တွင် စစ်ကိုင်းတိုင်း၊ မုံရွာထောင်မှ အကျဉ်းသားများကို ထောင်ပြောင်းရွှေ့ရာ လမ်းတွင် မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် နိုင်ငံရေးအကျဉ်းသား ဒေါက်တာဇော်ထွယ်အောင် သေဆုံးပြီး နိုင်ကျဉ်းများထိခိုက်ဒဏ်ရာရရှိခဲ့သည့်ဖြစ်စဉ်၊ ဇူလိုင်လအတွင်း ပဲခူးတိုင်း၊ ဒိုက်ဦး ကျိုက်စကောထောင်မှ နိုင်ငံရေးအကျဉ်းသား ၃၇ ဦးကို ပြင်ပခေါ်ထုတ်ပြီး အနည်းဆုံး ရှစ်ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်များအပေါ်တွင်လည်း AAPP က ထောက်ပြထားသည်။
လက်ရှိတွင်လည်း အကျဉ်းသားများကို မိသားစုနှင့် အဆက်အသွယ်ပြတ်စေရန် ထောင်ဝင်စာတွေ့ခွင့်ကိုလည်း ပိတ်ပင်ထားပြီး နိုင်ငံရေးအကျဉ်းသားများနှင့် မိသားစုများအပေါ် ရည်ရွယ်ချက်ရှိရှိ အသက်သေဆုံးသည်အထိ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ညှဥ်းပန်းနှိပ်စက်မှုများကို ဆက်လက်ကျူးလွန်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။
အကျဉ်းချထားစဉ်အချိန်အတွင်း အကျဉ်းသားများ၏ လုံခြုံရေးကို အကျဉ်းချထားသူများမှ အပြည့်အဝတာဝန်ယူရမည်ဖြစ်ပြီး ယခုဖြစ်ရပ်တွင် အကျဉ်းချထားသည့် စစ်အုပ်စုဘက်မှ မည်သည့် ထုတ်ပြန်မှုမျိုးမှ ပွင့်လင်းလွတ်လပ်စွာ ပြုလုပ်ခဲ့ခြင်းမရှိသကဲ့သို့ တာဝန်ယူမှုလည်း လုံးဝမရှိခဲ့ကြောင်း AAPP က ပြောဆိုသည်။
AAPP အတွင်းရေးမှူး ဦးတိတ်နိုင်က “အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုဟာ ၎င်းတို့အား ဆန့်ကျင်သူများကို မတရားသဖြင့် ဖမ်းဆီးအကျဉ်းချထားရုံမက အကျဉ်းထောင်များထဲမှ ခေါ်ထုတ်ပြီး ညှဥ်းပန်းနှိပ်စက်တာ၊ ပြောင်းရွှေ့တာ၊ သတ်ဖြတ်တာ၊ အသက်အန္တရာယ်တွေကို တာဝန်ယူမှုကင်းမဲ့စွာ ပြောင်ကျကျ ပြုမူကျူးလွန်နေတာတွေဟာ နိုင်ငံတကာ ဥပဒေတွေကို ပြက်ရယ်ပြု စိန်ခေါ်ရာရောက်သလို နိုင်ငံတကာ တရားရေးယန္တရားအနေနဲ့လည်း အရှက်ရစရာဖြစ်ပါတယ်”ဟု ဆိုသည်။
စစ်ကောင်စီအနေဖြင့် အာဆီယံက ချမှတ်ထားသည့် ဘုံသဘောတူညီချက် ငါးချက်ကို လက်ရှိအချိန်အထိ လိုက်နာခြင်းမရှိသည့်အပြင် ပြည်သူလူထုအပေါ်အကြမ်းဖက်မှုများမှာ တနေ့ထက်တနေ့ ပိုမိုဆိုးရွားလာနေသည့်အတွက် အာဆီယံအနေဖြင့် စစ်ကောင်စီကို တိကျသည့် အချိန်သတ်မှတ်မှုများဖြင့် ဆက်ဆံသင့်ကြောင်း AAPP ၏ တွဲဘက်အတွင်းရေးမှူး ဦးဘိုကြည်ကလည်း ထောက်ပြသည်။
“တကယ်လို့ သတ်မှတ်ချိန်အတွင်းမှာ စစ်အုပ်စုဘက်က အပြုသဘောဆောင်တဲ့ ပူးပေါင်းဆောင်ရွက်မှု မလုပ်ခဲ့ရင် စစ်အုပ်စုကို အာဆီယံရဲ့ ဘယ်လိုအစည်းအဝေးကိုမဆို ဖိတ်ခေါ်ခြင်းမပြုတာ၊ ထိရောက်တဲ့ဖိအားပေးတာမျိုးတွေ ဆက်လက်လုပ်ဆောင်သင့်သလို ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ လွတ်မြောက်ရေးဆိုတာကိုလည်း တစိုက်မတ်မတ် တောင်းဆိုသင့်ပါတယ်”ဟု ဦးဘိုကြည်ကပြောသည်။
အကျဉ်းသားများအား ချုပ်နှောင်ထားရာတွင် ချုပ်နှောင်ထားစဉ်ကာလအတွင်း စားရေး၊ သောက်ရေး ၊ ကျန်းမာရေး ကိစ္စအဝဝနှင့် လုံခြုံရေးကို အကျဉ်းထောင်နှင့် ဖမ်းဆီးထားသူများက အပြည့်အဝတာဝန်ယူရမည်ဖြစ်သော်လည်း ဘက်ပေါင်းစုံမှ ဖိနှိပ်မှုများကြောင့် နိုင်ငံရေးအကျဉ်းသားများအနေဖြင့် အစားအသောက်ဆင်းရဲခြင်း၊ အနေအထိုင်ဆင်းရဲခြင်းနှင့် လုံခြုံရေးအရ ကိုယ်စိတ်ဆင်းရဲခြင်းများကို အပြင်းအထန်ခံစားနေကြရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်မှ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁၇ ရက်နေ့ထိတိုင် နိုင်ငံတဝန်း ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း ၂၄,၃၄၇ ဦးရှိပြီး ထိုအထဲမှ ၁၉,၈၃၃ ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ ၇,၁၁၃ ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရကြောင်း AAPP၏ စာရင်းအရ သိရသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#အကျဉ်းသား
#AAPP
#Hardnews
ပုံအညွှန်း-အဆောင်တစ်ခုအတွင်းရှိ အကျဥ်းသားများကို မြင်တွေ့ရစဥ်

👍24🤣2😁1
စတုဂတ်အသင်းမှ ဂျပန်ကွင်းလယ်လူ အန်ဒိုကို လီဗာပူးလ် ခေါ်ယူစာချုပ်
===================
လီဗာပူးလ်အသင်းဟာ international clearance စစ်ဆေးမှုနဲ့ အလုပ်ပါမစ်လျှောက်ထားမှုတို့အရ ဂျပန်ကွင်းလယ်ကစားသမား ဝါတာရူ အန်ဒိုကို ကာလရှည်စာချုပ်ဖြင့် လက်မှတ်ရေးထိုးခဲ့ကြောင်း ပရီးမီးယားလိဂ်ကလပ်က သောကြာနေ့မှာ ကြေညာခဲ့ပါတယ်။
ပြောင်းရွှေ့ကြေးကို ထုတ်ဖော်ပြောကြားခြင်းမရှိပေမယ့်လည်း Sky Sports အပါအဝင် ဗြိတိန်မီဒီယာတွေက ဘွန်ဒက်လီဂါကလပ် စတုဂတ်ကနေ အသက် ၃၀ အရွယ် ကစားသမားရဲ့ ပြောင်းရွှေ့ကြေးကို ပေါင် ၁၉ သန်း (ဒေါ်လာ ၂၄ သန်း၊ ယူရို ၂၂ သန်း) ဖြင့် တန်ဖိုးသတ်မှတ်ခဲ့ပါတယ်။
အန်ဒိုဟာ sပီးခဲ့တဲ့ရာသီက စတုဂတ်အသင်းအတွက် ပြိုင်ပွဲစုံ ပွဲပေါင်း ၄၀ ကစားခဲ့ကာ ၆ ဂိုးသွင်းပြီး ၅ ဂိုး ဖန်တီးပေးခဲ့ပါတယ်။
Ref; AFP
Photo: Twitter
#wataruendo
#liverpool
#Mizzima

👍11❤2😁1
ဘာသာရေးအလွဲသုံးစားလုပ်တဲ့ အစိမ်းရောင် ဗုဒ္ဓဝါဒကို ဘုရားဆင်းတုတော်က ကန့်ကွက်လာတဲ့အခါ
===================
ဘာသာရေးအလွဲသုံးစားလုပ်တဲ့ အစိမ်းရောင် ဗုဒ္ဓဝါဒကို ဘုရားဆင်းတုတော်က ကန့်ကွက်လာတဲ့အခါ အစိမ်းရောင်သူကြိီးမင်းက ဘယ်လိုတုံ့ပြန်လိုက်သလဲ
အစိမ်းရောင်တွေက အပြာရောင်တွေကိုဖိနှိပ်နေတဲ့ ရွာကဇာတ်လမ်းတွေကို အပတ်စဉ်သောကြာနေ့ ည ၇ နာရီခွဲတိုင်း မဇ္ဈိမတီဗီချန်နယ်၊ Mizzima News in Burmese Facebook Page နှင့် Mizzima Youtube Channel တို့မှာ ကြည့်ရှု့လိုက်ရှုလိုက်ရအောင်။
https://youtu.be/ijrKcdU1Hoo
#Greentribe
#MizzimaTV
#အစိမ်းရောင်လူမျိုးစု
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
===================
ဘာသာရေးအလွဲသုံးစားလုပ်တဲ့ အစိမ်းရောင် ဗုဒ္ဓဝါဒကို ဘုရားဆင်းတုတော်က ကန့်ကွက်လာတဲ့အခါ အစိမ်းရောင်သူကြိီးမင်းက ဘယ်လိုတုံ့ပြန်လိုက်သလဲ
အစိမ်းရောင်တွေက အပြာရောင်တွေကိုဖိနှိပ်နေတဲ့ ရွာကဇာတ်လမ်းတွေကို အပတ်စဉ်သောကြာနေ့ ည ၇ နာရီခွဲတိုင်း မဇ္ဈိမတီဗီချန်နယ်၊ Mizzima News in Burmese Facebook Page နှင့် Mizzima Youtube Channel တို့မှာ ကြည့်ရှု့လိုက်ရှုလိုက်ရအောင်။
https://youtu.be/ijrKcdU1Hoo
#Greentribe
#MizzimaTV
#အစိမ်းရောင်လူမျိုးစု
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
ဘာသာရေးအလွဲသုံးစားလုပ်တဲ့ အစိမ်းရောင် ဗုဒ္ဓဝါဒကို ဘုရားဆင်းတုတော်က ကန့်ကွက်လာတဲ့အခါ
ဘာသာရေးအလွဲသုံးစားလုပ်တဲ့ အစိမ်းရောင် ဗုဒ္ဓဝါဒကို ဘုရားဆင်းတုတော်က ကန့်ကွက်လာတဲ့အခါ အစိမ်းရောင်သူကြိီးမင်းက ဘယ်လိုတုံ့ပြန်လိုက်သလဲ
အစိမ်းရောင်တွေက အပြာရောင်တွေကိုဖိနှိပ်နေတဲ့ ရွာကဇာတ်လမ်းတွေကို အပတ်စဉ်သောကြာနေ့ ည ၇ နာရီခွဲတိုင်း မဇ္ဈိမတီဗီချန်နယ်၊ Mizzima…

👍9💩2🔥1
ရေပုတ်သင်ကြီးနှင့်အသွင်တူသည့် ရှေးဟောင်းသက်ရှိရုပ်ကြွင်းအား သြစတြေးလျ၌ တူးဖော်တွေ့ရှိ
=====================
#MizzimaTV
#hightech&gadget
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
=====================
#MizzimaTV
#hightech&gadget
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7🔥1
ဗဟိုအာရှ၏ အကြီးဆုံး လေတာဘိုင်အား တပ်ဆင်ခဲ့သည့် ဆော်ဒီကုမ္ပဏီ
======================
#MizzimaTV
#hightech&gadget
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
======================
#MizzimaTV
#hightech&gadget
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6🔥1
ကန့်ဘလူမှ စစ်ဘေးရှောင်ပြည်သူများ မြွေဆိုးအန္တရာယ်ကြုံနေပြီး မြွေဆိပ်ဖြေဆေးလိုအပ်နေ
👍9🔥5😢2
ကန့်ဘလူမှ စစ်ဘေးရှောင်ပြည်သူများ မြွေဆိုးအန္တရာယ်ကြုံနေပြီး မြွေဆိပ်ဖြေဆေးလိုအပ်နေ
===================
ကိုခင်မောင်
(မဇ္စျိမ)။ ။ မြွေဆိုးအန္တရာယ်ရင်ဆိုင်နေရသည့် ကန့်ဘလူမြို့နယ်တွင် မြွေဆိပ်ဖြေဆေးလုံလောက်မှုမရှိ၍ ပြင်ပမှဝယ်ယူနေရပြီး ပြည်သူများအနေဖြင့် တတ်နိုင်သမျှ ကူညီလှူဒါန်းပေးရန် ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့က အကူအညီတောင်းသည်။
ကန့်ဘလူမြို့နယ် ကျေးရွာအများစုသည် စစ်ကောင်စီစစ်ကြောင်းများကြောင့် နေရပ်စွန့်ခွာ စစ်ရှောင်နေသည်မှာ တနှစ်ကျော်မျှကြာမြင့်နေပြီး မြွေဆိုးအန္တရာယ်လည်း မကြာခဏကြုံတွေ့နေရသည်ဟု ယင်းအဖွဲ့က ဆိုသည်။
“ကျွန်တော်တို့ကတော့ တိုက်နယ်တွေခွဲပြီး လှူဒါန်းပေးတာပါဗျ။ မြေပြင်မှာက ကျွန်တော်တို့လှူတဲ့ဆေးနဲ့လဲ လောက်ငကြတာမဟုတ်ဘူးလေ။ သူတို့ရေရှည် ကုသပေးဖို့ တခါတလေ ရွာက စုပြီးပြန်ဝယ်ကြရတာတွေရှိတယ်” ဟု ကျွန်းလှ -ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့တာဝန်ရှိသူက မဇ္စျိမကို ပြောသည်။
အနယ်နယ်အရပ်ရပ်မှ ပြည်သူအချို့က မြွေဆိပ်ဖြေဆေးလှူဒါန်းမှုများရှိသော်လည်း လုံလောက်မှုမရှိသေး၍ ထပ်မံကူညီပေးရန် ၎င်းက တောင်းဆိုသည်။
ကန့်ဘလူခရိုင်အတွင်း မြွေပွေးနှင့် မြွေဟောက်အန္တရာယ်အကြီးမားဆုံးဖြစ်ပြီး အဆိုပါ မြွေမျိုးစိတ် အကိုက်ခံရပြီးနောက် မြွေဆိပ်ဖြေဆေးအချိန်မီမထိုးနိုင်ပါက အသက်သေဆုံးသည်အထိ အန္တရာယ်ကြီးမားသည်ဟု ကျွမ်းကျင်သူများက သတိပေး
သည်။
ကန့်ဘလူမြို့နယ်တွင် ယခုအခါ မြစ်ရေမြင့်တက်လာခြင်းကြောင့် မြွေဆိုးအန္တရာယ် ယခင်ကထက် ပိုမိုကြီးမားလာကြောင်း စစ်ဘေးရှောင်တဦးကပြောသည်။
" အိမ်မှာနေလို့ မရဘူးမို့ တဲတိုက်( တောင်ယာများမှ တဲအိမ်များ)တွေမှာ နေကြရတာ။ မြွေဆိုးပေါတဲ့ဒေသမို့ တော်တော်လေး သတိထားရတယ်"ဟု ၎င်းက ပြောသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၁၁ ရက်နေ့တွင် ကိုးတောင်ဘို့တိုက်နယ် မိဿလင်ကုန်းကျေးရွာ၌ အသက် ၂၅ နှစ်အရွယ် အမျိုးသမီးတဦးနှင့် အင်းပုတ်ကျေးရွာမှ အသက် ၃၈ နှစ်အရွယ်အမျိုးသားတဦး၊ဩဂုတ်လ ၅ ရက်နေ့ကလည်း ကိုးတောင်ဘို့တိုက်နယ်မှ အသက် ၄၀ အရွယ်အမျိုးသားတဦး မြွေဆိုးကိုက်ခံရသည်။သုံးဦးစလုံးကို အချိန်မှီဆေးကုပေးနိုင်ခဲ့၍ အသက်အန္တရာယ်မစိုးရိမ်ရတော့ကြောင်းကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က သတင်းထုတ်ပြန်သည်။
ပြီးခဲ့သည့် ဇူလိုင်လကလည်း ကန့်ဘလူခရိုင်အတွင်းတွင် ဒေသခံပြည်သူ ၁၂ဦး မြွေဆိုးကိုက်ခံခဲ့ရပြီး အသက် ၅၀ ကျော်အမျိုးသားတဦးသည် လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် ဆေးကုသမှု အချိန်မှီ မရရှိခဲ့သဖြင့် သေဆုံးသွားကြောင်း သိရသည်။ဇွန်လအတွင်းကလည်း ကန့်ဘလူခရိုင်အတွင်း၌ မြွေဆိုးကိုက်ခံရသည့် လူနာစုစုပေါင်း ၁၁ ဦးအထိ ရှိခဲ့သည်ဟု ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ပြုစုထားသည့် စာရင်းအရ သိရသည်။
ကန့်ဘလူမြို့နယ်တွင် ပြီးခဲ့သည့် ရက်အနည်းငယ်က စစ်ကောင်စီအခြေစိုက်စခန်းတခုကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့သည်။ ယခုအခါ စစ်ကောင်စီက အင်အားအများအပြားဖြင့် ပြန်လည် စစ်ကြောင်းထိုးနေကြောင်း သတင်းရရှိသည်။
စာတည်း - အေးချမ်း
#mizzima
#ကန့်ဘလူ
#မြွေဆိုးအန္တရာယ်
#မြွေဆိပ်ဖြေဆေး
#လိုအပ်နေ
#Hard News, Ethnic
ပုံအညွှန်း။ ။ သြဂုတ်လအတွင်း ကန့်ဘလူခရိုင်မှ မြွေဆိုးကိုက်ခံရသူများ
ဓာတ်ပုံ။။ကျွန်းလှ- ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ ( ကန့်ဘလူခရိုင်)

👍9😢6🔥2
PDF များဝင်လာကြောင်း တပ်လော်ဘီများ သတင်းလွှင့်၊ ရန်ကုန်တွင် ဧည့်စာရင်းပိုစစ်နေ
======================
ဂန္ဒမာ
(မဇ္ဈိမ) ။ ။ ရန်ကုန်မြို့သို့ ယခုရက်ပိုင်းအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်(PDF) များ ဝင်ရောက်လာကြောင်း စစ်တပ်လော်ဘီများက သတင်းလွှင့်မှုကြောင့် စစ်ကောင်စီက ဧည့်စာရင်းစစ်ဆေးမှု ပိုမိုပြုလုပ်နေကြောင်း တော်လှန်ရေးအင်အားစုများထံမှသိရသည်။
ရန်ကုန်မြို့၌ ယမန်နေ့ ဩဂုတ်လ ၁၇ ရက် ညပိုင်းတွင် ဧည့်စာရင်းစစ်ဆေးမှုများ ရုတ်တရက် ပြုလုပ်ခဲ့ပြီး ဒဂုံဆိပ်ကမ်း၊ ပုဇွန်တောင် ၊ ဗဟန်း ၊ ဒေါပုံ ၊ ကြည့်မြင်တိုင် ၊ စမ်းချောင်း ၊ အလုံ မြို့နယ်တို့အား စစ်ဆေးသွားကြောင်း သိရသည်။
"သူတို့(စစ်ကောင်စီ)လော်ဘီတွေက ရန်ကုန်ကို PDFတွေ ဝင်လာပြီဆိုပြီး ဖွတဲ့ကိစ္စတွေလဲပါတာပေါ့ ။ ပြီးတော့ စစ်တပ်ဘောမတွေကလည်း ဒီလို သတင်းတွေကြားရင်နေစရာမရှိကြောက်လန့်ပြီး စစ်တပ်ကို စစ်ဆေးဖို့ပြောတာတွေလည်းရှိတယ်။ ဒါကြောင့်တွေလဲပါတယ် ။ သတင်းတခုအရဆိုရင် ဒလန်(စစ်ကောင်စီသတင်းပေး)က ဒီရက်မှာ PDFရှိပါတယ်ဆိုပြီးသတင်းပေးလို့ ဝင်စစ်တာ ဘာမှမရှိလို့ ဒလန်ကို ပါးရိုက်ပြီး ပြန်လာရတဲ့ဖြစ်စဉ်တွေတောင် ရန်ကုန်မှာရှိခဲ့ပါတယ်။ ကျွန်တော်တို့က ဒီလောက်ပဲပြောပြလို့ရပါတယ်" ဟု မြေပြင်တော်လှန်ရေးအင်အားစုတခုမှ တာဝန်ခံတဦးက မဇ္ဈိမ ကိုပြောသည်။
စစ်ကောင်စီထောက်ခံသည့် တယ်လီဂရန်ချန်နယ်အချို့တွင် ယခုရက်ပိုင်း ရန်ကုန်မြို့သို့ PDF များဝင်ရောက်လာသည်ဟု ရေးသားဖော်ပြနေသည်ကိုတွေ့ရသည်။
ယမန်နေ့ညက ဧည့်စာရင်းစစ်ဆေးရာတွင် မြို့နယ် နှစ်ခု၌ ပြည်သူအချို့အား ဖမ်းဆီးသွားသည့်ဖြစ်စဉ်ရှိခဲ့ကြောင်းသိရသော်လည်း အကြောင်းရင်းကို မသိရှိရသေးပေ။ယနေ့ ဩဂုတ်လ ၁၈ရက်ညတွင်လည်း တာမွေမြို့အပါအဝင် မြို့နယ်အချို့၌ စစ်ကောင်စီက ဧည့်စာရင်းစစ်ဆေးနေသည်။
ရန်ကုန်မြို့တွင် ယခင်က မြို့နယ်တခုသို့ ဧည့်စာရင်းဝင်စစ်လျှင် စစ်ကောင်စီတပ်သားများ၊ အရပ်ဝတ်များ၊ အုပ်ချုပ်ရေးမှူးနှင့် စစ်ကား၊ ရဲကားအနည်းငယ်ဖြင့်သာ ဝင်ရောက်သော်လည်း ယခုအခါတွင် လဝက၊ အရန်မီးသတ်တို့အပြင် အိမ်စီးကားများဖြင့်ပါ ဝင်ရောက်စစ်ဆေး ဖမ်းဆီးမှုများပြုလုပ်လာကြောင်း မြေပြင်ကင်းထောက်တော်လှန်ရေးအင်အားစုများ၏ ပြောပြချက်အရသိရသည်။
စာတည်း - အေးချမ်း
#mizzima
#ရန်ကုန်မြို့
#ဧည့်စာရင်းစစ်
#တော်လှန်ရေးအင်အားစုများ
#Hard News
photo - ရန်ကုန်တွင် ဧည့်စာရင်းစစ်နေသော စစ်ကောင်စီနှင့်ရဲတပ်ဖွဲ့(ပုံဟောင်း)

👍21🔥4❤1👎1👏1
ဂျိမ်းစ်ဝက်ဘ်တယ်လီစကုပ်၏အချက်အလက်များအရ ရှေးအကျဆုံးဖြစ်လာသည့် မေဆီဂလက်ဆီ
=================
#MizzimaTV
#hightech&gadget
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
=================
#MizzimaTV
#hightech&gadget
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍14😁1
ဖြူးမြို့နယ် စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားထိခိုက်မှုများရှိ
======================
ရွှေနွယ်
(မဇ္ဈိမ) ။ ။ ပဲခူးတိုင်း၊ ဖြူးမြို့နယ်တွင် ယနေ့ ဩဂုတ်လ ၁၈ ရက် မွန်းလွဲ ၃ နာရီ ၅၃ မိနစ်အချိန်ခန့်က စစ်ကောင်စီတပ်၏ အမှတ် (၄၃၉) ခြေမြန်တပ်ရင်းမှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အရပ်သားများထိခိုက်ဒဏ်ရာရရှိထားသည်ဟု မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။
ဖြူးမြို့နယ် နောင်ဘိုကျေးရွာသို့ ၁၂၀မမ တစ်လုံးပစ်ခတ်ခဲ့ရာ ထိခိုက်ပျက်စီးမှုမရှိခဲ့သော်လည်း ကညွတ်ကွင်းမြို့ ငတိုးခင်ကျေးရွာဘက်သို့ ၁၂၀မမ တစ်လုံး ထပ်မံပစ်ခတ်ရာတွင်မူ အမျိုးသား နှစ်ဦး အမျိုးသမီး နှစ်ဦး ထိခိုက်ဒဏ်ရာရကာ ပြည်သူပိုင်နေအိမ်သုံးလုံး ထိခိုက်ပျက်စီးသွားသည်ဟု သိရသည်။
"ကျောက်တံခါးမြို့နယ်နဲ့လည်း ထိစပ်နေတဲ့ ကညွတ်ကွင်းက ရွာတွေပေါ်ကို ကျသွားခဲ့တာပါ" ဟု ကျောက်တံခါးမြို့နယ် သတင်းရင်းမြစ် တဦးမှ မဇ္ဈိမကို ပြောသည်။
ထို့ပြင် ယနေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်အချိန်ခန့်တွင်လည်း ကျောက်တံခါးမြို့နယ် တောကျွဲအင်းမြို့ဘက်သို့ စစ်ကောင်စီတပ်၏ တိုက်လေယာဉ်တစ်စီး ပျံသန်းသွားကြောင်း ဒေသခံများထံမှသိရသည်။
ထိုသို့ စစ်ကောင်စီတပ်မှ ပစ်မှတ်ထားနေသည့် ကညွတ်ကွင်းမြို့နှင့် တောကျွဲအင်းမြို့(အောင်မြင်မြို့)အကြားတွင် ယနေ့နံနက်ပိုင်းက မန္တလေးဘက်မှ ရန်ကုန်ဘက်သို့မောင်းနှင်လာသော မီးရထားအား KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့သေးသည်။
အဆိုပါ ရထားသည် စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းထောက်ပို့ရထားဖြစ်သည်ဟု သတင်းရရှိသည့်အတွက် မိုင်းဆွဲတိုက်ခိုက်ခြင်းဖြစ်သည်ဟု အမှတ် (၂) စစ်ဒေသခွဲမှ မဇ္ဈိမကိုပြောသည်။
ထိုသို့ မီးရထားမိုင်းဆွဲတိုက်ခိုက်ခံရခြင်းနှင့်ပတ်သက်၍ စစ်ကောင်စီဘက်မှ တစုံတရာထုတ်ပြန်ခြင်း မတွေ့ရှိရသေးပေ။
ဖြူးမြို့နယ်နှင့် ကျောက်တံခါးမြို့နယ်တို့သည် စစ်ကောင်စီတပ်နှင့် ဒေသတွင်းကာကွယ်ရေးတပ်ဖွဲ့များကြား စစ်ရေးတင်းမာလျက်ရှိသည့် ဒေသများလည်းဖြစ်သည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#ကျောက်တံခါးမြို့နယ်
#ဖြူးမြို့နယ်
#လက်နက်ကြီး

👍22🔥3😁1🤬1😢1
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ် သြဂုတ်လ ၁၈ ရက်ထုတ်လွှင့်မှုများ
===================
https://youtu.be/pJrKLNU7Ctw
#PVTV

#MizzimaTV -----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို…

👍18🍌2
19.8.2023 (Saturday )ထုတ်လွှင့်တင်ဆက်ပြသမည့် အစီအစဉ်
===================
Highlight
Cele City (ညနေ - ၄ နာရီ)
နှောင်ကြိုးဖွဲ့ ကလဲ့စား (ညနေ - ၇ နာရီ)
Korea Movie - Semantic Error : The Movie( ည- ၁၀ နာရီခွဲ)
Mizzima+ channel တွင် ပြသနေ့သည့် အချိန်မှာပဲ Mizzima App တွင်လည်း Live Stream တိုက်ရိုက်ကြည့်ရှုနိုင်ပါသည်။
#mizzimatv

👍3❤2🔥2
Semantic Error : The Movie
==============
Romance/Drama
ဒီဇာတ်လမ်းကတော့ Semantic Error ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲကို ရုပ်ရှင်အဖြစ် ထွက်လာတဲ့ ဇာတ်ကားတစ်ကားပါပဲ
BL အသားပေးဇာတ်ကားတစ်ခုဖြစ်ပြီး ဇာတ်လမ်းအကျဉ်းကတော့ ...
တက္ကသိုလ်တစ်ခုက အဖွဲ့လိုက်လုပ်ဆောင်မှုတွေမှာ ရေသာခိုနေတဲ့ ကျောင်းသားတွေဟာ ဘွဲ့မရသင့်ဘူး အခြားသော အားစိုက်ကြိုးပမ်းတဲ့ ကျောင်းသားတွေအတွက် နစ်နာတယ်ဆိုပြီး ကျောင်းသားတစ်ယောက်က အွန်လိုင်းမှာ ဖွလိုက်ရာက ဘွဲ့ရမယ့်အရေးအတွက် အောင်ပွဲခံနေတဲ့ ဂျန်ဂျယ်ယောင်းတစ်ယောက်အတွက်တော့ စိတ်ရှုပ်စရာတစ်ခုဖြစ်လာခဲ့တယ် ဒီလိုနဲ့ပဲ ကျောင်းဘက်က ပြုပြင်ပြောင်းလဲမှုတွေကြောင့် သူဟာ ဘွဲ့မရတော့ဘဲ ကျောင်းဆက်တက်ရဖို့ ဖြစ်လာခဲ့တဲ့အတွက် အခဲမကြေတဲ့စိတ်နဲ့ အဲ့ဒီလို ဖွခဲ့တဲ့ ကျောင်းသား ချူဆန်းဝူးကို မရမကလိုက်ရှာခဲ့တယ် ချူဆန်းဝူးကို လိုက်ရှာပြီး ပညာပေးမယ်လို့ ဆုံးဖြတ်ထားတဲ့ ဂျန်ဂျယ်ယောင်းက ချူဆန်းဝူးနဲ့တွေ့တဲ့အချိန်မှာ ချူဆန်းဝူးမကြိုက်တာတွေလိုက်လုပ်ရင်း စိတ်အနှောက်အယှက်ပေးခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ဂိမ်းတစ်ခုကို အတူလုပ်ပေးနေရင်းက ရင်းနှီးသွားခဲ့ပြီး သူ့စိတ်ကူးတွေ ပြောင်းသွားခဲ့တယ် ခေတ်မီအသိုင်းအဝိုင်းက ဖြစ်ပေမယ့်
တကယ်တမ်း တစ်ယောက်ကို တစ်ယောက် စိတ်ဝင်စားသွားကြတဲ့အခါ သူတို့ရဲ့ ချစ်ခြင်းမေတ္တာတွေကို ဘယ်လိုဖော်ထုတ်ကြမလဲ .. ဒီကြားထဲ ချူဆန်းဝူးကို သဘောကျနေတဲ့ ကောင်မလေးတစ်ယောက်ကလည်း ရှိနေပြန်တယ် .. သူတို့တွေရဲ့ ချစ်ခြင်းမေတ္တာကို ဘယ်လို ဖွင့်ဟကြမလဲဆိုတာ စောင့်ကြည့်လိုက်ကြပါဦး
ဒီဇာတ်ကားလေးကို Mizzima + Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။
Mizzima+ Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့ Mizzima TV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင်
App ဒေါင်းလော့လုပ်ရန် - https://bit.ly/44WaGEU
#New ပြသမည့်ရက်။ ။ ၁၉.၈.၂၀၂၃
ပြသမည့် အချိန် ။ ။ မနက် (၁၀:၀၀)နာရီ
ပြန်လည်ပြသမည့်အချိန်။ ။ ည (၁၀:၃၀) နာရီ
(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U”

👍5🔥2
ဩဂုတ်လ (၁၉) ရက်၊ စနေနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
======================
ဒီကနေ့မနက်မှာတော့ .............
လက်ခတ်တောင်စခန်းကို စစ်ကောင်စီတပ်က လေယာဉ် ၃စီးနဲ့ ဗုံးကြဲတဲ့သတင်းနဲ့အတူ
အညာဒေသက လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေအကြား ပဋိပက္ခတွေ လျော့နည်းလာဖို့ တော်လှန်ရေးရဲဘော် တွေကို အတွေးအခေါ်လက်နက်တပ်ဆင်ပေးဖို့လိုအပ်နေတယ်ဆိုတဲ့သတင်းလွှာအပါအဝင်
နောက်ဆုံးရ ပြည်တွင်းသတင်းတွေ၊ စီးပွားရေးနဲ့ နိုင်ငံတကာသတင်းတွေကို နားဆင်ကြရပါမယ်။
သတင်းတွေအပြီးမှာတော့ အပတ်စဉ်ကဏ္ဏတစ်ခုဖြစ်တဲ့ “Insight Myanmar” အစီအစဉ်ကိုလည်း နားဆင်ရပါမယ်။
https://youtu.be/aVY9jvt8SjM
#Morningradio
#Mizzimaradio
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
======================
ဒီကနေ့မနက်မှာတော့ .............
လက်ခတ်တောင်စခန်းကို စစ်ကောင်စီတပ်က လေယာဉ် ၃စီးနဲ့ ဗုံးကြဲတဲ့သတင်းနဲ့အတူ
အညာဒေသက လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေအကြား ပဋိပက္ခတွေ လျော့နည်းလာဖို့ တော်လှန်ရေးရဲဘော် တွေကို အတွေးအခေါ်လက်နက်တပ်ဆင်ပေးဖို့လိုအပ်နေတယ်ဆိုတဲ့သတင်းလွှာအပါအဝင်
နောက်ဆုံးရ ပြည်တွင်းသတင်းတွေ၊ စီးပွားရေးနဲ့ နိုင်ငံတကာသတင်းတွေကို နားဆင်ကြရပါမယ်။
သတင်းတွေအပြီးမှာတော့ အပတ်စဉ်ကဏ္ဏတစ်ခုဖြစ်တဲ့ “Insight Myanmar” အစီအစဉ်ကိုလည်း နားဆင်ရပါမယ်။
https://youtu.be/aVY9jvt8SjM
#Morningradio
#Mizzimaradio
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
ဩဂုတ်လ (၁၉) ရက်၊ စနေနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
ဒီကနေ့မနက်မှာတော့ .............
လက်ခတ်တောင်စခန်းကို စစ်ကောင်စီတပ်က လေယာဉ် ၃စီးနဲ့ ဗုံးကြဲတဲ့သတင်းနဲ့အတူ
အညာဒေသက လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေအကြား ပဋိပက္ခတွေ လျော့နည်းလာဖို့ တော်လှန်ရေးရဲဘော် တွေကို အတွေးအခေါ်လက်နက်တပ်ဆင်ပေးဖို့လိုအပ်နေတယ်ဆိုတဲ့သတင်းလွှာအပါအဝင်…

👍13❤2🔥1👏1