Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
မန္တလေးမြို့ အိုးပုတ်ပွဲတော်
❤1🔥1
မန္တလေးမြို့ အိုးပုတ်ပွဲတော်
===========

၀၀၈
မန္တလေး(မဇ္ဈိမ)။ ။ အိုးပုတ်ခိုးပွဲတော်ဟု လူသိများကျော်ကြားသည့်ပွဲတော်ကို ဩဂုတ် ၂၄ရက်တွင် မန္တလေးမြို့၊အောင်မြေသာစံမြို့နယ်၊ အိုးဘိုးရပ်ကွက်တွင် ပြုလုပ်ကြောင်း သိရသည်။

ထိုအိုးပုတ်ပွဲကို ယခင်က နှစ်စဉ် ကျင်းပပြုလုပ်ခဲ့သော်လည်း ကိုဗစ်ကြောင့် ရပ်ထားခံထားရပြီး ယခုနှစ်တွင် ပြန်လည်ကျင်းပခြင်းဖြစ်၍ တနှစ်မှာ တလ၊ တလမှာ တရက်၊ တရက်မှာ ညနေပိုင်း တပိုင်းသာ ကျင်းပသည့်ပွဲတော်လည်း ဖြစ်သည်။

ရှေးယခင်က တောင်ပြုံးမင်းနှစ်ပါးပွဲတော် အကြိုအနေဖြင့် အိုးပုတ်ခိုးပွဲတော်ကို အပျော်အနေဖြင့် ပြုလုပ်ခဲ့ပြီး ၂၀၀၀ ခုနှစ်နောက်ပိုင်းတွင် အိုးပုတ်ခိုးပွဲတော်အစား အိုးပုတ်ပွဲတော်ဟု ပြောင်းလဲ ကျင်းပခဲ့သည်။

ယခင်က လာရောက်လည်ပတ်ကြသူများက အပျော်အနေဖြင့် အိုးပုတ်ခိုးကြသည်။ စျေးသည်များကလည်း ထိုသို့ တခု နှစ်ခု အပျော်ခိုးကြသည်ကို လက်ခံခဲ့ကြသည်။ နောက်ပိုင်းတွင် အပျော်အနေဖြင့် မဟုတ်တော့ဘဲ ခိုးယူမှုများရှိခြင်းကြောင့် အိုးပုတ်ပွဲတော်ဟု ကျင်းပခြင်းဖြစ်သည်။

အိုးပုတ်ပွဲတော်သို့ လာရောက်လည်ပတ်သူများသည် မန္တလေးမြို့ အနီးပတ်ဝန်းကျင်က အများစုဖြစ်သည်။ ထိုပွဲတော်ကို ညနေပိုင်း၌သာ ပြုလုပ်သော်လည်း ယခုနှစ်တွင် မွန်းလွဲ ၂နာရီခန့်မှစတင်၍ စည်ကားနေပြီး ပွဲတော် ကျင်းပရာ လမ်းတလျှောက်တွင် အိုးပုတ်သည်များအပြင် လောင်းကစားဝိုင်းများလည်း ရှိသည်။
ယခုပွဲတော်တွင် ရောင်းချလျှက်ရှိသည့် စျေးသည်အများစုသည် ပွဲတော်ပြီးသည်နှင့် တောင်ပြုံးပွဲတော်သို့ သွားရောက် ရောင်းချကြမည်ဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#တောင်ပြုံးပွဲတော်
#မန္တလေးမြို့
#အိုးပုတ်ပွဲတော်
Photo-Mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍1🔥1👏1
ဖရူဆိုတွင် စစ်ကောင်စီတပ်က တိုက်ပွဲမရှိဘဲ ဒရုန်းဖြင့်ဗုံးကြဲမှုကြောင့် ကလေးငယ် ၃ ဦး ထိခိုက်ဒဏ်ရာရ
👍4🤬4❤1
ဖရူဆိုတွင် စစ်ကောင်စီတပ်က တိုက်ပွဲမရှိဘဲ ဒရုန်းဖြင့်ဗုံးကြဲမှုကြောင့် ကလေးငယ် ၃ ဦး ထိခိုက်ဒဏ်ရာရ
=================

001
(မဇ္စျိမ)။ ။ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်အရှေ့ဘက်ခြမ်းရှိ ကျေးရွာတရွာအား စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်သဖြင့် ကလေးငယ်သုံးဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ယနေ့ ဩဂုတ်လ ၂၄ ရက်တွင် ထုတ်ပြန်သည်။

ဩဂုတ်လ ၂၃ ရက်နေ့က စစ်ကောင်စီ၏ အမှတ်(၁၄)တန်းမြင့် စစ်လေ့ကျင့်ရေးကျောင်းဖက်မှနေ၍ အဆို ပါကျေးရွာအား ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

တိုက်ခိုက်မှုကြောင့် အသက် ၁၀ နှစ်၊ ကိုးနှစ်နှင့် ရှစ်နှစ်အရွယ် ကလေးငယ်သုံးဦး ထိခိုက်ဒဏ်ရာများ ရရှိ ခဲ့ပြီး ကျေးရွာအတွင်းမှ နေအိမ်တလုံးလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
“ကလေးတွေက အိမ်နားမှာ သူ့ဟာသူဆော့နေကြတာ။ အဲဒီအချိန်မှာ စစ်ကောင်စီတပ်က ဒရုန်းနဲ့ဗုံးချ တယ်။ ကလေးတွေအနားမှာ ကျပေါက်ပြီးတော့ ထိသွားတာ။ တယောက်က နည်းနည်းလေးစိုးရိမ်ရတယ် ဗျ။ ဗုံးစက တင်ပါးထဲအထိဝင်သွားတော့ နည်းနည်းလေးစိုးရိမ်ရတဲ့အနေအထားရှိတယ်” ဟု KNDF ဗဟိုသတင်းနှင့် ပြန်ကြားရေးဌာနကပြောသည်။

စစ်ကောင်စီတပ်ဖွဲ့များအနေဖြင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိသော အရပ်သားပြည်သူများနေထိုင်ရာ ကျေးရွာ များသို့ မကြာခဏ လက်နက်ကြီးဖြင့်ပစ်ခတ်ခြင်း၊ ဒရုန်းဖြင့် ဗုံးကြဲခြင်းများပြုလုပ်ပြီး အရပ်သားများအား ရန်သူသဖွယ်ပစ်မှတ်ထားကာ ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်၍ စစ်ရာဇဝတ်မှုများကို ပေါ်ပေါ်ထင်ထင် ကျူး လွန်လျက်ရှိကြောင်း KNDF က ဆိုထားသည်။

ကရင်နီပြည်နယ်အတွင်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုလည်း လုပ်ဆောင်နေပြီး ဩဂုတ် လ ၂၃ ရက်နေ့ညပိုင်းက ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းရှိ တိုက်ပွဲနှင့်မသက်ဆိုင်သည့် နေရာတခု ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်သွားပြီး ထိခိုက်ဒဏ်ရာရရှိသူ မရှိခဲ့ကြောင်း KNDF ထံမှ သိရသည်။
ကရင်နီပြည်နယ်၊ ဒီးမော့ဆို-ဖရူဆိုလမ်းမကြီးတလျှောက်တွင် စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းအဖွဲ့ များအကြား ဩဂုတ်လ ၂ ရက်မှစပြီး ယနေ့ ၂၄ ရက်နေ့အထိ တိုက်ပွဲများပြင်းထန်နေကြောင်း သိရသည်။

Photo - ဖရူဆို အရှေ့ခြမ်းတွင် ဩဂုတ်လ ၂၃ ရက်နေ့ စစ်ကောင်စီက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ပြီးနောက် မြင်ကွင်း (KNDF)

စာတည်း။ ။စောဖေ

#ကရင်နီပြည်နယ်
#ဖရူဆိုမြို့နယ်
#ဒရုန်းဖြင့်ဗုံးကြဲ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬4❤1🔥1
This media is not supported in your browser
VIEW IN TELEGRAM
ဖူကူရှီးမားရေထုတ်လွှတ်မှုနဲ့ ပတ်သက်ပြီး ဂျပန်အစားအစာတင်သွင်းမှုအချို့ကို တားမြစ်ဖို့ ဟောင်ကောင်ဆုံးဖြတ်

#mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts
🔥1
မုံရွာမြို့တွင် ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်သားများ အလစ်အငိုက် ပစ်ခတ်ခံရပြီး ၂ဦးသေဆုံး
==================

ပါခွီး
(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ စက်မှုဇုန်တွင် ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်သားများကို ကားပေါ်မှ အလစ်အငိုက်ပစ်ခတ်ခဲ့သဖြင့် နှစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိသွားကြောင်း မုံရွာ နတ်ဆိုးအဖွဲ့က ယနေ့ ဩဂုတ်လ ၂၄ရက်တွင် ထုတ်ပြန်သည်။
မုံရွာမြို့ကို လှည့်ပတ်စစ်ဆေးနေသည့် စစ်ကောင်စီတပ် ပတ်ကင်းသည် စက်မှုဇုန် ၊ ဇီဇဝါလမ်း ဘုံဆွမ်းလောင်း အနီးတွင် အထိုင်ချ ကင်းပုန်းစောင့်နေသည်မှာ သုံးရက်ခန့်ရှိပြီဖြစ်ကြောင်း သတင်းရရှိသဖြင့် ဩဂုတ်လ ၂၃ရက် နေ့လယ် ၂နာရီ ၃၀ မိနစ်အချိန်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“ လွန်ခဲ့တဲ့ သုံးလေးရက်ကတည်းက ရောက်နေတယ်လို့သတင်းရပြီး စုံစမ်းအတည်ပြု ဗျူဟာဆင်ပြီးပစ်ခတ်ခဲ့တာပါ ။ သေဆုံးဒဏ်ရာရတာကတော့ မျက်မြင်တွေ့ရတာ ဖြစ်ပါတယ်” ဟု မုံရွာ နတ်ဆိုးတာဝန်ရှိသူက မဇ္စျိမကို ပြောသည်။

အင်အား ၃၀ ဝန်းကျင်ခန့်ရှိသော စစ်ကောင်စီတပ်သားများ ပတ်လည် ကင်းပုန်းဝပ်နေသည့် နေရာကို ကားဖြင့်ဖြတ်သန်း၍ ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်သားများက ပြန်လည်ပစ်ခတ်သောလည်း ကာကွယ်ရေးတပ်ဖွဲ့ဝင်များဘက်တွင် အထိအခိုက်မရှိကြောင်း ဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) ၊ Guardian Forces နှင့် မုံရွာ နတ်ဆိုး တပ်ရင်းတို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

တော်လှန်ရေးကာလ အချိန်ကြာမြင့်လာသည့်နှင့်အမျှ ပြည်သူများ သွေးအေးမသွားစေရန်နှင့် ရရာဘက်ပေါင်းစုံမှ ပါဝင်လာနိုင်စေရန် မြို့တွင်း မစ်ရှင်များ ဖော်ဆောင်ရခြင်းဖြစ်ကြောင်း ဆိုသည်။
၎င်းအပြင် တောတွင်းနှင့် ကျေးရွာဘက်များတွင် စစ်ကြောင်း အလုံးအရင်းဖြင့် ထိုးပြီး ကာကွယ်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားချိန်များတွင် မြို့တွင်းစ၍ မြို့ရှောင်လမ်းများအထိ ၎င်းတို့ သွားလာမှုအဆင်ပြေစေရန် ကင်းပုန်း ၊ ပတ်ကင်းများနေရာ ယူထားတတ်သော စစ်ကောင်စီတပ်သားများကို တိုက်ခိုက်ခြင်းအားဖြင့် ဘေးကျပ်နံကျပ် ဖြစ်စေနိုင်ကြောင်း မုံရွာနတ်ဆိုး အဖွဲ့ တာဝန်ရှိသူက ပြောသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

https://youtube.com/shorts/nUmC8ZAWYIE?si=P3ZpU5XVXkRwpp69

#Mizzima
#မုံရွာနတ်ဆိုး
#မုံရွာမြို့ စက်မှုဇုန်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍10👏2🔥1
​​အင်ဒိုနီးရှားတွင် ဖြိုခွင်းခြင်းများကြောင့် ခွေးသားရောင်းသူများ ရှေ့ရေးအတွက် စိုးရိမ် 
=======================

Mechio Restaurant ပိုင်ရှင် လီနာဂျင်းတင်းသည် ခွေးသားဟင်းလျာ၊ ခွေးသား အသားကင်နှင့် ခွေးသားစွပ်ပြုတ်ကဲ့သို့သော အစားအသောက်များ ရောင်းချအသက်မွေးပြီး သူ့မ ကလေးနှစ်ဦးကိုပင် ပုဂ္ဂလိကကျောင်း၌ ထားနိုင်နေသူဖြစ်သည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🔥1
This media is not supported in your browser
VIEW IN TELEGRAM
ဆီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်းမှာ ရုရှားရဲ့တိုက်ခိုက်မှုအတွင်း အရပ်သား ၂ ဦးသေဆုံး

#mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts
🔥2
ဟင်္သာတမြို့ အာဇာနည်ဗိမာန်ရှေ့တွင် စစ်ကောင်စီလက်အောက်ခံများက အများသုံးအိမ်သာဆောက်လုပ်
❤1
ဟင်္သာတမြို့ အာဇာနည်ဗိမာန်ရှေ့တွင် စစ်ကောင်စီလက်အောက်ခံများက အများသုံးအိမ်သာဆောက်လုပ်
=================

မင်းထက်
(မဇ္စျိမ)။ ။ဧရာဝတီတိုင်း၊ ဟင်္သာတမြို့ရှိ အာဇာနည်ဗိမာန်အရှေ့တွင် စစ်ကောင်စီလက်အောက်ခံများက အများသုံးအိမ်သာဆောက်လုပ်နေသည့်အတွက် မြို့ပေါ်ဒေသခံများ မကျေမနပ်ဖြစ်နေကြသည်ဟု သိရသည်။

ဟင်္သာတမြို့၊ ဥယျာဥ်မြောက် ၊ဟင်္သာတရုပ်အဝိုင်းအနီး၊ အထက(၅) အရှေ့တွင်ရှိသည့် အာဇာနည်ပန်းခြံအတွင်းမှ အာဇာနည်ဗိမာန်ရှေ့တွင် အများသုံးအိမ်သာ ဆောက်လုပ်နေခြင်းဖြစ်သည်။

အဆိုပါ အများသုံးအိမ်သာအား ဆောက်လုပ်ရန်စီစဥ်ခဲ့သူများမှာ မြို့နယ်စည်ပင်ဝန်ထမ်းများ၊ ထွေအုပ်ဝန်ထမ်းများနှင့် အခြားဌာနများဆိုင်ရာဝန်ထမ်းများဖြစ်ပြီး ဟင်္သာတမြို့ပေါ်ရှိ ဆောက်လုပ်ရေး ကုမ္ပဏီတခုအား ငွေကြေးပေးကာ ဆောက်လုပ်ခိုင်းထားသည်ဟု ဒေသခံတဦးကပြော သည်။

"အာဇာနည်ဗိမာန်ရှေ့မှာ အများသုံးအိမ်သာဆောက်တယ်ဆိုတာ တော်တော်မသင့်တော်တဲ့ကိစ္စပါ။ ပန်းခြံရဲ့အုတ်တံတိုင်းတွေကိုပါ အကုန်ဖြိုချပြီးဆောက်နေတာ။ မြို့ခံတွေကတော့ ဘယ်သူမှမကျေနပ်ကြဘူး။ဒါပေမဲ့ ဒီအချိန်မှာ ဘာမှပြောလို့မရတော့ ဒီတိုင်းကြည့်နေကြရတာပေါ့"ဟု ဒေသခံကဆိုသည်။

ထိုသို့ မြို့နေပြည်သူများအကြား ဝေဖန်မှုများမြင့်တက်နေပြီး ပြစ်တင်ပြောဆိုမှုများရှိနေသော်လည်း စစ်ကောင်စီလက်အောက်ခံများဦးဆောင်ကာ အများသုံးအိမ်သာကို ဆက်လက်ဆောက် လုပ်နေသည်ဟု ဒေသခံများ၏ပြောပြချက်အရ သိရသည်။

၁၉၈၈ နောက်ပိုင်း စစ်အစိုးရလက်ထက်တွင် ဟင်္သာတမြို့၌ လက်ရှိရှိနေသည့် အောက်လင်းမီးအိမ်ပုံစံ အာဇာနည်ဗိမာန်အား သံချောင်းများဖြင့်အကွက်လုပ်ကာရံကာ အုန်းဆံကြိုးများတွင် အပင်များစိုက်ပြီး မြန်မာပြည်မြေပုံ ပုံစံပြုလုပ်ခဲ့သေးသည်။

ဒေသခံအများအပြား ဝိုင်းဝန်းကန့်ကွက်မှသာ အာဇာနည်ဗိမာန်အား ကာရံထားသည့်အရာများကို ပြန်ဖျက်ချခဲ့သည်ဟုသိရသည်။
စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#အာဇာနည်ဗိမာန်
#ဟင်္သာတမြို့

“Supported by the Staying Resilient Amidst Multiple Crises in Southeast Asia initiative of SEA Junction in partnership with CMB Foundation”

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍4❤1🤬1