Mizzima
✔
47.6K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ဖီဖာ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲ တတိယနေရာလုပွဲ (ပွဲပြီးရလဒ်)
==================

ဆွီဒင် ၂-၀ သြစတြေးလျ
ရိုလ်ဖို ၃၀' (P)
အက်စလာနီ ၆၂'

Photos: EPA
#womenworldcup
👍7😁4
​​မြန်မာသံအမတ်ဟောင်း ဦးကျော်စွာမင်းအား ကျူးကျော်နေထိုင်မှုဖြင့် ဗြိတိန်ရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေး
========================

မြန်မာနိုင်ငံတွင် ၂၀၂၁ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ခြင်းအတွက် ထုတ်ပယ်ခံရသည့် ဗြိတိန်ဆိုင်ရာ မြန်မာသံအမတ်ဟောင်းအား လန်ဒန်ရှိ သံတမန်အိမ်ရာ၌ ကျူးကျော်နေထိုင်မှုအတွက် ဗြိတိန်ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေကြောင်း ၎င်း၏ ရှေ့နေက ရိုက်တာသို့ ပြောသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬6🔥1👏1🙏1
ကလေးခရိုင် အမှတ်(၁၁)တပ်ရင်းသို့ လက်နက်နှင့်အတူ CDMဝင်လာသူ ရဲတပ်သားကို ကျပ် ၃၃သိန်း ချီးမြှင့်
👍9❤2😁2
ကလေးခရိုင် အမှတ်(၁၁)တပ်ရင်းသို့ လက်နက်နှင့်အတူ CDMဝင်လာသူ ရဲတပ်သားကို ကျပ် ၃၃သိန်း ချီးမြှင့်
==================

ကိုခင်မောင်
(မဇ္စျိမ)။ ။ စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်အခြေစိုက် ကလေးခရိုင် အမှတ် (၁၁) တပ်ရင်းသို့ ပြီးခဲ့သည့် ဇူလိုင် ၁၇ ရက်တွင် လက်နက်ခဲယမ်းများနှင့်အတူ CDM ဝင်လာသော ရဲတပ်သားကို ဆုကြေးငွေ ၃၃ သိန်းကျပ် ချီးမြှင့်ခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့တွင် သတင်းထုတ်ပြန်သည်။

အဆိုပါ ရဲတပ်သားသည် နေပြည်တော် အမှတ်(၁၇) ရဲတပ်ရင်းတွင် တာဝန်ထမ်းဆောင်စဥ် ကာကွယ်ရေးအဖွဲ့များနှင့် ချိတ်ဆက်၍ အလင်းဝင်လာခြင်းဖြစ်ပြီး MA-16 A1 တလက်၊ ကျည်ဘောက် နှစ်ခု၊ ၅.၅၆ ကျည် ၃၀ တောင့်နှင့်တကွ ပြည်သူ့ဘက်သို့ ပူးပေါင်းလာခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

“ဒီနှစ်အတွင်းမှာ ကျွန်တော်တို့ဆီကို အလင်းဝင်လာတာ အခုတယောက်ပဲရှိပါတယ်။ လုံခြုံရေးအနေထားကြောင့် ခုမှထုတ်ပြန်တာပါ၊ လောလောဆယ် လုံခြုံစွာရှိနေပါတယ်“ ဟု ကလေးခရိုင်အမှတ် (၁၁) တပ်ရင်း ၊ တပ်ရင်း(၂) မင်းကင်းမှ တာဝန်ရှိသူက မဇ္စျိမသို့ ပြောသည်။

ပြည်သူ့ဘက်သို့ ရပ်တည်ကူးပြောင်းလိုသော တပ်မတော်သားများအနေဖြင့် နီးစပ်ရာ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)များကို ဆက်သွယ်၍ သော်လည်းကောင်း၊ ပြည်သူ့ရင်ခွင် ခိုလှုံရေး Telegram Channel @MyanmarPeople သို့ ဆက်သယ်၍သော်လည်းကောင်း ချိတ်ဆက် ဆောင်ရွက်နိုင်ပြီး၊ ယခုကဲ့သို့ ရပ်တည်ပူးပေါင်းလာမှုများကို လက်ကမ်းကြိုဆိုနေမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

#စစ်ကိုင်းတိုင်း
#မင်းကင်းမြို့နယ်
#CDM

ပုံအညွှန်း။ ။ CDM ဝင်လာသော ရဲတပ်သားအား ဆုကြေးငွေချီးမြင့်စဥ်(ဓာတ်ပုံ။ ။NUG-MOD)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍17😁3
Cele City - Episode 32
=============

🔈 Mizzima +TV မှ နိုင်ငံတကာနောက်ဆုံးရ ဖျော်ဖြေရေးသတင်းများနဲ့အတူ Cele City အစီအစဉ်လေးရောက်ရှိလာပါပြီ..

ဒီအပတ်မှာဆိုရင်

👉 - နစ်နာသူအနေနဲ့ရဲစခန်းရောက်ခဲ့တဲ့ ထိုင်းမင်းသား Mario Maurer

👉 Jawan ရုပ်ရှင်မှာပါဝင်တဲ့ Arijit Singh သီချင်းသစ်

👉 ရုပ်ရှင်အသစ်အတွက် 7 ကီလို ဝိတ်ချခဲ့ရတဲ့ တောင်ကိုရီးမင်းသား Park Seo-joon

အပြင် တခြားဖျော်ဖြေရေးနှင့်ဆိုင်တဲ့သတင်းများပါ တင်ဆက်ပေးသွားမှာမို့ အပတ်စဉ် စနေနေ့ Mizzima + TV channel မှာ ညနေ ၄ ခွဲ အချိန်မှာ စောင့်မျှော်ကြည့်ရှုနိုင်ပါပြီ။

Mizzima + TV မှာ မကြည့်လိုက်ရတဲ့ ပရိသတ်တွေကတော့ Mizzima TV App မှာ ပြန်လည် ကြည့်ရှုနိုင်ပါပြီ။

(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။

https://youtu.be/pN57hMbefjk

-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
😁3
​​မန္တလေးမြို့တွင် မြေအောက်ရေကန်အတွင်းအလုပ်ဆင်းလုပ်သည့် လုပ်သား ၂ ဦး အောက်ဆီဂျင်ပြတ်သေဆုံး
==================

007
(မဇ္စျိမ) ။ ။ မန္တလေးမြို့တွင် မြေအောက်ရေကန်အတွင်း အလုပ်ဆင်းလုပ်သည့် ဆောက်လုပ်ရေးလုပ်သားနှစ်ဦး အောက်ဆီဂျင် ပြတ်တောက်ပြီး သေဆုံးသည့်ဖြစ်စဉ်တစ်ခု ယမန်နေ့ ဩဂုတ်လ ၁၈ရက် နံနက် ၉ နာရီအချိန်ခန့်က ဖြစ်ပွားခဲ့ကြောင်း နယ်မြေခံမီးသတ်တပ်ဖွဲ့ထံက သိရသည်။

"အဆောက်အအုံအောက်မှာ ရေကန်ရှိတယ်။ ရေကန်ထဲကပျဉ်ပြားတွေ ဆင်းခွာရင်း အောက်မှာသတိလစ်ပြီး ရေနစ်ကြတာ၊ သတင်းအရသွားဆယ်တော့ နှစ်ယောက်စလုံးက အခြေအနေမကောင်းဘူး။ ဆေးရုံပို့ပေမယ့်လည်း အသက်မမီတော့ဘူး" ဟု အမည်မဖော်လူ သူမီးသတ်၀န်ထမ်းတစ်ဦးက ပြောသည်။

မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ် ၊ ၅၈(စီ)လမ်း၊ ၁၂၈ လမ်းနှင့် ၁၂၉ လမ်းကြား၊ အကွက်အမှတ်(ဒဒ-၁၃)၊ (ဆ)ရပ်ကွက်ရှိ ဆောက်လက်စ အဆောက်အအုံတစ်ခု၏ လုပ်ငန်းခွင်အတွင်း၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

"တစ်ယောက်က အသက်နှစ်ဆယ်လောက်ပဲ ရှိသေးတယ်။ နောက်တစ်ယောက်က အသက်သုံးဆယ်၀န်းကျင်ပါ။ နှစ်ယောက်စလုံး အောက်ဆီဂျင် ပြတ်ပြီး သတိလစ်ရာကနေ ရေနစ်ပြီးအသက်ဆုံးရှုံးကြရတာပါ" ဟု အမည်မဖော်လိုသူ ကယ်ဆယ်ရေးသမားတစ်ဦးက ပြောသည်။

၎င်းတို့ကို ပြည်ကြီးတံခွန်မြို့နယ် မီးသတ်စခန်းမှ ကယ်ဆယ်ရေး၀န်ထမ်းများက သွားရောက်ကယ်ဆယ်ရေး လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မန္တလေးမြို့တွင် ပြီးခဲ့သည့်မေလ ၁၇ ရက်နေ့ကလည်း ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခု၏ ရေလှောင်ကန်အတွင်း အောက်ဆီဂျင်ပြတ်၍ သတိလစ်နေသူအား ဆင်းကယ်သည့် အမျိုးသားတဦး သေဆုံးခဲ့သည့်ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သေးသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

#မန္တလေးတိုင်း
#ပြည်ကြီးတံခွန်မြို့နယ်
#သေမှုသေခင်း

ပုံအညွှန်း-အောက်ဆီဂျင်ပြတ်၍သတိလစ်ရေနစ်သူနှစ်ဦးကို ကယ်ထုတ်နေစဉ်။ (ဓာတ်ပုံ-နယ်မြေခံမီးသတ်)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢9👍2😁1
Media is too big
VIEW IN TELEGRAM
ချစ်သူ ဂျပန်မလေးနဲ့ လက်ထပ်လိုက်ပြီဖြစ်တဲ့ တောင်ကိုရီးယားမင်းသား Shim Hyung Tak

Full Video Link - https://youtu.be/pN57hMbefjk

#entertainmentnews #celecity #mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts
👍2🌭1🍌1
သြဂုတ်လ( ၁၉ )ရက်၊ စနေနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
=====================

ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ...

မော်လမြိုင်-သိမ်ဇရပ် လမ်းဟောင်းပိုင်းမှာ KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့က လမ်းစစ်ဆေးမှုတွေဆောင်ရွက်နေတဲ့သတင်းနဲ့အတူ ရန်ကုန်မြို့ကိုယခုရက်ပိုင်းအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်(PDF)တွေ ဝင်ရောက် လာတယ်ဆိုပြီး စစ်တပ်လော်ဘီတွေဘက်က သတင်းလွှင့်မှုကြောင့် စစ်ကောင်စီက ဧည့်စာရင်းစစ်ဆေးမှု တွေပိုမိုပြုလုပ်နေတဲ့ သတင်း အပါအဝင် နောက်ဆုံးရ ပြည်တွင်းသတင်းတွေနဲ့ တပတ်အတွင်း နိုင်ငံတကာသတင်း တွေကို နားဆင်ကြရပါမယ်။

သတင်းတွေအပြီးမှာတော့ အပတ်စဉ်တင်ဆက်ပေးနေတဲ့ သံစဉ့်အိမ်အစီအစဉ်ကို နားဆင်ရမှာ ဖြစ်ပါတယ်။

https://youtu.be/Bqy5CCj4Vro

#Eveningradio
#Mizzimaradio
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍4😁1💩1
ပခုက္ကူမြို့တွင် စစ်ကောင်စီဂိတ်စခန်း ပစ်ခတ်တိုက်ခိုက်ခံရ၍ ထိခိုက်သေဆုံးမှုရှိဟုဆို
=======================

ကိုခင်မောင် (မဇ္စျိမ) ။ ။ မကွေးတိုင်း၊ ပခုက္ကူမြို့ စက်မှုဇုန် အမှတ်(၆)လမ်းထိပ်ရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်စခန်းအား ယမန်နေ့ သြဂုတ်လ ၁၈ရက် မွန်းလွဲပိုင်း ၂နာရီ ၄၅မိနစ်အချိန်ခန့်တွင် ပြောက်ကျားနည်းဖြင့် အနီးကပ်ဝင်ရောက် ပစ်ခတ်ခဲ့ကြောင်း Yesagyo Revolution Group (YRG) ထံက သိရသည်။

“အဲဒီ စစ်ကောင်ဂိတ်စခန်းမှာ အင်အား ၃၀ဝန်းကျင်ရှိပါတယ်။ကျွန်တော်တို့ သွားပစ်တဲ့အချိန် သူတို့ဘက်က ပစ်ချိန်မရဘူး။ ပစ်ခတ်ခဲ့တဲ့ ရဲဘော်တွေရှေ့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦး လဲကျတာတွေ့တယ်။ ပစ်ခတ်မှုဖြစ်ပြီးတော့ လမ်းတွေပိတ်ပြီး စစ်ဆေးတာတွေလည်း တွေ့ရပါတယ်” ဟု Yesagyo Revolution Group (YRG)မှ တာဝန်ရှိသူ ကိုရေခဲက မဇ္စျိမသို့ပြောသည်။

ထိုပစ်ခတ်မှုအတွင်း ဘန်ကာအနီး တန်းလျားတွင်ထိုင်နေသော နှစ်ပွင့်ဗိုလ်ကြီးတဦး ဝမ်းဗိုက်နှင့် ပေါင်တွင် ကျည်ထိမှန်ဒဏ်ရာရကာ ပခုက္ကူမြို့ ၊ သပြေညိုဆေးရုံသို့ တက်ရောက်ကုသစဉ် ယမန့်နေ့ ညအချိန်၌ သေဆုံးသွားခဲ့သည်ဟု ၎င်းကဆက်ပြောသည်။

အဆိုပါ ဗိုလ်ကြီးသည် ပခုက္ကူမြို့ အမှတ်(၆) ရပ်ကွက်တွင် နေထိုင်သူဖြစ်ပြီး စက်မှုဇုန်အမှတ်(၆)လမ်းထိပ်ရှိ စစ်ကောင်စီတပ်ဂိတ်တွင်ကုန်ကား၊ ဈေးကားများအား ငွေကြေးကောက်ခံခြင်း၊ပစ္စည်းသိမ်းယူခြင်းများ ပြုလုပ်နေသူဖြစ်သည်ဟုလည်း Yesagyo Revolution Group (YRG)တာဝန်ရှိသူက ပြောသည်။


စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ သေဆုံးမှုနှင့် ပတ်သက်ပြီး မဇ္စျိမအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။


အဆိုပါဂိတ်စခန်းရှိ စစ်ကောင်စီတပ်ဖွဲ့သည် ပခုက္ကူမြို့နယ်အတွင်းရှိ ကျေးရွာများသို့ စစ်ကြောင်းထိုးခြင်း၊ လမ်းသွားလမ်းလာ ဒေသခံများအား စစ်ဆေး၍ ငွေတောင်းခံခြင်းများ ပြုလုပ်လေ့ရှိသည်ဟုလည်း ကိုရေခဲက ဆက်ပြောသည်။

ထိုတိုက်ခိုက်မှုကို Yesagyo Revolution Group (YRG)၊ Southern YSO PDF၊ ဒေါင်းစစ်သည်၊ ဒေါင်းညီနောင် မဟာမိတ်များပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ပြီးခဲ့သည့် သြဂုတ် ၁၄ ရက် နံနက် ၉ နာရီ ၃၀ မိနစ်အချိန်ခန့်တွင်လည်း ပခုက္ကူမြို့နယ်၊ အရှေ့ဘုန်းကံရွာအနီးတွင် စစ်ကောင်တပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးမဟာမိတ် ပူးပေါင်းတပ်ဖွဲ့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ငါးဦးဒဏ်ရာရကာ သုံးဦးစိုးရိမ်ဒဏ်ရာရသည့် ဖြစ် စဉ် ဖြစ်ပွါးခဲ့သေးဟု Southern YSO PDF တပ်ဖွဲ့ထံမှ သိရသည်။


စာတည်း။ ။ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

https://youtu.be/yGNBEBaga7I

#မကွေးတိုင်း
#ပခုက္ကူမြို့နယ်
#စစ်ကောင်စီတပ်
#တိုက်ခိုက်မှု


ရုပ်သံအညွှန်း-စစ်ဆေးရေးဂိတ်စခန်းကိုတိုက်ခိုက်မှုပြုလုပ်သည့်ကာကွယ်ရေးတပ်ဖွဲ့ဝင်များ။

-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍6😁4❤2👏1
Media is too big
VIEW IN TELEGRAM
အမိုက်စား Bride to be ပွဲလုပ်ခဲ့တဲ့ သတို့သမီးလောင်း ထိုင်းမင်းသမီး Kimmy Kimberley

Full Video Link - https://youtu.be/pN57hMbefjk

#entertainmentnews #celecity #mizzimaplushd #internationalnews #reels #shorts #mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate
👍2❤1🌭1🍌1
စစ်ကောင်စီနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွား စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးသေဆုံး
========================

MTO (မဇ္ဈိမ) ။ ။ မကွေးတိုင်း၊ ရေစကြိုမြို့နယ် မှာ ဩဂုတ်လ ၁၇ ရက်နေ့ မနက်ပိုင်းက စိုင်းသေရွာတောရိုးကနေ မြေမလှ ရွာဘက်ကို စစ်ကြောင်း သုံးကြောင်းခွဲပြီး တက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင် ခုနစ်ဦးထိ သေဆုံးသွားကြောင်း ရေစကြို မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ကနေ သိရပါတယ်။

ရေစကြို ခလရ (၂၅၆) ကနေ ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ဩဂုတ်လ ၁၆ ရက်က ကျောက်ဖူးကျေးရွာမှာ ညအိပ်ပြီး မြိုင်မြို့ နယ်အတွင်းက ကန်နီ ပျူရွာကို အင်အားဖြည့်တင်း ဖို့ သွားရောက်ချိန်မှာ တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

တိုက်ပွဲဖြစ်ပွားချိန်ဟာ တနာရီနီးပါးလောက်ကြာမြင့်ခဲ့ပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များ ဘက်မှာတော့ အထိအခိုက်မရှိခဲ့ဘူးလို့ ရေစကြို ပကဖ ရဲ့ တာဝန်ရှိသူ က ဆက်ပြောပါတယ်။

သတင်း MTO
တင်ဆက်၊ တည်းဖြတ် - MTO
စာတည်း-အောင်ကျော်ဖြိုး

https://youtu.be/-gBQNZTIp6U

#Mizzima
#ရေစကြို ပကဖ
#စစ်ကောင်စီတပ်ဖွဲ့
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍11😁3❤2👏1