ငါးသိုင်းချောင်းမြို့တွင် PDF ၂ ဦးဖမ်းမိထားဟု စစ်ကောင်စီသတင်းလွှင့်ပြီး ဒေသခံအချို့ကို လိုက် ဖမ်းနေ
================
မင်းထက်
(မဇ္စျိမ)။ ။ဧရာဝတီတိုင်း၊ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့တွင် PDF တပ်ဖွဲ့ဝင်နှစ်ဦးအားလက်နက်ခဲယမ်းအချို့နှင့် အတူ ဖမ်းမိထားသည်ဟုဆိုကာ စစ်ကောင်စီက သတင်းလွှင့်ပြီး မြို့ခံအချို့ကို လိုက်လံဖမ်းဆီးနေကြောင်းသိရသည်။
ငါးသိုင်းချောင်းမြို့ပေါ်မှ တည်းခိုခန်းတခုကို သြဂုတ်လ ၁၉ ရက်နေ့ နံနက်တွင် စစ်ကောင်စီတပ်က ဝင်ရောက်စစ်ဆေးပြီး တည်းခိုနေသည့် အမျိုးသားနှစ်ဦးကို ဖမ်းဆီးသွားခြင်းဟု သိရသည်။ ထိုအမျိုးသားနှစ်ဦးထံမှ လက်နက်ခဲယမ်းအချို့ကို တွေ့ရှိကြောင်း စစ်ကောင်စီက သတင်းလွှင့်ထားပြီး PDF တပ်ဖွဲ့ဝင်များဖြစ်သည်ဟုဆိုကာ စစ်ဆေးနေကြောင်း မြို့ခံတဦးကပြောသည်။
ဖမ်းဆီးခံရသူနှစ်ဦးမှာ ရန်ကုန်တိုင်းတွင်နေထိုင်သည့် အသက် ၂၈ နှစ်အရွယ် အမျိုးစားတဦး၊ဧရာဝတီတိုင်းမှ အသက် ၃၀ ကျော် အမျိုးသားတဦးဖြစ်ပြီး ၎င်းတို့နှင့် ဆက်စပ်သည်ဟုဆိုကာရေကြည်မြို့နယ်အတွင်းမှ လူငါးဦးကို စစ်ကောင်စီက ထပ်မံဖမ်းဆီးထားကြောင်း သတင်းရရှိသည်။
လူငယ်နှစ်ဦးနှင့် သက်ကြီးပိုင်း အမျိုးသားနှစ်ဦး၊ အမျိုးသမီးတဦး၊ စုစုပေါင်း ငါးဦးကို စစ်ကောင်စီက ထပ်မံဖမ်းဆီးခြင်းဖြစ်သည်။လက်ရှိတွင်ခုနစ်ဦးစလုံးအား ရေကြည်မြို့နယ် ရဲစခန်းတွင် ဖမ်းဆီးထားပြီး ရိုက်နှက်စစ်ဆေးမှုများပြုလုပ်နေသည်ဟု ရဲတပ်ဖွဲ့နှင့်နီးစပ်သူ၏ပြောပြချက်အရသိရသည်။
ယခုသတင်းနှင့်ပတ်သက်၍ ဒေသခံ တော်လှန်ရေးအင်အားစုများကိုဆက်သွယ်မေးမြန်းရာ ၎င်းတို့အနေဖြင့် အခြေအနေအသေးစိတ်ကို စုံစမ်းဆဲဟု ပြောသည်။
စာတည်း - အေးချမ်း
#mizzima
#ရေကြည်မြို့နယ်
#ငါးသိုင်းချောင်းမြို့
#စစ်ကောင်စီသတင်းလွှင့်
Photo - အမျိုးသားနှစ်ဦးထံမှ တွေ့ရှိကြောင်း စစ်ကောင်စီထုတ်ပြန်ထားသည့် လက်နက်ခဲယမ်းအချို့
“Supported by the Staying Resilient Amidst Multiple Crises in Southeast Asia initiative of SEA Junction in partnership with CMB Foundation”
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍8🔥4😁3👏1
ရွှေဈေးနှင့်ဒေါ်လာဈေးနှုန်း ကျဆင်းရေး Task Force ဖွဲ့စည်း ပြီး စသုံးလုံးက ဦးဆောင်မည်ဟု စစ်ကောင်စီ ဆိုပြန်
================
ပြည်တွင်းစီးပွားရေးဈေးကွက်တွင် ရွှေဈေးနှင့်ဒေါ်လာဈေးနှုန်း ကျဆင်းရေး တိုက်ပွဲဝင်မည့် Task Force ဖွဲ့စည်းပြီး အထူးစုံစမ်းစစ်ရေးဦးစီးဌာန(စသုံးလုံး) က ဦးဆောင်မည်ဟု စစ်ကောင်စီ၏ ကုန်စည်စီးဆင်းမှု ဗဟို ကော်မတီ တွဲဖက် အတွင်းရေးမှူး ဗိုလ်ချုပ်ရန်နိုင်စိုးက ပြောဆိုလိုက်သည်။
ပြည်တွင်းတွင် ဒေါ်လာဈေးကိစ္စ မစိုးရိမ်ကြရန်နှင့် အချိန်တန်လျှင် ပြန်လည် ကျဆင်းသွားမည်ဖြစ်ကြောင်း၊ ဒေါ်လာဈေးသည် တက်စရာ အကြောင်းမရှိဘဲ တက်နေခြင်းဖြစ်ကြောင်း၊ ရွှေဈေးနှုန်းသည်လည်း ထိုနည်းအတူပင်ဖြစ် ကြောင်း၊ စစ်ကောင်စီက Task Force ဖွဲ့စည်းလိုက်ပြီး စသုံးလုံးက ဦးဆောင် မည် ဖြစ်ကြောင်း ဗိုလ်ချုပ်ရန်နိုင်စိုးက ဆိုသည်။
နေပြည်တော်တွင် ဩဂုတ်လ ၁၉ ရက်နေ့ ကျင်းပသည့် စီးပွားရေးလုပ်ငန်းရှင် များ နှင့် စစ်ကောင်စီဗဟိုဘဏ်တို့ တွေ့ဆုံပွဲတွင် ၎င်းက အထက်ပါ အတိုင်း ပြော ဆိုခြင်းဖြစ်ကြောင်း သိရှိရသည်။
လက်ရှိတွင် ပြည်တွင်းဈေးကွက်တွင် အမေရိကန်တစ်ဒေါ်လာလျှင် ငွေကျပ် ၄၀၀၀ ကျပ်ဝန်းကျင်အထိဖြစ်ပေါ်လာပြီး ရွှေဈေးနှုန်းများ မြင့်တက်လာမှုသည် အခြေအမြစ်မရှိဘဲ ဖြစ်ပေါ်နေခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ထိရောက်စွာ ကိုင်တွယ်နိုင်ရေး Task Force ဖွဲ့စည်းလိုက်ပြီး စသုံးလုံးက ဦးဆောင်မည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ဘင်္ဂလားဒေ့ရှ်အစိုးရက မြန်မာစစ်တပ်လက်အောက်ခံ MFTB နှင့် MICB ဘဏ်တို့၏ ကန်ဒေါ်လာ ၁ ဒသမ ၁ သန်းကို ထိန်းချုပ်ထားမှု ငြိမ်မခံဘဲ ထိပ် တိုက် ရင်ဆိုင်မည်ဟုလည်း စစ်ကောင်စီဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက တုံ့ပြန်ပြောဆိုထားသည်။
ဒေါ်လာ ဈေးတက်နေရသည့် အကြောင်းအရင်း များမှာ MFTB နှင့် MICB တို့ကို အမေရိကန်စီးပွားရေးပိတ်ဆို့လိုက်မှုနဲ့ စင်ကာပူ UOB ဘဏ်က မြန်မာစီးပွားရေးသမားများနှင့် စစ်ကောင်စီ၏ ဘဏ်ငွေစာရင်းများကို ပိတ်ပင်လိုက်မှုတို့ကြောင့်ဖြစ်သည်။
ထို့အပြင် နှစ်သောင်းတန်ငွေစက္ကူများ ထုတ်ဝေမှု၊ ဘင်္ဂလားဒေ့ရှ်အစိုးရက စစ်တပ်ပိုင် ဘဏ်နှစ်ခု၏ ကန်ဒေါ်လာ ၁ ဒသမ ၁ သန်းတို့ကို ထိန်းချုပ်လိုက်မှု စသည့် အကြောင်း အရင်းများကြောင့်လည်း ဒေါ်လာဈေးမြင့်တတ်လာရခြင်းဖြစ်သည်။
ယခုအခါမှာ အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် သိန်း ၄၀ ခန့်နှင့် တစ်ဒေါ်လာကို ကျပ် ၄၀၀၀ အထိ မြင့်တက်လာနေသည်။
ယခုလိုရက်ပိုင်းရွှေနှင့်ဒေါ်လာဈေး တရှိန်ထိုးမြင့်တက်လာပြီးနောက်ယနေ့ ( ဩဂုတ် ၁၉ ရက် )တွင် စစ်ကောင်စီ ထောက်လှမ်းရေးက လိုက်လံဖမ်းဆီးနေသောကြောင့်ဈေးကွက်မဖွင့်နိုင်ဘဲ၊ ရွှေနှင့်ငွေလဲလုပ်ငန်းဆောင်ရွက်သူအချို့ကို ဖမ်းဆီးခံခဲ့ရကြောင်း လုပ်ငန်းရှင်အချို့ကပြောသည်။
https://youtu.be/rsfJlrXsZ4E
#PoliticalNews
#Mizzima

YouTube
ရွှေဈေးနှင့်ဒေါ်လာဈေးနှုန်းကျဆင်းရေး Task Force ဖွဲ့စည်းပြီးစသုံးလုံးက ဦးဆောင်မည်ဟုစစ်ကောင်စီဆိုပြန်
ပြည်တွင်းစီးပွားရေးဈေးကွက်တွင် ရွှေဈေးနှင့်ဒေါ်လာဈေးနှုန်း ကျဆင်းရေး တိုက်ပွဲဝင်မည့် Task Force ဖွဲ့စည်းပြီး အထူးစုံစမ်းစစ်ရေးဦးစီးဌာန(စသုံးလုံး) က ဦးဆောင်မည်ဟု စစ်ကောင်စီ၏ ကုန်စည်စီးဆင်းမှု ဗဟို ကော်မတီ တွဲဖက် အတွင်းရေးမှူး ဗိုလ်ချုပ်ရန်နိုင်စိုးက ပြောဆိုလိုက်သည်။…
🔥5👍4🤣1
သြဂုတ်လ (၂၁)ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
=================
- အာဆီယံအလှည့်ကျဥက္ကဌသက်တမ်းမကုန်ခင် မြန်မာအရေးဖြေရှင်းဖို့ အင်ဒိုနီးရှားကို APHR တိုက်တွန်း တဲ့ သတင်း
- ရွှေဈေးနဲ့ ဒေါ်လာဈေးနှုန်း ကျဆင်းရေး Task Force ဖွဲ့စည်း ပြီး စသုံးလုံးက ဦးဆောင်မယ်လို့ စစ်ကောင်စီပြောတဲ့ သတင်း
- ထိုင်းနိုင်ငံမဲဆောက်မြို့က ကရင်ရိုးရာ လက်ချည်ဖြူဖွဲ့ပွဲတော်အကြောင်း နဲ့
- ဖူကူရှီးမားရေလွှတ်ရက်အတွက် မဆုံးဖြတ်ရသေးဘူးလို့ ဂျပန်ဝန်ကြီးချုပ်ပြောတဲ့ သတင်း အပါအဝင် နောက်ဆုံးရ ပြည်တွင်းသတင်းတွေနဲ့ နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးသွားမှာပါ။
https://youtu.be/TeFhdZPkM18
#2pmnews
#Mizzimanewshour
#mizzimatv
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
=================
- အာဆီယံအလှည့်ကျဥက္ကဌသက်တမ်းမကုန်ခင် မြန်မာအရေးဖြေရှင်းဖို့ အင်ဒိုနီးရှားကို APHR တိုက်တွန်း တဲ့ သတင်း
- ရွှေဈေးနဲ့ ဒေါ်လာဈေးနှုန်း ကျဆင်းရေး Task Force ဖွဲ့စည်း ပြီး စသုံးလုံးက ဦးဆောင်မယ်လို့ စစ်ကောင်စီပြောတဲ့ သတင်း
- ထိုင်းနိုင်ငံမဲဆောက်မြို့က ကရင်ရိုးရာ လက်ချည်ဖြူဖွဲ့ပွဲတော်အကြောင်း နဲ့
- ဖူကူရှီးမားရေလွှတ်ရက်အတွက် မဆုံးဖြတ်ရသေးဘူးလို့ ဂျပန်ဝန်ကြီးချုပ်ပြောတဲ့ သတင်း အပါအဝင် နောက်ဆုံးရ ပြည်တွင်းသတင်းတွေနဲ့ နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးသွားမှာပါ။
https://youtu.be/TeFhdZPkM18
#2pmnews
#Mizzimanewshour
#mizzimatv
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
YouTube
သြဂုတ်လ (၂၁)ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
00:59 - အာဆီယံအလှည့်ကျဥက္ကဌသက်တမ်းမကုန်ခင် မြန်မာအရေးဖြေရှင်းဖို့ အင်ဒိုနီးရှားကို APHR တိုက်တွန်း တဲ့ သတင်း
03:49 - ထိုင်းနိုင်ငံမဲဆောက်မြို့က ကရင်ရိုးရာ လက်ချည်ဖြူဖွဲ့ပွဲတော်အကြောင်း
10:54 - ရွှေဈေးနဲ့ ဒေါ်လာဈေးနှုန်း ကျဆင်းရေး Task Force ဖွဲ့စည်း ပြီး…

👍6😁2
မြဝတီ-ကော့ကရိတ် အာရှလမ်းတွင် အိမ်စီးကားနှင့် ဆိုင်ကယ်များအား အချိန်ပိုင်း သွားလာခွင့်ပြု
❤5🔥2
မြဝတီ-ကော့ကရိတ် အာရှလမ်းတွင် အိမ်စီးကားနှင့် ဆိုင်ကယ်များအား အချိန်ပိုင်း သွားလာခွင့်ပြု
=================
ခိုင်မင်းမြတ်
(မဇ္ဈိမ)။ ။မိုးအဆက်မပြတ်ရွာသွန်းပြီးနောက် တောင်ကျရေတိုက်စား၍ ပြိုကျသွားသော မြဝတီ- ကော့ကရိတ် အာရှလမ်းပိုင်းကို ပြန်လည်ပြုပြင်နေရာ ပြီးလုနီးပါးရှိနေပြီဖြစ်၍ လက်ရှိတွင် အချိန်ပိုင်း သွားလာခွင့်ပြုထားကြောင်း ဒေသခံများထံမှ သိရသည်။
အိမ်စီးကားနှင့် ဆိုင်ကယ်များကိုသာ ခွင့်ပြုထားခြင်းဖြစ်ပြီး ကုန်တင်ကားများ ဖြတ်သန်းသွားလာခွင့် မပြုထားကြောင်း ဆိုသည်။
လမ်းပြုပြင်နေသော လုပ်ငန်းခွင် ရပ်နားထားချိန် နံနက် ၇ နာရီတကြိမ်၊ မွန်းတည့် ၁၂ နာရီ တကြိမ်နှင့် ညနေ ၅ နာရီတကြိမ် အချိန်ပိုင်းသွားလာခွင့် ပြုထားခြင်း ဖြစ်သည်။
“မနက် ၆ နာရီကနေ ၇ နာရီထိရတယ်၊ ၇ နာရီနောက်ပိုင်း မရတော့ဘူး၊ ၁၂ နာရီရတယ်၊ အဲနောက်ပိုင်း မရဘူး၊ ညနေ ၅ နာရီနောက်ပိုင်းရတယ်၊ ပြင်တဲ့သူတွေ ထမင်းစားနားတဲ့အချိန်ပေါ့၊ ကုန်ကားတွေ ကိုတော့ ခွင့်မပြုထားဘူး” ဟု မြဝတီမြို့ခံတဦးက မဇ္ဈိမကို ပြောသည်။
မိုးရွာသွန်းမှုနှင့် တောင်ကျရေတိုက်စားမှုတို့ကြောင့် ဩဂုတ်လ ၆ ရက်နေ့မှစ၍ မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးပေါ်တွင် တောင်ပြိုမှု၊ လမ်းမြေပြိုကျမှုများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ယင်းကြောင့် ယာဉ်ငယ်များမှာ မြဝတီ-ကော့ကရိတ် လမ်းဟောင်းတွင် ဩဂုတ်လ ၁၄ ရက်နေ့ကစပြီး အတက်တရက်၊ အဆင်းတရက်စီ သွားလာခွင့် ပြုထားခြင်း ဖြစ်သည်။
လမ်းဟောင်းအား အသုံးပြုသွားလာရာတွင် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းပြီး သွားလာရခြင်းနှင့် နယ်မြေ လုံခြုံရေးအခြေအနေများကြောင့် လက်ရှိတွင် အချိန်ပိုင်းသွားလာခွင့်ပြုထားသည့် လမ်းသစ်၌ ယမန်နေ့ ကစတင်ကာ အိမ်စီးကားအချို့နှင့် ဆိုင်ကယ်အချို့ သွားလာနေကြပြီဖြစ်ကြောင်း သိရသည်။
“လမ်းဟောင်းက နည်းနည်းစောင့်ရတာ ကြာတယ်၊ တခါတလေကျတော့ နေ့ဝက်လောက်ကြာတယ်၊ လမ်းသစ်ကကျတော့ သူတို့နားချိန်နဲ့ ခန့်မှန်းပြီး သွားနေကြတာ” ဟု အဆိုပါ မြဝတီမြို့ခံက ပြောသည်။
ထိုင်းနယ်စပ်ရှိ မြဝတီ- ကော့ကရိတ် အာရှလမ်းပိုင်းပြိုကျမှုကြောင့် ကုန်တင်ကားများ ပိတ်မိကာ ကုန်သွယ်မှု နှောင့်နှေးခဲ့ရပြီး ပို့ကုန်၊ သွင်းကုန်လုပ်ငန်းရှင်များကို အခြားနယ်စပ်ဂိတ်များမှတဆင့် ပြောင်း လဲ တင်သွင်းခွင့်ပေးသွားမည်ဟု ကုန်သွယ်ရေးဦးစီးဌာန (မြဝတီ) က ဩဂုတ်လ ၉ ရက်နေ့က ထုတ်ပြန်ခဲ့ သည်။
စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။စောဖေ
#မြဝတီလမ်း
#မြေပြို
#အချိန်ပိုင်းသွားလာခွင့်ပြု
ပုံညွှန်း- ပြန်ပြုပြင်နေသော မြဝတီ-ကော့ကရိတ် အာရှလမ်းပိုင်းအား ယနေ့ ဩဂုတ်လ ၂၁ ရက်နေ့ နံနက် ၆ နာရီတွင် တွေ့ရစဉ်
Website Link - http://www.mizzimaburmese.com/article/132359

👍7🔥2❤1
ရဲလုပ်ငန်းများ ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရန် ချင်းပြည်နယ် ပြည်သူ့ရဲတပ်ဖွဲ့ဥပဒေနှင့် ဖွဲ့စည်းပုံ ထုတ်ပြန်
====================
ပါခွီး
(မဇ္စျိမ)။ ။ချင်းပြည်နယ်အတွင်း လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများအကောင်အထည်ဖော် ဆောင်ရွက်ရာတွင် စနစ်တကျရှိစေရန်နှင့် ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရန်အတွက် ချင်းပြည်နယ် ပြည်သူ့ရဲတပ်ဖွဲ့ဥပဒေနှင့် ဖွဲ့စည်းပုံကို ချင်းပြည်နယ် ပြည်သူ့ရဲတပ်ဖွဲ့မှ ယမန်နေ့ ဩဂုတ်လ ၂၀ ရက်နေ့ က ထုတ်ပြန်သည်။
စစ်အာဏာရှင်နှင့် ၎င်းတို့၏ငယ်သားများကို ဥပဒေညီအရေးယူနိုင်ရန် ၊ ဖက်ဒရယ်ဒီမိုကရေစီ ရဲတပ်ဖွဲ့ စနစ် ထွန်းကားရန်နှင့် ပြစ်မှုကျူးလွန်သူများကို စုံစမ်းဖော်ထုတ်ဖမ်းဆီး တရားစွဲဆိုနိုင်ရန်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ထို့ပြင် စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်လိုခြင်းမရှိသည့် CDM ရဲများကို ပြန်လည်မှတ် တမ်းတင်ပြီး ရသင့်ရထိုက်သော အခွင့်အရေးများ ပြန်လည်ရရှိရန်နှင့် ပြည်နယ်ရဲအဖြစ် တာဝန်ထမ်း ဆောင်ရန် ရည်ရွယ်ကြောင်းဆိုသည်။
“ကျွန်တော်တို့နိုင်ငံမှာ ခုချိန်ကတည်းကစတင်ပြီးတော့ အရင်တုန်းကနဲ့လုံးဝမတူညီဘဲ ဖက်ဒရယ် ရဲတပ် ဖွဲ့စနစ်ကို စတင်ကျင့်သုံးနေပြီ။ တော်လှန်ရေးကာလဆိုပေမဲ့ စနစ်တကျနဲ့ ပြည်သူလူထုကို ဝန်ဆောင် မှုပေးမယ့်အကြောင်းကို သိစေလိုတဲ့အတွက် အခုလိုဖွဲ့စည်းပုံနဲ့ ဥပဒေကို ထုတ်ပြန်ရတာပါ” ဟု ချင်းပြည် နယ် ပြည်သူ့ရဲတပ်ဖွဲ့ ဥက္ကဋ္ဌ စတီဗင်က မဇ္စျိမကိုပြောသည်။
တော်လှန်ရေးကာလ အခြေအနေအမျိုးမျိုးကြောင့် ချင်းပြည်နယ်အတွင်း မတူညီသော နိုင်ငံရေးအဖွဲ့ အစည်းအသီးသီး၊ ပြည်သူ့တပ်မတော်အဖွဲ့အစည်းများစွာ ဆောင်ရွက်ကြသော်လည်း ချင်းပြည်နယ် ပြည်သူ့ရဲတပ်ဖွဲ့အနေဖြင့် ဖက်ဒရယ်ရဲတပ်ဖွဲ့စနစ်နှင့်အညီ တပြည်နယ်လုံးတွင် ချင်းပြည်သူ့ရဲအနေဖြင့် အားလုံးအတူတကွ စိတ်တူကိုယ်တူ ပူးပေါင်းဆောင်ရွက်လျက်ရှိနေသည်ကို သိစေလိုသည်ဟု ဆိုသည်။
ချင်းပြည်သူ့ရဲတပ်ဖွဲ့သည် တော်လှန်ရေးကာလအတွင်း တာဝန်ထမ်းဆောင်မည့် မြို့နယ်ပြည်သူ့ရဲ တပ်ဖွဲ့ ဝင်များဖြင့် ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့တွင် ရွေးကောက်ပွဲကျင်းပကာ CDM ရဲအရာရှိများ ပါဝင်သည့် ချင်းပြည်နယ် ပြည်သူ့ရဲတပ်ဖွဲ့အုပ်ချုပ်ရေးယာယီကော်မတီကို ရွေးချယ်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။
ယင်းအဖွဲ့ကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် ကြားဖြတ်ကာလ ချင်းအမျိုးသားအတိုင်ပင်ခံ ကောင်စီမှအသိအမှတ်ပြုခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေး ဝန်ကြီး ဌာန ပြည်သူ့ရဲတပ်ဖွဲ့နှင့် ၂၀၂၃ ခုနှစ် မတ်လ ၂၃ ရက်နေ့တွင် လွတ်လပ်တရားမျှတ၍ တန်းတူညီမျှမှုရှိနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် ဖက်ဒရယ်ဒီမိုကရေစီနှင့်အညီ တရားဝင်မဟာမိတ်ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း ဖော် ပြထားသည်။
ပြည်နယ်ရဲတပ်ဖွဲ့ကို ပြည်နယ်ရဲချုပ်မှ ရဲတပ်သားအထိ အဆင့် ၁၃ ဆင့်ဖြင့် ဖွဲ့စည်းထားပြီး ဖွဲ့စည်းပုံတွင် ရဲချုပ်၊ ဒုရဲချုပ်၊ ရဲဦးစီးချုပ်၊ ရဲရေးချုပ်၊ ရဲလေ့ကျင့်ရေးချုပ်၊ အထူးစစ်ဆင်ရေး ရဲတပ်ဖွဲ့မှူးကြီး၊ မူးယစ် တပ်ဖွဲ့မှူးကြီး၊ သတင်းရဲတပ်ဖွဲ့မှူးကြီး၊ ပြည်တွင်းပြည်ပ ဆက်ဆံရေးတပ်ဖွဲ့မှူးကြီးနှင့် အကျဥ်းဌာနမှူး ကြီးတို့ ပါဝင်ကြောင်း သိရသည်။
ချင်းပြည်နယ် ပြည်သူ့ရဲတပ်ဖွဲ့သည် တော်လှန်ရေးကာလနှင့် တော်လှန်ရေးအောင် မြင်ပြီးသည့် နောက်ပိုင်းကာလများတွင်လည်း ပြည်သူလူထုအား တရားဥပဒေနှင့်အညီ ဆက်လက်ကာကွယ် စောင့် ရှောက်မည်ဖြစ်ကြောင်း ဆိုသည်။
ပြည်သူအားလုံးသဘောတူလက်ခံ ရွေးချယ်တင်မြှောက်သည့် ချင်းပြည်နယ်အစိုးရ ပေါ်ပေါက်သည့် အချိန်တွင် ၎င်းအစိုးရ၏ အုပ်ချုပ်ကွပ်ကဲမှုအောက်မှ ပြည်သူလူထုအတွက် တရားဥပဒေနှင့်အညီ ဆက် လက်တာဝန် ထမ်းဆောင်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ
#ချင်းပြည်နယ်
#ပြည်သူ့ရဲတပ်ဖွဲ့
#CDM
ပုံအညွှန်း - ပြည်နယ်အဆင့်အခြေခံအမှုစစ်သင်တန်းပြုလုပ်နေစဉ် (ဓါတ်ပုံ - ချင်းပြည်နယ် ပြည်သူ့ရဲတပ်ဖွဲ့)

👍12😁2
ပုလောအခြေစိုက် ခလရ(၂၈၅)မှ လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် အသက် ၇၀ ကျော် အမျိုးသမီးကြီး သေဆုံးပြီး ၃ ဦး ဒဏ်ရာရ
😢8🔥1
ပုလောအခြေစိုက် ခလရ(၂၈၅)မှ လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် အသက် ၇၀ ကျော် အမျိုးသမီးကြီး သေဆုံးပြီး ၃ ဦး ဒဏ်ရာရ
=================
ကိုရွှေမြိတ်
(မဇ္ဈိမ)။ ။တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ လက္ကူးကျေးရွာတွင် စစ်ကောင်စီလက်အောက်ခံ ခလရ (၂၈၅) က ၁၂၀ မမ လက်နက်ကြီးဖြင့် အကြောင်းမဲ့ပစ်ခတ်မှုကြောင့် သက်ကြီးပိုင်းအမျိုးသမီးတဦး ပွဲချင်းပြီး သေဆုံးကာ သုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ပုလောမြို့နယ် လက္ကူးကျေးရွာတွင် ဩဂုတ်လ ၁၉ ရက်နေ့ ညနေ ၃ နာရီခွဲ ကျောင်းလွတ်အချိန် အပြီး ၁၀ မိနစ်ခန့်အကြာတွင် စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့ပစ်ခတ်သဖြင့် ထိခိုက် သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများကပြောသည်။
“ကလေးတွေကျောင်းကပြန်ပြီး လူရှင်းတဲ့အချိန်မှာပစ်တာပါ။ လက်နက်ကြီး နှစ်လုံးပစ်တယ်၊ ပထမ တလုံးက ဘာမှမဖြစ်ဘူး ဒုတိယတလုံးကျမှ နေအိမ်ပေါ်ကျပြီး လူတွေထိပြီး သေဆုံးဒဏ်ရာရတာ”ဟု လက္ကူးကျေးရွာမှ အမျိုးသားတဦးက ပြောသည်။
စစ်ကောင်စီတပ်က ၁၂၀ မမ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အသက် ၇၆ နှစ်ရှိ ဒေါ်သန်းကြည်၏ နေအိမ်အတွင်းသို့ ကျရောက်ပေါက်ကွဲပြီး လည်ပင်းအားထိမှန်ကာသေဆုံးခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆို သည်။
“ဒေါ်သန်းကြည်ကတော့ ဒဏ်ရာ ပြင်းထန်လို့ သေသွားတယ်။ ကျန်တဲ့အမျိုးသားနှစ်ဦးနဲ့ အမျိုးသမီးတဦး ကတော့ လက်နက်ကြီးကျည် ပေါက်ကွဲလွင့်စင်မှုကြောင့် ထိခိုက် ဒဏ်ရာရခဲ့တယ်” ဟု ပြောကြားသည်။
စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် နေအိမ်ငါးလုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့ ကြောင်းလည်း သိရသည်။
ယခုကဲ့သို့ စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မကြာခဏ လက်နက်ကြီးဖြင့်ပစ်ခတ်နေခြင်း ကြောင့် ဒေသခံများမှာ စိုးရိမ်ထိန့်လန့်နေပြီး အချို့မှာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
တနင်္သာရီတိုင်းတွင် စစ်ကောင်စီက တနင်္သာရီမြို့နယ်နှင့် ပုလောမြို့နယ်တို့ကို စစ်အုပ်ချုပ်ရေးကြေညာ ထားပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့် မကြာခဏ တိုက်ပွဲများဖြစ်ပွားလျက်ရှိသည်။
စာတည်း။ ။စောဖေ
#တနင်္သာရီတိုင်း
#ပုလောမြို့နယ်
#စစ်အုပ်ချုပ်ရေး
#အမျိုးသမီး

Paypal
Donate to Mizzima Media Supporters Australia Incorporated
Help support Mizzima Media Supporters Australia Incorporated by donating or sharing with your friends.
🔥6👍5😢4
Media is too big
VIEW IN TELEGRAM
အာဆီယံအလှည့်ကျဥက္ကဌသက်တမ်းမကုန်ခင် မြန်မာအရေးဖြေရှင်းဖို့ အင်ဒိုနီးရှားကို APHR တိုက်တွန်း
Watch more detail - https://youtu.be/8KfmAGU9lnc
#PoliticalNews #mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts

👍5😁1
US, S.Korea and Japan usher in 'new chapter' of cooperation at Camp David summit
=================
https://youtu.be/jlzpeFeJV-E

US President Joe Biden and the leaders of Japan and South Korea said Friday they saw a "new chapter" of close three-way security cooperation as the Asian allies joined a first-of-a-kind summit that has already rattled China.
Standing alongside Biden and…
Standing alongside Biden and…
👍5😁2