အင်တာမိုင်ယာမီနဲ့ မက်ဆီရဲ့ ပထမဆုံးဖလား
=============
(Photo News) ပုံမှန်မိနစ် ၉၀ မှာ ၁-၁ ဂိုးနဲ့ ပြီးဆုံးပြီးနောက် အင်တာမိုင်ယာမီဟာ ပင်နယ်တီအဆုံးအဖြတ်မှာ နက်ရှ်ဗလီကို ၁၀-၉ ဂိုးနဲ့ အနိုင်ယူခဲ့သလို လီယွန်နယ် မက်ဆီဟာ ဂိုးသွင်းယူခဲ့ပြီး မြောက်အမေရိကဘောလုံးပြိုင်ပွဲမှာ သူ့ရဲ့ ပထမဆုံးဆုဖလားကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ မက်ဆီဟာ 2023 Leagues Cup ရဲ့ ရွှေဖိနပ်ဆုနဲ့ ပြိုင်ပွဲရဲ့ အကောင်းဆုံးကစားသမားဆုတွေကိုလည်း ရယူခဲ့ပါတယ်။
ဓာတ်ပုံ - EPA
Leagues Cup ဗိုလ်လုပွဲ ပွဲပြီးရလဒ်
နက်ရှ်ဗလီ ၁-၁ အင်တာမိုင်ယာမီ
ပီကာလက် ၅၇' | မက်ဆီ ၂၃'
ပယ်နယ်တီ (၁၀-၉) ဂိုးဖြင့် အင်တာမိုင်ယာမီနိုင်
#LeaguesCup
#InterMiamiCF
#nashville
#messi
#Mizzima

👍12🔥2❤1
ကမ္ဘာ့ လူသားချင်းစာနာထောက်ထားမှုနေ့နှင့် မြန်မာ၌ အကူအညီပေးခွင့်ရရေး ပန်ကြားချက်များ
================
သံခင်းတမန်ခင်း၏ စွမ်းဆောင်အောင်မြင်နိုင်သည့်အပိုင်းတွင် အကန့်အသတ်များ ရှိသည်။ ယမန်နေ့ ဩဂုတ် ၁၉ ရက်သည် ကမ္ဘာ့ လူသားချင်းစာနာထောက်ထားမှု အထိမ်းအမှတ်နေ့ ဖြစ်သည်။ မိုခါ ဆိုင်ကလုန်း မုန်တိုင်းအလွန် မြန်မာအာဏာသိမ်းစစ်အုပ်စုထံ ကုလသမဂ္ဂ၏ တောင်းဆိုပန်ကြားမှုများက အဆုံးသတ်တွင် ကုလ လူသားချင်းစာနာမှု အကူအညီများ ပေးခွင့်ရရေးအတွက် ခွင့်ပြုချက်ရစေမည်လား ဆိုသည်နှင့်ပတ်သက်၍ မေးခွန်းများ ရှိနေဆဲဖြစ်သည်။
ကမ္ဘာ့ လူသားချင်းစာနာထောက်ထားမှုနေ့သည် ကုလသမဂ္ဂ လူသားချင်းစာနာမှုရေးရာ ညှိနှိုင်းရေးရုံး (OCHA) ၏ ကမ်ပိန်းတစ်ခုဖြစ်သည်။
ကုလ လူသားချင်းစာနာမှု အကူအညီဆိုင်ရာ ရုံး၏ အကြီးအကဲ မာတင် ဂရစ်ဖစ်သ် ဩဂုတ် ၁၅ ရက်က နေပြည်တော်၌ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်နှင့် တွေ့ဆုံပြီးနောက် လက်ရှိတွင် မေးခွန်းများ ရှိနေသည်။ ဆိုင်ကလုန်း မိုခါကြောင့် နိုင်ငံ၏ နယ်မြေတစ်ခွင်တစ်ပြင်ကို အကြီးအကျယ် ထိခိုက်ပျက်စီးစေပြီးနောက် သုံးလအကြာတွင် နောက်ထပ် ကုလကိုယ်စားလှယ်တစ်ဦး မြန်မာစစ်ဗိုလ်ချုပ်ကြီးများနှင့် တွေ့ဆုံရန် နေပြည်တော်သို့ ထပ်မံရောက်ရှိခြင်းလည်း ဖြစ်သည်။

👍4🥰1😁1
တမူးမြို့နယ်အတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ကာကွယ်ရေးတပ်ဖွဲ့ ပူးပေါင်းတိုက်ခိုက်
==================
ပါခွီး
(မဇ္စျိမ)။ ။စစ်ကိုင်းတိုင်း၊ တမူးမြို့နယ် YCDC ဝင်းအတွင်းတပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ကာကွယ် ရေးပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ကြောင်း အမျိုးသားလွတ်မြောက်ရေးတပ်တော်(NLA)က ဩဂုတ်လ ၁၉ ရက်နေ့က ထုတ်ပြန်သည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အနီးပတ်ဝန်းကျင်ရှိလယ်ယာများတွင် လုပ်ငန်းလုပ်ကိုင်နေသော ဒေသ ခံများကို ခြိမ်းခြောက်ကာ လူသားဒိုင်းအဖြစ် အသုံးပြုနေသဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။
ဩဂုတ်လ ၁၈ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်တွင် စတင်၍ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ငါး နာရီကျော်ကြာ ဖြစ်ပွားခဲ့သည့်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဘက်မှ သေဆုံးဒဏ်ရာရသူ များပြားခဲ့ ပြီး ကာကွယ်ရေးတပ်ဖွဲ့မှ ဗိုလ်တဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယင်းနေ့ ည ၈ နာရီ ၁၁ မိနစ်တွင် စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဥ်ဖြင့် နှစ်ကြိမ်တိုင် ဗုံးကြဲတိုက် ခိုက်ခဲ့သော်လည်း ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ ထိခိုက်မှုမရှိခဲ့ကြောင်း အသိပေးထားသည်။
အဆိုပါတိုက်ပွဲကို အမျိုးသားလွတ်မြောက်ရေးတပ်တော်(NLA)နှင့်အတူ ချင်းအမျိုးသားကာကွယ်ရေး တပ်ဖွဲ့ (CNDF) ၊ ထာလ်ဒို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (TDA) တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဩဂုတ်လ ၁၉ ရက်အထိ တိုက်ပွဲများဆက်လက်ဖြစ်ပွားနေသောကြောင့် ကလေး-တမူး အာရှလမ်းမရှိ ကမ္မကြီးကျေးရွာမှ ဘုတ်ကန်ကျေးရွာအထိလမ်းပိုင်းအား စစ်ရေးအခြေအနေအရ ဒေသခံများအနေဖြင့် အသုံးမပြုကြရန် ထုတ်ပြန်ချက်တွင် အသိပေးထားသည်။
ဩဂုတ်လ ၃ ရက်နေ့က ခါမ်းပါတ်မြို့မှထွက်ခွာလာသော အင်အား ၈၀ ခန့်ပါ စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းနှင့် NLA တပ်ဖွဲ့တို့ ကံမ္မကြီးရွာအနီးရှိ ကုန်ထုတ်လမ်းအနီးတွင် မိနစ် ၂၀ ကြာ တိုက်ပွဲဖြစ် ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်တဦး သေဆုံးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့နောက် ဩဂုတ်လ ၄ ရက်နေ့တွင်လည်း ထင်းဇင်ရွာသစ်တွင် ယင်းစစ်ကြောင်းနှင့် ကာကွယ်ရေး တပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သား ငါးဦးသေဆုံးပြီး ၁၀ ဦးကျော် ဒဏ်ရာရရှိသွား သည်ဟု ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့မှပစ်ခတ်သော လက်နက်ကြီးကျည်ကြောင့် NLA တပ်ဖွဲ့မှ ဒုဗိုလ်တဦး ကျဆုံးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ
#စစ်ကိုင်းတိုင်း
#တမူးမြို့နယ်
#စစ်ကောင်စီတပ်
#တိုက်ခိုက်မှု
ပုံအညွှန်း - အမျိုးသားလွတ်မြောက်ရေးတပ်တော်ရဲဘော်များ
ဓါတ်ပုံ - အမျိုးသားလွတ်မြောက်ရေးတပ်တော် (NLA)
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍15❤1🔥1🥱1
ဩဂုတ်လ ၂၀ ရက်နေ့မှာ သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့ရှိ Stadium Australia မှာ စပိန်နဲ့ အင်္ဂလန်အသင်းတို့ ယှဉ်ပြိုင်ကစားမယ့် ဖီဖာအမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲ ဗိုလ်လုပွဲ မတိုင်ခင် ပိတ်ပွဲအခမ်းအနား။
ဓာတ်ပုံ - EPA-EFE
#womenworldcup
#FIFAWWC
#BeyondGreatness
#Mizzima
ဓာတ်ပုံ - EPA-EFE
#womenworldcup
#FIFAWWC
#BeyondGreatness
#Mizzima
👍10🔥1
Media is too big
VIEW IN TELEGRAM
အရက်အလွန်အကျွံသောက်ခြင်း | ကျန်းမာသုတ လူမှုဘ၀
Watch more detail - https://youtu.be/JkMgyhhiniI
#ကျန်းမာသုတလူမှုဘဝ #အရက်အလွန်အကျွံသောက်ခြင်း #mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts

👍5🌭1🍌1