မန္တလေးတွင် မိုးသည်းထန်စွာ ရွာသွန်းသည့်အတွက် ရေကြီးရေလျှံမှုဖြစ်ပွား
================
007
(မဇ္စျိမ) ။ ။ မန္တလေးမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ယနေ့ ဩဂုတ်လ ၂၁ ရက် နံနက်ပိုင်းက ရေကြီးရေလျှံမှု ဖြစ်ပွားသည်ဟု ဒေသခံများထံမှ သိရသည်။
“အရင်က ဒါမျိုးမဖြစ်ဖူးဘူး၊ အာဏာသိမ်း နှစ်နှစ်ကျော်ကာလမှာ ပထမဆုံးပဲ၊ မိုးတညလုံးရွာခဲ့တာကနေ အနိမ့်ပိုင်းတွေ ရေနစ်ကုန်တာပဲ" ဟု ဒေသခံတဦးက ပြောသည်။
၃၅ လမ်း၊ ၇၃ လမ်းနှင့် ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းများရှိရာ အောင်ပင်လယ်ရပ်ကွက်အတွင်း၌ ရေကြီးရေလျှံမှုဖြစ်ပွါးပြီး နံနက် ၈ နာရီခန့်အချိန်မှစ၍ ယာဉ်သွားလမ်းများပေါ် ရေနစ်မြုပ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။
ယာဉ်သွားလမ်းများ ရေနစ်မြုပ်မှုကြောင့်၊ ယာဉ်ကြောပိတ်ဆို့မှု ငါးနာရီခန့်ဖြစ်ပွားခဲ့ပြီး မွန်းတည့် ၁၂ နာရီခန့်တွင် ယာဉ်ကြောရှင်းလင်းခဲ့သည်ဟု ဒေသခံများက ဆိုသည်။
"သိပ္ပံလမ်းအရှေ့ဘက် ၆၂ လမ်းကနေ ယာဉ်ကြောစပိတ်တာ၊ အောင်ပင်လယ်အဝိုင်းအထိပဲ၊ ဘေးဘယ်ညာ ဘယ်လိုမှလည်းဖြတ်ထွက်လို့ မရတော့ လမ်းပေါ်တနာရီခွဲလောက်နေခဲ့ရတယ်၊ နောက်ဆုံး မဖြစ်တော့ဘူးဆိုပြီး၊ တွေ့တဲ့လမ်းထဲချိုး၀င်လိုက်ပြီး ယာဉ်ကြောရှင်းတော့မှ ပဲ ပြန်ထွက်ခဲ့ရတယ်၊ အောင်ပင်လယ်ဘက်မှာ တမနက်ခင်းလုံး ယာဉ်ကြောပိတ်ဆို့မှုဖြစ်ခဲ့တယ်" ဟု အမည်မဖော်ပြလိုသည့် မြို့ခံတစ်ဦးက ပြောသည်။
မန္တလေးမြို့တွင် နံနက်ပိုင်း အလုပ်သွားကျောင်းသွားချိန်နှင့် ညနေပိုင်းအလုပ်ဆင်း ကျောင်းဆင်းချိန်တို့တွင် ယာဉ်ကြောပိတ်ဆို့မှု နေ့စဉ်ဖြစ်ပေါ်နေသော်လည်း ယနေ့တွင်ပုံမှန်ထက်ပိုမိုဆိုးရွားခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။
စာတည်း ။ ။ ဖူးသိမ်ကျ
ပုံအညွှန်း-မန္တလေးမြို့က ယာဉ်သွားလမ်းများပေါ် ရေနစ်မြုပ်မှုဖြစ်ပွါးနေသည့်မြင်ကွင်း
#မန္တလေးမြို့
#အောင်ပင်လယ်
#ရေကြီးရေလျှံ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

Paypal
Donate to Mizzima Media Supporters Australia Incorporated
Help support Mizzima Media Supporters Australia Incorporated by donating or sharing with your friends.
👍9🔥2😁1😢1
This media is not supported in your browser
VIEW IN TELEGRAM
ဖူကူရှီးမားရေလွှတ်ရက်အတွက် မဆုံးဖြတ်ရသေးဘူးလို့ ဂျပန်ဝန်ကြီးချုပ်ပြော
#Internationalnews #mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts

🔥3
ဩဂုတ်လ (၂၁) ရက်၊ တနင်္လာနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
===================
အာဆီယံအလှည့်ကျဥက္ကဌသက်တမ်းမကုန်ခင် မြန်မာအရေးဖြေရှင်းဖို့ အင်ဒိုနီးရှားကို APHR တိုက်တွန်း၊နိုင်ငံခြားငွေ လက်ဝယ်ကိုင်ဆောင်ထားမယ်ဆိုရင် အရေးယူမယ်လို့ စစ်ကောင်စီ ဗဟိုဘဏ်ပြော၊ ဖူကူရှီးမားရေလွှတ်ရက်အတွက် မဆုံးဖြတ်ရသေးဘူးလို့ ဂျပန်ဝန်ကြီးချုပ်ပြောလိုက်တယ် ဆိုတဲ့ နောက်ဆုံးရ ပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေအတူ စီးပွားရေးသတင်းတွေကိုလည်းနားဆင်ရမှာပါ။
သတင်းတွေအပြီးမှာတော့ ဒီနေ့အတွက် သတင်းသုံးသပ်ချက်၊ဒီညနေထိ နောက်ဆုံးရ ကုန်ဈေးနှုန်းတွေ၊ အပတ်စဉ် ကဏ္ဍအဖြစ် “Mizzima Editorial Talk” ကို နားဆင်ရမှာဖြစ်ပြီးတော့ တိုင်းရင်းသားတွေရဲ့အသံနဲ့အမြင်တွေကို စုစည်းတင်ဆက်ပေးနေတဲ့ BNI ရေဒီယိုအစီအစဉ်တွေကိုလည်း နားဆင်ရမှာပါ။
https://youtu.be/mb1Yp2TljH4
#eveningradio
#mizzimaradio
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

👍6😁2
This media is not supported in your browser
VIEW IN TELEGRAM
တပတ်အတွင်း ဖော်ထုတ်ထားတဲ့ သတင်းတု/မှား တွေကို ဂျူချန်းက တင်ဆက်ထားပါတယ်။
အပြည့်အစုံကြည့်ရန် - https://youtu.be/SNg1x3Q5ZaI
#Misinformation_Buster #Fake_News #Package #mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts

👍4😁1
MODက “တိုင်ကြားမှုများဆိုင်ရာကော်မတီ” ဖွဲ့စည်းပြီး ၃လအတွင်း အမှုပေါင်း ၁၄၆ ခုအနက် စိစစ်ပြီး ၁၂ မှုကို သက်ဆိုင်ရာ ဌာနများသို့ လွှဲပြောင်း
==========================
ဂျူချန်း
(မဇ္ဈ်ိမ)။ ။ တော်လှန်ရေးကာလမှာ ပဋိပက္ခတွေ၊ အကြမ်းဖက်မှုတွေ၊ စစ်ဘက်ဆိုင်ရာ ရာဇဝတ်မှုတွေကို စစ်ဆေးဖော်ထုတ်နိုင်ဖို့အတွက် “တိုင်ကြားမှုများဆိုင်ရာကော်မတီ” ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD)က ပြီးခဲ့တဲ့ မေလ ၁ ရက်နေ့မှာ ဖွဲ့စည်းခဲ့ပါတယ်။
တိုင်ကြားလာတဲ့ အမှုတွေကို ကနဦး စုံစမ်းစစ်ဆေးညှိနှိုင်းတာတွေကိုလုပ်ဆောင်ပြီး သက်ဆိုင်ရာဌာနတွေဖြစ်ကြတဲ့ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန တွေဆီကို စနစ်တကျလွှဲပြောင်းပေးထားတယ်လို့ ဆိုပါတယ်။ လက်ရှိမှာ အမှုပေါင်း ၁၄၆ မှုထဲကနေ တရားစီရင်ဖို့ သက်ဆိုင်ရာဌာနတွေကို ၁၇ မှု လွှဲပြောင်းပေးခဲ့ပြီး ၁၀၇ မှုကို စိစစ်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ နှစ်ဦးနှစ်ဖက်ညှိနှိုင်းပြီး ပိတ်သိမ်းလိုက်တဲ့အမှု ၁၀ ခုရှိပြီး အကြောင်းအမျိုးမျိုးကြောင့် ဆက်လက်စုံစမ်းဖို့ အဆင်မပြေလို့ မှတ်တမ်းတင်ထားတဲ့အမှု ၁၂ မှုရှိတယ်လို့ MOD ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေကပြောပါတယ်။
တိုင်ကြားလာတဲ့ အမှုတွေထဲမှာ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းက အများစုဖြစ်ပြီး ပြည်သူတွေက နယ်မြေခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တွေနဲ့ ပြည်သူ့လုံခြုံရေးအဖွဲ့ တွေရဲ့ လုပ်ဆောင်ချက်အချို့ကို မကျေနပ်တာကြောင့် တိုင်ကြားမှုအများဆုံးဖြစ်တယ်လို့ ဆိုပါတယ်။
ရုပ်သံ တင်ဆက်/တည်းဖြတ်- ဂျူချန်း
https://youtu.be/QDyq6afzc4k
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U

YouTube
MODက “တိုင်ကြားမှုများဆိုင်ရာကော်မတီ” ဖွဲ့စည်း
MODက “တိုင်ကြားမှုများဆိုင်ရာကော်မတီ” ဖွဲ့စည်းပြီး ၃လအတွင်း အမှုပေါင်း ၁၄၆ ခုအနက် စိစစ်ပြီး ၁၂ မှုကို သက်ဆိုင်ရာ ဌာနများသို့ လွှဲပြောင်း
ဂျူချန်း
(မဇ္ဈ်ိမ)။ ။ တော်လှန်ရေးကာလမှာ ပဋိပက္ခတွေ၊ အကြမ်းဖက်မှုတွေ၊ စစ်ဘက်ဆိုင်ရာ ရာဇဝတ်မှုတွေကို စစ်ဆေးဖော်ထုတ်နိုင်ဖို့အတွက်…

👍11🤮1
“စုစည်းမှုမရှိရင် ရန်သူကတော့ ဝမ်းသာနေမှာပဲ” (Editorial Talk)
=====================
လက်နက်ကိုင်ထားတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)တွေ အချင်းချင်းကြားက ပဋိပက္ခတွေနဲ့ပတ်သက်ပြီး ဒီတစ်ပတ်ရဲ့Mizzima Editorial Talk အစီအစဉ်မှာ သတင်းခန်းစီမံခန့်ခွဲမှု အယ်ဒီတာ ဦးစိန်ဝင်းနဲ့ မဇ္ဈိမ သတင်းထောက် ဂျူချန်းတို့က ဆွေးနွေးထားပါတယ်။
https://youtu.be/FWmb_JyrIlg
#EditorialTalk
#mizzimatv
#PDF
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
=====================
လက်နက်ကိုင်ထားတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)တွေ အချင်းချင်းကြားက ပဋိပက္ခတွေနဲ့ပတ်သက်ပြီး ဒီတစ်ပတ်ရဲ့Mizzima Editorial Talk အစီအစဉ်မှာ သတင်းခန်းစီမံခန့်ခွဲမှု အယ်ဒီတာ ဦးစိန်ဝင်းနဲ့ မဇ္ဈိမ သတင်းထောက် ဂျူချန်းတို့က ဆွေးနွေးထားပါတယ်။
https://youtu.be/FWmb_JyrIlg
#EditorialTalk
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
“စုစည်းမှုမရှိရင် ရန်သူကတော့ ဝမ်းသာနေမှာပဲ” (Editorial Talk)
လက်နက်ကိုင်ထားတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)တွေ အချင်းချင်းကြားက ပဋိပက္ခတွေနဲ့ပတ်သက်ပြီး ဒီတစ်ပတ်ရဲ့Mizzima Editorial Talk အစီအစဉ်မှာ သတင်းခန်းစီမံခန့်ခွဲမှု အယ်ဒီတာ ဦးစိန်ဝင်းနဲ့ မဇ္ဈိမ သတင်းထောက် ဂျူချန်းတို့က ဆွေးနွေးထားပါတယ်။
#EditorialTalk
#mizzimatv…
#EditorialTalk
#mizzimatv…
👍6❤1🤮1
ရန်ကုန်−မန္တလေးအမြန်လမ်းပေါ် ခရီးသည်ကားတိမ်းမှောက်မှု ၁ ဦးသေဆုံး၊ ၁၅ဦး ဒဏ်ရာရ
😢7❤1👍1
ရန်ကုန်−မန္တလေးအမြန်လမ်းပေါ် ခရီးသည်ကားတိမ်းမှောက်မှု ၁ ဦးသေဆုံး၊ ၁၅ဦး ဒဏ်ရာရ
===================
ရွှေနွယ်
(မဇ္ဈိမ)။ ။ရန်ကုန်−မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ် ၇၇ အနီးတွင် ခရီးသည်တင်ကားတစီးတိမ်းမှောက်ခဲ့ပြီး ခရီးသည် တဦးသေဆုံးကာ ၁၅ဦး ဒဏ်ရာရကြောင်း မီးသတ်ဦးစီးဌာက ထုတ်ပြန်သည်။
အမြန်လမ်း မိုင်တိုင်အမှတ်(၇၇/၅)နှင့်(၇၇/၆)ကြားတွင် ယနေ့ ဩဂုတ်လ ၂၁ ရက် မွန်းလွဲ ၃ နာရီမိနစ် ၄၀ အချိန်ခန့်က ခရီးသည်တင် ကားတစီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးမြောင်းထဲထိုးကျတိမ်းမှောက်ခဲ့ခြင်းဟု သိရသည်။
ကားပေါ်တွင် လိုက်ပါလာသူများအနက် အမျိုးသား တဦး သေဆုံးကာ အမျိုးသမီးတဦးပြင်းထန်ဒဏ်ရာရပြီး ၁၄ ဦးသည် မစိုးရိမ်ရဒဏ်ရာရရှိခဲ့ကြောင်း မီးသတ်ဦးစီးဌာကထုတ်ပြန်သည်။
အဆိုပါကားသည် ရန်ကုန်ဘက်မှ မန္တလေးဘက်သို့ မောင်းနှင်လာခြင်းဖြစ်ပြီး ခရီးသည်အမျိုးသား ၁၀ ဦး၊ အမျိုးသမီး ငါးဦးနှင့် ကလေးငယ် တဦး စုစုပေါင်း ၁၆ ဦးလိုက်ပါလာကြောင်းသိရသည်။
" မိုးကများထားတော့ လမ်းကချောနေတာ။ဘေးမြေကလည်းပျော့နေတော့ စလစ်ဖြစ်ပြီးမှောက်သွားတာပါ”ဟု သွားရောက်ကူညီပေးခဲ့သည့် ဥသျှစ်ကုန်းအမြန်လမ်းမီးသတ်စခန်းမှ တာဝန်ရှိသူတဦးက မဇ္ဈိမကိုပြောသည်။
ဒဏ်ရာရရှိသူများအား မီးသတ်ဌာနနှင့် လူမှုကူညီရေးအဖွဲ့များက မြို့ချောင်းတိုက်နယ်ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ယမန်နေ့ ဩဂုတ်လ ၂၀ ရက်နေ့ကလည်း ရန်ကုန်-မန္တလေးအမြန်လမ်းမ၊ မိုင်တိုင်အမှတ် (၆၀/၂)နှင့်(၆၀/၃)ကြားတွင် အိမ်စီးကားတစီး အရှိန်မထိန်းနိုင်ဘဲ လမ်းအလယ်ကျွန်းရှိ သစ်ပင်အား တိုက်မိသောကြောင့် အမျိုးသားတဦး၊ အမျိုးသမီးနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ပုံအညွှန်း - အမြန်လမ်းတွင်တိမ်းမှောက်သွားသည့် Express ယာဥ် (Myanmar Fire Services Department)
စာတည်း - အေးချမ်း
#mizzima
#ရန်ကုန်−မန္တလေးအမြန်လမ်း
#ခရီးသည်တင်ကား
#တိမ်းမှောက်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
===================
ရွှေနွယ်
(မဇ္ဈိမ)။ ။ရန်ကုန်−မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ် ၇၇ အနီးတွင် ခရီးသည်တင်ကားတစီးတိမ်းမှောက်ခဲ့ပြီး ခရီးသည် တဦးသေဆုံးကာ ၁၅ဦး ဒဏ်ရာရကြောင်း မီးသတ်ဦးစီးဌာက ထုတ်ပြန်သည်။
အမြန်လမ်း မိုင်တိုင်အမှတ်(၇၇/၅)နှင့်(၇၇/၆)ကြားတွင် ယနေ့ ဩဂုတ်လ ၂၁ ရက် မွန်းလွဲ ၃ နာရီမိနစ် ၄၀ အချိန်ခန့်က ခရီးသည်တင် ကားတစီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးမြောင်းထဲထိုးကျတိမ်းမှောက်ခဲ့ခြင်းဟု သိရသည်။
ကားပေါ်တွင် လိုက်ပါလာသူများအနက် အမျိုးသား တဦး သေဆုံးကာ အမျိုးသမီးတဦးပြင်းထန်ဒဏ်ရာရပြီး ၁၄ ဦးသည် မစိုးရိမ်ရဒဏ်ရာရရှိခဲ့ကြောင်း မီးသတ်ဦးစီးဌာကထုတ်ပြန်သည်။
အဆိုပါကားသည် ရန်ကုန်ဘက်မှ မန္တလေးဘက်သို့ မောင်းနှင်လာခြင်းဖြစ်ပြီး ခရီးသည်အမျိုးသား ၁၀ ဦး၊ အမျိုးသမီး ငါးဦးနှင့် ကလေးငယ် တဦး စုစုပေါင်း ၁၆ ဦးလိုက်ပါလာကြောင်းသိရသည်။
" မိုးကများထားတော့ လမ်းကချောနေတာ။ဘေးမြေကလည်းပျော့နေတော့ စလစ်ဖြစ်ပြီးမှောက်သွားတာပါ”ဟု သွားရောက်ကူညီပေးခဲ့သည့် ဥသျှစ်ကုန်းအမြန်လမ်းမီးသတ်စခန်းမှ တာဝန်ရှိသူတဦးက မဇ္ဈိမကိုပြောသည်။
ဒဏ်ရာရရှိသူများအား မီးသတ်ဌာနနှင့် လူမှုကူညီရေးအဖွဲ့များက မြို့ချောင်းတိုက်နယ်ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ယမန်နေ့ ဩဂုတ်လ ၂၀ ရက်နေ့ကလည်း ရန်ကုန်-မန္တလေးအမြန်လမ်းမ၊ မိုင်တိုင်အမှတ် (၆၀/၂)နှင့်(၆၀/၃)ကြားတွင် အိမ်စီးကားတစီး အရှိန်မထိန်းနိုင်ဘဲ လမ်းအလယ်ကျွန်းရှိ သစ်ပင်အား တိုက်မိသောကြောင့် အမျိုးသားတဦး၊ အမျိုးသမီးနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ပုံအညွှန်း - အမြန်လမ်းတွင်တိမ်းမှောက်သွားသည့် Express ယာဥ် (Myanmar Fire Services Department)
စာတည်း - အေးချမ်း
#mizzima
#ရန်ကုန်−မန္တလေးအမြန်လမ်း
#ခရီးသည်တင်ကား
#တိမ်းမှောက်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
Paypal
Donate to Mizzima Media Supporters Australia Incorporated
Help support Mizzima Media Supporters Australia Incorporated by donating or sharing with your friends.
👍7❤1🔥1
အငြင်းပွား တောင်တရုတ်ပင်လယ်တွင် ပူးတွဲစစ်ရေးလေ့ကျင့်ရန် အမေရိကန်၊ ဂျပန်နှင့် သြစတြေးလျတို့ စီစဉ်နေ
=================
အငြင်းပွား တောင်တရုတ်ပင်လယ်တွင် တရုတ်၏ ရန်လိုသည့် လုပ်ဆောင်ချက်များကို မကြာသေးမီက မြင်တွေ့ခဲ့ရပြီးနောက် ဖိလစ်ပိုင်အနောက်ပိုင်းကမ်းလွန်ရှိ အဆိုပါပင်လယ်တွင် ယခုတစ်ပတ်အတွင်း ပူးတွဲစစ်ရေးလေ့ကျင့်ရန် အမေရိကန်၊ ဂျပန်နှင့် သြစတြေးလျတို့က စီစဉ်လျက်ရှိကြောင်း ဖိလစ်ပိုင် တာဝန်ရှိသူများက ဩဂုတ် ၁၃ ရက်တွင် ပြောကြားလိုက်သည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
=================
အငြင်းပွား တောင်တရုတ်ပင်လယ်တွင် တရုတ်၏ ရန်လိုသည့် လုပ်ဆောင်ချက်များကို မကြာသေးမီက မြင်တွေ့ခဲ့ရပြီးနောက် ဖိလစ်ပိုင်အနောက်ပိုင်းကမ်းလွန်ရှိ အဆိုပါပင်လယ်တွင် ယခုတစ်ပတ်အတွင်း ပူးတွဲစစ်ရေးလေ့ကျင့်ရန် အမေရိကန်၊ ဂျပန်နှင့် သြစတြေးလျတို့က စီစဉ်လျက်ရှိကြောင်း ဖိလစ်ပိုင် တာဝန်ရှိသူများက ဩဂုတ် ၁၃ ရက်တွင် ပြောကြားလိုက်သည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍16👏2❤1🔥1
တရုတ်ဓာတ်ငွေ့ပိုက်လိုင်း ထိန်းချုပ်သည့်နေရာက အစောင့်စစ်စခန်းကို CDF တိုက်ခိုက်
❤11👍4👏2😁2
တရုတ်ဓာတ်ငွေ့ပိုက်လိုင်း ထိန်းချုပ်သည့်နေရာက အစောင့်စစ်စခန်းကို CDF တိုက်ခိုက်
==================
(မဇ္ဈိမ) ။ ။ မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်အတွင်းရှိ တရုတ်ဓာတ်ငွေ့ပိုက်လိုင်း ထိန်းချုပ်သည့်နေရာက အစောင့်စစ်ကောင်စီတပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အရာခံဗိုလ်အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးသွားကြောင်း ချင်းကာကွယ်ရေးတပ်-အရှို (CDF-Asho) က ထုတ်ပြန်သည်။
မင်းဘူး-အမ်းလမ်းမကြီး-ငဖဲမြို့နယ် မြေလတ်ကျေးရွာအနီး တရုတ်ဓါတ်ငွေ့ ပိုက်လိုင်း ထိန်းချုပ်သည့်နေရာတွင် စောင့်ကြပ်နေသည့် စစ်ကောင်စီစစ်စခန်းကို CDF-Asho က ယမန်နေ့ ဩဂုတ်လ ၂၀ ရက်နေ့ နံနက် ၅ နာရီခွဲတွင် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
နှစ်ဘက်အပြန်အလှန် ပစ်ခတ်မှု ၁ နာရီနီးပါး ကြာမြင့်ခဲ့သည်ဟု ချင်းကာကွယ်ရေး တပ်က ဆိုသည်။
‘’တိုက်ပွဲအတွင်း ရန်သူလက်နက်များ ရရှိရန်ကြိုးစားခဲ့သော်လည်း ကျည်လုံလောက်မှု မရှိသဖြင့် ၄၅ မိနစ်အကြာ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ရဲဘော်များမှ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့တယ်” ဟု CDF-Asho က ထုတ်ပြန်ထားသည်။
စစ်ကောင်စီတပ်၏ အရာခံဗိုလ်တဦး ပွဲချင်းပြီး သေဆုံးသွားခြင်းဖြစ်ပြီး ကျန်အခြားအဆင့် တဦးသည် အပြင်းအထန်ဒဏ်ရာရရှိပြီး ဆေးရုံအရောက် ညနေပိုင်းတွင် သေဆုံးသွားခြင်းဖြစ်ကြောင်း CDF-Asho ဘက် ပြောဆိုသည်။
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့မှ စတင်သော ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းသည် ရခိုင်၊ ရှမ်း၊ မကွေးနှင့် မန္တလေးတိုင်းတို့ကို ဖြတ်သန်းပြီး တရုတ်နိုင်ငံ ယူနန်အထိ တင်ပို့နေခြင်း ဖြစ်သည်။
တရုတ်နိုင်ငံအနေဖြင့် အာဏာသိမ်းစစ်ကောင်စီကို ထောက်ပံ့ကူညီမှုများ မပြုလုပ်ပေးရန် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူများက ဆန္ဒပြ တောင်းဆိုနေကြပြီး တရုတ်ပိုက်လိုင်းစောင့် စစ်ကောင်စီတပ်သားများလည်း မကြာခဏ တိုက်ခိုက်ခံနေရသည်။
ယခုနှစ် မေလ ၇ ရက်နေ့၊ ည ၈ နာရီခွဲအချိန်ကလည်း မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်အတွင်းက စစ်ကောင်စီတပ်သားများ လုံခြုံရေးယူထားသော တရုတ်ဓာတ်ငွေ့ပိုက်လိုင်း ထိန်းချုပ်ရေးရုံးကို ဒေသခံ ကာကွယ်ရေးအဖွဲ့ Natogyi Guerrilla Force (NGF) က တိုက်ခိုက်ခဲ့သည်။
စာတည်း။ . ။ နောင်နောင်
#တရုတ်ပိုက်လိုင်း
#စစ်ကောင်စီတပ်
#Mizzima
#ထိန်းချုပ်ရေးရုံး

👍15❤2👏2😁2
စပိန်အသင်း ကမ္ဘာ့ဖလားဆွတ်ခူးပြီးနောက် ဂျနီဟာမိုဆိုကို နမ်းတဲ့အတွက် ဝေဖန်ခံခဲ့ရတဲ့ စပိန်အက်ဖ်အေဥက္ကဌ လူးဝစ် ရူဘီယာလက်စ်
=================
စပိန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ လူးဝစ် ရူဘီယာလက်စ်ဟာ စပိန်အသင်း အမျိုးသမီးကမ္ဘာ့ဖလား ဆွတ်ခူးခဲ့အပြီး ဂျနီ ဟာမိုဆိုရဲ့ နှုတ်ခမ်းကို နမ်းခဲ့တဲ့အတွက် ဝေဖန်ခံခဲ့ရပါတယ်။
တနင်္ဂနွေနေ့ရဲ့ ဗိုလ်လုပွဲမှာ အင်္ဂလန်ကို ၁-၀ ဂိုးနဲ့ အနိုင်ရပြီးတဲ့နောက် ဆုပေးပွဲအခမ်းအနားမှာ ရူဘီယာလက်စ်က ဟာမိုဆိုကို နမ်းခဲ့တာပါ။
"ကျမ ဒါကို မကြိုက်ဘူး"လို့ ဟာမိုဆိုက Instagram မှာ ပြောခဲ့ပေမယ့် နောက်ပိုင်းမှာတော့ သူမရဲ့ ကိုယ်စား ထုတ်ပြန်တဲ့ ကြေညာချက်မှာ ရူဘီယာလက်စ်ကို ကာကွယ်ခဲ့ပါတယ်။
အစိုးရဝန်ကြီး အိုင်းရင်း မွန်ထရိုက "ဒါဟာ အမျိုးသမီးတွေ နေ့စဉ်နဲ့အမျှ နာကျင်ခံစားရတဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုပုံစံမျိုးပါ"လို့ ပြောပါတယ်။
စပိန်နိုင်ငံရဲ့ တန်းတူညီမျှရေး အရာရှိချုပ် မွန်ထရိုက အခုအချိန်အထိ ဒါကို “မမြင်နိုင်သေးဘဲ” အဲဒါက “ကျမတို့ ပုံမှန်မဖြစ်နိုင်တဲ့ အရာပါပဲ”လို့ ဖြည့်စွတ်ပြောဆိုခဲ့ပါတယ်။
“ခွင့်ပြုချက်မရှိဘဲ နမ်းတာဟာ ဖြစ်ပျက်နေကျ အရာလို့ ကျနော်တို့ မယူဆသင့်ပါဘူး”လို့ သူမက ဆိုပါတယ်။
စပိန်ဘောလုံးအဖွဲ့ချုပ်က နောက်ပိုင်း ထုတ်ပြန်တဲ့ မှတ်ချက်တွေမှာ စပိန်ရဲ့ ထာဝရဂိုးသွင်းသူ ဟာမိုဆိုက အဲဒီအခိုက်အတန့်က "ခင်မင်ရင်းနှီးခြင်းရဲ့ သဘာဝ အမူအရာဖြစ်တယ်လို့"လို့ ပြောပါတယ်။
“ကမ္ဘာ့ဖလားကို ဆွတ်ခူးနိုင်လို့ ပျော်ရွှင်မှု အပြည့်အ၀ ပေးစွမ်းနိုင်တာကြောင့် ဒါဟာ သူ့အလိုလိုဖြစ်လာတဲ့ အပြန်အလှန် အမူအရာပါပဲ”လို့ အသက် ၃၁ နှစ်အရွယ် တိုက်စစ်မှူးက ထည့်သွင်းပြောဆိုခဲ့ပါတယ်။
ရူဘီယာလက်စ်ရဲ့ လုပ်ရပ်တွေကို 'dimision ya' - အင်္ဂလိပ်လို 'resign now' ဖြင့် ဆိုရှယ်မီဒီယာပေါ်မှာ ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး စပိန်နိုင်ငံမှာ X (အရင်က Twitter)ပေါ် trend ဖြစ်နေပါတယ်။
ရူဘီယာလက်စ်က "တစ်ခုခုကို ဆင်နွှဲနေတဲ့ သူငယ်ချင်းနှစ်ယောက်ကြားက အနမ်းတစ်ခု"ဖြစ်ပြီး "ငတုံးတွေနဲ့ ငအတွေ"လို ဒါကို ခွဲခြားပြီး မြင်ခဲ့တဲ့သူတွေလို့ စပိန်ရုပ်သံလိုင်း COPE ကို ပြောခဲ့ပါတယ်။
“သူတို့ကို လျစ်လျူရှုပြီး ကောင်းမွန်တဲ့ အရာတွေကို ခံစားလိုက်ကြရအောင်”လို့ သူက ဆက်လက်ပြောပါတယ်။
စပိန်သတင်းစာ El Pais က "ဂျနီက ရူဘီယာလက်စ်ရဲ့ အနမ်းကို မကြိုက်ဘူး၊ ငါတို့လည်း မကြိုက်ပါဘူး"ဆိုတဲ့ ထိပ်စီးနဲ့ ဖော်ပြခဲ့ပါတယ်။

👍7😁4🔥2
အင်ဒိုနီးရှားမြို့တော်တွင် လေထုညစ်ညမ်းမှုကြောင့် နေအိမ်မှ အလုပ်လုပ်ကြရန် ညွှန်ကြား
=====================
အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျကာတာ၏ အာဏာပိုင်တို့သည် ပြီးခဲ့သည့်လများမှစပြီး မြို့တော်ကို အသက်ရှုကျပ်စေလျက် ရှိသည့် လေထုညစ်ညမ်းမှုကို ထိန်းချုပ်ရန် ကြိုးပမ်းသည့်အနေဖြင့် မြို့နေ အလုပ်သမား၊ ဝန်ထမ်းများ နေအိမ်မှသာ အလုပ်လုပ်ကြရန်နှင့် ကျောင်းသားများ နေအိမ်မှသာ လေ့လာသင်ယူကြရန် ညွှန်ကြားချက် ထုတ်ပြန်သွားမည် ဖြစ်သည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
=====================
အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျကာတာ၏ အာဏာပိုင်တို့သည် ပြီးခဲ့သည့်လများမှစပြီး မြို့တော်ကို အသက်ရှုကျပ်စေလျက် ရှိသည့် လေထုညစ်ညမ်းမှုကို ထိန်းချုပ်ရန် ကြိုးပမ်းသည့်အနေဖြင့် မြို့နေ အလုပ်သမား၊ ဝန်ထမ်းများ နေအိမ်မှသာ အလုပ်လုပ်ကြရန်နှင့် ကျောင်းသားများ နေအိမ်မှသာ လေ့လာသင်ယူကြရန် ညွှန်ကြားချက် ထုတ်ပြန်သွားမည် ဖြစ်သည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7🔥1
This media is not supported in your browser
VIEW IN TELEGRAM
Aug -21 [ 7 Pm ] The Mizzima Primetime
Mizzima Headline News
#7pmnews #themizzimaprimetime #mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts

🍌2😁1
တွန်ဂါမီးတောင်ပေါက်ကွဲမှုဟာ မမျှော်လင့်ထားသည့် အိုဇုန်းလွှာပေါက်ပြဲမှုကို ဖြစ်ပေါ်စေသည်ဟုဆို
===================
#MizzimaTV
#hightech&gadget

👍4🔥1