Mizzima Weekly Sports အစီအစဉ်
================
တပတ်အတွင်း အားကစားလောကရဲ့ထူးခြားတဲ့ သတင်းအကြောင်းအရာတွေကို ပရိသတ်တွေအတွက် စုစည်းတင်ဆက်ပေးသွားမယ့် Mizzima ရဲ့ Weekly Sports အစီအစဉ် ဖြစ်ပါတယ်။
-------------
ဒီတပတ်မှာတော့ .....
- `အားကစားသမိုင်းသစ်ကို ကျနော် ရေးထိုးချင်ပါတယ်’ - အလ်-ဟီလာလ်နဲ့ပူးပေါင်းတဲ့ နေမာ
- ဆွစ်ဇာလန် နပန်းပွဲများ၌ သာတူညီမျှရှိရေး အမျိုးသမီး နပန်းသမားများ တိုက်ပွဲဝင်
- စူပါဖလား အောင်မြင်ပြီးနောက် မန်စီးတီး ဆုဖလားစုံအောင် ယူဖို့ ပစ်မှတ်ထားတဲ့ ဂွာဒီယိုလာ
- ၂၀၂၃ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပွဲတက်ရောက်ကြည့်ရှုမှုနဲ့ လက်မှတ် စံချိန်မှတ်တမ်း တိုး စတဲ့ အကြောင်းအရာတွေအပါအဝင် စိတ်ဝင်စားဖွယ် အားကစားသတင်းတွေကို တင်ဆက်ပေးမှာပါ။
https://youtu.be/XL2hlq4Vofk
#WeeklySports
#mizzima
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

YouTube
Mizzima Weekly Sports အစီအစဉ်
တပတ်အတွင်း အားကစားလောကရဲ့ထူးခြားတဲ့ သတင်းအကြောင်းအရာတွေကို ပရိသတ်တွေအတွက် စုစည်းတင်ဆက်ပေးသွားမယ့် Mizzima ရဲ့ Weekly Sports အစီအစဉ် ဖြစ်ပါတယ်။
-------------
ဒီတပတ်မှာတော့ .....
- `အားကစားသမိုင်းသစ်ကို ကျနော် ရေးထိုးချင်ပါတယ်’ - အလ်-ဟီလာလ်နဲ့ပူးပေါင်းတဲ့…

👍1🔥1
သာသနာ ညှိုးနွမ်းစေမှုဖြင့် ကလေးငယ် နှင့် နိုင်ငံခြားသားအပါ ၁၄ဦးကို ဖမ်းဆီးဟုစစ်ကောင်စီ ထုတ်ပြန်
👍1🔥1👏1🤬1

==================
ဂျူချန်း
(မဇ္ဈိမ)။ ။ သာသနာ ညှိုးနွမ်းစေမှုဖြင့် အသက် ၁၂ အရွယ် မိန်းကလေးငယ် နှင့် ဆွစ်ဇာလန်နိုင်ငံသား အပါအဝင် ၁၄ ဦးကို စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ယမန်နေ့ ဩဂုတ်လ ၁၈ ရက်တွင် ထုတ်ပြန်ထားသည်။
“ဘာမှမမျှော်လင့်ပါနဲ့” ဇာတ်လမ်းတိုတွင် ပါဝင်သည့် အမျိုးသမီး ခြောက်ဦးနှင့် အမျိုးသား ရှစ်ဦး ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။
ဇာတ်လမ်းတိုအား ဖန်တီးသည့် ဇာတ်ညွှန်းနှင့် ဒါရိုက်တာ ဆွစ်ဇာလန်နိုင်ငံသား Didier Nusbaumer နှင့် သရုပ်ဆောင်များဖြစ်သည့် အသက် ၁၂နှစ်အရွယ် မယွန်းအိခင်(ခ)ယွန်းယွန်း ၊ အသက် ၁၈ နှစ်အရွယ် မချမ်းချမ်းမေ ၊ အသက်၂၃ နှစ်အရွယ် မရွှေရည်ဝင်း၊ အသက် ၃၆နှစ်အရွယ် မဇာနည်ဦး၊ မမိုးပြည့်ပြည့်သူ (ခ) ဂျူးဂျူးစံ၊ မခါတော်မီ (ခ) ခါခါ တို့ ဖမ်းဆီးခံခဲ့ရသည်။
ထို့ပြင် အသက်၂၁နှစ်အရွယ် ကိုဉာဏ်လင်း၊ အသက် ၂၂နှစ် အရွယ် ကိုဖြိုးမောင်မောင် ၊ အသက်၂၈နှစ် အရွယ် ကိုကျော်သက်ထွေး ၊ အသက် ၃၅ နှစ်အရွယ် ကိုဝင်းမိုး ၊ အသက် ၃၆နှစ်အရွယ် ကိုရဲလင်းထွန်း၊ ကိုကောင်းစံထွန်း(ခ) ကြယ်စင် နှင့် အသက် ၃၁ နှစ် အရွယ် ကိုဆန်းဝင်း(ခ)ဦးဇာနိန္ဒ တို့ကို သြဂုတ်လ ၈ရက်တွင် ဖမ်းဆီးရမိထားသည့်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
စစ်ကောင်စီက ဖမ်းဆီးရမိသူများအား ဓာတ်ပုံဖြင့်ဖော်ပြရာတွင် အသက်မပြည့်သူ မိန်းကလေးငယ်အပါအဝင် အမျိုးသမီး လေးဦးနှင့် ဆွစ်ဇလန်နိုင်ငံသား အပါအဝင် အမျိုးသား ခုနစ်ဦး စုစုပေါင်း ၁၁ ဦးကိုသာ တွေ့ရှိရပြီး ကျန်လေးဦးကို ဖော်ပြထားခြင်း မရှိပေ။
“ပညာပေးဇာတ်လမ်းတိုဆိုတော့ ယဉ်ယဉ်ကျေးကျေးအသုံးအနှုန်းတွေတော့ သုံးသင့်တယ်လို့ထင်ပါတယ်”ဟု အဆိုပါဇာတ်လမ်းတိုကို ကြည့်ရှုဖူးသူတစ်ဦးက မှတ်ချက်ပြုသည်။
ပညာပေးဇာတ်လမ်းဖြစ်သဖြင့် စကားလုံးများကို သတိထားရွေးချယ်သင့်ကြောင်းနှင့် အသက်မပြည့်သည့်ကလေးကိုပါ ဖမ်းဆီးအရေးယူသည်မှာ မဖြစ်သင့်ကြောင်းကို ၎င်းကမှတ်ချက်ပြုသည်။
" အရမ်းအကောင်းကြီးမဟုတ်ပါဘူး ဇာတ်လမ်းတိုက။ ဒါပေမဲ့ ဖမ်းတာအထိကတော့ မဖြစ်သင့်ဘူးထင်တယ် ။ သူတို့က စာသင်ကျောင်းတစ်ခုမှာ ပရဟိတ နိုင်သလောက် ကူညီနေကြသူတွေလို့ တင်ထားတဲ့ပိုစ့်တွေ့မိတယ်။ အစအဆုံးမကြည့်ဘဲ အပိုင်းအစလေး တင်ထားတာကြည့်ပြီး ဖမ်းတာနဲ့တူတယ်" ဟု ထိုဗီဒီယိုကိုကြည့်ရှု့ပြီးသူ အမျိုးသမီးကပြောသည်။
ထိုဇာတ်လမ်းတို လွှင့်ပြီးချိန်တွင် သရုပ်ဆောင်များ၏ နေရပ်လိပ်စာကို ပေးပို့ပေးရန်နှင့် ၎င်းတို့အားဖမ်းဆီးပေးရန် စစ်ကောင်စီလက်အောက်ခံ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များက ရေးသားတိုက်တွန်းကြေသးသည်။
“ဘာမှမမျှေော်လင့်ပါနဲ့” ဇာတ်လမ်းတိုအား ဇူလိုင်လ ၂၄ ရက်နေ့တွင် Isi Dhamma Youtube ချန်နယ်၌ စတင်ထုတ်လွှင့်ထားခြင်းဖြစ်သည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး
#စစ်ကောင်စီ
#ဖမ်းဆီးမှု
#သာသနာ ညှိုးနွမ်းစေမှု
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

🤬7👍6🔥2👎1😁1
အုတ်ဖိုမြို့နယ်တွင် ပျူစောထီးဟုနာမည်ထွက်နေသူ ပစ်ခတ်ခံရ၍ သေဆုံး
=======================
ရွှေနွယ်
(မဇ္ဈိမ)။ ။ ပဲခူးတိုင်း ၊သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် ၊ဝိုင်းကျေးရွာ ၊ ရဲကင်းအနီးရှိ နေအိမ်တခုတွင် ယမန်နေ့ ဩဂုတ်လ ၁၈ ရက် နံနက် ၁၁ နာရီအချိန်ခန့်က ပျူစောထီးဟု အမည်ထွက်နေသည့် ဦးသောင်းလေးဆိုသူ ပစ်ခတ်ခံရ၍ နေရာတွင်ပင်သေဆုံးသွားကြောင်း သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရသည်။
"သူက စစ်ကောင်စီတပ်၊ ရဲနဲ့ပေါင်းပြီး ဝင်ငွေရလမ်းတွေလုပ်နေတာတွေလည်း ရှိတယ်။ နာမည်ကြီးပျူ ဆန်းဌေးရဲ့ လက်ရင်းတပည့်လည်း ဟုတ်တယ်။ ကျွန်တော်တို့ PDF တွေရဲ့သတင်းကို ထောက်လှမ်းတယ် သတင်းပို့တယ်။ သူ့ဖုန်းထဲမှာလည်း စစ်သားတွေနဲ့ ဆက်သွယ်ပြောဆိုထားတဲ့အချက်အလက်တွေ တွေ့ရပါတယ်” ဟု သာယာဝတီခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။
ဦးသောင်းလေးဆိုသူအား နေအိမ်တွင်ရှိနေစဉ် သေနတ်ဖြင့် လေးချက် ပစ်ခတ်ရာ နေရာတွင်ပင်သေဆုံးပြီး ဖုန်းနှစ်လုံးကိုလည်း သိမ်းဆည်းရရှိခဲ့သည်ဟု ၎င်းကပြောသည်။
အဆိုပါ ပစ်ခတ်မှုကို သာယာဝတီခရိုင်ပြည်သူ့ကာကွယ်ရေး တပ်ရင်း (၃၈၀၂) တပ်ခွဲ (၄) မြေအောက်ပြောက်ကျားတပ်ဖွဲ့−အုတ်ဖို က လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ထံက သိရသည်။
သေဆုံးသူ ဦးသောင်းလေး၏ ရုပ်အလောင်းအား အင်အား ၇၀ကျော်ပါဝင်သည့် စစ်ကောင်စီတပ်ဖွဲ့က ညနေ ၅နာရီခန့်တွင် သယ်ဆောင်သွားကြောင်း ကာကွယ်ရေးတပ်ဖွဲ့၏ ပြောဆိုချက်အရ သိရသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၁၆ ရက် နှင့် ၁၇ ရက်ကလည်း ပဲခူးတိုင်းအနောက်ခြမ်းတွင် ပေါက်ခေါင်းမြို့နယ်မှ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးဇော်လင်းအောင်၊ မင်းလှမြို့နယ်မှ ပျူစောထီးဆိုသူ ဦးအေးလွင်ဦးနှင့်ဇနီးတို့ကို ဒေသတွင်းကာကွယ်ရေးတပ်ဖွဲ့များက ပစ်ခတ်ခဲ့ရာ သေဆုံးသွားသည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သေးသည်။
ထိုသို့ စစ်ကောင်စီလက်အောက်ခံများအား ပစ်ခတ်ရာတွင် သက်ဆိုင်ရာတပ်ရင်း၊ တပ်ဖွဲ့များ၏ ၏စိစစ်အတည်ပြုချက်များအရသာ လုပ်ဆောင်ခြင်းဖြစ်သည်ဟုလည်း ကာကွယ်ရေးတပ်ဖွဲ့များက ဆိုသည်။
စာတည်း။ ။ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး
#ပဲခူးတိုင်း
#အုတ်ဖိုမြို့နယ်
#ပစ်ခတ်မှု

👍14❤2👏2🥴2🥰1
ဒီးမော့ဆို-ဖရူဆို လမ်းပိုင်းတိုက်ပွဲတွင် တပ်ရင်းမှူးနှင့် ဒုတပ်ရင်းမှူးအပါအဝင် စစ်ကောင်စီတပ်သား ၇၀ ခန့် သေဆုံး
👏13👍7❤2🔥2

====================
ဂျူချန်း
(မဇ္ဈိမ)။ ။ ကရင်နီပြည်၊ ဒီးမော့ဆို-ဖရူဆို ပြည်ထောင်စုလမ်းပိုင်းတွင် ပြီးခဲ့သည့် ဩဂုတ်လ ၂ ရက်နေ့မှ ဩဂုတ်လ ၁၄ ရက်နေ့အထိ တိုက်ပွဲအတွင်း တပ်မ (၅၅) လက်အောက်ခံ တပ်ရင်းမှူးနှင့် ဒုတပ်ရင်းမှူးအပါအဝင် စစ်ကောင်စီတပ်သား ၇၀ ခန့် သေဆုံးကြောင်း ကရင်နီတော်လှန်ရေးပူးပေါင်းတပ်က ယနေ့ ဩဂုတ်လ ၁၉ ရက်နေ့တွင် ပူးတွဲ ထုတ်ပြန်ထားသည်။
ဒီးမော့ဆိုမြို့မှ ဖရူဆိုမြို့ဘက်သို့ စစ်ကြောင်းထိုးလာသည့် တပ်မ(၅၅) လက်အောက်ခံ ခမရ(၁၁၂) နှင့် ခလရ(၃) တပ်များနှင့် ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်များကြား ဩဂုတ်လ ၂ ရက်နေ့မှစတင်ကာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဩဂုတ်လ ၁၀ ရက်နေ့မှ ၁၂ ရက်နေ့အထိ ငွေတောင်ရွာသစ်ကျေးရွာနှင့် ထီးသော်ကူးကျေးရွာတို့တွင် တိုက်ပွဲပြင်းထန်ခဲ့သည်။
ထိုတိုက်ပွဲများအတွင်း ကလောအခြေစိုက် ခလရ(၃) မှ တပ်ရင်းမှူးနှင့် ဒုတပ်ရင်းမှူး အပါအဝင် ၂၆ ဦး၊ ခမရ(၁၁၂) မှ စစ်ကောင်စီတပ်သား ၄၅ ဦးခန့် ထိခိုက်သေဆုံးခဲ့ရာ လက်နက်ခဲယမ်းအမြောက်အမြားကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ထားသည်။
ထိုသို့ စစ်ကောင်စီဘက်မှ သေဆုံးမှုများကို မဇ္ဈိမ အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။
ဩဂုတ်လ ၁၂ ရက်နေ့ တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ဆုံးသူများအနက် စစ်ခေါင်းဆောင် ဗိုလ်ချုပ် မင်းအောင်လှိုင်က စစ်မှုထမ်းကောင်းတံဆိပ်ချီးမြှင့်ထားသည့် ဒုတပ်ကြပ် အောင်နိုင်ဝင်းလည်း ပါဝင်ကြောင်း KNDF ဒုစစ်ဦးစီးချုပ်ဖြစ်သည့် မာဝီက ၎င်း၏ လူမှုကွန်ရက်တွင် ဓါတ်ပုံများနှင့်တကွ ဖော်ပြထားသည်။
ထိုတိုက်ပွဲများအတွင်း ကရင်နီတပ်မတော်(KA) မှ ဒုဗိုလ် ခူးလီးရယ်၊ KNDF/B04 မှ ရဲဘော် ၀င်းမောင်(ခ)ဆီမိုးနယ် နှင့် KNDF B09 မှ ရဲဘော်တောသာဒူး(ခ)ကြက်ကြ် တို့ ကျဆုံးခဲ့ရကြောင်း သိရသည်။
တိုက်ပွဲပြင်းထန်ခဲ့သည့် ဩဂုတ်လ ၁၂ ရက်နေ့ ည ၈နာရီတွင်လည်း ဖရူဆိုမြို့ ထီးသော်ကူးကျေးရွာ ဘုရားရှိခိုးကျောင်းအား စစ်ကောင်စီမှ တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘုရားကျောင်းဝန်းအတွင်းရှိ အဆောက်အအုံများနှင့် ခြံစည်းရိုး အုတ်တံတိုင်းများ ပျက်ဆီးခဲ့ကြောင်း KNDF က ထုတ်ပြန်ထားသည်။
တိုက်ပွဲပြင်းထန်ခဲ့သည့် ဒီးမော့ဆို-ဖရူဆို လမ်းပိုင်းတွင် လက်ရှိအချိန်အထိ နှစ်ဖက်စစ်ရေးတင်းမာနေဆဲဖြစ်သဖြင့် ပြည်သူများအနေဖြင့် ထိုလမ်းပိုင်းကို ဖြတ်သန်းသွားလာခြင်း မပြုလုပ်ကြရန်နှင့် စစ်ရေးသတိရှိစွာ နေထိုင်ကြရန် ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖြစ်သည့် ကရင်နီတပ်မတော်(KA)၊ ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ)၊ အလယ်ပိုင်းတိုင်း ကရင်နီ(ကယား)စစ်ဒေသခွဲတပ်ရင်းများ ပူးပေါင်းစစ်ကြောင်း၊ ဒီးမော့ဆို ပြည့်သူ့ကာကွယ်ရေးတပ် (DMO Local PDF)၊ ကရင်နီဝံပုလွေစစ်ကြောင်းနှင့် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်(KNDF) တို့က ပူးတွဲ ထုတ်ပြန်ထားသည်။
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#ကရင်နီပြည်
#ဒီးမော့ဆို-ဖရူဆို လမ်းပိုင်း

👍24👏4🔥2❤1
မြန်မာနိုင်ငံအတွင်း လူသားချင်းစာနာမှုအကူအညီများ အရေးပေါ်လိုအပ်နေဟု UNOCHA ထုတ်ပြန်
====================
ရွှေနွယ်
(မဇ္ဈိမ)။ ။မြန်မာနိုင်ငံအတွင်း မဆုံးသေးသောပဋိပက္ခများနှင့် သဘာဝဘေးအန္တရာယ်များကြောင့် ပြည်သူ ၁၈ သန်းနီးပါး( မြန်မာ့လူဦးရေ၏ သုံးပုံတပုံခန့်)သည် လူသားချင်းစာနာမှုအကူအညီများ အရေးပေါ်လိုအပ်နေသည်ဟု ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) မှ ယနေ့ ဩဂုတ်လ ၁၉ ရက်နေ့တွင် ထုတ်ပြန်သည်။
ယနေ့တွင်ကျရောက်သည့် ကမ္ဘာ့လူသားချင်းစာနာမှုဆိုင်ရာ အထိမ်းအမှတ်နေ့ ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားခြင်းဖြစ်သည်။
မြန်မာနိုင်ငံအတွင်း ၂၀၂၁ ခုနှစ် စစ်အာဏာမသိမ်းမီကာလက နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၀ ဒသမ ၃ သန်းခန့်သာရှိခဲ့သော်လည်း စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှစတင်ကာ ပြီးခဲ့သည့်ဇူလိုင်လအထိ နေရပ်စွန့်ခွာထွက်ပြေးနေရသူ လူဦးရေမှာ ၁ ဒသမ ၉ သန်းအထိ တိုးများလာခဲ့သည်။
ထို့ပြင် ကိုဗစ်ကပ်ရောဂါ၊ ပြည်တွင်း ပဋိပက္ခများ၊ စီးပွားရေးကျပ်တည်းလာမှုဒဏ်၊ မိုခါမုန်တိုင်းဒဏ်၊ လတ်တလောရာသီဥတုအခြေအနေများနှင့် ရေဘေးဒဏ်သင့်ခံနေရသူများသည် အဆိုပါ စာနာထောက်ထားမှုအကူအညီလိုအပ်နေသူများထဲတွင် ပါဝင်ကြောင်း UNOCHA ၏ ထုတ်ပြန်ချက်များအရသိရသည်။
ဒေသခံနှင့် ပြည်တွင်း လူသားချင်းစာနာမှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများသည် ပဋိပက္ခနှင့် သဘာဝဘေးဒဏ်သင့် ဒေသများသို့ ဝင်ရောက်ကူညီနိုင်ရန် ဆန်းသစ်သောချဉ်းကပ်နည်းလမ်းများ အသုံးပြုနေကြောင်းနှင့် ယခု ၂၀၂၃ ခုနှစ်၏ ပထမနှစ်ဝက်အတွင်း ဘေးဒဏ်သင့် အမျိုးသား၊ အမျိုးသမီးနှင့် ကလေးသူငယ် ၁ ဒသမ ၈ သန်းကို အမိုးအကာ၊ စားနပ်ရိက္ခာ၊ ကျန်းမာရေးဝန်ဆောင်မှု၊ ပညာရေးနှင့် ကာကွယ်စောင့်ရှောက်မှုအကူအညီများပေးအပ်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဆိုထားသည်။
အဆိုပါ အကူအညီပေးအပ်ခဲ့သည့် လူဦးရေသည် အကူအညီပေးအပ်မည်ဟု လျာထားသည့်လူဦးရေ၏ ၃၆ ရာခိုင်နှုန်းသာရှိသေးသည်ဟုလည်း သိရသည်။
"ဒါပေမယ့် ခရီးအဆုံးအထိ ပြီးမြောက်ဖို့လိုအပ်နေပါသေးတယ်။ ဘေးကင်းလုံခြုံမှုကင်းပြီး အလျဉ်မပြတ်တဲ့ စိန်ခေါ်မှုတွေကြားက ဒီတာဝန်တွေပြီးဆုံးအောင် ဆောင်ရွက်ဖို့ရာ ရဲဝံ့တဲ့ လူမှုကရုဏာလုပ်သားတွေရဲ့ အသက်အိုးအိမ်ကို အကာအကွယ်ပေးဖို့နဲ့ အကူအညီလိုအပ်နေသူတွေဆီ အတားအဆီးမရှိ ဝင်ရောက်ကူညီခွင့်ရဖို့ လိုအပ်ပါတယ်" ဟု UNOCHA ၏ ထုတ်ပြန်ချက်တွင် ဆိုထားသည်။
မြန်မာနိုင်ငံတဝန်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးအပ်ရာတွင် စစ်ကောင်စီ၏ တားမြစ်ကန့်သတ်ချက်များရှိနေသည့်အတွက် ပိုမို ကျယ်ကျယ်ပြန့်ပြန့် အကူအညီများ ပေးအပ်ခွင့်ပြုရန် ကုလသမဂ္ဂ လူသားချင်းစာနာမှု အကူအညီပေးရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) ၏ အကြီးအကဲ Martin Griffiths (မာတင် ဂရစ်ဖစ်) မှ မကြာသေးမီက မြန်မာနိုင်ငံသို့ သုံးရက်ကြာလာရောက်ခဲ့သည့်ခရီးစဉ်တွင် စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တောင်းဆိုခဲ့သည်။
ထို့ပြင် လူသားချင်းစာနာမှုအကူအညီပေးအပ်ခွင့်ရရှိရန်၊ လူမှုကရုဏာလုပ်သားများကို ကာကွယ်စောင့်ရှောက်ရန်အပါအဝင် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေးများနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေများကို လိုက်နာစောင့်ထိန်းကြရန် အစုအဖွဲ့များအားလုံးကို ပန်ကြားကြောင်းနှင့် အလှူရှင်အသိုင်းအဝိုင်းကိုလည်း ရန်ပုံငွေထည့်ဝင်မှုကို အရှိန်မြှင့်တင်ရန် တိုက်တွန်းကြောင်း ယနေ့ UNOCHA ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ရခိုင်ပြည်နယ် မြောက်ပိုင်း၏ ၉၀ ရာနှုန်းနှင့်အထက်ကို ဖျက်ဆီးခဲ့သော မိုခါမုန်တိုင်းအလွန်တွင် ဒေသတွင်းမှ အရေးပေါ်အကူအညီလိုအပ်နေသူများသို့ ကုလသမဂ္ဂနှင့် နိုင်ငံတကာမှ လူသားချင်းစာနာမှု အကူအညီပေးရေး အဖွဲ့များ၏ လုပ်ငန်းစဉ်များကို စစ်ကောင်စီမှ ကန့်သတ်ထားဆဲဖြစ်ကြောင်း အရပ်ဘက်အဖွဲ့အစည်းများထံမှ သိရသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#UNOCHA
#လူသားချင်းစာနာမှု
#မြန်မာနိုင်ငံ
#Hardnews

👍17🔥1😁1
ဆင်းရဲမှုနှင့် မညီမျှမှုကို ကိုင်တွယ်မည်ဟု ထိုင်းဝန်ကြီးချုပ်လောင်းပြော
========================
အသက် ၆၀ အရွယ် ဆာရတ်ထာ ထဝီဆင်း၏ ဖျူထိုင်းပါတီသည် မဲအများဆုံး အနိုင်ရသော ရှေ့သို့ချီပါတီမှ ခေါင်းဆောင်အား စစ်တပ်လိုလားသည့် အုပ်စုက ဝန်ကြီးချုပ်အဖြစ်မှ ငြင်းဆန်လိုက်သည့်နောက်တွင် ပါတီစုံပါဝင်သော ညွှန့်ပေါင်းပါတီကို ဦးဆောင်ထားသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
========================
အသက် ၆၀ အရွယ် ဆာရတ်ထာ ထဝီဆင်း၏ ဖျူထိုင်းပါတီသည် မဲအများဆုံး အနိုင်ရသော ရှေ့သို့ချီပါတီမှ ခေါင်းဆောင်အား စစ်တပ်လိုလားသည့် အုပ်စုက ဝန်ကြီးချုပ်အဖြစ်မှ ငြင်းဆန်လိုက်သည့်နောက်တွင် ပါတီစုံပါဝင်သော ညွှန့်ပေါင်းပါတီကို ဦးဆောင်ထားသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7😁3
ခင်ဦးတွင် ရင်ခွင်ပိုက်ကလေးငယ်ကို စစ်တပ်ကပစ်သတ်ပြီး ရုပ်အလောင်း ပြန်မပေး၊ မိခင်နှင့် ကျန်ကလေးငယ်ပါ ဖမ်းဆီး
🤬15😁2😢2😭2🔥1
ခင်ဦးတွင် ရင်ခွင်ပိုက်ကလေးငယ်ကို စစ်တပ်ကပစ်သတ်ပြီး ရုပ်အလောင်း ပြန်မပေး၊ မိခင်နှင့် ကျန်ကလေးငယ်ပါ ဖမ်းဆီး
====================
MTO
(မဇ္ဈိမ) ။ ။ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် မြကန်သာရပ်ကွက် အရှေ့ပိုင်းရှိ နေအိမ်တခုကို စစ်ကောင်စီတပ်ဖွဲ့ က ပစ်ခတ်ဝင်ရောက်စီးနင်းရာ တနှစ်ခွဲအရွယ် အမွှာကလေးငယ် နှစ်ဦးထဲမှ တဦးကျည်ထိမှန် သေဆုံးသွားကြောင်း ဒေသခံများက မဇ္ဈိမကို ပြောသည်။
စစ်ကောင်စီတပ်သည် သေဆုံးသွားသည့် ကလေးငယ်၏ ရုပ်အလောင်းကိုလည်း ပြန်မပေးသည့်အပြင် မိခင်ဖြစ်သူနှင့် ကျန်အမွှာကလေးငယ် တဦးကိုပါ ရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဆိုသည်။
ထိုဖြစ်ရပ်သည် ဩဂုတ်လ ၁၇ ရက်နေ့ ည ၁၁ နာရီအချိန်က ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
မြကန်သာရပ်ကွက်ရှိ မသီတာဦးဆိုသူ အမျိုးသမီး၏ နေအိမ်သို့ ကာကွယ်ရေးပြောက်ကျားတပ်ဖွဲ့ဝင်များ ရောက်နေသည်ဆိုဟုကာ ခင်ဦးမြို့မ ရဲစခန်းမှ အင်အား ၅၀ ခန့် ဖြင့် ဝင်ရောက်စီးနင်းချိန် တနှစ်ခွဲသား ကလေးငယ်၏ ဦးခေါင်းကို ကျည်ထိမှန် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ခင်ဦး သတင်းမှန်ပြန်ကြားရေးအဖွဲ့ က ကိုနေသူရက ပြောသည်။
“သတင်းပေးဒလန်က မသီတာဦးရဲ့ အိမ်မှာ UG တွေ ရောက်နေတယ်ဆိုပြီး သတင်းပေးလို့ စစ်ကောင်စီတပ်က အိမ်ကိုဝိုင်းပြီး ပစ်ဖမ်း ဖမ်းတာ၊ ကလေးငယ်ရဲ့ ဦးခေါင်းကို ကျည်ထိမှန်သေဆုံးသွားတာ” ဟု ၎င်းက ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့သည် မိခင်ဖြစ်သူ မသီတာဦးနှင့် အသက်မသေဘဲ ကျန်ရှိနေသည့် အမွှာကလေးငယ်ကို ခင်ဦးမြို့မ ရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားသည်။
ယင်းနောက် ဩဂုတ်လ ၁၈ ရက်နေ့ နံနက်ပိုင်းတွင် ကလေးငယ်ကို ဆွေးမျိုးများ လက်ထဲသို့ ပြန်အပ်လိုက်သော်လည်း သေဆုံးသွားသော ကလေးငယ်၏ ရုပ်အလောင်းကိုမှု ပြန်ပေးခြင်း မရှိပေ။
ထို့ပြင် မိခင်ဖြစ်သူ မသီတာဦးကိုလည်း စစ်ကောင်စီက ဆက်လက်ဖမ်းဆီးထားကြောင်း သိရသည်။
“မသီတာဦးကို အကြမ်းဖက်အားပေးကူညီမှုတွေနဲ့ နဲ့ အမှုဖွင့်ပြီး ခင်ဦးမြို့မ ရဲစခန်းကိုမှာ ချုပ်နှောင်ထားတယ်၊ ကလေးငယ်ကိုတော့ အချုပ်ထဲ မထားဘူးဆိုပြီး မသီတာဦးရဲ့ အမျိုးတွေကို ခေါ်ပြီးပြန်ထည့်ပေးလိုက်တယ်၊ မသီတာဦးကိုတော့ တွေ့ခွင့်မရခဲ့ဘူး” ဟု ကိုနေသူရက ပြောသည်။
မသီတာဦး၏ နေအိမ်ကို ဝင်ရောက်စီးနင်းချိန်တွင် ဘေးပတ်ဝန်းကျင်ရှိ နေအိမ်များဘက်သို့ ရမ်းသန်းပစ်ခတ်မှုများ ပြုလုပ်ခဲ့ရာ နေအိမ်ထဲတွင် အိပ်နေသည့် အသက် ၅၃ နှစ်အရွယ် အမျိုးသားတဦးလည်း သေဆုံးသွားပြီး နောက်ထပ်ပြည်သူ သုံးဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းလည်း ဒေသခံများက ပြောသည်။
ပုံအညွှန်း- စီးနင်းခံရသော မခင်သီတာဦး နေအိမ်နှင် မြင်ကွင်းအချို့ အမွှာကလေးငယ်ပုံ
စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)
#မြကန်သာ
#ခင်ဦး
#အမွှာကလေးငယ်သေဆုံး

🤬11😢4👍3🔥2😁2
ကျိုက်ထိုမြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဒု-တာဝန်ခံ နေခဲ့သည့်အိမ် ချိပ်ပိတ်ခံရ
=====================
YT
(မဇ္ဈိမ)။ ။ ကျိုက်ထိုမြို့နယ် တော်လှန်ရေးအင်အားစု (KRF) ဒု-တာဝန်ခံ ကိုရဲသွေးညီ နေထိုင်ခဲ့ဖူးသည့် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မြောက်ပိုင်းရပ်ကွက်၊ မင်္ဂလာလမ်းရှိ နေအိမ်အား စစ်ကောင်စီလက်အောက်ခံတပ်သားများက လာရောက်ချိတ်ပိတ်သွားကြောင်း ကိုရဲသွေးညီနှင့် မြောက်ပိုင်းရပ်ကွက် ဒေသခံများထံက သိရသည်။
" ကျွန်တော့်တို့က သူတို့အာဏာသိမ်းပြီး ဆန္ဒပြဘာညာ လုပ်နေကတည်းက သူတို့အမှုဖွင့်တယ် ၅၀၅ နဲ့။ နောက်ပိုင်းကျတော့ ကျွန်တော့်ကို သေဒဏ်ကျသင့်နိုင်တဲ့အမှု ၁၀ မှုထက်မနည်း တရားစွဲထားတယ်လို့တော့ ကြားရတာပဲ၊ ၅၀ တွေ ၅၂ တွေပေါ့ဗျာ။ ကျွန်တော့်ကို သူတို့ဖမ်းမမိတော့ ကြွက်မနိုင် ကျီမီးနဲ့ရှို့တာပေါ့ဗျာ" ဟု ကိုရဲသွေးညီက မဇ္ဈိမကိုပြောသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၁၇ ရက်နေ့၊ နေ့လယ်ပိုင်းက ရဲ၊ စစ်တပ်၊ ကျိုက်ထိုမြို့နယ်အုပ်ချုပ်ရေးမှ ဝန်ထမ်းများက ကိုရဲသွေးညီနေထိုင်ခဲ့ဖူးသည့် ထိုအိမ်အား လာရောက်၍ ချိပ်ပိတ်သွားခြင်းဖြစ်သည်။
အဆိုပါနေအိမ်သည် ကိုရဲသွေးညီ၏ ယောက္ခထီး ဦးတင်ဦး၏ နေအိမ်ဖြစ်ပြီး ကိုရဲသွေးညီ အိမ်ထောင်ကျချိန်မှစ၍ စစ်ကောင်စီ အာဏာမသိမ်းခင်အထိ ဇနီး၊ ယောက္ခထီး၊ ယောက္ခမတို့နှင့်အတူ နေထိုင်ခဲ့ဖူးသော နေအိမ်ဖြစ်သည်။
ချိပ်ပိတ်မခံရခင်အချိန်အထိ အဆိုပါနေအိမ်တွင် ဦးတင်ဦးနှင့် ဇနီးဖြစ်သူ နေထိုင်လျက်ရှိသော်လည်း ယခုကဲ့သို့ ချိပ်ပိတ်ခံရခြင်းကြောင့် အခြားဆွေမျိုးများ၏ နေအိမ်တွင် ပြောင်းရွှေ့နေထိုင်နေရကြောင်း သိရသည်။
ကိုရဲသွေးညီသည် အာဏာသိမ်းပြီးနောက်ပိုင်းတွင် ဆန္ဒပြခြင်းကို ပြုလုပ်ခဲ့ပြီးနောက် လက်နက်ကိုင်တော်လှန်ရေးကို ရွေးချယ်ခဲ့ကာ လက်ရှိတွင် ကျိုက်ထိုမြို့နယ် တော်လှန်ရေးအင်အားစု (KRF) ဒု- တာဝန်ခံ၊ ကျိုက်ထိုမြို့နယ် ပ.က.ဖ ဒု- တာဝန်ခံအဖြစ် တာဝန်ယူသူဖြစ်သည်။
စစ်ကောင်စီတပ်က ကိုရဲသွေးညီအား အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (ည)၊ ၅၂ (က) အပါအဝင် သေဒဏ်ချမှတ်နိုင်သော အမှုပေါင်း ၁၀ ခုကျော်ဖြင့် ဖမ်းဝရမ်းထုတ်ထားကြောင်း သိရသည်။
ထို့အတူ ကိုရဲသွေးညီ၏ ဇနီးဖြစ်သူသည်လည်း အထက်တန်းကျောင်းဆရာမတဦးဖြစ်ပြီး စစ်တပ်အာဏာသိမ်းမှုကြောင့် အကြမ်းမဖက်အာဏာဖီဆန်ရေး (CDM) ပြုလုပ်ထားသူဖြစ်ကြောင်း သိရသည်။
" အခု စစ်ကောင်စီလက်အောက်မှာ ဘယ်သူ့ရဲ့ ပစ္စည်းဥစ္စာမှ မလုံခြုံဘူးဆိုတာ သိစေချင်တယ်။ မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံးကိုပေါ့။ သူတို့ဆီမှာ စည်းလွတ်ဝါးလွတ် ဥပဒေမရှိ လုပ်နေတော့ ဘယ်သူ့ရဲ့ ပစ္စည်းဥစ္စာ အသက်အိုးအိမ်စည်းစိမ် ဘာတစ်ခုမှ လုံခြုံမှုရှိမနေဘူးဆိုတာ သိစေချင်တယ်။ ဆိုတော့ ဒီကိစ္စ တော်လှန်ရေးပြီးမှ အရင်ကလို လုံလုံခြုံခြုံပြန်နေရမှာဖြစ်တယ်လေ။ အခုဆို ရှိသမျှ အကုန်ဈေးတက်ပြီး မြန်မာငွေဈေးထိုးကျတယ်ဆိုတော့ အပျော်အပါးလေးတွေလျော့ပြီး တော်လှန်ရေးဘက်ကို ဦးလှည့်ဖို့သင့်ပြီဆိုတာ သိစေချင်ပါတယ်" ဟု ကိုရဲသွေးညီက ပြောသည်။
ကျိုက်ထိုမြို့နယ်တွင် စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်းတွင် NLD ပါတီဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၏ နေအိမ်၊ တော်လှန်ရေးအတွင်း တက်ကြွလှုပ်ရှားသည့် လူငယ်များ၊ ဒေသခံများ၏ နေအိမ် စုစုပေါင်း အလုံး ၂၀ နီးပါး စစ်ကောင်စီတပ်၏ ချိပ်ပိတ်ခြင်း ခံခဲ့ရသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#ကျိုက်ထိုမြို့နယ်
#ချိပ်ပိတ်
#NLD
#KRF

🤬10👍2🔥2❤1👎1