Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
အမေရိကန် တောင်ကိုရီးယားနဲ့ ဂျပန်ခေါင်းဆောင်တွေရဲ့ ထိပ်သီးဆွေးနွေးပွဲ ပူးတွဲထုတ်ပြန်ချက်တရုတ်ကန့်ကွက်
====================

https://youtu.be/Wzfd5eo7lWw
👍5😁4🔥1
This media is not supported in your browser
VIEW IN TELEGRAM
ထိုင်း ညွန့်ပေါင်းအဖွဲ့က စစ်အစိုးရအဖွဲ့ဝင်ပါတီနဲ့ပူးပေါင်း

#Internationalnews #Thailand #mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts
❤2
ဝန်ကြီးချုပ်ဟောင်းသက်ဆင် ထိုင်းနိုင်ငံသို့ ပြန်လည်ရောက်ရှိ
❤2
ဝန်ကြီးချုပ်ဟောင်းသက်ဆင် ထိုင်းနိုင်ငံသို့ ပြန်လည်ရောက်ရှိ
====================

ရွှေနွယ်
(မဇ္ဈိမ) ။ ။ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာသည် ယနေ့ ဩဂုတ်လ ၂၂ ရက်နေ့ နံနက်ပိုင်းတွင် ဘန်ကောက်မြို့၊ ဒွန်မောင်းလေဆိပ်သို့ ကိုယ်ပိုင်လေယာဉ်ဖြင့် ရောက်ရှိလာပြီဖြစ်ကြောင်း ဒေသတွင်းသတင်းများတွင်ဖော်ပြသည်။

သက်ဆင်၏ ယနေ့ခရီးစဉ်သည် ၂၀၀၈ ခုနှစ်က ထိုင်းနိုင်ငံမှထွက်ခွာသွားပြီးနောက် ၁၅ နှစ်အကြာတွင် ပထမဆုံးအကြိမ်အဖြစ်ပြန်လည်ရောက်ရှိလာခြင်း ဖြစ်သည်။

၎င်း၏ ရှပ်နီပါတီကို အားပေးထောက်ခံသူများသည် ဒွန်မောင်းလေဆိပ်အပြင်ဘက်တွင် လာရောက်စောင့်ကြိုနေကြကြောင်းလည်း ဒေသတွင်းသတင်းများက ဖော်ပြသည်။

၂၀၀၁ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ ထိုင်းနိုင်ငံ၏ဝန်ကြီးချုပ်ဖြစ်ခဲ့သူ သက်ဆင်သည် ၂၀၀၆ ခုနှစ်တွင် ထိုင်းစစ်တပ်၍ အာဏာသိမ်းခံရပြီးနောက် ပြည်ပတွင် နှစ်ပေါင်းများစွာတိမ်းရှောင်နေခဲ့ခြင်းဖြစ်သည်။

ယနေ့ထိုင်းနိုင်ငံသို့ပြန်လည်ရောက်ရှိလာချိန်တွင် ၎င်းရင်ဆိုင်ရမည့်အမှုတွဲများအတွက် တရားရုံးသို့သွားရောက်ရမည်ဖြစ်ကာ ထို့နောက်တွင် ဘန်ကောက်မြို့ရှိ ရမန်အကျဉ်းထောင်သို့ လွှဲပြောင်းမည်ဖြစ်ကြောင်းလည်း ထိုင်းသတင်းများတွင်ဖော်ပြသည်။
လက်ရှိ ၂၀၂၃ ခုနှစ် ရွေးကောက်ပွဲတွင် ဒုတိယမဲအများဆုံးဖြင့် အနိုင်ရခဲ့သော ဖြူထိုင်းပါတီကို သက်ဆင်၏သမီးဖြစ်သူ ဖဲထောင်းထန်ရှင်နာဝပ်မှ ဦးဆောင်နေသည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။အေးချမ်း

#သက်ဆင်
#ထိုင်း
#ဝန်ကြီးချုပ်ဟောင်း
#ရှပ်နီပါတီ
👍9❤1
This media is not supported in your browser
VIEW IN TELEGRAM
အမေရိကန် တောင်ကိုရီးယားနဲ့ ဂျပန်ခေါင်းဆောင်တွေရဲ့ ထိပ်သီးဆွေးနွေးပွဲ ပူးတွဲထုတ်ပြန်ချက်တရုတ်ကန့်ကွက်

#Internationalnews #American #Southkorea #Japan #mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts
👍6😁2🔥1
သြဂုတ်လ (၂၂)ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်
============================

01:01 - မင်းအောင်လှိုင်အပါအဝင် ဗဟိုဘဏ်ထိပ်ပိုင်းခေါင်းဆောင်တွေကို ထောင်ထဲထည့်လိုက်ပါက ဒေါ်လာ၊ ရွှေပြသာနာများ ပြေလည်မည်ဟု NUG စီမံဘဏ္ဍာဝန်ကြီး ပြောတဲ့ သတင်း

02:40 - NCA ရဲ့ အနှစ်သာရကို ကိုင်ဆွဲထားဆဲဖြစ်ကြောင်း RCSS ပြောတဲ့ သတင်း

04:36 - NUG MOD ကတိုင်ကြားမှုများဆိုင်ရာကော်မတီ” ဖွဲ့စည်းပြီး ၃လအတွင်း အမှုပေါင်း ၁၄၆ ခုအနက် စိစစ်ပြီး ၁၂ မှုကို သက်ဆိုင်ရာ ဌာနကို လွှဲပြောင်းတဲ့သတင်းနဲ့

10:08 - ဘာသာရေးအဓိကရုဏ်းအတွင်း ခရစ်ယာန်နေအိမ် ၈၇ လုံးနဲ့ ဘုရားကျောင်း ၁၉ ကျောင်း ပျက်စီးခဲ့ကြောင်း ပါကစ္စတန်ရဲတပ်ဖွဲ့ပြောတဲ့ သတင်းအပါအဝင် တခြား အရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်း တွေကို တင်ဆက်ပေးသွားမှာပါ။

https://youtu.be/D1crHqpIjkQ

#12pmnews
#Mizzimanewshour
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍11😁1🍌1
ကန်နဲ့တောင်ကိုရီးယားတို့ရဲ့စစ်ရေးလေ့ကျင့်မှုနဲ့အချိန်ကိုက်ကင်ဂျုံအန်ကခရုဇ်ဒုံးကျည်စမ်းသပ်မှုပြုလုပ်
=====================

https://youtu.be/sRwvXU0RiN4
👍3🔥1
This media is not supported in your browser
VIEW IN TELEGRAM
အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ စစ်ရေးလေ့ကျင့်မှုနဲ့ အချိန်ကိုက် ကင်ဂျုံအန်က ခရုဇ်ဒုံးကျည်စမ်းသပ်လေ့ကျင့်မှုတွေပြုလုပ်

#InternationalNews #American #SouthKorea #mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts
👍7🔥1
ရန်ကုန်-ထားဝယ် လမ်းပိုင်းရှိ ကော့လှိုင်ရွာတံတား ရေတိုက်စား ပျက်စီး၍ ကားများ ပိတ်မိ
👍6🔥1
ရန်ကုန်-ထားဝယ် လမ်းပိုင်းရှိ ကော့လှိုင်ရွာတံတား ရေတိုက်စား ပျက်စီး၍ ကားများ ပိတ်မိ
======================

ကိုရွှေမြိတ်
(မဇ္ဈိမ။ ။ ရန်ကုန်-ထားဝယ် လမ်းပိုင်း ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ကော့လှိုင်ရွာတံတားသည် ယမန်နေ့ ဩဂုတ်လ ၂၁ ရက်နေ့ ညနေ ၆ နာရီ ဝန်းကျင်တွင် ရေတိုက်စားမှုကြောင့် မြေသားကျွံကျရာ ပျက်စီးသွားခဲ့ပြီး ခရီးသည်ကားနှင့် ကုန်ကားအချို့ ပိတ်မိခဲ့ကြောင်း ဒေသခံများထံမှ သိရ သည်။

အဆိုပါ မြေသား ကျွံကျ ပျက်စီးခဲ့သည့် လမ်းပိုင်းသည်၊ မွန်ပြည်နယ် ရေးမြို့နယ်မှ တနင်္သာရီတိုင်းသို့ ဝင်လာစဉ် ရေဖြူမြို့နယ်၊ ကော့လှိုင်ရွာထိပ်ရှိ (ကလိန်အောင်နှင့်မလွဲတောင်ကြား) ရန်ကုန်-ထားဝယ် ကားလမ်းပေါ်က တံတားငယ် တခု ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ကလိန်အောင်မြို့ ဒေသခံ လုပ်ငန်းရှင်အမျိုးသား တဦးက “ တံတားက မနေ့က ကျိုးကျ ပြတ်တောက်သွားတာပါ၊ အခု သက်ဆိုင်ရာက လုပ်လာနေပါပြီ၊ လောလောဆယ်မှာတော့ ယာဉ်သွား ယာဉ်လာ ပိတ်ထားတာမို့ အတက် အဆင်း ကားတွေတော့ ပိတ်မိနေတယ်”ဟု ပြောသည်။

အဆိုပါ ကလိန်အောင်မြို့နယ်က ကော့လှိုင်ရွာ တံတားသည် ရန်ကုန်မှ လာသည့် ကားများ ထားဝယ်၊ မြိတ်၊ ကော့သောင်းအတွင်းရှိ မြို့များသို့ ဆက်သွယ် သွားလာနေသည့် အဓိက အရေးပါသည့် တံတားငယ် ဖြစ်ကြောင်း ဒေသခံများက ပြော သည်။

ထားဝယ်ခရိုင် ကလိန်အောင်မြို့၊ ကော့လှိုင်ကျေးရွာ၊ ရေး-ထားဝယ် ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်အမှတ် (၅၁/၈) ဖာလုံကြားရှိ အရှည် ၁၅ ပေ၊ အကျယ် ၁၈ ပေ တံတားငယ်သည် ပြီးခဲ့သည့် ရက်ပိုင်းက မိုးသည်းထန်စွာ ရွာသွန်းပြီး ရေတိုက်စားမှုကြောင့် ယင်းတံတားလမ်းပိုင်း ပြိုကျ ပျက်စီးသွားခဲ့၍ ယနေ့ ဩဂုတ်လ ၂၂ ရက်နေ့ မနက်ပိုင်းတွင် သက်ဆိုင်ရာမှ လာရောက် ပြန်လည် ပြုပြင်နေပြီဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

“တံတားကတော့ ဒီနေ့ မနက်ပိုင်းမှာ သက်ဆိုင်ရာကတော့ လာရောက် ပြုပြင်နေတာတော့ ရှိပါတယ်၊ သို့သော် ဘယ်ချိန် ပြီးမှာလည်း ဆိုတာတော့ မသိရသေးဘူး၊ ကားတွေတော့ ပိတ်မိနေတာ ရှိနေတယ်”ဟု မြိတ်-ရန်ကုန် ပြေးဆွဲနေသည့် ခရီးသည်ယာဉ်မောင်း တဦးက ပြောသည်။

သို့သော် ယင်းလမ်းပိုင်းနှင့် ပတ်သက်ပြီး စစ်ကောင်စီ လက်အောက်ခံ တံတားတည်ဆောက်ရေး အဖွဲ့ (၄)၊ လမ်းအထူးအဖွဲ့ (၂၃) ၏ တာဝန်ရှိသူများက ထုတ်ပြန်ချက်အရ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများကို ဝိုင်းဝန်း ဆောင်ရွက်လျှက်ရှိနေပြီး ယနေ့ ဩဂုတ်လ ၂၂ ရက်နေ့ နေ့လယ်ပိုင်းလောက်တွင် ခရီးသွား အများပြည်သူများ သွားလာလို့ ရနိုင်မည် ဖြစ်ကြောင်း လူမှုကွန်ရက်၌ အသိပေး ထုတ်ပြန်ထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ထားဝယ်
#ကော့လှိုင်ရွာတံတား
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍12🔥1
​​Movie Name - Chalk And Duster
=================

ဒီဇာတ်လမ်းလေးက ကျောင်းဆရာ/ဆရာမတွေနဲ့ ပတ်သက်ပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။

ဒီဇာတ်လမ်းကို ကြည့်နေရင်းနဲ့ ငယ်စဉ်က ကိုယ်တွေကို ပညာသင်ကြားပေးခဲ့တဲ့ ဆရာ/ဆရာမတွေကို ပြန်ပြီး အမှတ်ရသွားမှာ အသေအချာပါပဲ ။

ဖြစ်လေ့ဖြစ်ထရှိတတ်တဲ့ အထက်လူကြီးနဲ့ ဝန်ထမ်းတွေကြားက ပြသနာတွေကို ရိုက်ကူးထားတာပါ ။

ဇာတ်ကားရဲ့ အစမှာတော့ ဆရာမတွေက ကျောင်းသားတွေကို ပညာသင်ကြားပေးနေတဲ့ ပုံရိပ်လေးတွေနဲ့ ဆရာမနဲ့ ကျောင်းသားတွေရဲ့ ကြားက ရင်းနှီးမှုကိုတွေ့ရမှာပါ ။

ကျောင်းရဲ့ပိုင်ရှင်က ကျောင်းကို လာကြည့်ဖို့ လုပ်တဲ့အခါ သူ့ကို ကြိုဆိုတဲ့ အနေနဲ့ ကပွဲတခုပြုလုပ်ကြပါတယ်။
အဲ့ကပွဲအတွက် ဆရာ/ဆရာမတွေက အကောင်းဆုံးဖြစ်အောင် ကြိုးစားပြီး လုပ်ခဲ့ကြပါတယ်။

ဒါကို ကျောင်းရဲ့ ဒုကျောင်းအုပ်က ဒီကြိုးစားမူတွေက သူမ လုပ်ပါတယ်ဆိုပြီး နေရာဝင်ယူဖို့ ကြံစည်ပါတော့တယ်။
အဲ့ဒီနောက်သူ့ရဲ့ အကြံအစည်က အောင်မြင်ပြီး နဂို ကျောင်းအုပ်ကြီးရဲ့ နေရာကို ဝင်ယူသွားပါတော့တယ်။

တစ်ရက်မှာ ကျောင်းပိုင်ရှင်ဆီက မျက်နှာရချင်တာကြောင့် နံပါတ်၁ ကျောင်းဖြစ်အောင် လုပ်ပြမယ်ဆိုပြီး ကတိပေးခဲ့တယ် ။
သူ့ရဲ့ကတိကို အောင်မြင်အောင်လုပ်ချင်တာကြောင့် သူဘာတွေ ကြံစည်ပြီး ကောက်ကျစ်မလဲဆိုတာကိုတော့ Mizzima + မှာ စောင့်မျှော်ကြည့်ရူနိုင်ပါပြီ ။

Mizzima + တွင် ပြသနေသည့် ည (၈) နာရီအချိန်မှာပဲ Mizzima App တွင်လည်း live stream ကြည့်ရှုနိုင်ပါသည်

New ပြသမည့်ရက် ။ ။22.8.2023
ပြသမည့်အချိန်။ ။ ည (၈:၀၀) နာရီ
#Replay ပြန်လည်ပြသမည့်အချိန် ။ ။23.8.2023
ပြသမည့်အချိန်။ ။နေ့လည် (၂:၀၀) နာရီ

(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။
👍8🔥1
သဘာဝဘေး ကြိုတင်သတိပေးစနစ်များ | VOA On Mizzima
====================

မြေကမ္ဘာ ပိုပူနွေးလာတာနဲ့အမျှ သဘာဝဘေးဒဏ်တွေလည်း ရှောင်လွှဲလို့မရနိုင်တော့တာကြောင့် ထိခိုက်ပျက်စီးမှုနဲ့ လူ့အသက်သေဆုံးမှု နည်းအောင်ကာကွယ်နိုင်မယ့် ကြိုတင်သတိပေးစနစ်တခုကို ကုလသမဂ္ဂက ဦးဆောင်ကြိုးပမ်းနေပါပြီ။ သဘာဝဘေး ကြိုတင်သတိပေးသံမကြားခဲ့ရတဲ့ ဟာဝိုင်ယီပြည်နယ်၊ မာဝီကျွန်း မီးလောင်မှုမှာ လူရာဂဏန်း သေဆုံးခဲ့ရတဲ့အတွက် ကြိုတင်သတိပေးစနစ် တနည်းထက်မက ထားရှိဖို့ ဆော်သြလိုက်တာလည်း ဖြစ်ပါတယ်။ နန်းလောင်ဝ်က တင်ပြထားပါတယ်။

https://youtu.be/0EVV5f794Uo

#VOA
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍8🔥1