(၁၅) ကြိမ်မြောက် ပဒိုမန်းရှာလူငယ်ခေါင်းဆောင်ဆု ကရင်ကျောင်းအုပ်ဆရာမ နော်ဟေသီဂျူးရရှိ
👍15❤6🤮1

===================
YT
(မဇ္ဈိမ)။ ။ ကရင်အမျိုးသားအစည်းအရုံး( KNU) ၏ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ပဒိုမန်းရှာလားဖန်း၏ သားသမီးလေးဦးမှ ဦးစီးတည်ထောင်ထားသည့် ဖန်းဖောင်ဒေးရှင်းမှ ပေးအပ်သော (၁၅) ကြိမ် မြောက်" ပဒိုမန်းရှာ လူငယ်ခေါင်းဆောင်ဆု" အား ထိုလွီးဝါးကျောင်းမှ ကျောင်းအုပ်ဆရာမ နော်ဟေသီဂျူး ရရှိသွားသည်။
ကျောင်းအုပ်ဆရာမ နော်ဟေသီဂျူးသည် ၂၀၂၂ ခုနှစ်အတွက် ပေးအပ်သည့် "ပဒိုမန်းရှာလူငယ်ခေါင်းဆောင်ဆု" အား ရရှိသွားခြင်း ဖြစ်သည်။
အဆိုပါဆုအတွက် ဆရာမ နော်ဟေသီဂျူးကို ကရင်ကျောင်းသားများ ကွန်ယက် (KSNG) က စာရင်းတင်သွင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုဆုအား ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက်နေ့တွင် KNU တပ်မဟာ (၂) တွင်ကျင်းပသည့် (၇၃) နှစ်မြောက် ကရင့်အာဇာနည်နေ့ အခမ်းအနားတွင် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ယခုဆုကို ချီးမြှင့်ခံရသည့်အတွက် ဝမ်းသာဂုဏ်ယူပြီး လက်ရှိလုပ်ဆောင်နေသာ အရာများကို ပိုပြီးကောင်းမွန်အောင် လုပ်ဆောင်နိုင်ရန် တွန်းအားပေးလိုက်ခြင်းဖြစ်ကြောင်း ကျောင်းအုပ်ဆရာမ နော်ဟေသီဂျူးက မဇ္ဈိမကို ပြောသည်။
"ကျွန်မကို သူတို့ရွေးချယ်လိုက်တဲ့အတွက် ကျွန်မလက်ရှိလုပ်ဆောင်နေတဲ့ အရာတွေကို ပိုပြီး လုပ်ဆောင်နိုင်ဖို့ ခွန်အားရှိသလို တွန်းအားပေးလိုက်တယ်လို့လည်း မြင်မိပါတယ်” ဟု ကျောင်းအုပ်ဆရာမ နော်ဟေသီဂျူးက မဇ္ဈိမကို ပြောသည်။
ကျောင်းအုပ်ဆရာမ နော်ဟေသီဂျူးသည် KNU တပ်မဟာ (၂) အုပ်ချုပ်နယ်မြေ၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်အတွင်းတည်ရှိသည့် ထိုလွီးဝါး ကရင်လူထုအထက်တန်းကျောင်းတွင် ၂၀၁၅ ခုနှစ်မှစတင်၍ ကျောင်းဆရာမအဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့ခြင်း ဖြစ်သည်။
ထို့နောက်၂၀၁၇ ခုနှစ်တွင် ကျောင်းအုပ်ဆရာမအဖြစ် ပြောင်းလဲတာဝန် ထမ်းဆောင်ခဲ့သည်။
အဆိုပါကျောင်းသည် ဆရာမ နော်ဟေသီဂျူးလက်ထက် ၂၀၁၈ ခုနှစ်တွင် အငယ်တန်း ကောလိပ်အဆင့်အဖြစ် (Junior College) တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့သော ကရင့်ပညာရေးနှင့် ယဉ်ကျေးမှုဌာနလက်အောက်ရှိ စာသင်ကျောင်း တကျောင်းဖြစ်သည်။
ဆရာမ နော်ဟေသီဂျူးအနေဖြင့် ကျောင်းအုပ်ဆရာမအဖြစ် တာဝန်ယူနေစဉ်အချိန်တွင်လည်း အခက်အခဲများစွာ ကြုံတွေ့ခဲ့ရကြောင်း မဇ္ဈိမကို ပြောသည်။
" အခက်အခဲတွေကတော့ အများကြီးရှိတာပေါ့လေ၊ အဲ့ထဲမှာမှ ကျောင်းမှာ ပြဿနာဖြေရှင်းရတဲ့ကိစ္စတွေပေါ့၊ ကလေးတွေ ကျောင်းစည်းကမ်းလိုက် မနာလို့ ရှင်းရတဲ့ကိစ္စတွေက အစပေါ့၊ တချို့ကပြောတယ် ။ ကျောင်းအုပ်က ယောကျာ်းလေးဆို ပိုအဆင်ပြေမယ်၊ ကလေးတွေက ဆရာတွေကိုပိုကြောက်တယ်ဆိုပြီး၊ သူတို့မြင်တာက အမျိုးသမီးဆို ပျော့ပျောင်းတော့ ကလေးတွေက မကြောက်တော့ အလုပ်မဖြစ်ဘူး၊ အဲ့လို တချို့က ထင်မြင်ပြီး တိုက်ရိုက်ပြောလာတာတွေလည်း ကြုံရတယ်" ဟု ကျောင်းအုပ်ဆရာမ နော်ဟေသီဂျူးက မဇ္ဈိမကို ပြောသည်။
ကော်သူးလေ အုပ်ချုပ်နယ်မြေအတွင်းရှိ ပညာရေး၊ ဆင်းရဲမွဲတေမှု လျော့ချရေး အားထုတ်မှုကဏ္ဍ၊ လူ့အခွင့်အရေးမြှင့်တင်ခြင်း၊ ကရင့်ယဉ်ကျေးမှု ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ရေးစသည့် ကဏ္ဍအသီးသီးတွင် ပါဝင်လှုပ်ရှားသည့် အသက် ၃၅ နှစ်အောက် လူငယ်ခေါင်းဆောင်များအား နှစ်စဉ် "ပဒိုမန်းရှာလူငယ်ခေါင်းဆောင်ဆု" အတွက် ရွေးချယ်၍ ဆုချီးမြှင့် ပေးနေခြင်း ဖြစ်သည်။
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်အတွက် (၁၄) ဦးမြောက် ပဒိုမန်းရှာ လူငယ်ခေါင်း ဆောင်ဆုကိုမူ နယ်စပ်ဒေသ ဒုက္ခသည်စခန်းများရှိ ပြည်သူများ သောက်ရေသန့်ရရှိရေးအတွက် စွမ်းဆောင်ပေးနေသည့် စောသေးဂေမှု ချီးမြှင့်ခံခဲ့ရသည်။
စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်ရာတွေ သဘောထား ပြတ်သားသူဟု လူသိများသော ပဒိုမန်းရှာလားဖန်သည် ၂၀၀၈ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် မသမာသူ လူတစု၏ လုပ်ကြံသတ်ဖြတ်မှုကြောင့် ကျဆုံးသွားသည်။
စာတည်း။ ။ နောင်နောင်
#ပဒိုမန်းရှာလားဖန်း
#ဆုပေးပွဲ
#Mizzima
ပုံအညွှန်း- ကျောင်းအုပ်ဆရာမ နော်ဟေသီဂျူး (၁၅) ကြိမ်မြောက် ပဒိုမန်းရှာလူငယ်ခေါင်းဆောင်ဆုကို လက်ခံရယူစဉ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍17❤3😁2🤮1
My india အစီအစဉ်
================
ဒီတစ်ပတ်ရဲ့My india အစီအစဉ်မှာ
-ဩစတြေးလျ ကပ္ပတိန် Pat Cummins က အိန္ဒိယရဲ့ World Test Championship ပွဲမတိုင်မီ seam-bowling all-rounder Cameron Green ကို အားပေးထောက်ခံစကားဆို
-ဂျာမနီရဲ့ ကာကွယ်ရေးဝန်ကြီး Boris Pistorius က အိန္ဒိယကာကွယ်ရေးဝန်ကြီး Rajnath Singhနဲ့ နှစ်နိုင်ငံကြား ရင်းနှီးမှု ပိုမိုခိုင်မာစေရေးအတွက် နယူးဒေလီမှာ တွေ့ဆုံ
-နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ ဟီမာချယ်ပရာဒေ့ရှ်ပြည်နယ်က လှပတဲ့ရှုခင်းတွေ တည်ရှိတဲ့ နွေရာသီပွဲတော်ကို တောင်ပေါ်စခန်းမှာ ကျင်းပ
-ဂျမ်းမူနဲ့ ကတ်ရှ်မီးယားရဲ့ အူဒမ်ပူရ်ခရိုင်အတွင်းက Chennai Tehsilမှာ Sudhmahadevပွဲတော်ကို ဟိန္ဒူ၊မူဆလင်၊ခရစ်ယာန်နဲ့ ဆစ်ခ် စတဲ့ ဘာသာရေး အသိုင်းအဝိုင်း အသီးသီးတို့က လူအများက ၃ရက်ကြာ ကျင်းပတဲ့ ပွဲတော်ကို တက်ရောက်ခဲ့ကြ
-ကမ္ဘာ့နိုင်ငံအသီးသီးက ဖွံ့ဖြိုးတိုးတက်မှုသတင်းတွေနဲ့ အခြားသတင်းတွေပါဝင်တဲ့ World In Focus အစီအစဉ်နဲ့တကွ
အခြားစိတ်ဝင်စားစရာ အစီအစဉ်ကောင်းများကို တင်ဆက်ပေးမှာပဲဖြစ်ပါတယ်။
https://youtu.be/luYzUpaLwCM
#myindia
#mizzima
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

YouTube

-ဂျာမနီရဲ့ ကာကွယ်ရေးဝန်ကြီး Boris Pistorius က အိန္ဒိယကာကွယ်ရေးဝန်ကြီး Rajnath Singhနဲ့…

👍4🔥2
ဗုဒ္ဓဘာသာ ညှိုးနွမ်းစေမှုဖြင့် ဆွစ်ဇာလန်နိုင်ငံသား ၁ ဦးကို စစ်ကောင်စီ ဖမ်းဆီး
=======================
ဗုဒ္ဓဘာသာ၏ “ကျင့်ဝတ်သိက္ခာနှင့် ဂုဏ်ရည်” ကို ထိခိုက်အောင် ရုပ်ရှင် ရေးသားရိုက်ကူးခဲ့သည့်အတွက် ဆွစ်ဇာလန်နိုင်ငံသားတဦးကို မြန်မာအာဏာပိုင်များက ဖမ်းဆီးထားကြောင်း စစ်ကောင်စီက သောကြာနေ့တွင် ပြောသည်။
အသက် ၅၂ နှစ်အရွယ် Didier Nusbaumer ကို “ဗုဒ္ဓဘာသာ ဘုန်းကြီးများ၏ ကျင့်ဝတ်နှင့် သိက္ခာကို ထိခိုက်စေနိုင်သော” ဇာတ်လမ်းတို ရိုက်ကူးမှုဖြင့် ဩဂုတ် ၈ ရက်က ဖမ်းဆီးထားခြင်းဖြစ်ကြောင်း စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ချက်၌ ဆိုသည်။
“ဘာမှ မမျှော်လင့်ပါနဲ့” ဟု အမည်ပေးထားသော ၇၅ မိနစ်ခန့်ရှိမည့် အဆိုပါ ရုပ်ရှင်ကို Buddhist YouTube နှင့် TikTok တို့တွင် ဇူလိုင်လအတွင်းက တင်ထားခြင်း ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ရုပ်ရှင်ထဲတွင် “မိန်းမငယ်တဦးက ဘုန်းကြီးများ၏ စင်ကြယ်သော အကျင့်သီလကို ထိခိုက်နစ်နာစေခြင်းဖြင့် ဗုဒ္ဓဘာသာ၏ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံများအပေါ် ရုန့်ရင်းကြမ်းတမ်းစွာ စော်ကားပြောဆိုထားသည်”ဟု ထုတ်ပြန်ချက်၌ ဆိုသော်လည်း အသေးစိတ် မဖော်ပြပေ။
ရုပ်ရှင်ထဲ ပါဝင်သည့် အခြား ၁၃ ဦးကိုလည်း ဖမ်းဆီးထားပြီး ၎င်းတို့သည် ဘုန်းကြီးများ၏ အကျင့်သီလနှင့် သိက္ခာ ကျအောင် ဂရုမစိုက်ဘဲ ပြုမူထားသည်ဟု ထုတ်ပြန်ချက်က ဖော်ပြသည်။
“ဒီ ဖမ်းဆီးထားသူတွေကို ထိရောက်စွာ အရေးယူသွားပါမယ်”ဟု ဆိုသည်။
Nusbaumer ကို အချုပ်ခန်းအတွင်း ဖမ်းဆီးထိန်းသိမ်းထားသည်လားဆိုခြင်းကို ထုတ်ပြန်ချက်က မဖော်ပြထားပေ။
ထင်မြင်ချက်ပေးရန်အတွက် ရန်ကုန်ရှိ ဆွစ်ဇာလန်သံရုံးသို့ အေအက်ဖ်ပီက ဆက်သွယ်ထားသည်။
၂၀၁၆ ခုနှစ်အတွင်းကလည်း ညပိုင်း တရားဟောရာ အသံချဲ့စက်ကို ကြိုးများ ဆွဲဖြုတ်ခဲ့သည့် နယ်သာလန် ခရီးသွားဧည့်သည်တစ်ဦးအား ဘာသာရေး ထိခိုက်စေမှုဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် သုံးလ ချမှတ်ခဲ့သည်။

👍11😁4🔥3👎1👏1
“လူထုတွေ အားလုံးပါဝင်တာဖြစ်တဲ့အတွက် ဒီတော်လှန်ရေးဟာ နိုင်ကိုနိုင်ရမှာ ဖြစ်တယ်" ခွန်ဘီထူ
==========================
“ တနိုင်ငံလုံးက လူထုတွေ အားလုံးပါဝင်တာဖြစ်တဲ့အတွက် ဒီတော်လှန်ရေးဟာ နိုင်ကိုနိုင်ရမှာ ဖြစ်တယ်" ခွန်ဘီထူး ( KNDF ဥက္ကဋ္ဌ၊ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC) ဒုဥက္ကဋ္ဌ
(မဇ္ဈိမ)။ ။ တနိုင်ငံလုံးမှာရှိတဲ့ ဗမာလူထုခေါင်းဆောင်တွေက ဒီနိုင်ငံကို ပိုကောင်းအောင်သွားဖို့အတွက် ဆုံးဖြတ်ထားတဲ့ ဆုံးဖြတ်ချက်ဖြစ်သလို၊ တနိုင်ငံလုံးက လူထုတွေ အားလုံးပါဝင်တာဖြစ်တဲ့အတွက် နွေဦးတော်လှန်ရေးဟာ နိုင်ကိုနိုင်ရမှာဖြစ်တယ်လို့ ခွန်ဘီထူးကဆိုပါတယ်။
ဒီတပတ် Weekly Interview အစီအစဉ်မှာတော့ ကရင်နီဒေသရဲ့ စစ်ရေးနဲ့ အုပ်ချုပ်ရေး အခြေအနေတွေနဲ့ ပတ်သက်လို့ KNDF ဥက္ကဋ္ဌလည်းဖြစ် ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC) ဒု ဥက္ကဋ္ဌလည်းဖြစ်တဲ့ ခွန်ဘီထူး ကို မဇ္ဈိမ သတင်းထောက် မောင်ခက်နွေက ဆက်သွယ်မေးမြန်း ထားပါတယ်။
တင်ဆက်၊တည်းဖြတ် - မောင်ခက်နွေ
https://youtu.be/WDL-7kkHR3E
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
==========================
“ တနိုင်ငံလုံးက လူထုတွေ အားလုံးပါဝင်တာဖြစ်တဲ့အတွက် ဒီတော်လှန်ရေးဟာ နိုင်ကိုနိုင်ရမှာ ဖြစ်တယ်" ခွန်ဘီထူး ( KNDF ဥက္ကဋ္ဌ၊ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC) ဒုဥက္ကဋ္ဌ
(မဇ္ဈိမ)။ ။ တနိုင်ငံလုံးမှာရှိတဲ့ ဗမာလူထုခေါင်းဆောင်တွေက ဒီနိုင်ငံကို ပိုကောင်းအောင်သွားဖို့အတွက် ဆုံးဖြတ်ထားတဲ့ ဆုံးဖြတ်ချက်ဖြစ်သလို၊ တနိုင်ငံလုံးက လူထုတွေ အားလုံးပါဝင်တာဖြစ်တဲ့အတွက် နွေဦးတော်လှန်ရေးဟာ နိုင်ကိုနိုင်ရမှာဖြစ်တယ်လို့ ခွန်ဘီထူးကဆိုပါတယ်။
ဒီတပတ် Weekly Interview အစီအစဉ်မှာတော့ ကရင်နီဒေသရဲ့ စစ်ရေးနဲ့ အုပ်ချုပ်ရေး အခြေအနေတွေနဲ့ ပတ်သက်လို့ KNDF ဥက္ကဋ္ဌလည်းဖြစ် ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC) ဒု ဥက္ကဋ္ဌလည်းဖြစ်တဲ့ ခွန်ဘီထူး ကို မဇ္ဈိမ သတင်းထောက် မောင်ခက်နွေက ဆက်သွယ်မေးမြန်း ထားပါတယ်။
တင်ဆက်၊တည်းဖြတ် - မောင်ခက်နွေ
https://youtu.be/WDL-7kkHR3E
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
“လူထုတွေ အားလုံးပါဝင်တာဖြစ်တဲ့အတွက် ဒီတော်လှန်ရေးဟာ နိုင်ကိုနိုင်ရမှာ ဖြစ်တယ်" ခွန်ဘီထူး
“ တနိုင်ငံလုံးက လူထုတွေ အားလုံးပါဝင်တာဖြစ်တဲ့အတွက် ဒီတော်လှန်ရေးဟာ နိုင်ကိုနိုင်ရမှာ ဖြစ်တယ်" ခွန်ဘီထူး ( KNDF ဥက္ကဋ္ဌ၊ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC) ဒုဥက္ကဋ္ဌ
(မဇ္ဈိမ)။ ။ တနိုင်ငံလုံးမှာရှိတဲ့ ဗမာလူထုခေါင်းဆောင်တွေက ဒီနိုင်ငံကို ပိုကေ…

👍28😁1🤮1
မြိုင်မြို့နယ် Well 2 ရေနံမြေစခန်းက စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံရ
================
၀၀၈
(မဇ္ဈိမ)။ ။ မကွေးတိုင်း၊ မြိုင်မြို့နယ်၊ Well 2 ရေနံမြေစခန်း၌ အထိုင်ချ တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဩဂုတ် ၁၇ရက် နံနက် ၄ နာရီအချိန်ခန့်တွင် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“ကျွန်တော်တို့ သတင်းရထားတာတော့ သုံးဦးသေတယ်လို့ ကြားထားတယ်။ ဒဏ်ရာရတဲ့သူတွေလည်း များတယ်လို့ သိထားတယ်။ လုံခြုံရေးအရ အတိကျတော့ မပြောချင်သေးဘူး”ဟု တော်လှန်ရေး ရဲဘော်တဦးက ပြောသည်။
ယင်းတိုက်ခိုက််မှုကို မြိုင် ပကဖ တပ်ရင်း(၃) တပ်ခွဲ(၅) ၊ တပ်ခွဲ(၈) နှင့်အတူ ကျေးရွာလုံခြုံရေး တပ်ဖွဲများကပူးပေါင်း၍ ရှော့တိုက်ဒုံးများ၊အီနာဂါဗုံးသီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြခြင်းဖြစ်ကြောင်းသိရသည်။
အဆိုပါ စစ်ကောင်စီတပ်ဖွဲ့သည် မြိုင်နှင့် Well 2 ရေနံမြေလမ်းတွင် သွားလာသည့် ပြည်သူများကို တားဆီးစစ်ဆေး ဖမ်းဆီးခြင်းနှင့် ငွေညှစ်ခြင်းများ ပြုလုပ်နေခြင်းဖြစ်ကြောင်းလည်း သိရသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး
#မကွေးတိုင်း
#မြိုင်မြို့နယ်
#စစ်ကောင်စီတပ်
#တိုက်ခိုက်မှု
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
================
၀၀၈
(မဇ္ဈိမ)။ ။ မကွေးတိုင်း၊ မြိုင်မြို့နယ်၊ Well 2 ရေနံမြေစခန်း၌ အထိုင်ချ တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဩဂုတ် ၁၇ရက် နံနက် ၄ နာရီအချိန်ခန့်တွင် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“ကျွန်တော်တို့ သတင်းရထားတာတော့ သုံးဦးသေတယ်လို့ ကြားထားတယ်။ ဒဏ်ရာရတဲ့သူတွေလည်း များတယ်လို့ သိထားတယ်။ လုံခြုံရေးအရ အတိကျတော့ မပြောချင်သေးဘူး”ဟု တော်လှန်ရေး ရဲဘော်တဦးက ပြောသည်။
ယင်းတိုက်ခိုက််မှုကို မြိုင် ပကဖ တပ်ရင်း(၃) တပ်ခွဲ(၅) ၊ တပ်ခွဲ(၈) နှင့်အတူ ကျေးရွာလုံခြုံရေး တပ်ဖွဲများကပူးပေါင်း၍ ရှော့တိုက်ဒုံးများ၊အီနာဂါဗုံးသီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြခြင်းဖြစ်ကြောင်းသိရသည်။
အဆိုပါ စစ်ကောင်စီတပ်ဖွဲ့သည် မြိုင်နှင့် Well 2 ရေနံမြေလမ်းတွင် သွားလာသည့် ပြည်သူများကို တားဆီးစစ်ဆေး ဖမ်းဆီးခြင်းနှင့် ငွေညှစ်ခြင်းများ ပြုလုပ်နေခြင်းဖြစ်ကြောင်းလည်း သိရသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး
#မကွေးတိုင်း
#မြိုင်မြို့နယ်
#စစ်ကောင်စီတပ်
#တိုက်ခိုက်မှု
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍13🥰2😁2👏1
မန္တလေး ချမ်းမြသာစည်မြို့နယ် လ၀ကရုံး ဗုံးပစ်ခံရ
=================
007
(မဇ္စျိမ) ။ ။ မန္တလေး ၊ ချမ်းမြသာစည်မြို့နယ် လ၀ကရုံး ဗုံးပစ်တိုက်ခိုက်ခံရပြီး လူငါးဦးထက်မနည်း ထိခိုက်ဒဏ်ရာရကြောင်း သိရသည်။ ယမန်နေ့ သြဂုတ်လ ၁၈ ရက်နေ့၊ နံနက် ၁၀ နာရီကျော်ခန့်တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အစောင့်စစ်သားတစ်ဦးနှင့် ၀န်ထမ်းနှစ်ဦးနှစ် ရုံးကိစ္စလာလုပ်သူနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။
“ရုံးဖွင့်ပြီးသိပ်မကြာခင်မှာပဲ အုန်းကနဲ တစ်ချက်ပေါက်ကွဲသံကြီးကြားလိုက်ရတယ်။ အသံတော်တော်ကျယ်တယ်။ နောက်တော့ဆေးရုံ (ပရဟိတလူမှုရေးအသင်းကား)ကား တွေ၊ အဲဒီလမ်း(ရုံးအ၀င်လမ်း)ထဲ၀င်သွားတာတွေ့တယ်။ ရုံးအစောင့်စစ်သားတွေကို ဗုံးနဲ့ လှမ်းပစ်သွားတာဖြစ်နိုင်တယ်” ဟု ထိုရုံးအနီးနေထိုင်သူတစ်ဦးက ပြောသည်။
မန္တလေးမြို့တွင် စစ်ကောင်စီက PDF များအား စစ်သုံး၊ အရပ်သုံးမော်တော်ယာဉ်များဖြင့် လိုက်လံဖမ်းဆီးနေကြောင်း ယခုရက်ပိုင်းအတွင်း ဝါဒဖြန့်သတင်းလွှင့်နေသော်လည်း ထိုသို့ တိုက်ခိုက်ခံခဲ့ရခြင်း ဖြစ်သည်။
“သူတို့(စစ်အုပ်စု)ကတော့ မှတ်ပုံတင်လာလုပ်သူတွေ ထိကုန်တာလို့ပြောတာပဲ။ ပေါက်ကွဲမှုဖြစ်တော့ စစ်သားတွေက ချက်ချင်း ရောက်လာပြီး အ၀င်အထွက်လမ်းတွေပိတ်လိုက်တော့ ဘာမှမသိလိုက်ရဘူး။ အတွင်းသတင်းအရတော့ စစ်သားနဲ့၀န်ထမ်းတွေလည်း ထိတယ်လို့ကြားတယ် သတင်းမထုတ်ဘူးဗျ” ဟု ဒေသခံတစ်ဦးကပြောသည်။
ချမ်းမြသာစည်မြို့နယ်လ၀ကရုံး(လူ၀င်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန)သည် စစ်ကောင်စီတပ်ဖွဲ့က အစောင့်ချထားသည့် မြို့နယ်တရားရုံး ၊ မြို့နယ်ဥပဒေရုံး နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများ အနီးတွင်တည်ရှိသည်။
ထိုတိုက်ခိုက်မှုနှင့် ပတ်သက်၍ မည်သည့်အဖွဲ့အစည်းက လုပ်ဆောင်သွားခြင်းဖြစ်သည်ကို မဇ္ဈိမက စုံစမ်းနေဆဲဖြစ်သည်။
မန္တလေး ချမ်းမြသာစည်မြို့နယ်တွင်၊ ဇွန်လ ၁၅ ရက်နေ့ကလည်း မြို့နယ်ပြည်တွင်းအခွန်များ ဦးစီးဌာနရုံး ဗုံးပစ်တိုက်ခိုက်ခံရပြီး အကြီးတန်းစာရေး အမျိုးသားတစ်ဦး ဒဏ်ရာရပြီး ဌာနပိုင်မော်တော်ယာဉ်နှစ်စီး ပျက်စီးခဲ့သေးသည်။
စာတည်း- အောင်ကျော်ဖြိုး
#Mizzima
#မန္တလေး ချမ်းမြသာစည်မြို့နယ်
#လ၀ကရုံး
ပုံအညွှန်း- ပေါက်ကွဲမှုဖြစ်ခဲ့သည့်အနီး၀န်းကျင်အားတွေ့ရစဉ်(ဓာတ်ပုံ- CJ)

👍16👏2🥱2❤1🥰1
ဒီပဲယင်းမြို့ရှိ စီးပွားရေးဘဏ်တွင် လုံခြုံရေးယူထားသည့် စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံရ
👍14🥰2😁2❤1👏1
ဒီပဲယင်းမြို့ရှိ စီးပွားရေးဘဏ်တွင် လုံခြုံရေးယူထားသည့် စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံရ
================
၀၀၈
(မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ရှိ စီးပွါးရေးဘဏ်တွင် လုံခြုံရေးယူထားသည့် စစ်ကောင်စီတပ်ဖွဲ့ကို ယမန်နေ့ ဩဂုတ်လ ၁၈ရက် ညနေ ၅နာရီ ၃၀ မိနစ်ခန့်က မောင်းသူမဲ့ လေယာဉ်ငယ်ဖြင့် ဗုံသီး ငါးလုံးချ တိုက်ခဲ့ကြောင်း ရွှေဘိုခရိုင် အမှတ် (၁၄) တပ်ရင်းက သတင်းထုတ်ပြန်ထားသည်။
အဆိုပါဘဏ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ဦးခန့် တပ်စွဲကာ လုံခြုံရေးယူထားခြင်းဖြစ်ပြီး ယင်းတပ်ဖွဲ့သည် ဒီပဲယင်းမြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့များနှင့် ပူးပေါင်းကာ အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်နေသည့် တပ်ဖွဲ့ဖြစ်ကြောင်း သိရသည်။
ထိုသို့ တိုက်ခိုက်ခံရပြီးနောက် ယင်းစစ်ကောင်စီတပ်ဖွဲ့ဘက်က ပစ်ခတ်မှုများ ပြုလုပ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးထံက သိရသည်။
အဆိုပါတိုက်ခိုက်မှုကို ရွှေဘိုခရိုင်အမှတ် (၁၄) တပ်ရင်းက ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဘက်က ထိခိုက်သေဆုံးမှု အခြေအနေအသေးစိတ်ကို အတည်ပြုနိုင်ခြင်း မရှိသေး ကြောင်း သိရသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး
#စစ်ကိုင်းတိုင်း
#ဒီပဲယင်းမြို့နယ်
#စစ်ကောင်စီတပ်
#တိုက်ခိုက်မှု
ပုံအညွှန်း-မောင်းသူမဲ့ လေယာဉ်ငယ်ဖြင့်တိုက်ခိုက်မှုပြုလုပ်သည့်ကာကွယ်ရေးတပ်ဖွဲ့ဝင်များ။(ဓာတ်ပုံ-ရွှေဘိုခရိုင်အမှတ်(၁၄)တပ်ရင်း)
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
================
၀၀၈
(မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ရှိ စီးပွါးရေးဘဏ်တွင် လုံခြုံရေးယူထားသည့် စစ်ကောင်စီတပ်ဖွဲ့ကို ယမန်နေ့ ဩဂုတ်လ ၁၈ရက် ညနေ ၅နာရီ ၃၀ မိနစ်ခန့်က မောင်းသူမဲ့ လေယာဉ်ငယ်ဖြင့် ဗုံသီး ငါးလုံးချ တိုက်ခဲ့ကြောင်း ရွှေဘိုခရိုင် အမှတ် (၁၄) တပ်ရင်းက သတင်းထုတ်ပြန်ထားသည်။
အဆိုပါဘဏ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ဦးခန့် တပ်စွဲကာ လုံခြုံရေးယူထားခြင်းဖြစ်ပြီး ယင်းတပ်ဖွဲ့သည် ဒီပဲယင်းမြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့များနှင့် ပူးပေါင်းကာ အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်နေသည့် တပ်ဖွဲ့ဖြစ်ကြောင်း သိရသည်။
ထိုသို့ တိုက်ခိုက်ခံရပြီးနောက် ယင်းစစ်ကောင်စီတပ်ဖွဲ့ဘက်က ပစ်ခတ်မှုများ ပြုလုပ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးထံက သိရသည်။
အဆိုပါတိုက်ခိုက်မှုကို ရွှေဘိုခရိုင်အမှတ် (၁၄) တပ်ရင်းက ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဘက်က ထိခိုက်သေဆုံးမှု အခြေအနေအသေးစိတ်ကို အတည်ပြုနိုင်ခြင်း မရှိသေး ကြောင်း သိရသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး
#စစ်ကိုင်းတိုင်း
#ဒီပဲယင်းမြို့နယ်
#စစ်ကောင်စီတပ်
#တိုက်ခိုက်မှု
ပုံအညွှန်း-မောင်းသူမဲ့ လေယာဉ်ငယ်ဖြင့်တိုက်ခိုက်မှုပြုလုပ်သည့်ကာကွယ်ရေးတပ်ဖွဲ့ဝင်များ။(ဓာတ်ပုံ-ရွှေဘိုခရိုင်အမှတ်(၁၄)တပ်ရင်း)
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍13❤2👏2🥴2🥰1
ဟင်္သာတမြို့မှာ ခိုးဆိုးလုနှိုက်မှု ပိုများလာဟု မြို့ခံများ ပြော
=================
မင်းထက်
(မဇ္စျိမ)။ ။ဧရာဝတီတိုင်း ၊ဟင်္သာတမြို့တွင် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ခိုးဆိုးလုနှိုက်မှု ပိုမိုများပြားလာနေကြောင်း မြို့ခံများက မဇ္ဈိမကို ပြောသည်။
၂၀၂၂ ခုနှစ်မှ စတင်ကာ လူကိုရိုက်နှက်ကာ ဆိုင်ကယ်လု ယူခံရမှုများ၊ ဖုန်းလုယူခံရမှုများ၊ ပိုက်ဆံအိတ်လုယူခံရမှုများ ၊ အိမ်ဖောက်ထွင်းမှု များနှင့် ခိုးမှုများ ဟင်္သာတမြို့ နယ်အတွင်း ခပ်စိတ်စိတ် ဖြစ်ပွားလာနေခြင်း ဖြစ်သည်။
သြဂုတ်လ ၁၆ ရက်နေ့ နံနက် ၅ နာရီခန့်အချိန်က ဟင်္သာတမြို့၊ စစ်ကဲလမ်း ထိပ်ရှိ ကမ္ဘာလုံးလျှပ်စစ်ပစ္စည်းဆိုင်ရှေ့၌ ဆိုက္ကားပေါ်ထိုင် နေသည့် အသက် ၅၀ ဝန်းကျင်အမျိုးသမီးတဦးထံမှ ကလစ်ဆိုင်ကယ်အမျိုးအစားစီးလာသည့် အမျိုးသားနှစ်ဦးက အမျိုးသမီးလွယ်ထားသည့်အိတ်အား လုယုသွားခဲ့ ကြောင်းသိရသည်။
"အိတ်ကိုဆွဲလုတာ အမျိုးသမီးကြီး ဆိုက္ကားပေါ်ကတောင် ပြုတ်ကျ တယ်။ အိတ်ထဲမှာ အိမ်ဂရမ်စာချုပ်တွေရယ်။ Samsung အမျိုးအစား ခေါက်ဖုန်း တလုံး ရယ်၊ ပိုက်ဆံတွေရယ် ပါသွားတယ်။ ဖုန်းလု ၊ဆိုင်ကယ်လု ၊ ပိုက်ဆံအိတ် လုတာတွေက နေ့တိုင်းလိုလိုကို ဖြစ်နေတာပါ" ဟု ဒေသခံတဦးက မဇ္ဈိမကို ပြောသည်။
ပြီးခဲ့သည် ရက်ပိုင်းအတွင်းကလည်း ဟင်္သာတမြို့ပေါ်က စိန်ရတနာ၊ စက်ပစ္စည်းဆိုင်ပိုင်ရှင်သည် နံနက်အစောပိုင်းအချိန် လမ်းလျောက်ထွက်စဥ် ဖုန်းလုခံခဲ့ရသေးကြောင်းလည်း ဒေသခံက ဆက်လက် ပြောသည်။
ယင်းပြင် ဟင်္သာတ ဝိဇ္ဇာသိပ္ပံတက္ကသိုလ်အနီးရှိ မြို့ပတ်လမ်းနှင့် ဟင်္သာတမြို့မှ အင်္ဂပူမြို့ဘက်သို့ သွားရာလမ်းတွင်လည်း ဆိုင်ကယ်လုယူ ခံရမှု၊ ဖုန်းလုယူခံရမှုများလည်း မကြာခဏဖြစ်ပေါ်နေကြောင်း ဒေသခံများ က ဆိုသည်။
ဟင်္သာတမြို့နယ်အတွင်း ၂၀၂၂ ခုနှစ်မှ စတင်ကာ လက်ရှိအချိန်အထိ တလလျှင် ခိုးဆိုးလုနှိုက် အမှုပေါင်း ၄၀ ကျော် ဖြစ်ပေါ်နေသည်ဟု မှတ်တမ်းတင်ထားသော မြို့ခံများက ပြောသည်။
ထိုသို့ အမှုပေါင်းများစွာဖြစ်ပေါ်နေသည်ကို အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံ လက်နက်ကိုင်ဆောင်ထားသော ရဲများက သိရှိသော်လည်း လျစ်လျူရှုထားသည့်အပြင် လောင်းကစားဒိုင်များကိုလည်း ထိထိရောက် ရောက် ဖမ်းဆီးခြင်းမရှိကြောင်း မြို့ခံများက ပြောသည်။
"မနှစ်ကဆို တာကလေးရပ်ကွက်က ကောင်းသန့်ဆန်ဆိုင် ဖောက်ထွင်းခံရ တယ်။ သိန်း ၂၈၀ လောက်ပါ သွားတယ်။ နောက်ထပ်ဖောက်ထွင်းခံရလို့ သိန်းရာချီပါ သွားတဲ့ ကိစ္စတွေလည်းအများကြီးရှိသေးတယ်။ ဖြစ်ပြီး ခဏတော့ ရှာဖမ်းမလိုလို လုပ်ပြီး ပြီးရင်မဖမ်းတော့ဘူး။လွှတ်ပေးထား သလိုကို ဖြစ်နေတာပါ။ အာဏာသိမ်းပြီးတည်းက ခိုးဆိုးလုနှိုက်အမှုနဲ့ ပတ်သတ်လို့အခုထိဘယ်တရားခံကိုမှဖမ်းမိတယ်လို့သတင်းမကြားသေးဘူး။ လောင်းကစားဒိုင်တွေကိုဖမ်းရင်လည်း လက်ခွဲယူရောင်းတာတွေကို ပဲဖမ်းတယ်။ ဒိုင်ကြီးတွေကို မဖမ်းဘူး" ဟု နောက်ထပ်မြို့ခံတစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့များနှင့် ရဲများက ခိုးဆိုးလုနှိုက်သည့် တရားခံများအား ဖမ်းဆီးခြင်း မပြုလုပ်ဘဲ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားသူများကိုသာ လိုက်လံ ဖမ်းဆီးနေကြောင်းလည်း ပြောသည်။
"အဓိကကတော့ တရားဥပဒေစိုးမိုးမှုမရှိလို့ ဒါမျိုးတွေ ဖြစ်နေတာ ပေါ့။ အာဏာမသိမ်းခင် NLD အစိုးရလက်ထက်က ဟင်္သာတမှာ တစ်လကို သုံးလေးမှုပဲ ခိုးဆိုးလုနှိုက်မှု ဖြစ်တယ်။ အခုဆို တနေ့တည်း သုံးလေးမှုတွေ ဖြစ်နေတယ်။ အာဏာသိမ်းမှုကြောင့် ကုန်စျေးနှုန်းတွေမြင့်လာတယ်။ လောင်းကစားဒိုင်တွေ ပေါလာတယ်။ ဆေးသမားတွေ များလာတယ်။ လူတွေပိုက်ဆံမရှိတဲ့ ငတ်တဲ့ပြသနာတွေဖြစ်လာတော့ ဒီလိုအမှုတွေ များလာတာပေါ့။ ဒါဟာ အာ ဏာသိမ်းမှုရဲ့ဆိုးကျိုးတွေပါပဲ"ဟု နိုင်ငံရေးတက်ကြွလှုပ် ရှားသူတဦးက ထောက်ပြသည်။
လက်ရှိတွင် ဟင်္သာတမြို့နယ်အတွင်း သူခိုး၊ ဓားပြများ ပေါများလာသည့် အတွက် လူသွားလူလာနည်းသည့်နေရာများမှ လူနေအိမ်များသည် ကျေးရွာ(သို့မဟုတ်) မြို့ပေါ်ရပ် ကွက်များအတွင်းသို့ ရွှေ့ပြောင်းနေထိုင်နေရပြီး ဒေသခံ ပြည်သူများအကြား စိုးရိမ်မှုများ ရှိနေကြသည်။
စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး
“Supported by the Staying Resilient Amidst Multiple Crises in Southeast Asia initiative of SEA Junction in partnership with CMB Foundation"
#ခိုးဆိုးလုနှိုက်
#ဟင်္သာတ

👍16🔥3❤1😢1
ကြံခင်းနှင့်မြန်အောင်မြို့နယ် တောအုပ်များအတွင်းသို့ စစ်ကောင်စီတပ်မှလက်နက်ကြီးများဖြင့် ပစ်ခတ်
================
မင်းထက်
(မဇ္စျိမ)။ ။ဧရာဝတီတိုင်း၊ ကြံခင်းနှင့် မြန်အောင်မြို့နယ်များရှိ တောအုပ်များအတွင်းသို့ စစ်ကောင်စီတပ်ဖွဲ့များက လက်နက် ကြီးများဖြင့် ဦးတည်ရာမဲ့ ပစ်ခတ်မှုများပြုလုပ်နေသည်ဟု ဒေသခံများကပြောသည်။
ထိုသို့ ဦးတည်ရာမဲ့ပစ်ခတ်မှုများကို ပြီးခဲ့သည့် ဇူလိုင်လ ၁၉ ရက်နေ့မှစတင်ကာ စစ်ကောင်စီတပ်ဖွဲ့များက ပြုလုပ်နေခြင်းဖြစ်သည်ဟု ဒေသခံတဦးက ပြောသည်။
"လက်နက်ကြီးသံတွေ ၊လက်နက်ငယ်တွေနဲ့ ရမ်းပစ်တဲ့အသံတွေ ခဏခဏကြားနေရတယ်။ ညဘက်တွေဆို ပိုကြားရတယ်။"ဟု ၎င်းကဆိုသည်။
စစ်ကောင်စီတပ်ဖွဲ့များသည် ကြံခင်းမြို့နယ် ခုံကြီးကျေးရွာအုပ်စု ခုံကြီးချောင်း၊ ကြို့ပင်စုကျေးရွာအုပ်စု ဖားတချဥ်းချောင်း၊ ပိုးစုကြီးကျေးရွာအုပ်စု ပန်းတော့ချောင်း၊ သစ်ဆိမ့်ကိုင်းအုပ်စု ကွန်ချောင်းဆည်တို့တွင် အထိုင်ချတပ်စွဲထားသည်ဟု သိရသည်။
ယင်းပြင် မြန်အောင်မြို့နယ် မျှင်ဝါးတောင်ကျေးရွာ၊ မဲဇလီစမ်းကျေးရွာ၊မြန်အောင်နှင့် အင်္ဂပူမြို့နယ်ကြားရှိ ဘန့်ဘွေးကုန်းနှင့် အင်္ဂပူမြို့နယ်အတွင်းရှိ ကညင်ဆည်တို့တွင်လည်း စစ်ကောင်စီတပ်ဖွဲ့များ အထိုင်ချတပ်စွဲထားသည်ဟု ဒေသခံကပြောသည်။
"ကြံခင်းအပိုင်ထဲက ကြို့ပင်စုနဲ့ မြန်အောင်နဲ့ အင်္ဂပူကြားက ဘန့်ဘွေးကုန်းကနေ လက်နက်ကြီးနဲ့ တောထဲကိုထုနေတယ်လို့ လောလောဆယ်သိရတယ်။ တောထဲကို ဝင်လို့မရတော့ဘူးဆိုတော့ ဘာကိုလှမ်းပစ်နေလဲ မသိရဘူး"ဟု ၎င်းကဆိုသည်။
စစ်ကောင်စီတပ်ဖွဲ့များ၏ ဦးတည်ရာမဲ့ ပစ်ခတ်နေမှုများကြောင့် တောင်ခြေကျေးရွာများတွင်နေထိုင်သည့် ဒေသခံအချို့ ဘေးလွတ်ရာသို့ရှောင်တိမ်းနေရသည်ဟု ဒေသခံ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတဦးက ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့များက ကျေးရွာများအတွင်းသို့ မကြာခဏဝင်ရောက်ကာ ဒေသခံများအားဖမ်းဆီးခြင်း ရိက္ခာတောင်းယူခြင်းများကို ပြုလုပ်နေသည့်အတွက် စိုးရိမ်မှုများရှိနေသည်ဟုလည်း ဆိုသည်။
ထိုသို့ လက်နက်ကြီးများဖြင့်ပစ်ခတ်မှုများ မတရားဖမ်းဆီးမှုများနှင့် ပတ်သက်၍ တော်လှန်ရေးအင်အားစုများဘက်မှ သတင်းထုတ်ပြန်ထားခြင်း တစုံတရာ မတွေ့ရှိရသေးပေ။
စစ်ကောင်စီ ထောက်ခံသည့် တယ်လီဂရမ်ချန်နယ်များတွင်မူ ပြီးခဲ့သည့် ဇူလိုင်လအတွင်းက ကြံခင်းမြို့နယ်အတွင်းရှိ PDF စခန်းတခုနှင့် လက်နက်ခဲယမ်းများအား စစ်တပ်မှ သိမ်းဆည်းရမိခဲ့ကြောင်း ရေးသားထားမှုများရှိခဲ့သည်ကို တွေ့ရသည်။
လက်ရှိတွင် မြန်အောင်မြို့နယ် ၊မျှင်ဝါးတောင် ကျေးရွာအုပ်စုရှိ မမြဆည်ရေလှောင်တမံ၌ အထိုင်ချထားသည့် စစ်ကောင်စီတပ်မှ အရာရှိတဦးက စစ်ကောင်စီတပ်ဖွဲ့များအား အမိန့်ပေးနေသည်ဟုသိရပြီး တောအုပ်များအတွင်းသို့ စစ်ကြောင်းထိုးမှုများ မကြာခဏပြုလုပ်နေသည်ဟု သိရသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#ကြံခင်း
#မြန်အောင်မြို့နယ်
#PDF
#လက်နက်ကြီး
#Hardnews

❤7🤬5👍2🔥2👏1
မော်လမြိုင်-သိမ်ဇရပ် လမ်းဟောင်းပိုင်းတွင် KNLA၊ PDF ပူးပေါင်းအဖွဲ့ လမ်းစစ်ဆေးမှု ဆောင်ရွက်
❤16👍2🥴2

==================
ဂျူချန်း
(မဇ္ဈိမ)။ ။ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့အဝင် မော်လမြိုင်-သိမ်ဇရပ် လမ်းဟောင်းပိုင်း၌ KNLA၊ PDF ပူးပေါင်းအဖွဲ့တို့ ယမန်နေ့ ဩဂုတ်လ ၁၈ ရက်နေ့ နံနက်ပိုင်းတွင် ပထမဆုံးအကြိမ် လမ်းစစ်ဆေးမှု ဆောင်ရွက်ခဲ့ကြောင်း သိမ်ဇရပ် ဒေသကာကွယ်ရေးတပ်ဖွဲ့ ထံမှ သတင်းရရှိသည်။
လမ်းစစ်ဆေးမှုတွင် ပြည်သူများမှ ကြည်ဖြူစွာ ပူးပေါင်းပါဝင်ကြပြီး နောင်တွင်လည်း မကြာခဏ စစ်ဆေးမှု ဆောင်ရွက်သွားမည်ဖြစ်ကြောင်း PDF တပ်ရင်း(၃၇၀၂) မှ ရဲဘော်ဒဿက ပြောသည်။
“ဒီလမ်းတော့ ပထမဆုံးအကြိမ်ပေါ့နော်။ နောက်လည်း မကြာမကြာ ကျနော်တို့ လုံခြုံရေးယူသွားပါမယ်။ သူတို့(ပြည်သူ)ကတော့ ပြုံးပြုံးရွှင်ရွှင်ပါပဲ။ တော်တော်များများကလည်း ကျနော်တို့ ခုလိုစစ်ဆေးတာကို ဝမ်းသာကြိုဆိုကြတယ်” ဟု ဆိုသည်။
KNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များ လမ်းစစ်ဆေးနေစဉ် စစ်ကောင်စီတပ်မှ လာရောက်ရန် ပြင်ဆင်ခဲ့သော်လည်း ရဲစခန်းအထိသာ ရောက်ပြီး စစ်ဆေးမှုပြီးသည့်အချိန်တွင် စစ်ကောင်စီ၏ သိမ်ဇရပ်အခြေစိုက် အမတ(၃၁၀) မှ လက်နက်ကြီးလေးလုံး ပစ်ခတ်ခဲ့ပြီး ကျောက်ပုံကြီးကွင်းဂိတ်နား၌ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။
“ဟိုက်ဂျက် နှစ်စီးနဲ့ စစ်သားတွေလာတယ်။ ဒါပေမယ့် ကျနော်တို့ စစ်နေတဲ့ သိမ်ဇရပ် မြို့ပြင်ဂိတ်အထိ သူတို့ မရောက်ဘူး။ မြို့ထဲက ရဲစခန်းနားထိပဲရောက်တယ်။ စစ်ဆေးမှုအပြီးတော့ လက်နက်ကြီး လေးလုံး ပစ်တယ်” ဟု ရဲဘော်ဒဿက ပြောသည်။
ယနေ့ ဩဂုတ်လ ၁၉ ရက်နေ့ တွင် လမ်းစစ်ဆေးမှု လုပ်ဆောင်ခြင်းမရှိတော့သော်လည်း အမတ(၃၁၀) မှ နံနက် ၉နာရီ ၄၅ မိနစ် အချိန်၌ လက်နက်ကြီး သုံးလုံး ပစ်ခတ်ခဲ့ပြီး ဂဝံမိုင်းကျင်းဝန်းကျင်နှင့် ချစ်စိန် ကျောက်မိုင်းဝန်းကျင်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။
လက်ရှိ လမ်းစစ်ဆေးခြင်း ဆောင်ရွက်သည့် လမ်းပိုင်းသည် တောင်ပိုင်း စစ်ဒေသ၊ အမှတ်(၂) စစ်ဒေသခွဲအတွင်း ပါဝင်ပြီး စစ်ရေးအရှိန် မြှင့်တင်မည်ဖြစ်သောကြောင့် အမှတ်(၂) စစ်ဒေသခွဲအတွင်းရှိ သတ်မှတ်လမ်းပိုင်းများတွင် နေ့အချိန် ခရီးသွားလာပါက ကားမှန်ချသွားလာရန်နှင့် လမ်းစစ်ဆေးခြင်းများ ဆောင်ရွက်သွားမည်ဟု ဇူလိုင်လ ၁ ရက်နေ့တွင် အမှတ်(၂) စစ်ဒေသခွဲကွပ်ကဲရေးရုံးမှ ထုတ်ပြန်ထားသည်။
အလားတူ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းကို ဆက်သွယ်ထားသည့် မော်လမြိုင်-ရေး-ထားဝယ် အမှတ်(၈) ပြည်ထောင်စု လမ်းမကြီးအား KNLA၊ PDF ပူးပေါင်းတပ်မှ လမ်းစစ်ဆေးမှုများ ဆောင်ရွက်နေပြီး ထိုလမ်းပိုင်းတွင် စစ်ကောင်စီတပ်သားများ သွားလာရန်ပင် မဝံ့ရဲကြတော့ကြောင်း တောင်ပိုင်းတိုင်း J.O.C၊ အမှတ် (၃) စစ်ဒေသခွဲ၊ ဒု-စစ်ဒေသခွဲမှူးရုံးမှ တာဝန်ရှိသူက ပြောသည်။
ဓါတ်ပုံ-ပေးပို့
ပုံစာ- ဩဂုတ်လ ၁၈ ရက်နေ့ သိမ်ဇရပ်မြို့အဝင်၌ KNLA၊ PDF ပူးပေါင်းတပ်တို့ လမ်းစစ်ဆေးမှု ဆောင်ရွက်နေစဉ်
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#ကျိုက်ထိုမြို့နယ်
#သိမ်ဇရပ်မြို့
#KNLA
#PDF
#Hardnews
#Ethnic

Paypal
Donate to Mizzima Media Supporters Australia Incorporated
Help support Mizzima Media Supporters Australia Incorporated by donating or sharing with your friends.
👍17❤4😁2