Mizzima
✔
47.6K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ထိုင်းနိုင်ငံမဲဆောက်မြို့က ကရင်ရိုးရာ လက်ချည်ဖြူဖွဲ့ပွဲတော်
=================

လင်းသူရိန် (မဇ္ဈိမ)။ ။ကရင်ရိုးရာချည်ဖြူဖွဲ့ပွဲတော်ကို ဒီကနေ့ ဩဂုတ်လ ၂၀ ရက်မှာ ထိုင်းနိုင်ငံမဲဆောက်မြို့မှာရှိတဲ့ တောရကျောင်းမှာ ပြုလုပ်ခဲ့ကြပါတယ်။ယခုနှစ် လက်ချည်ပွဲဟာ ၃၄ကြိမ်‌ေမြာက်ရှိပြီ ဖြစ်ပြီး လက်ချည်ပွဲပြုလုပ်တာအပြင် အစားအသောက်တွေနဲ့ လည်းကျွေးမွေးဧည့်ခံခဲ့ကြပါတယ်။

မဲဆောက်ရောက် ကရင်တိုင်းရင်တိုင်းရင်းသားတွေရဲ့ လှူဒါန်းငွေတွေနဲ့ စည်းကားသိုက်မြိုက်စွာပြုလုပ်တာလို့ ပွဲဖြစ်မြောက်ရေးကော်မတီဝင်တစ်ဦးက မဇ္ဈိမကိုပြောပါတယ်။

ရိုက်ကူး၊ တည်းဖြတ်- လင်းသူရိန်
စာတည်း- အောင်ကျော်ဖြိုး

https://youtu.be/JUIGMOP3MBg

#Mizzima
#လက်ချည်ဖြူဖွဲ့ ပွဲတော်
#ကရင်ရိုးရာ
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍5
ကျောက်ကြီးမြို့နယ်တွင် ကျေးရွာပေါင်း ၄၀ ကျော်မှ ဒေသခံများ တိမ်းရှောင်နေရပြီး အကူအညီလိုအပ်နေ
👍3😁2
ကျောက်ကြီးမြို့နယ်တွင် ကျေးရွာပေါင်း ၄၀ ကျော်မှ ဒေသခံများ တိမ်းရှောင်နေရပြီး အကူအညီလိုအပ်နေ
===================

YT
(မဇ္ဈိမ)။ ။ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်တွင် စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် ကျေးရွာပေါင်း ၄၀ ကျော်မှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရပြီး သဘာဝဘေးဒဏ်များပါ ခံစားနေရ၍ အကူအညီများ လိုအပ်နေကြောင်း ကျောက်ကြီးမြို့နယ် ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီ၏ ထုတ်ပြန်ချက်နှင့် တာဝန်ရှိသူထံက သိရသည်။

"အခု စစ်ကောင်စီက ပြည်သူတွေကို ပြည်သူလို့မမြင်ဘူး။ ရန်သူလို သဘောထားပြီး ပစ်ခတ်နေတယ်" ဟု ကရင်အရေးပေါ် ကူညီကယ်ဆယ်ရေးကော်မတီ (ကျောက်ကြီးမြို့နယ်)မှ တာဝန်ရှိသူက မဇ္ဈိမကိုပြောသည်။

ကျောက်ကြီးမြို့နယ်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ PDF ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်ဖွဲ့များအကြား ဖြစ်ပွားသည့် တိုက်ပွဲများ၊ စစ်ကောင်စီတပ်ဖွဲ့၏ ကျေးရွာများအတွင်း လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှု၊ ဒေသခံများအား အကြောင်းမဲ့ဖမ်းဆီးမှု၊ မီးရှို့သတ်ဖြတ်မှု အစရှိသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် ကျေးရွာပေါင်း ၄၀ ကျော်မှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရခြင်း ဖြစ်သည်။

ကရင်အရေးပေါ် ကူညီကယ်ဆယ်ရေးကော်မတီ (ကျောက်ကြီးမြို့နယ်) အနေဖြင့် စစ်ဘေးရှောင်ကျေးရွာ ၄၀ ကျော်အနက် ကျေးရွာ ၁၀ ရွာကိုသာ စာရင်းပြုစုနိုင်သေးပြီး အဆိုပါ ကျေးရွာ ၁၀ ရွာတွင် ဒေသခံ ၈,၀၀၀ နီးပါးရှိကြောင်း၊ ကျန်ရှိနေသည့် ကျေးရွာများမှ လူဦးရေများကိုလည်း စာရင်းပြုစုနေဆဲဖြစ်ကြောင်း ဖော်ပြထားသည်။

အဆိုပါ စစ်ဘေးရှောင်များသည် စစ်ဘေးဒဏ်များအပြင် မိုးတွင်းကာလဖြစ်၍ သဘာဝဘေးအန္တရာယ်များကိုလည်း ခံစားနေရကာ ငှက်ဖျားရောဂါနှင့် သွေးလွန်တုပ်ကွေးရောဂါများ ဖြစ်ပွားမှုရှိနေကြောင်း၊ အဆိုပါ စစ်ဘေးရှောင်များအတွက် ကျန်းမာရေး၊ ပညာရေး၊ စားဝတ်နေရေးအတွက် အကူအညီများ လိုအပ်နေကြောင်း ဆိုသည်။

လက်ရှိတွင် ကျောက်ကြီးမြို့နယ်ရှိ စစ်ဘေးရှောင်အရေအတွက်၏ ၇၀ ရာခိုင်နှုန်းသည် အမျိုးသမီးများဖြစ်ပြီး အဆိုပါ စစ်ဘေးရှောင် အမျိုးသမီးများ၊ ကိုယ်ဝန်ဆောင်မိခင်လောင်းများနှင့် နို့တိုက်မိခင်များအတွက် အစားအသောက်၊ ဆေးဝါး၊ ရေ စသည့်အခက်အခဲများစွာ ရှိနေကြောင်း ကရင်အရေးပေါ် ကူညီကယ်ဆယ်ရေးကော်မတီ တာဝန်ရှိသူက ပြောသည်။

"အမျိုးသမီးကတော့ ခုနစ်ဆယ် ရာခိုင်နှုန်းလောက် ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်၊ နို့တိုက်မိခင်တွေအတွက်တော့ ခက်ခဲတာတွေတော့ရှိတယ်။ ဒေသခံပေါင်း ၁၀,၀၀၀ ကျော်လောက်ရှိတယ်။ သွေးလွန်တုပ်ကွေး အဖြစ်များနေတယ်။ ကလေးတွေနဲ့ သက်ကြီးပိုင်းတွေ များတယ်။ လုံလောက်တာတော့မရှိဘူး အဓိကကျတဲ့ ဆန်၊ ဆီ၊ ဆားလောက်ကတော့ ရပါတယ်" ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

၂၀၂၃ ခုနှစ် ၊ မေလမှ ဩဂုတ်လအတွင်း စစ်ကောင်စီတပ်ဖွဲ့၏ ပြည်သူများအပေါ် ပစ်မှတ်ထား၍ တိုက်ခိုက်မှုများကြောင့် ကျောက်ကြီးမြို့နယ်တွင် ဒေသခံ ၁၁ ဦးသေဆုံး၍ ၁၃ ဦးထိခိုက်ဒဏ်ရာရခဲ့ကာ ဒေသခံနေအိမ် ၄၀ လုံးထက်မနည်း ပျက်စီးခဲ့ရပြီး ပြည်သူ ၁၈ ဦး ထောင်ချခံထားရကြောင်း သိရသည်။

လက်ရှိအချိန်တွင် KNU နယ်မြေများ၌ စစ်ရေးပဋိပက္ခများ၊ စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှုတို့အပြင် လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် စစ်ဘေးရှောင်နေရသည့် ဒေသခံပြည်သူ ၆၀၀,၀၀၀ ကျော်ရှိပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အရေးပေါ် အကူအညီများ လိုအပ်နေကြောင်း သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

#ပဲခူးတိုင်း
#ကျောက်ကြီးမြို့နယ်
#စစ်ဘေးရှောင်

ပုံအညွှန်း- စစ်ဘေးရှောင်များ(ဓါတ်ပုံ- KNU-ပုံဟောင်း)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9🤬7🥰1😁1
Media is too big
VIEW IN TELEGRAM
လောင်းလုံမှာ တော်လှန်ရေးအင်အားစုတွေက ပြည်သူတွေဆီကနေ ဆက်ကြေးကောက်နေတယ်လို့ သတင်းမှား ပျံ့နေပါတယ်။

အပြည့်အစုံဖတ်ရန် ... https://shorturl.at/juwAX

#Misinformation_Buster #Fake_News #DDMSC #mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts
👍10🔥1
ဒီတပတ် South Asia Today အစီအစဉ်မှာတင်ဆက်မဲ့အကြောင်းအရာတွေကတော့
=====================

နီပေါနိုင်ငံမှာ ဗုဒ္ဓဘာသာယဉ်ကျေးမှုစင်တာ စတင်တည်ဆောက်

ကက်ရှမီးယားဒေသဘာရာမြူလာခရိုင်တွင် ဆေးပညာ ပြန်လည်ထူထောင်ရေးစင်တာနှင့်အားကစားရုံကို ဖွင့်လှစ်

PoK ဒေသတွင် လွတ်လပ်ရေးနှင့်အခွင့်အရေးများကို တောင်းဆိုသည့် ဆန္ဒပြပွဲကြီးများ ဖြစ်ပေါ်နေ

ကိုးကြိမ်မြောက် အမျိုးသား လက်ယက္ကန်းနေ့အတွက် လာရောက်ကြည့်ရှုသူများကို အံ့သြဘနန်းဖြစ်စေခဲ့တဲ့ဖက်ရှင်ရှိုးပွဲနဲ့ ပြပွဲ

အာရှတစ်ခွင်က ထူးခြားတဲ့အကြောင်းအရာများကို သိရှိနိုင်မဲ့Asia Watch ကဏ္ဍတွေကို တင်ဆက်သွားမှာပါ။

https://youtu.be/-6CjFFZ9aVw

#southasiatoday
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍11🍌1
Media is too big
VIEW IN TELEGRAM
မလေးရှားနိုင်ငံက မြန်မာသံရုံးအမည်နဲ့ ဖွင့်ထားတဲ့ Facebook Page အတု တစ်ခုထွက်ပေါ်နေပါတယ်။

အပြည့်အစုံဖတ်ရန် ... https://shorturl.at/hDKLS

#Misinformation_Buster #Fake_News #Malaysia_Embassy
#mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts
👍11😁2🔥1
တနင်္ဂနွေနေ့ရဲ့ ပရီးမီယားလိဂ် ပွဲစဉ်(၂)ရလဒ်များ
================

ဝက်စ်ဟမ်း ၃-၁ ချယ်လ်ဆီး

နာယက်ဖ် အာဂွါဒ် ၇' (အနီကတ် ၆၇') | ေ ချူကွီမက်ကာ ၂၈'
မိုက်ကယ် အန်တိုနီယို ၅၃'
လူးကပ် ပါကေတာ ၉၀+၅' (P)

အက်စတွန်ဗီလာ ၄-၀ အဲဗာတန်

ဂျွန် မစ်ဂင် ၁၈' ဒေါက်ဂလပ်စ် လူးဝစ်ဇ် ၂၄' လီယွန် ဘိုင်လေ ၅၁' ဒူရန် ၇၅'

Photos: EPA/Aston Villa

#WHUCHE
#AVLEVE
#PremierLeague
#Mizzima
👍13🔥2❤1
ဥရောပထိပ်တန်းလိဂ်များရဲ့ တနင်္ဂနွေနေ့နဲ့ တနင်္လာနေ့ မနက်အစောပိုင်းပွဲစဉ်ရလဒ်များ
======================

ပရီးမီယားလိဂ် ပွဲစဉ်(၂)

ဝက်စ်ဟမ်း ၃-၁ ချယ်လ်ဆီး
အက်စတွန်ဗီလာ ၄-၀ အဲဗာတန်

လာလီဂါပွဲစဉ်(၂)

ဟီရိုနာ ၃-၀ ဂီတာဖေး
ဘာစီလိုနာ ၂-၀ ကာဒစ်ဇ်
ဘက်တစ် ဝ-၀ အက်သလက်တီကို

စီးရီးအေပွဲစဉ်(၁)

ရိုးမား ၂-၂ ဆလာနီတာနာ
ဆာဆူအိုလို ဝ-၂ အတ္တလန်တာ
လက်ချီ ၂-၁ လာဇီယို
အူဒီးနီးစ် ဝ-၃ ဂျူဗင်တပ်စ်

ဘွန်ဒက်လီဂါပွဲစဉ်(၁)

အူန်ယွန်းဘာလင် ၄-၁ မိန့်ဇ်
ဖရန့်ဖတ် ၁-၀ ဒမ်းစတက်ဒ်

လီဂူဝမ်း

လိုင်လီ ၂-၀ နန့်စ်
လော်ရီယန့် ၁-၁ နိုက်စ်
Reims ၂-၀ ကလယ်မွန့်
လူအယ်ဗာ ၁-၂ ဘရက်စ်
မိုနာကို ၃-၀ စထရာဘိုး
လန်းစ် ၁-၁ ရန်းစ်

Photos: EPA/Twitter

#PremierLeague
#LaLiga
#seriea
#Bundesliga
#Ligue1
#Mizzima
👍15